너를 만나 - 13 (End)

1.7K 178 23
                                    

ရှုပ်ထွေးနေတဲ့ကိစ္စအားလုံးကို ဖြေရှင်းပြီးသွားတော့ နေ့ရက်တိုင်းက ပို၍ကြည်ကြည်သာသာ။
ချယ်ရီလေးတွေ မပွင့်သေးတာတောင် လောကကြီးက ပန်းနုရောင်သန်းနေသလိုမျိုး။

ပုံမှန်လည်ပတ်ရင်းနဲ့ ကုန်ဆုံးသွားတဲ့ ကျန်းဟာအိုရဲ့တစ်နေ့တာတွေမှာ ဆောင်းဟန်ဘင်း၏ "ချစ်လိုက်တာ ဂိုက်ဆရာရယ်" ဆိုတဲ့ ကြက်သီးထစရာစကားသံဟာလည်း ထပ်ဆောင်းနားပူစရာ အနေဖြင့် ပါဝင်လာသည်။

ယောရွန်းကတော့အပြင်မှာဆုံတိုင်း ဆောင်းဟန်ဘင်းအားမျက်နှာရွဲ့ပြကာ ကျန်းဟာအိုကိုတော့ ပြုံးပြနှုတ်ဆက်တတ်သည်။

ကျန်းဟာအိုနှင့် ဆောင်းဟန်ဘင်း၏ ဆက်ဆံရေးတွင်
အကဲပိုလာသည့်သူမှာ ဆောင်းဟန်ဘင်းပဲဖြစ်ပြီး
ကျန်းဟာအိုက‌တော့မပြောင်းမလဲ။
အနိုင်ကျင့်တယ်၊ ဆူတယ်ငေါက်တယ်၊
တိတ်တိတ်လေး မသိမသာဂရုစိုက်ပေးတယ်၊
လူလစ်ရင်ခိုးခိုးကြည့်တယ်။

ဟန်ဘင်း၏မိဘများမှာတော့ သူ့သားအပိုလွန်အလွန်ပိုနေကတည်းက ရိပ်စားမိထားတာမို့ ခပ်ပြုံးပြုံးသာ။
ကျန်းဟာအိုဟာ အပြစ်ပြောစရာမရှိသည့်သူပင်။ သူတို့သားအပေါ် ‌ချစ်မှန်းလည်း ဘေးကမြင်နေရသည်မို့ သေချာသိသည်။
သားဖြစ်သူကလည်း ကျန်းဟာအိုမှ ကျန်းဟာအိုမို့ အချိန်တန်တဲ့အခါ လက်ထပ်ပေးမိအဖို့တိုင်ပင် ဆွေးနွေးထားကြပြီးသား။

ကျန်းဟာအို ဟန်ဘင်းတို့အိမ်သွားတဲ့အခါတိုင်း "သားလေး"လို့ ပြောင်းခေါ်လာကြသည်ကလည်း ကျန်းဟာအိုအတွက်တော့ ဝမ်းသာပီတီဖြစ်ကာ ရှက်ရှက်နှင့်ကြည်နူးစရာ။

ဆောင်းဟန်ဘင်းက ကျန်းဟာအိုကိုဆွေပြမျိုးပြဆိုသည့်
အဆင့်အထိ ခေါ်ပြတာမျိုးလည်း လုပ်တတ်သည်။
သို့သော်လည်း ဂိုက်ဆရာမှာ သူ့အားဘယ်လိုအနိုင်ကျင့်ရမလဲ ဆိုတာ သိစွာနှင့် "အထက်တန်းမအောင်သ၍ ရည်းစားမလုပ်ဘူး" ဟုဆိုကာ ကန့်သတ်ထားလေသည်။

အခုမှ ဆောင်းဟန်ဘင်းခမျာ အထက်တန်း‌ကိုစောစောစီးစီး အောင်,အောင်မဖြေခဲ့မိ‌လေခြင်း ဆိုကာ ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသည်။

 너를 만나 - Me After YouWhere stories live. Discover now