Part - 25 ( Unicode)

35.1K 1.9K 68
                                    

အပိုင်း - ၂၅




" တောင်းပန်တယ် ကိုကိုကတောင်းပန်ပါတယ်၊
ဒီ့ထက်စောပြီးရှာတွေ့ရမှာကို တကယ်တောင်းပန်ပါတယ်
ကိုကို့ကလေးလေးလန့်သွားမှာပေါ့ ၊ ပြီးသွားပါပြီ
မနက်ဖြန်ဆို ဒီအဖြစ်တွေက အိမ်မက်ဖြစ်သွားမှာပါ"

" ကိုကိုလာပြန်ခေါ်လို့ တော်ပါသေးရဲ့ ၊ ဟုတ်ပါတယ်
မနက်ဖြန်ဆို ဒီအိမ်မက်ကပြီးသွားမှာပါ ၊အခုတော့
ကိုကိုလာခေါ်ပေးလို့ တကယ်ကိုတော်ပါသေးတယ် "



*
*
*
*
*
*
*
*


ကားထဲမှာပင် သူ့အဝတ်အစားတွေကိုပြန်ဝတ်ပြီးတာနဲ့
ငြိမ်သက်စွာထိုင်နေသည့်ကောင်လေးက စိတ်တွေ
တည်ငြိမ်နေပုံမရသေးချေ။ လူကငြိမ်နေပေမယ့်
မျက်လုံးတွေက ကားအပြင်ကို ဟိုဟိုဒီဒီငေးကြည့်
နေကာ သူ့လက်ချောင်းလေးတွေကိုလည်း အချင်းချင်း
ပွတ်သက်နေသေး၏ ။တစ်ဖျက်ဖျက်ခတ်နေသည့်
မျက်တောင်လေးတွေရဲ့အောက်ဖက်က မျက်ဝန်း
အကြည့်တွေက တစ်ချက်တစ်ချက် ကိုယ့်ဆီရောက်
လာသေးသည်။

" ကိုကို့ကို ဘာပြောချက်လို့လဲသက်ထက်လေး
ပြောလေ "

သူမေးချင်တာတွေကိုမေးပါစေဆိုတဲ့စိတ်နဲ့ စကား
လမ်းကြောင်းပေးလိုက်တော့လည်း ချက်ချင်းဆိုသလို
အကြည့်လွှဲသွားပြန်လေသည်။ ထိုအပြုအမူတွေကို
အကြိမ်အများကြီးလုပ်နေပြီး အိမ်နားကိုပြန်ရောက်
လာတဲ့အခါမှာတော့ ကိုယ့်လက်မောင်းတစ်ဖက်ကို
အသာကိုင်လာပြီး

" ဒီမှာချထားပေးပါလား "

" ဟင် ဘာလို့လဲသက်ထက်ရဲ့ အိမ်ကိုရောက်တော့
မယ်လေ ၊ အိမ်ပြန်ပြီးနားကျရအောင်လေနော် ၊
သက်ထက်ဘယ်ကိုသွားချင်လို့လဲ ကိုကို့ကိုပြော
အေးအေးဆေးဆေးနားပြီးရင် လိုက်ပို့ပေးမယ် "


" ဟင့်အင်း သူများလိုက်ပို့လို့မရဘူး တစ်ယောက်ထဲ
သွားမှရမှာ "

ကိုယ့်မျက်နှာကိုကြည့်ရင်းပြောလာသည့်စကားသံက
အေးစက်စက် ။မျက်ဝန်းတွေက အသက်မဲ့နေသလိုမျိုး
ကြောင်စီစီ ။ ဒီအခြေအနေကိုမကြိုက်တဲ့ကိုယ်ကပဲ
သူ့လက်လေးတစ်ဖက်ကို အသာဆွဲယူလိုက်ကာ
ကိုယ့်လက်နှစ်ဖက်နဲ့ အုပ်မိုးဆုပ်ကိုင်ပေးထားရင်း

My Husband Hates Me ( Completed )Where stories live. Discover now