너를 만나 - 10

907 151 16
                                    


ဟန်ဘင်း၏ မိဘများမှာလည်း အလုပ်ပြီးသည်နှင့် နေမကောင်းဖြစ်နေသည့် သားဖြစ်သူရှိရာဆီ အမြန်ဆုံးပြန်လာခဲ့တော့သည်။
သူမတို့ပြန်ရောက်လာတော့ အိမ်ရှေ့မှာ သူ့သားအားစာသင်‌ပေးသည့် ဂိုက်ဆရာလေး၏ ဖိနပ်ချွတ်ထားသည်ကို တွေ့တာမို့ ကျန်းဟာအိုလေး ရောက်နေပြီဆိုတာ သိလိုက်ပါသည်။

အိမ်ထဲရောက်လာသည်အထိ ကျန်းဟာအိုလေး၏အရိပ်အယောင်ကို မတွေ့တာမို့ သားဖြစ်သူ၏အခန်းထဲမှာရှိနေလောက်မည်ဟု တွေးကာအပေါ်ထပ်သို့ တက်လာခဲ့သည်။

အခန်းတံခါးအား အသံမမြည်အောင် ဖွဖွလေးဖွင့်လိုက်ပြီးနောက် တံခါးလေးဟကာ အခန်းထဲက ကောင်လေးနှစ်ယောက်အား သူမသေချာကြည့်နေမိသည်။
ကုတင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် လွတ်ထွက်သွားမှာစိုးသည့်အလား ဖက်တွယ်ထားကြသည့် ကလေးနှစ်ယောက်ကြောင့် သူမသက်ပြင်းတစ်ချက်သာချမိတော့သည်။

သူမ၏သားလေးမှာ ကျန်းဟာအိုအား ပုံမှန်ထက်ပိုတဲ့ စိတ်ခံစားချက်မျိုးရှိနေတာကို သူမသိခဲ့ရသည်က ကြာနေပါပြီ။
နှစ်နဲ့ချီတဲ့အထိ ဟန်ဘင်းလေးက ကျန်းဟာအို့အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားခဲ့ရှာတာ။
အမေဖြစ်တဲ့သူမကတော့ သားဖြစ်သူ ဘာဖြစ်နေလဲဆိုတာ မသိဘဲနေပါ့မလား။
သတိထားမိတဲ့အချိန်မှာတင် သူမစောင့်ကြည့်ခဲ့သည်။ သေချာသည် ဆိုတော့လည်း ခင်ပွန်းဖြစ်သူအား ပြောပြခဲ့ပါသည်။
အနည်းငယ်ရှော့ခ်ရသွားရုံကလွဲလို့ ကျန်တာကို သားဖြစ်သူသဘောအတိုင်း ခွင့်ပြုပေးတဲ့ ဟန်ဘင်းဖေဖေဟာလည်း သူ့သားအငယ်ဆုံးလေးအား အတော်ချစ်ရှာသည်။

ဆောင်းဟန်ဘင်းက ၂နှစ်လုံးစာမေးပွဲကို တမင်ကျအောင်ဖြေခဲ့မှန်း သိတာတောင် သူတို့မှာ ဆူရုံအပြင်စိတ်မဆိုးနိုင်ခဲ့။
ဘာလို့ဆို ဟန်ဘင်းဖေဖေကိုယ်တိုင်ကပဲ သူ့သားအတွက် ထိုကတိကို တောင်းပေးခဲ့သည်လေ။

ဆောင်းဟန်ဘင်း အထက်တန်းမအောင်မချင်း ကျန်းဟာအိုလေးက မစေ့စပ်သေးဘဲ စာဆက်သင်ပေးပါဦး ဆိုတဲ့ကတိအား လူကြီးမဆန်စွာ သူတောင်းခဲ့မိသည်။
မိဘတိုင်းက သားသမီးကိုချစ်ကြတာမို့၊ သူတို့ဟာလည်း မိဘတွေထဲကမိဘပဲဖြစ်သည်မို့ သားဖြစ်သူအတွက် ထိုကတိကိုတောင်းခဲ့မိသည်။

 너를 만나 - Me After YouWhere stories live. Discover now