behind the castle's walls {ma...

By Panda_0802

3.2K 464 45

(zawgyi) "အဆင့္အတန္းေတြကို ေဘးဖယ္ထားၿပီး ဒီအတိုင္း မင္းနဲ႔ကိုယ္ပဲ ဆိုရင္ေရာ ..." (unicode) "အဆင့်အတန်းတွေကို... More

Author's Note
Playlist
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19

Chapter 5

116 21 2
By Panda_0802

(zawgyi)

သူ႔ကို ေၾကာက္ေနျပန္လို႔ပဲလား၊ ဖ်ားလို႔ပဲလား မေျပာတတ္၊ မ်က္ရည္ေပါက္ႀကီးငယ္က်ေနတဲ့ ေကာင္ေလးရဲ႕ နဖူးကို တစ္ခ်က္ စမ္းၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပင္ လက္ျပန္ရုတ္ရေလာက္ေအာင္ ပူက်စ္ေန၏။

"က်စ္ ... မင္းရဲ႕ သူငယ္ခ်င္းဆီက အဖ်ားကူးခဲ့ၿပီ ထင္တယ္။ ထ ..."

"ဟင္?"

ေျပာရင္းပင္ စိတ္မရွည္စြာ Donghyuck ကို လက္ေမာင္းတစ္ဖက္ကေန ဆြဲထူလိုက္ကာ မတ္တပ္ရပ္ေစလိုက္ေတာ့ သူ႔ကို အူေၾကာေၾကာင္ေလးနဲ႔ ၾကည့္ျပန္၏။

"အိပ္ေဆာင္ကို ျပန္ေတာ့ Donghyuck. ဒီအတိုင္း ဆက္ေနေနရင္ မင္း မူးလဲသြားလိမ့္မယ္"

ပံုမွန္ ေျပာေနက် အမိန္႔ေပးသံကဲ့သို႔ပင္ ေကာင္ေလးကို သူ ခပ္မာမာသာ ေျပာလိုက္ေပမယ့္ စိုးရိမ္မႈေတြက အနည္းငယ္ ေရာယွက္ေနၿပီဆိုတာေတာ့ Minhyung ကိုယ္တိုင္ပဲ သတိထားမိေလာက္ပါရဲ႕။

သို႔ေပမယ့္လည္း Donghyuck က သူ႔စကားကို ထိတ္လန္႔စြာပင္ ေခါင္းအတြင္တြင္ ယမ္းကာ ျငင္းဆန္၏။

"အဲ ... ကၽြန္-ကၽြန္ေတာ္ အဲ့လိုလုပ္လို႔မရ -"

့ထိုစဥ္မွာပဲ သူ႔ေနာက္ကေန ထြက္ေပၚလာတဲ့ တစ္စံုတစ္ေယာက္ရဲ႕ က်ယ္ေလာင္လွတဲ့ ေအာ္သံ။

"Lee Donghyuck!"

ထိုသူစိမ္းရဲ႕ အသံကို ၾကားၿပီး ေၾကာက္လန္႔စြာ ျပဴးက်ယ္သြားတဲ့ ေကာင္ေလးရဲ႕ မ်က္ဝန္းေတြေၾကာင့္ Minhyung လည္း လွည့္ၾကည့္လုိက္တဲ့အခါမွာေတာ့ အသက္ႀကီးႀကီး ဘိုးေတာ္တစ္ေယာက္က သူတို႔ဆီ ေလၽွာက္လာေန၏။

"မင္းကို ေကာက္ရုိးစည္းေတြအကုန္ အၿပီး ေရႊ႕ထားလို႔ ေျပာထား - အဲ - အ-အရွင့္သား ..."

ဘိုးေတာ္က ဘာေတြ စိတ္အလိုမက် ျဖစ္ေနလဲမသိ၊ ႏွာေခါင္းကေန အေငြ႕ေတြ ထြက္ေတာ့မယ့္အတိုင္း တရွဴးရွဴးနဲ႔ လာခဲ့ေပမယ့္ သူ႔ကို ေတြ႕လၽွင္ေတြ႕ခ်င္းပဲ တုန္လႈပ္စြာ ရပ္တန္႔သြားခဲ့တဲ့ ေျခလွမ္းေတြ။

"အရွင့္သား ... ကၽြန္ေတာ္မ်ိဳးက အေစခံေခါင္းေဆာင္ Han ပါ။ ျမင္းေဇာင္းမွာ အရွင့္သား တစ္ခုခု လိုအပ္တာမ်ား ရွိလို႔ပါလား?"

ေၾကာက္ရြံ႕မႈေၾကာင့္ အေစခံခ်ဳပ္က တုန္တုန္ယင္ယင္နဲ႔ပင္ ခါးကို အနည္းငယ္ ကိုင္းညႊတ္ကာ သူ႔ကို အရုိအေသေပးရင္း ေမး၏။

"မရွိဘူး ေခါင္းေဆာင္ Han"

"အဲ့တာဆို ကၽြန္ေတာ္မ်ိဳး Donghyuck ကို ေခၚသြားပါဦးမယ္။ သူ လုပ္ရမယ့္ အလုပ္ေလး ရွိေနေသးလို႔ ..."

ေျပာရင္းပင္ အေစခံေခါင္းေဆာင္ ျဖစ္သူက Donghyuck ကို မ်က္စေတြပစ္ျပကာ သြားဖို႔ ေခၚေနေပမယ့္ ေကာင္ေလးက တုတ္တုတ္မွ် မလႈပ္။

Minhyung ေခါင္းကို အနည္းငယ္ ေစာင္းလိုက္ၿပီးပင္ အေနာက္ကို တစ္ခ်က္ ၾကည့္လိုက္တဲ့အခါမွာေတာ့ ေပတူးေလးက မလိုက္ခ်င္လို႔ ေက်ာေနာက္မွာ ကြယ္ၿပီး ပုန္းေနသေယာင္၊ လက္ေသးေသးေလးကလည္း သူ႔အက်ႌစေလးကို မသိမသာ ဆုပ္ကိုင္ထားေသး၏။

"Lee Donghyuck လာေလ ... ဘာလုပ္ေနတာလဲ?"

ေခါင္းေဆာင္ Han ကလည္း သူ႔ေရွ႕မွာမို႔လို႔ ထင္ပါရဲ႕၊ ေဒါသသံ မထြက္သြားေအာင္ ထိန္းေျပာေနရပံု။

"တကယ္ေတာ့ေလ ေခါင္းေဆာင္ Han ... ကၽြန္ေတာ္ Donghyuck ကို ခိုင္းစရာ ရွိတယ္"

သူ ရုတ္တရက္ ေျပာလိုက္တဲ့ စကားမွာေတာ့ ေခါင္းေဆာင္ Han က အနည္းငယ္ အံ့ဩသြားေပမယ့္ လက္မေလၽွာ့ႏိုင္စြာပင္ ထပ္ေျပာလာပါ၏။

"ဗ်ာ? အရွင့္သား လိုအပ္တာ ရွိရင္ ကၽြန္ေတာ္မ်ိဳး လုပ္ေပး -"

"မဟုတ္ဘူး။ ကၽြန္ေတာ္ ခိုင္းမယ့္ဟာက Donghyuck လုပ္မွပဲ ရမွာ"

ျမန္ျမန္ ထြက္သြားေစခ်င္တာေၾကာင့္ စကားစကို ျဖတ္ၿပီး ခပ္ျပတ္ျပတ္သာ သူ တုန္႔ျပန္လိုက္ေပမယ့္လည္း ဘိုးေတာ္က အခုထိ သေဘာမေပါက္ေသးဟန္။

"ဘယ္လို အလုပ္ -"

"ေခါင္းေဆာင္ Han လည္း အလုပ္မ်ားေနမွာပဲ ... သြားစရာရွိတာ သြားေတာ့ေလ။ Donghyuck ကို လုပ္ခိုင္းစရာက မ်ားေတာ့ ကၽြန္ေတာ္ သူ႔ကို အခုပဲ ေခၚသြားလိုက္ေတာ့မယ္"

ေနာက္ဆံုး စိတ္မရွည္ေတာ့စြာ ထြက္ေပၚလာတဲ့ Minhyung ရဲ႕ ေအးစက္စက္ ႏွင္လႊတ္သံမွာေတာ့ ေခါင္းေဆာင္ Han လည္း အရစ္မရွည္ရဲေတာ့။

"အာ ... ဟုတ္ကဲ့ပါ အရွင့္သား။ အဲ့တာဆို ကၽြန္ေတာ္မ်ိဳးကို ခြင့္ျပဳပါဦး ..."

ထို႔သို႔ ျမင္းေဇာင္းကေန အေစခံေခါင္းေဆာင္က ခပ္သြက္သြက္ ထြက္သြားလို႔ အရိပ္အေယာင္ပင္ မျမင္ရေတာ့တဲ့အခါမွာေတာ့ အေနာက္မွာ ပုန္းေနတဲ့ Donghyuck ဘက္ကို သူ လွည့္လိုက္၏။

သို႔ေသာ္လည္း Minhyung ဘာမွ မေျပာေသးဘဲ မ်က္ခံုးတစ္ဖက္ပင့္ကာပင္ ထိုေကာင္ေလးကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္ေတာ့ ေက်းဇူးရွင္ေလးက သြား ၃၂ေခ်ာင္း ေပၚတဲ့အထိ ၿဖီးရယ္ျပပါ၏။

"ဟို ... ဟိုေလ အရွင့္သား ..."

မ်က္လံုးေလး ကလယ္ကလယ္နဲ႔ ဆင္ေျခေပးဖို႔ Donghyuck က စကားစလိုက္ေပမယ့္လည္း ေနာက္က်ေတာ့ ဟိုၾကည့္သည္ၾကည့္နဲ႔ ဘာမွ ဆက္မေျပာေတာ့။

"ကိုယ့္ကို ဒိုင္းကာ လုပ္ရတာ ဘယ္လိုလဲ?"

သို႔ေသာ္လည္း ေမးခြန္းကို မေျဖဘဲ မသိခ်င္ေယာင္ေဆာင္ေနတဲ့ ေကာင္ေလးေၾကာင့္ သူ သက္ျပင္းတိုေလး တစ္ခ်က္သာ ခ်မိေတာ့၏။

"အာ ... ဟီးဟီး ... ေက်းဇူးတင္ပါတယ္ အရွင့္သား"

ထိုကဲ့သို႔ပင္ ေပတူးေလးက စပ္ျဖဲျဖဲနဲ႔ ခါးကို 90° ကိုင္းညႊတ္ကာ ေျပာလာတဲ့အခါမွာေတာ့ Minhyung ခါးယမ္းရင္း ခပ္ဩဩသာ ရယ္မိေတာ့၏။

"ငါ့ႏွယ္ေနာ္ ... ေခါင္းေဆာင္ Han ကိုလည္း ေျပာလိုက္ၿပီဆိုေတာ့ ... ေက်းဇူးရွင္ေလး လာ ... လိုက္ခဲ့ေတာ့"

"ဟင္ ဘယ္ကို?"

Donghyuck က သူ႔ရဲ႕စကားကို နားမလည္စြာ ေၾကာင္ေတာင္ေတာင္ေလး ေမးလာျပန္၏။

"ေရာက္ရင္ သိမွာေပါ့ကြာ။ မင္းကို ကိုယ္ လုပ္ခိုင္းစရာ ရွိတယ္လို႔ ခုနက ေျပာလိုက္တာ ၾကားတယ္မလား?"

သို႔ေသာ္လည္း သြားမယ့္ေနရာကို သူ တမက္သက္သက္ မေျပာျပဘဲ နန္းေတာ္ဘက္ကိုသာ ေျခလွမ္းေတြ ဦးတည္လိုက္ေတာ့ ေကာင္ေလး ကလည္း  အေနာက္ကေန ကုပ္ကုပ္ကေလး လိုက္လာပါ၏။

"ကၽြန္ေတာ့္ကို ဘာခိုင္းမလို႔လဲ အရွင့္သား?"

"ကၽြန္ေတာ္တို႔ ဘယ္ကို သြားေနတာလဲဟင္? ကၽြန္ေတာ္ ဒီဘက္ကုိ တစ္ခါမွ မေရာက္ဖူးဘူး"

လမ္းတစ္ေလၽွာက္လံုးမွာ တတြတ္တြတ္နဲ႔ပင္ ဆူညံေနတဲ့ Donghyuck က ေမးခြန္းေတြကို သူ ျပန္မေျဖလည္း အတြင္း အျပင္အဆင္ေတြကို ၾကည့္ၿပီး တစ္ေယာက္တည္း အံ့ဩမွင္သက္စြာ ေရရြတ္ေန၏။

တကယ္ေတာ့ အခု Minhyung ေခၚလာခဲ့တဲ့ နန္းေတာ္ရဲ႕ အတြင္းဘက္ပိုင္းကို ေကာင္ေလး မေရာက္ဖူးတာက ဆန္းၾကယ္တဲ့ ကိစၥမဟုတ္။

ယံုၾကည္ရတဲ့ အေစခံခ်ဳပ္ေတြနဲ႔ ရာထူးျမင့္ အထက္တန္းစားေတြက လြဲၿပီး ေတာ္ဝင္ မိသားစုရဲ႕ ကိုယ္ပိုင္ အခန္းေတြရွိတဲ့ ဒီအတြင္းဘက္ကို ဘယ္သူမွ အလြယ္တကူ ဝင္ထြက္ခြင့္ မရွိဘူးေလ။

ခိုင္ခံ့လွတဲ့ ကၽြန္းတံခါးႀကီးေရွ႕ အေရာက္မွာေတာ့ သူတို႔ ေျခလွမ္းေတြကို ရပ္တန္႔လိုက္ကာ အခန္းတံခါးကို တြန္းဖြင့္လိုက္ပါ၏။

"ခမ္းနားလိုက္တာ ... ပန္းခ်ီေတြက ... စာအုပ္ေတြေရာ အမ်ားႀကီးပဲ ..."

ခပ္ခံုးခံုး မ်က္ႏွာၾကက္မွာ ဆန္းၾကယ္လွတဲ့ ပန္းခ်ီကားေတြ ေရးဆြဲထားၿပီး စင္အလိုက္ စာအုပ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ စာၾကည့္တိုက္ေလးက မိသားစုက လြဲၿပီး ဘယ္သူ႔ကိုမွ ဝင္ခြင့္ မေပးထားတဲ့ Minhyung ရဲ႕ ကိုယ္ပိုင္ေနရာေလးပင္။

Donghyuck ကေတာ့ ႁခြင္းခ်က္ ျဖစ္သြားၿပီ ထင္ပါရဲ႕။

-----------------------

(unicode)

သူ့ကို ကြောက်နေပြန်လို့ပဲလား၊ ဖျားလို့ပဲလား မပြောတတ်၊ မျက်ရည်ပေါက်ကြီးငယ်ကျနေတဲ့ ကောင်လေးရဲ့ နဖူးကို တစ်ချက် စမ်းကြည့်လိုက်တော့ ချက်ချင်းပင် လက်ပြန်ရုတ်ရလောက်အောင် ပူကျစ်နေ၏။

"ကျစ် ... မင်းရဲ့ သူငယ်ချင်းဆီက အဖျားကူးခဲ့ပြီ ထင်တယ်။ ထ ..."

"ဟင်?"

ပြောရင်းပင် စိတ်မရှည်စွာ Donghyuck ကို လက်မောင်းတစ်ဖက်ကနေ ဆွဲထူလိုက်ကာ မတ်တပ်ရပ်စေလိုက်တော့ သူ့ကို အူကြောကြောင်လေးနဲ့ ကြည့်ပြန်၏။

"အိပ်ဆောင်ကို ပြန်တော့ Donghyuck. ဒီအတိုင်း ဆက်နေနေရင် မင်း မူးလဲသွားလိမ့်မယ်"

ပုံမှန် ပြောနေကျ အမိန့်ပေးသံကဲ့သို့ပင် ကောင်လေးကို သူ ခပ်မာမာသာ ပြောလိုက်ပေမယ့် စိုးရိမ်မှုတွေက အနည်းငယ် ရောယှက်နေပြီဆိုတာတော့ Minhyung ကိုယ်တိုင်ပဲ သတိထားမိလောက်ပါရဲ့။

သို့ပေမယ့်လည်း Donghyuck က သူ့စကားကို ထိတ်လန့်စွာပင် ခေါင်းအတွင်တွင် ယမ်းကာ ငြင်းဆန်၏။

"အဲ ... ကျွန်-ကျွန်တော် အဲ့လိုလုပ်လို့မရ -"

့ထိုစဉ်မှာပဲ သူ့နောက်ကနေ ထွက်ပေါ်လာတဲ့ တစ်စုံတစ်ယောက်ရဲ့ ကျယ်လောင်လှတဲ့ အော်သံ။

"Lee Donghyuck!"

ထိုသူစိမ်းရဲ့ အသံကို ကြားပြီး ကြောက်လန့်စွာ ပြူးကျယ်သွားတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေကြောင့် Minhyung လည်း လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အသက်ကြီးကြီး ဘိုးတော်တစ်ယောက်က သူတို့ဆီ လျှောက်လာနေ၏။

"မင်းကို ကောက်ရိုးစည်းတွေအကုန် အပြီး ရွှေ့ထားလို့ ပြောထား - အဲ - အ-အရှင့်သား ..."

ဘိုးတော်က ဘာတွေ စိတ်အလိုမကျ ဖြစ်နေလဲမသိ၊ နှာခေါင်းကနေ အငွေ့တွေ ထွက်တော့မယ့်အတိုင်း တရှူးရှူးနဲ့ လာခဲ့ပေမယ့် သူ့ကို တွေ့လျှင်တွေ့ချင်းပဲ တုန်လှုပ်စွာ ရပ်တန့်သွားခဲ့တဲ့ ခြေလှမ်းတွေ။

"အရှင့်သား ... ကျွန်တော်မျိုးက အစေခံခေါင်းဆောင် Han ပါ။ မြင်းဇောင်းမှာ အရှင့်သား တစ်ခုခု လိုအပ်တာများ ရှိလို့ပါလား?"

ကြောက်ရွံ့မှုကြောင့် အစေခံချုပ်က တုန်တုန်ယင်ယင်နဲ့ပင် ခါးကို အနည်းငယ် ကိုင်းညွှတ်ကာ သူ့ကို အရိုအသေပေးရင်း မေး၏။

"မရှိဘူး ခေါင်းဆောင် Han"

"အဲ့တာဆို ကျွန်တော်မျိုး Donghyuck ကို ခေါ်သွားပါဦးမယ်။ သူ လုပ်ရမယ့် အလုပ်လေး ရှိနေသေးလို့ ..."

ပြောရင်းပင် အစေခံခေါင်းဆောင် ဖြစ်သူက Donghyuck ကို မျက်စတွေပစ်ပြကာ သွားဖို့ ခေါ်နေပေမယ့် ကောင်လေးက တုတ်တုတ်မျှ မလှုပ်။

Minhyung ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးပင် အနောက်ကို တစ်ချက် ကြည့်လိုက်တဲ့အခါမှာတော့ ပေတူးလေးက မလိုက်ချင်လို့ ကျောနောက်မှာ ကွယ်ပြီး ပုန်းနေသယောင်၊ လက်သေးသေးလေးကလည်း သူ့အင်္ကျီစလေးကို မသိမသာ ဆုပ်ကိုင်ထားသေး၏။

"Lee Donghyuck လာလေ ... ဘာလုပ်နေတာလဲ?"

ခေါင်းဆောင် Han ကလည်း သူ့ရှေ့မှာမို့လို့ ထင်ပါရဲ့၊ ဒေါသသံ မထွက်သွားအောင် ထိန်းပြောနေရပုံ။

"တကယ်တော့လေ ခေါင်းဆောင် Han ... ကျွန်တော် Donghyuck ကို ခိုင်းစရာ ရှိတယ်"

သူ ရုတ်တရက် ပြောလိုက်တဲ့ စကားမှာတော့ ခေါင်းဆောင် Han က အနည်းငယ် အံ့ဩသွားပေမယ့် လက်မလျှော့နိုင်စွာပင် ထပ်ပြောလာပါ၏။

"ဗျာ? အရှင့်သား လိုအပ်တာ ရှိရင် ကျွန်တော်မျိုး လုပ်ပေး -"

"မဟုတ်ဘူး။ ကျွန်တော် ခိုင်းမယ့်ဟာက Donghyuck လုပ်မှပဲ ရမှာ"

မြန်မြန် ထွက်သွားစေချင်တာကြောင့် စကားစကို ဖြတ်ပြီး ခပ်ပြတ်ပြတ်သာ သူ တုန့်ပြန်လိုက်ပေမယ့်လည်း ဘိုးတော်က အခုထိ သဘောမပေါက်သေးဟန်။

"ဘယ်လို အလုပ် -"

"ခေါင်းဆောင် Han လည်း အလုပ်များနေမှာပဲ ... သွားစရာရှိတာ သွားတော့လေ။ Donghyuck ကို လုပ်ခိုင်းစရာက များတော့ ကျွန်တော် သူ့ကို အခုပဲ ခေါ်သွားလိုက်တော့မယ်"

နောက်ဆုံး စိတ်မရှည်တော့စွာ ထွက်ပေါ်လာတဲ့ Minhyung ရဲ့ အေးစက်စက် နှင်လွှတ်သံမှာတော့ ခေါင်းဆောင် Han လည်း အရစ်မရှည်ရဲတော့။

"အာ ... ဟုတ်ကဲ့ပါ အရှင့်သား။ အဲ့တာဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦး ..."

ထို့သို့ မြင်းဇောင်းကနေ အစေခံခေါင်းဆောင်က ခပ်သွက်သွက် ထွက်သွားလို့ အရိပ်အယောင်ပင် မမြင်ရတော့တဲ့အခါမှာတော့ အနောက်မှာ ပုန်းနေတဲ့ Donghyuck ဘက်ကို သူ လှည့်လိုက်၏။

သို့သော်လည်း Minhyung ဘာမှ မပြောသေးဘဲ မျက်ခုံးတစ်ဖက်ပင့်ကာပင် ထိုကောင်လေးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တော့ ကျေးဇူးရှင်လေးက သွား ၃၂ချောင်း ပေါ်တဲ့အထိ ဖြီးရယ်ပြပါ၏။

"ဟို ... ဟိုလေ အရှင့်သား ..."

မျက်လုံးလေး ကလယ်ကလယ်နဲ့ ဆင်ခြေပေးဖို့ Donghyuck က စကားစလိုက်ပေမယ့်လည်း နောက်ကျတော့ ဟိုကြည့်သည်ကြည့်နဲ့ ဘာမှ ဆက်မပြောတော့။

"ကိုယ့်ကို ဒိုင်းကာ လုပ်ရတာ ဘယ်လိုလဲ?"

သို့သော်လည်း မေးခွန်းကို မဖြေဘဲ မသိချင်ယောင်ဆောင်နေတဲ့ ကောင်လေးကြောင့် သူ သက်ပြင်းတိုလေး တစ်ချက်သာ ချမိတော့၏။

"အာ ... ဟီးဟီး ... ကျေးဇူးတင်ပါတယ် အရှင့်သား"

ထိုကဲ့သို့ပင် ပေတူးလေးက စပ်ဖြဲဖြဲနဲ့ ခါးကို 90° ကိုင်းညွှတ်ကာ ပြောလာတဲ့အခါမှာတော့ Minhyung ခါးယမ်းရင်း ခပ်ဩဩသာ ရယ်မိတော့၏။

"ငါ့နှယ်နော် ... ခေါင်းဆောင် Han ကိုလည်း ပြောလိုက်ပြီဆိုတော့ ... ကျေးဇူးရှင်လေး လာ ... လိုက်ခဲ့တော့"

"ဟင် ဘယ်ကို?"

Donghyuck က သူ့ရဲ့စကားကို နားမလည်စွာ ကြောင်တောင်တောင်လေး မေးလာပြန်၏။

"ရောက်ရင် သိမှာပေါ့ကွာ။ မင်းကို ကိုယ် လုပ်ခိုင်းစရာ ရှိတယ်လို့ ခုနက ပြောလိုက်တာ ကြားတယ်မလား?"

သို့သော်လည်း သွားမယ့်နေရာကို သူ တမက်သက်သက် မပြောပြဘဲ နန်းတော်ဘက်ကိုသာ ခြေလှမ်းတွေ ဦးတည်လိုက်တော့ ကောင်လေး ကလည်း  အနောက်ကနေ ကုပ်ကုပ်ကလေး လိုက်လာပါ၏။

"ကျွန်တော့်ကို ဘာခိုင်းမလို့လဲ အရှင့်သား?"

"ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲဟင်? ကျွန်တော် ဒီဘက်ကို တစ်ခါမှ မရောက်ဖူးဘူး"

လမ်းတစ်လျှောက်လုံးမှာ တတွတ်တွတ်နဲ့ပင် ဆူညံနေတဲ့ Donghyuck က မေးခွန်းတွေကို သူ ပြန်မဖြေလည်း အတွင်း အပြင်အဆင်တွေကို ကြည့်ပြီး တစ်ယောက်တည်း အံ့ဩမှင်သက်စွာ ရေရွတ်နေ၏။

တကယ်တော့ အခု Minhyung ခေါ်လာခဲ့တဲ့ နန်းတော်ရဲ့ အတွင်းဘက်ပိုင်းကို ကောင်လေး မရောက်ဖူးတာက ဆန်းကြယ်တဲ့ ကိစ္စမဟုတ်။

ယုံကြည်ရတဲ့ အစေခံချုပ်တွေနဲ့ ရာထူးမြင့် အထက်တန်းစားတွေက လွဲပြီး တော်ဝင် မိသားစုရဲ့ ကိုယ်ပိုင် အခန်းတွေရှိတဲ့ ဒီအတွင်းဘက်ကို ဘယ်သူမှ အလွယ်တကူ ဝင်ထွက်ခွင့် မရှိဘူးလေ။

ခိုင်ခံ့လှတဲ့ ကျွန်းတံခါးကြီးရှေ့ အရောက်မှာတော့ သူတို့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ကာ အခန်းတံခါးကို တွန်းဖွင့်လိုက်ပါ၏။

"ခမ်းနားလိုက်တာ ... ပန်းချီတွေက ... စာအုပ်တွေရော အများကြီးပဲ ..."

ခပ်ခုံးခုံး မျက်နှာကြက်မှာ ဆန်းကြယ်လှတဲ့ ပန်းချီကားတွေ ရေးဆွဲထားပြီး စင်အလိုက် စာအုပ်တွေနဲ့ ပြည့်နှက်နေတဲ့ စာကြည့်တိုက်လေးက မိသားစုက လွဲပြီး ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးထားတဲ့ Minhyung ရဲ့ ကိုယ်ပိုင်နေရာလေးပင်။

Donghyuck ကတော့ ခြွင်းချက် ဖြစ်သွားပြီ ထင်ပါရဲ့။

×T B C×

Continue Reading

You'll Also Like

3.9K 476 7
You and I ငါ့ရဲ့ ပင်လယ် နွေးထွေးတဲ့ ပွေ့ဖက်မှု I will dive into you NoMin 5th Book (NoMin 3rd Myanmar Mini Fanfic) Start Date - 7. 2. 2022 End Date...
55.6K 1.5K 11
When Jahturi Mulann moves to a new state, she's met with a new foster home. She takes an interest in someone with a like past.
1.1M 19.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
576K 20.9K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...