๋„ˆ๋ฅผ ๋งŒ๋‚˜ - Me After You

By onyourm__0on

16.9K 2.1K 157

Start date - 26.05.23 End date - 18.06.23 More

Prologue
๋‚˜๋ฅผ ๋งŒ๋‚˜ - 1
๋„ˆ๋ฅผ ๋งŒ๋‚˜ - 3
๋„ˆ๋ฅผ ๋งŒ๋‚˜ - 4
๋„ˆ๋ฅผ ๋จผ๋‚˜ - 5
๋„ˆ๋ฅผ ๋งŒ๋‚˜ - 6
๋„ˆ๋ฅผ ๋งŒ๋‚˜ - 7
๋„ˆ๋ฅผ ๋งŒ๋‚˜ - 8
๋„ˆ๋ฅผ ๋งŒ๋‚˜ - 9
๋„ˆ๋ฅผ ๋งŒ๋‚˜ - 10
๋„ˆ๋ฅผ ๋งŒ๋‚˜ - 11
๋„ˆ๋ฅผ ๋งŒ๋‚˜ - 12
๋„ˆ๋ฅผ ๋งŒ๋‚˜ - 13 (End)

๋„ˆ๋ฅผ ๋งŒ๋‚˜ - 2

1.1K 173 10
By onyourm__0on


ကျန်းဟာအိုအတွက် ပုံမှန်အတိုင်း လည်ပတ်နေတဲ့ သာမန်နေ့ရက်တွေပဲဖြစ်သည်။
တယောသင်တန်းနဲ့ ဆောင်းဟန်ဘင်းအိမ်အပြင် ဘယ်နေရာမှသွားစရာမရှ်ိသလို သွားချင်စိတ်လည်းမရှိပါ။
ရည်းစားဖြစ်သူ ယောရွန်းက လျှောက်လည်ဖို့ပြောပင်မဲ့ ကျန်းဟာအိုက ငြင်းထားခြင်းဖြစ်သည်။
အမြဲတမ်းငြင်းနေမိတာကြောင့် ယောရွန်းကို အားနာပါရဲ့။
ဒါပင်မဲ့ သူယောရွန်းကိုချစ်ကြိုက်မိမှာ မဟုတ်တာတော့ သေချာသည်။

အတိတ်ကအဖြစ်အပျက်တွေက ပေါ့ပါးသလိုနဲ့ လေးလံနေခဲ့တာ။
ဘယ်လောက်အထိတောင် လေးလံခဲ့သလဲဆိုရင် ကျန်းဟာအိုက ဆောင်းဟန်ဘင်းကြောင့်နဲ့ ဘာတွေလုပ်လိုက်မိမှန်းတောင် မသိတော့သည်အထိ။


/3.4.2021 - Friday/

လက်ခံထားသည့် Wedding တွင် တယောထိုးပေးပြီးနောက် ကျန်းဟာအို စင်ပေါ်ကဆင်းလာခဲ့သည်။
တစ်ခုတည်းသော သိမ်းစရာပစ္စည်းဖြစ်သည့်တယောကို အိတ်ထဲပြန်ထည့်ပြီးနောက် ဧည့်ခံပွဲများရှိရာဆီ သွားထိုင်ရဦးမည်။
Wedding ဖြစ်တာမို့ စားပြီးသောက်ပြီးမှပြန်ပါ ဆိုသည့် စကားကြောင့် သူတို့ခေါ်ရာဝိုင်းသို့ ကျန်းဟာအိုဝင်ထိုင်လိုက်သည်။
ထိုဝိုင်းတွင် အသက်လတ်ပိုင်းအမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားနှစ်ယောက် အပြင်၊
သူနှင့်အသက်အရွယ် မတိမ်းမယိမ်းလောက်ရှိမည့် ကောင်လေးတစ်ယောက်လည်း ရှိနေသည်။
ကျန်းဟာအိုက အခုမှစသိတဲ့သူတွေနဲ့ မရင်းနှီးတဲ့သူတွေကို စကားပြောတတ်သည့် အကျင့်မရှိတာကြောင့် ဝိုင်းတွင် ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်သည်။

ထို‌စကားဝိုင်းတွင် ဝင်မပါသည်က သူနှင့်သူဘေးကကောင်လေးနှစ်ယောက်တည်းပင်။
ရည်ရွယ်ပြီးနားမထောင်ရင်တောင် ကြားနေရသည်မို့ ထိုစကားများအရဆိုလျှင် ဒီလူတွေဟာ သတို့သမီးနှင့်သက်ဆိုင်သူများ ဖြစ်လောက်သည်။

"မမတောင် အိမ်ထောင်ပြုသွားပြီပဲ"

မကြာခင်မှာ ထွက်ပေါ်လာသည့် သူ့ဘေးကလူ၏ စကားဟာ ကျန်းဟာအိုရဲ့မှန်းဆချက်ကို သေချာအောင်လုပ်ပေးလိုက်သည်ဟုဆိုရမည်။

"သားကဒီနှစ် အထက်တန်းနောက်ဆုံးနှစ်မလား"

"ဟုတ်ပါတယ်"

"ဪ..ယောရွန်းလေးနဲ့တူတူပဲကို။ အန်တီကမေ့နေတာ"

ဝိုင်းထဲတွင် ထိုင်နေသည့်အမျိုးသမီးတစ်ယောက်က ထိုကောင်လေးကို စကားလှမ်းပြောလိုက်သည်။
သူမတို့စကားဝိုင်း အဆုံးသတ်ပြီးသည့်နောက်တွင် သူ့ကိုတယောထိုးပေးဖို့ လာငှားရမ်းသည့် သူကစကားဆိုလာသည်။

"ကျန်းဟာအိုက တယောထိုးတာတကယ်တော်တာပဲနော်"

"ကျွန်တော် ငယ်ငယ်တည်းက လေ့ကျင့်ခဲ့တာကြောင့်ထင်ပါတယ်"

"ဘာပဲဖြစ်ဖြစ် ဒီပွဲကိုလက်ခံပေးလို့ ဦးလေးကကျေးဇူးတင်ပါတယ်"

"ရပါတယ်၊ ကျွန်တော်လည်း အလကားလက်ခံပေးရတာမှမဟုတ်ဘဲ"

"‌ဖေဖေ ကျွန်တော်ဂိုက်ဆရာလိုတယ်ပြောထားတာလေ... အဲ့ဒါဒီဘက်ကတစ်ယောက်ကို အကူအညီတောင်းကြည့်ပါလား"

သူတို့စကားဝိုင်းထဲ ဖြတ်ပြောလာသည့် ဘေးကလူ၏စကားကြောင့် ကျန်းဟာအိုမှာ ကြောင်အစွာပြန်ကြည့်မိသည်။
သူ့ကိုကြည့်မှန်းသိသည့် ထိုလူက ကျန်းဟာအိုကို တိတိပပပြုံးပြလာသည်။

"ကျွန်တော့်ကိုပြောတာဆိုရင်တော့ ငြင်းပါရစေ။ တစ်ပတ်မှာ ၆ရက်လောက်က အချိန်ပိုင်းအလုပ်ရော၊ စာသင်တာရောနဲ့ ပြည့်နေလို့။ ဒီနေ့ကိုတောင် ပိတ်ရက်နဲ့တိုက်သွားလို့ လက်ခံပေးဖြစ်တာ"

"ကဲ သားရေ ကြားတဲ့အတိုင်းပဲ၊ ကျန်းဟာအိုကမအားဘူးတဲ့"

"အဲ့အလုပ်တွေမရှိတော့ရင် ဟောင့်ကောကအားသွားမှာလား"

ဒီလူ အဆီအငေါ်မတည့်သည့် စကားကို ဘယ်လိုများပြောထွက်ရတာလဲ ဟု ကျန်းဟာအိုတွေးတာ မျက်မှောင်ကြုတ်လိုက်မိသည်။
ပြီးတော့ သူ့နာမည်ကိုအဖျားစွတ်ပြီး ခေါ်လိုက်ပုံက မုန်းစရာ။
ကျန်းဟာအိုနဲ့ သိတဲ့သူတွေတောင် ကျန်းဟာအို ဆိုတဲ့ နာမည်အရင်းကိုသာ ခေါ်ကြတာပင်။
သူ့ကိုစာသင်ဖို့အတွက်နဲ့ ကျန်းဟာအိုကလက်ရှိအလုပ်တွေကနေ ထွက်ပေးရမှာလား။
မသိလျှင်ဘဲ ကျန်းဟာအိုရဲ့ အဲ့အလုပ်တွေကို သူက မရှိတော့အောင် လုပ်မည့်ပုံစံနှင့်။

"အဲ့အလုပ်တွေက ရှိဦးမှာ"

ခပ်ပြက်ပြက်စကားတစ်ခွန်းကို ပြန်ပြောပြီးနောက် ကျန်းဟာအို သူ့ဘေးကလူကို တစ်ချက်မှမကြည့်ဘဲ ရေခဲမုန့်ကိုသာ အာရုံစိုက်၍ စားနေလိုက်သည်။
စကားပြောမတတ်သည့်သူတွေကို ကျန်းဟာအိုသိပ်အမြင်ကတ်ပါသည်။

Wedding ကနေ ပြန်ခါနီးတွင် ရုတ်တရက်ဆန်စွာ ရွာချလာသည့်မိုးကြောင့် ကျန်းဟာအိုနောက်တစ်ကြိမ် သက်ပြင်းချမိသည်။
နွေရာသီမှာ မိုးရွာမယ်လို့ မထင်ထားသည့် ကျန်းဟာအိုဟာ အခုလည်း ထီးမပါလာပါ။
ခန်းမထဲမှလူများပင် အသီးသီးပြန်သွားကြသော်လည်း ကျန်းဟာအိုမှာတော့ ဝင်ပေါက်၏ ဘေးဘက်ထောင့်နားတွင် ရပ်ကာ မိုးတိတ်မည့်အချိန်ကို စောင့်နေတုန်း။
ဖုန်းဖြင့် taxi ခေါ်ဖို့ရာလည်း မနေ့ညကမေ့ပြီး ဖုန်းအားမသွင်းထားမိတာကြောင့် စက်ပိတ်သွားပြီဖြစ်ရာ မိုးတိတ်သည်အထိ
ရပ်စောင့်ရုံအပြင်မရှိ‌တော့။

တစ်ပေါက်ချင်းမဟုတ်ဘဲ အဆက်မပြက်နှင့် သည်းသည်းမည်းမည်းရွာချနေသည့် မိုးဟာ ဘာကိုများမကျေနပ်လို့ သည်းကြီးမည်းကြီးရွာချနေရသလဲ မှတ်ရသည်။
၁၅မိနစ်နီးပါးလောက် ရပ်စောင့်ပြီးတာတာင် ဆဲမလာသည့်မိုး
ကြောင့် ကျန်းဟာအိုနှုတ်ခမ်းအနည်းငယ် ဆူချင်လာပြီဖြစ်သည်။

"တိတ်ကိုမတိတ်နိုင်တော့ဘူး တကယ်ပဲ"

"ဟောင့်ကော အခုထိမပြန်သေးဘူးလား"

စိတ်တိုစွာ ငြီးငြူမိတော့ နောက်ကျောဘက်မှထွက်ပေါ်လာသည့် အသံကြောင့် ကျန်းဟာအိုကိုယ်လေးလန့်ကာ တုန်သွားရသည်။
မိုးသံကြောင့် သုံးပေအကွာကစကားပြောလျှင်တောင် သေချာမကြားရနိုင်သည့် အခြေအနေတွင်
ထိုလူကသူနှင့် ဘယ်လောက်အကွာအဝေးမှာရှိနေလို့
ဒီအမြင်ကတ်စရာအသံကို ရှင်းရှင်းလင်းလင်းကြား‌လိုက်ရတာလဲ။

အနောက်၌ရှိနေသည့်သူကို လှည့်ကြည့်တော့ Jeans one setကို ဝတ်ဆင်ထားသည့် စောနက အမြင်ကတ်စရာလူ။
သူ့အမေးကို ဘာမှတုံ့ပြန်ကာမဖြေမိတော့ ထပ်၍မေးလာပြန်သည်။

"ထီးမပါလာဘူးလား"

"...."

"ကျွန်တော်နဲ့လိုက်ခဲ့ပါ။ ကျွန်တော့်မှာ ထီးပါတယ်"

"ရတယ်။ ငါမိုးတိတ်တဲ့အထိ စောင့်ပြီးပဲ.."

"မိုးကတိတ်မှာမဟုတ်ဘူးထင်တယ် မနေ့ကမုန်တိုင်းသတင်းမကြည့်ခဲ့ဘူးလား ဟောင့်ကော"

"ဒီနေ့မုန်တိုင်းရှိတာလား"

"ဟုတ်တယ်လေ။ တစ်နေကုန်မိုးရွာနေတော့မှာ"

"ကျစ် ပြဿနာပဲ"

"ကျွန်တော်နဲ့လိုက်ခဲ့လိုက်ပါ။ သေချာလိုက်ပို့ပေးမှာပေါ့"

ကျန်းဟာအိုခဗျာ စောင့်ရတာလည်း ညောင်းနေပြီဖြစ်သည့်အပြင် အိမ်ပြန်ပြီးလည်းအနားယူချင်တာကြောင့် အကူအညီကိုလက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဒါဆိုလည်း သွားကြတာပေါ့"

ကားပေါ်ရောက်သည်နှင့် ကျန်းဟာအို၏တယောအိတ်ကို နောက်ခန်းသို့ပို့လိုက်ပြီး ထိုင်ခုံခါးပတ်ကအစ ပတ်ပေးဖို့ လုပ်နေတာမို့
ကိုယ့်ဘာ့ကိုယ်လုပ်မယ် ဆိုကာ အမြန်တားရသေးသည်။
ကောင်းချင်ရင်လည်း လွန်ပါရော။

အိမ်လိပ်စာနေရာ ပြောပြီးနောက် ကားထဲ၌လေထုဟာ အပြင်ဘက်ကရာသီဥတုနှင့် ကိုက်ညီစွာ အေးတိအေးစက်။

"ဟောင့်ကောမှာက အလုပ်တွေများသားပဲနော်"

"ဟုတ်တယ်"

"လက်ရှိအလုပ်တွေထဲမှာ ဘယ်အလုပ်လုပ်ရတာ အကြိုက်ဆုံးလဲ"

"တယော...မသိတဲ့သူကို ငါကဘာလို့ပြောပြရမှာလဲ။"

သတိလက်လွတ်ဖြေလိုက်မိပြီးမှ ခပ်စွာစွာပြန်ဖြေမိတော့ မောင်းသူနေရာမှာ ထိုင်နေတဲ့သူဟာ အသံထွက်သည်အထိ ခပ်ဟဟရယ်သည်။

"ကျွန်တော့်နာမည်က ဟန်ဘင်းပါ။ ဆောင်း ဟန် ဘင်း"

ကျန်းဟာအိုက မမေးလိုက်ပါဘဲ သူ့နာမည်ကို တစ်လုံးချင်းပြောပြလာသည့် ထိုလူက အခုထိမျက်နှာပေါ်မှာ ပြုံးစစမျက်နှာပေးကို ချိတ်ဆွဲထားတုန်းဖြစ်သည်။

"ကျွန်တော်က အထက်တန်းနောက်ဆုံးနှစ်လေ။ စာညံ့လို့ ဂိုက်သင်ဖို့လူလိုနေတာ။ ဟောင့်ကောကလည်း စာသင်တယ်လို့ သိရတော့ အဆင်ပြေမယ်ထင်လို့လေ"

"ငါသင်တာက ကလေးငယ်ငယ်လေးတွေ"

"ကလေးကြီးကြီးတွေလည်း သင်နိုင်မယ်လို့ ယုံကြည်နေတာ"

"ဆောရီးပါပဲ။ ငါမအားတာကြောင့်"

"ကိစ္စမရှိပါဘူး။ နောက်ကျအားသွားမှာပဲကို"

ထိုစကားသည် သူ့အပေါ်အမြင်ကြည်ခါစ ကျန်းဟာအို၏စိတ်ကို
ရုတ်ချည်း‌ပြန်ပြောင်းလဲသွားစေသည်။
ဘာကိုသေချာနေလို့ ကျန်းဟာအိုကို အားလာမှာလို့ အတပ်ပြောနေရတာလဲ။
ဆောင်းဟန်ဘင်းပါးစပ်က ထွက်လာသည့် စကားဆယ်ခွန်းတွင် ကိုးခွန်းက ကျန်းဟာအိုကိုစိတ်အနှောင်အယှက်ပေးဖို့ ဖြစ်လိမ့်မည်။

ကားပေါ်ရောက်ပြီး ခဏမှာတင် တိတ်သွားသည့်မိုးဟာ ကျန်းဟာအိုကို လှောင်ပြောင်နေသလို။
စိတ်ထဲ အောင့်သက်သက်ဖြစ်သွားရသည့်တိုင် ကျန်းဟာအိုဘာမှတော့ ထုတ်မပြောဖြစ်ပါ။
အနည်းဆုံးတော့ ဆောင်းဟန်ဘင်းက သူ့ကိုကူညီနေသည်မလား။

အိမ်ရောက်ပြီမို့ ကားပေါ်ကဆင်းရန်အတွက် တံခါးလက်ကိုင်ကိုလှမ်းလိုက်သည့် ကျန်းဟာအိုလက်များဟာ
နောက်ကလှမ်းပြောလိုက်သည့် ဆောင်းဟန်ဘင်း၏ စကားနောက်တွင် တင်းကြပ်သွားရသည်။

"ဟောင့်ကော... အမှန်တော့ဒီနေ့က မုန်တိုင်းမရှိဘူးရယ်"

သေချာပါသည်။ ဆောင်းဟန်ဘင်းက နည်းနည်းလေးတောင်မှအကောင်းမြင်ပေးလို့ မရသည့်သူပင်။

Flack back

စတွေ့သည့်နေ့တည်းက ဆောင်းဟန်ဘင်းဟာ သူ့ကိုအရူးလုပ်ခဲ့တာ။ တွေးတိုင်းဒေါသထွက်ရလွန်းတာကြောင့် ဆောင်းဟန်ဘင်းရဲ့မျက်နှာကို ဆွဲကုတ်ပစ်ချင်လာသည်။
စိတ်ကိုလျှော့ကာ လွယ်အိတ်ထဲသို့ စာအုပ်များထည့်ပြီးနောက် ဆောင်းဟန်ဘင်းဆီသို့ သွားရန်ပြင်ရသည်။

စာမေးပွဲ နှစ်ခါကျပြီးသည့် ကျောင်းသားအဖို့ စာသင်ချိန်တွေကိုပို၍ တိုးမြှင့်လိုက်ရုံအပြင်မရှိ။
ဆောင်းဟန်ဘင်းကို စာစသင်သည့်အချိန်တည်းပင် ကျန်းဟာအိုတွင် တယောသင်တန်းကလွဲလျှင် မရှိတော့ပါချေ။
ထို့ကြောင့် ဆောင်းဟန်ဘင်းကို ပို၍ကြပ်မတ်ချိန်ရှိသည်ဟု ဆိုရမည်။

ဒီနေ့ဟာ စနေနေ့ဖြစ်ပြီး ပိတ်ရက်ဖြစ်ပါသော်လည်း အချိန်ပိုသင်ရမည် ဟူသည့် ကျန်းဟာအို၏ တစ်ချက်လွှတ်အမိန့်ကြောင့် ဆောင်းဟန်ဘင်းကတော့ ဂိမ်းဆော့မည့် အခွင့်အရေးလေးကို လက်လွှတ်ရပေဦးမည်။
အိမ်တိုင်ရာရောက် လာခေါ်ရမလားလို့ မေးခဲ့သည့်တိုင်း စည်းကမ်းကြီးတဲ့ သူ့ဂိုက်ဆရာဟာ သူ့ဘာ့သူပဲလာခဲ့မည် ဟု ပြန်ပြောလာတာကြောင့် လက်ခံရပြန်သည်။

တကယ်ဆို ဆောင်းဟန်ဘင်းက နစ်နာသူ၊၊
သူများတွေအမြင်မှာသာ စာသင်‌ပေးတဲ့ ဂိုက်ဆရာအပေါ် ဆိုးသည် ဟူ၍ နာမည်ကြီးသော်လည်း အမှန်က သူ့ဂိုက်ဆရာကသာ ဆောင်းဟန်ဘင်းကို အနိုင်ကျင့်နေခြင်း ဖြစ်သည်။

ဆောင်းဟန်ဘင်းမှာ တစ်နှစ်လုံး နားရွက်ဆွဲကာထိုင်ထအလုပ် မခံရသည့်လ ဟူ၍မရှိ။
သူ့စကားကိုနားမထောင်လျှင်လည်း စာလာမသင်တော့ဘူး ဆိုကာ ခြိမ်းခြောက်ခံရသေးသည်။
ကျန်းဟာအိုနှင့် စာသင်ခဲ့သည် ၂နှစ်တာတွင် ရှေ့ ၁နှစ်ကသာ ဆောင်းဟန်ဘင်းအနိုင်ကျင့်ခဲ့ရသော နှစ်ဖြစ်ပြီး
နောက် ၁နှစ်မှာတော့ လက်စားချေသလားမှတ်ရလောက်အောင် ကျန်းဟာအိုက နိုင်စားခဲ့သည့် နှစ်ဖြစ်သည်။
ဟူး ဒါတွေပြောရင်တောင် အကုန်လုံးက သူက ကျန်းဟာအိုကိုအနိုင်ကျင့်ပါတယ် လို့ပဲထင်‌နေကြဦးမည်။

ဟိုတွေးဒီတွေးဖြင့် ကော်ဖီဆိုင်ထဲတွင် ထိုင်ကာ ဂိုက်ဆရာအလာကို သီချင်းလေးညည်းရင်း စောင့်နေသည့် ဆောင်းဟန်ဘင်းဟာ
လက်ထဲတွင် raccoon ရုပ်ပုံစံ keyring လေးကို ကိုင်ထားသည်။
တံခါးထံမှ လူလာကြောင်း အချက်ပေးခေါင်းလောင်းသံလေး နှင့်အတူ ဆောင်းဟန်ဘင်းရဲ့ နေရောင်ခြည်လးဟာ သူ့နားရောက်လာခဲ့သည်။

"အစောကြီး ရောက်နေပြီး စာမလုပ်ထားဘဲ ဘာလုပ်နေတာလဲ"

"ကျန်းဟာအိုရှီက တွေ့တာနဲ့ စာအကြောင်းပဲ တန်းပြောတာနော်။
မနက်စာစားလာလားတို့ ၊ ညကအိပ်ပျော်လား တို့ ဘယ်တော့မှမမေးဘူး"

"ငါသိနေတာပဲကို ဘာလို့ထပ်မေးရဦးမှာလဲ။ လေကုန်တယ်"

ကျန်းဟာအိုက အဲ့လိုပါလေ။ ဆောင်းဟန်ဘင်းအပေါ် ညင်သာသည့်အချိန်၊ ကြင်နာသည့်အချိန် ဆိုသည်မှာ ဒီ၂နှစ်အတွင်း လက်ချိုးရေလို့ပင် ရသည်အထိ။

ဆောင်းဟန်ဘင်းက မျက်နှာကိုမသိမသာတည်ထားလိုက်ပြီး
စာသင်နေပင်မဲ့ ကျန်းဟာအိုအမြင်မှာတော့ အလွန်ကိုဆူပုတ်နေသည့်ပုံစံပေါ်နေသည်။
အသက်အားဖြင့် ကျန်းဟာအိုထက် တစ်နှစ်သာငယ်သော်လည်း တစ်ခါတစ်ရံတွင် ဆောင်းဟန်ဘင်းက အဆပေါင်းများစွာ ကလေးဆန်တတ်သေးသည်။

"အဲ့ဒါဘာလို့ ဆူပုတ်နေရတာလဲ"

"ဘာလို့မှ မဆူပုတ်ပါဘူး"

"ဆောင်းဟန်ဘင်းက ကလေးလား။ မနက်စာစားပြီးသွားလား လို့ မမေးလို့စိတ်ကောက်ရအောင်လေ"

"သိပါတယ် ဟာအိုရှီက ကျွန်တော်ကိုအလုပ်သဘောအရ သင်ပေးနေရတာကို။ အဲ့နေ့က ဖေဖေ့ကိုပေးထားတဲ့ ကတိကိုလည်း ဖျက်ပေးဖို့ပြောလိုက်ပါ့မယ်။ လူကိုတွေ့တိုင်း စာအကြောင်းကလွဲရင် ထမင်းစားပြီးပြီလား၊ ညကအိပ်ပျော်ရဲ့လားလို့ တစ်ခွန်းတောင် မမေးဘူး"

သူကပဲ နစ်နာသူလို ပြောနေသည့် ရှေ့ကလူကိုကျန်းဟာအို ကြောင်ကြည့်နေမိသည်။
ကျန်းဟာအိုက စကားအများကြီးပြောလေ့မရှိတာမို့ လူတိုင်းကိုလိုအပ်မှသာ စကားပြောတတ်သည်။
သူ့အနေနှင့် ပထမဆုံးစကားစပြောသည်မှာ ပါပါးနှင့်မာမားပြီးလျှင် ဆောင်းဟန်ဘင်းသာရှိသည်။
သို့ပင်မဲ့ သူ့ဘက်ကစပြီး ပြောလိုက်သည့် စကားတိုင်းသည် လောကဝတ်စကားများမဟုတ်ဘဲ စာအကြောင်းများသာဖြစ်နေသည်မှာ တစ်ကြောင်း။

"ဟန်ဘင်း"

"ဘာလဲ"

"မနက်စာစားပြီးသွားပြီလား"

ကျန်းဟာအိုဆီမှ ထိုစကားကြားရသည့်အခါ ဆောင်းဟန်ဘင်းမှာ အသံထွက်မရယ်ဘဲ မနေနိုင်တော့ပါ။
ကျန်းဟာအိုက တစ်ခါတစ်လေမှာ တစ်သမတ်တည်း သွားတတ်လွန်းသူပင်ဖြစ်သည်။
ဆောင်းဟန်ဘင်းက သူ့ကိုစိတ်ဆိုးသည့်အခါတိုင်း နာမည်အရင်းအစား မျိုးရိုးနာမည်ကိုဖြုတ်ကာ ဟန်ဘင်း လို့ခေါ်တတ်သေးသည်။
ရံဖန်ရံခါမှ အခေါ်ခံရသည့် နာမည်ဖြစ်လို့ထင်၊
ဆောင်းဟန်ဘင်းက ကျန်းဟာအိုသူ့ကို ထိုသို့ခေါ်လာတိုင်း စိတ်ပျော့သွားမြဲဖြစ်သည်။

"ဟောင့်ကော"

"ငါ့ကိုစိတ်ဆိုးပြေပြီလား"

"အွန်းး ဟောင့်ကောကအကောင်းဆုံးပဲ"

"အူမြူးမနေနဲ့ စာသင်တဲ့ထဲစိတ်မပါမှာစိုးလို့ ပြန်ချော့တာ"

"ဘာပဲဖြစ်ဖြစ်ပါ ချော့တာကချော့တာပဲ"

စိတ်ရှိတိုင်းသာ စကားနိုင်ပြန်လုရလျှင် ဒီတစ်ရက်လုံး သူတို့စာသင်ရတော့မည် မထင်ပါ။ ထို့ကြောင့် ခေါင်းအသာခါရင်း စာရွက်ပေါ်မှာ formula တွေချရေးနေတုန်း မြင်ကွင်းထဲ ဝင်လာသည့် raccoon ရုပ်လေး။
ထိုအရုပ်ကိုမြင်တော့ ကျန်းဟာအိုဟာ မျက်နှာသေဖြင့် ဆောင်းဟန်ဘင်းအား မော့ကြည့်လာသည်။

"ဆောင်းဟန်ဘင်း မင်းဘယ်ရည်းစားကိုပေးဦးမလို့လဲ။ ငါဟိုနေ့တည်းက အထက်တန်းမပြီးမချင်း ရည်းစားမထားပါနဲ့ဦးလို့ ပြောတာကို မင်းမမှတ်ထားဘူးလား။ ငါ့စကားကိုနည်းနည်းလေး ခေါင်းထဲသွင်းပြီး အဖက်လုပ်ပါဦး"

"မဟုတ်.."

"ဒီတိုင်း‌တောင် စာမှာအာရုံမစိုက်နိုင်လို့ စာမေးပွဲကို နှစ်ခါကျပြီးပြီမလား။ ဒီနှစ်တော့အောင်မှဖြစ်တော့မှာလို့ ငါအတန်တန်ပြောနေတယ် မင်းဘာလို့စကားကိုနားမထောင်ရတာလဲ။နားမလည်တာလားဘာလား။ ဒါမှမဟုတ် ငါ့ကိုရီးယားအသံထွက်က မရှင်းမရှင်းဖြစ်နေလို့လား"

"မဟုတ်သေးပါဘူး ဟောင့်ကောရယ်"

"ဘာကိုမဟုတ်တာလဲ"

"ကျွန်တော်ရည်းစားထပ်မထားပါဘူးဆို"

"အဲ့ဒါဆို ဒီအရုပ်ကဘယ်သူ့ပေးဖို့ယူလာတာလဲ"

"ဟောင့်ကောကိုပေးဖို့ လမ်းမှာဆိုင်တွေ့လို့ ဝင်ဝယ်လာခဲ့တာ။ ဟောင့်ကောက raccoon နဲ့တူတယ်လို့ ကျွန်တော်ပြောဖူးတယ်လေ။ အဲ့ဒါကြောင့်ဝယ်လာခဲ့တာကို ဇွတ်ဆူတော့တာပဲ"

သူပြောတော့ အလယ်တွင်စုနေသည့် မျက်ခုံးများက ချက်ချင်းပြေလျော့သွားပုံများ၊ တစ်ခဏအတွင်း မျက်လှည့်ပြလိုက်သလို။

"ငါ့ကိုအစောကြီးတည်းက ပြောပါလား"

"ပြောတာနားမထောင်ဘဲ ဆက်တိုက်ဆူနေတာဘယ်သူလဲ"

"ပြန်မပြောနဲ့ ဆရာကို"

အဲ့လိုနှင့် ထပ်ပြီး ဆောင်းဟန်ဘင်းဟာ ဆရာကျန်းဟာအိုဆီက အနိုင်ကျင့်ခံရပြန်ပါသည်။

စာသင်ချိန်ပြီးသွားသည့်နောက်တွင် ကျန်းဟာအိုက waiter အား သူတို့နှစ်ယောက်အတွက် မုန့်မှာလိုက်သည်။
ဒီ Cafeကို တစ်ပတ်မှာနှစ်ကြိမ်လောက်တော့ အမြဲရောက်ဖြစ်ပြီး စာသင်ပြီးမှသာ မုန့်မှာစားလေ့ရှိတာကြောင့် ဆိုင်ရှင်က ခွင့်ပြုထားပါသည်။
ဆောင်းဟန်ဘင်းမှာတော့ ကျန်းဟာအို၏လွယ်အိတ်တွင် raccoon keyring လေးကို စိတ်ပါဝင်စားစွာ တပ်ရင်းအလုပ်များနေတော့သည်။

"ဟောင့်ကော ဒီမှာကြည့်။ လှတယ်မလား"

လွယ်အိတ်၏ ရှေ့ဆုံးဇစ်လေး၌ ကျကျနနချိတ်ဆွဲထားသည့်
raccoon ရုပ်လေးကိုကိုင်ကာ ကျန်းဟာအိုအား ပြလာသည်။

"ကလေးကလားတွေ သိပ်လုပ်"

ပါးစပ်က ပြောရင်းဆိုရင်းနှင့်ပင် လွယ်အိတ်အား လှမ်းယူ၍ သူ့ဘေးခုံသို့ ပြောင်းရွှေ့လိုက်သည်။
ခေါင်းကိုစောင်းထားသဖြင့် တွန့်ချိုးသွားသည့်နှုတ်ခမ်းတစ်စုံနှင့် ပါးမို့မို့ကလေးများကိုတော့ သူ့ရှေ့ကလူမမြင်ဖို့ ဆုတောင်းပါရဲ့။

_27.05_

Feedback ပေးတဲ့သူကို အာဘွားပေးမယ်နော် ^3^

Continue Reading

You'll Also Like

8.4K 1.1K 15
" แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€€แ€ฌแ€€แ€ฝแ€šแ€บแ€•แ€ฑแ€ธแ€แ€ปแ€„แ€บแ€แ€ฌ แ€”แ€ฌแ€™แ€Šแ€บแ€€แ€ปแ€ฑแ€ฌแ€บแ€…แ€แ€ฌแ€ธ แ€€แ€„แ€บแ€™แ€บแ€‚แ€ปแ€ฎแ€กแ€ฏแ€ถแ€ธแ€กแ€”แ€ฑแ€”แ€ฒแ€ทแ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฒ แ€’แ€ฎแ€แ€ญแ€ฏแ€„แ€บแ€ธ แ€™แ€„แ€บแ€ธแ€›แ€ฒแ€ทแ€แ€ปแ€…แ€บแ€žแ€ฐ แ€€แ€„แ€บแ€™แ€บแ€‚แ€ปแ€ฎแ€กแ€ฏแ€ถแ€ธแ€กแ€–แ€ผแ€…แ€บแ€œแ€ฑ " " แ€Ÿแ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€”แ€ฒแ€ทแ€›แ€พแ€ญแ€”แ€ฑแ€›แ€แ€ฒแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€แ€ฝแ€ฑแ€€ แ€€แ€ปแ€ฝแ€”...
1.1M 18.9K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
Our Seasons By Pearl

General Fiction

2.3K 317 9
Ppusamz๐Ÿ’• Written in Myanmar
85.6K 3.8K 10
Mo Dou Zu Shi fan fiction แ€’แ€ฎแ€€แ€žแ€ฌแ€žแ€ฌ โ€‹แ€ฑแ€•แ€ซแ€€แ€นโ€‹แ€…แ€€ แ€แ€ฏแ€™แ€ฝ Fic แ€…โ€‹แ€ฑแ€›แ€ธแ€แ€ฌแ€™แ€ญแ€ฏแ‚” แ€…แ€ฌแ€œแ€ถแ€ฏแ€ธโ€‹แ€ฑแ€•แ€ซแ€„แ€นโ€‹แ€ธแ€™แ€ฝแ€ฌแ€ธแ€›แ€„แ€นโ€‹ แ€žแ€Šแ€นโ€‹แ€ธแ€แ€ถโ€‹แ€ฑแ€•แ€ธแ€•แ€ซโ€‹แ€ฑแ€”แ€ฌแ€นโ€‹ ๐Ÿ˜Š๐Ÿ˜Š