ʙʟᴜᴇ ꜱɪᴅᴇ

Oleh J_Honi

5.3K 1.2K 512

Taehyung " ကိုယ်ပင်လယ်ပြာတွေကိုမုန်းတယ်...အရမ်းကိုမုန်းတာ နောက်ပြီးပင်လယ်ကိုအမှီပြုရှင်သန်နေရတဲ့မင်းကိုလည်း... Lebih Banyak

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀

236 66 27
Oleh J_Honi

ပိန်းမှောက်စွာမှောင်နေသောအခန်းတွင်းတစ်ခုထဲ ငြိမ်သက်စွာထိုင်နေ‌သည့်ဟိုဘီ...။
အမှောင်ထဲဝယ် အရည်ကြည်တွေနဲ့လင်းလက်နေသည့်မျက်လုံးအစုံဖြင့်ဟိုဘီဟာ အပြာရောင်နံရံတွေကိုမှီလို့ထားပြီး သူ၏ညာဘက်လက်ရှိအမဲရောင်တိတ်ကပ်ထား‌ရာနေရာလေးကို‌ကျန်လက်နှင့်ပွတ်သပ်နေသည်။
ပြီး ဟိုဘီသည်အပြုံးမည်ရုံဆိုသော အပြုံးဖြင့်သူ၏နှုတ်ခမ်းလှလှလေးတွေနဲ့ပြုံးလာသည်။

နာစရာရှိတိုင်းသာနာရမည်ဆိုလျှင် အရာရာဟာဟိုဘီ့အတွက်နာစရာတွေချည်းသာ။
ထိုနာစရာတွေကို ဟိုဘီကိုယ်တိုင်အလူးအလဲနာခဲ့ပြီးသလို အခုလည်းနာနေရဆဲပင်။
ကလေးငယ်၏ဆိုးရွားသည့်အပြောကြောင့် နာခဲ့ရသလို...နင့်သီးဖွယ်ရာအပြုအမူတွေကြောင့်လည်းနာရသည်။
နောက်ပြီး အခုထိတွေ့နေမိတဲ့ညာဘက်လက်ကအမဲရောင်တိတ်ကလေးရဲ့အဖြစ်ကြောင့်လည်း နာခဲ့ဖူးသည်။
ပြန်ကာတွေးရမည်ဆိုလျှင်တောင် သိပ်ငိုကြွေးချင်စရာကောင်းလောက်သောအတိတ်ကလေးဟာ ဟိုဘီ့အတွေးထဲမကြိုဆိုဘဲဝင်ရောက်လာလျက်....။

__

အစိမ်းရောင်မျက်ခင်းပြင်တွေကို  တုပလို့ဆေးချယ်နေသည့် (၁၄)နှစ်အရွယ်ကလေးငယ်ကို ဟိုဘီပါးစပ်အဟောင်းသားဖြင့် ငေးမောနေမိသည်။
အပြာရောင်လွင်လွင်အင်္ကျီ‌လက်ရှည်ကို တံဒေါင်ဆစ်အထိခေါက်တင်ထားပြီး မွှေးညှင်းနုကလေးတွေဖြင့်ဖွေးကြည်နေသောလက်ကလေးဖြင့် စုပ်တံလေးကိုကိုင်ကာဆေးခြယ်နေသူလေးသည် ဟိုဘီ့အတွက်ငွေစပေါင်းသန်းချီတန်သည့်ပန်းချီကားတစ်ချပ်ပမာ။
ပန်းရောင်ဘက်နွယ်‌သောနှုတ်ခမ်းကိုကိုက်ကာစိတ်ဝင်တစားဆေးခြယ်နေပုံက ချောမောမှုအပြည့်။
(၁၄)ရယ်ရှိသေးသော်ငှား ထွားကြိုင်းသောခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့်ကလေးသည် ပြီးပြည့်စုံသောလူ့နတ်သားလေးသာ။
ဟိုဘီငေးကောင်းနေစဉ် ကလေးငယ်ဟာကိုယ့်ဘက်ရုတ်တရက်ဆိုသလိုလှည့်ကြည့်လာပြီး မျက်မှောင်ကျို့သွားသည်။
နောက် သူ့လက်ထဲကစုပ်တံကိုအစိမ်းရောင်ဆေးတွေထဲပြန်နစ်ပြီး ပန်းချီခြယ်ပြန်သည်။
မကြာပါ ကလေးငယ်ဟာဘာကိုစိတ်ခုသွားသည်မသိ အနက်ရောင်ဆေးတွေကိုယူပြီး လှပနေသည့်ပန်းချီကားပေါ်သရုပ်ပျက်လွန်းစွာခြယ်ချပစ်လေရာ ဟိုဘီ့မှာအသံပင်ထွက်၍အံ့ဩမိသွား၏။
ဘာကြောင့်များ အခုလိုစိတ်လိုက်မာန်ပါလုပ်လိုက်ရတာလဲဆိုတဲ့အမေးဟာ ဟိုဘီ့ခေါင်းထဲပြည့်ကြပ်စွာ။
မကြာပါ ဟိုဘီသိချင်နေသောအမေးဟာ မမေးပါဘဲကလေးငယ်ထံမှဆောင့်ဆောင့်အောင့်အောင့်ထွက်ကျလာသည်။

"  ခင်ဗျားဘာလို့လူကိုစိုက်ကြည့်နေရတာလဲ..! တကယ်ဘဲဘာမှကိုအာရုံမထားနိုင်တော့ဘူး။
ခင်ဗျားမြန်းအလိုက်တသိထွက်သွားလေမလားဆိုပြီး သည်းခံစောင့်နေပေမယ့် ဘာလို့မထွက်သွားရတာလဲ..!"

" ဟမ်.?"

" ခင်ဗျားကအရူးလား..? အမြဲတမ်းအူကြောင်ကြောင်နဲ့.!
ကိုယ့်ဘာသာရူးနေရင်လည်း တစ်ယောက်ထဲသက်သက်လွတ်ရူးပါဗျာ ကျတော့်ကိုပါစိတ်ရှုတ်ပြီးရူးအောင်မလုပ်ပါနဲ့ နော်... ကျတော်ပြောတာကြားလား.?"

"အာ.. ကိုယ်မရူးပါဘူးကလေးရဲ့.."

ရင်ဘတ်ထဲက ပြိုကျချင်နေသည့်မိုးတွေအစားပါးပြင်ပေါ်ပါးချိုင့်လေး‌တွေပေါ်အောင်ပြုံး၍ ပြန်ပြောလိုက်တော့ ကလေးငယ်ရဲ့အကြည့်တွေဟာဟိုဟိုဒီဒီဖြင့် ဦးတည်ရာမဲ့စွာ။
ကိုယ့်ကိုလည်း စကားမပြန်ပါဘဲတိတ်ဆိတ်သွားလေသဖြင့် ဟိုဘီဘက်ကဘဲနှစ်ဦးသာစကားဝိုင်းလေးအားပြန်လည်အစပြုလိုက်သည်။

" အဟမ်း~ ဘာစားခဲ့ပြီးပြီလဲကလေး.??"

ဟိုဘီ့အမေးတွင် ထယ်ယောင်းသည်သူ၏အကြည့်တွေကို ဟိုဘီဆီစုပြုံချလေသည်။
ပြီး ရှုတ်ထွေးသလိုပုံစံနှင့်သူ၏ခေါင်းကိုကုတ်ကာ တင်းမာသောအသံဖြင့်ဟိုဘီအား...

" ဖြစ်နိုင်ရင်ထွက်သွားပေးမလား ဟင်.? "

ဟိုဘီရုတ်တရက်ထိုးအောင့်သွားတဲ့ရင်ဘတ်ကို လစ်လျူရှုကာအပြုံးလေးဖြင့်သာ တုန့်ပြန်မိပါသည်။
နာကျင်တာတွေနဲ့အသားကျသွားလို့ထင်ပါရဲ့ နာကျင်နေလည်းပြုံးတတ်လာတယ်...။

" မထွက်ချင်ပါဘူး... ကိုယ်ကလေးအနားမှာပဲနေရမယ်တဲ့ ယွန်းကသေချာပြောသွားတယ်.."

" ဟင်း.!  ယွန်းလေးပြန်လာမှခင်ဗျားဝင်ခဲ့စမ်းပါ.. မဟုတ်ရင်ခင်ဗျားကိုကျတော်ဘာလုပ်မိမယ်မသိဘူး"

" .... "

" ကျစ် ! အတော်လက်ပေါက်ကပ်တဲ့ခင်ဗျား... မုန်းဖို့အရမ်းကောင်းတာဘဲ "

"....."

နှုတ်ဆိတ်နေသည့်ကိုယ့်အားကျောပေးကာ တီးတိုဆိုသွားတဲ့ကလေးငယ်စကားကိုကြားတော့ ဟိုဘီနစ်နစ်သိပ်သိပ်ပြုံးလိုက်မိပြန်ရဲ့။
ကလေးငယ်ဆီက ကြားနေကျစကားမို့ကြားလေတိုင်းပြုံးနေမိတာ ရောဂါတမျိုးများဖြစ်နေလေသလား.?။
ဪ~ ဖူးစာရှင်လေးက မုန်းတယ်ပြောလည်းပြုံးနေရတာပါပဲလား~။

" ခင်ဗျားလက်ပြစမ်း...!"

" ဘာကို... ဘယ်လက်လဲ?"

ထယ်ယောင်းနေမင်းကြီးကိုကြည့်နေရင်းမှ ဖျတ်ကနဲဝင်လာသည့်အတွေးကြောင့် ဟိုလူ့ရဲ့လက်အားအမြန်ကြည့်ဖို့ပြင်ရသည်။
ထိုမှာ အူကြောင်ကြောင်လုပ်နေသူကြောင့် စိတ်မရှည်စွာနဲ့ပဲ ထိုလူ့ရဲ့ညာလက်ကို ဆွဲယူ၍ကြည့်တော့ပုန်းအောင်းနေသောကလေးစိတ်က ဝင်လာပြီးထိုလူ့ရဲ့လက်ပခုံပေါ်ရှိလခြမ်းအမှတ်အသားအား ဘေးရှိအနက်ရောင်ဆေးတွေပေနေသည့်စုပ်တံကိုယူ၍ ဖုံးပစ်လိုက်သည်။
နောက် သဘောတကျပြုံးလိုက်ပြီးရှေ့ကမျက်ရည်သီချင်နေသည့်လူအား ခပ်စိမ်းစိမ်းအကြည့်တို့နှင့်ကြည့်လိုက်သည်။
နောက် တည်တန့်သောလေသံဖြင့်...

" ကျတော်ကနေမင်းကြီးဆို.... လမင်းကခင်ဗျားမဖြစ်ရဘူး
နောက်တခါကျတော့်အနားနေမယ်ဆို ဒီအမှတ်အသားကကျတော်မမြင်အောင်ထားပါ...အဲ့လိုမှမဟုတ်ရင်ကျတော်အဆိုးမဆိုလေနဲ့ "

" အ.. အွန်းပါ~"

ကိုယ်သည် ကလေးငယ်အနားကုတ်တွယ်နေချင်သည့်လူပေမို့ ‌ကလေးငယ်အမိန့်အားခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ နာခံမိသည်။
မင်းအနားသာရှိနေရမယ်ဆို ဝိညဉ်ဘဝအနေနဲ့လည်း ကိုယ်ဟာအဆင်ပြေတုန်းပဲ။
ကလေးငယ်သာ အမိန့်ချလိုက်ကိုယ်ကအရာအားလုံးကိုခေါင်းငြိမ့်ပြီးသားဘဲ။
ဒါပေမယ့် ကလေးငယ်ရဲ့အမိန့်ထဲမှာ ကလေးအနားမနေရဆိုတာမျိုးနဲ့ မချစ်ရဆိုတာတော့မပါဘူးပေါ့။

"   အရူး...."

အွန်း...ကိုယ်ကအရူးပါ။
ကလေးငယ်ကို ချစ်တဲ့အချစ်ရူး။

__

" ဟက်.! မင်းသိပ်ဆိုးတယ်ကလေးငယ်~
ကိုယ်မင်းလေးကိုဆက်ပြီးချစ်နိုင်ပါအုန်းမလားမသိတော့ဘူးရယ်~"

အမဲရောင်တိတ်ဆီကနေ မျက်နှာကျက်ဆီကိုအကြည့်ပို့ရင်း ဟိုဘီတီးတိုရေရွတ်မိသည်။
တကယ်ပါ.. ကိုယ်ကိုတိုင်ပင်မသေချာတဲ့အဖြေသာရနေတဲ့အမေးလေး။
ဆက်ချစ်နိုင်ပါတော့မလား...?။
ကိုယ့်ဖူးစာဖက်ရဲ့အချစ်တွေကတဖက်က ကျေးဇူးရှင်ဆီမှာမို့ စိတ်သည်ကျေကျေနပ်နပ်ကြီးလက်ခံပေးနိုင်သော်လည်း နှလုံးသားလေးက သိပ်ပြီးကျေနပ်ပုံမရ။
လူကိုတနုတ်နုတ်နှင့်နာလေအောင် ပြုနေပြီး ကိုယ့်အပေါ်စိတ်ဆိုးနေသလို..။
သို့သော်လည်း ဟိုဘီကိုယ်၌ကလည်းတတ်နိုင်သည့်အရာမဟုတ်ပေ။
ကိုယ့်ကိုမှမချစ်ဘဲကို...။
ဖူးစာရှင်ဆိုတာကလည်း အမှားသာဖြစ်ပါလိမ့်မည်။

*

" မနက်ဖြန် နန်းတွင်းကပညာပေးအမတ်ရွေးချယ်ဖို့ စာစစ်ကြမှာ မင်းအဆင်သင့်ဖြစ်ပြီလားထယ်ယောင်း.?"

ဟိုဘီပန်းချီဆွဲနေရင်းမှ ကိုယ်နှင့်မလှမ်းမကမ်းကမှကလေးငယ်၏ဖြေသံကိုနားစွင့်နေမိသည်။
သို့သော် ခတ္တအကြာထိကလေးငယ်ရဲ့ဖြေသံကထွက်မလာခဲ့။
ထို့အစားအတော်ကြာမှကြားလိုက်ရသည့်အသံတွေက ပူလောင်နေတဲ့နှလုံးသားကိုလောင်စာထည့်ပေးလိုက်သလိုပင်။

#မွ..

" ငါစာသင်နေတယ်လေထယ်ယောင်း~ ပြီးတော့ဟိုဘီကောရှိနေတာကို အငြိမ်နေစမ်း.."

" ချစ်လို့ကို... ငြိုငြင်တာလား~.?"

အော်~ ကလေးငယ်ကသိပ်ချစ်တတ်တာ‌ပဲ။
ကိုယ်မဟုတ်တဲ့ ယွန်းကိုလေ။
ကြားရတဲ့ချစ်တီတူးသံလေးတွေက အူယားဖို့ကောင်းလိုက်တာလွန်ကော..။
အူယားလွန်းလို့ထင်တယ် လက်တွေတောင်တုန်လာသလိုဘဲ။
‌ပြီး နှုတ်ခမ်းတွေကောတုန်လာတယ်။
ဟာ.. မျက်ရည်တွေကျလာတဲ့အထိအူယားဖို့ကောင်းတာပဲ။

ဟိုဘီတုန်နေတဲ့လက်ကြောင့် ပန်းချီဆက်ဆွဲမရတော့သည်မို့ စုပ်တံကိုအသာချပြီး အခန်းထဲကထွက်ဖို့ထလိုက်သည်။
အရင်က ကလေးငယ်နှင်ရင်တောင်မထတဲ့ကိုယ်က အခုဆိုမနှင်ဘဲတောင် ထထွက်ဖို့ပြင်နေမိပြီ။
ဘာရဲ့စွမ်းအားကြောင့်များလဲ.?။
အချစ်ရဲ့စွမ်းအားလား.??။

" ဟိုဘီ... ကျတော်တို့အဖို့အအေးလေးယူပေးလို့ရမလားဟင်.? အပြင်သွားမလို့မဟုတ်လား တလက်စတည်းယူခဲ့ပေးပါနော်.."

တံခါးလက်ကိုင်ဆီက ဟိုဘီ့လက်တွေသည်ထယ်ယောင်းစကားကြောင့်တင်းကြပ်သွား၏။
ပြီးတော့ ဟိုဘီဟာထယ်ယောင်းကိုဘာမှပြန်မပြောဘဲ အခန်းထဲကနေထွက်သွားလေသည်။
ထယ်ယောင်းမည်တော့ ဟိုဘီအအေးလာပို့လိမ့်မည်အထင်နှင့်စောင့်ဆိုင်းရင်းကျန်ခဲ့သည်။
သို့သော် အချိန်အတော်အကြာအထိရောက်မလာသည့်ဟိုဘီကြောင့် ထယ်ယောင်းလိုက်သွားရသည်။

" ခနနော် ကျတော်ကိုယ်တိုင်ဘဲသွားယူလိုက်မယ်.."

" အင်း မြန်မြန်ပြန်လာခဲ့.. ဒီမှာစာတွေမပြီးသေးဘူး"

" ဟုတ်...."

ချစ်သူအသစ်ကလေးကို ရိုကျိုးစွာဖြေကြားပေးပြီးနောက် အိမ်အောက်ထပ်ဆီထယ်ယောင်းဆင်းသွားလိုက်သည်။
အစကတော့ ထယ်ယောင်းအအေးသာယူပြီးပြန်မယ်လုပ်ပေမယ့်  ဧည့်ခန်းဆီကစကားသံတချို့ကြောင့်ယူတော့မည့် အအေးတွေကိုမယူသေးဘဲ ဧည့်ခန်းဆီသာသွားလိုက်သည်။
ထိုတွင် ဧည့်ခန်းထဲကထူးဆန်းနေသောအရာကြောင့် ထယ်ယောင်းခြေလှမ်းတွေကပိုမြန်လာသည်။
သို့သော် ထယ်ယောင်းအသံတိတ်နေမိ၏။

ဧည့်ခန်းထဲတွင် အအေးယူခိုင်းလိုက်သည့်ဟိုလူသည်ခြေထောက်ကို ဆိုဖာပေါ်တင်ထား၍ဒူးထောင်ကာ ၎င်းဒူးပေါ်မျက်နှာအပ်‌၍စကားတချို့ကိုဆိုနေသည်။
ထို့ကြောင့် ထယ်ယောင်းအသာအနားကပ်ကာ စကားသံတွေကိုဂရုတစိုက်နားထောင်မိသည်။
ထိုတွင် ရှင်းလင်းစွာကြားရသည်က...

"  ငါမင်းကိုအရမ်းလွမ်းတယ် ကူး~ ဟင့် မင်းရှိရင်ငါအခုလိုခံစားရမှာမဟုတ်ဘူး အီးဟီးး ကူး~ ငါမှားပါပြီ"

" ဟင့် ပြန်ချင်တယ်~  မင်းဆီငါလာချင်ပြီကူး~ "

ငိုသံနှင့်ရောကာကြားရသောစကားတွေသည် ထယ်ယောင်းအားအလိုလိုစိတ်တိုစေသည်။
အကြောင်းပြချက်တစ်ခုတစ်လေမှမရှိပါဘဲ အကြောင်းအရင်းမဲ့စွာထယ်ယောင်းစိတ်တိုနေမိသည်။
အစိုးမရတဲ့စိတ်တွေကထိန်းချုပ်မှုအောက်မှလွတ်ထွက်သွားတဲ့အခါ ထယ်ယောင်းမလုပ်သင့်တာတွေလုပ်မိကုန်၏။

ထယ်ယောင်းငိုနေသူရဲ့အနားကို သွား၍လက်ကိုဆွဲမကာ မော့စေလိုက်သည်။
နောက် ထိုလူ့ရဲ့ပါးနှစ်ဖက်ကိုဖိညှစ်ပြီး...

" ဘာလို့အအေးယူခိုင်းတာ မယူပေးရတာလဲ..?"

ခလုတ်ထိမှအမိ'တ'ဆိုသလို ဟိုဆော့အတော်ခံစားရခါမှ မိသားစုကို'တ'မိပါသည်။
ဘယ်သူမှမရှိတဲ့ ဧည့်ခန်းမှာမထိန်းနိုင်လေတဲ့ လွမ်းဆွတ်မှုတွေဖွင့်ဟငိုကြွေးမိသည်။
ထိုအချိန်မှာဘဲ လက်ကိုဆွဲ၍ ပါးတွေကိုဖိညှစ်ကိုင်လာသူကြောင့် အတော်လန့်သွားရသည်။
သို့သော်လည်း လန့်နေသည်များကစကားတစ်ခွန်းကြောင့် နာကျင်ခြင်းအဖြစ်သို့ရောက်ကုန်သည်။
အကြည့်စူးစူးတွေနဲ့ကလေးဟာ ခိုင်းသည်ကိုမလုပ်ပေးသောကြောင့် စိတ်တိုနေပါသည်တဲ့။
သည်တခါလည်း ကိုယ့်မျက်ရည်တွေကိုသူလေးမမြင်ဘူးပဲ။

"  မေးတာဖြေလေ ဘာလို့ယူလာမပေးတာလဲလို့.."

အအေးမယူပေးခြင်းကို ခုတုံးလုပ်၍ထယ်ယောင်း ဟိုဘီအပေါ်အနိုင်ယူကာ ဖိညှစ်ထားသည့်လက်တွေကိုပိုအားထည့်ပြီးညှစ်ကာမေးလိုက်သည်။
ထိုမှသာ ထွက်အံ့လာသောအဖြေဟာထယ်ယောင်းအဖို့ကျေနပ်ဖွယ်စိုးစဉ်းမှမရှိ။

"ကိုယ်‌မယူပေးချင်လို့ "

" ဘယ်ကသတ္တိနဲ့မယူချင်ရတာလဲ.? သူများအိမ်မှာအလကားကပ်နေ,နေပြီး  ဘာမဟုတ်တာလေးကိုမလုပ်ပေးနိုင်ဘူးပေါ့..။
ဒီလိုပုံစံနဲ့ ကျေးဇူးဆပ်မယ်ပေါ့..."

" အဲ့လို‌သဘောမဟုတ်ပါဘူး...ကိုယ်က.. ကိုယ်က ဟင့် အီးးးဟီးး ကိုယ်ပင်ပန်း‌လွန်းလို့ ဟင့် ဟီးအီးး  "

" ဟာဗျာ~ မငို..မငိုရဘူးလေ..."  #အင့်

ငိုနေစဉ် ဟိုဘီမှာရင်ခွင်ကျယ်ကြီးထဲကျရောက်သွားရပြီး လေနုအေးလေးနှင့်ချော့မော့သည်မဆိုသောအရာကိုရရှိခဲ့သည်။
ဧကန်န ဒါသည်အိမ်မက်သာဖြစ်ပါလိမ့်မည်...။

အရမ်းချစ်မိသွားမိတယ်ထင်ရဲ့.... သူဘာလုပ်လုပ်ကိုအပြစ်မမြင်နိုင်ဘူး~

#####

စာ‌အရေးအသားညံ့ဖျင်းမှုကို ခွင့်လွှတ်ပါ ။
ကိုယ်ညဏ်ကလည်း ဖြုတ်လောက်ပဲရှိတာမို့ဒီ့ထက်ပိုကောင်းအောင်မရေးနိုင်တာတောင်းပန်ပါတယ်🙏🙏🙏

အကယ်လို့ကျမရေးတာကို မနှစ်သက်ရင်မဖတ်ပါနဲ့လို့အကြုံပြုပါရစေ။

ဝေဖန်ထောက်ပြလို့ကရပါတယ်နော် ကျမရဲ့လိုအပ်ချက်တွေကိုထောက်ပြပေးလို့ရပါတယ်။
အဲ့လိုဆို အရမ်းကျေးဇူးတင်မှာပါလို့စ်🥰

စာဖတ်သူအားလုံးကိုချစ်ပါတယ်💜🟪
၆.၆.၂၀၂၃





ပိန္းေမွာက္စြာေမွာင္ေနေသာအခန္းတြင္းတစ္ခုထဲ ၿငိမ္သက္စြာထိုင္ေနသည့္ဟိုဘီ...။
အေမွာင္ထဲဝယ္ အရည္ၾကည္ေတြနဲ႕လင္းလက္ေနသည့္မ်က္လုံးအစုံျဖင့္ဟိုဘီဟာ အျပာေရာင္နံရံေတြကိုမွီလို႔ထားၿပီး သူ၏ညာဘက္လက္ရွိအမဲေရာင္တိတ္ကပ္ထားရာေနရာေလးကိုက်န္လက္ႏွင့္ပြတ္သပ္ေနသည္။
ၿပီး ဟိုဘီသည္အၿပဳံးမည္႐ုံဆိုေသာ အၿပဳံးျဖင့္သူ၏ႏႈတ္ခမ္းလွလွေလးေတြနဲ႕ၿပဳံးလာသည္။

နာစရာရွိတိုင္းသာနာရမည္ဆိုလွ်င္ အရာရာဟာဟိုဘီ့အတြက္နာစရာေတြခ်ည္းသာ။
ထိုနာစရာေတြကို ဟိုဘီကိုယ္တိုင္အလူးအလဲနာခဲ့ၿပီးသလို အခုလည္းနာေနရဆဲပင္။
ကေလးငယ္၏ဆိုး႐ြားသည့္အေျပာေၾကာင့္ နာခဲ့ရသလို...နင့္သီးဖြယ္ရာအျပဳအမူေတြေၾကာင့္လည္းနာရသည္။
ေနာက္ၿပီး အခုထိေတြ႕ေနမိတဲ့ညာဘက္လက္ကအမဲေရာင္တိတ္ကေလးရဲ႕အျဖစ္ေၾကာင့္လည္း နာခဲ့ဖူးသည္။
ျပန္ကာေတြးရမည္ဆိုလွ်င္ေတာင္ သိပ္ငိုေႂကြးခ်င္စရာေကာင္းေလာက္ေသာအတိတ္ကေလးဟာ ဟိုဘီ့အေတြးထဲမႀကိဳဆိုဘဲဝင္ေရာက္လာလ်က္....။

__

အစိမ္းေရာင္မ်က္ခင္းျပင္ေတြကို တုပလို႔ေဆးခ်ယ္ေနသည့္ (၁၄)ႏွစ္အ႐ြယ္ကေလးငယ္ကို ဟိုဘီပါးစပ္အေဟာင္းသားျဖင့္ ေငးေမာေနမိသည္။
အျပာေရာင္လြင္လြင္အကၤ်ီလက္ရွည္ကို တံေဒါင္ဆစ္အထိေခါက္တင္ထားၿပီး ေမႊးညွင္းႏုကေလးေတြျဖင့္ေဖြးၾကည္ေနေသာလက္ကေလးျဖင့္ စုပ္တံေလးကိုကိုင္ကာေဆးျခယ္ေနသူေလးသည္ ဟိုဘီ့အတြက္ေငြစေပါင္းသန္းခ်ီတန္သည့္ပန္းခ်ီကားတစ္ခ်ပ္ပမာ။
ပန္းေရာင္ဘက္ႏြယ္ေသာႏႈတ္ခမ္းကိုကိုက္ကာစိတ္ဝင္တစားေဆးျခယ္ေနပုံက ေခ်ာေမာမႈအျပည့္။
(၁၄)ရယ္ရွိေသးေသာ္ငွား ထြားႀကိဳင္းေသာခႏၶာကိုယ္ဖြဲ႕စည္းပုံျဖင့္ကေလးသည္ ၿပီးျပည့္စုံေသာလူ႕နတ္သားေလးသာ။
ဟိုဘီေငးေကာင္းေနစဥ္ ကေလးငယ္ဟာကိုယ့္ဘက္႐ုတ္တရက္ဆိုသလိုလွည့္ၾကည့္လာၿပီး မ်က္ေမွာင္က်ိဳ႕သြားသည္။
ေနာက္ သူ႕လက္ထဲကစုပ္တံကိုအစိမ္းေရာင္ေဆးေတြထဲျပန္နစ္ၿပီး ပန္းခ်ီျခယ္ျပန္သည္။
မၾကာပါ ကေလးငယ္ဟာဘာကိုစိတ္ခုသြားသည္မသိ အနက္ေရာင္ေဆးေတြကိုယူၿပီး လွပေနသည့္ပန္းခ်ီကားေပၚသ႐ုပ္ပ်က္လြန္းစြာျခယ္ခ်ပစ္ေလရာ ဟိုဘီ့မွာအသံပင္ထြက္၍အံ့ဩမိသြား၏။
ဘာေၾကာင့္မ်ား အခုလိုစိတ္လိုက္မာန္ပါလုပ္လိုက္ရတာလဲဆိုတဲ့အေမးဟာ ဟိုဘီ့ေခါင္းထဲျပည့္ၾကပ္စြာ။
မၾကာပါ ဟိုဘီသိခ်င္ေနေသာအေမးဟာ မေမးပါဘဲကေလးငယ္ထံမွေဆာင့္ေဆာင့္ေအာင့္ေအာင့္ထြက္က်လာသည္။

" ခင္ဗ်ားဘာလို႔လူကိုစိုက္ၾကည့္ေနရတာလဲ..! တကယ္ဘဲဘာမွကိုအာ႐ုံမထားနိုင္ေတာ့ဘူး။
ခင္ဗ်ားျမန္းအလိုက္တသိထြက္သြားေလမလားဆိုၿပီး သည္းခံေစာင့္ေနေပမယ့္ ဘာလို႔မထြက္သြားရတာလဲ..!"

" ဟမ္.?"

" ခင္ဗ်ားကအ႐ူးလား..? အၿမဲတမ္းအူေၾကာင္ေၾကာင္နဲ႕.!
ကိုယ့္ဘာသာ႐ူးေနရင္လည္း တစ္ေယာက္ထဲသက္သက္လြတ္႐ူးပါဗ်ာ က်ေတာ့္ကိုပါစိတ္ရႈတ္ၿပီး႐ူးေအာင္မလုပ္ပါနဲ႕ ေနာ္... က်ေတာ္ေျပာတာၾကားလား.?"

"အာ.. ကိုယ္မ႐ူးပါဘူးကေလးရဲ႕.."

ရင္ဘတ္ထဲက ၿပိဳက်ခ်င္ေနသည့္မိုးေတြအစားပါးျပင္ေပၚပါးခ်ိဳင့္ေလးေတြေပၚေအာင္ၿပဳံး၍ ျပန္ေျပာလိုက္ေတာ့ ကေလးငယ္ရဲ႕အၾကည့္ေတြဟာဟိုဟိုဒီဒီျဖင့္ ဦးတည္ရာမဲ့စြာ။
ကိုယ့္ကိုလည္း စကားမျပန္ပါဘဲတိတ္ဆိတ္သြားေလသျဖင့္ ဟိုဘီဘက္ကဘဲႏွစ္ဦးသာစကားဝိုင္းေလးအားျပန္လည္အစျပဳလိုက္သည္။

" အဟမ္း~ ဘာစားခဲ့ၿပီးၿပီလဲကေလး.??"

ဟိုဘီ့အေမးတြင္ ထယ္ေယာင္းသည္သူ၏အၾကည့္ေတြကို ဟိုဘီဆီစုၿပဳံခ်ေလသည္။
ၿပီး ရႈတ္ေထြးသလိုပုံစံႏွင့္သူ၏ေခါင္းကိုကုတ္ကာ တင္းမာေသာအသံျဖင့္ဟိုဘီအား...

" ျဖစ္နိုင္ရင္ထြက္သြားေပးမလား ဟင္.? "

ဟိုဘီ႐ုတ္တရက္ထိုးေအာင့္သြားတဲ့ရင္ဘတ္ကို လစ္လ်ဴရႈကာအၿပဳံးေလးျဖင့္သာ တုန႔္ျပန္မိပါသည္။
နာက်င္တာေတြနဲ႕အသားက်သြားလို႔ထင္ပါရဲ႕ နာက်င္ေနလည္းၿပဳံးတတ္လာတယ္...။

" မထြက္ခ်င္ပါဘူး... ကိုယ္ကေလးအနားမွာပဲေနရမယ္တဲ့ ယြန္းကေသခ်ာေျပာသြားတယ္.."

" ဟင္း.! ယြန္းေလးျပန္လာမွခင္ဗ်ားဝင္ခဲ့စမ္းပါ.. မဟုတ္ရင္ခင္ဗ်ားကိုက်ေတာ္ဘာလုပ္မိမယ္မသိဘူး"

" .... "

" က်စ္ ! အေတာ္လက္ေပါက္ကပ္တဲ့ခင္ဗ်ား... မုန္းဖို႔အရမ္းေကာင္းတာဘဲ "

"....."

ႏႈတ္ဆိတ္ေနသည့္ကိုယ့္အားေက်ာေပးကာ တီးတိုဆိုသြားတဲ့ကေလးငယ္စကားကိုၾကားေတာ့ ဟိုဘီနစ္နစ္သိပ္သိပ္ၿပဳံးလိုက္မိျပန္ရဲ႕။
ကေလးငယ္ဆီက ၾကားေနက်စကားမို႔ၾကားေလတိုင္းၿပဳံးေနမိတာ ေရာဂါတမ်ိဳးမ်ားျဖစ္ေနေလသလား.?။
ဪ~ ဖူးစာရွင္ေလးက မုန္းတယ္ေျပာလည္းၿပဳံးေနရတာပါပဲလား~။

" ခင္ဗ်ားလက္ျပစမ္း...!"

" ဘာကို... ဘယ္လက္လဲ?"

ထယ္ေယာင္းေနမင္းႀကီးကိုၾကည့္ေနရင္းမွ ဖ်တ္ကနဲဝင္လာသည့္အေတြးေၾကာင့္ ဟိုလူ႕ရဲ႕လက္အားအျမန္ၾကည့္ဖို႔ျပင္ရသည္။
ထိုမွာ အူေၾကာင္ေၾကာင္လုပ္ေနသူေၾကာင့္ စိတ္မရွည္စြာနဲ႕ပဲ ထိုလူ႕ရဲ႕ညာလက္ကို ဆြဲယူ၍ၾကည့္ေတာ့ပုန္းေအာင္းေနေသာကေလးစိတ္က ဝင္လာၿပီးထိုလူ႕ရဲ႕လက္ပခုံေပၚရွိလျခမ္းအမွတ္အသားအား ေဘးရွိအနက္ေရာင္ေဆးေတြေပေနသည့္စုပ္တံကိုယူ၍ ဖုံးပစ္လိုက္သည္။
ေနာက္ သေဘာတက်ၿပဳံးလိုက္ၿပီးေရွ႕ကမ်က္ရည္သီခ်င္ေနသည့္လူအား ခပ္စိမ္းစိမ္းအၾကည့္တို႔ႏွင့္ၾကည့္လိုက္သည္။
ေနာက္ တည္တန႔္ေသာေလသံျဖင့္...

" က်ေတာ္ကေနမင္းႀကီးဆို.... လမင္းကခင္ဗ်ားမျဖစ္ရဘူး
ေနာက္တခါက်ေတာ့္အနားေနမယ္ဆို ဒီအမွတ္အသားကက်ေတာ္မျမင္ေအာင္ထားပါ...အဲ့လိုမွမဟုတ္ရင္က်ေတာ္အဆိုးမဆိုေလနဲ႕ "

" အ.. အြန္းပါ~"

ကိုယ္သည္ ကေလးငယ္အနားကုတ္တြယ္ေနခ်င္သည့္လူေပမို႔ ကေလးငယ္အမိန႔္အားေခါင္းေလးတဆတ္ဆတ္ၿငိမ့္ကာ နာခံမိသည္။
မင္းအနားသာရွိေနရမယ္ဆို ဝိညဥ္ဘဝအေနနဲ႕လည္း ကိုယ္ဟာအဆင္ေျပတုန္းပဲ။
ကေလးငယ္သာ အမိန႔္ခ်လိဳက္ကိုယ္ကအရာအားလုံးကိုေခါင္းၿငိမ့္ၿပီးသားဘဲ။
ဒါေပမယ့္ ကေလးငယ္ရဲ႕အမိန႔္ထဲမွာ ကေလးအနားမေနရဆိုတာမ်ိဳးနဲ႕ မခ်စ္ရဆိုတာေတာ့မပါဘူးေပါ့။

" အ႐ူး...."

အြန္း...ကိုယ္ကအ႐ူးပါ။
ကေလးငယ္ကို ခ်စ္တဲ့အခ်စ္႐ူး။

__

" ဟက္.! မင္းသိပ္ဆိုးတယ္ကေလးငယ္~
ကိုယ္မင္းေလးကိုဆက္ၿပီးခ်စ္နိုင္ပါအုန္းမလားမသိေတာ့ဘူးရယ္~"

အမဲေရာင္တိတ္ဆီကေန မ်က္ႏွာက်က္ဆီကိုအၾကည့္ပို႔ရင္း ဟိုဘီတီးတိုေရ႐ြတ္မိသည္။
တကယ္ပါ.. ကိုယ္ကိုတိုင္ပင္မေသခ်ာတဲ့အေျဖသာရေနတဲ့အေမးေလး။
ဆက္ခ်စ္နိုင္ပါေတာ့မလား...?။
ကိုယ့္ဖူးစာဖက္ရဲ႕အခ်စ္ေတြကတဖက္က ေက်းဇူးရွင္ဆီမွာမို႔ စိတ္သည္ေက်ေက်နပ္နပ္ႀကီးလက္ခံေပးနိုင္ေသာ္လည္း ႏွလုံးသားေလးက သိပ္ၿပီးေက်နပ္ပုံမရ။
လူကိုတႏုတ္ႏုတ္ႏွင့္နာေလေအာင္ ျပဳေနၿပီး ကိုယ့္အေပၚစိတ္ဆိုးေနသလို..။
သို႔ေသာ္လည္း ဟိုဘီကိုယ္၌ကလည္းတတ္နိုင္သည့္အရာမဟုတ္ေပ။
ကိုယ့္ကိုမွမခ်စ္ဘဲကို...။
ဖူးစာရွင္ဆိုတာကလည္း အမွားသာျဖစ္ပါလိမ့္မည္။

*

" မနက္ျဖန္ နန္းတြင္းကပညာေပးအမတ္ေ႐ြးခ်ယ္ဖို႔ စာစစ္ၾကမွာ မင္းအဆင္သင့္ျဖစ္ၿပီလားထယ္ေယာင္း.?"

ဟိုဘီပန္းခ်ီဆြဲေနရင္းမွ ကိုယ္ႏွင့္မလွမ္းမကမ္းကမွကေလးငယ္၏ေျဖသံကိုနားစြင့္ေနမိသည္။
သို႔ေသာ္ ခတၱအၾကာထိကေလးငယ္ရဲ႕ေျဖသံကထြက္မလာခဲ့။
ထို႔အစားအေတာ္ၾကာမွၾကားလိုက္ရသည့္အသံေတြက ပူေလာင္ေနတဲ့ႏွလုံးသားကိုေလာင္စာထည့္ေပးလိုက္သလိုပင္။

#မြ..

" ငါစာသင္ေနတယ္ေလထယ္ေယာင္း~ ၿပီးေတာ့ဟိုဘီေကာရွိေနတာကို အၿငိမ္ေနစမ္း.."

" ခ်စ္လို႔ကို... ၿငိဳျငင္တာလား~.?"

ေအာ္~ ကေလးငယ္ကသိပ္ခ်စ္တတ္တာပဲ။
ကိုယ္မဟုတ္တဲ့ ယြန္းကိုေလ။
ၾကားရတဲ့ခ်စ္တီတူးသံေလးေတြက အူယားဖို႔ေကာင္းလိုက္တာလြန္ေကာ..။
အူယားလြန္းလို႔ထင္တယ္ လက္ေတြေတာင္တုန္လာသလိုဘဲ။
ၿပီး ႏႈတ္ခမ္းေတြေကာတုန္လာတယ္။
ဟာ.. မ်က္ရည္ေတြက်လာတဲ့အထိအူယားဖို႔ေကာင္းတာပဲ။

ဟိုဘီတုန္ေနတဲ့လက္ေၾကာင့္ ပန္းခ်ီဆက္ဆြဲမရေတာ့သည္မို႔ စုပ္တံကိုအသာခ်ၿပီး အခန္းထဲကထြက္ဖို႔ထလိုက္သည္။
အရင္က ကေလးငယ္ႏွင္ရင္ေတာင္မထတဲ့ကိုယ္က အခုဆိုမႏွင္ဘဲေတာင္ ထထြက္ဖို႔ျပင္ေနမိၿပီ။
ဘာရဲ႕စြမ္းအားေၾကာင့္မ်ားလဲ.?။
အခ်စ္ရဲ႕စြမ္းအားလား.??။

" ဟိုဘီ... က်ေတာ္တို႔အဖို႔အေအးေလးယူေပးလို႔ရမလားဟင္.? အျပင္သြားမလို႔မဟုတ္လား တလက္စတည္းယူခဲ့ေပးပါေနာ္.."

တံခါးလက္ကိုင္ဆီက ဟိုဘီ့လက္ေတြသည္ထယ္ေယာင္းစကားေၾကာင့္တင္းၾကပ္သြား၏။
ၿပီးေတာ့ ဟိုဘီဟာထယ္ေယာင္းကိုဘာမွျပန္မေျပာဘဲ အခန္းထဲကေနထြက္သြားေလသည္။
ထယ္ေယာင္းမည္ေတာ့ ဟိုဘီအေအးလာပို႔လိမ့္မည္အထင္ႏွင့္ေစာင့္ဆိုင္းရင္းက်န္ခဲ့သည္။
သို႔ေသာ္ အခ်ိန္အေတာ္အၾကာအထိေရာက္မလာသည့္ဟိုဘီေၾကာင့္ ထယ္ေယာင္းလိုက္သြားရသည္။

" ခနေနာ္ က်ေတာ္ကိုယ္တိုင္ဘဲသြားယူလိုက္မယ္.."

" အင္း ျမန္ျမန္ျပန္လာခဲ့.. ဒီမွာစာေတြမၿပီးေသးဘူး"

" ဟုတ္...."

ခ်စ္သူအသစ္ကေလးကို ရိုက်ိဳးစြာေျဖၾကားေပးၿပီးေနာက္ အိမ္ေအာက္ထပ္ဆီထယ္ေယာင္းဆင္းသြားလိုက္သည္။
အစကေတာ့ ထယ္ေယာင္းအေအးသာယူၿပီးျပန္မယ္လုပ္ေပမယ့္ ဧည့္ခန္းဆီကစကားသံတခ်ိဳ႕ေၾကာင့္ယူေတာ့မည့္ အေအးေတြကိုမယူေသးဘဲ ဧည့္ခန္းဆီသာသြားလိုက္သည္။
ထိုတြင္ ဧည့္ခန္းထဲကထူးဆန္းေနေသာအရာေၾကာင့္ ထယ္ေယာင္းေျခလွမ္းေတြကပိုျမန္လာသည္။
သို႔ေသာ္ ထယ္ေယာင္းအသံတိတ္ေနမိ၏။

ဧည့္ခန္းထဲတြင္ အေအးယူခိုင္းလိုက္သည့္ဟိုလူသည္ေျခေထာက္ကို ဆိုဖာေပၚတင္ထား၍ဒူးေထာင္ကာ ၎ဒူးေပၚမ်က္ႏွာအပ္၍စကားတခ်ိဳ႕ကိုဆိုေနသည္။
ထို႔ေၾကာင့္ ထယ္ေယာင္းအသာအနားကပ္ကာ စကားသံေတြကိုဂ႐ုတစိုက္နားေထာင္မိသည္။
ထိုတြင္ ရွင္းလင္းစြာၾကားရသည္က...

" ငါမင္းကိုအရမ္းလြမ္းတယ္ ကူး~ ဟင့္ မင္းရွိရင္ငါအခုလိုခံစားရမွာမဟုတ္ဘူး အီးဟီးး ကူး~ ငါမွားပါၿပီ"

" ဟင့္ ျပန္ခ်င္တယ္~ မင္းဆီငါလာခ်င္ၿပီကူး~ "

ငိုသံႏွင့္ေရာကာၾကားရေသာစကားေတြသည္ ထယ္ေယာင္းအားအလိုလိုစိတ္တိုေစသည္။
အေၾကာင္းျပခ်က္တစ္ခုတစ္ေလမွမရွိပါဘဲ အေၾကာင္းအရင္းမဲ့စြာထယ္ေယာင္းစိတ္တိုေနမိသည္။
အစိုးမရတဲ့စိတ္ေတြကထိန္းခ်ဳပ္မႈေအာက္မွလြတ္ထြက္သြားတဲ့အခါ ထယ္ေယာင္းမလုပ္သင့္တာေတြလုပ္မိကုန္၏။

ထယ္ေယာင္းငိုေနသူရဲ႕အနားကို သြား၍လက္ကိုဆြဲမကာ ေမာ့ေစလိုက္သည္။
ေနာက္ ထိုလူ႕ရဲ႕ပါးႏွစ္ဖက္ကိုဖိညွစ္ၿပီး...

" ဘာလို႔အေအးယူခိုင္းတာ မယူေပးရတာလဲ..?"

ခလုတ္ထိမွအမိ'တ'ဆိုသလို ဟိုေဆာ့အေတာ္ခံစားရခါမွ မိသားကို'တ'မိပါသည္။
ဘယ္သူမွမရွိတဲ့ ဧည့္ခန္းမွာမထိန္းနိုင္ေလတဲ့ လြမ္းဆြတ္မႈေတြဖြင့္ဟငိုေႂကြးမိသည္။
ထိုအခ်ိန္မွာဘဲ လက္ကိုဆြဲ၍ ပါးေတြကိုဖိညွစ္ကိုင္လာသူေၾကာင့္ အေတာ္လန႔္သြားရသည္။
သို႔ေသာ္လည္း လန႔္ေနသည္မ်ားကစကားတစ္ခြန္းေၾကာင့္ နာက်င္ျခင္းအျဖစ္သို႔ေရာက္ကုန္သည္။
အၾကည့္စူးစူးေတြနဲ႕ကေလးဟာ ခိုင္းသည္ကိုမလုပ္ေပးေသာေၾကာင့္ စိတ္တိုေနပါသည္တဲ့။
သည္တခါလည္း ကိုယ့္မ်က္ရည္ေတြကိုသူေလးမျမင္ဘူးပဲ။

" ေမးတာေျဖေလ ဘာလို႔ယူလာမေပးတာလဲလို႔.."

အေအးမယူေပးျခင္းကို ခုတုံးလုပ္၍ထယ္ေယာင္း ဟိုဘီအေပၚအနိုင္ယူကာ ဖိညွစ္ထားသည့္လက္ေတြကိုပိုအားထည့္ၿပီးညွစ္ကာေမးလိုက္သည္။
ထိုမွသာ ထြက္အံ့လာေသာအေျဖဟာထယ္ေယာင္းအဖို႔ေက်နပ္ဖြယ္စိုးစဥ္းမွမရွိ။

"ကိုယ္မယူေပးခ်င္လို႔ "

" ဘယ္ကသတၱိနဲ႕မယူခ်င္ရတာလဲ.? သူမ်ားအိမ္မွာအလကားကပ္ေန,ေနၿပီး ဘာမဟုတ္တာေလးကိုမလုပ္ေပးနိုင္ဘူးေပါ့..။
ဒီလိုပုံစံနဲ႕ ေက်းဇူးဆပ္မယ္ေပါ့..."

" အဲ့လိုသေဘာမဟုတ္ပါဘူး...ကိုယ္က.. ကိုယ္က ဟင့္ အီးးးဟီးး ကိုယ္ပင္ပန္းလြန္းလို႔ ဟင့္ ဟီးအီးး "

" ဟာဗ်ာ~ မငို..မငိုရဘူးေလ..." #အင့္

ငိုေနစဥ္ ဟိုဘီမွာရင္ခြင္က်ယ္ႀကီးထဲက်ေရာက္သြားရၿပီး ေလႏုေအးေလးႏွင့္ေခ်ာ့ေမာ့သည္မဆိုေသာအရာကိုရရွိခဲ့သည္။
ဧကန္န ဒါသည္အိမ္မက္သာျဖစ္ပါလိမ့္မည္...။

အရမ္းခ်စ္မိသြားမိတယ္ထင္ရဲ႕.... သူဘာလုပ္လုပ္ကိုအျပစ္မျမင္နိုင္ဘူး~

#####

စာအေရးအသားညံ့ဖ်င္းမႈကို ခြင့္လႊတ္ပါ ။
ကိုယ္ညဏ္ကလည္း ျဖဳတ္ေလာက္ပဲရွိတာမို႔ဒီ့ထက္ပိုေကာင္းေအာင္မေရးနိုင္တာေတာင္းပန္ပါတယ္🙏🙏🙏

အကယ္လို႔က်မေရးတာကို မႏွစ္သက္ရင္မဖတ္ပါနဲ႕လို႔အႀကဳံျပဳပါရေစ။

ေဝဖန္ေထာက္ျပလို႔ကရပါတယ္ေနာ္ က်မရဲ႕လိုအပ္ခ်က္ေတြကိုေထာက္ျပေပးလို႔ရပါတယ္။
အဲ့လိုဆို အရမ္းေက်းဇူးတင္မွာပါလို႔စ္

စာဖတ္သူအားလုံးကိုခ်စ္ပါတယ္
၆.၆.၂၀၂၃

Lanjutkan Membaca

Kamu Akan Menyukai Ini

417K 10.5K 59
Lady Florence Huntingdon, daughter of the well-known and more importantly, well-respected Earl and Countess Huntingdon is stepping into the 1813 marr...
171K 6.2K 92
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
118K 3.8K 79
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...
224K 9.3K 25
Where Lewis Hamilton goes to a cafe after a hard year and is intrigued when the owner doesn't recognise him. "Who's Hamilton?" Luca says from the ba...