behind the castle's walls {ma...

By Panda_0802

3.2K 464 45

(zawgyi) "အဆင့္အတန္းေတြကို ေဘးဖယ္ထားၿပီး ဒီအတိုင္း မင္းနဲ႔ကိုယ္ပဲ ဆိုရင္ေရာ ..." (unicode) "အဆင့်အတန်းတွေကို... More

Author's Note
Playlist
Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19

Chapter 3

131 21 0
By Panda_0802

(zawgyi)

ကိုယ္ေတြ႕ ၾကံဳေနရတဲ့ ဒုတိယမင္းသားရဲ႕ အျပဳအမူေတြက အျမဲ ၾကားရေနက် ေကာလဟလေတြနဲ႔ ဆီနဲ႔ေရလိုပင္ ကြဲျပားေနတာေၾကာင့္ Donghyuck ဘာကုိ ယံုရမလဲ မသိတတ္ေတာ့။

နန္းေတာ္ထဲက အတြင္းလူေတြသာမက ကပြဲေတြ လာတက္ေရာက္ၾကတဲ့ အျခား တိုင္းျပည္ေတြက လူေတြရဲ႕ ပါးစပ္ဖ်ားမွာေတာ့ မင္းသား Lee Minhyung က သိပ္ကို ရက္စက္တဲ့သူတစ္ေယာက္။

အၾကင္နာတရား ကင္းမဲ့တဲ့ ႏွလံုးသား မရွိတဲ့သူတစ္ေယာက္တဲ့ေလ။

ထို႔အတူ Minhyung ကို ေတြ႕လုိက္တိုင္း အျမဲလိုလို တြန္႔ခ်ိဳးေနတဲ့ မ်က္ခံုးေတြနဲ႔ တင္းမာတဲ့ မ်က္ႏွာထားအျပင္ အရယ္အျပံဳးဆိုတာ လံုးဝနီးနီးကို မရွိတာမို႔လို႔ အမွန္တိုင္း ဝန္ခံရရင္ သူလည္း ထိုေကာလဟလေတြကို ယံုၾကည္မိခဲ့၏။

သို႔ေပမယ့္လည္း အခုေတာ့ သူ႔လက္ကို ခပ္ျမဲျမဲ ဆုပ္ကိုင္ကာ ေရွ႕ကေန တုန္လႈပ္မႈမရွိ ဦးေဆာင္သြားေနတဲ့ ထိုလူသားက ဘယ္သူမွ မသိတဲ့ အျခားတစ္ေယာက္မ်ားလား?

တစ္ေယာက္တည္း အေတြးေတြ မ်ားေနတုန္းမွာပဲ အေနာက္ေဆာင္ကို ခပ္ေရးေရးေလး ျမင္လာရတဲ့အခါမွာေတာ့ ဆတ္ခနဲပင္ Donghyuck လက္ကို လႊတ္လိုက္မိပါ၏။

အရွင့္သားကေတာ့ သူတို႔ လက္တြဲထားတာကို တကယ္ပဲ သတိမမူမိတာလားလို႔ မေျပာတတ္ေပမယ့္ သူ႔မွာေတာ့ ထိုေႏြးေထြးတဲ့လက္ေၾကာင့္ တစ္ခဏေလးမွာကို ခံစားခ်က္မ်ိဳးစံုနဲ႔ စိတ္ထဲ မရုိးမရြ ျဖစ္ေနၿပီေလ။

အေနာက္ေဆာင္ရဲ႕ နံရံတစ္ဖက္နားက ေခ်ာင္က်တဲ့ ေနရာေလးကို ေရာက္တဲ့အခါေတာ့ သူတို႔ႏွစ္ေယာက္လံုးရဲ႕ ေျခလွမ္းေတြကို ရပ္တန္႔လိုက္ပါ၏။

"အ-အရွင့္သား ... ဟို ... ကၽြန္ေတာ့္ကို ဒီအထိပဲ ... အျခားသူေတြ ျမင္သြားရင္ အရွင့္သားအတြက္ အဆင္မေျပေလာက္ဘူး"

အတင္းႏွင္လႊတ္ေနလို႔ Minhyung က စိတ္တိုသြားမလားလို႔ Donghyuck စိုးရိမ္မိေပမယ့္လည္း ထိုလူသားရဲ႕ ဂုဏ္သိကၡာက အေရးႀကီးတာမို႔လို႔ မေမာင္းထုတ္ရုံတင္ သူ ဇြတ္ျပန္ခိုင္းမိ၏။

"ကိုယ္ သိပါတယ္ Donghyuck. ေရာ့ ... ေဆးပင္က တစ္ခါတည္း အကုန္ က်ိဳစရာ မလိုဘူး။ တစ္ခါတိုက္ရင္ ႏွစ္ရြက္၊ သံုးရြက္ေလာက္ဆို ရၿပီ။ မင္းရဲ႕ သူငယ္ခ်င္း အျမန္ ေနျပန္ေကာင္းလာဖို႔ ေမၽွာ္လင့္ပါတယ္"

ထို႔ေနာက္မွာေတာ့ Minhyung က သူ႔လက္ထဲ ေဆးပင္ကို ထိုးေပးကာ လာရာလမ္းဘက္ကို ျပန္ဦးတည္လိုက္၏။

ဒါေပမယ့္ ထိုအခိုက္အတန္႔မွာပင္ အတင့္ရဲစြာ ထုိလူသားရဲ႕ အက်ႌစကို လွမ္းဆြဲလိုက္မိတဲ့ သူ႔ရဲ႕ လက္တစ္ဖက္။

မ်က္ခံုးတစ္ဖက္ပင့္ကာ သူ႔ကို ျပန္လွည့္ၾကည့္လာတဲ့ အရွင့္သားရဲ႕ စူးရွရွ အၾကည့္မွာေတာ့ Donghyuck လက္ကို ခ်က္ခ်င္း ျပန္ရုတ္လိုက္မိပါ၏။

"ဟိုေလ အရွင့္သား ... ကၽြန္ေတာ့္ ျပစ္ဒဏ္က -"

သို႔ေသာ္လည္း သူ႔ရဲ႕ ခပ္တိုးတိုး စကားစကို ျဖတ္ေတာက္လိုက္တဲ့ Minhyung ရဲ႕ ခပ္ဩဩ အမိန္႔သံ။

"ဒီည ကိစၥကို မျဖစ္ခဲ့သလို သေဘာထားလိုက္ရေအာင္။ ဒါေပမယ့္ Donghyuck .... အဲ့လို အနၱရာယ္မ်ားတဲ့ အလုပ္မ်ိဳးကို ဘယ္ေတာ့မွ ထပ္မလုပ္နဲ႔"

ထို႔ေနာက္မွာေတာ့ ထိုလူသားက အမွန္တကယ္ ဘာကိစၥမွ မၾကံဳခဲ့တဲ့အတိုင္းပင္ ေဘာင္းဘီအိတ္ကပ္ထဲ လက္ႏွစ္ဖက္ ထည့္ကာ ေအးေအးလူလူ ထြက္သြားခဲ့ပါ၏။ 

က်န္ခဲ့တဲ့ သူကေတာ့ ေျပာသြားတဲ့ စကားကို နားမလည္ႏိုင္လြန္းလို႔ ေက်ာက္ရုပ္ႀကီးအတိုင္းသာ ရပ္ေနမိတာေပါ့။

အိပ္မက္အလားပင္ ထင္ရေလာက္ေအာင္ အံ့ဩလြန္းလို႔ အတန္ၾကာတဲ့ထိ ထိုေနရာမွာပင္ သူ ရပ္ေနမိကာမွ အေဆာင္ထဲကေန ထြက္ေပၚလာတဲ့ ခပ္က်ယ္က်ယ္ စကားသံအခ်ိဳ႕ေၾကာင့္ အသိစိတ္က ခ်က္ခ်င္း ျပန္ကပ္၏။

"ဒီေကာင္ေလးက အခုထိ မေသႏိုင္ေသးဘူးလား? က်စ္ ... ဟိုတစ္ေယာက္ကေရာ ဘယ္ေပ်ာက္သြားတာလဲ? အလကားဟာေတြ ... ေနမေကာင္းတာ အေၾကာင္းျပၿပီး အေခ်ာင္ခိုေနၾကတာ"

အေစခံေခါင္းေဆာင္ရဲ႕ ဆူေငါက္ေနတဲ့ အသံစူးစူးမွာေတာ့ Donghyuck အလ်င္အျမန္ပင္ အေဆာင္ထဲ ေျပးဝင္သြားလိုက္ပါ၏။

သို႔ေသာ္လည္း အိပ္ယာေပၚ လွဲေနတဲ့ Jisung ကို အေစခံေခါင္းေဆာင္က အတင္း ထထုိင္ခိုင္းၿပီး ဆူပူႀကိမ္းေမာင္းေနတဲ့ ျမင္ကြင္းေၾကာင့္ သူ႔ရင္ထဲ ဒိန္းခနဲပင္။

"ေခါင္းေဆာင္ Han!"

ေဖ်ာ့ေတာ့စြာပင္ ေမ့လဲခါနီးျဖစ္ေနတဲ့ Jisung နားကို သူ ဒေရာေသာပါး ေျပးသြားလိုက္ကာ  ကာရပ္လိုက္ေတာ့ အေစခံေခါင္းေဆာင္က စူးရဲစြာ စိုက္ၾကည့္၏။

"ေျပာစရာ ရွိရင္ ကၽြန္ေတာ့္ကိုပဲ ေျပာပါ။ Jisung ကို လႊတ္ထားေပးပါ ေက်းဇူးျပဳၿပီး ..."

Jisung ေရွ႕မွာမို႔လို႔ ေလသံမာမာနဲ႔သာ အေစခံေခါင္းေဆာင္ကို Donghyuck ျပန္ခံေျပာေနတာ၊ ဒူးႏွစ္ေယာက္ကေတာ့ မသိမသာ တုန္ေနၿပီ။

"Lee Donghyuck ... မင္း ငါ့ကို ျပန္ေျပာရဲေလာက္ေအာင္ သတၱိေတြ ရွိေနတယ္ေပါ့။ ေအး ... လာခဲ့စမ္း! ႀကိမ္လံုးစာ မိၿပီးရင္ေတာ့ အဲ့လို ျပန္ေျပာႏိုင္မလား ၾကည့္ဦးမယ္"

ေခါင္းေဆာင္ Han က ေဒါသတႀကီး ေျပာရင္းပင္ သူ႔ကို အက်ႌကေန ဆုပ္ဆြဲကာ အျပင္ ေခၚသြားမလို႔ ရွိေသး၊ ထိုစဥ္မွာပဲ အျပင္ကေန ျပန္လာဟန္တူတဲ့ သူငယ္ခ်င္းျဖစ္သူ Renjun က သူတို႔အနား ေျပးလာကာ တား၏။

"ေခါင္းေဆာင္! Donghyuck ေျပာခ်င္တာ အဲ့လို သေဘာမဟုတ္ပါဘူး။ သူက Lei-Li ကၽြန္းစုက လာတာဆိုေတာ့ စကား အေျပာအဆို မတတ္လို႔ပါ။ စိတ္သေဘာထားႀကီးတဲ့ ေခါင္းေဆာင္ကပဲ သူ႔ကို ခြင့္လႊတ္ေပးလိုက္ပါ ..."

ဘိုးေတာ္က အေျမႇာက္အပင့္ သိပ္ႀကိဳက္တဲ့သူဆိုတာ နားလည္တဲ့ Renjun က မ်က္ႏွာခ်ဳိေသြးလုိက္တဲ့အခါမွာေတာ့ တရွဴးရွဴးတရွဲရွဲ ျဖစ္ေနရာကေန ခဏ ၿငိမ္က်သြားပါ၏။

"က်စ္ ... ငေမႊထိုးေလးေတြ။ ဒီညေတာ့ မင္း ကံေကာင္းသြားတယ္မွတ္ Lee Donghyuck. မနက္ျဖန္ မနက္က်ရင္ သိုေလွာင္ရုံထဲက ရွိသမၽွ ေကာက္ရုိးေတြ အကုန္ ျမင္းေဇာင္းကို ပို႔ထား ၾကားလား! မနက္ ထလို႔ ငါ လာၾကည့္လို႔မွ လုပ္လို႔ မၿပီးေသးရင္ေတာ့ အဲ့အခါက် မင္း အေသပဲ"

ထို႔ေနာက္မွာေတာ့ ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ ထြက္သြားခဲ့တဲ့ အေစခံေခါင္းေဆာင္ကို ၾကည့္ၿပီး သူတို႔ စိတ္သက္သာရာရဟန္ သက္ျပင္းရွည္တစ္ခ်က္သာ ခ်မိေတာ့၏။

"Donghyuck မင္းဟာေလ ... ျပႆနာကို မီးထြန္းၿပီး ရွာတယ္။ ဘိုးေတာ္ကို အဲ့လို သြားေျပာလို႔ ဘယ္ျဖစ္မလဲဟ"

Renjun က စိတ္ပူပန္စြာ တတြတ္တြတ္နဲ႔ ဩဝါဒေတြေခၽြေနေပမယ့္ Donghyuck ဂရုမစိုက္ႏိုင္၊ အိပ္ယာေပၚမွာ အဖ်ားတက္ကာ ေခၽြးေစးေတြျပန္ေနတဲ့ Jisung အတြက္ ေရပတ္တိုက္ဖို႔သာ အေျပးအလႊား လုပ္ရ၏။

"ဒီေကာင္ နားမေထာင္ျပန္ဘူး ..."

သူ႔ကို နည္းနည္းေလးေတာင္ ဂရုမစိုက္၊ Jisung အတြက္ ပ်ာယာေတြခတ္ေနတဲ့ သူငယ္ခ်င္းျဖစ္သူေၾကာင့္ Renjun သက္ျပင္းတိုေလးသာ ခ်ရင္း Donghyuck လက္ထဲက ေရဇလံုကို ဆြဲယူလိုက္ပါ၏။

"ေရပတ္တိုက္ဖို႔ ငါ လုပ္လိုက္မယ္။ မင္းက ေဆးပင္ပဲ သြားက်ိဳလိုက္ေတာ့ Donghyuck. Jisung ကို ေဆး ျမန္ျမန္တိုက္ရမယ္"

"အင္း ... Renjun ေက်းဇူးပါပဲကြာ"

"ငါတို႔ၾကားမွာ ေျပာစရာ လိုလို႔လား မင္းကလည္း ..."

အဆင့္အတန္းေတြ ခြဲျခားလြန္းလွတဲ့ တိုင္းျပည္မွာ ေအာက္ဆံုးအဆင့္လို႔ သတ္မွတ္ခံထားရတဲ့ သူတို႔အတြက္ တစ္ေယာက္ကို တစ္ေယာက္ကသာ အားထားရာ ...

-----------------------

(unicode)

ကိုယ်တွေ့ ကြုံနေရတဲ့ ဒုတိယမင်းသားရဲ့ အပြုအမူတွေက အမြဲ ကြားရနေကျ ကောလဟလတွေနဲ့ ဆီနဲ့ရေလိုပင် ကွဲပြားနေတာကြောင့် Donghyuck ဘာကို ယုံရမလဲ မသိတတ်တော့။

နန်းတော်ထဲက အတွင်းလူတွေသာမက ကပွဲတွေ လာတက်ရောက်ကြတဲ့ အခြား တိုင်းပြည်တွေက လူတွေရဲ့ ပါးစပ်ဖျားမှာတော့ မင်းသား Lee Minhyung က သိပ်ကို ရက်စက်တဲ့သူတစ်ယောက်။

အကြင်နာတရား ကင်းမဲ့တဲ့ နှလုံးသား မရှိတဲ့သူတစ်ယောက်တဲ့လေ။

ထို့အတူ Minhyung ကို တွေ့လိုက်တိုင်း အမြဲလိုလို တွန့်ချိုးနေတဲ့ မျက်ခုံးတွေနဲ့ တင်းမာတဲ့ မျက်နှာထားအပြင် အရယ်အပြုံးဆိုတာ လုံးဝနီးနီးကို မရှိတာမို့လို့ အမှန်တိုင်း ဝန်ခံရရင် သူလည်း ထိုကောလဟလတွေကို ယုံကြည်မိခဲ့၏။

သို့ပေမယ့်လည်း အခုတော့ သူ့လက်ကို ခပ်မြဲမြဲ ဆုပ်ကိုင်ကာ ရှေ့ကနေ တုန်လှုပ်မှုမရှိ ဦးဆောင်သွားနေတဲ့ ထိုလူသားက ဘယ်သူမှ မသိတဲ့ အခြားတစ်ယောက်များလား?

တစ်ယောက်တည်း အတွေးတွေ များနေတုန်းမှာပဲ အနောက်ဆောင်ကို ခပ်ရေးရေးလေး မြင်လာရတဲ့အခါမှာတော့ ဆတ်ခနဲပင် Donghyuck လက်ကို လွှတ်လိုက်မိပါ၏။

အရှင့်သားကတော့ သူတို့ လက်တွဲထားတာကို တကယ်ပဲ သတိမမူမိတာလားလို့ မပြောတတ်ပေမယ့် သူ့မှာတော့ ထိုနွေးထွေးတဲ့လက်ကြောင့် တစ်ခဏလေးမှာကို ခံစားချက်မျိုးစုံနဲ့ စိတ်ထဲ မရိုးမရွ ဖြစ်နေပြီလေ။

အနောက်ဆောင်ရဲ့ နံရံတစ်ဖက်နားက ချောင်ကျတဲ့ နေရာလေးကို ရောက်တဲ့အခါတော့ သူတို့နှစ်ယောက်လုံးရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပါ၏။

"အ-အရှင့်သား ... ဟို ... ကျွန်တော့်ကို ဒီအထိပဲ ... အခြားသူတွေ မြင်သွားရင် အရှင့်သားအတွက် အဆင်မပြေလောက်ဘူး"

အတင်းနှင်လွှတ်နေလို့ Minhyung က စိတ်တိုသွားမလားလို့ Donghyuck စိုးရိမ်မိပေမယ့်လည်း ထိုလူသားရဲ့ ဂုဏ်သိက္ခာက အရေးကြီးတာမို့လို့ မမောင်းထုတ်ရုံတင် သူ ဇွတ်ပြန်ခိုင်းမိ၏။

"ကိုယ် သိပါတယ် Donghyuck. ရော့ ... ဆေးပင်က တစ်ခါတည်း အကုန် ကျိုစရာ မလိုဘူး။ တစ်ခါတိုက်ရင် နှစ်ရွက်၊ သုံးရွက်လောက်ဆို ရပြီ။ မင်းရဲ့ သူငယ်ချင်း အမြန် နေပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်"

ထို့နောက်မှာတော့ Minhyung က သူ့လက်ထဲ ဆေးပင်ကို ထိုးပေးကာ လာရာလမ်းဘက်ကို ပြန်ဦးတည်လိုက်၏။

ဒါပေမယ့် ထိုအခိုက်အတန့်မှာပင် အတင့်ရဲစွာ ထိုလူသားရဲ့ အင်္ကျီစကို လှမ်းဆွဲလိုက်မိတဲ့ သူ့ရဲ့ လက်တစ်ဖက်။

မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ကို ပြန်လှည့်ကြည့်လာတဲ့ အရှင့်သားရဲ့ စူးရှရှ အကြည့်မှာတော့ Donghyuck လက်ကို ချက်ချင်း ပြန်ရုတ်လိုက်မိပါ၏။

"ဟိုလေ အရှင့်သား ... ကျွန်တော့် ပြစ်ဒဏ်က -"

သို့သော်လည်း သူ့ရဲ့ ခပ်တိုးတိုး စကားစကို ဖြတ်တောက်လိုက်တဲ့ Minhyung ရဲ့ ခပ်ဩဩ အမိန့်သံ။

"ဒီည ကိစ္စကို မဖြစ်ခဲ့သလို သဘောထားလိုက်ရအောင်။ ဒါပေမယ့် Donghyuck .... အဲ့လို အန္တရာယ်များတဲ့ အလုပ်မျိုးကို ဘယ်တော့မှ ထပ်မလုပ်နဲ့"

ထို့နောက်မှာတော့ ထိုလူသားက အမှန်တကယ် ဘာကိစ္စမှ မကြုံခဲ့တဲ့အတိုင်းပင် ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက် ထည့်ကာ အေးအေးလူလူ ထွက်သွားခဲ့ပါ၏။ 

ကျန်ခဲ့တဲ့ သူကတော့ ပြောသွားတဲ့ စကားကို နားမလည်နိုင်လွန်းလို့ ကျောက်ရုပ်ကြီးအတိုင်းသာ ရပ်နေမိတာပေါ့။

အိပ်မက်အလားပင် ထင်ရလောက်အောင် အံ့ဩလွန်းလို့ အတန်ကြာတဲ့ထိ ထိုနေရာမှာပင် သူ ရပ်နေမိကာမှ အဆောင်ထဲကနေ ထွက်ပေါ်လာတဲ့ ခပ်ကျယ်ကျယ် စကားသံအချို့ကြောင့် အသိစိတ်က ချက်ချင်း ပြန်ကပ်၏။

"ဒီကောင်လေးက အခုထိ မသေနိုင်သေးဘူးလား? ကျစ် ... ဟိုတစ်ယောက်ကရော ဘယ်ပျောက်သွားတာလဲ? အလကားဟာတွေ ... နေမကောင်းတာ အကြောင်းပြပြီး အချောင်ခိုနေကြတာ"

အစေခံခေါင်းဆောင်ရဲ့ ဆူငေါက်နေတဲ့ အသံစူးစူးမှာတော့ Donghyuck အလျင်အမြန်ပင် အဆောင်ထဲ ပြေးဝင်သွားလိုက်ပါ၏။

သို့သော်လည်း အိပ်ယာပေါ် လှဲနေတဲ့ Jisung ကို အစေခံခေါင်းဆောင်က အတင်း ထထိုင်ခိုင်းပြီး ဆူပူကြိမ်းမောင်းနေတဲ့ မြင်ကွင်းကြောင့် သူ့ရင်ထဲ ဒိန်းခနဲပင်။

"ခေါင်းဆောင် Han!"

ဖျော့တော့စွာပင် မေ့လဲခါနီးဖြစ်နေတဲ့ Jisung နားကို သူ ဒရောသောပါး ပြေးသွားလိုက်ကာ  ကာရပ်လိုက်တော့ အစေခံခေါင်းဆောင်က စူးရဲစွာ စိုက်ကြည့်၏။

"ပြောစရာ ရှိရင် ကျွန်တော့်ကိုပဲ ပြောပါ။ Jisung ကို လွှတ်ထားပေးပါ ကျေးဇူးပြုပြီး ..."

Jisung ရှေ့မှာမို့လို့ လေသံမာမာနဲ့သာ အစေခံခေါင်းဆောင်ကို Donghyuck ပြန်ခံပြောနေတာ၊ ဒူးနှစ်ယောက်ကတော့ မသိမသာ တုန်နေပြီ။

"Lee Donghyuck ... မင်း ငါ့ကို ပြန်ပြောရဲလောက်အောင် သတ္တိတွေ ရှိနေတယ်ပေါ့။ အေး ... လာခဲ့စမ်း! ကြိမ်လုံးစာ မိပြီးရင်တော့ အဲ့လို ပြန်ပြောနိုင်မလား ကြည့်ဦးမယ်"

ခေါင်းဆောင် Han က ဒေါသတကြီး ပြောရင်းပင် သူ့ကို အင်္ကျီကနေ ဆုပ်ဆွဲကာ အပြင် ခေါ်သွားမလို့ ရှိသေး၊ ထိုစဉ်မှာပဲ အပြင်ကနေ ပြန်လာဟန်တူတဲ့ သူငယ်ချင်းဖြစ်သူ Renjun က သူတို့အနား ပြေးလာကာ တား၏။

"ခေါင်းဆောင်! Donghyuck ပြောချင်တာ အဲ့လို သဘောမဟုတ်ပါဘူး။ သူက Lei-Li ကျွန်းစုက လာတာဆိုတော့ စကား အပြောအဆို မတတ်လို့ပါ။ စိတ်သဘောထားကြီးတဲ့ ခေါင်းဆောင်ကပဲ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ ..."

ဘိုးတော်က အမြှောက်အပင့် သိပ်ကြိုက်တဲ့သူဆိုတာ နားလည်တဲ့ Renjun က မျက်နှာချိုသွေးလိုက်တဲ့အခါမှာတော့ တရှူးရှူးတရှဲရှဲ ဖြစ်နေရာကနေ ခဏ ငြိမ်ကျသွားပါ၏။

"ကျစ် ... ငမွှေထိုးလေးတွေ။ ဒီညတော့ မင်း ကံကောင်းသွားတယ်မှတ် Lee Donghyuck. မနက်ဖြန် မနက်ကျရင် သိုလှောင်ရုံထဲက ရှိသမျှ ကောက်ရိုးတွေ အကုန် မြင်းဇောင်းကို ပို့ထား ကြားလား! မနက် ထလို့ ငါ လာကြည့်လို့မှ လုပ်လို့ မပြီးသေးရင်တော့ အဲ့အခါကျ မင်း အသေပဲ"

ထို့နောက်မှာတော့ ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားခဲ့တဲ့ အစေခံခေါင်းဆောင်ကို ကြည့်ပြီး သူတို့ စိတ်သက်သာရာရဟန် သက်ပြင်းရှည်တစ်ချက်သာ ချမိတော့၏။

"Donghyuck မင်းဟာလေ ... ပြဿနာကို မီးထွန်းပြီး ရှာတယ်။ ဘိုးတော်ကို အဲ့လို သွားပြောလို့ ဘယ်ဖြစ်မလဲဟ"

Renjun က စိတ်ပူပန်စွာ တတွတ်တွတ်နဲ့ ဩဝါဒတွေချွေနေပေမယ့် Donghyuck ဂရုမစိုက်နိုင်၊ အိပ်ယာပေါ်မှာ အဖျားတက်ကာ ချွေးစေးတွေပြန်နေတဲ့ Jisung အတွက် ရေပတ်တိုက်ဖို့သာ အပြေးအလွှား လုပ်ရ၏။

"ဒီကောင် နားမထောင်ပြန်ဘူး ..."

သူ့ကို နည်းနည်းလေးတောင် ဂရုမစိုက်၊ Jisung အတွက် ပျာယာတွေခတ်နေတဲ့ သူငယ်ချင်းဖြစ်သူကြောင့် Renjun သက်ပြင်းတိုလေးသာ ချရင်း Donghyuck လက်ထဲက ရေဇလုံကို ဆွဲယူလိုက်ပါ၏။

"ရေပတ်တိုက်ဖို့ ငါ လုပ်လိုက်မယ်။ မင်းက ဆေးပင်ပဲ သွားကျိုလိုက်တော့ Donghyuck. Jisung ကို ဆေး မြန်မြန်တိုက်ရမယ်"

"အင်း ... Renjun ကျေးဇူးပါပဲကွာ"

"ငါတို့ကြားမှာ ပြောစရာ လိုလို့လား မင်းကလည်း ..."

အဆင့်အတန်းတွေ ခွဲခြားလွန်းလှတဲ့ တိုင်းပြည်မှာ အောက်ဆုံးအဆင့်လို့ သတ်မှတ်ခံထားရတဲ့ သူတို့အတွက် တစ်ယောက်ကို တစ်ယောက်ကသာ အားထားရာ ...

×T B C×

Continue Reading

You'll Also Like

3.4K 537 16
[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) ကိုယ့္အတြက္ေတာ့ မင္းဟာလည္း တစ္ရက္မွာ မေသာက္ရရင္ အသက္မရွင္ႏိုင္တဲ့ espresso လိုပဲ ... (unicode) ကိုယ့်အတွက်တော့ မင်းဟာလည...
3.6K 308 7
M💙FOR🤎H ◖ ʕ'•ᴥ•'ʔ ◗
14.3K 997 31
ကျွန်တော့်ဘဝမှာ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ မိသားစုမျိုး ရှိလာမယ် မထင်ခဲ့ဘူး အရာအားလုံးကို Pete ကပဲ ဖန်တီးပေးခဲ့တာ။ ကျွန်တော့်ဘဝရဲ့ ကယ်တင်ရှင်လေးပေါ့။
842K 19.1K 47
In wich a one night stand turns out to be a lot more than that.