λ„ˆλ₯Ό λ§Œλ‚˜ - Me After You

By onyourm__0on

16.9K 2.1K 157

Start date - 26.05.23 End date - 18.06.23 More

Prologue
λ‚˜λ₯Ό λ§Œλ‚˜ - 1
λ„ˆλ₯Ό λ§Œλ‚˜ - 2
λ„ˆλ₯Ό λ§Œλ‚˜ - 3
λ„ˆλ₯Ό λ§Œλ‚˜ - 4
λ„ˆλ₯Ό λ¨Όλ‚˜ - 5
λ„ˆλ₯Ό λ§Œλ‚˜ - 6
λ„ˆλ₯Ό λ§Œλ‚˜ - 8
λ„ˆλ₯Ό λ§Œλ‚˜ - 9
λ„ˆλ₯Ό λ§Œλ‚˜ - 10
λ„ˆλ₯Ό λ§Œλ‚˜ - 11
λ„ˆλ₯Ό λ§Œλ‚˜ - 12
λ„ˆλ₯Ό λ§Œλ‚˜ - 13 (End)

λ„ˆλ₯Ό λ§Œλ‚˜ - 7

960 149 10
By onyourm__0on

ပြက္ခဒိန်စာရွက်များဟာ တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်သွားသလို ကျန်းဟာအိုနှင့်အတူရှိရမည့် ဆောင်းဟန်ဘင်း၏ အချိန်များမှာလည်း နည်းပါးလာခဲ့သည်။

ယခုဆိုလျှင် စာသင်နှစ်၏ သုံးပုံနှစ်ပုံအား ကုန်ဆုံးခဲ့ရပြီးပြီ။
နောက်ဆုံးစာမေးပွဲတစ်ခုဟာ ကျန်တော့၍ မကြာခင်မှာပင် သူမရောက်ချင်သည့် အချိန်ကာလအား ရောက်ရှိလာတော့မည်ဖြစ်သည်။

နွေပေါင်း သုံးနွေကို ကျန်းဟာအိုနှင့်အတူ ဖြတ်ကျော်လာပြီးသည့်နောက်တွင် ကျန်းဟာအိုမရှိသော နွေရာသီအား ဘယ်လိုဘယ်ပုံဖြတ်သန်းမလဲ ဆိုတာပင် ဆောင်းဟန်ဘင်းမသိတော့ပါ။

ကျန်းဟာအိုဟာ သိပ်မကြာခင်တွင် သူများအမျိုးသားဖြစ်တော့မည့် ယောင်္ကျား၊
ဆောင်းဟန်ဘင်း ရင်နင့်အောင် ချစ်ရတဲ့ယောင်္ကျား၊ ပိုင်ဆိုင်ချင်တာတောင် ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ ယောင်္ကျား။
လက်တွေ့ဆန်ဆန်တွေးမိတော့ မျက်လုံးအိမ်ထဲက အ‌ရည်ကြည်တွေက ဝဲတက်လာရုံတင်မက လျှံပါကျတယ်။
ပါးပြင်တစ်လျှောက် ဖြတ်သန်းသွားတဲ့ မျက်ရည်တစ်စက်ဟာ ပေါင်ပေါ်တင်ထားတဲ့ note စာရွက်ပေါ် ပေါက်ခနဲ။

ထို note စာရွက်ဟာ ကျန်းဟာအိုက သူ့ကိုစာကြည့်ရ‌လွယ်အောင် ဆိုပြီး ပေးသွားခဲ့တာ။
ကျန်းဟာအိုကလား။ အခုသူ့နားမှာမရှိဘူး။
ပတ်ခ်ယောရွန်းတို့မိသားစုနှင့် ခရီးတစ်ခုထွက်သွားသည်လေ၊ဆောင်းဟန်ဘင်းကိုထားပြီး။

စာမေးပွဲဖြေပြီးနောက် ပိတ်ရက်ရသဖြင့် ဖေဖေနှင့်မေမေကလည်း သူတို့နှင့်အတူ ခရီးကိုလိုက်ခဲ့ရန် ခေါ်သော်လည်း
ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိသည့် ဆောင်းဟန်ဘင်းကတော့ အိမ်မှာသာ တစ်ယောက်တည်းနေခဲ့တော့သည်။
စိတ်ပျက်လက်ပျက်ဖြင့် မှိုင်တွေနေသော သူ့ပုံစံကို ‌ဖေဖေနှင့် မေမေရိပ်မိသွားနိုင်သော်လည်း မတတ်နိုင်။

နေ့တိုင်းမျက်နှာလေးပြ၍ အကျင့်လုပ်ပြီးခါမှ ၂ရက်တောင်ခွဲရမယ်ဆိုသည့် အသိဟာ ဆောင်းဟန်ဘင်းကို စိတ်ဓာတ်ကျစေသည်။
အခုမှ ကျန်းဟာအိုကို မတွေ့ရတာ ၁၃နာရီပဲရှိသေးပင်မဲ့
ဘာကြောင့် ဒီလောက်အထိ အားပြက်သွားရသလဲဆိုတာ ကိုယ့်ကိုယ်ကိုပင် နားမလည်နိုင်တော့ပါ။

တစ်ရက်မပြည့်သည့် အချိန်တိုကလေးကတောင် နှစ်ရှည်လများဟူ၍ ခံစားနေရသည့် ဆောင်းဟန်ဘင်းအဖို့ နောက်ဆို မတွေ့ရတော့ဘူး ဆိုသည့် အတွေးက အကြိမ်ကြိမ်သတ်နေသည်။

ကျန်းဟာအိုလေးကတော့ သိမယ်မထင်။
ပတ်ယောရွန်းနဲ့ လက်ထပ်ပြီးရင် ပတ်ခ်ဥက္ကဌဟာ သူတို့နှစ်ယောက်လုံးကို နိုင်ငံခြားသို့ ပို့တော့မည်ဆိုတာ။
ထိုစကားကိုကြားခဲ့ရသည့် ဆောင်းဟန်ဘင်းမှာသာ နှစ်နဲ့ချီ၍ စိတ်ဒုက္ခရောက်ခဲ့ရသည်။

ထိုအကြောင်းကို ကျန်းဟာအိုလေးအား ပြောပြရမည် ဟု တွေးခဲ့သော်လည်း မလိုအပ်မှန်း ဆောင်းဟန်ဘင်းသတိရသွားခဲ့သည်။
ကျန်းဟာအိုလေးသာ သိသွားခဲ့ရင်လည်း ဘယ်နိုင်ငံပို့ပို့ လိုက်သွားမှာပါပဲ။
သူချစ်ရတဲ့ ပတ်ခ်‌ယောရွန်းနဲ့သာဆို ကျန်းဟာအိုလေးဟာ ဆောင်းဟန်ဘင်းကိုထားပြီး လိုက်သွားလောက်သည်။
အခုလိုမျိုး...။

တွေးရင်း ပူလောင်လာသည့် စိတ်များကြောင့် ရေချိုးခန်းထဲဝင်ကာ ရေဘားအားအဆုံးထိ ဖွင့်ချလိုက်သည်။
ပြတင်းပေါက်၏ အပြင်ဘက်တွင် သည်းသည်းမဲမဲရွာနေသည့် မိုးရေစက်များအားလျစ်လျှူရှုရင်း ဆောင်းဟန်ဘင်းဟာ ရေချိုးခန်း၏ရေပန်းအောက်တွင် နာရီပေါင်းများစွာ။

...

မလိုက်မဖြစ်၍သာ လိုက်လာခဲ့ရပါသော်လည်း ကျန်းဟာအိုတွင် ရွေးချယ်စရာမရှိ။
ဆောင်းဟန်ဘင်းနှင့် ခွဲရမည့် နှစ်ရက်တာက နှစ်,နှစ်တာနဲ့ပင် ညီမျှတော့မည်ထင်သည်။
ရောက်,ရောက်ချင်းပင် လုပ်ငန်းခွင်သို့ခေါ်သွားခံရသည့် ကျန်းဟာအိုမှာ အနားယူချိန်ဟူ၍မရှိ။

တစ်နေကုန် အလုပ်ထဲ လိုက်လေ့လာပြီး ညနေကျရင်ယောရွန်းနဲ့တူတူလျှောက်လည်ကြ ဟူသည့် အကြံပေးစကားမမြည်သော အမိန့်ပေးစကားကြောင့် သက်ပြင်းတစ်ချက်ချကာ သံပတ်ပေးထားသည့် အရုပ်နှယ် စိတ်တိုင်းကျဖြစ်စေရပြန်သည်။

စိတ်ပင်ပန်းလွန်းလှပါသည်။ တစ်ဖက်မှာလည်း ထိုစိတ်ပင်ပန်းမှုနှင့် ထပ်တူပျော်ရွှင်ရပြန်သည်။
ဆောင်းဟန်ဘင်းဟာ ကျန်းဟာအိုအတွက်တော့ အပြည့်အဝပျော်ဆေးကလေးပင် ဖြစ်ပါသည်။
ထိုပျော်ဆေးလေးဟာ သူ့အကြင်နာတွေအား ကျန်းဟာအိုအပေါ်ထားရှိခဲ့ပါလျှင် မိုးကောင်းကင်နှင့် မြေကြီးကြား၌ အပျော်ရွှင်ရဆုံးသူဟာ ကျန်းဟာအိုပင်ဖြစ်လိမ့်မည်။

အခုမှာတော့ အကုန်လုံးကလွဲမှားစွာပဲ..ကျန်းဟာအိုဟာ ယောရွန်း၏ချစ်သူကောင်လေး ဖြစ်နေရသည်။
ထိုနေ့က ကျန်းဟာအိုသာ ဆောင်းဟန်ဘင်းဆီ သွားခဲ့ပါလျှင်
ပစ္စုပ္ပန်၌ တစ်ခုခုပြောင်းလဲသွားနိုင်မည်လား။
ယောရွန်း၏ချစ်သူဟာ ကျန်းဟာအိုမဟုတ်ဘဲ ဆောင်းဟန်ဘင်းဖြစ်သွားမည်လား။
ဒါဆိုရင်တော့ ကျန်းဟာအိုဟာ သူ့လုပ်ရပ်အား မှန်သည်ဟု ခေါင်းမာစွာပင် ဆက်၍လက်ခံပစ်လိုက်မည်။

တစ်နေကုန် သူ့ကိုအလုပ်ခွင်ထဲသို့ထည့်ကာ ရှင်းပြနေသည့် ပတ်ခ်ဥက္ကဌ၏ စကားသံတွေဟာလည်း ကြားတစ်ချက်မကြားတစ်ချက်။
ထူးဆန်းစွာ လေးပင်နေသည့် စိတ်များကြောင့် ကျန်းဟာအို၏ ဖြူဥဥမျက်နှာလေးဟာ နွမ်းလျလျဖြစ်နေတော့သည်။

အခုချိန် သူ့ရဲ့အကျင့်မကောင်းတဲ့ တပည့်ရော.. ဘာများလုပ်နေလောက်မလဲ။

ညနေစောင်းတော့ ယောရွန်းနှင့် လျှောက်လည်ကာ Dinner စားရသည်။ ရောက်နေသည့် နေရာမှာ ပင်လယ်ကမ်းစပ်ဖြစ်သဖြင့် ယောရွန်းဟာ နေရာဒေသနှင့် လိုက်အောင် ဒူးအထိရှည်သည့် အစိမ်းနုရောင်ဂါဝန်ကို ‌ဝတ်ဆင်ထားသည်။

မိန်းကလေးဆန်သလို ထက်မြက်၍လှပသည့် ယောရွန်းလိုမိန်းကလေးအား ဆောင်းဟန်ဘင်းက ချစ်ကြိုက်မိသည်မှာလည်း အပြစ်ပြော၍ မရပါလေ။

"ကိုကို စားလေ။ အေးကုန်တော့မယ်"

"အင်..အင်းအင်း"

"ကိုကိုကြည့်ရတာ ‌မှိုင်နေသလိုပဲ၊ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး။ ကိုယ်နည်းနည်းပင်ပန်းနေလို့"

"ဆောင်းဟန်ဘင်းက ကိုကို့ကိုပင်ပန်းအောင် လုပ်လို့လား"

"ဟင့်အင်း ဆောင်းဟန်ဘင်းက ပင်ပန်းအောင်ဘယ်တော့မှမလုပ်ဘူး"

ထိုစကားအဆုံးမှာတော့ စားပွဲအောက်က အသံဖမ်းစက်လေးခမျာ ဆောင့်အောင့်ကာ ပိတ်ချခံလိုက်ရတော့သည်။

ချစ်သူရည်းစားဟူသည့် နာမည်ခံထားရုံမှလွဲ၍ ကျန်းဟာအို၏ စိတ်အာရုံများအားလုံးဟာ ဆောင်းဟန်ဘင်းထံတွင်ပဲ ရှိနေတတ်သည်။
ဒါဟာ သူမစိတ်ထင်တာပဲ ဖြစ်ပါစေလို့ ဆုတောင်း၍သာ
ညစာဆက်စားလိုက်တော့သည်။
ခြောက်ကပ်တဲ့ညစာဝိုင်း ဒါမှမဟုတ် စကားတစ်လုံးမှမပြောဖြစ်တဲ့ ညစာဝိုင်း။

ကျန်းဟာအိုဟာ သိပ်စိတ်တိုဖို့ကောင်းလှသည်။

....

မနေ့က တစ်ရက်လုံးပင်ပန်းလိုက်တာကြောင့် ကျန်းဟာအိုစိတ်ရှိလက်ရှိ အိပ်ပစ်လိုက်မိသည်။
မနက်နိုးလာတော့ ၁၀နာရီပင်ထိုးခါနီးနေပြီ ဖြစ်သည်။
လွန်ခဲ့တဲ့ ၂နှစ်တုန်းကဆို သူဒီထက်တောင်ပို၍ ပင်ပန်းခဲ့ပြီး ထိုဒဏ်ကိုလည်း ကျန်းဟာအိုကခံနိုင်ရည်ရှိခဲ့ပါသည်။

သို့ပင်မဲ့ ဆောင်းဟန်ဘင်းနဲ့ တွေ့ပြီးနောက်မှာ တဖြည်းဖြည်းလျော့ကျသွားသည့် ကျန်းဟာအို၏အလုပ်တွေ။
နေ့ရောညပါ မအားလပ်တဲ့ကျန်းဟာအို အဖြစ်ကနေ အေးဆေးသက်သာစွာ အနားယူနေရတဲ့ ကျန်းဟာအိုဖြစ်လာအောင် ဆောင်းဟန်ဘင်းက လုပ်ခဲ့သည်။ 

ဆောင်းဟန်ဘင်းက သူ့အလုပ်များကို ပျောက်ပျက်သွားအောင် တမင်လုပ်ခဲ့သည် ဟု ရက်ပေါင်းများစွာ အထင်လွဲပြီးခါမှ
သိလိုက်ရသည့် ရည်ရွယ်ချက်ဟာ ကျန်းဟာအိုအတွက် ဝမ်းသာပီတိဖြစ်စရာ။ တမင်ရည်ရွယ်ကာ လုပ်ခဲ့ခြင်းမှန်သော်လည်း ကျန်းဟာအို ထင်သလို သူ့အားစာသင်ပေးဖို့ အတွက်ကြောင့် မဟုတ်ခဲ့..။

"ဟောင့်ကောမှာ မနက်မျက်လုံးဖွင့်တဲ့အချိန်ကနေ ညဘက်အိပ်ချိန်အထိ တစ်နေ့လုံးမအားမလပ် ပင်ပန်းနေရတာကို မကြည့်ရက်လို့ ကျွန်တော်လုပ်ခဲ့တာ"

စာသင်ချိန်မတိုင်ခင် စောရောက်လာမိတဲ့ အဲ့ဒီနေ့က
သူ့အဖေအား လေသံအေးအေးဖြင့် ပြောနေသည့် ဆောင်းဟန်ဘင်း၏စကားသံကို ကျန်းဟာအိုကြားခဲ့ရသည်။ တစ်ဆက်တည်းမှာပဲ ပျော်ခဲ့ရသည်။ ဆောင်းဟန်ဘင်းဟာ သူ့အား မပင်ပန်းစေချင်ခဲ့သည် တဲ့။

မျက်လုံးနှစ်လုံးပွင့်သည်နှင့် ဆောင်းဟန်ဘင်းအကြောင်း တွေးမိသည့် ကိုယ့်စိတ်ကိုယ် ကျန်းဟောင့်ဩချမိသည်။
မသိလျှင် အချစ်နွံထဲကျနေသည့် ဆယ်ကျော်သက်ကလေးအတိုင်း။

မျက်နှာသစ် သွားတိုက်ပြီး ထွက်လာချိန်၌ မြည်လာသည့်ဖုန်းကြောင့် contact name အားကြည့်မိတော့
ဟန်ဘင်း၏မေမေ။

"ဟယ်လို အန်တီ"

"သားရေ ဟန်ဘင်းလေးဆီရောက်ပြီလားဟင်"

"ဟင် အန်တီဘာကိုပြောတာလဲ"

"အန်တီမ‌နေ့ညနေက သားကိုဖုန်းဆက်သေးတယ်လေ။ပတ်ဥက္ကဌလာကိုင်တော့ ဟန်ဘင်းလေးဖျားနေလို့ သားအားရင်သွားကြည့်ပေးဖို့ ပြောထားတာ။ ဒါနဲ့ သားက ပတ်ခ်မိသားစုနဲ့တူတူရှိနေတာလား"

"ဟုတ်တယ် အန်တီ။ အခု ဟန်ဘင်းအိမ်မှာပဲမလား"

"ဖုန်းဆက်လို့မရဘူး သားရယ်။ အနီးနားမှာလည်း သားပဲရှိတာဆိုတော့.."

"ရပါတယ် အန်တီ။ ကျွန်တော်ဟန်ဘင်းဆီ အခုသွားလိုက်ပါ့မယ်"

"ကျေးဇူးပါ သားရယ်"

ဟန်ဘင်းမေမေနှင့် ဖုန်းပြောပြီးသည်နှင့် ကျန်းဟာအိုဟာဒေါသတကြီး အပေါ်ကုဒ်ကိုဆွဲယူကာ ပတ်ခ်သူဌေးရှိရာဆီသို့ ကျယ်ပြောသော ခြေလှမ်းများဖြင့် ရောက်လာခဲ့သည်။

"မနေ့ကညနေက ဟန်ဘင်းမေမေဖုန်းဆက်တာကို ကျွန်တော့်ကိုဘာလို့ ပြန်မပြောတာလဲ အန်ကယ်"

"....."

"ညနေစာသွားစားတဲ့အချိန် အိမ်မှာကျန်ခဲ့တဲ့ဖုန်းက အဝင် callလာခဲ့ရင် အနည်းဆုံးတော့ အန်ကယ်ကျွန်တော့်ကို ပြန်ပြောသင့်တာမဟုတ်ဘူးလား"

"....."

စိတ်ပျက်စွာ ငြီးဆိုပြီး နေရာမှလှည့်ထွက်ဟန်ပြင်တော့ ခပ်မာမာစကားသံဟာ ပတ်ခ်ဥက္ကဌထံမှ ထွက်ပေါ်လာသည်။

"အဲ့ဒါဘယ်သွားမလို့လဲ"

"ဟန်ဘင်းဆီသွားမလို့ပါ"

ကျန်းဟာအိုဟာလည်း မလျော့သောလေသံဖြင့် ချက်ချင်းပြန်ပြောလိုက်သည်။ သည်းခံတာက ဒီလောက်ဆိုတော်ပါပြီ။

"ထပ်ပြီး အဲ့ကောင်လေးဆီကိုပဲလား။ သူကမင်းအပေါ်ဘာကျေးဇူးကြွေးတွေရှိလို့ မင်းကသူနဲ့ဆို အဲ့လိုဖြစ်နေရတာလဲ"

"နေမကောင်းဖြစ်‌နေကြောင်း အန်ကယ်ပြန်မပြောပြခဲ့တဲ့သူကကျွန်တော်စာသင်နေတဲ့ ကျွန်တော့်ရဲ့တပည့်ပါအန်ကယ်။
သူနဲ့ဘာကျေးဇူးကြွေးမှမရှိသလို အန်ကယ်နဲ့လည်း ဘာကျေးဇူးကြွေးမှမရှိပါဘူး။ အဲ့ဒါအပြင် ဒီမှာနေရတာ မွန်းကြပ်တယ်။
မလိုချင်ဘဲ ဆက်ခံရမယ့် အဲ့ရှယ်ယာတွေကြောင့် ကျွန်တော်ကဘာလို့ အပင်ပန်းခံရမှာလဲ။ ကိုယ့်ကိုစိတ်ရှုပ်စေတဲ့ နေရာမှာ ဆက်မနေခြင်းက လူတွေရဲ့လွတ်လပ်ခွင့်တွေထဲက တစ်ခုပါပဲ။ အဲ့တော့ ကျွန်တော် ဒီနေရာကသွားရပါလိမ့်မယ်"

ပြောပြီးလှည့်ထွက်လာသည့် ကျန်းဟာအိုဟာ နောက်ဘက်က တောက်ခေါက်သံကိုပင် စိတ်မဝင်စားတော့သည့်အလား။
‌ယောရွန်းနဲ့ စေ့စပ်ပွဲသည်လည်း ခေါင်းထဲမရှိတော့။
အခုချိန်တွင် ကျန်းဟာအိုခေါင်းထဲ ရှိနေသည့် တစ်ခုတည်းသောအရာဟာ ဆောင်းဟန်ဘင်းပင်။
ဖုန်းပြောပုံအရ မိဘနှစ်ပါးလုံး အဝေးရောက်နေပုံပေါ်သည်။
ကျန်းဟာအိုခရီးသွားနေမှန်း မသိ၍ ဖုန်းလှမ်းဆက်သည့် အန်တီ့ကိုလည်း ကျန်းဟာအိုအကြိမ်ကြိမ် ကျေးဇူးတင်မိသည်။

ကားသော့ဆွဲကာ သုံးနာရီကြာခရီးကို နှစ်နာရီဖြင့် ရောက်အောင်မောင်းလာသည့် ကျန်းဟာအိုမှာ အိပ်ခန်းထဲသို့ရောက်အောင် ခြေလှမ်းဘယ်နှစ်လှမ်းပင် လှမ်းခဲ့ရသလဲမသိ။

အိပ်ခန်းထဲ၌ မတွေ့သဖြင့် ပူလောင်လာသည့်ရင်ကို
ရေချိုးခန်းတံခါးအား ဖွင့်လိုက်ချိန်မှာ မြင်လိုက်ရသည့် ဖြူဖျော့နေသည့် ပုံရိပ်လေးက လောင်စာထပ်ဖြည့်ပေးလိုက်သလို။

"ဟန်..ဟန်ဘင်း"

"ငါ့ကိုကြည့်ပါဦး ဟန်ဘင်းရယ်။ ဟင် ငါရောက်လာပြီလေ"

အေးစက်နေသည့် ကိုယ်လေးအား အဝတ်အစားလဲပေးကာ အိပ်ယာထပ်သို့ တင်လိုက်ပြီးသည်အထိ ကျန်းဟာအိုမှာ တုန်ယင်နေတုန်း။ အဆက်မပြက်ကျနေသည့် မျက်ရည်စက်များက တာကျိုးသလို ဆက်တိုက်ကျ၍နေသည်။
တုန်ယင်နေသည့် လက်နှစ်ဖက်ဖြင့် အေးစက်နေသောလက်ဖဝါးလေးအား စုကိုင်ကာ ရေရွတ်မိသည်။

"ဘာမှမဖြစ်လိုက်ပါနဲ့ ကျေးဇူးပြုပြီး"

"မင်းသာ တစ်ခုခုဖြစ်သွားရင် ငါသေမှာ ဟန်ဘင်းရယ်"

"မင်းကလွဲပြီး ဘယ်မျက်နှာကိုမှ မကြည့်တော့မှာမို့ သတိရလာပေးပါဦး"

_01.06_

Continue Reading

You'll Also Like

436K 6.8K 81
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
96.6K 10.3K 36
A beautiful love triangle between.. ..
65.9K 1.5K 15
Starr Jackson, the lead singer in Starr Revival, lived a normal life. That was until she saw those three ghost boys at her neighbor, Julie's house. S...