Uni ♡
"သား Kris..."
Kris အိမ်ထဲခြေချလိုက်တာနဲ့ အသင့်စောင့်နေတဲ့ အဒေါ်ကြီး ပွေ့ဖက်လာသည်... Krisတို့အတွက်တော့ အုပ်ထိန်းသူလိုဖြစ်နေသော အဒေါ်ကြီးကို Krisလည်း အလွမ်းများစွာနဲ့ ပြန်လည်ပွေ့ဖက်ထားလိုက်သည်...
"ဟွန့် အဒေါ်ကြီးတို့များနော်... စိတ်ဓါတ်လေးတွေ သိရပါတယ်... ဘယ်အချိန်ထဲ Krisကို လွမ်းနေလဲဆိုတာ... ကျွန်တော့်ကိုတောင် ရှိတယ်လို့မထင်တော့ဘူး..."
Krisတို့ အနောက်မှရပ်နေတဲ့ ကလေးငယ်၏ ခပ်ရွဲ့ရွဲ့အပြောကြောင့် အဒေါ်ကြီးကို ဖက်ထားရင်းမှ Krisရယ်လိုက်မိသည်...
"အဒေါ်ကြီး ဒီအတောအတွင်း နေကောင်းတယ်မလား..."
အဒေါ်ကြီးကို ဖက်ထားရာမှဖယ်လိုက်ရင်း Krisမေးလိုက်တော့ အဒေါ်ကြီးက ခေါင်းညိတ်ပြသည်...
"ပိန်သွားလိုက်တာ သားKrisရယ်..."
Krisမျက်နှာကို လက်တို့ဖြင့်ထိတွေ့ရင်း အဒေါ်ကြီးကပြောလာသည်...
"ပိန်မှာပေါ့ Krisက အစားမှ အချိန်မှန်မှန် မစားတာကို..."
Krisတစ်ယောက်တည်းမို့ စားမဝင်တဲ့ အကြောင်းတွေကိုတော့ ပြောပြမနေတော့...
"ကျွန်တော်က အဒေါ်ကြီး လက်ရာကို လွမ်းနေတာ..."
"ဟုတ်ပါပြီ... ဒီနေ့ Chanလေးလှမ်းပြောထားလို့ သားKris အကြိုက်တွေကို ချက်ထားတယ်... သွားနားလိုက်ဦး ထမင်းစားချိန်ကျ လာခေါ်ခိုင်းလိုက်မယ်..."
"ဟုတ်ကဲ့..."
အဒေါ်ကြီးကို နှုတ်ဆက်ပြီး အပေါ်ထပ်ရှိ Kris အခန်းရှိရာသို့ တက်လာခဲ့တော့ ကလေးငယ်က အနောက်ကနေပါလာသည်...
အခန်းတံခါးကို ဖွင့်လိုက်တော့ အရာရာဟာ အရင်ကအတိုင်း မပြောင်းလဲ... တစ်လကြာအောင် လူမနေတဲ့ အခန်းက ဖုန်တစ်စက်မှမရှိတာက အမြဲရှင်းလင်းထားသည်ဆိုတဲ့သဘော...
"နားလိုက်ဦး Kris..."
Krisကို ပြောပြီးနောက် ကလေးငယ်က အခန်းတံခါးကို ပိတ်ပေးကာ ပြန်ထွက်သွားသည်...
Krisလည်း စိတ်လွတ်လက်လွတ် ကုတင်ပေါ် ပစ်လှဲချကာ မျက်လုံးတို့ကို မှိတ်လိုက်တော့ နေ့ရက်တိုင်းမှာ အိပ်မပျော်ဖြစ်ခဲ့ခြင်းတွေက Krisကို အိပ်ပျော်ခြင်းတွေထံခေါ်ဆောင်သွားတော့သည်...
ဒီအိမ် ဒီလူတွေနဲ့ Kris ဝေးလို့မဖြစ်ဖူး...
----- Be Mine -----
Chan ရေချိုးပြီးထွက်လာတော့ Kris အခန်းဆီက တိတ်ဆိတ်နေမှုကြောင့် အခန်းတံခါးဖွင့်ကာ ဝင်သွားခဲ့လိုက်တော့ ကုမ္ပဏီဝတ်စုံကိုတောင်မလဲပဲ ကုတင်ထက် နှစ်ခြိုက်စွာ အိပ်ပျော်နေသော Krisကို တွေ့လိုက်ရသည်...
"ကလေးငယ် hyungကို အဲ့လိုမလုပ်ပါနဲ့... hyung ကလေးငယ်နဲ့ မခွဲနိုင်ဘူးလေ..."
Krsi ဘေးနားဝင်ထိုင်ဖို့အလုပ် Krisထံက ထွက်လာတဲ့ စကားသံအချို့... ခေါင်းကို ခါယမ်းရင်း မျက်ရည်တို့ကလည်း စီးကျလို့နေသည်...
Chanလုပ်လိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အိပ်မက်ဆိုးတွေမက်နေခဲ့တာလား hyung... ဒီရက်တွေမှာ ဒီအိပ်မက်ကို ဘယ်လောက်တောင်များမက်နေခဲ့လိုက်မလဲ...
"ကျွန်တော် တောင်းပန်ပါတယ် hyung... hyung ဒီထက်ပိုပြီး ဒီအိပ်မက်တွေမမက်တော့အောင် ကျွန်တော်က လုပ်ပေးမှာမို့ အေးဆေးအိပ်နော်..."
Hyungရဲ့ အိပ်မက်ဆိုးတွေ ပျောက်စေရန် Hyungရဲ့ နဖူးထက် အသာအယာနမ်းလိုက်ပြီးနော် hyungမျက်ရည်တို့ကို သုတ်ပေးရင်း...
"မငိုနဲ့တော့နော် hyung ကျွန်တော်ရှိတယ်... hyungကို ကျွန်တော်အနားမှာပဲ တစ်သက်လုံးခေါ်ထားတော့မှာမို့ ကျွန်တော်တို့ ဘယ်တော့မှ ခွဲစရာမလိုတော့ဘူး သိလား..."
Chanရဲ့ စကားအဆုံး ငြိမ်သက်သွားတဲ့ hyungက အိပ်ပျော်နေပေမယ့်လည်း Chanပြောနေတာတွေကို မသိစိတ်ကနေ သိနေရပုံရကာ အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်သွားတော့သည်...
Chanလည်း Kris ဘေးနားဝင်လှဲပြီး Kris ရင်ခွင်ထဲတိုးဝင်လိုက်သည်...
Krsi နိုးလာတော့ ရင်းနှီးနေတဲ့ အငွေ့အသက်လေးကြောင့် Kris မျက်လုံးဖွင့်ကြည့်လိုက်တော့ Kris ရင်ခွင်ထဲတိုးဝင်ကာ Krisကို ဖက်လို့ အိပ်ပျော်နေသော ကလေးငယ်...
ကလေးငယ်၏ မျက်နှာလေးကို ငုံ့ကြည့်ရင်း မတည်ငြိမ်တော့တဲ့ Krisရဲ့ ရင်ခုန်သံတွေရဲ့ ပြောင်းလဲမှုကို Kris သတိထားမိလာသည်...
မဖြစ်သင့်ဘူးလို့ အကြိမ်ကြိမ်ငြင်းနေခဲ့ပေမယ့် Krisကို ပြောင်းလဲလာအောင် ဤကလေးငယ်ကပဲ လုပ်ခဲ့သည်...
ပြောင်းလဲစပြုနေတဲ့ ခံစားချက်တွေကို ထိန်းချုပ်ထားရမလား ရှေ့ဆက်တိုးရမလားဆိုတာ ဝေခွဲမရဖြစ်နေပေမယ့် ကလေးငယ်နဲ့ မဝေးချင်တာတော့အမှန်ပင်...
Kris ပုံမှန်မက်နေကျ အိပ်မက်ဆိုးကို မက်ခဲ့ပေမယ့် ကလေးငယ်က သူရှိနေပါတယ်ဆိုတဲ့ စကားလေးကို ဝိုးတဝါးကြားခဲ့ရပြီး လန့်နိုးမလာတဲ့အပြင် စိတ်ချလက်ချ ပြန်အိပ်ပျော်သွားခဲ့ခြင်းက ကလေးငယ် အနီးနားရှိနေခဲ့တာကြောင့်လား...
Krsiတွေးနေငေးနေဆဲ ကလေးငယ်က အင်းခနဲ အသံပြုကာ နိုးလာသည်...
"နိုးပြီလား ကလေးငယ်..."
"အင်း... Kris ဘေးနား ခဏဝင်လှဲလိုက်တာ ဘယ်လို အိပ်ပျော်သွားမှန်းမသိလိုက်ဘူး..."
ကလေးငယ်က Krisရင်ခွင်ထဲမှ ထွက်ရင်း ပြောလာသည်...
"Krisလည်း ရေချိုးလိုက်ဦးလေ... ထမင်းစားချိန်ရောက်တော့မယ်... ကျွန်တော်လည်း အောက်ဆင်းတော့မယ်..."
"ကလေးငယ်..."
ကုတင်ပေါ်က ဆင်းဖို့လုပ်နေသော ကလေးငယ် လက်ကို လှမ်းဆွဲလိုက်တော့ Krisကို ကြည့်လာသည်...
"အရာအားလုံးအတွက် ကျေးဇူးပါ..."
ကျေးဇူးတင်စကားဆိုရင်း လက်ကို လွှတ်ပေးလိုက်တော့...
"အင်း..."
Krisကို ခေါင်းညိတ်ပြပြီးနောက် ကလေးငယ်က အခန်းထဲမှထွက်သွားတော့သည်...
ထမင်းစားချိန်လည်း နီးနေပြီမို့ Krisလည်း အချိန်ဆွဲမနေတော့ပဲ ရေချိုးဖို့လုပ်လိုက်တော့သည်...
ရေချိုးပြီး အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းအတွင်းလွင့်ပျံ့နေတဲ့ ရယ်သံအချို့ကြောင့် ကြည့်လိုက်မိတော့ ကလေးငယ်ရယ် Baekhyunရယ် Sehunရယ် သုံးယောက်သား ရုပ်ရှင်ထိုင်ကြည့်နေကြသည်...
သုံးယောက်လုံးကလူကြီးတွေမို့ အချစ်ကားတွေကြည့်နေတယ် မထင်နဲ့ တဟားဟားနဲ့ ရယ်သံထွက်လာရခြင်းအကြောင်းက Tom and Jerryကို ကြည့်နေကြတာကြောင့်...
"အဟက် ကလေးတွေလည်းမဟုတ်ပဲ ကာတွန်းကားကြည့်နေကြတယ်..."
"ကာတွန်းက ကလေးတွေပဲ ကြည့်ရမယ်လို့ သတ်မှတ်ထားလို့လား..."
Krisပြောလိုက်တာကို ကြားသွားပုံရတဲ့ ကလေးငယ်က ရုပ်ရှင်ကြည့်မပျက် ပြန်ပြောလာသည်...
"စွာလိုက်တာ..."
ကလေးငယ် ဘေးနားဝင်ထိုင်ပြီး ကလေးငယ်ဆံပင်တို့ကိုဖွကာ ကလေးငယ်ကို စလိုက်တော့...
"စွာစွာပဲ... မလုပ်နဲ့ ပုံပျက်ကုန်မယ်..."
ကလေးငယ်က သူ့ဆံပင်တွေကို ထိနေတဲ့ Krisလက်ကို ပုတ်ထုတ်ရင်းပြောလာသည်... အိမ်မှာနေလည်း အပြင်သွားသလိုမျိုး ပြင်ပြင်ဆင်ဆင်နေတက်သော ကလေးငယ်၏ အကျင့်ကို သိနေပေမယ့်လည်း စချင်တာကြောင့်...
"အိမ်မှာနေရင်း ရှိုးထုတ်နေတာ ဘယ်သူ့ကို ပြမလို့လဲ..."
"ဘယ်သူ့မှ မပြဘူး အိမ်မှာနေလဲ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင်နေတက်တာ သိရဲ့သားနဲ့နော်... ဘာမှထပ်မလုပ်နဲ့တော့ ကြည့်ရတာ အာရုံပျက်တယ် Krisရာ ငြိမ်ငြိမ်နေ..."
စူပုပ်နေသော မျက်နှာလေးက စချင်စရာလေးမို့ ထပ်ပြီး စချင်နေသေးပေမယ့် ရုပ်ရှင်ကြည့်ပြီး ရယ်မောနေသော ပုံစံလေးက ပိုပြီးသဘောကျစရာကောင်းတာမို့ Krisလည်း ငြိမ်နေပေးလိုက်ပြီး ကလေးငယ်ကို အနောက်ကနေ ရင်ခွင်ထဲဆွဲခေါ်ကာ ဖက်ထားလိုက်တော့ Krisကို တစ်ချက်တော့ လှည့်ကြည့်လာပေမယ့် ပြန်လှည့်သွားကာ Kris ရင်ခွင်ထဲ သေချာမှီလို့ ရုပ်ရှင်ကိုသာပြန်ကြည့်နေတော့သည်...
ဘေးခုံက Sehunတို့အတွဲရဲ့ မသိမသာစောင်းငဲ့ကြည့်လာသော အကြည့်တို့ကို မသိချင်ယောင်ဆောင်နေရင်းမှ ရင်ခွင်ထဲမှ ကလေးငယ်၏ ခပ်တိုးတိုးပြောလာ စကားကြောင့် Krisပြုံးမိသွားတော့သည်...
"Krisက ကျွန်တော့်ကို ရင်ခုန်အောင်လာလုပ်နေတာပဲ... ကျွန်တော်က Kris ရင်ခုန်အောင် လုပ်ပါမယ်လို့ပြောထားတာကို..."
#230624
ဒါလေးကို 27ရက်နေ့ အပြီးupပေးချင်ခဲ့တာ... မမီလောက်တော့ဘူးထင်ပါတယ် 😢
****************************************************
Zawgyi ♡
"သား Kris..."
Kris အိမ္ထဲေျခခ်လိုက္တာနဲ႔ အသင့္ေစာင့္ေနတဲ့ အေဒၚႀကီး ေပြ႕ဖက္လာသည္... Krisတို႔အတြက္ေတာ့ အုပ္ထိန္းသူလိုျဖစ္ေနေသာ အေဒၚႀကီးကို Krisလည္း အလြမ္းမ်ားစြာနဲ႔ ျပန္လည္ေပြ႕ဖက္ထားလိုက္သည္...
"ဟြန္႔ အေဒၚႀကီးတို႔မ်ားေနာ္... စိတ္ဓါတ္ေလးေတြ သိရပါတယ္... ဘယ္အခ်ိန္ထဲ Krisကို လြမ္းေနလဲဆိုတာ... ကြၽန္ေတာ့္ကိုေတာင္ ရွိတယ္လို႔မထင္ေတာ့ဘူး..."
Krisတို႔ အေနာက္မွရပ္ေနတဲ့ ကေလးငယ္၏ ခပ္႐ြဲ႕႐ြဲ႕အေျပာေၾကာင့္ အေဒၚႀကီးကို ဖက္ထားရင္းမွ Krisရယ္လိုက္မိသည္...
"အေဒၚႀကီး ဒီအေတာအတြင္း ေနေကာင္းတယ္မလား..."
အေဒၚႀကီးကို ဖက္ထားရာမွဖယ္လိုက္ရင္း Krisေမးလိုက္ေတာ့ အေဒၚႀကီးက ေခါင္းညိတ္ျပသည္...
"ပိန္သြားလိုက္တာ သားKrisရယ္..."
Krisမ်က္ႏွာကို လက္တို႔ျဖင့္ထိေတြ႕ရင္း အေဒၚႀကီးကေျပာလာသည္...
"ပိန္မွာေပါ့ Krisက အစားမွ အခ်ိန္မွန္မွန္ မစားတာကို..."
Krisတစ္ေယာက္တည္းမို႔ စားမဝင္တဲ့ အေၾကာင္းေတြကိုေတာ့ ေျပာျပမေနေတာ့...
"ကြၽန္ေတာ္က အေဒၚႀကီး လက္ရာကို လြမ္းေနတာ..."
"ဟုတ္ပါၿပီ... ဒီေန႔ Chanေလးလွမ္းေျပာထားလို႔ သားKris အႀကိဳက္ေတြကို ခ်က္ထားတယ္... သြားနားလိုက္ဦး ထမင္းစားခ်ိန္က် လာေခၚခိုင္းလိုက္မယ္..."
"ဟုတ္ကဲ့..."
အေဒၚႀကီးကို ႏႈတ္ဆက္ၿပီး အေပၚထပ္ရွိ Kris အခန္းရွိရာသို႔ တက္လာခဲ့ေတာ့ ကေလးငယ္က အေနာက္ကေနပါလာသည္...
အခန္းတံခါးကို ဖြင့္လိုက္ေတာ့ အရာရာဟာ အရင္ကအတိုင္း မေျပာင္းလဲ... တစ္လၾကာေအာင္ လူမေနတဲ့ အခန္းက ဖုန္တစ္စက္မွမရွိတာက အၿမဲရွင္းလင္းထားသည္ဆိုတဲ့သေဘာ...
"နားလိုက္ဦး Kris..."
Krisကို ေျပာၿပီးေနာက္ ကေလးငယ္က အခန္းတံခါးကို ပိတ္ေပးကာ ျပန္ထြက္သြားသည္...
Krisလည္း စိတ္လြတ္လက္လြတ္ ကုတင္ေပၚ ပစ္လွဲခ်ကာ မ်က္လုံးတို႔ကို မွိတ္လိုက္ေတာ့ ေန႔ရက္တိုင္းမွာ အိပ္မေပ်ာ္ျဖစ္ခဲ့ျခင္းေတြက Krisကို အိပ္ေပ်ာ္ျခင္းေတြထံေခၚေဆာင္သြားေတာ့သည္...
ဒီအိမ္ ဒီလူေတြနဲ႔ Kris ေဝးလို႔မျဖစ္ဖူး...
----- Be Mine -----
Chan ေရခ်ိဳးၿပီးထြက္လာေတာ့ Kris အခန္းဆီက တိတ္ဆိတ္ေနမႈေၾကာင့္ အခန္းတံခါးဖြင့္ကာ ဝင္သြားခဲ့လိုက္ေတာ့ ကုမၸဏီဝတ္စုံကိုေတာင္မလဲပဲ ကုတင္ထက္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာ Krisကို ေတြ႕လိုက္ရသည္...
"ကေလးငယ္ hyungကို အဲ့လိုမလုပ္ပါနဲ႔... hyung ကေလးငယ္နဲ႔ မခြဲႏိုင္ဘူးေလ..."
Krsi ေဘးနားဝင္ထိုင္ဖို႔အလုပ္ Krisထံက ထြက္လာတဲ့ စကားသံအခ်ိဳ႕... ေခါင္းကို ခါယမ္းရင္း မ်က္ရည္တို႔ကလည္း စီးက်လို႔ေနသည္...
Chanလုပ္လိုက္တဲ့ ကိစၥနဲ႔ပတ္သတ္ၿပီး အိပ္မက္ဆိုးေတြမက္ေနခဲ့တာလား hyung... ဒီရက္ေတြမွာ ဒီအိပ္မက္ကို ဘယ္ေလာက္ေတာင္မ်ားမက္ေနခဲ့လိုက္မလဲ...
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ hyung... hyung ဒီထက္ပိုၿပီး ဒီအိပ္မက္ေတြမမက္ေတာ့ေအာင္ ကြၽန္ေတာ္က လုပ္ေပးမွာမို႔ ေအးေဆးအိပ္ေနာ္..."
Hyungရဲ႕ အိပ္မက္ဆိုးေတြ ေပ်ာက္ေစရန္ Hyungရဲ႕ နဖူးထက္ အသာအယာနမ္းလိုက္ၿပီးေနာ္ hyungမ်က္ရည္တို႔ကို သုတ္ေပးရင္း...
"မငိုနဲ႔ေတာ့ေနာ္ hyung ကြၽန္ေတာ္ရွိတယ္... hyungကို ကြၽန္ေတာ္အနားမွာပဲ တစ္သက္လုံးေခၚထားေတာ့မွာမို႔ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ ခြဲစရာမလိုေတာ့ဘူး သိလား..."
Chanရဲ႕ စကားအဆုံး ၿငိမ္သက္သြားတဲ့ hyungက အိပ္ေပ်ာ္ေနေပမယ့္လည္း Chanေျပာေနတာေတြကို မသိစိတ္ကေန သိေနရပုံရကာ အသက္ရႉသံမွန္မွန္ေလးနဲ႔ အိပ္သြားေတာ့သည္...
Chanလည္း Kris ေဘးနားဝင္လွဲၿပီး Kris ရင္ခြင္ထဲတိုးဝင္လိုက္သည္...
Krsi ႏိုးလာေတာ့ ရင္းႏွီးေနတဲ့ အေငြ႕အသက္ေလးေၾကာင့္ Kris မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ Kris ရင္ခြင္ထဲတိုးဝင္ကာ Krisကို ဖက္လို႔ အိပ္ေပ်ာ္ေနေသာ ကေလးငယ္...
ကေလးငယ္၏ မ်က္ႏွာေလးကို ငုံ႔ၾကည့္ရင္း မတည္ၿငိမ္ေတာ့တဲ့ Krisရဲ႕ ရင္ခုန္သံေတြရဲ႕ ေျပာင္းလဲမႈကို Kris သတိထားမိလာသည္...
မျဖစ္သင့္ဘူးလို႔ အႀကိမ္ႀကိမ္ျငင္းေနခဲ့ေပမယ့္ Krisကို ေျပာင္းလဲလာေအာင္ ဤကေလးငယ္ကပဲ လုပ္ခဲ့သည္...
ေျပာင္းလဲစျပဳေနတဲ့ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ထားရမလား ေရွ႕ဆက္တိုးရမလားဆိုတာ ေဝခြဲမရျဖစ္ေနေပမယ့္ ကေလးငယ္နဲ႔ မေဝးခ်င္တာေတာ့အမွန္ပင္...
Kris ပုံမွန္မက္ေနက် အိပ္မက္ဆိုးကို မက္ခဲ့ေပမယ့္ ကေလးငယ္က သူရွိေနပါတယ္ဆိုတဲ့ စကားေလးကို ဝိုးတဝါးၾကားခဲ့ရၿပီး လန္႔ႏိုးမလာတဲ့အျပင္ စိတ္ခ်လက္ခ် ျပန္အိပ္ေပ်ာ္သြားခဲ့ျခင္းက ကေလးငယ္ အနီးနားရွိေနခဲ့တာေၾကာင့္လား...
Krsiေတြးေနေငးေနဆဲ ကေလးငယ္က အင္းခနဲ အသံျပဳကာ ႏိုးလာသည္...
"ႏိုးၿပီလား ကေလးငယ္..."
"အင္း... Kris ေဘးနား ခဏဝင္လွဲလိုက္တာ ဘယ္လို အိပ္ေပ်ာ္သြားမွန္းမသိလိုက္ဘူး..."
ကေလးငယ္က Krisရင္ခြင္ထဲမွ ထြက္ရင္း ေျပာလာသည္...
"Krisလည္း ေရခ်ိဳးလိုက္ဦးေလ... ထမင္းစားခ်ိန္ေရာက္ေတာ့မယ္... ကြၽန္ေတာ္လည္း ေအာက္ဆင္းေတာ့မယ္..."
"ကေလးငယ္..."
ကုတင္ေပၚက ဆင္းဖို႔လုပ္ေနေသာ ကေလးငယ္ လက္ကို လွမ္းဆြဲလိုက္ေတာ့ Krisကို ၾကည့္လာသည္...
"အရာအားလုံးအတြက္ ေက်းဇူးပါ..."
ေက်းဇူးတင္စကားဆိုရင္း လက္ကို လႊတ္ေပးလိုက္ေတာ့...
"အင္း..."
Krisကို ေခါင္းညိတ္ျပၿပီးေနာက္ ကေလးငယ္က အခန္းထဲမွထြက္သြားေတာ့သည္...
ထမင္းစားခ်ိန္လည္း နီးေနၿပီမို႔ Krisလည္း အခ်ိန္ဆြဲမေနေတာ့ပဲ ေရခ်ိဳးဖို႔လုပ္လိုက္ေတာ့သည္...
ေရခ်ိဳးၿပီး ေအာက္ထပ္ဆင္းလာေတာ့ ဧည့္ခန္းအတြင္းလြင့္ပ်ံ႕ေနတဲ့ ရယ္သံအခ်ိဳ႕ေၾကာင့္ ၾကည့္လိုက္မိေတာ့ ကေလးငယ္ရယ္ Baekhyunရယ္ Sehunရယ္ သုံးေယာက္သား ႐ုပ္ရွင္ထိုင္ၾကည့္ေနၾကသည္...
သုံးေယာက္လုံးကလူႀကီးေတြမို႔ အခ်စ္ကားေတြၾကည့္ေနတယ္ မထင္နဲ႔ တဟားဟားနဲ႔ ရယ္သံထြက္လာရျခင္းအေၾကာင္းက Tom and Jerryကို ၾကည့္ေနၾကတာေၾကာင့္...
"အဟက္ ကေလးေတြလည္းမဟုတ္ပဲ ကာတြန္းကားၾကည့္ေနၾကတယ္..."
"ကာတြန္းက ကေလးေတြပဲ ၾကည့္ရမယ္လို႔ သတ္မွတ္ထားလို႔လား..."
Krisေျပာလိုက္တာကို ၾကားသြားပုံရတဲ့ ကေလးငယ္က ႐ုပ္ရွင္ၾကည့္မပ်က္ ျပန္ေျပာလာသည္...
"စြာလိုက္တာ..."
ကေလးငယ္ ေဘးနားဝင္ထိုင္ၿပီး ကေလးငယ္ဆံပင္တို႔ကိုဖြကာ ကေလးငယ္ကို စလိုက္ေတာ့...
"စြာစြာပဲ... မလုပ္နဲ႔ ပုံပ်က္ကုန္မယ္..."
ကေလးငယ္က သူ႔ဆံပင္ေတြကို ထိေနတဲ့ Krisလက္ကို ပုတ္ထုတ္ရင္းေျပာလာသည္... အိမ္မွာေနလည္း အျပင္သြားသလိုမ်ိဳး ျပင္ျပင္ဆင္ဆင္ေနတက္ေသာ ကေလးငယ္၏ အက်င့္ကို သိေနေပမယ့္လည္း စခ်င္တာေၾကာင့္...
"အိမ္မွာေနရင္း ရႈိးထုတ္ေနတာ ဘယ္သူ႔ကို ျပမလို႔လဲ..."
"ဘယ္သူ႔မွ မျပဘူး အိမ္မွာေနလဲ ကိုယ့္ကိုယ္ကိုယ္ ၾကည့္ေကာင္းေအာင္ေနတက္တာ သိရဲ႕သားနဲ႔ေနာ္... ဘာမွထပ္မလုပ္နဲ႔ေတာ့ ၾကည့္ရတာ အာ႐ုံပ်က္တယ္ Krisရာ ၿငိမ္ၿငိမ္ေန..."
စူပုပ္ေနေသာ မ်က္ႏွာေလးက စခ်င္စရာေလးမို႔ ထပ္ၿပီး စခ်င္ေနေသးေပမယ့္ ႐ုပ္ရွင္ၾကည့္ၿပီး ရယ္ေမာေနေသာ ပုံစံေလးက ပိုၿပီးသေဘာက်စရာေကာင္းတာမို႔ Krisလည္း ၿငိမ္ေနေပးလိုက္ၿပီး ကေလးငယ္ကို အေနာက္ကေန ရင္ခြင္ထဲဆြဲေခၚကာ ဖက္ထားလိုက္ေတာ့ Krisကို တစ္ခ်က္ေတာ့ လွည့္ၾကည့္လာေပမယ့္ ျပန္လွည့္သြားကာ Kris ရင္ခြင္ထဲ ေသခ်ာမွီလို႔ ႐ုပ္ရွင္ကိုသာျပန္ၾကည့္ေနေတာ့သည္...
ေဘးခုံက Sehunတို႔အတြဲရဲ႕ မသိမသာေစာင္းငဲ့ၾကည့္လာေသာ အၾကည့္တို႔ကို မသိခ်င္ေယာင္ေဆာင္ေနရင္းမွ ရင္ခြင္ထဲမွ ကေလးငယ္၏ ခပ္တိုးတိုးေျပာလာ စကားေၾကာင့္ Krisၿပဳံးမိသြားေတာ့သည္...
"Krisက ကြၽန္ေတာ့္ကို ရင္ခုန္ေအာင္လာလုပ္ေနတာပဲ... ကြၽန္ေတာ္က Kris ရင္ခုန္ေအာင္ လုပ္ပါမယ္လို႔ေျပာထားတာကို..."
#230624
ဒါေလးကို 27ရက္ေန႔ အၿပီးupေပးခ်င္ခဲ့တာ... မမီေလာက္ေတာ့ဘူးထင္ပါတယ္ 😢