Part - 3 ( Unicode )

43.4K 2.8K 124
                                    

အပိုင်း - ၃


"ကို.. ကိုကို.. သား.. သားတစ်ယောက်ထဲ... သားတစ်ယောက်ထဲကျန်နေခဲ့ပြီ ၊ ဖေဖေနဲ့မေမေကမရှိတော့ဘူးရယ်၊
ကိုကို ...သား ... သားလေ "

အငိုတွေနှင့်ပြောနေရင်းစကားပင်မဆုံးခင် ထိုကောင်လေးက
ပျော့ခွေပြီးသတိလစ်သွားလေတော့သည်။ မကိုဋ်မှာတော့
ခန္ဓာကိုယ်သေးသေးလေးကို အပြေးတပိုင်းချီမလိုက်ရင်း
ကုတင်ပေါ်တင်ပေးလိုက်ရသည်။ မျက်ရည်တွေပေလူးနေသည့်မျက်နှာကိုစိတ်ရှုပ်စွာကြည့်လိုက်ရင်း

" ကျွတ်!!! ငါ့ကိုမြင်တိုင်း သတိသာလစ်နေလိုက်
သက်ထက်ပန်ရေ ၊ တကယ်စိတ်ပျက်စရာကောင်းလွန်းတယ် "

*
*
*
*
*
*
*
*

အေးစက်စက်လေထုက ခန္ဓာကိုယ်တစ်ခုလုံးပေါ်ကိုလွှမ်းခြုံနေ၏။ အာခေါင်တွေထဲမှာလည်း ခြောက်သွေ့ပူလောင်နေသဖြင့် ရေငတ်သလိုခံစားနေရသည်။ မျက်လုံးကိုအားယူပြီး
ဖွင့်ကြည့်လိုက်တော့ အခန်းရဲ့မျက်နှာကြက်ဖြူဖြူကိုအရင်ဆုံးမြင်လိုက်ရသည်။ ထ်ု့ိနောက်မှာတော့ ကိုယ့်ကိုငုံ့ကြည့်နေသည့်
မျက်နှာတစ်ခု။

" ကိုကို "

နှုတ်ကနေခပ်တိုးတိုးခေါ်လိုက်မိတော့ အလိုမကျသလိုကြည့်လာသည့်မျက်ဝန်းတွေ။

" ငါ့ကို ဘယ်အချိန်ထိ ကိုကိုလို့ခေါ်နေဦးမှာလဲ သက်ထက်ပန် "

အရင်ဆုံးကြားလိုက်ရသည့်စကားက ဆူသလိုပြောလာသည့်
စကားဖြစ်နေတာမို့

" မသိဘူးလေ ကိုကိုလို့မခေါ်ရင် သားကဘယ်လိုခေါ်ရမှာလဲ "

မကိုဋ်တစ်ယောက် ဒီကောင်လေးကိုကြည့်မရသည့်အချက်ထဲတွင် အခုလိုမျိုး ကိုယ်ကဘာပြောပြော သူဘာမှမသိဘူးဆိုသည့်ရိုးသားသလိုမျက်ဝန်းတွေနှင့် တစ်ခွန်းမကျန်ပြန်ပြောတက် သည့် အကျင့်တွေကြောင့်လဲပါသည်။ငယ်ငယ်ကပုံစံအတိုင်းပဲ ဘာမှကိုမပြောင်းလဲဘူး။

" အခုမင်းသတိရလာပြီမဟုတ်လား ၊ ထတော့ တစ်ခုခုစားပြီးဆေးသောက်ရအောင်၊ ငါဆရာဝန်ခေါ်ပြီး မင်းကိုလာကြည့်ခိုင်းထားလို့ဆရာဝန်ကဆေးပေးသွားတယ် ၊ တစ်ခုခုစားဖို့
ထမင်းစားခန်းထဲလိုက်လာခဲ့ "

My Husband Hates Me ( Completed )Where stories live. Discover now