ချစ်ချင်လို့ ချစ်တာ ( Complet...

By -Pont-00

346K 14.2K 361

ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက... More

အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
Photo
21
22
23
24
25
26
27
28
29
No update
29. (ZawGyi)
30
30 (ZawGyi)
31
31 (ZawGyi )
A/N
32
32(ZawGyi )
33
33(ZawGyi )
☘️
34
34(ZawGyi )
35
35(ZawGyi )
Hello
36
36(ZawGyi)
37
37(ZawGyi )
38
38(ZawGyi )
FB acc & page
39
39(ZawGyi )
40
40(Zawgyi)
41
41(Zawgyi)
42
42( ZawGyi)
43
43(Zawgyi)
44
44(Zawgyi)
45
45(Zawgyi)
46
46(Zawgyi)
47
47(Zawgyi)
No update
48
48(ZawGyi)
49
49(ZawGyi )
50
50(ZawGyi)
51
(51) Zawgyi
52
52(Zawgyi)
53 -1. (final)
53-1(final) Zawgyi
53-2 (final)
53-2(final) Zawgyi
Extra (1)
Extra (1) ZawGyi

19

5.1K 265 0
By -Pont-00

သီတင်းကျွတ် လပြည့်နေ့။

"အိုက်လမင်းသာ  အဆင်သင့်ဖြစ်ပြီလား "

"အင်း~~ဖြစ်ပြီ"

" အဲ့တာဆို   ကန်တော့စာ တွေ သေချာဖွက်လာခဲ့ အနောက်ကပတ်ဝင်ပြီး သွားမယ်"

"အင်းပါ ရိုးရိုးတန်းတန်း ကန်တော့လည်း ရနေတာကို အိုက်လျှမ်းကလဲ"

"ဟာ မုန့်ဖိုးလေးနဲ့ စုပြီး ကန်တော့တာကို Surprise ဖြစ်အောင်လုပ်ရမှာပေါ့ ဒါမှ မုန့်ဖိုး များများရမှာ ညကျ ပွဲသွားလည်ရင် ရေလျှံနေအောင် "

"ဟွန့် သိတတ်လို့ ကန်တော့တာကနည်းနည်း မုန့်ဖိုးလိုချင်လို့
  ကန်တော့တာကများများ"

လမင်းတို့ နှစ်ယောက် သီတင်းကျွတ်မှာ မိဘတွေကို ကန်တော့ဖို့ မုန့်ဖိုးလေးတွေ ကြိတ်စုထားကာ  အလှကြိမ်ခြင်းလေးဖြင့် သပ်ရပ်စွာ ထည့်ထားသော ၉၆ပါး ဆေးဝါးကန်တော့ခြင်းလေး
၃ခြင်းနှင့် ရှမ်းတိုင်းရင်းသားဝတ်စုံ တစ်စုံကို တိုးတိုးတိတ်တိတ်ဝယ်ကာ သီတင်းကျွတ်လပြည့်နေ့မရောက်မချင်း
ဖွက်ထားခြင်း ဖြစ်သည်။  ဖွက်ထားရတာကလဲ ဉာဏ်ကြီးရှင် စိုင်းဟန်လျှမ်းကြောင့်ပါ။

ဟန်လျှမ်း တို့အိမ်တွင် လမင်း အမေကပါ လူကြီးအချင်းချင်း စကားလက်ဆုံကျ နေတာမို့  လူကြီးတွေကို တစ်စုတစ်စည်းတည်း
ကန်တော့ရန် လမင်း အခန်းထဲ၌ ဖွက်ထားသော ပစ္စည်းများကို လာပြေးယူခြင်း။

ဟန်လျှမ်းတို့အိမ်ရောက်တာနဲ့ အနောက်ဘေး မီးဖိုချောင်မှ ဝင်ကာ
ဟန်လျှမ်းက အရှေ့က စကားလက်ဆုံကျနေသော လူကြီးတွေအား
မီးဖိုချောင်ထဲမှ လှမ်းအော်ကာ ပြော၏။

"မား! ပါး! တီချိုနဲ့ ကိုကြီး  မျက်လုံးလေးတွေ မှိတ်ထားကြနော်
မဖွင့်နဲ့ "

"ဘာလို့လဲ သားငယ် "

" သား ပြောသလို မျက်လုံးသာမှိတ်ထားကြပါ မဖွင့်နဲ့နော် လုံးဝမဖွင့်နဲ့ သားပြောမှ ဖွင့်"

"အိုက်လမင်းသာ သေချာကိုင်ပြီး အသံမမြည်အောင်  မားတို့အရှေ့မှာ ချနော် "


"အင်း"

ခြေသံဖွဖွဖြင့် ဧည့်ခန်းထဲ လျှောက်သွားကာ  မိဘတွေအရှေ့၌ ဆေးခြင်း တစ်ခြင်းစီ ချပေးထားကာ ကိုကြီး အရှေ့၌ ရှမ်းဝတ်စုံ ချပေးကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်၌ ဒူးတုတ်ထိုင်ကာ လက်အုပ်လေးများ ချီထားလိုက်၏။

"ဖွင့်လို့ရပါပြီ "

မိဘတွေနှင့် ကိုကြီးက မျက်စိရှေ့၌ ဒူးတုတ်ထိုင်ကာ လက်အုပ်ချီထားကြသော လမင်းတို့နှစ်ယောက်ကို မြင်တာနှင့် ပီတိဖြာသော အပြုံးကိုယ်စီဖြင့် ကြည့်နေကြ၏။

" အဟမ်း! ၁. ၂. ၃    မွေးမိခင်နှင့် ကျွေးဖခင် တို့ခင်များ~~

လူပျိုကြီး စိုင်းဆိုင်ဟန် ခင်များ ~~ ကာယကံ ၊ ဝစီကံ ၊ မနောကံ
အစရှိသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင်  ရှိခိုးကန်တော့ပါ၏ ခင်များ~~~"

မျက်လုံးစုံ မှိတ်ကာ လက်အစုံကို နှဖူးပေါ်တင်ကာ ရှေ့ယိုင် နောက်ယိုင်ဖြင့် အားရပါးရ အော်ဆိုကာ ကန်တော့နေကြသော
ကြမ်းပြင်ပေါ်က အနှီ ပေါတောတောကောင်လေးနှစ်ယောက်အား ကြည့်ကာ အားရပါးရရယ်မိမှာ ဆိုးတာကြောင့် အောင့်အီးထားရသော လူကြီးတွေ မျက်နှာမှာ ရဲနေ၏။
လူကြီးတွေ ဆုတောင်းစကားတောင် မပြောရသေးဘဲ အာပြဲကြီးနှင့်
ထပ်မံကာ အော်၍ဆိုလာသော စိုင်းဟန်လျှမ်းကြောင့် ရယ်သူကရယ်၊ ပြုံးစိစိလုပ်သူကလုပ်နှင့် ဖြစ်ကုန်သည်။

"မား နေကောင်း သားဆုတောင်း!
ပါး နေကောင်း သားဆုတောင်း!
တီချို နေကောင်း သားဆုတောင်း!
ကိုကြီး နေကောင်း သားဆုတောင်း!

မုန့်ဖိုး ကိုယ်စီ ပေးနိုင်ပါကြောင်း~~~~~~"

"ဟမ် အိုက်လျှမ်း မင်းနဲ့ငါ  ကျက်ထားတုန်းက ဒါမပါဘူးလေ"

" Surprise လေ surprise  ဟင်း ဟင်း..."

ဟင်! အကျိုးနည်း surprise ကြီးပါလား။

"ကဲ.....သားလေးတို့ နှစ်ယောက်  လာပါအုန်း ဒီနားကို
ဖေကြီးက မုန့်ဖိုးပေးဖို့  ငွေသွားယူချည်"

တီတီနုနှင့် အမေ့ကြားမှာ နှစ်ယောက်သား ဝင်ထိုင်ရင်း မုန့်ဖိုးစောင့်နေကြ၏။ လူကြီးတွေဆုတောင်းစကားပြောကြတော့လည်း စိုင်းဟန်လျှမ်းတို့အသံကြီးကပြဲလို့ ။အင်းပေါ့ မုန့်ဖိုးကနည်းမှမနည်းတာ။သွားကြီးကို ဖြီးလို့။

ဟန်လျှမ်း ရဲ့ အကျိုးနည်းမုန့်ဖိုးတောင်းနည်း ကြောင့်
ဟန်လျှမ်းပြောသလို ညကျရင် ပွဲလည်ဖို့အတွက် ရေလျှံသည်ထပ် ပိုပါသည်။ လက်ထဲမှာ တီတီနုတို့ လင်မယား နှစ်ယောက်ပေးသော
မုန့်ဖိုး ၂၀၀၀၀,ကိုကြီးဆိုင်ဟန် ပေးသော ၁၀၀၀၀နှင့် အမေပေးသော ၅၀၀၀။ စုစုပေါင်း ၃၅၀၀၀တောင် မုန့်ဖိုးရတာမို့
ပွဲသွားလည်ရင် ၁၀၀၀၀လောက်တော့ယူသွားလိုက်မည်။ အဲ့လောက်ဆို လောက်ပါတယ်။ ဘာမှသိပ်စားတာလဲမဟုတ်ပါဘူး။

***

လမင်းတို့ သားအမိရော ၊ ဟန်လျှမ်းတို့ မိသားစုပါ ဘုရားမှာ ဆီမီးပူဇော်ရင်း  ပွဲလည်ကြမည် ဖြစ်သည်။ လာခေါ်မည့်သူတွေလည်းရှိတာမို့ လူကြီးတွေက လာခေါ်မှသာ အသေအချာ မှာကြားရင်း နောက်မှသပ်သပ်စီ သွားကြမည် ဖြစ်သည်။

လမင်းနဲ့ ဟန်လျှမ်း  ကတော့ ဆင်တူဝယ်ထားသည့် အင်္ကျီနှင့်ဘောင်းဘီအား ဝတ်ကာ မှန်ရှေ့၌ ဟိုလှည့်ဒီလှည့် လုပ်လို့ မပြီးနိုင်သေး။ လမင်း တစ်ခါမှ အခုလို ပုံစံတွေ မဝတ်ဖူးတာအမှန်ပါ။ ဟန်လျှမ်းကသာ အကုန်လုံးဆင်ပေးထားခြင်းဖြစ်၏။ လမင်း က ပုဆိုးနှင့် စွပ်ကျယ်သာ အဝတ်များသော သူမို့ ကိုယ်နဲ့လိုက်ဖတ်တာ ဘာလဲဆိုတာလဲ သေချာမသိတာအမှန်ပါ။ ဒီရောက်မှ ဟန်လျှမ်းပေးသော တီရှပ်တွေနှင့် ဒူးအတိ pantလေးတွေ ဝတ်ဖူးတာဖြစ်သည်။

အထဲအင်္ကျီကိုကော်လံလက်ရှည်အနက်ရောင်
ဝတ်ထားကာအပေါ်မှတီရှပ်အပွအဖြူရောင်လေးတွေဝတ်ထားတာမို့
အသားဖြူသည့် အထဲမှာပါသည့် ကောင်လေးနှစ်ယောက်ကတော့
၁၄နှစ်အရွယ် လူပျိုဝင်ခါစလို ခပ်မိုက်မိုက်ပုံစံလေးတွေ ဖြစ်မနေပဲ
အောက်က ဂျင်းဘောင်းဘီအပွသည် ခြေမျက်စိ၌ အနည်းငယ် ပုံပုံလေးဖြစ်နေတာကြောင့် ပုံစံလေးတွေက ပုလုံးလုံးလေးတွေနှင့် ချစ်ဖို့ကောင်းသည့် ဘက်သို့ ဦးတည်ပြေးနေလေသည်။ အမြွှာလေးတွေလို ဆင်တူ ဝတ်ထားပေမယ့်  မတူတာကတော့
တစ်ယောက်က အညိုရောင်ဆံပင်ခပ်အုပ်အုပ်လေးတွေနဲ့ ရယ်လိုက်တိုင်း ပါးချိုင့်လေးတွေက ထင်းကနဲ။
နောက်တစ်ယောက်ကတော့ ဆံပင်ကို ခေါင်းလိမ်းဆီတွေ ရွဲနေအောင် လိမ်းကာ အသေအချာ ဖြီးသင်ထားသော ဆံပင်ပုံစံနှင့်
လောကကြီးကို စက်ဝိုင်းကွင်းကာ ကြည့်ရသော မျက်မှန်ဝိုင်းလေးနဲ့ ကောင်လေး။  သေချာတာကတော့ တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းနေတာပင်။

*****

***ကျွီ****

ခန့်စေတို့ လေးယောက် ပွဲသွားဖို့ လမင်းတို့အား လာခေါ်ခြင်း။
အရင်တိုင်းဆို ဆိုင်ကယ်သံကြားတာနှင့် ပြေးထွက်လာတက်သော ကောင်လေးကို ဒီနေ့မှ မမြင်ရပါ။ အိမ်မှာများ မရှိတာလား။ ပွဲကိုများ သွားနှင့်ကြတာလည်း ဆိုတော့လည်း အိမ်တံခါးများ ဖွင့်ထားတုန်း။

" လမင်း "   ....  ''အကိုလမင်း"

"ရှိတယ် အိမ်ပေါ်တက်လာခဲ့"

  ခန့်စေတို့ အိမ်ထဲ ဝင်လိုက်ရာ အန်တီချိုနဲ့ စိုင်းဟန်လျှမ်းက TVရှေ့မှာ ။ အသေးလေးက ဘယ်မှာလည်း။

"အန်တီချို လမင်းရော "

"သူ့အိပ်ခန်းထဲမှာ သားစေရေ ဝင်သွားချည်"

ခန့်စေ ခန်းစည်းစလေး ဖယ်ကာအခန်းတွင်း ကြည့်လိုက်ရာ မှန်ရှေ့မှာ တောင့်တောင့်လေး ရပ်နေတဲ့ အသေးလေး။

"လမင်း ဘာလုပ်နေတာလည်း "

"ဟင် ရောက်ပြီလား"

"အင်းပေါ့ ဆိုင်ကယ်သံတောင်မကြားဘူးလား"

"အင်း...ဒီမှာလေ အိုက်လျှမ်းနဲ့ ဝယ်ထားတဲ့ဘောင်းဘီက ရှည်နေလို့  တရွတ်တိုက်နေတာ အပြာရောင်လေးမို့ အောက်ပိုင်းတွေ ပေကုန်ရင် ဘယ်လိုလုပ်မလဲ ခေါက်ထားပြန်တော့လည်း အိုက်လျှမ်းက ကြည့်ရဆိုးတယ်တဲ့"

အောက်မှာ ခပ်ပုံပုံလေး ဖြစ်နေသော ဘောင်းဘီစအား မ' ပြကာ ဆိုလာသော အသေးလေးကြောင့် ခန့်စေ ပြုံးမိ၏။
ဒီ အသေးလေးက အဲ့လိုဘောင်းဘီကို အခုမှ ဝတ်ဖူးပုံပဲ။
ဒါတွေက ဒီလိုပဲဝတ်ရတာကို ။ တစ်ခါမှ မတွေ့ဖူးတဲ့ ပုံစံလေးနဲ့မို့
နေရခက်နေတဲ့ ကောင်လေးက ခန့်စေမျက်လုံးထဲ ဘယ်အချိန်ကြည့်ကြည့် အသည်းယားစရာလေး။

"အဲ့ဘောင်းဘီတွေကအဲ့လိုပဲ ဝတ်ရတာ လမင်းရဲ့
လာ...သွားကြရအောင် အရမ်းမှောင်သွားမယ် ဘုရားမှာလည်း ဆီမီးထွန်းအုန်းမယ်မလား"

"အင်း ...ဖြစ်ပါတယ်နော် ဘောင်းဘီကြီး မ'သွားနေရတာ အဆင်မပြေဘူး ဟင်! မင်းက ရှမ်းဝတ်စုံနဲ့လား "

ခန့်စေတို့သူငယ်ချင်းလေးယောက်လုံးက အရင်ဝတ်နေကြပုံစံတွေနှင့်ကွဲထွက်ကာ ရှမ်းဝတ်စုံ ကိုယ်စီ ဝတ်လာကြတာမို့ သန့်ပြန့်နေကာ နဂို ချောမောကြသော မျက်နှာတွေနှင့် လုံးဝကို ပနံသင့်နေကြတာမျိုး။

ခန့်စေတို့ ၄ယောက်လုံးက ကိုကြီးဆိုင်ဟန် အတွက် ကန်တော့ဖို့ ရှမ်းဝတ်စုံဝယ်တုန်းက ရှမ်းဘောင်းဘီ တစ်ထည်တည်းကို 35000 ဆိုလို့လမင်းတို့ နှစ်ယောက် မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တဲ့ ရှမ်းပိုးထည် ဆိုင်က ပိုးသားအထည်တွေလို အပေါ်အောက် တစ်စုံလုံး ဝတ်ထားတာဖြစ်သည်။ ဒါတောင် ပိုးထည်တွေက အမျိုးအစားကွဲသေးတာမို့ ဈေးလည်းမတူဟု ဆိုသော်လည်း
လမင်းတို့ မဝယ်နိုင်ပါ။ ဖျင်ထည်သာ ဝယ်ခဲ့ရသည်။ ဖျင်ထည်တောင်ဈေးက သောင်းကျော် ဈေးက မဆင်းပါ။
သူတို့က လူချမ်းသာ သားသမီးတွေကို ဝတ်နိုင်တာပေါ့။ လမင်းတို့ကသာ ကလေးလိုလို ဘာလိုလိုနဲ့ ဝတ်ထားတာ။ သူ့ကိုရှမ်းဝတ်စုံနက်ပြာ‌ေရာင်ဝတ်ထားတာမို့မေးလိုက်မိတာ။

"အင်းလေ လပြည့်နေ့မို့ လေးလေးကလည်း ဝတ်ခိုင်းတာနဲ့ ဝတ်လာလိုက်တာ ဟိုကောင်တွေလည်း ဝတ်လာတာပဲ"

"ဝတ် ချင် လိုက် တာ"

တိုးတိုးလေးသာ ပြောလိုက်သော စကားပေမယ့် အခန်းဝရောက်နေပြီဖြစ်တဲ့ ခန့်စေကတော့ ကြားလိုက်တာမို့
လမင်း ဘက် ပြန်လှည့်ကာ ပြောလိုက်၏။

"လမင်း က ရှမ်းဝတ်စုံ ဝတ်ချင်လား "

"ဟမ်!"

"ဝတ်မလား ကျွန်တော့်မှာ ရှိတယ် လူက တစ်နှစ်တခြား ထွားလာလို့
မနှစ်က ဝတ်စုံတွေ မတော်တော့ဘူး လမင်းနဲ့ဆို တန်မှာပါ"

"ဖြစ်ပါ့မလား သူများဟာကြီး ဝတ်ရမှာက.."

"ဖြစ်ပါတယ် တခြားသူဟာ ဝတ်တာမှ မဟုတ်တာ"

"မဝတ်တော့ပါဘူး  မင်းအဝတ်က "

"ဘာလို့လည်း ရွံလို့လား ပွေး/ဝဲ ကူးမှာကြောက်လို့လား"

လမင်းရဲ့ စကားကို ဆုံးအောင်နားမထောင်သလို၊ သူထင်ရာကို ဇွတ်ပြောနေတာ။

"မဟုတ်ပါဘူး အားနာလို့ မင်းတို့ ရှမ်းဝတ်စုံတွေကဈေးကြီးတယ်"

"ဈေးကြီးတော့ဘာဖြစ်လဲ ဝတ်ဖို့ ဝယ်ထားတာပဲလေ"

" ငါ မဝတ်တော့ပါဘူး ဒီအတိုင်းပဲ သွားတော့မယ်"

"ကျစ်!"

"အင်း...ဘာဖြစ်သွားတာလဲ "

"  သွားမယ် နောက်ကျနေမယ် "

သူငယ်ချင်းလေးယောက်လုံးက အမေ့ကို ကန်တော့အုန်းမယ် ဆိုတာမို့ ကန်တော့တာကိုစောင့်နေလိုက်သည်။ သူတို့အဖွဲ့ထဲမှာ အိုက်တွမ်က ရှမ်းလူမျိုး မို့လို့သူတို့ ဓလေ့အတိုင်း ငွေဖလားထဲမှာ ရှမ်းရိုးရာ ကောက်ညှင်းမုန့်ထုပ်တွေနဲ့ တခြားစားစရာမုန့်တွေ အချိုရည် ၊ ဖယောင်းတိုင် တွေနှင့် လေးယောက်လုံး စုဝယ်လာသော ဆောင်းတွင်းခြုံ ချည်ထည်ခြုံလွှာကြီးနှင့် ကန်တော့ကြတာမို့ အမေကတော့ တသသကိုင်ကြည့်ကာ ပြုံးရွှင်လို့နေ၏။

*****

အိမ်ကထွက်လာကတည်းက လမင်းကို စကားလည်း တစ်ခွန်းမှ မပြောသော အရှေ့က လူကြောင့် လမင်း  သူ့ပုခုံးကို ပုတ်ကာမေးလိုက်မိသည်။

"ခန့်စေထွဋ်နောင် ဘာဖြစ်နေတာလဲ"

"......"

အ‌ရှေ့က ဆိုင်ကယ်မောင်းနေသူမှာ လမင်း၏ အမေးကို ပြန်ဖြေကြားလာတာမျိုး မလုပ်တာမို့ နောက်တစ်ခါထပ်မေးရသည်။

"ခန့်စေထွဋ်နောင် ...စိတ်ဆိုးနေတာလား"

"......."

ဒီတစ်ခါလည်း မဖြေတာမို့ လမင်း အရှေ့ကလူကို အမြင်ကတ်လာသည်။ သူ မကြားတာလဲ မဟုတ်ပဲနဲ့ တမင် မဖြေပဲနေတာ သိသားပဲ။ စိတ်ဆိုးနေရင် လူကို ဘာလို့ သူ့ဆိုင်ကယ်ပေါ် တင်ခေါ်လာသေးလဲ။ အဲ့လိုကြီး နေတော့ လိုက်စီးရတာ မဝင့်မရဲ နဲ့ နေရခက်တာမျိုးဖြစ်တာပေါ့။ ။
ဒါလေးတောင် မသိဘူးလား။

ဘာကို စိတ်ဆိုးသွားမှန်းလည်း မသိဘူး။ စကားအကောင်းပြောနေရင်းကို ကောက်သွားတာ။ ရှမ်းဝတ်စုံကိစ္စဆိုရင်တော့  လမင်းက အားနာလို့ပြောတာကို ။
ဒီတစ်ခါ မေးလို့မှ ပြန်မဖြေရင် သူ့အနောက် လိုက်မစီးတော့ဘူး။

"ခန့်စေထွဋ်နောင် လို့ ငါ့ကို စိတ်ဆိုးနေတာလားလို့"

"........"

"ဗုန်း!... ဆိုင်ကယ်ရပ်လိုက် ငါ လိုက်မစီးတော့ဘူး"

**ကျွီ**

ကျောကုန်းကို အားပါပါ ရိုက်လာသော အသေးလေးကြောင့် သူကတစ်ပြန် ကိုယ့်ကို ကောက်သွားပြီမှန်း သိလိုက်သည်။ ဆိုင်ကယ်ရပ်ကာ မေးလိုက်တော့ နှုတ်ခမ်းထော်ကာ ရန်တွေ့သလိုနဲ့
တစ်ခွန်းမကျန်ပြန်ပြောနေလိုက်တာများ။

"ဘာလဲ လမင်း ရာ လိုက်မစီးလို့ လမ်းလျှောက်လိုက်မလို့လား"

"လျှောက်စရာလား  ဝဏ္ဏနဲ့ လိုက်မှာပေါ့"

အမယ့် ။ထွန်းလမင်းသာ တို့က အလာကြီးပါလား။  ပိုင်တယ်ဆိုတဲ့
မျက်နှာထားနဲ့။ ဒီကောင်က လိုက်စီးခိုင်းမယ် ထင်လို့လား။

"ဘယ်သူက စီးခိုင်းမယ်ပြောလို့လည်း  "

"ဝဏ္ဏပေါ့ ဝဏ္ဏနဲ့ စီးမှာပေါ့"

"အေးလို့ အဲ့ ဝဏ္ဏနဲ့ ဘယ်သူကစီးခိုင်းမယ် ပြောလို့လဲ မေးနေတာ "

" ဘယ်သူမှ မစီးခိုင်းလဲ ဝဏ္ဏက စီးခိုင်းတယ်"

"သူ စီးခိုင်းလည်း ကျုပ်က မစီးခိုင်းဘူး ရှင်းပြီလား "

" မင်းကိုယ့်ထပ် အကြီးကို ကျုပ် ကျုပ်နဲ့ပြောနေတာနော် မစီးခိုင်းချင်ရင် ငါမေးတာကို မင်းကဖြေလေ "

"ဘာဖြေရမှာလဲ"

"ငါ့ကို စိတ်ဆိုးနေတာလား လို့ "

"ဟ!ဆိုးစရာလား "

"အဲ့တာဆို စိတ်‌ေကာက်တာလား"

"...."

"ကြည့် မေးနေရင်မဖြေဘူး"

"ဆိုးတယ် ဆိုရင်ရော"

"ဘာကို စိတ်ဆိုးနေတာလဲ "

"ဘယ်သိမလဲ"

ဒီ၈တန်းကောင် လူကို ထော်လော်ကန့်လန့်တွေပြောနေတာ ။
ယောကျာ်းကြီး ဖြစ်ပြီးတော့ စိတ်မဆိုးဘူးလည်းပြောသေးတယ်
မျက်ခုံးက တွန့်ထားတာများ  မြင်လို့တောင်မကောင်းဘူး။
သေချာနေပါပြီ သူ့အင်္ကျီ မဝတ်ဘူး ပြောလို့ အဲ့မျက်ခုံးကြီးတွေ တွန့်ထားပြီး စိတ်ဆိုးစိတ်ကောက် နေကြောင်းပြနေတာ။

"ရှမ်းဝတ်စုံ မဝတ်ဘူးပြောလို့လား "

"ဝတ်မှာလား"

"ဟမ်"

"ဝတ်မှာလားလို့ မေးနေတာဖြေ စိတ်ကိုမရှည်ဘူး"

"မင်း! စိတ်မရှည်ရင် နေ ငါ ဝဏ္ဏ နဲ့ပဲလိုက်မှာ"

"ကဲ~~~ထွန်းလမင်းသာရေ ကျုပ်ကို မရစ်နဲ့ ခင်များကို အဝတ်ရှာပေးရအုန်းမှာ ကျုပ်အိမ်ကိုမောင်းမယ် တက်!"

"ငါက မင်းအိမ် ဘာလိုက်လုပ်ရမှာလဲ"

" ကျုပ်ကို မိသားဖသား ပီပီ လိုက်တောင်း "

"မင်း! ပေါက်ကရ မပြောစမ်းနဲ့ ခန့်စေထွဋ်နောင်"

"အဲ့တာဆို အရစ်ရှည်မနေနဲ့လေ တက်ဆို တက်လိုက်ပေါ့"

"မတက်ဘူး..."

"ကိုင်ပေါက်မိတော့မယ် တက်ဆိုတက် ဖတ်နမ်းလိုက်မှ တက်မှာလား ခင်များ ပြော!"

"တက်မယ် !*#$@@&........"

ခြိမ်းခြောက်ပြီးပြောကာမှ ပေစောင်းစောင်းနဲ့ ပါးစပ်ကလည်း ပွစိပွစိရွတ်လို့။ ထွန်းလမင်းသာတို့က ကြာလေကြာလေ အရစ်တုံးလေးဖြစ်လာလေပဲ။

*********
တအားရှည်နေလို့ ဖျတ်ချထားလိုက်တယ်နော် ပုံ့  နောက်တစ်ပိုင်းကို ထပ်ဖြည့်ပြီး တင်ပေးပါ့မယ်ရှင့်။

-pont-00-



ZawGyi

သီတင္းကြၽတ္ လျပည့္ေန႕။

"အိုက္လမင္းသာ အဆင္သင့္ျဖစ္ၿပီလား "

"အင္း~~ျဖစ္ၿပီ"

" အဲ့တာဆို ကန္ေတာ့စာ ေတြ ေသခ်ာဖြက္လာခဲ့ အေနာက္ကပတ္ဝင္ၿပီး သြားမယ္"

"အင္းပါ ရိုးရိုးတန္းတန္း ကန္ေတာ့လည္း ရေနတာကို အိုက္လွ်မ္းကလဲ"

"ဟာ မုန႔္ဖိုးေလးနဲ႕ စုၿပီး ကန္ေတာ့တာကို Surprise ျဖစ္ေအာင္လုပ္ရမွာေပါ့ ဒါမွ မုန႔္ဖိုး မ်ားမ်ားရမွာ ညက် ပြဲသြားလည္ရင္ ေရလွ်ံေနေအာင္ "

"ဟြန႔္ သိတတ္လို႔ ကန္ေတာ့တာကနည္းနည္း မုန႔္ဖိုးလိုခ်င္လို႔
ကန္ေတာ့တာကမ်ားမ်ား"

လမင္းတို႔ ႏွစ္ေယာက္ သီတင္းကြၽတ္မွာ မိဘေတြကို ကန္ေတာ့ဖို႔ မုန႔္ဖိုးေလးေတြ ႀကိတ္စုထားကာ အလွႀကိမ္ျခင္းေလးျဖင့္ သပ္ရပ္စြာ ထည့္ထားေသာ ၉၆ပါး ေဆးဝါးကန္ေတာ့ျခင္းေလး
၃ျခင္းႏွင့္ ရွမ္းတိုင္းရင္းသားဝတ္စုံ တစ္စုံကို တိုးတိုးတိတ္တိတ္ဝယ္ကာ သီတင္းကြၽတ္လျပည့္ေန႕မေရာက္မခ်င္း
ဖြက္ထားျခင္း ျဖစ္သည္။ ဖြက္ထားရတာကလဲ ဉာဏ္ႀကီးရွင္ စိုင္းဟန္လွ်မ္းေၾကာင့္ပါ။

ဟန္လွ်မ္း တို႔အိမ္တြင္ လမင္း အေမကပါ လူႀကီးအခ်င္းခ်င္း စကားလက္ဆုံက် ေနတာမို႔ လူႀကီးေတြကို တစ္စုတစ္စည္းတည္း
ကန္ေတာ့ရန္ လမင္း အခန္းထဲ၌ ဖြက္ထားေသာ ပစၥည္းမ်ားကို လာေျပးယူျခင္း။

ဟန္လွ်မ္းတို႔အိမ္ေရာက္တာနဲ႕ အေနာက္ေဘး မီးဖိုေခ်ာင္မွ ဝင္ကာ
ဟန္လွ်မ္းက အေရွ႕က စကားလက္ဆုံက်ေနေသာ လူႀကီးေတြအား
မီးဖိုေခ်ာင္ထဲမွ လွမ္းေအာ္ကာ ေျပာ၏။

"မား! ပါး! တီခ်ိဳနဲ႕ ကိုႀကီး မ်က္လုံးေလးေတြ မွိတ္ထားၾကေနာ္
မဖြင့္နဲ႕ "

"ဘာလို႔လဲ သားငယ္ "

" သား ေျပာသလို မ်က္လုံးသာမွိတ္ထားၾကပါ မဖြင့္နဲ႕ေနာ္ လုံးဝမဖြင့္နဲ႕ သားေျပာမွ ဖြင့္"

"အိုက္လမင္းသာ ေသခ်ာကိုင္ၿပီး အသံမျမည္ေအာင္ မားတို႔အေရွ႕မွာ ခ်ေနာ္ "

"အင္း"

ေျခသံဖြဖြျဖင့္ ဧည့္ခန္းထဲ ေလွ်ာက္သြားကာ မိဘေတြအေရွ႕၌ ေဆးျခင္း တစ္ျခင္းစီ ခ်ေပးထားကာ ကိုႀကီး အေရွ႕၌ ရွမ္းဝတ္စုံ ခ်ေပးကာ ႏွစ္ေယာက္သား ၾကမ္းျပင္ေပၚ၌ ဒူးတုတ္ထိုင္ကာ လက္အုပ္ေလးမ်ား ခ်ီထားလိုက္၏။

"ဖြင့္လို႔ရပါၿပီ "

မိဘေတြႏွင့္ ကိုႀကီးက မ်က္စိေရွ႕၌ ဒူးတုတ္ထိုင္ကာ လက္အုပ္ခ်ီထားၾကေသာ လမင္းတို႔ႏွစ္ေယာက္ကို ျမင္တာႏွင့္ ပီတိျဖာေသာ အၿပဳံးကိုယ္စီျဖင့္ ၾကည့္ေနၾက၏။

" အဟမ္း! ၁. ၂. ၃  ေမြးမိခင္ႏွင့္ ေကြၽးဖခင္ တို႔ခင္မ်ား~~

လူပ်ိဳႀကီး စိုင္းဆိုင္ဟန္ ခင္မ်ား ~~ ကာယကံ ၊ ဝစီကံ ၊ မေနာကံ
အစရွိေသာ ကံသုံးပါးတို႔ျဖင့္ ျပစ္မွားမိခဲ့သည္ ရွိေသာ္ ထိုအျပစ္တို႔ကို ေပ်ာက္ပါေစျခင္း အက်ိဳးငွာ ပထမ၊ ဒုတိယ၊ တတိယ တစ္ႀကိမ္၊ ႏွစ္ႀကိမ္၊ သုံးႀကိမ္ ေျမာက္ေအာင္ ရွိခိုးကန္ေတာ့ပါ၏ ခင္မ်ား~~~"

မ်က္လုံးစုံ မွိတ္ကာ လက္အစုံကို ႏွဖူးေပၚတင္ကာ ေရွ႕ယိုင္ ေနာက္ယိုင္ျဖင့္ အားရပါးရ ေအာ္ဆိုကာ ကန္ေတာ့ေနၾကေသာ
ၾကမ္းျပင္ေပၚက အႏွီ ေပါေတာေတာေကာင္ေလးႏွစ္ေယာက္အား ၾကည့္ကာ အားရပါးရရယ္မိမွာ ဆိုးတာေၾကာင့္ ေအာင့္အီးထားရေသာ လူႀကီးေတြ မ်က္ႏွာမွာ ရဲေန၏။
လူႀကီးေတြ ဆုေတာင္းစကားေတာင္ မေျပာရေသးဘဲ အာၿပဲႀကီးႏွင့္
ထပ္မံကာ ေအာ္၍ဆိုလာေသာ စိုင္းဟန္လွ်မ္းေၾကာင့္ ရယ္သူကရယ္၊ ၿပဳံးစိစိလုပ္သူကလုပ္ႏွင့္ ျဖစ္ကုန္သည္။

"မား ေနေကာင္း သားဆုေတာင္း!
ပါး ေနေကာင္း သားဆုေတာင္း!
တီခ်ိဳ ေနေကာင္း သားဆုေတာင္း!
ကိုႀကီး ေနေကာင္း သားဆုေတာင္း!

မုန႔္ဖိုး ကိုယ္စီ ေပးနိုင္ပါေၾကာင္း~~~~~~"

"ဟမ္ အိုက္လွ်မ္း မင္းနဲ႕ငါ က်က္ထားတုန္းက ဒါမပါဘူးေလ"

" Surprise ေလ surprise ဟင္း ဟင္း..."

ဟင္! အက်ိဳးနည္း surprise ႀကီးပါလား။

"ကဲ.....သားေလးတို႔ ႏွစ္ေယာက္ လာပါအုန္း ဒီနားကို
ေဖႀကီးက မုန႔္ဖိုးေပးဖို႔ ေငြသြားယူခ်ည္"

တီတီႏုႏွင့္ အေမ့ၾကားမွာ ႏွစ္ေယာက္သား ဝင္ထိုင္ရင္း မုန႔္ဖိုးေစာင့္ေနၾက၏။ လူႀကီးေတြဆုေတာင္းစကားေျပာၾကေတာ့လည္း စိုင္းဟန္လွ်မ္းတို႔အသံႀကီးကၿပဲလို႔ ။အင္းေပါ့ မုန႔္ဖိုးကနည္းမွမနည္းတာ။သြားႀကီးကို ၿဖီးလို႔။

ဟန္လွ်မ္း ရဲ႕ အက်ိဳးနည္းမုန႔္ဖိုးေတာင္းနည္း ေၾကာင့္
ဟန္လွ်မ္းေျပာသလို ညက်ရင္ ပြဲလည္ဖို႔အတြက္ ေရလွ်ံသည္ထပ္ ပိုပါသည္။ လက္ထဲမွာ တီတီႏုတို႔ လင္မယား ႏွစ္ေယာက္ေပးေသာ
မုန႔္ဖိုး ၂၀၀၀၀,ကိုႀကီးဆိုင္ဟန္ ေပးေသာ ၁၀၀၀၀ႏွင့္ အေမေပးေသာ ၅၀၀၀။ စုစုေပါင္း ၃၅၀၀၀ေတာင္ မုန႔္ဖိုးရတာမို႔
ပြဲသြားလည္ရင္ ၁၀၀၀၀ေလာက္ေတာ့ယူသြားလိုက္မည္။ အဲ့ေလာက္ဆို ေလာက္ပါတယ္။ ဘာမွသိပ္စားတာလဲမဟုတ္ပါဘူး။

***

လမင္းတို႔ သားအမိေရာ ၊ ဟန္လွ်မ္းတို႔ မိသားစုပါ ဘုရားမွာ ဆီမီးပူေဇာ္ရင္း ပြဲလည္ၾကမည္ ျဖစ္သည္။ လာေခၚမည့္သူေတြလည္းရွိတာမို႔ လူႀကီးေတြက လာေခၚမွသာ အေသအခ်ာ မွာၾကားရင္း ေနာက္မွသပ္သပ္စီ သြားၾကမည္ ျဖစ္သည္။

လမင္းနဲ႕ ဟန္လွ်မ္း ကေတာ့ ဆင္တူဝယ္ထားသည့္ အကၤ်ီႏွင့္ေဘာင္းဘီအား ဝတ္ကာ မွန္ေရွ႕၌ ဟိုလွည့္ဒီလွည့္ လုပ္လို႔ မၿပီးနိုင္ေသး။ လမင္း တစ္ခါမွ အခုလို ပုံစံေတြ မဝတ္ဖူးတာအမွန္ပါ။ ဟန္လွ်မ္းကသာ အကုန္လုံးဆင္ေပးထားျခင္းျဖစ္၏။ လမင္း က ပုဆိုးႏွင့္ စြပ္က်ယ္သာ အဝတ္မ်ားေသာ သူမို႔ ကိုယ္နဲ႕လိုက္ဖတ္တာ ဘာလဲဆိုတာလဲ ေသခ်ာမသိတာအမွန္ပါ။ ဒီေရာက္မွ ဟန္လွ်မ္းေပးေသာ တီရွပ္ေတြႏွင့္ ဒူးအတိ pantေလးေတြ ဝတ္ဖူးတာျဖစ္သည္။

အထဲအကၤ်ီကိုေကာ္လံလက္ရွည္အနက္ေရာင္
ဝတ္ထားကာအေပၚမွတီရွပ္အပြအျဖဴေရာင္ေလးေတြဝတ္ထားတာမို႔
အသားျဖဴသည့္ အထဲမွာပါသည့္ ေကာင္ေလးႏွစ္ေယာက္ကေတာ့
၁၄ႏွစ္အ႐ြယ္ လူပ်ိဳဝင္ခါစလို ခပ္မိုက္မိုက္ပုံစံေလးေတြ ျဖစ္မေနပဲ
ေအာက္က ဂ်င္းေဘာင္းဘီအပြသည္ ေျခမ်က္စိ၌ အနည္းငယ္ ပုံပုံေလးျဖစ္ေနတာေၾကာင့္ ပုံစံေလးေတြက ပုလုံးလုံးေလးေတြႏွင့္ ခ်စ္ဖို႔ေကာင္းသည့္ ဘက္သို႔ ဦးတည္ေျပးေနေလသည္။ အႁမႊာေလးေတြလို ဆင္တူ ဝတ္ထားေပမယ့္ မတူတာကေတာ့
တစ္ေယာက္က အညိုေရာင္ဆံပင္ခပ္အုပ္အုပ္ေလးေတြနဲ႕ ရယ္လိုက္တိုင္း ပါးခ်ိဳင့္ေလးေတြက ထင္းကနဲ။
ေနာက္တစ္ေယာက္ကေတာ့ ဆံပင္ကို ေခါင္းလိမ္းဆီေတြ ႐ြဲေနေအာင္ လိမ္းကာ အေသအခ်ာ ၿဖီးသင္ထားေသာ ဆံပင္ပုံစံႏွင့္
ေလာကႀကီးကို စက္ဝိုင္းကြင္းကာ ၾကည့္ရေသာ မ်က္မွန္ဝိုင္းေလးနဲ႕ ေကာင္ေလး။ ေသခ်ာတာကေတာ့ တစ္ေယာက္တစ္မ်ိဳးစီ ခ်စ္ဖို႔ေကာင္းေနတာပင္။

*****

***ကြၽီ****

ခန႔္ေစတို႔ ေလးေယာက္ ပြဲသြားဖို႔ လမင္းတို႔အား လာေခၚျခင္း။
အရင္တိုင္းဆို ဆိုင္ကယ္သံၾကားတာႏွင့္ ေျပးထြက္လာတက္ေသာ ေကာင္ေလးကို ဒီေန႕မွ မျမင္ရပါ။ အိမ္မွာမ်ား မရွိတာလား။ ပြဲကိုမ်ား သြားႏွင့္ၾကတာလည္း ဆိုေတာ့လည္း အိမ္တံခါးမ်ား ဖြင့္ထားတုန္း။

" လမင္း " .... ''အကိုလမင္း"

"ရွိတယ္ အိမ္ေပၚတက္လာခဲ့"

ခန႔္ေစတို႔ အိမ္ထဲ ဝင္လိုက္ရာ အန္တီခ်ိဳနဲ႕ စိုင္းဟန္လွ်မ္းက TVေရွ႕မွာ ။ အေသးေလးက ဘယ္မွာလည္း။

"အန္တီခ်ိဳ လမင္းေရာ "

"သူ႕အိပ္ခန္းထဲမွာ သားေစေရ ဝင္သြားခ်ည္"

ခန႔္ေစ ခန္းစည္းစေလး ဖယ္ကာအခန္းတြင္း ၾကည့္လိုက္ရာ မွန္ေရွ႕မွာ ေတာင့္ေတာင့္ေလး ရပ္ေနတဲ့ အေသးေလး။

"လမင္း ဘာလုပ္ေနတာလည္း "

"ဟင္ ေရာက္ၿပီလား"

"အင္းေပါ့ ဆိုင္ကယ္သံေတာင္မၾကားဘူးလား"

"အင္း...ဒီမွာေလ အိုက္လွ်မ္းနဲ႕ ဝယ္ထားတဲ့ေဘာင္းဘီက ရွည္ေနလို႔ တ႐ြတ္တိုက္ေနတာ အျပာေရာင္ေလးမို႔ ေအာက္ပိုင္းေတြ ေပကုန္ရင္ ဘယ္လိုလုပ္မလဲ ေခါက္ထားျပန္ေတာ့လည္း အိုက္လွ်မ္းက ၾကည့္ရဆိုးတယ္တဲ့"

ေအာက္မွာ ခပ္ပုံပုံေလး ျဖစ္ေနေသာ ေဘာင္းဘီစအား မ' ျပကာ ဆိုလာေသာ အေသးေလးေၾကာင့္ ခန႔္ေစ ၿပဳံးမိ၏။
ဒီ အေသးေလးက အဲ့လိုေဘာင္းဘီကို အခုမွ ဝတ္ဖူးပုံပဲ။
ဒါေတြက ဒီလိုပဲဝတ္ရတာကို ။ တစ္ခါမွ မေတြ႕ဖူးတဲ့ ပုံစံေလးနဲ႕မို႔
ေနရခက္ေနတဲ့ ေကာင္ေလးက ခန႔္ေစမ်က္လုံးထဲ ဘယ္အခ်ိန္ၾကည့္ၾကည့္ အသည္းယားစရာေလး။

"အဲ့ေဘာင္းဘီေတြကအဲ့လိုပဲ ဝတ္ရတာ လမင္းရဲ႕
လာ...သြားၾကရေအာင္ အရမ္းေမွာင္သြားမယ္ ဘုရားမွာလည္း ဆီမီးထြန္းအုန္းမယ္မလား"

"အင္း ...ျဖစ္ပါတယ္ေနာ္ ေဘာင္းဘီႀကီး မ'သြားေနရတာ အဆင္မေျပဘူး ဟင္! မင္းက ရွမ္းဝတ္စုံနဲ႕လား "

ခန႔္ေစတို႔သူငယ္ခ်င္းေလးေယာက္လုံးက အရင္ဝတ္ေနၾကပုံစံေတြႏွင့္ကြဲထြက္ကာ ရွမ္းဝတ္စုံ ကိုယ္စီ ဝတ္လာၾကတာမို႔ သန႔္ျပန႔္ေနကာ နဂို ေခ်ာေမာၾကေသာ မ်က္ႏွာေတြႏွင့္ လုံးဝကို ပနံသင့္ေနၾကတာမ်ိဳး။

ခန႔္ေစတို႔ ၄ေယာက္လုံးက ကိုႀကီးဆိုင္ဟန္ အတြက္ ကန္ေတာ့ဖို႔ ရွမ္းဝတ္စုံဝယ္တုန္းက ရွမ္းေဘာင္းဘီ တစ္ထည္တည္းကို 35000 ဆိုလို႔လမင္းတို႔ ႏွစ္ေယာက္ မသိခ်င္ေယာင္ေဆာင္ၿပီး ထြက္လာခဲ့တဲ့ ရွမ္းပိုးထည္ ဆိုင္က ပိုးသားအထည္ေတြလို အေပၚေအာက္ တစ္စုံလုံး ဝတ္ထားတာျဖစ္သည္။ ဒါေတာင္ ပိုးထည္ေတြက အမ်ိဳးအစားကြဲေသးတာမို႔ ေဈးလည္းမတူဟု ဆိုေသာ္လည္း
လမင္းတို႔ မဝယ္နိုင္ပါ။ ဖ်င္ထည္သာ ဝယ္ခဲ့ရသည္။ ဖ်င္ထည္ေတာင္ေဈးက ေသာင္းေက်ာ္ ေဈးက မဆင္းပါ။
သူတို႔က လူခ်မ္းသာ သားသမီးေတြကို ဝတ္နိုင္တာေပါ့။ လမင္းတို႔ကသာ ကေလးလိုလို ဘာလိုလိုနဲ႕ ဝတ္ထားတာ။ သူ႕ကိုရွမ္းဝတ္စုံနက္ျပာေရာင်ဝတ်ထားတာမို့မေးလိုက်မိတာ။

"အင္းေလ လျပည့္ေန႕မို႔ ေလးေလးကလည္း ဝတ္ခိုင္းတာနဲ႕ ဝတ္လာလိုက္တာ ဟိုေကာင္ေတြလည္း ဝတ္လာတာပဲ"

"ဝတ္ ခ်င္ လိုက္ တာ"

တိုးတိုးေလးသာ ေျပာလိုက္ေသာ စကားေပမယ့္ အခန္းဝေရာက္ေနၿပီျဖစ္တဲ့ ခန႔္ေစကေတာ့ ၾကားလိုက္တာမို႔
လမင္း ဘက္ ျပန္လွည့္ကာ ေျပာလိုက္၏။

"လမင္း က ရွမ္းဝတ္စုံ ဝတ္ခ်င္လား "

"ဟမ္!"

"ဝတ္မလား ကြၽန္ေတာ့္မွာ ရွိတယ္ လူက တစ္ႏွစ္တျခား ထြားလာလို႔
မႏွစ္က ဝတ္စုံေတြ မေတာ္ေတာ့ဘူး လမင္းနဲ႕ဆို တန္မွာပါ"

"ျဖစ္ပါ့မလား သူမ်ားဟာႀကီး ဝတ္ရမွာက.."

"ျဖစ္ပါတယ္ တျခားသူဟာ ဝတ္တာမွ မဟုတ္တာ"

"မဝတ္ေတာ့ပါဘူး မင္းအဝတ္က "

"ဘာလို႔လည္း ႐ြံလို႔လား ေပြး/ဝဲ ကူးမွာေၾကာက္လို႔လား"

လမင္းရဲ႕ စကားကို ဆုံးေအာင္နားမေထာင္သလို၊ သူထင္ရာကို ဇြတ္ေျပာေနတာ။

"မဟုတ္ပါဘူး အားနာလို႔ မင္းတို႔ ရွမ္းဝတ္စုံေတြကေဈးႀကီးတယ္"

"ေဈးႀကီးေတာ့ဘာျဖစ္လဲ ဝတ္ဖို႔ ဝယ္ထားတာပဲေလ"

" ငါ မဝတ္ေတာ့ပါဘူး ဒီအတိုင္းပဲ သြားေတာ့မယ္"

"က်စ္!"

"အင္း...ဘာျဖစ္သြားတာလဲ "

" သြားမယ္ ေနာက္က်ေနမယ္ "

သူငယ္ခ်င္းေလးေယာက္လုံးက အေမ့ကို ကန္ေတာ့အုန္းမယ္ ဆိုတာမို႔ ကန္ေတာ့တာကိုေစာင့္ေနလိုက္သည္။ သူတို႔အဖြဲ႕ထဲမွာ အိုက္တြမ္က ရွမ္းလူမ်ိဳး မို႔လို႔သူတို႔ ဓေလ့အတိုင္း ေငြဖလားထဲမွာ ရွမ္းရိုးရာ ေကာက္ညွင္းမုန႔္ထုပ္ေတြနဲ႕ တျခားစားစရာမုန႔္ေတြ အခ်ိဳရည္ ၊ ဖေယာင္းတိုင္ ေတြႏွင့္ ေလးေယာက္လုံး စုဝယ္လာေသာ ေဆာင္းတြင္းၿခဳံ ခ်ည္ထည္ၿခဳံလႊာႀကီးႏွင့္ ကန္ေတာ့ၾကတာမို႔ အေမကေတာ့ တသသကိုင္ၾကည့္ကာ ၿပဳံး႐ႊင္လို႔ေန၏။

*****

အိမ္ကထြက္လာကတည္းက လမင္းကို စကားလည္း တစ္ခြန္းမွ မေျပာေသာ အေရွ႕က လူေၾကာင့္ လမင္း သူ႕ပုခုံးကို ပုတ္ကာေမးလိုက္မိသည္။

"ခန႔္ေစထြဋ္ေနာင္ ဘာျဖစ္ေနတာလဲ"

"......"

အေရွ႕က ဆိုင္ကယ္ေမာင္းေနသူမွာ လမင္း၏ အေမးကို ျပန္ေျဖၾကားလာတာမ်ိဳး မလုပ္တာမို႔ ေနာက္တစ္ခါထပ္ေမးရသည္။

"ခန႔္ေစထြဋ္ေနာင္ ...စိတ္ဆိုးေနတာလား"

"......."

ဒီတစ္ခါလည္း မေျဖတာမို႔ လမင္း အေရွ႕ကလူကို အျမင္ကတ္လာသည္။ သူ မၾကားတာလဲ မဟုတ္ပဲနဲ႕ တမင္ မေျဖပဲေနတာ သိသားပဲ။ စိတ္ဆိုးေနရင္ လူကို ဘာလို႔ သူ႕ဆိုင္ကယ္ေပၚ တင္ေခၚလာေသးလဲ။ အဲ့လိုႀကီး ေနေတာ့ လိုက္စီးရတာ မဝင့္မရဲ နဲ႕ ေနရခက္တာမ်ိဳးျဖစ္တာေပါ့။ ။
ဒါေလးေတာင္ မသိဘူးလား။

ဘာကို စိတ္ဆိုးသြားမွန္းလည္း မသိဘူး။ စကားအေကာင္းေျပာေနရင္းကို ေကာက္သြားတာ။ ရွမ္းဝတ္စုံကိစၥဆိုရင္ေတာ့ လမင္းက အားနာလို႔ေျပာတာကို ။
ဒီတစ္ခါ ေမးလို႔မွ ျပန္မေျဖရင္ သူ႕အေနာက္ လိုက္မစီးေတာ့ဘူး။

"ခန့္ေစထြဋ္ေနာင္ လို႔ ငါ့ကို စိတ္ဆိုးေနတာလားလို႔"

"........"

"ဗုန္း!... ဆိုင္ကယ္ရပ္လိုက္ ငါ လိုက္မစီးေတာ့ဘူး"

**ကြၽီ**

ေက်ာကုန္းကို အားပါပါ ရိုက္လာေသာ အေသးေလးေၾကာင့္ သူကတစ္ျပန္ ကိုယ့္ကို ေကာက္သြားၿပီမွန္း သိလိုက္သည္။ ဆိုင္ကယ္ရပ္ကာ ေမးလိုက္ေတာ့ ႏႈတ္ခမ္းေထာ္ကာ ရန္ေတြ႕သလိုနဲ႕
တစ္ခြန္းမက်န္ျပန္ေျပာေနလိုက္တာမ်ား။

"ဘာလဲ လမင္း ရာ လိုက္မစီးလို႔ လမ္းေလွ်ာက္လိုက္မလို႔လား"

"ေလွ်ာက္စရာလား ဝဏၰနဲ႕ လိုက္မွာေပါ့"

အမယ့္ ။ထြန္းလမင္းသာ တို႔က အလာႀကီးပါလား။ ပိုင္တယ္ဆိုတဲ့
မ်က္ႏွာထားနဲ႕။ ဒီေကာင္က လိုက္စီးခိုင္းမယ္ ထင္လို႔လား။

"ဘယ္သူက စီးခိုင္းမယ္ေျပာလို႔လည္း "

"ဝဏၰေပါ့ ဝဏၰနဲ႕ စီးမွာေပါ့"

"ေအးလို႔ အဲ့ ဝဏၰနဲ႕ ဘယ္သူကစီးခိုင္းမယ္ ေျပာလို႔လဲ ေမးေနတာ "

" ဘယ္သူမွ မစီးခိုင္းလဲ ဝဏၰက စီးခိုင္းတယ္"

"သူ စီးခိုင္းလည္း က်ဳပ္က မစီးခိုင္းဘူး ရွင္းၿပီလား "

" မင္းကိုယ့္ထပ္ အႀကီးကို က်ဳပ္ က်ဳပ္နဲ႕ေျပာေနတာေနာ္ မစီးခိုင္းခ်င္ရင္ ငါေမးတာကို မင္းကေျဖေလ "

"ဘာေျဖရမွာလဲ"

"ငါ့ကို စိတ္ဆိုးေနတာလား လို႔ "

"ဟ!ဆိုးစရာလား "

"အဲ့တာဆို စိတ္ေကာက်တာလား"

"...."

"ၾကည့္ ေမးေနရင္မေျဖဘူး"

"ဆိုးတယ္ ဆိုရင္ေရာ"

"ဘာကို စိတ္ဆိုးေနတာလဲ "

"ဘယ္သိမလဲ"

ဒီ၈တန္းေကာင္ လူကို ေထာ္ေလာ္ကန႔္လန႔္ေတြေျပာေနတာ ။
ေယာက်ာ္းႀကီး ျဖစ္ၿပီးေတာ့ စိတ္မဆိုးဘူးလည္းေျပာေသးတယ္
မ်က္ခုံးက တြန႔္ထားတာမ်ား ျမင္လို႔ေတာင္မေကာင္းဘူး။
ေသခ်ာေနပါၿပီ သူ႕အကၤ်ီ မဝတ္ဘူး ေျပာလို႔ အဲ့မ်က္ခုံးႀကီးေတြ တြန႔္ထားၿပီး စိတ္ဆိုးစိတ္ေကာက္ ေနေၾကာင္းျပေနတာ။

"ရွမ္းဝတ္စုံ မဝတ္ဘူးေျပာလို႔လား "

"ဝတ္မွာလား"

"ဟမ္"

"ဝတ္မွာလားလို႔ ေမးေနတာ စိတ္ကိုမရွည္ဘူး"

"မင္း! စိတ္မရွည္ရင္ ေန ငါ ဝဏၰ နဲ႕ပဲလိုက္မွာ"

"ကဲ~~~ထြန္းလမင္းသာေရ က်ဳပ္ကို မရစ္နဲ႕ ခင္မ်ားကို အဝတ္ရွာေပးရအုန္းမွာ က်ဳပ္အိမ္ကိုေမာင္းမယ္ တက္!"

"ငါက မင္းအိမ္ ဘာလိုက္လုပ္ရမွာလဲ"

" က်ဳပ္ကို မိသားဖသား ပီပီ လိုက္ေတာင္း "

"မင္း! ေပါက္ကရ မေျပာစမ္းနဲ႕ ခန႔္ေစထြဋ္ေနာင္"

"အဲ့တာဆို အရစ္ရွည္မေနနဲ႕ေလ တက္ဆို တက္လိုက္ေပါ့"

"မတက္ဘူး..."

"ကိုင္ေပါက္မိေတာ့မယ္ တက္ဆိုတက္ ဖတ္နမ္းလိုက္မွ တက္မွာလား ခင္မ်ား ေျပာ!"

"တက္မယ္ !*#$@@&........"

ၿခိမ္းေျခာက္ၿပီးေျပာကာမွ ေပေစာင္းေစာင္းနဲ႕ ပါးစပ္ကလည္း ပြစိပြစိ႐ြတ္လို႔။ ထြန္းလမင္းသာတို႔က ၾကာေလၾကာေလ အရစ္တုံးေလးျဖစ္လာေလပဲ။

*********
တအားရွည္ေနလို႔ ဖ်တ္ခ်ထားလိုက္တယ္ေနာ္ ပုံ႕ ေနာက္တစ္ပိုင္းကို ထပ္ျဖည့္ၿပီး တင္ေပးပါ့မယ္ရွင့္။

-pont-00-





Continue Reading

You'll Also Like

288K 7.6K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 45.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
2.3M 149K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
256K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်