너를 만나 - 4

949 145 7
                                    


လိုက်စေချင်တဲ့ စိတ်ရှိသော်လည်း လိုလိုလားလားမခေါ်ချင်သည့် စိတ်လည်းရှိနေတာကြောင့် ကျန်းဟာအိုက ဆောင်းဟန်ဘင်းဘက်သို့ လှည့်မကြည့်ဘဲ သူအပြင်သွားမည်ကြောင်း ပြောခဲ့သည်။
ဘယ်လိုတွေးတွေး ကျန်းဟာအိုဘက်က စခေါ်သည့်သဘောမည်သည်မို့ မျက်နှာပူကာ လိုက်လာမည့်သူအား မစောင့်ဘဲ ခပ်သွက်သွက်ထွက်လာလိုက်သည်။
ထို့နောက် မကြာခင်ပဲ နောက်မှပြေးလိုက်လာသလို ခြေသံများကို ခံစားမိတာကြောင့် မျက်နှာကို အတတ်နိုင်းဆုံးတည်ထားလိုက်သည်။

"ဟောင့်ကောက လမ်းလျှောက်တာတအားမြန်တာပဲ။ လှစ်ခနဲကိုပျောက်သွားတော့တာ"

"မင်းကနှေးနေတာ"

"တယောထည့်ထားတာမလား။ အိတ်ပေးပါ ကျွန်တော်သယ်ပေးပါ့မယ်"

"မလိုပါဘူး ငါနေ့တိုင်းသယ်နေကျပါ"

"ဪ တပည့်ကဆရာရဲ့ အိတ်ကို သယ်ပေးတာ ၊ မဖြစ်သင့်တာမျိုးဘယ်မှာရှိလို့လဲ"

ဆောင်းဟန်ဘင်း၏ စကားကိုကြားတော့ ကျန်းဟာအိုခါးခါးသီးသီးပြုံးမိသည်။
ဟုတ်သားပဲ၊ သူဟာ ဆောင်းဟန်ဘင်း၏ ဂိုက်ဆရာပင်။
အထက်တန်းပြီးသွားသည်နှင့် ထပ်တွေ့စရာမလိုတော့သည့် ဆက်ဆံရေး၊ ထိုမျှထက်ပိုမလာနိုင်ပါ။

ကျန်းဟာအိုဟာ မိန်းကလေးတစ်ယောက် မဟုတ်သည့်အခါ သူ့အနေဖြင့် ဆောင်းဟန်ဘင်းဂရုစိုက်တာကို မခံရသည်က သိပ်တော့မထူးဆန်း။

ကျန်းဟာအိုအား နေ့ရောညပါ သူ့အကြောင်းတွေးနေအောင် လုပ်ပြီးခါမှ Cheerleader နဲ့တွဲသည့် ဆောင်းဟန်ဘင်း။
မေဂျာ queen နဲ့တွဲသည့် ဆောင်းဟန်ဘင်း။
အတန်းခေါင်းဆောင်နှင့် တွဲသည့်ဆောင်းဟန်ဘင်း။ လစ်ရင်လစ်သလို Blind date တွေ့တတ်သည့် ဆောင်းဟန်ဘင်း။

ကိုယ့်အတွက် မတရားသလို ခံစားရတာကြောင့် ဆောင်းဟန်ဘင်း၏ ရည်းစားတိုင်းနှင့် ပြတ်အောင်လုပ်နိုင်ခဲ့သည်က ကျန်းဟာအို၏ အောင်မြင်မှု‌တွေထဲက တစ်ခုပင်။

"‌တပည့်ကို ခိုင်းရမှာပေါ့။ သယ်ရင်တော့ တယောအိတ်ပဲ မသယ်နဲ့ ငါ့လွယ်အိတ်ပါသယ်ခဲ့ ရော့"

 너를 만나 - Me After YouWhere stories live. Discover now