小甜A誰不喜歡?( မြန်မာဘာသာပြန် )( U...

By Main_Z01

12.7K 1.7K 115

ဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတ... More

Intro
အပိုင်း-1
အပိုင်း - 2
အပိုင်း၃-၂
ဖယ်ရိုမုန်း
အပိုင်း၄-၁+၄-၂
အပိုင်း၄-၃+၄-၄
အပိုင်း၅-၁+၅-၂
အပိုင်း၅-၃+၅-၄
好可爱
အပိုင်း၅-၅
အပိုင်း၆-၁+၆-၂
အပိုင်း၆-၃+၆-၄
အပိုင်း၇-၁+၇-၂
အပိုင်း၇-၃+၇-၄
အပိုင်း၈-၁+၈-၂
ဟေး၊ကိုယ်အတင်းလာတုပ်တာ
အပိုင်း၈-၃+၈-၄
အပိုင်း၈-၅
အပိုင်း၉-၁+၉-၂
အပိုင်း၉-၃+၉-၄
ကိုယ်တွေးနေတာလေးပေါ့
အပိုင်း၁၀-၁+၁၀-၂
အပိုင်း၁၀-၃+၁၀-၄
အပိုင်း၁၀-၅
အပိုင်း၁၁-၁
အပိုင်း၁၁-၂
အပိုင်း၁၁-၃

အပိုင်း-၃.၁

548 92 4
By Main_Z01


S Hotel လေဟာပြင်partyပွဲ ၊

မြူးထူးတတ်ကြွနေတဲ့ သီချင်းသံတွေကြားထဲမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် ရေကူးကန်ထဲကိုဒိုင်ပင်ထိုးခုန်ချနေကြသလို ဘေးပတ်ဝန်းမှာလည်းမြူးကြွတဲ့ အားပေးအားမြောက်ပြုသံတွေနဲ့ဆူညံလို့နေတယ်။

ရေကူးကန်နဲ့ သိပ်မဝေးလှတဲ့နေရာမှာရှိတဲ့ ဥယျာဉ်ထဲမှာတော့သီချင်းသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနှင့်ပင်။ ညနေခင်းပွဲတတ်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး,အမျိုးသားအချို့က စုံတွဲအကအတွက် အကကြမ်းပြင်အတွင်းသို့ဝင်ရောက်စပြုနေလေပြီ။

သံသယဝင်စရာမလိုအောင်ကို အဆင်ပြေနေတဲ့ တွေ့ဆုံပွဲလေးတစ်ခုဖြစ်နေတာအသေအချာပင်။လူတိုင်းက ဒီလိုသာယာလှပအခြေအနေလေးမှာ ယစ်မူးပျော်ဝင်လို့နေတယ်။

သေချာပေါက်ကို ထိုလူတွေထဲမှာ စု့ချင်းတစ်ယောက်ပါဝင်မနေပေ။

ဒီအခြေအနေမျိုးမှာ သူကလက်ထဲမှာရှိတဲ့ဝိုင်ခွက်ကိုကစားရင်း Alphaတွေဝိုင်းထားတဲ့အလယ်မှာ ပုံစံမပျက်ရှိလို့နေတယ်။

" ဥက္ကဌစု့က တကယ်ကိုငယ်လဲငယ်,တော်လဲတော်တဲ့သူတစ်ယောက်ပဲဗျာ။ "

" ဟုတ်ပါ့ဗျာ။ ဟုတ်ပါ့။ ဥက္ကဌစု့ရဲ့အကြောင်းတွေကိုကြားဖူးနေတာကြာပြီ။ ဒီနေ့လိုမျိုးလူလိုက်အပြင်မှာတွေ့ရတာ တကယ်ကိုကံကောင်းတယ်လို့ဆိုရမှာပဲဗျာ။ သေချာပေါက် ဥက္ကဌစု့နဲ့အတူ နှစ်ခွက်လောက်သောက်ရမယ်ဗျို့။ "

စု့ချင်း၊ စု့အဖွဲ့အစည်းရဲ့ ဥက္ကဌ ။

သုံးနှစ်သာ တာဝန်ယူရသေးသော်လည်း ဒေဝါလီခံ ,ခံရနီးနီးဖြစ်နေတဲ့ စု့Companyအတော်များများကိုပြန်နလန်ထူအောင်လုပ်နိုင်ခဲ့တဲ့အပြင် နောက်တစ်ကြိမ်ပြန်လည်ပြီး ထိပ်သီးအဖွဲ့အစည်းအဖြစ် အောင်မြင်လာအောင် လုပ်ဆောင်နိုင်ခဲ့ကာ လူအများအားကျရတဲ့ဖြစ်တည်မှုတစ်ခု အဖြစ် ဖြစ်လာခဲ့တယ်။

သူဖန်တီးထားတဲ့ ဒဏ္ဍာရီလာစီးပွားရေးဈေးကွက်ပလန်တွေ၊ သူရဲ့ပြည့်ဝလှတဲ့ အတွေးအခေါ်နဲ့စွမ်းဆောင်ရည်တွေ။ ခန့်ညားချောမောလွန်းတဲ့ ရုပ်ရည်နဲ့ Prince Charming ကဲ့သို့သောအသွင်အပြင်၊ နောက်ဆုံးမြင့်မားလှတဲ့အရပ်နဲ့ အချိုးကျလှတဲ့ ခန္ဓာကိုယ်တို့ကြောင့် ပုံမှန်ဆိုသလိုပင် လူအများစုက သူရဲ့ လိင်အမျိုးအစားကို မေ့မေ့သွားတတ်ကြသည်။

ဒီလိုမျိုးစု့ချင်း တွေ့ဆုံပွဲမှာပေါ်လာတဲ့အခါ သဘာဝအတိုင်းပင် သူဟာပွဲရဲ့ အဓိကလူအဖြစ်သို့ရောက်သွားလေသည်။

သေချာတာပေါ့ ၊ အနီးကပ်ဆက်ဆံပြောဆိုပြီးနောက် သူရဲ့လိင်ကွဲပြားမှုက လူတွေရဲ့ပြောဆိုစရာ ခေါင်းစဉ်တစ်ခုအဖြစ်သို့ရောက်ရှိလာတယ်။ အထူးသဖြင့် သူ့ရဲ့ Dominate Omega ဖယ်ရိုမုန်းအနံ့ပင်။

Heatကာအတွင်းမဟုတ်တာတောင်မှ၊ အလွန်အလွန်ကိုပေါ့ပါးနေတဲ့ ရနံ့လေးဖြစ်နေတာတောင်မှပင် Alpha တွေရဲ့ ထိန်းချုပ်နိုင်စွမ်းကို အလွယ်တကူစမ်းသပ်လို့နေတယ်။ ကိုယ်နေရာကိုယ်မသိတဲ့ Alphaငယ်လေးတွေကို ပိုအတင်းရဲလာအောင် ဆွဲဆောင်လို့နေတယ်။

ဒီလိုအချိန်မှာ သူတို့ရှေ့မှာရှိနေတဲ့ Omegaက ဘယ်လောက်တောင်ရက်စက်တဲ့သူလဲဆို အသီးသီးမေ့လို့သွားကြတယ်။

စု့ချင်းဟာ အတိုက်အခိုက်မှာလဲ ကျွမ်းကျင်အဆင့်ပင်။ တစ်ခါက သူရှေ့မှာ Rut လာဝင်တဲ့ Alpha ကျိုးကန်ပြီးအသိလွတ်တဲ့ထိ ရိုက်ပစ်ဖူးသည်။ ထိုလူကအခုချိန်ထိ ဆေးရုံခန်းထဲမှာ ကိုမာဝင်နေဆဲပင်။

Alpha တစ်ယောက်ကOmega ကိုအန္တရာယ်ပြု အတင်းအကျပ် ရယူပိုင်ဆိုင်ဖို့ကြိုးစားတဲ့အခါမှာ Omega အနေနဲ့ ခုခံပိုင်ခွင့်အပြည့်အဝရှိလေသည်။

အဲ့ဒါကြောင့်ပဲ စု့ချင်းတစ်ယောက်သူ့လုပ်ရက်အတွက် ဘာတာဝန်မှယူစရာမလိုလိုက်ပေ။အဲ့ဒီ Alphaရဲ့မိသားစုတင်တွေခဗျာ စု့ချင်းကိုလဲဘာမှမလုပ်ရဲ့အတွက် ခါးသီးမှုကို ကြိတ်မှိတ်သည်းခံရုံမှအပ ဘာမှမတတ်နိုင်ခဲ့ကြပေ။

ဒီအခိုက်အတန့်မှာ စု့ချင်ဘေးနားမှာဝိုင်းနေတဲ့ Alpha တွေဟာ ဝိုင်နဲ့ဖယ်ရိုမုန်းတို့ရဲ့လွှမ်းမိုးမှုကြောင့် အသိစိတ်မကပ်ပဲရီဝေလို့နေလေတယ်။

အစပိုင်းတုန်းကတော့ သူတို့ကိုယ်သူတို့ထိန်းချုပ်ထားကြပေမဲ့ တဖြေးဖြေးနဲ့ သူတို့ရဲ့ ဖယ်ရိုမုန်းတွေကိုပိုထုတ်လာပြီး သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ရယူပိုင်ဆိုင်လိုစိတ်တွေနဲ့ ပြိုင်ဆိုင်ချင်စိတ်တွေဟာနေရာယူလို့လာတယ်။

တကယ်ကိုပင်၊ အမြဲတမ်းရေခဲရိုက်မျက်နှာထားနဲ့ ဟိုးအမြင့်တစ်နေရာမှာတသီးတသန့်နဲ့ ဘယ်သူမှလက်မလှမ်းဝံ့တဲ့ တည်ရှိမှုမျိုးနဲ့ စု့ချင်က Alpha တွေရဲ့ ပိုင်စိုးအနိုင်လိုတဲ့ ဗီဇကိုစိန်ခေါ်သလိုဖြစ်လို့နေတယ်။

နောက်ပြီး လူအုပ်အလယ်မှာရှိနေတဲ့ ထိုလူသားလေးက ပေါ့ပေါ့ပါးပါးနဲ့ လက်ထဲကဝိုင်ခွက်ကိုဆော့ကစားလို့နေတယ်။ နောက်ဆုံးမှာတော့ ဝိုင်ခွက်ကနှုတ်ခမ်းထောင့်နားမှာ ရပ်တန့်လို့သွားတယ်။

သူ့အကြောင်းကိုသိတဲ့ သူတစ်ယောက်သာဆို ဒီမှာရှိနေတဲ့ Alpha တွေဒုက္ခလှလှတွေ့တော့မယ်ဆိုတာကို သိနိုင်ပေလိမ့်မယ်။

" စု့ချင်း။ "

ထိုအခိုက်မှာပဲ , ပေါ့ပါးပြီးလူငယ်ဆန်တဲ့ အသံတစ်ခုထွက်ပေါ်လို့လာတယ်။

" ကျွန်တော်၊ ခင်ဗျားကိုတောက်လျှောက်လိုက်ရှာနေတာ။ လက်စသတ်တော့ခင်ဗျားကဒီရောက်နေတာကို ။ "

ယဲ့ယွီစိမ်း ထိုနေရာဆီသို့လျှောက်လာပြီး အဲ့ဒီဦးနှောက်မရှိတဲ့ Alpha တစ်သိုက်ကို " ကျွန်တော် ဥက္ကဌစု့နဲ့ ခဏလောက်စကားပြောချင်လို့။ အဆင်ပြေမလား။ "

ယဲ့ယွီစိမ်းက ဒီမွေးနေ့ပွဲရဲ့ မွေးနေ့ရှင်ပင်။ သူကိုယ်တိုင်ကအဲ့လိုထုတ်ပြောလာပြီဆိုမှတော့ လူတွေကမကျေနပ်ကြပေမဲ့လည်း မျက်နှာသာမပေးလို့ကလည်းမရပေ။

" အဲ့ဒါဆို ခင်ဗျားတို့ပြောကြပါ။ "

" ဥက္ကဌစု့၊ နောက်အချိန်ရမှပြောကြတာပေါ့။ "

စု့ချင်း ကတော့အရေးမစိုက်တဲ့ ပုံစံနှင့်ပင်။

Alpha တွေထွက်သွားပြီးတဲ့နောက် ယဲ့ယွီစိမ်းဦးဆောင်ပြီး လူရှင်းတဲ့နေရာတစ်ခုကိုသွားလိုက်တယ်။ 


{ Hello , long time no see. တကယ်လို့ ဖတ်ရတာစာတွေလွဲနေရင် ကိုယ့်ကို တစ်ချက် ကျေးဇူးပြုပြီးအသိပေးပေးပါဦး။ Laptopနဲ့ Typingရိုက်ထားတာမို့ ဖုန်းမှာဘယ်လိုပေါ်မလဲဆိုတာမသိရလို့ပါ။ }

Continue Reading

You'll Also Like

558K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
121K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)
1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."