Part - 13 ( Zawgyi )

12.2K 265 6
                                    

အပိုင်း - ၁၃

" နှုတ်ခမ်းတွေကိုကိုက်မထားနဲ့လေ နာကျင်ကုန်
လိမ့်မယ် ၊ အော်ချင်ရင် စိတ်ကြိုက်အော်လို့ရတယ်၊
ဒီအခန်းကအသံလုံလို့ ကိုယ်ကလွဲပြီးဘယ်သူမှမကြားရဘူး
ရှက်မနေနဲ့ ၊ မင်းဆီက အဲလိုအသံလေးကြားရတာ
ကိုယ်လဲသဘောကျတယ် "

နောက်ဆုံးတော့ သက်ထက်ပန်ရဲ့နှုတ်ဖျားကနေ
အသံတစ်ချို့ထွက်ကျလာလေသည်။

" အင့်! ကို ကိုကို အဲ အဲနားက အင့်! "

" ကောင်းလား ခံစားလို့ကောင်းလား ဘေဘီပိစိလေး "

ဒီနေ့မှာတော့ ခရီးကပြန်ရောက်လာသူက မပင်ပန်းပဲ
သက်ထက်ပန် ပင်ပန်းခဲ့ရလေတော့သည်။ နေ့တိုင်း
ညတိုင်းသာ ဒီလိုတွေနှိပ်စက်ခံနေရရင်ဖြင့် ပင်ပန်းလွန်း
လို့ ဘယ်အိမ်မက်တွေမှလဲ လှပနိုင်တော့မည်မထင်ပါ။

*
*
*
*
*
*
*
*

" ဒီရက်ပိုင်း ကိုယ့်အိမ်ကိုရောက်လာသေးတယ်လို့
ပြောတယ် ၊ အခြားအရေးကြီးကိစ္စရှိလို့လား "

" အရေးကြီးကိစ္စရယ်လို့တော့မရှိပါဘူး ၊ ရုံးကိုလည်း
မလာ ဖုန်းဆက်တော့လဲမရဆိုတော့ ဘာများဖြစ်လို့လဲ
ဆိုပြီး အိမ်ကိုလိုက်သွားမိတာ ၊ ကိုထွဋ်အမျိုးသားနဲ့
တွေ့ခဲ့တယ် ၊ သူကဘာတွေများပြန်ပြောလ်ို့လဲ
ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားရတယ်
ထင်တယ် အားနာလိုက်တာ "

" သက်ထက်ပန်က ဘာမှအများကြီးမပြောပါဘူး
သူက အဲလိုမျိုးတွေ လျှောက်ပြောတက်တဲ့ကလေး
မဟုတ်ဘူး ဒီတိုင်းပဲ ရုံးကလူတစ်ယောက်လိုက်လာတယ်
ဖုန်းပြန်ဆက်လိုက်ဦးပေါ့ အဲလောက်ပဲပြောတာပါ "

" အင်း ကိုထွဋ်မှာအိမ်ထောင်ရှိမှန်းမသိခဲ့ဘူး
အဲနေ့ကမှသိတာ သူကကိုထွဋ်အမျိုးသားပါဆိုပြိီး
မိတ်ဆက်လာလို့လေ တော်တော်တော့ငယ်သေးတာပဲ"

" ကိုယ်နဲ့ အသက်ဆယ်နှစ်နီးပါးကွာတယ်ဆိုတော့
ငယ်တာတော့တော်တော်ငယ်သေးတယ် ဒါနဲ့
ကိုယ်မရှိတဲ့ရက်တွေထဲ အလုပ်တွေလေ့လာတာ
အဆင်ပြေရဲ့လား နားမလည်တာရှိရင် လင်းမြတ်ကို
လည်းမေးလို့ရတယ် "

My Husband Hates Me ( Completed )Where stories live. Discover now