My Husband Hates Me ( Complet...

Galing kay Eros_90

1.8M 81K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... Higit pa

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 24 ( Unicode)

33.2K 1.9K 108
Galing kay Eros_90

အပိုင်း -၂၄


" မပူပါနဲ့ ကိုယ်ကမင်းဗိုက်ထဲကို ကလေးလေးတွေ
အသစ်ထပ်ပြီးထည့်ပေးမယ်နော် ဟား ဟား ဟား
ဟား ဟား ဟား ဟား ဟား ဟား "

စက်ဆုပ်ဖွယ်ကောင်းသောရယ်သံတို့သည် အခန်းတွင်းပျံ့လွင့်လာတော့၏ ။


*
*
*
*
*
*
*
*

❗ဒီအပိုင်းတွင် သွေးထွက်သံယိုဖြစ်ခြင်းအခန်းများပါဝင်ကြောင်း ကြိုတင်အသိပေးသည်။❗

ခန္ဓာကိုယ်ဆီကို တို့ထိလာသည့် ခပ်ဖွဖွအထိအတွေ့ကြောင့် အသိစိတ်တို့ပြန်လည်နိုးထလာရသည်။

ကိုယ့်ပါးပြင်တွေကို အသာပွတ်သပ်ပေးနေကာ ခဏကြာတော့ ကိုယ်လည်တိုင်တွေဆီကိုရွေ့လျားလာသည့်လက်ချောင်းတွေ။ အေးစက်စက်ခန္ဓာကိုယ်ကခြုံထားသောစောင်နှင့်တစ်သားထဲဖြစ်နေပြီး ကိုယ်ပေါ်မှာကပ်၍နေလေသည်။ လက်ချောင်းတွေက လည်တိုင်အောက်ဘက်သို့လျောဆင်းလာသည့်အခါ မသိစိတ်တို့၏
တုန့်ပြန်မှုမျိုးဖြင့် ထိုလက်တွေကိုရိုက်ထုတ်လိုက်မိတော့သည်။ပြီးတာနဲ့ နိုးတစ်ဝက်အိမ်မက်တို့ကနေ လုံးဝကိုပြန်လည်နိုးထလာရလေတော့၏ ။

ပထမဆုံးမြင်လိုက်ရတာက အရက်တန်ခိုးဝေနေတဲ့
ထက်မြတ်ဦးရဲ့ ရွံ့ရှာဖွယ်မျက်နှာပင်ဖြစ်လေတော့သည်။

" နိုးလာပြီလား ကိုယ့်အသက်လေး "

အော့နှလုံးနာဖွယ်အသံကိုကြားရပေမယ့် စကားပြန်မပြောအားသေးဘဲ အခန်းထဲအနှံ့လိုက်ကြည့်မိတော့ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည့် ကိုယ့်အဝတ်အစားတွေ။သွေးပျက်စရာမြင်ကွင်းလိုပဲ ထိုအဝတ်အစားတွေကိုငေးကြည်နေမိရင်း တစ်ဆက်ထဲဆိုသလို ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အဝတ်အစားတွေရှိမနေတော့ဘူးဆိုတာကို သိလိုက်ရသည်။ ခြုံထားသည့်စောင်ကို ကိုယ့်တစ်ကိုယ်လုံး
လုံခြုံသည့်အထိဆွဲယူခြုံထားလိုက်ရင်း

" ထက်မြတ်ဦး ခွေးသူတောင်စား ခင်ဗျားကျုပ်အသားကို လာထိထားတယ်ပေါ့လေ "

မေးလိုက်သည့်စကားကြောင့် တစ်ဖက်လူကမခိုးမခန့်ပြုံးပြလာရင်း

" ကိုယ်နဲ့မင်းနဲ့ ဒီကုတင်ပေါ်မှာ ချစ်ပွဲဝင်တဲ့အခါကျမှအဝတ်အစားတွေကရှုပ်နေမှာစိုးလို့ တစ်ခါထဲချွတ်ပေးထားတာပါ "

ပြန်ဖြေလာသည့်စကားကြောင့် ခန္ဓာကိုယ်တွင်းရှိ
သွေးကြောတို့ရုန်းကြွထလာသည့်အထိ စိတ်တိုသွားမိကာ

" ရွံတယ်သိလား ကျူပ်အသားကို ခင်ဗျားလာထိထားတာကို မစင်ကိုကိုင်မိတာထက်ရွံလွန်းလို့ ဘယ်လိုတောင်လုပ်ရပါ့မလဲ "

ကိုယ်ကနာနာကြည်းကြည်းပြောနေမိသလောက်
တစ်ဖက်လူကတော့ လုံးဝကိုမျက်နှာပြောင်တိုက်
အရှက်မဲ့နေပုံရလေသည်။

" ကိုယ့်ကိုကျတော့ရွံတယ်တဲ့လား မင်းမိဘကို
သတ်ခဲ့တဲ့ကောင်နဲ့ အတူအိပ်တာကျမရွံဘူးလား ၊
ဘယ်လိုစိတ်မျိုးနဲ့ သူ့ရဲ့သွေးသားကိုတောင်မွေးဖို့
တွေးရဲတာလား ၊ မင်းမိဘတွေကိုနည်းနည်းမှအားမနာဘူးလား သက်ထက်ပန် "

" မကိုဋ်ထွဋ်ခေါင် ကျုပ်မိဘတွေသတ်လား မသတ်လားကသူနဲ့ကျုပ်ရဲ့ကိစ္စပါ၊ ခင်ဗျားနဲ့လားလားမှမဆိုင်ဘူး၊သူက အဲကိစ္စကိုကျူးလွန်ရင်လဲကျုပ်ကိုယ်တိုင် အပြစ်ပေးမယ်၊ သူ့ကိုမကျေနပ်တိုင်း ခင်ဗျားနဲ့အိပ်ပေးရအောင်ကဘာစောက်ကြောင်းရှိလို့လဲ "

" မင်းတို့လိုလူတွေက လိင်စိတ်သိပ်ကြီးတယ်လို့
ပြောသံကြားဖူးတယ်၊ မကိုဋ်ထွဋ်ခေါင်က ဒီအားနည်းချက်ကိုထိထိမိမိဆုပ်ကိုင်ပြီး အိပ်ယာပေါ်မှာကောင်းကောင်းပြုစုထားပုံရတယ်နော် ၊ အသစ်မတွေ့သေးသမျှ အဟောင်းကို အကောင်းဆုံးထင်နေကျတာသဘာဝပါပဲ၊ ကိုယ်နဲ့ တစ်ခါလောက်ပဲအတူနေကြည့်လိုက်စမ်းပါ ၊
မင်းကိုရှယ်ပြုစုပေးပါ့မယ် ၊ မင်းအိမ်က လူအိုကြီးကို
မေ့သွားတဲ့အထိပေါ့ "

ကြားရသည့်စကားလုံးတွေက ဒေါသထွက်စရာကောင်းယုံမျှမကဘဲ ရွံစရာပါကောင်းလွန်းနေတာကြောင့်နေရာမှာပင် ထိုးပြီးအန်ချင်စိတ်ကိုဖြစ်လာစေသည်။ထက်မြတ်ဦးဆိုတဲ့ ဒီစောက်ရူးက ဘယ်လိုမျိုးတောင်စည်းလွတ်ဝါးလွတ် ရူးနိုင်ရတာတာတုန်း ။

" ထွီ !! "

ကိုယ်မျက်နှာအနားကို တိုးကပ်လာတဲ့သူမျက်နှာပေါ်ကိုတံထွေးဖြင့်ထွေးလိုက်ရင်း

" အနားကိုမလာစမ်းနဲ့ ရွံစရာအကောင်ရယ့် ၊
ကျုပ်ဘဝတစ်လျှောက်လုံး ခင်ဗျားလောက်ရွံစရာကောင်းတဲ့လူကိုမတွေ့ဘူးလို့ အခုချက်ချင်းအန်မိမလိုဖြစ်နေရတာကို အနားကိုကပ်လာရင် ဘာလုပ်မိမလဲမသိနိုင်လို့ဝေးဝေးနေပေးစမ်းပါ "

ကိုယ့်စကားကြောင့် ထက်မြတ်ဦးရဲ့မျက်နှာကခက်ထန်လာရင်း ကိုယ့်ပခုံးတွေကိုတင်းကျပ်စွာဆုပ်ကိုင်လာလေသည်။ ပြီးတာနဲ့

" ရွံတယ်ဟုတ်လား ငါ့ကိုရွံတယ်ပေါ့လေ မိဘတွေကိုသတ်ခဲ့တဲ့ကောင်ကိုတော့မရွံဘဲနဲ့ ငါကျမှရွံတယ်ဆိုတဲ့စကားကိုလာပြောနေတာလား ၊ အေး ..ရွံ့တယ်ဆိုရင်တောင် မင်းရွံတဲ့ကောင်နဲ့ မင်းအခုပဲဆက်ဆံပေးရတော့မှာ ဘယ်လိုလုပ်မလဲ အိပ်ယာထဲမှာလူလှိမ့်နေရတဲ့အချိန်အထိ ငါ့ကိုရွံတယ်လို့ပြောနိုင်ဦးမလား ကြည့်ရသေးတာပေါ့ "

ရုတ်တရက်ဆိုသလို ထက်မြတ်ဦးက ကိုယ့်ရဲ့ကိုယ်မှာခြုံထားတဲ့စောင်ကို ဆွဲပြီးခွာဖို့ကြိုးစားနေတာကြောင့်သူ့လက်ကနေလွတ်အောင်ရုန်းနေရင်းမှ ထိုသူရဲ့မျက်နှာဆီကို ကိုယ့်ခေါင်းနဲ့ အားကုန်တိုက်ချလိုက်တော့၏ ။ဒီရွံစရာကောင်ရဲ့လက်ထဲကနေ လွတ်အောင်မပြေးနိုင်ရင်တောင် အတက်နိုင်တုံးလက်တုန့်ပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်ထားပြီးသား ။ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ ဘဝနဲ့ချီပြီးအလျှော့ပေးခဲ့သူက တစ်စုံတစ်ယောက်သာ
ရှိစေရမယ်။ အခြားဘယ်သူ့ကိုမှအလျှော့ပေးဖို့
စိတ်ကူးမရှိချေ။

တစ်ဖက်လူကိုခေါင်းနဲ့တိုက်လိုက်တဲ့အရှိန်က ပြင်းထန်လွန်းတာကြောင့် ထက်မြတ်ဦးရဲ့နှာခေါင်းဆီကနေ သွေးတွေစီးကျလာရလေတော့သည်။

" ငါ့အသားကိုမထိစမ်းနဲ့လို့ ခွေးသူတောင်းစားရဲ့ ၊
နောက်ပြီး ငါ့အမျိုးသားအကြောင်းကို မင်းပါးစပ်ကနေထပ်ပြီးထွက်မလာနဲ့၊ ခွေးပါးစပ်ကနေ လူစကားထွက်လာသလိုခံစားရတယ် ၊ ငါ့အမျိုးသားဘာပဲလုပ်ခဲ့လုပ်ခဲ့အဲဒါက ငါနဲ့သူနှစ်ယောက်ထဲရှင်းရမယ့်ကိစ္စ ၊ မင်းဝင်ပါစရာမလိုဘူး ၊ နောက်ပြီး ငါ့အမျိုးသားက ဆိုးတယ်မိုက် တယ်ဆိုရင်တော အကြောင်းရှိလို့အကျိုးတရားတွေရှိလာတာ လို့ငါယုံကြည်တယ် ၊ မင်းဆီကိုငါလာခဲ့တိုင်း မင်းပြောသမျှကို ယုံကြည်နေမယ်ထင်လို့လား ၊ ငါ့အမျိုးကငါ့ကိုဖွင့်မပြောရဲခဲ့တဲ့အကြောင်းတွေ ရှိနေမလားဆိုပြီး ၊အဲလိုစကားတွေကို မင်းဆီကနေကြားရမလားဆိုတဲ့အတွေးနဲ့လာခဲ့ယုံပဲ၊ မင်းပြောသမျှကို မျက်လုံးစုံမှိတ်ယုံကြည်နေမယ်မထင်နဲ့ ၊ အခုကြားခဲ့ရတာတွေကို ငါ့က သူ့ကိုပြန်မေးမှာ သူဘက်ကဖြေရှင်းပြမယ့်စကားတွေကိုပဲ ငါကယုံကြည်ပေး တစ်လောကလူတွေအကုန်လုံးကို ငါမယုံကြည်နိုင်ဘူးဆိုရင်တောင် ငါ့အမျိုးသားကို ငါယုံတယ် ၊ ဘာဖြစ်လို့လဲဆိုတော့သူကငါရွေးချယ်ထားတဲ့ ငါချစ်ရတဲ့သူဖြစ်နေလို့ပဲ၊ နောက်ပြီး မကိုဋ်ထွဋ်ခေါင်ဆိုတဲ့ငါ့အမျိုးသားက လူဆိုးလူပေတစ်ယောက်ဖြစ်နေရင်တောင် လူယုတ်မာတစ်ယောက်မဟုတ်ဘူး ၊ ငါ့ကို မချစ်ခဲ့တဲ့အချိန်တုန်းကတောင်
အများကြီးကာကွယ်ပေးခဲ့တဲ့သူက သူချစ်ပါတယ်ဆိုပြီးဝန်ခံထားပြီးတဲ့ငါ့အပေါ်ကို ဘယ်တော့မှသစ္စာဖောက်နောက်ကျောကို ဓားမထောက်ဘူး အဲဒါကိုငါအကြွင်းမဲ့ယုံတယ် "


စကားတွေအများကြီးပြောလိုက်ရသည့်တိုင် ထက်မြတ်ဦးကတော့ ကိုယ့်စကားကို အပြည့်အဝအာရုံစိုက်နိုင်ပုံမရချေ။ နှာခေါင်းဆီကနေ အဆက်အပြတ်ထွက်လာသည့် သွေးတို့ကို သူ့လက်တွေနဲ့သုတ်နေလေသည်။ ပြီးမှကိုယ့်ကို စူးစိုက်ကြည့်လာရင်း

" မင်းရဲ့အမျိုးသားအကြောင်း ချီးမွန်းခန်းဖွင့်ပြီးပြီ
ဆိုတော့ အခုချိန်ကနေစပြီး မင်းအလှည့်ပဲ ၊
မင်းကိုလဲအရယူမယ် မင်းဗိုက်ထဲကကလေးပါ
အပြင်ထွက်ကျလာတဲ့အထိ ငါလုပ်ပြမယ် "

ပြောပြီးတာနဲ့ ကုတင်ပေါ်ကိုဆောင့်ပြီးတွန်းလှဲခံလိုက်ရတော့သည်။ ကုတင်ပေါ် နောက်ပြန်လဲကျသွားရသည့်ကိုယ့်ရဲ့ကိုယ်ပေါ်ကို ထက်မြတ်ဦးက အုပ်မိုးထားပြီးတာနဲ့ ခန္ဓာကိုယ်ပေါ်မှာရှိနေသည့်စောင်ကို အတင်းဆွဲခွာဖို့ကြိုးစားနေတာကြောင့် အင်အားရှိသမျှခုခံနေရင်း

" ခွေးသူတောင်းစား လူယုတ်မာကောင် မင်းငါ့ကို
ယူလို့ရရင်တောင် မင်းကိုပြန်သတ်ပြီးမှ ငါ့ဘာသာ
ဘဝကူးလိုက်မယ် "

ကိုယ့်စကားဆုံးတာနဲ့ ပါးပြင်တွေဆီကျရောက်လာသည့်ကြမ်းတမ်းသော အနမ်းတွေကိုရလိုက်၏ ။
သွေးညှီနံ့တို့ကိုခံစားလိုက်ရတာကြောင့် လူကအန်ချင်စိတ်တို့ဝင်လာရပြန်သည်။အားကုန်သုံးပြီးရုန်းကန်နေရတာကြောင့် လူကအနည်းငယ်မောပန်းလာသည့်အချိန်ပခုံးသားတို့ရဲ့အောက်ဖက်ရောက်သည့်အထိစောင်ကိုဆွဲချခံလိုက်ရလေသည်။

" ဒုန်း! !"

ပြင်းထန်ကျယ်လောင်လွန်းသည့်အသံနှင့်အတူတူ
ပိတ်ထားသည့် အခန်းတံခါးတို့ပွင့်သွားရလေသည်။ထက်မြတ်ဦးရောကိုယ်ပါ အခန်းတံခါးဆီအာရုံရောက်သွားတဲ့အချိန်

" ကို ကိုကို "

" မကိုဋ်ထွဋ်ခေါင် "

အားကိုးတကြီးခေါ်လိုက်သည့်အသံနှင့် ထိတ်လန့်စွာခေါ်လိုက်သည့်အသံ ။ထိုအသံနှစ်သံက တစ်ပြိုင်ထဲထွက်လာခြင်းဖြစ်လေသည်။

*
*
*
*
*
*
*
*

အခန်းတံခါးကိုဖွင့်ပြီး အခန်းထဲဝင်လိုက်သည့်အချိန်ပထမဆုံးမြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်လုံးတွေပြာဝေသွားရလေတော့သည်။ ထက်မြတ်ဦးဆိုသည့်ကောင်က သက်ထက်ကို မတော်တရားကြံစည်နေသည့်ပုံနှင့်သက်ထက်ကတော့ သူခွန်အားရှိသမျှရုန်ကန်နေသည့်ပုံ။

" ရာရာစစ ဒီခွေးသူတောင်းစားကတော့ကွာ!!!"

" ဒုန်း !! "

ကုတင်ပေါ်မှာရှိနေသောသူကို အကျႌလည်ပင်းကနေဆွဲကိုင်ပြီး ကုတင်အောက်ကိုဆွဲချလိုက်သည့်အခါအင်အားချင်းမမျှသလိုပုံစံနှင့် ကြမ်းပြင်ပေါ်
ပြုတ်ကျလာတော့သည်။ ထက်မြတ်ဦးရဲ့ခန္ဓာကိုယ်
ပေါ်ကနေကွားယားခွထိုင်ထားပြီး သူ့ရင်ဘက်ကအကျႌစကိုခပ်တင်းတင်းတုပ်ကိုင်ထားကာ သူ့မျက်နှာတွေအရောင်ပြောင်းလာသည့်အထိ လက်သီးစာကျွေးနေမိတော့၏ ။

" ခွပ် !! "

" မင်းလားကွ သက်ထက်ကိုပြန်ပေးဆွဲရဲတာ "

" ခွပ် !! "

" မင်းလားကွ သက်ထက်သောက်မယ့်ဆေးကို
လဲထားရဲတာ "

" ခွပ် !! "

" မင်းလားကွ သက်ထက်ကို သဘောကျနေတယ်ဆိုပြီးကြာကူလီလုပ်ချင်နေတာ "

" ခွပ် !! "

" မင်းလားကွာ သက်ထက်ကို မုဒိန်းကျင့်ဖို့
ကြံစည်ရဲတာ "

" ခွပ် !! "

" မင်းလားကွ ငါ့ရင်သွေးကိုသေကြောင်းကြံစည်ရဲတာ "

" ခွပ် !! "

" မင်းလားကွ ငါ့အပိုင်ကို မဆင်မခြင်လာထိရဲတာ "

" ခွပ် !! "

ဒေါသနှင့်ပေါင်းစပ်ထားတာသော လက်သ်ီးချက်တွေကြောင့် ခံရသူ၏မျက်နှာပြင်အနှံ့တွင် သပြေသီးမှည့်ရောင်သန်းလာရလေတော့သည်။ ဖူးရောင်လာသည့် ဒဏ်ချက်တို့ကြောင့် မျက်လုံးတို့သည်လည်းချက်ချင်းပင်ပိတ်ကုန်ရလေ၏ ။ နှာခေါင်း ပါးစပ်နှင့် နားအတွင်းမှထွက်ကျလာသောသွေးများနှင့်အတူ ပါးပြင်ပေါ်က
ကွဲထွက်သွားသောဒဏ်ရာဆီမှ သွေးတို့ကလည်း
မြင်လို့ပင်မကောင်းတော့ချေ။

" သေစမ်း ခွေးသူတောင်းစား သေလိုက်စမ်း
အခုချက်ချင်း သေပြီးရင် မင်းခန္ဓာကိုယ်ကို ခွေးစာ
ကျွေးလိုက်မှာမို့ သေလိုက်စမ်း "

" ဒုတ် !!! "

" ဒုတ် !!! "

" ဒုတ် !!! "

အကျႌကော်လံကနေဆွဲကိုင်ပြီးမှ ကြမ်းပြင်နဲ့ခေါင်းကိုအချက်ရေများစွာဆွဲကိုင်ပြီး ဆောင့်နေတာကြောင့်ဦးခေါင်းခွံကွဲထွက်သွားရကာ သွေးတွေကကြမ်းပြင်မှာချင်းချင်းပင်နီရဲသွားရပြန်လေသည်။

" ကို ကိုကို ရပ် ရပ်လိုက်ပါတော့ သူသေသွားလိမ့်
မယ်၊ ရပ် ရပ်လိုက်ပါတော့နော် "

ရုတ်တရက်ဆိုသလို ကိုယ့်လက်တစ်ဖက်ကိုဆွဲကိုင်လာပြီး တိုးတိုးလေးပြောလာသည့်အသံလေးကဒေါသစိတ်မီးတို့က ဖျက်ခနဲငြိမ်းအေးသွားစေလေ၏ ။လှည့်ကြည့်လိုက်မိတော့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကိုယ်ကိုကြည့်နေတဲ့ကောင်လေး ။ ကိုယ်တစ်ခုခုထပ်ပြီးလုပ်မှာကိုစိုးရိမ်နေပုံဖြင့် ကိုယ့်ရဲ့လက်တစ်ဖက်ကိုလည်းကိုင်ထားသေးသည်။

" ကို ကိုကို "

ခန္ဓာကိုယ်ပေါ်မှာအဝတ်အစားတွေမရှိလို့ သူ့အရှက်လုံအောင် စောင်တစ်ထည်နဲ့ ဖြစ်သလိုပတ်ထားတဲ့ကောင်လေး ။ဒေါသက ဒုတိယအကြိမ် တဟုန်းဟုန်းပြန်တောက်လာရပြန်တော့သည်။

" ဟာ ငါကွာ "

" ကိုကို မလုပ်ပါတော့နဲ့ သားပြောနေတယ်လေ
ကိုကိုရယ်၊ ခဏလောက်စိတ်ထိန်းပါဦး ကိုကို့အတွက်စိုးရိမ်လို့ပြောနေတာပါ "

ကိုယ့်အတွက် စိုးရိမ်လို့ပါဆိုသည့်စကားကြောင့် ရှေ့ဆက်ရမည့်ဒေါသတို့ ခတ္တခဏရပ်တန့်သွားရလေတော့သည်။ထက်မြတ်ဦးကိုလွှတ်ချလိုက်ပြီး မတ်တတ်ထရပ်လိုက်မိ၏ ။

ပထမဆုံးလုပ်လိုက်မိတာက ကြမ်းပြင်ပေါ်ပြန့်ကျဲနေသောအဝတ်အစားတွေကို တစ်ခုချင်းလိုက်ကောက်နေမိတာ ။ခန္ဓာကိုယ်ကိုကိုင်းထားပြီး ခေါင်းကိုငုံ့ကာ အဝတ်အစားတို့ကိုကောက်ယူနေမိသည့်အချိန် ကိုယ့်မျက်ဝန်းထဲကမျက်ရည်
စတို့သည် ထိုအဝတ်အစားတွေပေါ်ခုန်ဆင်းကျကုန်၏။ရှိုက်သံထွက်လောက်တဲ့အထိသာ ငိုချလိုက်ချင်မိသည်။အဝတ်အစားတွေကို အကုန်ကောက်ယူမိသည့်အချိန်

" ငါ က အ ရင် ချစ် ခဲ့ တာ ၊ မင်း ထက် အ ရင် "

သွေးသံရဲရဲနဲ့ အသိစိတ်ပျောက်လုမတက်ဖြစ်နေတဲ့သူဆီကထွက်လာတဲ့အသံခပ်နှေးနှေး ။ မကိုဋ်က ထိုသူရဲ့ရင်ဘက်ကို ခြေထောက်တစ်ဖက်နဲ့ဖိနင်းလိုက်တော့နှုတ်ခမ်းထောင့်ကနေ သွေးစတွေစီးကျလာရပြန်သည်။

" ငါ့ထက်အရင် သူ့ကိုချစ်ခဲ့တာဆိုရင် ငါ့ထက်အရင်သူ့အနားကိုရောက်အောင်သွားလေ ၊ ငါ့ထက်အရင်သူ့ကိုပိုင်ဆိုင်ဖို့ကြိုးစားလေ ၊ အဲလိုမဟုတ်ဘဲ
သူများအပိုင်ဖြစ်သွားကာမှ ငါ့အရင်ရှာတွေ့ခဲ့တာပါ
ဆိုပြီးလုပ်လို့မရဘူး ၊ သက်မဲ့ပစ္စည်းတစ်ခုကိုကြိုက်တာချင်းတူရင်တောင် အရင်ပိုက်ဆံပေးဝယ်တဲ့သူကအပိုင်ရတာပဲ ၊ နောက်ကျတဲ့သူအတွက်က ပထမတစ်ယောက်က မလိုချင်လို့စွန့်ပစ်တဲ့အချိန်ကျမှပိုင်ဆိုင်ခွင့်ရှိတော့မှာ ၊ သက်ထက်ပန်ကသက်မဲ့ပစ္စည်းလည်းမဟုတ်သလို ငါဘယ်တော့မှပြန်မစွန့်ပစ်မယ့် ငါ့နားခိုရာပဲ ၊ ငါအရင်ချစ်ခဲ့တာဆိုပြီးပြန်လုချင်ရင်တောင် သူများအပိုင်ဆိုရှောင်ရမယ်၊အထူးသဖြင့် ကာမပိုင်ရှိနေတဲ့သူ၊ သူ့ဗိုက်ထဲမှာသူ့အမျိုးသားရဲ့ရင်သွေးကို တန်ဖိုးထားပြီးလွယ်ပေးထားတဲ့ဒီကလေးကိုဆို မင်းပိုပြီးတောင်ရှောင်ပေးရဦးမယ်၊ အခုတော့မင်းက သူ့ဗိုက်ထဲက ကလေးကိုတောင်မကဘူး သူ့ကိုပါထိခိုက်အောင်လုပ်လိုက်တာပဲ၊မင်းအခု သူ့ကိုမုဒိန်းကျင့်ဖို့လုပ်နေတာကိုသိရဲ့လား ၊
ဒီကလေးက ငါ့ကြောင့်ရတဲ့ စိတ်ဒဏ်ရာတောင်
ပျောက်ဦးမှာမဟုတ်ဘူး ၊ မင်းကပါ အဲလိုထပ်လုပ်တာတဲ့လား သူ့မှာ ငါရှိတယ်လို့ခွေးသူတောင်းစားရဲ့ ၊သက်ထက်က ငါ့အပိုင်လို့ "

" ကိုကို! !"

ဒေါသစိတ်တို့ ချွန်းလွတ်သွားသည့်အခါတိုင်း နောက်ကနေထိန်းသလိုခေါ်လာပေးသည့်အသံလေးကြောင့် သက်ပြင်းကိုသာပြင်းပြင်းချလိုက်ပြီး

" မင်းကိုငါခွင့်မလွှတ်လို့ ပြန်တွေ့ဦးမယ် ထက်မြတ်ဦး၊ငါ့ကိုစောင့်နေ "

ပြောပြီးတာနဲ့စောင်ပုံကြားထဲမှာနစ်ဝင်နေသည့် ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ချီပြီးအခန်းအပြင်ကိုထွက်လာခဲ့လိုက်သည်။

" တောင်းပန်တယ် ကိုကိုကတောင်းပန်ပါတယ်၊
ဒီ့ထက်စောပြီးရှာတွေ့ရမှာကို တကယ်တောင်းပန်ပါတယ်ကိုကို့ကလေးလေးလန့်သွားမှာပေါ့ ၊ ပြီးသွားပါပြီမနက်ဖြန်ဆို ဒီအဖြစ်တွေက အိမ်မက်ဖြစ်သွားမှာပါ"

" ကိုကိုလာပြန်ခေါ်လို့ တော်ပါသေးရဲ့ ၊ ဟုတ်ပါတယ်မနက်ဖြန်ဆို ဒီအိမ်မက်ကပြီးသွားမှာပါ ၊အခုတော့ကိုကိုလာခေါ်ပေးလို့ တကယ်ကိုတော်ပါသေးရဲ့ "

Eros_90

3.6.23 ( ၈ နာရီ ၁၀မိနစ် )

6.6.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

5K 926 20
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
444K 62.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
34.4K 7.5K 43
tk sinhala
453K 41.1K 58
Note::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။