(27)
အဲ့ကိစ္စ ကပဲ လှုံ့ဆော် နိုင်လိုက် လို့လာတော့ မသိပါပေ စုယွမ် က ဒီတစ်ခေါက် မှာတော့ အဆိပ်ဖြေဆေး ဖော်စပ်တာ အောင်မြင် သွားပြီပဲ ဖြစ်လေတယ်။
စုယွမ် က အခုလေးတင် အောင်မြင်စွာ ဖြစ်ပေါ်လာတဲ့ အဆိပ်ဖြေဆေးကို လက်ထဲ မှာ ကိုင်ထားရင်း ပျော်ရွှင်စွာနဲ့ အိပ်ယာပေါ် က ဟဲလျန်ချန်း ဆီကို မျက်ဝန်း တောက်တောက်လေး တွေနဲ့ ပြေးသွား ခဲ့လေတယ်။
'' ငါအောင်မြင် သွားပြီ။ အဆိပ်ဖြေဆေး ဖော်တာ အောင်မြင်သွားပြီကွ ''
ထိုကဲ့သို့ ပျော်ရွှင်မှုလေး ရောက်လာတော့ ဘာအကြောင်း အရင်းမှ မရှိပဲ ဟဲလျန်ချန်း ရဲ့ စိတ် အခြေအနေ က ပိုပြီးတော့ ကောင်းမွန် လာခဲ့လေတယ်။
'' ခများ အရင်ဆုံး တစ်ခု စားလိုက် ''
စုယွမ် က အဆိပ်ဖြေဆေး တစ်ခု ကို လက်ထဲ မှာ ထည့်ကာ ဟဲလျန်ချန်း ရဲ့ ပါးစပ် ထဲကို ထည့်ပေး လိုက်လေတယ်။
ဟဲလျန်ချန်း ကလည်း ပါးစပ်ကို ဟကာ တုံ့ဆိုင်း ခြင်း မရှိပဲ မျိုချ လိုက်လေတယ်။ ဟဲလျန်ချန်း တွေးမိတာ ကတော့ သူ့မိန်းမ ခွံကျွေး သမျှ အဆိပ်ဆို ရင်တောင် သူစား မှာပဲ လို့ ပေါ့။
'' ခများ ဘယ်လို ခံစားရလဲ ''
စုယွမ်က ဟဲလျန်ချန်း ကို မျှော်လင့်စွာ နဲ့ ကြည့်လိုက် လေတယ်။
သူက ဘာကို ခံစား ရမှာတဲ့လဲ။ ပြီးတော့ အဲ့အဆိပ်ဖြေဆေး က မပြည့်စုံ သေးဘူးလေ။ ဟဲလျန်ချန်း လို အဆင့်ရှိတဲ့ သူတွေ အတွက်တော့ စားခြင်း နဲ့ မစားခြင်း က အတူတူ ပဲ ဖြစ်လေတယ်။
ဒါပေမယ့် အဲ့ အဆိပ်ဖြေ ဆေး က စုယွမ် ကိုယ်တိုင် ဖော်ခဲ့တာ ဖြစ်ပြီးတော့ စုယွမ် က ဒီလို မေးခွန်းမျိုး မေးလာတော့ သေချာပေါက်ကို အဖြေ က လုံးဝ ကွဲပြားသွားမှာ ပေါ့လေ။
'' ကိုယ် ပိုကောင်း လာတယ် လို့ ခံစားမိတယ် ''
'' ဟုတ်ပြီ။ ဒါဆို ပိုကောင်းတာ ပေါ့။ ခများ အခု အနားကောင်းကောင်း ယူလိုက်။ ဒါဆိုရင် ခများ ပိုပြီးတော့ မြန်မြန် ပြန်ကောင်း လာလိမ့်မယ်နော် ''
စုယွမ် က ဟဲလျန်ချန်း ကို လဲချ ဖို့ ကူညီပေး ခဲ့ပြီးတော့ စောင်လေး ကို လွှမ်းခြုံ ပေးလိုက်ကာ နွေးထွေးစွာ ပြောလိုက်တယ်။
'' ကောင်းကောင်း အိပ်နော် ''
ထိုကဲ့သို့ အလှည့်အပြောင်း ဖြစ်သွားတော့ ဟဲလျန်ချန်း က သူ့ရဲ့ မျက်လုံး တွေကို တကယ်ပဲ နာနာခံခံ မှိတ်လိုက် လေတယ်။ စုယွမ် ကလည်း အိပ်ငိုက်စွာနဲ့ ပြန်သွား ခဲ့လေတယ်။
ဆေးဖော် ရတာ က တကယ်ကို ပျော်ရွှင်ဖို့ ကောင်းတယ် လို့ စုယွမ် ခံစား ရလေတယ်။
နောက်တစ်နေ့မှာတော့ စုယွမ် က နိုးနိုးချင်း ပဲ အိပ်ယာထဲက ဟဲလျန်ချန်း ဆီကို ပြေးသွား ပြီးတော့ သူ့ဒဏ်ရာ ပေါ်က အနာ နားက အမဲတွေကို စစ်ဆေး ကြည့်လိုက်တယ်။
ရက်ပ်?( yep)
စုယွမ် က ထို မြွေမကောင်းဆိုး ဝါးကို မယုံပါပေ။ သူက ဒဏ်ရာက ပြောင်းလဲမှု မရှိဘူး ဆိုတာ ကို သေချာအောင် ၂ ကြိမ် ၃ ကြိမ်လောက် အတည်ပြု စစ်ဆေး လိုက်လေတယ်။
သူက ရုတ်တရက် ပဲ သတ္တိတွေ လျော့ကျ သွားကာ စိတ်ဓာတ် ကျသွားလေတယ်။
'' အကျိုးသက်ရောက်မှု မရှိဘူး ။ လုံးဝ ကို အကျိုး သက်ရောက်မှု မရှိဘူး ပဲ''
သူက တစ်လ နီးပါး တောင် အလုပ် ခက်ခဲစွာ ကြိုးစား ခဲ့ရပေမယ့် အဲ့တာ က လုံးဝကို အကျိုးသက်ရောက်မှု မရှိဘူး တဲ့လေ။
ဟဲလျန်ချန်း က စုယွမ် ဒီလို ဖြစ်နေတာ ကို မကြည့်ရက် နိုင်တာ ကြောင့် သူက အမြန်ပဲ နှစ်သိမ့်လိုက်လေတယ်။
'' အဲ့တာ က ဆေး တစ်လုံး ထဲ သောက်တာ နဲ့ အကျိုးသက်ရောက်မှု မပြတာ ပဲ ဖြစ်ရမယ်။ ကိုယ် ရက်အနည်း ငယ်လောက် ဆက်ပြီးသောက် ကြည့်မယ်လေ။ ''
ဟုတ်တယ်။
အဲ့တာ က ရောဂါတွေ အကုန်ပျောက်တဲ့ ဆေး မဟုတ်တဲ့ အတွက်ကြောင့် အကျိုးသက်ရောက် မှု ကတော့ ချက်ချင်း ဘယ်ပြ လိမ့်မလဲ။
ဒါကြောင့် စုယွမ် က သူ့ရဲ့ တိုက်ခိုက် လိုစိတ်ကို ပြန်လည် ရရှိသွားကာ သူက ဟဲလျန်ချန်း ကို ဆေး ထပ်ကျွေးလိုက်လေတယ်။ ရလဒ်ကို တော့ မနက်ဖြန် ကျရင် သူ ထပ်ကြည့် မှာပဲ ဖြစ်လေတယ် ။
ထိုကိစ္စ လည်း ပြီးသွားရော နေ့လည်ခင်း ရောက်လာတော့ မှာ ဖြစ်တဲ့ အတွက် အစားစားဖို့ရာ စုယွမ် က သူ့ဘာသာ သူ သွားပြီး ချက်ပြုတ် ရမှာ ပဲ ဖြစ်လေတယ်။
ဟဲလျန်ချန်း က စုယွမ်ကို ခဏ ရပ်ခိုင်းကာ ပြောလိုက်တယ်။
'' ကိုယ့်အတွက်လည်း စားစရာ အနည်းငယ် လောက် မင်းချက် ပေးလို့ ရနိုင်မလားဟင်? ''
စုယွမ် က နောက်ကို ပြန်ဆုတ်ကာ မေးလိုက်လေတယ်။
'' ခများ က အခုချိန်ထိ စားချင် နေတုံးပဲလား? ''
အမှန်တော့ ဟဲလျန်ချန်း စားရင်တောင်မှ ကျင့်ကြံသူ ဒါမှမဟုတ် ကျင့်ကြံမှု အဆင့်ရှိတဲ့ သားရဲ တွေကိုပဲ စားခဲ့ ရတာ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ အဲ့တာက သူ့ရဲ့ မသေမျိုး ဝိဉာဥ် အတွက် တိုးတက်စေ ဖို့ရာ ဖြစ်လေတယ်။
'' ကိုယ် ဒဏ်ရာ ရပြီး ကတည်း က စိတ်ဝိဉာဥ် ကျောက်တုံး က စိတ်ဝိဉာဥ် စွမ်းအား တွေကို စုပ်ယူ ရတာ အဆင်မပြေ တော့ဘူး။ ပြီးတော့ ကိုယ့်ခန္ဓာကိုယ် ထဲက စိတ်ဝိဉာဥ် စွမ်းအား တွေ ကလည်း စည်းတံဆိပ် ခပ်ခံ ထားရတယ်။ ပြီးတော့ အခုချိန်မှာ ကိုယ်က သေမျိုး အစားအစာစား ပြီးတော့ သာ စွမ်းအင် ရယူ ရတော့မှာလေ ''
ထိုဟာကို ကြားတော့ စုယွမ်က ယုံကြည်သွား လေတယ်။
ဒါကြောင့် စုယွမ် က မီးဖိုချောင် အသေးလေး ထဲကို ဝင်သွား ပြီးတဲ့နောက် ဘာတွေ ချက်ရ မလဲဆိုတာ ကို အလေးအနက် ထားပြီးတော့ စဥ်းစား ခဲ့လေတယ်။
ဟဲလျန်ချန်း က ပိုပြီးတော့ အနာတရ ရလေလေ စုယွမ်ရဲ့ စိတ်ထဲမှာ ပိုပြီးတော့ အပြစ်ရှိသလို ခံစားလာ ရလေလေ ပါပဲ။ ဒါကြောင့် သူက တစ်ဖက်လူ ကို ပိုပြီး တော့ ကောင်းကောင်း ဆက်ဆံ ပေးလို ခဲ့တယ်လေ။
စုယွမ် က သူ့ရဲ့ အိမ်သန့်ရှင်း ထိန်းသိမ်းရေး စကေး နဲ့ ဟင်းချက် စကေး တွေကို ထုတ်သုံးပြီးတော့ သူ့အတွက် အတော့်ကို ကောင်းမွန်တဲ့ ဟင်းခွက်တစ်ချို့ ချက်လိုက် လေတယ်။
သူက တံခါး အပြင်ဘက် က အစောင့်တွေကို သူလိုအပ်တဲ့ ပါဝင်ပစ္စည်း တွေကို တောင်းလိုက် လေတယ်။
သူလို ချင်သမျှ တွေက သေမျိုး လောက က ပစ္စည်းတွေ ဆိုတော့ အပြင်ဘက် က လူတွေက သူ့ကို ပေးလာကြလေတယ်။
အဆုံးမှာတော့ စုယွမ် က စားပွဲတစ်ခု လုံးကို သန့်ရှင်းရေးလုပ်ကာ အရသာရှိတဲ့ တရုတ်ရိုးရာ စားဖွယ် ဟင်းပွဲ တွေနဲ့ အလှဆင် လိုက်လေတယ်။
သူက စားပွဲကို ဟဲလျန်ချန်း လှဲနေတဲ့ အိပ်ယာဘေးမှာ ထားပေးခဲ့လေတယ်။ အဲ့လိုသာဆို တစ်ဖက်လူက စားချင် နေသမျှ အိပ်ယာပေါ် လှဲ ရင်းနဲ့တောင် စားနိုင်မှာ ပဲ ဖြစ်လေတယ်။
ဟဲလျန်ချန်း က ဟင်းပွဲတွေ အကုန်လုံး အရသာ ခံကြည့်နေတဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်လုံးလေး တွေထဲမှာ မြောက်ကြွ မြောက်ကြွ ဖြစ်နေပေမယ့် သူ့ရဲ့ ဟန်ပန် အမူအရာ ကတော့ သိမ်မွေ့ နေဆဲ ပါပေ။ ပြီးတော့ သူ့ရဲ့ နှုတ်ခမ်းထောင့် ကနေလည်း မတက်နိုင် ပဲ အပေါ်ကို ကွေးတက် သွားတော့တယ်။
တကယ်လို့ သူသာ ဖြစ်နိုင်မယ် ဆိုရင် သူလည်း စုယွမ်လို သာမန် လူသား တစ်ယောက်ပဲ ဖြစ်ချင် ပြီးတော့ နှစ်ယောက် ထဲပဲ ရှိကာ ဘယ်သူမှ မရှိတဲ့ နေရာ တစ်ခုကို ရှာပြီးတော့ သူတို့ အတူတူ သာမန်ဘဝ ကို ဖြတ်သန်း ချင်မိလေတယ်။
စုယွမ် ရဲ့ စားချင် စိတ်က အကန့်အသတ် ရှိတဲ့ အတွက်ကြောင့် မကြာခင်မှာပဲ စားတာ က အမြန် ပြီးသွား လေတယ်။
သူက တစ်ဖက်လူ စားတာ ကို ကြည့်ရင်း တစ်ဖက် လူက စားပွဲပေါ် က ဟင်းပွဲတွေ အကုန်လုံး ကို အပြောင်ရှင်း သွားတာ ကို တွေ့လိုက်ရကာ အရမ်းပဲ အံ့သြ သွားလေတယ်။
ဒါပေမယ့် အဆုံးမှာတော့ စုယွမ် တွေးမိတာ က တစ်ဖက် လူက မြွေမကောင်းဆိုးဝါး ဆိုတာ ကိုပေါ့။ သူ့ရဲ့ မူလ ပုံစံ က မြွေကြီး တစ်ကောင် ပဲလေ။ ဒီစားပွဲ ပေါ်က ဟင်းပွဲတွေ အကုန် စား နိုင်တာ လောက်ကတော့ စာမဖွဲ့ဘူးလေ။ နောက်တစ်ခါ ကြရင် ဒီ့ထက် ပိုပြီးတော့ အစားအသောက် တွေ ပြင်ပေး ရမယ်လို့ စုယွမ် တွေးမိလေတယ်။
စားပြီးတဲ့နောက် စုယွမ် က အနည်းငယ် ပင်ပန်း လာတာ ကြောင့် ပြန်သွားပြီး အိပ်ဖို့ လုပ်လိုက်တယ်။
ဒါပေမယ့် အိပ်ယာပေါ်မှာ လဲလှောင်း နေတဲ့ ဟဲလျန်ချန်း ကတော့ ထပြီးတော့ ထိုင်လာ ခဲ့တယ်။ သူက သူ့ကိုယ်ပေါ် က အနာ တွေကို ကြည့်လိုက် ပြီးတော့ သူ့အနာ ထဲမှာ ပြည့်နေတဲ့ တစ္စေတွေကို ကြည့်လိုက်တယ်။ ဒါက တစ္စေဘုရင် ရဲ့ အထူးကျွမ်းကျင် မှုပဲလေ။
တကယ်လို့ အဲ့တာ က အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက် သာ ဆိုရင် ချက်ချင်းပဲ တစ္စေအငွေ့တွေက ဝိုင်းရံ သွားပြီးတော့ ပြာဖြစ်တဲ့ အထိ တိုက်စား ခံလိုက် ရမှာ အသေအချာပဲ ။ ဒါပေမယ့် သူ့အတွက်တော့ အဲ့တာ က ဘာမှကို မဟုတ်တာလေ။ ဒါပေမယ့် သူ့မိန်းမ က ကုချင်နေမှတော့ သူက လုပ်ရတော့မှာပေါ့။
သူ့ရဲ့ ခြေထောက် က ကြာပန်းပုံစံ ထပ်ထိုင်လိုက် ပြီးတော့ လက် က စည်းတံဆိပ် များစွာ လုပ်နေခဲ့ လေတယ်။ ပြီးတော့ ပြင်းထန် တဲ့ လေတစ်သုတ်က သူ့ကိုယ်ပေါ်ကို ဖြတ်တိုက် သွားလေတယ်။ ဒါပေမယ့် ထိုလေပြင်း က ကွေ့ရှန်း နားကို ရောက်သွားတဲ့ အချိန်မှာ တော့ အသာလေး ပိတ်ဆို့ ခံလိုက် ရတယ်။
အဲ့အချိန်မှာပဲ ဟဲလျန်ချန်း ရဲ့ မျက်ခုံးတွေက အသာတွန့်သွား ပေမယ့် မကြာခင် မှာတော့ ပြေလျော့ သွားလေတယ်။ လေပြင်း တွေက အချိန်တိုင်း ဖြတ်ကျော် သွားတဲ့ အတွက်ကြောင့် အနာပေါ်က တစ္စေ တွေက အနည်းငယ် ဖျော့တော့ သွားလေတယ်။
အဲ့နည်းလမ်း အတိုင်း ပဲ နာရီဝက်လောက် ကြာအောင် လုပ်ဆောင် ပြီးတဲ့နောက် ဟဲလျန်ချန်း က သူ့ကိုယ်ပေါ်က အနာထဲ မှာ ရှိနေတဲ့ တစ္စေတွေကို ကြည့်လိုက်တယ်။ အဲ့တာ က အနည်းငယ် ဖျော့တော့ သွားတာ ကိုတွေ့တော့ မှပဲ သူက လှုပ်ရှား နေတာကို ရပ်လိုက်လေတယ်။
အဲ့တာ ကိစ္စ ဖြေရှင်းတာ က လုံလောက် သွားပြီလေ။ မနက်ဖြန် ကျရင် အဲ့တာ က စုယွမ် ကို ပိုပြီးတော့ ပျော်ရွှင်စေ လိမ့်မယ်။ ဟဲလျန်ချန်း က သူ့မိန်းမ ရဲ့ ဒီလိုမျိုး စိတ်ဓာတ်ကျ နေတဲ့ အမူအရာ ကို မကြည့်ရက် ပါပေ။ သူက သူ့မိန်းမ ရဲ့ ပျော်ရွှင် ပြီး ယုံကြည်ချက် အပြည့်ရှိတာကို ပဲ မြင်တွေ့ ချင်တာ ဖြစ်လေတယ်။
ဒီလိုနည်းလမ်း နဲ့ နေ့တစ်နေ့ ကတော့ ငြိမ်းချမ်း အေးဆေးစွာ ကျော်ဖြတ် ပြီးသွား ခဲ့ ပါပြီ။ နောက်တစ်နေ့ မှာတော့ စုယွမ် က ပျော်ရွှင်စွာ ထလာကာ ဟဲလျန်ချန်း ရဲ့ အနာကို ကြည့်ဖို့ အစောကြီး လာခဲ့လေတယ်။ လုံးဝ ကိုသေချာ တိကျ စေဖို့ရာ အတွက် စုယွမ် က ဟဲလျန်ချန်း ရဲ့ ကိုယ်ပေါ်က ဒဏ်ရာ တိုင်းကို စစ်ဆေး ကြည့်လေတယ်။
'' သေချာသွား ပြီ။ အဲ့တာ က ပိုကောင်းလာပြီ ''
မူရင်း အမဲရောင် အငွေ့တွေက အနာပေါ်မှာ ရှိနေဆဲ ဖြစ်ပြီးတော့ အမဲရောင် အငွေ့တွေ က ပါးသွားကာ မနေ့ ကထက် ပိုပြီးတော့ ကောင်းလာပြီ ပဲ ဖြစ်လေတယ်။
စုယွမ် ရဲ့ မျက်နှာ ပေါ်က စိုးရိမ် ပူပန် မှုတွေ က အဝေးဆီကို ဖယ်ရှား ခံလိုက် ရပြီးတော့ အပျော်တွေနဲ့ ပြည့်နေ ခဲ့လေတယ်။
သေချာသွားပြီ။
အဲ့တာ က အကျိုးသက်ရောက် မှု ရှိသွားပြီ။
ဒါကြောင့် သူပြော ပါတယ် ဘယ်လိုလုပ် ဆေးက အကျိုးသက်ရောက်မှု မရှိပဲ နေရမှာတဲ့လဲ?
ရုတ်တရက် ပဲ စုယွမ်ရဲ့ နှလုံးသား ထဲမှာ စိတ်ကြီးဝင်မှုတွေ ပေါ်လာခဲ့လေတယ်။ အခုချိန်မှာ မြွေကြီးက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေတယ် ဆိုပေမယ့်လည်း သူနဲ့ သူ့ရဲ့ ဆေးဖော်မှု စကေးနဲ့သာ ဆို သေချာပေါက်ကို ဖြေးဖြေးချင်း ပြန်ကောင်း လာမှာ အသေအချာ ပဲ။
အဲ့အခါ ကျရင် မြွေဘုရင် က ပြန်လည် မြင့်တက် လာပြီးတော့ တကမ္ဘာလုံး ကို တုန်လှုပ်သွား စေမယ်ကွ။ အဲ့အခါ သူလည်း ပြန်သွား ပြီးတော့ ကလေးတွေကို သွားပျိုးထောင် လို့ ရပြီ။
အမ်း ကလေးတွေ အရွယ်ရောက်လာ ရင်တော့ ဟဲလျန်ချန်း ဆီကို သွားပြီးတော့ မိသားစု လုပ်ငန်းကို အမွေဆက်ခံရလောက် တယ်။
စုယွမ် ရဲ့ မျက်နှာပေါ်က အပြုံးလေး ကို တွေ့လိုက်ရတဲ့ အခါမှာတော့ ဟဲလျန်ချန်း ရဲ့ စိတ်နှလုံး က ပြေလျော့ သွားသလို ခံစားလိုက် ရတယ်။
စုယွမ် က ဟဲလျန်ချန်း ဆီကို ကြွေပုလင်း အသေးလေး တစ်ခု ပေးလိုက် ပြီးတော့ ပြောလိုက်လေတယ်။
" ဒီထဲမှာ ဆေး ၁၂ လုံး ပါတယ်။ မင်း တစ်နေ့ကို ဆေး ၂ လုံးသောက်။ မနက်တစ်လုံး ည တစ်လုံး သောက်။ ခများ အဲ့တာ ကို ၆ ရက်သောက် လို့ ရတယ်။ ၆ ရက် ပြည့်သွားရင် ငါ ခများ အတွက် ဆေးအသစ် ထပ်ဖော်ပေးမယ်။ ''
'' ဒီအတိုင်းသာ ဆက်ပြီးတော့ သွားမယ် ဆိုရင် ငါ့ရဲ့ တွက်ချက်မှု အရ တစ်လ အတွင်း မှာပဲ ခများကို ကုသ လို့ ပြီးသွားမယ် ထင်တယ် ''
ဒါဆို နှစ်ဝက် အတွင်း သူလည်း သူ့ ပြန်သွား ပြီးတော့ သူ့ကလေး တွေဆီကိုလည်း ပြန်သွားလို့ ရပြီလေ။ သူက သူ့ကလေး တွေနဲ့ ခွဲလာရတာ တစ်လလောက်ပဲ ရှိနေသေးပေမယ့် အချိန်တွေ အကြာကြီး ပဲလို့ သူ ခံစားမိလေတယ်။
သူက သူ့ကလေးလေး နှစ်ယောက် ကို အိမ်မက်ထဲမှာ ထည့်မက်တဲ့ အထိ သတိ ရနေ ခဲ့တာ ပဲ ဖြစ်လေတယ်။
''အဲ့ဒါက အဆင်ပြေ ပါတယ်။ အလျင်လိုနေ စရာ မလိုပါဘူး ''
စုယွမ် ရဲ့ အမြန် ဖြစ်ချင်နေတဲ့ စိတ်ကို တွေ့လိုက်ရတော့ ဟဲလျန်ချန်း က ထပ်ပေါင်း ပြီးတော့ ပြောလိုက်တယ်။
တစ်လထဲနဲ့ သူက ဒီလောက် အမြန် ကြီး ပြန်ကောင်း လာလို့ ဖြစ်ပါ့မလား။
သူက စုယွမ် ရဲ့ဂရုစိုက် မှုကို ရတဲ့ အချိန်က ဒီလောက် နည်းနည်း လေးပဲ ရှိနေ သေးတာကို?
သူက ဘယ်တော့မှ သူ့ရဲ့ ဒဏ်ရာကို အမြန်ဆုံး ပျောက်ကင်း ခွင့် ပေးမှာ မဟုတ်ဘူး ။
'' ငါက ဘယ်လို လုပ် အလျင် မလို ပဲ နေပါ့မလဲ။ ငါက အခုချိန်ထိ စိုးရိမ်နေရ ဆဲ ဖြစ်ပြီးတော့ ရှောင်ယွဲ့လေး ကိုလည်း ပြန်သွား ပြီးတော့ တွေ့ချင် နေပြီလေ ''
စုယွမ် က ဖုန့်ကလန် မှာ ကျန်နေတဲ့ သူ့ကလေးလေး နှစ်ယောက် အကြောင်း တွေးမိ နေ တယ်။ ဒါကြောင့်မို့ ဟဲလျန်ချန်း ရဲ့ စကားကို ကြားလိုက် ရတော့ သူ့ရဲ့ မသိစိတ် ကနေ ထုတ်ပြောလိုက်တာ ပဲ ဖြစ်လေတယ်။
ထိုဟာကို ပြောပြီး သွားတော့မှ စုယွမ်က သူစကားပြော မြန်သွား တယ်ဆိုတာကို သိသွားကာ သူ့လက်ကို မြန်မြန် ယမ်းလိုက် ပြီးတော့ ပြောလိုက်တယ်။
'' ဘာမှ မဟုတ်ဘူး ။ ငါ အခုလေးတင် ဘာမှ မပြောခဲ့ဘူး နော် ''
ဟဲလျန်ချန်း ရဲ့ မေးခွန်းတွေ မေးလာဖို့ မှ ရှောင်ရှား ဖို့ရာ အတွက် စုယွမ် က ထွက်ပြေး သွားတော့တယ်။
ဒါပေမယ့် ဟဲလျန်ချန်း ရဲ့ မျက်နှာ တစ်ခု လုံး က တော့ မဲမှောင် သွားခဲ့တယ်။
ရှောင်ယွဲ့?
အဲ့တာ က ဘယ်သူလဲ?
လူရိုင်း တစ်ယောက် လား!
အရမ်းကို ချစ်ခင်နှစ်လို မှု အပြည့်နဲ့ ခေါ်ခဲ့တာ။ စုယွမ် က တစ်ခါမှ သူနာမည် ကိုတောင် ချစ်ခင်မှု အပြည့်နဲ့ မခေါ်ဘူး ဘူး။
သူ့ဆီ ကနေ ထွက်သွား တဲ့ နှစ် နှစ်အတွင်း စုယွမ် က ဘာတွေ ကြုံတွေ့ ခဲ့ရတာလဲ။ သူက ဘယ်လို ရှင်သန် ခဲ့ရတာ လဲ ပြီးတော့ သူ့နေရာဆီကို တစ်ယောက် ယောက်ကိုများ ခေါ်သွင်းခဲ့တာလား။
ထိုကိစ္စ ရဲ့ ဖြစ်တန်စွမ်း ကို တွေးကြည့်မိတော့ ဟဲလျန်ချန်း ရဲ့ လူ တစ်ကိုယ်လုံး က နေလို့ မကောင်းတော့ပေ။
လက်တစ်ဆုပ်စာ သာ ရှိတဲ့ သူ့ရဲ့ နှလုံးသား လေးထဲမှာ မီးတောက် တွေက ထပ်ကာ ထပ်ကာ တောက်လောင် လာကာ နှလုံးသား တစ်ခုလုံး ပြာကျတော့ မလို ခံစား နေရတယ်။
'' ရှောင်ယွဲ့ တဲ့လား! ''
ဟဲလျန်ချန်း က အံကို တင်းတင်းကြိတ် ထားပြီးတော့ တစ်ခွန်းခြင်း ၃ ကြိမ် တိုင်တိုင် ရွတ်လိုက်တယ်။ ထိုနာမည် နဲ့ လူကို သူမြိုချ ပြစ်ချင် နေခဲ့တယ်။ သူ့ဆီ ကနေ စုယွမ်ကို ခိုးယူ ရဲတဲ့ အဲ့လူက သေခြင်း တရားနဲ့ပဲ ထိုက်တန်တယ်။
အချိန်ကျ လာတာနဲ့ သူက အဲ့တာကို သေချာပေါက် ဖြစ်အောင် လုပ်ပြမယ်။ သူ့ရဲ့ အခု ပထမဆုံး ဦးစားပေး ကတော့ စုယွမ်ရဲ့ နှလုံးသား ကို ရဖို့ပဲ။
အနာဂတ် မှာ ရှောင်ယွဲ့လို့ ခေါ်တဲ့ လူရိုင်း ကို ရှင်းပြစ်ဖို့ အခွင့်အရေး ရလာမှာပါ။
သူ့ဆီ ကနေ ဘယ်လိုလူ ကမှ စုယွမ်ကို ခိုးယူ သွားလို့ မရဘူး ကွ!
( နောက်ဆုံး တော့ ရှောင်ယွဲ့ကလည်း အဖေ မချစ်တာ ခံရ သွားပါပြီ။ ရှောင်ဟွေးလေး ကျတော့ ဖေဖေ က မချစ်ပါဘူး ။ သနားစရာ အမွှာလေး 🤣🤣🤣🤣)
.......................................................
တနင်္ဂနွေ နေ့တိုင်း တင်သွားပါမည်