239 70 12
                                    

" ဟာဗျာ~ မငို..မငိုရဘူးလေ..."

ထယ်ယောင်းမှာ မဖြစ်သလောက်လေးခြောက်ရုံခြောက်လိုက်ပေမယ့် ရုတ်တရက်ကြီးရှေ့ကလူသည်ပိုငိုလာသဖြင့် အတော်ပြာယာခတ်သွားရသည်ကအမှန်။
ဘာလိုချော့ရမယ်ဆိုပြီးဘာမှမတွေးနိုင်ခင်မှာဘဲရှေ့ကလူကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်မိတော့ ကိုယ့်ရင်ခွင်ထဲပိုတိုးဝင်လာသည့်သူ။

ကိုယ့်ရဲ့ရင်ခွင်ဆီမျက်နှာအပ်ပြီး သည်းထန်စွာငိုကြွေးလာသူဟာ ဘယ်အချိန်ကမြန်းအခုလိုအားငယ်တတ်သွားတာလဲ?။
ဘယ်အချိန်ကမြန်း အခုလိုငိုတတ်လာသည်လဲ။
အရင်အချိန်တွေကဆို ထွက်သွားခိုင်းရင်တောင်... အသံအကျယ်အကြီးနဲ့အော်နေရင်တောင် မတုန်မလှုပ်နှင့် အမြဲပြုံးရယ်နေတတ်သူက အခုလိုငိုကြွေးတတ်မယ်လို့ ထယ်ယောင်းမတွေးခဲ့ဖူး။
ကိုယ့်ရင်ခွင်ထဲကလူသည် အခုလိုချစ်စရာကောင်းတဲ့လူဆိုတာကိုလည်း ထယ်ယောင်းမသိခဲ့ဖူးပါ။
ကိုယ့်ထက်ကြီးသည့်လူသည် အခုမျှလောက်သေးကွေးနေမယ်လို့လည်း မထင်ခဲ့သလို ကိုယ့်ရင်ခွင်နှင့်လိုက်ဖက်နေလိမ့်မယ်လို့လည်းစိတ်ကူးမယဉ်ဖူးခဲ့။
အခုများတော့ ကိုယ့်ရဲ့ကျယ်ပြန့်တဲ့ရင်ခွင်တစ်စုံဟာ ကိုယ်သဘောမကျသည့်ထိုလူနှင့်သိပ်ကြည့်လို့လှနေသည်။

ရင်ဘတ်ထဲမှ အမည်မသိလှိုင်းလေး'ထ'လာချိန်မှာထယ်ယောင်းမှာစိတ်လိုအားရနှင့် ရင်ခွင်ထဲကလူ၏ကျောကိုပွတ်ပေး၍ အားဖြင့်ဖက်ထားပေးမိသည်။
သည်လိုဆို ငိုနေသည့်လူအတွက်ဖြေသိမ့်ပေးနိုင်မလားဆိုသည့် အတွေးသေးသေးနဲ့ (၁၆)နှစ်သားထယ်ယောင်းမှာ ဟိုဘီ့လည်တိုင်ကြားမျက်နှာပါအပ်ထားလိုက်၏။

" တိတ်ပါ ကျတော်ဘာမှမပြောတော့ဘူး..." 

" ဟင့်  ပြောလည်းဘာမှမဖြစ် ပါဘူး~  ကိုယ်..ကိုယ်က ကလေးငယ်ပြောလို့ငိုတာမဟုတ်ပါဘူး ဟင့် "

" အာ့ဆိုဘာလို့ငိုတာလဲ.?? "

" လွမ်းလို့ ကူးကိုလွမ်းလို့..အ့.!"

ဟိုဘီမှာစကားလေးပင်မဆုံးလိုက်...။
လည်ပင်းဆီမှဖြစ်ပေါ်လာသော နာကျင်မှုကြောင့် အသံထွက်ညည်းမိ၍ ပြောလက်စ,စကားကိုလည်းမဆက်နိုင်။
ကိုက်ခဲခံရခြင်းကိုပျောက်စေစိမ့်ငှာ ကလေးငယ်ရင်ခွင်ထဲမှရုန်းထွက်ဖို့ကြံရွယ်သော်လည်း အားဖြင့်ဖိဖက်ခံထားရသည်ကြောင့် နည်းနည်းလေးတောင်လှုပ်ရမနေ။
‌ခနအကြာမှ လည်ပင်ဆီတွင်ထိကပ်ထားသောနှုတ်ခမ်းသားနွေးနွေးက ပျောက်လို့သွားပြီး ကလေးငယ်ရဲ့လူပျိုဖော်ဝင်ခါစအက်ရှရှအသံလေးကပေါ်ထွက်လာသည်။

ʙʟᴜᴇ ꜱɪᴅᴇ Where stories live. Discover now