Uni♡
Sehun လာပို့တဲ့ ကလေးငယ်ထံမှ ရှယ်ယာဝင်အချက်အလက်တွေကို သေချာကြည့်ပြီးနောက် Kris စာရွက်တွင်လက်မှတ်ထိုးလိုက်သည်...
"ကဲ Sehun အားလုံးပြီးသွားပြီလို့ ကလေးငယ်ဆီ အကြောင်းပြန်လိုက်ပါဦး..."
"ဟုတ်ကဲ့ Boss... အာ ဒါနဲ့ ကျန်သေးတယ် boss..."
"ဘာများလဲ..."
"ဒါလေးပါ..."
Sehunက Kris လက်မှတ်ထိုးလိုက်တဲ့ စာရွက်ကို သိမ်းရင်း နောက်ထပ်စာရွက်တစ်ရွက်ကို ထပ်ထုတ်လာကာ Kris အရှေ့ စားပွဲပေါ်ချပေးလာသည်...
"ဘာလဲ Sehun..."
"အကိုလေးပေးခိုင်းလိုက်တာပါ..."
Kris ယူကာဖတ်ကြည့်လိုက်တော့ ကလေးငယ်ကုမ္ပဏီမှ ကလေးငယ်ပိုင်ဆိုင်သော ရှယ်ယာထဲမှ အချို့ကို Krisအတွက်လွှဲပေးထားကြောင်း စာချုပ်...
"ဒါဘာအတွက်လဲ Sehun..."
"ကျွန်တော်မသိပါဘူး Boss... အကိုလေးမှာလိုက်တာကတော့ bossဆီက အဲ့စာချုပ်ပေါ် လက်မှတ်ရလာမှ ကျွန်တော့်ကို ပြန်လာခဲ့လို့ပြောထားပါတယ်..."
ကလေးငယ် ဘာလို့ဒီလိုလုပ်လဲဆိုတာ Krisနားမလည်၍ ကလေးငယ်ထံ ဖုန်းခေါ်လိုက်သည်...
ဖုန်းဝင်နေပေမယ့်လည်း ကလေးငယ်က ဖုန်းမကိုင်ပေ...
"အကိုလေးက ဒီကိစ္စတွေကို နောက်မှရှင်းပြမယ်လို့ပြောထားပါတယ် boss... အကိုလေးအကြောင်းလည်း bossသိတယ်မလား တက်နိုင်မယ်ဆိုရင် လက်မှတ်ထိုးပေးပါ..."
Sehunကို ကြည့်ရတာလဲ Kris လက်မှတ်မထိုးမှာ စိုးရိမ်နေပုံပင်... Kris လက်မှတ်မထိုးပေးရင် ကလေးငယ်က ပြဿနာရှာမှာကို Krisသိနေသလို ကြားထဲက ခံရမှာ Sehunတို့ ဝန်ထမ်းတွေဖြစ်နေမှာကိုလည်း သေချာပေါက်သိတာမို့ Kris လက်မှတ်ထိုးပေးလိုက်တော့သည်... ကလေးငယ် ဘာလုပ်ချင်ချင်ပေါ့ အဓိက ကလေးငယ် စိတ်ချမ်းသာဖို့အရေးကြီးတယ်...
"ကဲရော့ ပြီးပြီနော်... ဘာမှမကျန်တော့ဘူးမလား..."
"ကျန်သေးတယ် boss..."
Sehunရဲ့ ကျန်သေးတယ်ဆိုတဲ့ စကားကြောင့် Kris လန့်လာသည်... ကလေးငယ် ဘာတွေထပ်လုပ်ခိုင်းသေးတာလဲ...
"ဘာကျန်သေးတာလဲ ပြော..."
"သူဌေးHa ကိစ္စပါ boss..."
Kris ဒီရက်ပိုင်းအတွင်း လုံးဝမေ့နေမိတဲ့ သူအကြောင်းကို Sehunက ထုတ်ပြောလာသည်...
"အင်း..."
"သူဌေးHaနဲ့ ပတ်သတ်သမျှအချက်လက်တွေ အကုန်ပြည့်စုံနေပါပြီ boss... bossသာ အဆင်သင့်ဖြစ်ရင် စလို့ရပါပြီ..."
"ဟုတ်ပြီလေ... အချက်အလက်တွေ အားလုံး ရဲစခန်းကိုလွှဲပေးလိုက် ငါ ရဲမှူးဆီဖုန်းဆက်ထားလိုက်မယ်... ကျန်တာတော့ သူတို့ဘက်က ဆက်လုပ်သွားလိမ့်မယ်..."
"ဟုတ်ကဲ့ boss..."
"Sehun..."
"ဗျာ..."
"ကျေးဇူးပါ Sehun... အစစ အရာရာ အားလုံးအတွက်..."
"ဟုတ်..."
ဘာပဲဖြစ်ဖြစ် Sehunက ကျေးဇူးတင်တာထက်ကို ပိုပြီး ကျေးဇူးတင်ထိုက်တဲ့သူတစ်ယောက်ပေ... အလုပ်အတွက်ဆိုလည်း တာဝန်ကျေတာထက်ကို တာဝန်ကျေလွန်းသော သူဆိုလည်းမမှား... Sehunလို လူယုံတစ်ယောက်ကို ဘယ်မှာမှသွားရှာလို့မရနိုင်ပေ...
"Boss..."
"ဘာလဲ Sehunရာ မင်းက မပြီးသေးဘူးလား..."
"ကျွန်တော်ပြန်တော့မယ် အကိုလေးကို ဘာမှာဦးမလဲလို့ပါ..."
"မမှာတော့ဘူး... မင်းနဲ့Baekhyunကသာ ကလေးငယ်ကို သေချာစောင့်ရှောက်ပေးပါ..."
"စိတ်ချပါ boss... ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး..."
"အေး..."
----- Be Mine -----
"Morning Kris..."
Kris ရုံးခန်းထဲ ဝင်လာတော့ Kris အလုပ်စားပွဲမှာ အခန့်သားထိုင်ပြီး Krisကို အပြုံးတို့ဖြင့် နှုတ်ဆက်လာသော ကလေးငယ်...
ကလေးငယ်ဆီက ထွက်လာထဲက Krisတစ်ယောက် company ရုံးခန်းကို ထပ်တိုးချဲ့ဖို့ရာဝယ်ထားသော လက်ရှိcompanyရဲ့ ဘေးက အခန်းတွင် ခေတ္တနေ,နေတာကြောင့် companyကို ဝန်ထမ်းတွေထက် ဦးစွာအရင်ရောက်နေတက်သူဖြစ်သည်...
အခုတော့ ကလေးငယ်က Krisထက် အရင်ရောက်နေလေရဲ့ အိပ်ရာထနောက်ကျတက်သော ကလေးငယ်က ဘာကြောင့် အစောကြီးရောက်လာတာလဲ... Sehunတို့ကရော...
"Sehun hyungနဲ့ Baek hyungက ပါမလာဘူး... ကျွန်တော်တစ်ယောက်တည်းလာခဲ့တာ..."
Kris အခန်းထဲကို မျက်လုံးကစားကြည့်တာ မြင်သွားပုံရသော ကလေးငယ်က Kris စိတ်ကိုသိနေသလိုပြောလာသည်...
"အင်း..."
အရင်လိုစိတ်မချရအောင်လည်း လောလောဆယ်က ရန်အပြုနိုင်ဆုံးဖြစ်တဲ့ သူဌေးHaကလည်း အဖမ်းခံထားလိုက်ရပြီမို့ Baekhyunတို့ မပါလည်း ကလေးငယ်အတွက် သိပ်တော့ စိတ်ပူစရာမလိုတော့ပေ...
"ဒါနဲ့ ကိစ္စရှိလို့လား ကလေးငယ်..."
"ကျွန်တော်က ဒီကရှယ်ယာဝင်တစ်ဦးနော် ကိစ္စရှိမှ ဒီကိုလာရမှာလား Kris..."
Kris မေးသည်ကို ထိုင်ရာမှ မထဖြေနေသော ကလေးငယ်ကြောင့် Krisလည်း ဆက်တီခုံတွင်သာ ဝင်ထိုင်လိုက်ရသည်...
"အဲ့လိုမဟုတ်ပါဘူး... ကလေးငယ်က အစောကြီးရောက်နေလို့ hyungက မေးကြည့်တာပါ..."
"အင်း ကျွန်တော် တမင်စောစောလာတာ... Krisနဲ့အတူ မနက်စာစားမလို့ Kris စားပြီးပြီလား..."
"ကော်ဖီတော့သောက်ထားတယ် ကလေးငယ်..."
ကလေးငယ်တို့ဆီက ထွက်လာထဲက Krisအတွက် မနက်စာဆိုတာလည်း ကော်ဖီတစ်ခွက်နဲ့ ပြီးသွားလိုက်တာများသည်...
"ကော်ဖီပဲလား..."
"အင်းလေ..."
"မနက်စာကို အချိန်မှန်မဖြစ်မနေစားတက်တဲ့သူက ခုတော့ ကော်ဖီတစ်ခွက်နဲ့ ပြီးသွားတယ်တဲ့လား... Kris အကျင့်တွေပျက်နေပြီနော်... ပြန်ပြုပြင်မှရတော့မယ်..."
ဆူတာလားမပြောတက်သော ကလေးငယ်၏ စကားကြောင့် Kris ပြုံးမိသွားသည်... ကလေးငယ်က Krisကို ဂရုစိုက်ပေးနေတာမဟုတ်လား...
"ကဲ ထ သွားကြမယ်..."
ထိုင်နေရမှ ထလာပြီး Kris လက်ကို လာဆွဲသည်...
"ဘယ်ကိုလဲ..."
"မနက်စာ သွားစားကြမယ်လေ..."
မနက်စာစားဖို့ ကလေးငယ် ဆွဲခေါ်ရာနောက်သို့ Krisပါသွားရသည်... မနက်စာ စားကြပြီးနောက် ကလေးငယ်က မပြန်ပဲ Krisနဲ့ ပြန်လိုက်လာသည်...
"အလုပ်မသွားဘူးလား ကလေးငယ်..."
အလုပ်စားပွဲကနေ ဆက်တီခုံတွင်ထိုင်နေသော ကလေးငယ်ကို Kris လှမ်းမေးလိုက်သည်...
"ကျွန်တော် တစ်ခုစဥ်းစားနေတာ..."
"ပြောပါဦး..."
ကလေးငယ်က လေးလေးနက်နက်ပြောလာတာမို့ ဘာပြောလာမလဲလို့ Kris စိတ်ဝင်စားသွားသည်...
"Kris ရုံးခန်းက အတော်တော်အသင့်ကျယ်တယ်မလား..."
"အင်း..."
"အဲ့တော့ စားပွဲတစ်လုံးထပ်တိုးလည်း ကိစ္စမရှိဘူးလေနော်..."
"ဘာအတွက်လဲ ကလေးငယ်..."
"ကျွန်တော့်အတွက်..."
"ဘာဖြစ်တယ်..."
သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးရင်းဖြေလာသော ကလေးငယ်ကြောင့် Kris အံ့ဩသွားသည်...
"ဟုတ်တယ် Kris... ကျွန်တော် ဒီရုံးမှာ အလုပ်လာဆင်းမို့လေ..."
"ဒါနောက်စရာမဟုတ်ဖူးနော် ကလေးငယ်... လုပ်ငန်းကြီးတစ်ခုလုံးကိုပစ်ပြီး ဘာမဟုတ်တဲ့ ကိစ္စတွေကို လုပ်နေချင်နေရတာလဲ..."
"မဟုတ်တဲ့ ကိစ္စမဟုတ်ဘူးလေ... ကျွန်တော်ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီအကြောင်းကို သေချာသိရအောင်လို့..."
ကလေးငယ်ပြောတာလည်း မှန်နေပေမယ့် တစ်ဖက်က ကုမ္ပဏီကိုပစ်ထားလိုက်လျှင် အုပ်ချုပ်သူနေရာကို ယူချင်နေသူတွေအတွက် အခွင့်ကောင်းရကာ ကလေးငယ် ဒုက္ခရောက်သွားနိုင်သည်...
"ကျွန်တော် ဟိုမှာနေ့တဝက် ဒီမှာနေ့တဝက်ဆင်းမယ်လေနော်..."
Puppy eyeလေးနဲ့ ခွင့်တောင်းလာသည်က ချက်ချင်းပင် ခွင့်ပြုပေးလိုက်ချင်စရာ...
Kris တော်တော်နဲ့ မဖြေတော့ အမူအရာက ချက်ချင်းပြောင်းသွားပြီး...
"ကျွန်တော် ရှင်းရှင်းပဲ ပြောတော့မယ်... ကျွန်တော် Krisအနားမှာနေချင်တယ် မနက်စာတောင် သေချာမစားဖြစ်တော့တဲ့ Krisကို ဂရုစိုက်ပေးချင်တယ်... အဲ့ဒါကြောင့် Krisက ကျွန်တော့် ကုမ္ပဏီဘက်ကို လိုက်မလား... ကျွန်တော့်ကို ဒီမှာလုပ်ဖို့အတွက် ခွင့်ပြုပေးမလား... တစ်ခုကို ရွေးလိုက် Kris..."
ချော့တခါ ခြောက်တလှည့်နဲ့ပြောလာတဲ့ ကလေးငယ်က အမျိုးမျိုးတက်လည်း တက်နိုင်ပါတယ်... ခြိမ်းခြောက်နေတာကို ကြည့်နေရတာတောင်မှ ချစ်ဖို့ကောင်းနေသော ကလေးငယ်ကိုကြည့်ကာ Kris ပြုံးမိသည်...
"ဘာလို့ပြုံးနေတာလဲ..."
"ကလေးငယ်က ချစ်ဖို့ကောင်းနေလို့..."
"ဟာ ဘာတွေပြောနေတာလဲ ကျွန်တော်ပြောတာကိုသာ မြန်မြန်ရွေးစမ်းပါ..."
ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်တော့ မနေတက်သလိုဖြစ်သွားတဲ့ မျက်နှာလေးက ပိုပြီးတော့တောင် ချစ်ဖို့ကောင်းရောပါလား ကလေးငယ်ရယ်...
"Hyung အလုပ်တွေက ထားခဲ့လို့မရဘူး ကလေးငယ်..."
"ကောင်းပြီလေ... ဒါဆို ကျွန်တော်ပဲ ဒီဘက်ကိုလာတော့မယ်..."
"ခဏလေး ကလေးငယ်... အဲ့လိုမျိုးလုပ်လို့မရဘူးလေ... ကလေးငယ်က လုပ်ငန်းကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့သူနော်... မဆိုးချင်စမ်းနဲ့ကွာ..."
"Krisကမှ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာ..."
"ဒီလိုလုပ်ကွာ... မနက်စာကို ကလေးငယ်က hyungနဲ့လာစား... နေ့လည်စာကို hyungက ကလေးငယ်ဆီလာစားမယ် အဲ့လိုဆိုရင်ရော..."
Krisပြောလိုက်တော့ ကလေးငယ်က စဥ်းစားသွားဟန် ခဏလောက်ငြိမ်ကျသွားပြီးနောက်...
"ဒုတိယတစ်ခုတော့ သဘောတူတယ်... ပထမတစ်ခုကတော့ Krisဆီလာဖို့ဆို ကျွန်တော် နေ့တိုင်းအစောကြီးထနေရမှာ..."
"အဲ့တော့ ကလေးငယ်က ဘယ်လိုလုပ်ချင်လို့လဲ..."
"Kris အိမ်ပြန်လိုက်ခဲ့ပေး... အဲ့ဒါဆို ကျွန်တော်လည်း အစောကြီးထစရာမလိုတော့သလို Krisနဲ့လည်း မနက်စာလည်း အတူတူစားလို့ရမယ်... အဲ့လိုလုပ်ပေး မဟုတ်ရင် ကျွန်တော် ဟိုဘက်အလုပ်ကို မသွားဘဲ ဒီကိုပဲလာနေမှာနော်..."
Kris သိလိုက်ပြီ ကလေးငယ်က Krisကို အိမ်ပြန်လာစေချင်နေတာပဲ...
"ဘယ်လိုလဲ Kris..."
သဘောမတူရင် သူလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ ပုံစံနဲ့ Krisကိုမေးလာတာမို့ ကလေးဆိုးလေးသဘောကျ Krisမှာ ခေါင်းညိတ်ရတော့သည်...
"Ok ဒါဆို ညနေကျ လာဝင်ခေါ်မယ်... ခုတော့ လိမ္မာစွာနဲ့ ကျွန်တော် အလုပ်သွားပါတော့မယ်..."
လိုချင်တာရသွားတော့လည်း Krisကိုတောင် တစ်ချက်လှည့်မကြည့်ပဲ ရုံးခန်းထဲကနေထွက်သွားတော့သည်...
#230618
**************************************************************
Zawgyi♡
"ဘာများလဲ..."
"ဒါလေးပါ..."
"ဘာလဲ Sehun..."
"ဒါဘာအတွက်လဲ Sehun..."
"ကျန်သေးတယ် boss..."
"ဘာကျန်သေးတာလဲ ပြော..."
"သူဌေးHa ကိစ္စပါ boss..."
"အင်း..."
"ဟုတ်ကဲ့ boss..."
"Sehun..."
"ဗျာ..."
"ဟုတ်..."
"Boss..."
"အေး..."
----- Be Mine -----
"Morning Kris..."
"အင်း..."
"ကော်ဖီပဲလား..."
"အင်းလေ..."
"ကဲ ထ သွားကြမယ်..."
"ဘယ်ကိုလဲ..."
"ပြောပါဦး..."
"အင်း..."
"ဘာအတွက်လဲ ကလေးငယ်..."
"ကျွန်တော့်အတွက်..."
"ဘာဖြစ်တယ်..."
"ဘာလို့ပြုံးနေတာလဲ..."
"ဘယ်လိုလဲ Kris..."
#230618