ရေတံခွန် မှ ထွက်လာကတည်း က အငိုတိတ်သွားပေမယ့် ခန့်စေရဲ့ ကျောပြင်ကို ပါးအပ်ထားကာ တင်းကြပ်စွာ ဖတ်ထားရင်း ငြိမ်ငြိမ်လေး လိုက်လာတဲ့ အသေးလေးက တစ်ချက် တစ်ချက် ရှိုက်နေသေးတာမို့ တစ်ခါ ရှိုက်တိုင်း တွန့်သွားတဲ့ ကိုယ်လုံးလေးကြောင့် ခန့်စေ ကျောပြင်မှာ လှုပ်သွားသည့် ခံစားမှုအသေးစားလေး ခံစားရ၏။ ရေတံခွန် အထွက်မှာ လမ်းဆိုးတာမို့ သေချာဖတ်ထားဖို့ ပြောသည်ကို တသွေမသိမ်း လိုက်နာတဲ့ အသေးလေးက အခုထိခါးကိုတင်းတင်းကြပ်ကြပ်ဖတ်တွယ်ထားတာ မလွှတ်သေးပါ။
ကြောက်စိတ်ကြောင့် ဖတ်တွယ်ထားတာ သိပေမယ့် အလိုက်မသိတာက ခန့်စေရဲ့ ဝဲဘတ်ရင်အုံထဲ ကိန်းအောင်းနေတဲ့ နှလုံးသား ပင်။ အပြင်ကို ပေါက်ထွက်မတက် ခုန်ပေါက်နေရုံမကပဲ
လူကိုနေရခက်အောင် တဒုတ်ဒုတ် နဲ့ အသံတွေပြုနေလိုက်တာများ။
ခန့်စေ ဆိုင်ကယ်ကို အရှိန်လျော့ကာ အနောက်ဘက်က အသေးလေးကို လှည့်ကာ အဆင်ပြေ မပြေ မေးပြန်တော့လည်း အတွေးလွန်နေတဲ့ အသေးလေးက ကြားဟန်မပေါ်တာမို့ ရွာနားက ရပ်တော်မူဘုရားကုန်း အတက်နား ရောက်နေပြီဖြစ်သည့်အတွက် ဘုရားစောင်းတန်းနားတွင် ဆိုင်ကယ်ခဏရပ်ကာ အသေးလေးပုခုံးအား ဖွဖွကိုင်ကာ ဘုရားပေါ်တက်မည့် လှေကားထစ်နားခေါ်လာလိုက်သည်။ အိမ်သို့ပြန်ရောက်ရန်လည်း သိပ်မလိုတော့တာမို့ အသေးလေးကို ဒီပုံစံနဲ့ အိမ်ပြန်ပို့ပေးလို့ မဖြစ်ပါ။ အန်တီချို စိတ်ပူရသလို စိတ်မကောင်းလည်း ဖြစ်သွားမှာ ဆိုးတာမို့။ အကြောက်ပြေအောင် နားချရပေအုန်းမည်။
" လမင်း အဆင်ပြေရဲ့လား "
"......."
" လမင်း "
"ဟမ်! ဟင် .. အိမ်...အိမ်ပြန်မယ်လေ "
"ကြောက်နေသေးလား "
" အင်း ~~~ကြောက်တယ် "
" ကျွန်တော် ရှိတယ်လေ နော် အခု အိမ်ရောက်တော့မှာ လမင်း
ဒီလိုပုံစံနဲ့ အိမ်ပြန်လို့ဖြစ်ပါ့မလား "
"ဟင့်အင်း ~~~"
"ဒီမှာ ခဏ ထိုင်ချင်သေးလား "
"အင်း ဟို ~~အမေ့ကို မပြောပြနဲ့နော် ခန့်စေထွဋ်နောင် "
" အင်း မပြောဘူး အဆင်ပြေပြီဆိုမှ ပြန်လိုက်ပို့ပေးမယ် "
အနောက်မှ ကိုယ်စီ လိုက်လာေသာ သန့်စင်ထွန်းနှင့် ဝဏ္ဏတို့က
ခန့်စေတို့ ဆိုင်ကယ် ဘုရားနား ရပ်ထားသည်ကို မြင်သည်နှင့် ဆိုင်ကယ်ရပ်ကာ အနားရောက်လာကြ၏။ အိုက်တွမ်ကတော့ ပေါ်မလာသေးပါ။
"အကိုလမင်း အဆင်ပြေရဲ့လား "
" အင်း "
"အဝတ်တွေက စိုနေတယ်မလား အန်တီချို အပိုယူသွားခိုင်းတဲ့ အဝတ်တွေ ကျွန်တော့် Toolbox ထဲမှာ ရှိတယ် လဲလိုက်မလား
ဖျားနေအုန်းမယ် "
ဝဏ္ဏ အောက်သို့ ပြန်ဆင်းသွား၍ Toolbox အတွင်းမှ လမင်း အဝတ်အစားများကို ယူလာပြီး ပြန်တက်လာကာ ခန့်စေလက်ထဲ လမင်း၏အဝတ်အိတ်လေးအားထည့်ပေးကာ ဆိုလာ၏။
"ခန့်စေ ဒီလှေကားအဆုံးရောက်ရင် ညာဘက်မှာ ဘုန်းကြီးတစ်ပါးတည်း နေတဲ့အဆောင်ရှိတယ် အဲ့မှာခွင့်တောင်းပေးပြီး အဝတ်လဲခိုင်းလိုက်"
"Ok.. "
"လာ လမင်း အဝတ်လဲမယ်"
ဘုန်းဘုန်း အား သန့်စင်ခန်းသုံးခွင့်တောင်းကာ ထိုအထဲမှာပင် လမင်းအားအဝတ်အစား လဲခိုင်လိုက်၏။ ရေနစ်ထားသော အရှိန်နှင့် အစိုဓာတ် ကြာသွားသော နှုတ်ခမ်းလေးဟာ ပုံမှန်လို ရဲရဲလေးဖြစ်မနေတော့ပါ။ ရေစိုထားသော ဆံပင်လေးတွေက ဆိုင်ကယ်စီးလာသည့်အရှိန်ဖြင့် ခြောက်သွားပါသော်လည်း အရင်လို ခပ်အုပ်အုပ်လေးဖြစ်မနေပဲ ပွယောင်းယောင်းလေးဖြစ်နေ၏။
ပါးဖောင်းဖောင်း နှစ်ဖက်ဟာ ငိုထားသည့်အရှိန်ကြောင့်
ပြောင်တင်းကာ ရဲနေ၏။ အဝါရောင်တီရှပ် အပွလေးနှင့် ချည်သားဘောင်းဘီအမည်းကွက်လေးကို လဲဝတ်လာတဲ့ အသေးလေးဟာ အသည်းတယားယားနှင့် ပြေးဖတ်ကာ အားရပါးရ နမ်းပစ်ချင်စရာ။
အဝတ်လဲပြီးတာမို့ အောက်ဘက်မှာ ထိုင်စောင့်နေသော သန့်စင်ထွန်းတို့အနားပြန်သွားရာ အိုက်တွမ်ကပါ ရောက်နေပြီး သုံးယောက်သား ဘာတွေပြောနေမှန်းမသိ။ ဝဏ္ဏ မျက်နှာကတော့ နဂို ညိုနေသည့် အသားအရည်ထပ်ပင် မည်းမှောင်နေ၏။
ခါးထောက်ကာ တောက် ခေါက်နေသည်မှာ ဒေါသထွက်နေသည့် ပြရုဂ် ။ လမင်းတို့အနားရောက်သွားမှ စကားသံတိတ်သွား၏။
"မင်းက ထားခဲ့လိုက်ရမှာ လဒစားစား ကျီးစားစား အဲ့မိန်းမကို "
"ထားခဲ့ချင်တာပေါ့ သူတို့သမီး ပါမလာရင် ငါတို့ကောင် ခန့်စေက တိုင်ပတ်မှာလေ "
"စကားအပြောအဆို ကိုက ရင့်သီးနေတာပဲ ဟမ့် ကိုယ့်ကောင်ကြီးနဲ့ တွဲနေလို့သာ မပြောခဲ့တာ သူ့အခြေအနေနဲ့ လာယှဉ်ပြီး မတူမတန်သလိုနဲ့ ဟာသပဲ "
" ပြောမနေပါနဲ့တော့ကွာ ဟိုမှာ ခန့်စေနဲ့အကိုလမင်း ဆင်းလာပြီ"
........
"ခန့်စေထွဋ်နောင် "
"ဟင် "
"ပြန်မယ်လေ "
"လမင်း အဆင်ပြေပြီလား "
"ပြေပါပြီ အမေ့ကို မပြောပြကြပါနဲ့နော် စိတ်ပူနေမှာ ဆိုးလို့ "
"မပူပါနဲ့ ကျွန်တော်တို့ မပြောဘူး ဟုတ်ပြီလား "
"အင်း "
"လာ အဲ့တာဆို လိုက်ပို့မယ် "
"သေချာတက် ကြောက်သေးလား ပြုတ်ကျမယ် ဖတ်ထား"
"ဟင့်အင်း မကြောက်တော့တာမို့မဖတ်တော့ဘူး"
ဆိုင်ကယ်ပေါ်တက်ကာ အသေးလေးအား ဖတ်ထားစေချင်တာကြောင့် မေးမိရာ မကြောက်တော့တာမို့ မဖတ်တော့ဘူးတဲ့။ တက်လဲတက်နိုင်လွန်းတဲ့ဟာလေး။
ခြံရှေ့ ဆိုင်ကယ် ရပ်တော့လည်း အရင်ဆင်းပြီး ခြံထဲပြေးဝင်သွားတာများ ကလေးလေးလိုပါပဲ။ စောစောကလို တရှုံ့ရှုံ့ ငိုနေတဲ့ အာပေတူးလေး မဟုတ်တော့။
ဆိုင်ကယ်သံကြောင့် တီချိုက အိမ်ထဲက ထွက်လာပြီး ပြုံးပြကာ ကြိုဆို၏။
"ပြန်လာကြပြီလား ပျော်ခဲ့ကြရဲ့လား သားတို့"
"ဟုတ် "
"သားစေ တီချို့ နားတောင် လာမလည်တော့ဘူးနော် လူကြီးလေးဖြစ်နေပြီ ထင်ပါတယ် ကောင်မလေးတောင် ရနေပြီဆို"
ပြုံးပြုံးလေးနှင့် ကျီစယ်နေသော တီချိုကြောင့် ခန့်စေ အနေခက်သွားရ၏ ။ ဟိုကောင်းသုံးကောင် ချွန်လိုက်ပြီဆိုတာ သိတာမို့ ပေစောင်းစောင်းကြည့်လိုက်ရာ သူတို့မဟုတ်တဲ့အတိုင်း
အေးဆေးထိုင်နေကြ၏။ အရင်က ဟုတ်ပေမယ့် အခု မဟုတ်တာမို့ တီချို့ကို ဖြေရှင်းပြရမည်။
"ပြတ်သွားပါပြီ တီချိုရဲ့ သားက တီချို့ သားပဲ လုပ်မှာ "
တီချိုအား ခါးမှ ဖတ်ကာ ခန္ဓာကိုယ်ကြီးမှ အားမနာ ချွဲနေသော
ကောင်ကြောင့် ဝဏ္ဏ ရွဲ့ချင်လာ၏။
"အမလေးတော် ဟုတ်ပါပြီ လုပ်ပါ လုပ်ပါ "
"ဝေါ့ !!သားတဲ့ တီချို အစာကြေဆေးလေးဘာလေး မရှိဘူးလား
သား အစာမကြေဖြစ်ချင်လာလို့ "
"မင်းလဲ ဘာထူးလဲ ဝဏ္ဏ သူ့ကိုယ်သူ သားတဲ့ "
"မင်းပဲ တီချို့ရဲ့ သားဖြစ်ချင်လို့ရမလားကွ"
"အေ့ ငါပဲဖြစ်ရမှာလေ "
"ကဲပါ အကုန်လုံးက တီချို့ သားလေးတွေပဲ ဟုတ်ပြီလား "
မကျေမချမ်းရွတ်လာသော ခန့်စေမှာ
"ဟုတ် ..ဒါပေမယ့် သားကို ပိုချစ်ရမယ် "
ကလေးကုလား အကွက်တွေနဲ့ မျက်ခွက်ပြောင်နေတဲ့ ခန့်စေထွဋ်နောင် ။ မသိရင် ယောက္ခမနား အချွဲပိုကာ ဖားသလို ယားသလိုနဲ့။
**********
"လမင်း"
အခန်းတံခါးဘောင်အား ခေါက်ကာ ခန်းစည်းစဖယ်၍ခေါ်လာသော ခန့်စေကြောင့် လမင်း အဝတ်ခေါက်နေရင်း လှည့်ကြည့်လိုက်၏။
"ဪ ခန့်စေထွဋ်နောင် ဝင်ခဲ့လေ"
" အင်း အဲ့တာဆို ဝင်ပြီနော် "
"ဟုတ် "
"လမင်း"
"ဟင် ~~"
" သီတင်းကျွတ်လပြည့်နေ့ ပွဲရှိတယ် လိုက်မလား "
"ဟင့်အင်း "
ခန့်စေအမေးအား မဆိုင်းမတွ ခပ်မြန်မြန်ဖြေလာတာမို့
"ဘာလို့လဲ ကျွန်တော်တို့နဲ့အတူတူလေ "
"မသွားချင်ဘူး"
"ကြောက်လို့လား ဒီနေ့လိုဖြစ်မှာ ဆိုးတာလား "
"အင်း"
"စိတ်ထဲ တအားမထားနဲ့ ကျွန်တော် ရှိတာမို့ မကြောက်နဲ့ လပြည့်နေ့ပွဲက အရမ်းစည်ပြီး ပျော်စရာကောင်းတယ် "
"အမေပါမှ လိုက်တော့မယ် "
"တီချို လိုက်မှာပေါ့ ရအောင်ခေါ်မယ် ဒါမျိုးပွဲက လက်မလွှတ်သင့်ဘူး လမင်းရဲ့ ကျွန်တော် လာခေါ်မယ် နော် "
"အင်း"
"ဟုတ်ပြီ "
ကလေးတွေလို အမေပါမှ လိုက်မှာ ပြောနေသော ခန့်စေအရှေ့က အဝတ်ခေါက်နေတဲ့ အသေးလေးကို ခန့်စေ အသည်းယားလာ၏။
အဝတ်ခေါက်နေရင်း မသိမသာ စူထွက်နေတဲ့ နှုတ်ခမ်းအားကြည့်ကာ အာခေါင်တို့ ခြောက်သွေ့လာရ၏။
စိတ်ရှိတိုင်း ဒီလူသားလေးကို ဖတ်နမ်းလိုက်ချင်သည့် စိတ်ကို ချွန်းအုပ်နေသည်။ အရင်လို တဇွတ်ထိုး နမ်းလိုက်လို့ မဖြစ်တာမို့
ခန့်စေ ကြံလို့ရသမျှ ဉာဏ်နီဉာဏ်နက် အကုန်ထုတ်နေရ၏။ အကြံရသွားတာမို့ ခန့်စေမျက်နှာဟာ ငါးခူလို အပြုံးချိတ်ဆွဲလျက်။
"လမင်း "
"ဟင် "
"အဝတ်လျှော်ရင် ဘာဆပ်ပြာသုံးတာလဲ မွှေးလို့ "
"အမ် ..ဖူဂျီပဲ သုံးတာ"
"ဟုတ်လား "
အနားသို့ လျှောက်သွားကာ ညာတာပါတေးနှင့် လမင်း၏ အင်္ကျီအနားတိုးကာ အနံ့ခံသလိုနှင့် ဖြူဝင်းဝင်းလည်ဂုတ်ေလးအား မသိမသာ နှာခေါင်းဖြင့် တို့ကြည့်ပြီး မတင်းတိမ်နိုင်တဲ့ စိတ်ကြောင့် 'ရွှတ်ခနဲ့ မြည်အောင် နမ်းမိ၏။ ဆက်ခနဲ တုန်တက်သွားတဲ့ အသေးလေးက မျက်လုံးဝိုင်းလေးတွေဖြင့် ကြည့်လာတဲ့အခါ ခန့်စေအရှက်ပြေ ချောင်းဟန့်ကာ ဆင်ခြေ ပေးရ၏။
"အဟမ်း! အနံ့က မွှေးတာမို့ အိမ်ရောက်ရင် အဲ့ဆပ်ပြာနဲ့ပဲ အဝတ်လျှော်ခိုင်းရမယ်"
ပြောချင်တာပြောပြီး အခန်းအပြင် ပြန်ထွက်သွားတဲ့ ခန့်စေကြောင့်
လမင်းမှာ အဝတ်လေးကိုင်ရင် ကြောင်တောင်တောင်နဲ့ ကျန်ခဲ့ရ၏။
ဆပ်ပြာအနံ့က လျှော်ထားတဲ့ အင်္ကျီမှာပဲ အနံ့စွဲမှာပေါ့ ဘာလို့ လည်ဂုတ်ကို အနံ့လာခံရတာလည်း။ အဲ့နားက အနံ့ရလို့လား ။
လမင်း စဉ်းစားနေတုန်း ခန်းစည်းစ နောက်မှ ခေါင်းပြူထွက်လာကာ ထပ်မေးလာတဲ့ ခန့်စေ။
"လမင်း ဆပ်ပြာနာမည်က ဘာ.."
"ဖူဂျီ"
>>>>>><<<<<<<
-pont-00-
ZAWGYI
ေရတံခြန္ မွ ထြက္လာကတည္း က အငိုတိတ္သြားေပမယ့္ ခန႔္ေစရဲ႕ ေက်ာျပင္ကို ပါးအပ္ထားကာ တင္းၾကပ္စြာ ဖတ္ထားရင္း ၿငိမ္ၿငိမ္ေလး လိုက္လာတဲ့ အေသးေလးက တစ္ခ်က္ တစ္ခ်က္ ရွိုက္ေနေသးတာမို႔ တစ္ခါ ရွိုက္တိုင္း တြန႔္သြားတဲ့ ကိုယ္လုံးေလးေၾကာင့္ ခန႔္ေစ ေက်ာျပင္မွာ လႈပ္သြားသည့္ ခံစားမႈအေသးစားေလး ခံစားရ၏။ ေရတံခြန္ အထြက္မွာ လမ္းဆိုးတာမို႔ ေသခ်ာဖတ္ထားဖို႔ ေျပာသည္ကို တေသြမသိမ္း လိုက္နာတဲ့ အေသးေလးက အခုထိခါးကိုတင္းတင္းၾကပ္ၾကပ္ဖတ္တြယ္ထားတာ မလႊတ္ေသးပါ။
ေၾကာက္စိတ္ေၾကာင့္ ဖတ္တြယ္ထားတာ သိေပမယ့္ အလိုက္မသိတာက ခန႔္ေစရဲ႕ ဝဲဘတ္ရင္အုံထဲ ကိန္းေအာင္းေနတဲ့ ႏွလုံးသား ပင္။ အျပင္ကို ေပါက္ထြက္မတက္ ခုန္ေပါက္ေန႐ုံမကပဲ
လူကိုေနရခက္ေအာင္ တဒုတ္ဒုတ္ နဲ႕ အသံေတြျပဳေနလိုက္တာမ်ား။
ခန႔္ေစ ဆိုင္ကယ္ကို အရွိန္ေလ်ာ့ကာ အေနာက္ဘက္က အေသးေလးကို လွည့္ကာ အဆင္ေျပ မေျပ ေမးျပန္ေတာ့လည္း အေတြးလြန္ေနတဲ့ အေသးေလးက ၾကားဟန္မေပၚတာမို႔ ႐ြာနားက ရပ္ေတာ္မူဘုရားကုန္း အတက္နား ေရာက္ေနၿပီျဖစ္သည့္အတြက္ ဘုရားေစာင္းတန္းနားတြင္ ဆိုင္ကယ္ခဏရပ္ကာ အေသးေလးပုခုံးအား ဖြဖြကိုင္ကာ ဘုရားေပၚတက္မည့္ ေလွကားထစ္နားေခၚလာလိုက္သည္။ အိမ္သို႔ျပန္ေရာက္ရန္လည္း သိပ္မလိုေတာ့တာမို႔ အေသးေလးကို ဒီပုံစံနဲ႕ အိမ္ျပန္ပို႔ေပးလို႔ မျဖစ္ပါ။ အန္တီခ်ိဳ စိတ္ပူရသလို စိတ္မေကာင္းလည္း ျဖစ္သြားမွာ ဆိုးတာမို႔။ အေၾကာက္ေျပေအာင္ နားခ်ရေပအုန္းမည္။
" လမင္း အဆင္ေျပရဲ႕လား "
"......."
" လမင္း "
"ဟမ္! ဟင္ .. အိမ္...အိမ္ျပန္မယ္ေလ "
"ေၾကာက္ေနေသးလား "
" အင္း ~~~ေၾကာက္တယ္ "
" ကြၽန္ေတာ္ ရွိတယ္ေလ ေနာ္ အခု အိမ္ေရာက္ေတာ့မွာ လမင္း
ဒီလိုပုံစံနဲ႕ အိမ္ျပန္လို႔ျဖစ္ပါ့မလား "
"ဟင့္အင္း ~~~"
"ဒီမွာ ခဏ ထိုင္ခ်င္ေသးလား "
"အင္း ဟို ~~အေမ့ကို မေျပာျပနဲ႕ေနာ္ ခန႔္ေစထြဋ္ေနာင္ "
" အင္း မေျပာဘူး အဆင္ေျပၿပီဆိုမွ ျပန္လိုက္ပို႔ေပးမယ္ "
အေနာက္မွ ကိုယ္စီ လိုက်လာေသာ သန႔္စင္ထြန္းႏွင့္ ဝဏၰတို႔က
ခန႔္ေစတို႔ ဆိုင္ကယ္ ဘုရားနား ရပ္ထားသည္ကို ျမင္သည္ႏွင့္ ဆိုင္ကယ္ရပ္ကာ အနားေရာက္လာၾက၏။ အိုက္တြမ္ကေတာ့ ေပၚမလာေသးပါ။
"အကိုလမင္း အဆင္ေျပရဲ႕လား "
" အင္း "
"အဝတ္ေတြက စိုေနတယ္မလား အန္တီခ်ိဳ အပိုယူသြားခိုင္းတဲ့ အဝတ္ေတြ ကြၽန္ေတာ့္ Toolbox ထဲမွာ ရွိတယ္ လဲလိုက္မလား
ဖ်ားေနအုန္းမယ္ "
ဝဏၰ ေအာက္သို႔ ျပန္ဆင္းသြား၍ Toolbox အတြင္းမွ လမင္း အဝတ္အစားမ်ားကို ယူလာၿပီး ျပန္တက္လာကာ ခန႔္ေစလက္ထဲ လမင္း၏အဝတ္အိတ္ေလးအားထည့္ေပးကာ ဆိုလာ၏။
"ခန႔္ေစ ဒီေလွကားအဆုံးေရာက္ရင္ ညာဘက္မွာ ဘုန္းႀကီးတစ္ပါးတည္း ေနတဲ့အေဆာင္ရွိတယ္ အဲ့မွာခြင့္ေတာင္းေပးၿပီး အဝတ္လဲခိုင္းလိုက္"
"Ok.. "
"လာ လမင္း အဝတ္လဲမယ္"
ဘုန္းဘုန္း အား သန႔္စင္ခန္းသုံးခြင့္ေတာင္းကာ ထိုအထဲမွာပင္ လမင္းအားအဝတ္အစား လဲခိုင္လိုက္၏။ ေရနစ္ထားေသာ အရွိန္ႏွင့္ အစိုဓာတ္ ၾကာသြားေသာ ႏႈတ္ခမ္းေလးဟာ ပုံမွန္လို ရဲရဲေလးျဖစ္မေနေတာ့ပါ။ ေရစိုထားေသာ ဆံပင္ေလးေတြက ဆိုင္ကယ္စီးလာသည့္အရွိန္ျဖင့္ ေျခာက္သြားပါေသာ္လည္း အရင္လို ခပ္အုပ္အုပ္ေလးျဖစ္မေနပဲ ပြေယာင္းေယာင္းေလးျဖစ္ေန၏။
ပါးေဖာင္းေဖာင္း ႏွစ္ဖက္ဟာ ငိုထားသည့္အရွိန္ေၾကာင့္
ေျပာင္တင္းကာ ရဲေန၏။ အဝါေရာင္တီရွပ္ အပြေလးႏွင့္ ခ်ည္သားေဘာင္းဘီအမည္းကြက္ေလးကို လဲဝတ္လာတဲ့ အေသးေလးဟာ အသည္းတယားယားႏွင့္ ေျပးဖတ္ကာ အားရပါးရ နမ္းပစ္ခ်င္စရာ။
အဝတ္လဲၿပီးတာမို႔ ေအာက္ဘက္မွာ ထိုင္ေစာင့္ေနေသာ သန႔္စင္ထြန္းတို႔အနားျပန္သြားရာ အိုက္တြမ္ကပါ ေရာက္ေနၿပီး သုံးေယာက္သား ဘာေတြေျပာေနမွန္းမသိ။ ဝဏၰ မ်က္ႏွာကေတာ့ နဂို ညိုေနသည့္ အသားအရည္ထပ္ပင္ မည္းေမွာင္ေန၏။
ခါးေထာက္ကာ ေတာက္ ေခါက္ေနသည္မွာ ေဒါသထြက္ေနသည့္ ျပ႐ုဂ္ ။ လမင္းတို႔အနားေရာက္သြားမွ စကားသံတိတ္သြား၏။
"မင္းက ထားခဲ့လိုက္ရမွာ လဒစားစား က်ီးစားစား အဲ့မိန္းမကို "
"ထားခဲ့ခ်င္တာေပါ့ သူတို႔သမီး ပါမလာရင္ ငါတို႔ေကာင္ ခန႔္ေစက တိုင္ပတ္မွာေလ "
"စကားအေျပာအဆို ကိုက ရင့္သီးေနတာပဲ ဟမ့္ ကိုယ့္ေကာင္ႀကီးနဲ႕ တြဲေနလို႔သာ မေျပာခဲ့တာ သူ႕အေျခအေနနဲ႕ လာယွဥ္ၿပီး မတူမတန္သလိုနဲ႕ ဟာသပဲ "
" ေျပာမေနပါနဲ႕ေတာ့ကြာ ဟိုမွာ ခန႔္ေစနဲ႕အကိုလမင္း ဆင္းလာၿပီ"
........
"ခန႔္ေစထြဋ္ေနာင္ "
"ဟင္ "
"ျပန္မယ္ေလ "
"လမင္း အဆင္ေျပၿပီလား "
"ေျပပါၿပီ အေမ့ကို မေျပာျပၾကပါနဲ႕ေနာ္ စိတ္ပူေနမွာ ဆိုးလို႔ "
"မပူပါနဲ႕ ကြၽန္ေတာ္တို႔ မေျပာဘူး ဟုတ္ၿပီလား "
"အင္း "
"လာ အဲ့တာဆို လိုက္ပို႔မယ္ "
"ေသခ်ာတက္ ေၾကာက္ေသးလား ျပဳတ္က်မယ္ ဖတ္ထား"
"ဟင့္အင္း မေၾကာက္ေတာ့တာမို႔မဖတ္ေတာ့ဘူး"
ဆိုင္ကယ္ေပၚတက္ကာ အေသးေလးအား ဖတ္ထားေစခ်င္တာေၾကာင့္ ေမးမိရာ မေၾကာက္ေတာ့တာမို႔ မဖတ္ေတာ့ဘူးတဲ့။ တက္လဲတက္နိုင္လြန္းတဲ့ဟာေလး။
ၿခံေရွ႕ ဆိုင္ကယ္ ရပ္ေတာ့လည္း အရင္ဆင္းၿပီး ၿခံထဲေျပးဝင္သြားတာမ်ား ကေလးေလးလိုပါပဲ။ ေစာေစာကလို တရႈံ႕ရႈံ႕ ငိုေနတဲ့ အာေပတူးေလး မဟုတ္ေတာ့။
ဆိုင္ကယ္သံေၾကာင့္ တီခ်ိဳက အိမ္ထဲက ထြက္လာၿပီး ၿပဳံးျပကာ ႀကိဳဆို၏။
"ျပန္လာၾကၿပီလား ေပ်ာ္ခဲ့ၾကရဲ႕လား သားတို႔"
"ဟုတ္ "
"သားေစ တီခ်ိဳ႕ နားေတာင္ လာမလည္ေတာ့ဘူးေနာ္ လူႀကီးေလးျဖစ္ေနၿပီ ထင္ပါတယ္ ေကာင္မေလးေတာင္ ရေနၿပီဆို"
ၿပဳံးၿပဳံးေလးႏွင့္ က်ီစယ္ေနေသာ တီခ်ိဳေၾကာင့္ ခန႔္ေစ အေနခက္သြားရ၏ ။ ဟိုေကာင္းသုံးေကာင္ ခြၽန္လိုက္ၿပီဆိုတာ သိတာမို႔ ေပေစာင္းေစာင္းၾကည့္လိုက္ရာ သူတို႔မဟုတ္တဲ့အတိုင္း
ေအးေဆးထိုင္ေနၾက၏။ အရင္က ဟုတ္ေပမယ့္ အခု မဟုတ္တာမို႔ တီခ်ိဳ႕ကို ေျဖရွင္းျပရမည္။
"ျပတ္သြားပါၿပီ တီခ်ိဳရဲ႕ သားက တီခ်ိဳ႕ သားပဲ လုပ္မွာ "
တီခ်ိဳအား ခါးမွ ဖတ္ကာ ခႏၶာကိုယ္ႀကီးမွ အားမနာ ခြၽဲေနေသာ
ေကာင္ေၾကာင့္ ဝဏၰ ႐ြဲ႕ခ်င္လာ၏။
"အမေလးေတာ္ ဟုတ္ပါၿပီ လုပ္ပါ လုပ္ပါ "
"ေဝါ့ !!သားတဲ့ တီခ်ိဳ အစာေၾကေဆးေလးဘာေလး မရွိဘူးလား
သား အစာမေၾကျဖစ္ခ်င္လာလို႔ "
"မင္းလဲ ဘာထူးလဲ ဝဏၰ သူ႕ကိုယ္သူ သားတဲ့ "
"မင္းပဲ တီခ်ိဳ႕ရဲ႕ သားျဖစ္ခ်င္လို႔ရမလားကြ"
"ေအ့ ငါပဲျဖစ္ရမွာေလ "
"ကဲပါ အကုန္လုံးက တီခ်ိဳ႕ သားေလးေတြပဲ ဟုတ္ၿပီလား "
မေက်မခ်မ္း႐ြတ္လာေသာ ခန႔္ေစမွာ
"ဟုတ္ ..ဒါေပမယ့္ သားကို ပိုခ်စ္ရမယ္ "
ကေလးကုလား အကြက္ေတြနဲ႕ မ်က္ခြက္ေျပာင္ေနတဲ့ ခန႔္ေစထြဋ္ေနာင္ ။ မသိရင္ ေယာကၡမနား အခြၽဲပိုကာ ဖားသလို ယားသလိုနဲ႕။
**********
"လမင္း"
အခန္းတံခါးေဘာင္အား ေခါက္ကာ ခန္းစည္းစဖယ္၍ေခၚလာေသာ ခန႔္ေစေၾကာင့္ လမင္း အဝတ္ေခါက္ေနရင္း လွည့္ၾကည့္လိုက္၏။
"ဪ ခန႔္ေစထြဋ္ေနာင္ ဝင္ခဲ့ေလ"
" အင္း အဲ့တာဆို ဝင္ၿပီေနာ္ "
"ဟုတ္ "
"လမင္း"
"ဟင္ ~~"
" သီတင္းကြၽတ္လျပည့္ေန႕ ပြဲရွိတယ္ လိုက္မလား "
"ဟင့္အင္း "
ခန႔္ေစအေမးအား မဆိုင္းမတြ ခပ္ျမန္ျမန္ေျဖလာတာမို႔
"ဘာလို႔လဲ ကြၽန္ေတာ္တို႔နဲ႕အတူတူေလ "
"မသြားခ်င္ဘူး"
"ေၾကာက္လို႔လား ဒီေန႕လိုျဖစ္မွာ ဆိုးတာလား "
"အင္း"
"စိတ္ထဲ တအားမထားနဲ႕ ကြၽန္ေတာ္ ရွိတာမို႔ မေၾကာက္နဲ႕ လျပည့္ေန႕ပြဲက အရမ္းစည္ၿပီး ေပ်ာ္စရာေကာင္းတယ္ "
"အေမပါမွ လိုက္ေတာ့မယ္ "
"တီခ်ိဳ လိုက္မွာေပါ့ ရေအာင္ေခၚမယ္ ဒါမ်ိဳးပြဲက လက္မလႊတ္သင့္ဘူး လမင္းရဲ႕ ကြၽန္ေတာ္ လာေခၚမယ္ ေနာ္ "
"အင္း"
"ဟုတ္ၿပီ "
ကေလးေတြလို အေမပါမွ လိုက္မွာ ေျပာေနေသာ ခန႔္ေစအေရွ႕က အဝတ္ေခါက္ေနတဲ့ အေသးေလးကို ခန႔္ေစ အသည္းယားလာ၏။
အဝတ္ေခါက္ေနရင္း မသိမသာ စူထြက္ေနတဲ့ ႏႈတ္ခမ္းအားၾကည့္ကာ အာေခါင္တို႔ ေျခာက္ေသြ႕လာရ၏။
စိတ္ရွိတိုင္း ဒီလူသားေလးကို ဖတ္နမ္းလိုက္ခ်င္သည့္ စိတ္ကို ခြၽန္းအုပ္ေနသည္။ အရင္လို တဇြတ္ထိုး နမ္းလိုက္လို႔ မျဖစ္တာမို႔
ခန႔္ေစ ႀကံလို႔ရသမွ် ဉာဏ္နီဉာဏ္နက္ အကုန္ထုတ္ေနရ၏။ အႀကံရသြားတာမို႔ ခန႔္ေစမ်က္ႏွာဟာ ငါးခူလို အၿပဳံးခ်ိတ္ဆြဲလ်က္။
"လမင္း "
"ဟင္ "
"အဝတ္ေလွ်ာ္ရင္ ဘာဆပ္ျပာသုံးတာလဲ ေမႊးလို႔ "
"အမ္ ..ဖူဂ်ီပဲ သုံးတာ"
"ဟုတ္လား "
အနားသို႔ ေလွ်ာက္သြားကာ ညာတာပါေတးႏွင့္ လမင္း၏ အကၤ်ီအနားတိုးကာ အနံ႕ခံသလိုႏွင့္ ျဖဴဝင္းဝင္းလည္ဂုတ္ေလးအား မသိမသာ ႏွာေခါင္းျဖင့္ တို႔ၾကည့္ၿပီး မတင္းတိမ္နိုင္တဲ့ စိတ္ေၾကာင့္ '႐ႊတ္ခနဲ႕ ျမည္ေအာင္ နမ္းမိ၏။ ဆက္ခနဲ တုန္တက္သြားတဲ့ အေသးေလးက မ်က္လုံးဝိုင္းေလးေတြျဖင့္ ၾကည့္လာတဲ့အခါ ခန႔္ေစအရွက္ေျပ ေခ်ာင္းဟန႔္ကာ ဆင္ေျခ ေပးရ၏။
"အဟမ္း! အနံ႕က ေမႊးတာမို႔ အိမ္ေရာက္ရင္ အဲ့ဆပ္ျပာနဲ႕ပဲ အဝတ္ေလွ်ာ္ခိုင္းရမယ္"
ေျပာခ်င္တာေျပာၿပီး အခန္းအျပင္ ျပန္ထြက္သြားတဲ့ ခန႔္ေစေၾကာင့္
လမင္းမွာ အဝတ္ေလးကိုင္ရင္ ေၾကာင္ေတာင္ေတာင္နဲ႕ က်န္ခဲ့ရ၏။
ဆပ္ျပာအနံ႕က ေလွ်ာ္ထားတဲ့ အကၤ်ီမွာပဲ အနံ႕စြဲမွာေပါ့ ဘာလို႔ လည္ဂုတ္ကို အနံ႕လာခံရတာလည္း။ အဲ့နားက အနံ႕ရလို႔လား ။
လမင္း စဥ္းစားေနတုန္း ခန္းစည္းစ ေနာက္မွ ေခါင္းျပဴထြက္လာကာ ထပ္ေမးလာတဲ့ ခန႔္ေစ။
"လမင္း ဆပ္ျပာနာမည္က ဘာ.."
"ဖူဂ်ီ"
>>>>>><<<<<<<
-pont-00-