너를 만나 - Me After You

By onyourm__0on

16.9K 2.1K 157

Start date - 26.05.23 End date - 18.06.23 More

Prologue
나를 만나 - 1
너를 만나 - 2
너를 만나 - 3
너를 만나 - 4
너를 만나 - 6
너를 만나 - 7
너를 만나 - 8
너를 만나 - 9
너를 만나 - 10
너를 만나 - 11
너를 만나 - 12
너를 만나 - 13 (End)

너를 먼나 - 5

931 143 8
By onyourm__0on


နေ့လည် နှစ်နာရီ၌ ပို့လာသည့် "ယောရွန်းတို့ တွေ့ကြရအောင်" ဟူသည့်  မက်ဆေ့ကြောင့် ကျန်းဟာအို သက်ပြင်းချမိသည်။
ဟန်ဆောင်နေရခြင်းက ကျန်းဟာအိုအတွက် သိပ်ကိုခက်ခဲလှသည်။
သို့သော်လည်း အခုအချိန်မှတော့ မတတ်နိုင်တော့ပါလေ။
သူဟာ ပတ်ခ်ယောရွန်း၏ ချစ်သူ ဖြစ်နေပြီ။

ခဏအကြာ၌ တွေ့မည့်နေရာ၏လိပ်စာ ပို့ပေးလာသည်မို့ ချက်ချင်းပဲ ထွက်လာခဲ့လိုက်သည်။ စိတ်ထဲမှာတော့ ယောရွန်းနဲ့တွေ့ရင် ဘာအကြောင်းအရာပြောရမလဲဆိုတာ စဉ်းစားလျက်။

ကျန်းဟာအိုလာတော့ ဆိုင်ထဲ၌ထိုင်နေသည့် ယောရွန်းအား တန်းကာမြင်ရသည်။
Crop top နှင့် jeans ကို အပြာရောင်long coat နှင့် တွဲဖက်ဝတ်ဆင်ထားသည့် သူမက ကြည့်လိုက်ရုံနှင့် မျိုးရိုးမြင့်ကမွေးဖွားလာသူမှန်း သိနိုင်သည်။
ကျန်းဟာအိုကိုမြင်တော့ အနည်းငယ်ပြုံးပြကာ လက်ယက်၍ လှမ်းခေါ်သည်။

"ကိုယ်နောက်ကျသွားတာလား။ မြန်မြန်လာပင်မဲ့ လမ်းမှာကားကြပ်နေလို့"

"ဟင့်အင်း နောက်မကျပါဘူး။ ယောရွန်းလည်း ခုနလေးကမှရောက်တာ"

"အင်း အဲ့‌ဒါဆိုရင်တော့ တော်သေးတာပေါ့"

"ယောရွန်းကိုယ့်ကိုတွေ့ချင်တယ်ဆိုတာက ပြောစရာတစ်ခုခုရှိလို့လား"

"ပြောစရာရှိလို့လည်း ဟုတ်တယ်၊ တွေ့ချင်လို့လည်း ဟုတ်တယ်"

"...."

"ကိုကိုက အမြဲမအားလို့ ယောရွန်းနဲ့‌တစ်ခါတစ်လေမှပဲ တွေ့ဖြစ်တာလေ။ မိန်းကလေးဖြစ်တဲ့ ယောရွန်းကကျ ကိုကို့လောက်အထိ ဘယ်နေနိုင်မလဲ"

ငြူစူစူပြောလာသည့် သူမ၏စကားကို ကျန်းဟာအိုဘယ်လိုတုံ့ပြန်ရမလဲ မသိပါ။ သူမပြောသည့် စကားတွင်လည်း သဘာဝမကျတာမျိုး မပါတာကြောင့် ကျန်းဟာအိုမှာ သူ့လုပ်ရပ်တွေအား သူပြန်သုံးသပ်မိသည်။

တကယ်ဆိုရင် ဆောင်းဟန်ဘင်းထက် ရည်းစားဖြစ်သူ ယောရွန်းကိုသာ ကျန်းဟာအိုက သူ့အချိန်များကို ပိုပေးသင့်သည်။
ဆောင်းဟန်ဘင်းနှင့် ကော်ဖီဆိုင်ထိုင်သည့် အချိန်များထက် ယောရွန်းနှင့် တွေ့ဆုံသည့်အချိန်က ပိုများသင့်သည်။
ဆောင်းအိမ်တော်ကို သွားသည့်အချိန်များ၌ ပေါ့ပါးနေသည့် စိတ်များသည် ပတ်ခ်အိမ်တော်ကို သွားချိန်၌လည်း မပြောင်းမလဲပေါ့ပါးနေသင့်သည်။
ဆရာက တပည့်အိမ်သွားသည့်အချိန်ထက် သမတ်က ယောက္ခမဆီသွားတဲ့အချိန်ဟာ ပိုများနေသင့်သည်။
ဆောင်းဟန်ဘင်းကို စာအရင်စပို့သလိုမျိုး ယောရွန်းကိုလည်း စာပို့သင့်သည်။

ကျန်းဟာအိုဟာ လက်ရှိအခြေအနေမှာ ယောရွန်းအပေါ် ဘယ်လောက်ထိတောင် ပျက်ကွက်နေမိခဲ့သလဲ မသိတော့ပါ။
ဒါပင်မဲ့လည်း ခက်တာပါပဲ။
ကျန်းဟာအိုက ဆောင်းဟန်ဘင်းကြောင့်နဲ့သာ ရည်းစားထားခဲ့ရတာပင်။

"ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်ကအမြဲယောရွန်းအပေါ်ကို ပျက်ကွက်နေခဲ့မိတာ"

"ရပါတယ်။ အခုတွေ့တာလည်း ယောရွန်းကမေးစရာရှိလို့"

"မေးလေ ယောရွန်း"

"မနေ့က ကိုကို့ကိုဟန်မြစ်နားမှာ တွေ့လိုက်တယ်။ ဆောင်းဟန်ဘင်းနဲ့"

အတည်ပြုချင်သည့်သဘောဖြင့် မေးလိုက်ပါသော်လည်း အနည်းငယ်လှုပ်ရှားသွားသည့် ကျန်းဟာအို၏ မျက်လုံးအိမ်‌များကြောင့် သူမကအတည်ပြုရာပင် မလိုတော့သလို။

"ဟုတ်ပါတယ် ကိုယ်‌ဟန်ဘင်းနဲ့ ဟန်မြစ်ကိုသွားခဲ့တာ"

"ကိုကိုပြောတော့ ညနေဘက်စာသင်ချိန်ရှိတာကြောင့် မအားဘူးဆို"

"ကိုယ်အမှန်တိုင်းပြောရရင် ယောရွန်းအဖေနားရှိနေရတာ နေရခက်တယ်။ တစ်နှစ်ကျော်လုံး ယောရွန်းအဖေက အလုပ်အကြောင်းနားလည်အောင် ကိုယ့်ကိုခေါ်ပြီး အတူသွားတဲ့အချိန်တွေရှိပင်မဲ့လည်း အခုထိကိုယ်နေရခက်နေတုန်းပဲ"

ထိုစကားသည် ကျန်းဟာအိုတမင်လိမ်ညာပြောခြင်းမဟုတ်။
တကယ်ပင် ကျန်းဟာအိုမှာ ပတ်ခ်ဥက္ကဌနှင့်တွေ့တိုင်း အသက်ရှူကြပ်သလို ခံစားရသည်။
အလွန်သေးငယ်သည့် နေရာ၌ မနည်းဆန့်အောင်နေထိုင်နေရသလိုမျိုး အနေအထိုင်လည်း ကျဉ်းကြုတ်လှသည်။

"အဲ့ဒါများ ယောရွန်းကိုကြိုပြောပြပါရောလား ကိုကိုရယ်"

"အင်း.."

တိတ်ဆိတ်သွားတဲ့လေထု။ ကျန်းဟာအိုနှင့်စကားပြောသူတိုင်းသည် ထိုလေထုမျိုးကို တစ်ကြိမ်တစ်ခါဖြစ်ဖြစ်တော့ ကြုံဖူးကြပေလိမ့်မည်။
ကျန်းဟာအိုဟာ စကားနည်းတဲ့သုဖြစ်တဲ့အပြင် ပြောစရာအကြောင်းအရင်းရှိမှသာ စကားပြောတတ်သောသူဖြစ်သည်။

ထို့ကြောင့် ကျန်းဟာအိုနှင့်ယောရွန်း စတွဲသည့်အချိန်၌ တစ်ကျောင်းလုံး၏ ပါးစပ်ဖျားတွင် အပြောအများဆုံး စကားတစ်ခွန်းရှိခဲ့သည်။

"ကျန်းဟာအိုလိုလူက ချစ်သူဘယ်လိုရသွားလဲ" ဆိုသည့် မေးခွန်းပင်။

အလုပ်ကိစ္စကြောင့် ဆောင်းဟန်ဘင်းတို့ကျောင်းကို ခဏခဏလာရသည့် ကျန်းဟာအိုကို ‌မသိတဲ့ကျောင်းသား ဟူသည်မှာ မရှ်သလောက်ရှားပါးသည်။
တရုတ်ကနေ အပြီးပြောင်းလာတဲ့ ကျန်းဟာအိုနင်းမ်က
ကိုရီးယားစကားလည်း အခက်အခဲမရှိပြောတတ်သည် ဟူ၍ ကျန်းဟာအိုနှင့် စကားပြောဖူးသူတိုင်းက ချီးကျူးတတ်ကြသည်။
ထို့ကြောင့် စာအလွန်တော်သောကျန်းဟာအိုအား ကျောင်းသားတိုင်းသိကြသည်။
ကျန်းဟာအိုရည်းစားရသည့် သတင်းသည်လည်း အလင်း၏အရှိန်နှုန်းဖြင့်ပင် တစ်ကျောင်းလုံးပြန့်သွားခဲ့သည်။

သို့သော် ယောရွန်းနှင့်တွဲခဲ့သည့်အချိန်မှာ အထက်တန်းပြီးတဲ့အချိန်ဖြစ်တာမို့ ဝေဖန်သံများတော့ ထွက်မလာခဲ့ပါ။
ဘယ်လိုရည်းစားရသွားလဲ ဆိုသည့် အမေးကသာ ဟိုတစ်ဆ၊ဒီတစ်ဆထွက်လာခဲ့သည်။
ကျန်းဟာအိုမှာ ထိုသို့ပြန်ကြားရတိုင်း ဆောင်းဟန်ဘင်းကြောင့်ဟေ့ လို့ အော်ဟစ်ပြီးသာ ပြန်ပြောပစ်လိုက်ချင်ပါသည်။

တစ်သက်လုံးရည်းစားထားဖို့ စိတ်မကူးဖူးတဲ့ ကျန်းဟာအိုမှာ ဆောင်းဟန်ဘင်းကြောင့်နဲ့ မစဉ်းစားမဆင်ခြင်ဘဲ ရည်းစားထားခြင်းဟူသည့် အမှုကိုပြုခဲ့မိသည်။
အခုအချိန်တွင် ပြဿနာက ဖြည်လေရှုပ်လေဖြစ်နေတဲ့ ကြိုးထုံးလို။
ကျန်းဟာအိုဟာလည်း ယောရွန်းအပေါ်ဂရုမစိုက်ပေးတဲ့ ချစ်သူလို။

"ကိုကို"

အတွေးနယ်ကျွံနေရာမှ ယောရွန်း၏ခေါ်သံကြောင့် စိတ်အာရုံများက လက်ရှိကိုပြန်၍ရောက်လာခဲ့သည်။

"ကိုကို ဘာသောက်မှာလဲလို့ ကော်ဖီပဲလား"

"အင်း ကော်ဖီပဲသောက်လိုက်တော့မယ်"

"ကိုကိုရေ ယောရွန်းကိုမျက်လုံးလေးတစ်ချက်လောက် မှုတ်ပေးပါလား၊ မျက်လုံးထဲဘာဝင်သွားလဲမသိဘူး"

"ရတယ်လေ ဒီနားတိုး ကိုယ်မှုတ်ပေးမယ်"

‌သူမမျက်လုံးအား လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်လက်တစ်ဖက်က ခုံပေါ်ထောက်၍တင်ထားသည်။

"ရပြီလား ယောရွန်း။ မျက်လုံးကို အပေါ်ကြည့်အောက်ကြည့် လုပ်..."

"ကျန်း‌ဟာအို"

ယောရွန်းမျက်လုံးအား မှုတ်ပေးပြီးနောက် အမှုန်ထွက်သွားပြီလား အတည်ပြုဖို့ရာ အပေါ်ကြည့်အောက်ကြည့်လုပ်ဖို့ ပြောနေတုန်း ကျယ်လောင်စွာထွက်ပေါ်လာသည့်ခေါ်သံ။

ကျယ်လောင်လှသော ခေါ်သံကြောင့် ကျန်းဟာအိုကိုယ်လေးမှာ တစ်ချက်ပင် တုန်တက်သွားရသည်။ ကော်ဖီဆိုင်ထဲ၌ လူသိပ်မရှိနေ၍သာ တော်သေးသည်။ မဟုတ်လျှင် ‌ထိုခေါ်သံပိုင်ရှင်အား ရမ်းကားမှုနှင့် တိုင်ကြားလောက်မည်မဟုတ်လား။

ခေါ်ဆိုသူအား သိနေသည့်အလား နောက်ကိုလှည့်ကြည့်မိတော့ ကျန်းဟာအိုထင်တဲ့အတိုင်းပင်။
အထက်တန်းကျောင်းသား uniform ဝတ်ထားသည့် ဆောင်းဟန်ဘင်း။

အနားကိုလျှောက်လာပြီး လက်ကောက်ဝတ်အားဆွဲကာ ခေါ်သွားသည့်သူနောက် အပြေးတစ်ပိုင်းလိုက်ရသေးသည်။
ဒီကောင်လေးဘာလို့ ဒေါသတဲ့ပုံစံပေါက်နေရတာလဲ။
တကယ်ဆိုသူကမှ ကျောင်းပြေးလာလို့ ကျန်း‌ဟာအိုကစိတ်ဆိုးရမှာ မဟုတ်ဘူးလား။

စိတ်တိုနေပုံပေါ်ပင်မဲ့လည်း သူ့လက်ကောက်ဝတ်ကို ကိုင်ထားသည့်လက်တစ်ဖက်မှာ အားထည့်၍ကိုင်ထားခြင်းမဟုတ်ဘဲ ပုံမှန်အားဖြင့်သာ ကိုင်ထားသည်မို့ ကျန်းဟာအိုလက်တွင် နာကျင်မှုအလျင်းမရှိပါ။

လမ်းတစ်လျှောက်လုံးတွင် သူ့လက်အားဆုပ်ကိုင်ထားသည့်
လက်ပိုင်ရှင်၏ ခပ်ရေးရေးသွေးပြန့်ကြောများကိုသာ အာရုံရောပ်နေသည့် ကျန်းဟာအိုမှာ ဆောင်းဟန်ဘင်းသူ့ကို ဘယ်နေရာခေါ်လာမှန်းပင် သတိမထားမိတော့ပါ။

နေရာတစ်ခုကိုရောက်တော့ ဆောင်းဟန်ဘင်းဟာ ကျန်းဟာအိုလက်တွေကို လွှတ်လိုက်ပြီးနောက် ခပ်မာမာလေသံဖြင့် သူ့ဘက်လှည့်ကာ မေးလာသည်။

"အဲ့ဒါက လူမြင်ကွင်းမှာ ဘာလုပ်နေတာလဲ"

"ဘာကိုပြောနေတာလဲ"

"ပတ်ခ်ယောရွန်းနဲ့ လူမြင်ကွင်းမှာဘာလုပ်နေတာလဲလို့"

ထပ်ပြီး ကျယ်လောင်စွာမေးလာတဲ့ စကားသံကြောင့်
ကျန်းဟာအို ရင်ထဲတွင် ဆစ်ခနဲ။
‌ဆောင်းဟန်ဘင်းက ယောရွန်းနဲ့သူ့ကိုနမ်းနေတယ်လို့ ထင်နေတာ။
အဲ့လိုဆိုတော့ ကျန်းဟာအိုကပတ်ခ်ယောရွန်းကို နမ်းတယ်ထင်ပြီး ဆောင်းဟန်ဘင်းက ဒေါသထွက်နေတာပေါ့လေ။

"ဘာမှမလုပ်နေဘူး"

"ကျွန်တော့်မျက်စိနဲ့ သေချာမြင်ခဲ့တာကို ခင်ဗျားကငြင်းသေးတယ်လား"

"ငြင်းနေတာမဟုတ်ဘူး ငါအမှန်အတိုင်းပြောနေတာ၊ ငါယောရွန်းနဲ့ ဘာမှမလုပ်ခဲ့ဘူး"

"အတန်းစောဆင်းပေးလိုက်တုန်း ‌ကော်ဖီသောက်ဖို့ ဆိုင်ထဲဝင်လာတဲ့အချိန် ခင်ဗျားတို့နှစ်ယောက်က နမ်းနေတာလေ ဟား"

"ငါဘာမှမလုပ်နေပါဘူးလို့ မင်းကိုပြောပြီးပြီလေ၊
အေး အကယ်၍ နမ်းနေရင်တောင် ဘာဖြစ်လဲ ငါ့ချစ်သူကိုငါနမ်းတာပဲလေ"

"ကျန်းဟာအို"

"ဆောင်းဟန်ဘင်း"

သူတစ်ပြန်ကိုယ်တစ်လှည့်ဖြင့် စကားများကာ အခြေအတင်ဖြစ်လာရသည်မို့ နှစ်ယောက်လုံးဟာ တူညီတဲ့ အသံ toneအတိုင်း အချင်းချင်း ပြန်အော်နေကြသည်။

မိန်းကလေးတစ်ယောက်အတွက်နဲ့ သူ့အားအော်ပြောသည့် ဆောင်းဟန်ဘင်းကြောင့် ကျန်းဟာအိုစိတ်တိုလာကာ အကန်တွေပြန်ပြောလိုက်တော့သည်။
သို့သော် ဆောင်းဟန်ဘင်းထံမှ မာထန်သောလေသံဖြင့် သူ့အရင်းအားခေါ်လာသည့် အချိန်တွင်မူ ကျန်းဟာအို ဆက်ပြီးဟန်မဆောင်နိုင်တော့ပါ။
မျက်လုံးအိမ်ထဲတွင် မျက်ရည်များကချက်ချင်းပင် ပြည့်လျှံလာကာ မျက်စိရှေ့က ဆောင်းဟန်ဘင်း‌၏ ပုံရိပ်မှာလည်း ဝေဝါးလို့။

"ငါ့ကို အဲ့လိုလာမအော်နဲ့ မကောင်းတဲ့ကောင်ရဲ့"

ကျန်းဟာအိုဟာ သူ့အသံကိုအတတ်နိုင်ဆုံး ထိန်း၍ပြောလိုက်ပါသော်လည်း ဆောင်းဟန်ဘင်းနားထဲသို့ ရှိုက်သံများဖြင့်သာ ရောက်သွားသည်။

သူ့ကိုပြန်အော်ရင်း ရုတ်တရက်ပင်ငိုချလာသည့် ကျန်းဟာအိုကြောင့် ဆောင်းဟန်ဘင်းမှာ ထွက်လတ်စဒေါသပင် ဘယ်ဆီပြေးသွားမှန်းမသိ။
မတ်တပ်ရပ်ကာ ကြောင်ကြည့်နေမိတော့ ငိုသံလေးထပ်၍ထွက်လာပြန်သည်။

"သူက..မျက်လုံးထဲ ဖုန်ဝင်..ဟင့်..သွားတယ်ပြောလို့..
မှုတ်ပေးနေတာ..ကိုမင်းက..လာအော်တာ..လေ။ ငါအခုထိ..ဘယ်သူ..နဲ့မှ မနမ်းရ..သေးဘူး ‌ဆောင်းဟန်ဘင်းရဲ့ "

ရှိုက်သံများ‌ဖြင့် အဖြတ်အတောက်မမှန်သည့် ဖြေရှင်းသံအား ဆောင်းဟန်ဘင်း မနည်းအားစိုက်၍ နားထောင်လိုက်ရသည်။

ထိုအခါမှ ဆောင်းဟန်ဘင်းမှာ သူအထင်လွဲသွားမိပြီမှန်းသိကာ နို့ခဲလုံးလေးနားသို့ အပြေးသွားမိသည်။ အနားရောက်သည်နှင့် ပုခုံးလေးမှဆွဲကာ ဖက်မိတော့ နို့ပူတင်းလေးဟာ ရင်ခွင်ထဲကို ‌
အင့်ခနဲပါလာတော့သည်။

"ဟောင့်ကော ကျွန်တော်မှားသွားပါတယ်။ မငိုနဲ့တော့နော်"

"မင်းကငါ့ကိုအော်တာ အကျင့်မကောင်းတဲ့ကောင်"

"ဟုတ်ပါတယ် ကျွန်တော်က အကျင့်မကောင်းတဲ့ကောင်မို့ မငိုပါနဲ့တော့"

"ငါ့ကို ခင်ဗျားလို့လည်းသုံးတယ်။ ကိုယ့်ဆရာကို ရိုသေမှုမရှိတဲ့တပည့်ပဲ မင်းက"

"ကျွန်တော်‌တောင်းပန်ပါတယ်။ ဟာအိုကိုဘယ်လိုပြန်ချော့ရမလဲ ဟင်"

"မချော့နဲ့ ငါလည်းမင်းကိုစာလာမသင်တော့ဘူး"

"ဟာ အဲ့လိုတော့မလုပ်ရဘူးလေ။ ကျွန်တော်က ဟာအိုသင်ပေးမှနားလည်တာ"

"တစ်ခြားသူသွားသင်ခိုင်း။ ငါ့စကားကိုမယုံတဲ့ ကျောင်းသားကို စာဆက်မသင်နိုင်တော့ဘူး"

"ဟာအိုကိုယုံပါတယ်၊ ရုတ်တရက်ကြီး မြင်လိုက်ရတော့ ကျွန်တော်သွေးဆူသွားတာ"

အငိုရပ်သွားသည်နှင့် ရန်စကားပြောလာသည့် ဂိုက်ဆရာဟာ
ဆောင်းဟန်ဘင်းရင်ခွင်ထဲက အခုထိမထွက်ရသေး။
ကျန်းဟာအိုစိတ်ဆိုးတိုင်း ဆောင်းဟန်ဘင်းက စိတ်ဆိုးပြေသည်အထိ ရင်ခွင်ထဲတွင် အကြာကြီးထည့်၍ ဖက်ထားလေ့ရှိသည်။

အစပိုင်းတွင် ကျန်းဟာအိုက ရုန်းသော်လည်း ၂နှစ်ကျော်ကြာပြီးသည့်အခါ၌ အကျင့်ဖြစ်သွားပုံပေါ်ပါသည်။

ဆောင်းဟန်ဘင်း ပုခုံးပေါ်မေးလေးတင်ရင်း အကျင့်မကောင်းတဲ့တပည့် ဟုဆိုကာ ကျောပြင်အား အားမပါသည့်လက်သီးဆုပ်‌လေးများဖြင့် ထုရိုက်နေသည်။

မနာစေချင်လို့မှန်းသိနေသည့် ဆောင်းဟန်ဘင်းကတော့ ရင်ခွင်ထဲက ကိုယ်လေးအား ပိုတိုးဖက်ကာ ပြုံးရယ်လို့။

လမ်းလယ်ခေါင်မှာ မဟုတ်သော်လည်း လူမြင်ကွင်း၌ရှိနေသည်ကို သတိမရသည့် ဆရာနှင့်တပည့်ဟာ အချိန်အတန်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် ဖက်ထားခဲ့ကြပါသည်။

ထိုမြင်ကွင်းအား ဆိုင်ထဲမှလှမ်းကြည့်နေသည့်သူမှာတော့
အနိုင်ရမလိုနှင့် ထပ်ပြီးရှုံးသွားရပြန်သည်ဟု တွေးကာ
သက်ပြင်းရှည်တစ်ခုကို ချလျက်သား။

_30.05_

Continue Reading

You'll Also Like

1.4K 62 7
Book two of the Winter Trilogy *Very mature content*Altered timeline*18 & over* No longer the Winter Soldier, Bucky Barnes has found a new home and a...
838K 51.4K 116
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 19K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
10.5K 312 24
Regina and Emma have been best friends forever. They've shared everything since they were kids - secrets, clothes, laughs, substances, boyfriends...