너를 만나 - 9

916 153 11
                                    


မျက်လုံးများကို အားယူ၍ဖွင့်ပြီးသည့်နောက်တွင် ရင်းနှီးသောပတ်ဝန်းကျင်၌ ဟန်ဘင်းနိုးလာခဲ့သည်။
ဖြစ်ရပ်ကို ပြန်စဉ်းစားကြည့်တော့ ရေပန်းအောက်မှာ သတိလစ်သွားတဲ့အထိ သူအကြာကြီးထိုင်နေခဲ့တာ။
နာရီနဲ့ချီအောင် ထိုင်နေပြီးသည်အထိတိုင်အောင် ရင်ထဲကပူလောင်မှုဟာ ပျောက်မသွားသေး။
အပြင်ပိုင်းမှာတော့ အေးစက်မှုကို ခံစားရလာရပြီးနောက် တုန်ယင်မှုကိုလည်း ခံစားလာရသည်။
ထို့နောက်တွင် ဆောင်းဟန်ဘင်းဟာ လေးပင်လာသော မျက်ခွံများ၏အလိုကျအတိုင်း မြင်လွှာများအားပိတ်ချလိုက်ကာ လောကကြီးနှင့် အဆက်အသွယ်ပြက်သွားတော့သည်။

သူ့ဆီကို ဘယ်သူရောက်လာလဲ။ ရေချိုးခန်းထဲကနေ ဒီကုတင်ပေါ်ကိုရော ဘယ်သူရွှေ့ထုတ်ခဲ့တာလဲ ဟန်ဘင်းမသိပါ။ အဝတ်အစားများကိုလည်း ထိုသူလဲပေးထားပုံပေါ်သည်။
သူမျှော်နေခဲ့တဲ့ကျန်းဟာအိုဟာ မနက်ဖြန်ကျမှ ပြန်လာမှာဖြစ်လို့ မေမေတို့ရောက်လာသည်ပင် ဖြစ်သည်ဟု ဟန်ဘင်းတွေးလိုက်မိသည်။

ကုတင်ပေါ်က ဖြည်းညှင်းစွာဆင်းလာပြီးနောက် ဆန်ပြုတ်နံ့မွှေးနေသည့် မီးဖိုခန်းဆီသို့ ခြေလှမ်းတွေဟာ ဦးတည်လျက်။
အားယူကာ လျှောက်လှမ်းပြီးသည့်နောက်တွင် ဟန်ဘင်း မီးဖိုခန်း၏ တံခါးဝနားသို့ရောက်လာခဲ့သည်။
တံခါးဝနားအရောက်တွင် မြင်လိုက်ရသည့် မြင်ကွင်းဟာ ဆောင်းဟန်ဘင်းအတွက် ‌မနက်ခင်းကြီးမှာ အိပ်မက်,မက်နေသလိုပင်။
ဘယ်နှစ်နာရီကြာအောင် အိပ်လိုက်လို့များ ကျန်းဟာအိုကသူ့ကိုဆန်ပြုတ် ပြုတ်ပေးနေတယ်လို့ မြင်နေရတာလဲ။
‌မျက်လုံးများအား လက်ဖြင့်မပွတ်သပ်မိပါ။
သူအမြင်မှားနေတာ သေချာသည်။ သူဟာမျက်လုံးများကို ပွတ်သပ်လိုက်မိပါလျှင် သူ့စိတ်ကူးယဉ်မြင်ကွင်းထဲကနေ ကျန်းဟာအိုလေးပျောက်သွားလိမ့်မည်။

လွမ်းနေရတဲ့သူ၏ ချက်ပြုတ်နေသည့် ပုံစံကို တံခါးဘောင်အားကိုင်၍ ဟန်ဘင်းငြိမ်ငြိမ်လေးကြည့်မိသည်။
ချက်ချင်းဆိုသလို သူရှိရာဘက်ကိုလှည့်ကြည့်လာသည့် ကျန်းဟာအိုဟာ မျက်ရည်တွေများဝဲနေသလား။
ပြီးတော့ သူ့ဆီကိုပြေးလာသတဲ့လား။

 너를 만나 - Me After YouWhere stories live. Discover now