လမင်းတို့ ပထမနှစ်ဝက်စာမေးပွဲဖြေပြီးလို့ပင် သီတင်းကျွတ်ကျောင်းပိတ်ရက်တောင် ၃ရက်မြောက်နေပါပြီ။
လမင်း ကတော့ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချချင်တာကြောင့်ကျောင်း၌ သင်ခန်းစာအသစ် မစရသေးသော မြန်မာစာ ကဗျာ၊ခက်ဆစ် များနှင့် ဘောဂဗေဒ အခန်းသစ်များကို ရသလောက် ကြိုတင် ကျက်ထားနှင့်လိုက်၏။
ကျန်သောအချိန်များကို အမေနှင့်အတူ အိမ်နောက် စိုက်ပျိုးခင်းလေးအား ဝိုင်းကူလုပ်ပေးရင်းသာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးစေသည် ။
သည်နေ့မနက်မှာေတာ့ ဝရံတာ ၌ အမေနှင့်အတူဖောက်သည်လာယူမည့် ကန်စွန်းရွက်များအား အစီးလိုက် သပ်သပ်ရပ်ရပ်စီးနေခြင်း ဖြစ်၏။
အမေကတော့ လမင်း ဗိုက်အောင့်သည့်ကိစ္စဖြစ်ပြီးကတည်းက အိမ်သို့ အလာနည်းသွားသော ခန့်စေထွဋ်နောင်တို့ လေးဦးအား အမြဲလို
သတိရကြောင်းနှင့် လမင်းအား အရင်လို အခေါ်အပြော ရှိပါသေးရဲ့လား ဆိုတာကို စိုးရိမ်ကာ မေးလာပါသည်။
ခန့်စေထွဋ်နောင်နဲ့ကလွဲရင် သန့်စင်ထွန်း၊ ဝဏ္ဏဦး နှင့် စိုင်းတွမ်ခမ်းနဲ့ကတော့ အရင်လို ပုံမှန်အတိုင်းသာ ပြောဖြစ်ပါသည်။
လမင်းဘက်က မပြောရင်တောင် သူတို့က တွေ့တဲ့နေရာကနေ လှမ်းနှုတ်ဆက်တာမျိုး စကားလာပြောတာမျိုးရှိပါ၏ ။ အကွာအဝေး တော်တော်လှမ်းနေရင်တောင် ပြုံးပြကာ နှုတ်ဆက်တက်ကြပါသည်။
" သား.. သားသူငယ်ချင်းတွေ အိမ်မလာတာ ကြာပြီနော် "
" ဟင်! ဟုတ် သူတို့ လာလည်မယ် ပြောထားတယ် အမေရဲ့
အစိုးရစစ်ဖြေရမယ့် အတန်းလဲဖြစ်နေတော့ အချိန်ပိုက ပျက်မရဘူးလေ"
"ဪ .... သူတို့နဲ့သား အဆင်ပြေကြရဲ့လား "
"ပြေပါတယ် သားကို သူတို့ဟိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ မပြောကြပါဘူး ပုံမှန်ပဲ ခေါ်ပြောကြတယ် အမေ စိတ်မပူနဲ့ "
"အေးပါကွယ် အဲ့ကလေးလေးတွေကို အမေ သတိရလို့ပါ "
~~~~~~~~~~~
****ကျွီ***
ဆိုင်ကယ်သံကြားသည်မို့ လမင်း အိမ်အပြင် အား ထွက်ကြည့်ရာ ခြံထဲဝင်လာသော သန့်စင်ထွန်း တို့ သုံးယောက်ကြောင့် ဝရံတာမှနေ၍ ပြုံးပြကာ လက်ကလေး ဝေ့ရမ်း ကာ ခေါ်လိုက်၏။
"လာ လာ အမေက မနက်ကပဲ ပြောနေတာ သတိရလို့တဲ့"
"ဟားဟား ဟုတ်လား အန်တီချိုရော"
" ရှိပါ့တော် အခုမှပဲ ပေါ်လာတော့တယ် တီချိုက သားတို့ကို သတိရနေတာ "
အမေ့ရဲ့ အပြောကို စိုင်းတွမ်ခမ်းက ဟာသနှောကာ ပြန်ပြောလိုက်သည့်စကားကြောင့် ဟိုတစ်ယောက်ပါမလာတာကို အခုမှ သတိထားမိသည်။ ဪ အခုလည်း သူ ဒါကြောင့် ပါမလာကိုး။
" လာမလို့ပါပဲ အန်တီချိုရာ ဟိုကောင် ခန့်စေပေါ့ ဖွန်ကြောင်နေတာလေ အဲ့တာ သားတို့ ပါရမီလိုက်ဖြည့်ပေးနေရလို့
အဟဲ အခုလည်း သူ့ကောင်မလေးကို သွားလည်ဖို့ ဝင်ခေါ်ရင်း ကျန်ခဲ့တာ "
"ဟုတ်လား ကောင်မလေးတောင် ထားတက်နေပြီပေါ့ သားစေက
တီချို့ နားတောင် လာမလည်တော့ဘူး"
" အဲ့ကောင် ခြေရှုပ်နေတာ အန်တီချို သူ မလာလည်း သားတို့ရှိတယ် သားတို့က အန်တီချိုကို ချစ်တယ်လေ"
ဘာစကားပုံနဲ့နှိုင်းပြောရမှန်းတောင်မသိတော့ပါဘူး။ ပွဲလန့်တုန်းဖျာခင်း ဆိုလား အဲ့တာနဲ့ဆင်သလိုလို ပါပဲ။
ဝဏ္ဏ တို့များ ပါမလာတဲ့သူကို ကောင်းကောင်းလှော်နေတာ။
သူ့ကိုယ်သူ သား သားနဲ့။
"ကျွန်တော်တို့ ဝမ်းကောင်ရေတံခွန် သွားလည်မလို့ သွားမှာက ခန့်စေတို့ပါ သူတို့ချည်း မသွားချင်ဘူးဆိုလို့ ကျွန်တော်တို့လည်း အကိုလမင်းကို ရောက်ဖူးအောင် လာခေါ်တာ အန်တီချိုကော လိုက်မလား ကျွန်တော့်နောက်လိုက်လည်းရတယ် "
သန့်စင်ထွန်းက သူငယ်ချင်းဖြစ်သူ ကောင်မလေးနဲ့ သွားလည်မယ့် နေရာကို သူတို့ချည်း လိုက်မသွားပဲ ကိုယ့်ကိုပါ လာခေါ်ယုံမက အမေ့ကိုခေါ်သေးတာ။
"မလိုက်တော့ပါဘူး သားတို့ရယ် မင်းတို့အကို ကိုပဲ ဂရုစိုက်ပေးကြနော် ရေအရမ်းနစ်တဲ့နေရာတွေ ခေါ်မသွားနဲ့
သူက ရေကြောက်တက်တယ် "
"ရေတံခွန်ဆိုပေမယ့် အသေးစားလေးပါ အန်တီချိုရဲ့ ရေတိမ်တယ်"
"အေးကွယ် ရေဆော့မယ်ဆို အဝတ်အစား အပိုထည့်သွားချည်အုန်း သားလေးရေ "
"ဟုတ် အမေ"
"သန့်စင်ထွန်း အိုက်လျှမ်း ကိုရော ခေါ်လို့ရလားဟင်"
"ရတာပေါ့ အကိုလမင်းက သူငယ်ချင်းပါမှ လိုက်မယ့်သူမှန်းသိပါ့"
"ဟီးဟီး အဲ့လိုလည်းမဟုတ်ပါဘူး အဲ့တာဆို ခဏစောင့်နော် အိုက်လျှမ်း ကို သွားခေါ်လိုက်အုန်းမယ် "
"ဟုတ်ပါပြီဗျာ "
လမင်း ရေတံခွန်ကို ရောက်ဖူးချင်တာကြောင့် လိုက်သွားရန်ဆုံးဖြတ်လိုက်ပြီး အိုက်လျှမ်းကိုလည်း အတူတူလည်ဖူးလေ့ရှိအောင် တကောင့်သားအိမ်သို့ အပြေးလေး သွားခေါ်လိုက်၏။ ခြံဝကနေ အော်ခေါ်ကာ အိမ်ထဲသို့ ဝင်လိုက်၏။
"အိုက်လျှမ်းရေ ! "
"အေ့ ...သားသာသာလေး လာလေ သား"
"ဟုတ် တီတီနု သားတို့ သူငယ်ချင်းတွေ ရေတံခွန်သွားလည်ဖို့တဲ့
အဲ့တာ လာခေါ်တာ "
" ဟုတ်လား သားသူငယ်ချင်းက ကျူရှင်ရှိတယ် သားရေ
အခု အိမ်သာ တက်နေတယ် အပြင်က အော်မေးကြည့် အဲ့မျောက်လောင်းကို "
"ဟုတ် "
အိမ်နောက်ဖေးတွင် သီးသန့်ဆောက်ထားသော အိမ်သာဆီသို့ လိုက်သွားကာ ဘေးနားပတ်ဝန်းကျင်တွင် အိမ်သာသို့ လှမ်းပစ်စရာ ကျောက်ခဲလေးများ ရှိလို့ရှိငြား ရှာကြည့်လိုက်၏။ မြေနီခဲလေးတွေ့တာမို့ ကောက်ယူကာ အိမ်သာသို့ လှမ်းပစ်ရင်း အော်ပြောလိုက်၏။
"အိုက်လျှမ်းရေ သွားလည်မလို့ သန့်စင်ထွန်းတို့ လာခေါ်ကြတယ် လိုက်မလား"
" ဒီနေ့လား ဒီနေ့ဆို ငါ မအားဘူးလေကွာ ကျူရှင်က မပိတ်ဘူးကွ လပြည့်နေ့မှ ပိတ်မှာ"
"သွားလည်ရင် ညနေမှ ပြန်ရောက်မှာ ငါ ကျူရှင်ပျက်လို့မရဘူးကွ
မလိုက်တော့ပါဘူးကွာ "
" ဟွန်း ...ငါတစ်ယောက်တည်းပေါ့ "
"ဟိုကောင်တွေ လာခေါ်တာမလား ဘာကိုတစ်ယောက်တည်းလည်း"
"ပါတော့ ပါတာပေါ့ မင်းနဲ့ဘယ်တူမလဲ"
"မရောက်ဖူးဘူးမလား လိုက်သွားပါ သွား မင်းကို ပြန်ဖြေနေရတာနဲ့
အီးနံ့တွေ ပါးစပ်ထဲ ဝင်တယ်ကွ ဝေါ့! "
"ဟီးဟီး အေးပါ အဲ့တာဆို ငါလိုက်သွားပြီနော် "
"အွန်း"
ပါးစပ်ပိတ်ကာ အွန်းဟု အသံပြုလာသော အိုက်လျှမ်းကြောင့် လမင်း သဘောကျကာ ရယ်လိုက်၏။ အိမ်သာ အထဲနဲ့အပြင် ကို မေ့ပြီး စကားတွေ သွားပြောနေမိတာ။
*******
လမင်းတို့ အိမ်ကထွက်လာပြီး May Cherry စားသောက်ဆိုင်ရှေ့အေရာက်ဆိုင်ကယ်ရပ်လိုက်တာမို့ လမင်း လည်း ဆိုင်ကယ်ပေါ်က လိုက်ဆင်းရင်း စားသောက်ဆိုင်အား အကဲခက် မိသည်။ လမင်း အိမ်နဲ့ကျောင်းကလွဲရင် မြို့ထဲကို တော်ရုံနဲ့ မရောက်ဖူးတာမို့ ထို စားသောက်ဆိုင်ကိုလည်း အခုမှ မြင်ဖူးခြင်းဖြစ်၏။ ဆိုင်အပြင်အဆင်ကတော့ အမိုက်စားပါပဲ။
၅မိနစ်ခန့်အကြာတွင် ဆိုင်ထဲမှ အတူတူထွက်လာသော ခန့်စေထွဋ်နောင်နှင့် လမင်းရဲ့ အတန်းဖော် ရွှန်းသီရိနွယ် ။
ရွှန်းသီရိနွယ်က ဒီစားသောက်ဆိုင်က ပိုင်ရှင်သမီး ထင်ပါတယ်။
ဟင်!ဒါနဲ့ သူတို့က တွဲနေကြပြီလား လမင်း သိသည့်အနေအထားနဲ့ဆိုရင် ရွှန်းသီရိနွယ်ကို စာပေးတာ စာမေးပွဲမဖြေခင် ၃ရက်အလို ကမှ လှေကားမှာ ပေးလိုက်တာ။
အခုမှ စာမေးပွဲ ဖြေပြီးလို့ ကျောင်းပိတ်တာ ၄ရက်မြောက်ပင် ရှိသေးတာမို့ သူတို့ တွဲတာ မြန်လိုက်တာဟုပင် အံ့ဩစွာ မှတ်ချက်ချမိသည်။
Crop top အစိမ်းရောင်လေးနှင့် မိုးကာသားအပေါ်ထပ် အနက်ရောင်လေးကို ဂျင်းပြာဘောင်းဘီအပွနှင့် တွဲဝတ်ထားပြီး
ဆံပင်လေးကို ခပ်မြင့်မြင့်စီးထားသော ရွှန်းသီရိနွယ်ဟာကျောင်းမှာ မြင်ဖူးနေကျပုံစံလေးနှင့် ကွဲပြားကာ တမူထူး၍ လှနေ၏။
ခန့်စေထွဋ်နောင်မှာလည်း စတွေ့ဖူးတုန်းကလို ကတုံးကေနှင့် မဟုတ်တော့ဘဲ အတန်ငယ်ရှည်လာပြီဖြစ်သော ဆံပင်တို့အား အနားသပ် ညီညီ ရှပ်ထိုးထားသောကြောင့် သေသပ်လှသော ဆံပင်ပုံစံနှင့် ပြီးပြည့်စုံသော မျက်နှာအချိုးအစားတို့က လိုက်ဖက်ညီနေ၏။ သေချာကြည့်လိုက်မှ ဝတ်ထားတဲ့ အပေါ်ထပ်အင်္ကျီက ကောင်မလေးနဲ့ဆင်တူလေးပဲ။ လက်မောင်းအားကိုင်ကာ လှုပ်ရမ်း၍ မြင့်မြင့်စီးထားသော ဆံပင်လေးများ ဝဲခါနေအောင် ခုန်ဆွခုန်ဆွ လေးလုပ်ကာ ပြောနေသော သူ့ကောင်မလေးကိုလည်း
ဘာတွေ သဘောကျနေသည် မသိ။ သွားစွယ်များပေါ်အောင် ရယ်ကာ ခေါင်းငြိမ့်ပြနေ၏။
ကောင်မလေးအား ပြုံးရယ်ကာ ပြောနေရင်း လမင်းတို့ဘက်လှည့်လာ၏။ အခုမှ လမင်းကို မြင်တဲ့ပုံပါပဲ။
မြင်တာနဲ့ ခုနက ပြုံးနေတဲ့ အပြုံးတွေက ပျောက်ကွယ်သွားတာမို့
လမင်း ပါလာတာကိုများ သူမကြိုက်တာလား။
" ဟေ့ကောင် ဝဏ္ဏ မင်းခေါ်လာတာလား သူ့ကို "
" ငါတို့ သုံးယောက်လုံး သွားခေါ်လာတာ "
"ငါ့ကိုလည်း မပြောကြပါလား "
"လို လို့လား မင်းက မင်းစော်နဲ့ သွားမှာမလား "
သူတို့ သူငယ်ချင်း အချင်းချင်းပြောနေသော စကားများအကြား
လမင်း ကိုယ်လုံးလေးဟာ ကျုံ့ကျုံ့လေး။ လမင်းကို ခေါ်လာတာ သူမကြိုက်လို့ ဒီလို ပြောတာေနမှာ။
"သွားနှင့်လိုက် ခန့်စေ ရေတံခွန်မှာ ဆုံမယ် ငါ ဝယ်စရာလေးရှိလို့ "
" မင်းတို့နဲ့ ငါ စကားပြောဖို့လိုနေပြီ အခုတော့ ထားလိုက်တော့"
"တက်တော့ နွယ် ကျွန်တော်တို့သွားနှင့်မယ် " "အင်း"
ကိုယ် လိုက်ပါ မယ့် အလည်ခရီးကို လိုက်စေချင်ပုံ မပေါ်တဲ့ သူကြောင့် လမင်း တစ်ကယ်ကို စိတ်တွေ ထိုင်းမှိုင်းသွားရ၏။
ကိုယ့်ကို ခေါ်လာလို့များ ဝဏ္ဏ ကို စကားပြောဖို့ လိုနေပြီလို့ ပြောသွားတာ ဖြစ်မယ်။ မောင်းထွက်သွားသော ခန့်စေတို့ ဆိုင်ကယ်အား မျက်မှောင်ကျုံ့ကာ ခါးထောက်ကြည့်နေသော
ဝဏ္ဏအား လမင်း မလိုက်ဖြစ်တော့ကြောင်း ပြောရမည်။
ကိုယ့်ကြောင့်နဲ့တော့ သူငယ်ချင်းတွေ စကားများတာမျိုးအဖြစ်မခံချင်တာ အမှန်ပါ။ သူမှ ကိုယ်လိုက်လာတာကို မကြိုက်တာ။ သူ့မျက်နှာမှာ အထင်းသားကြီး ပေါ်နေတာပဲ။
"ဝဏ္ဏ အကို မလိုက်တော့ဘူးလေ သူက ကြိုက်လားမကြိုက်လား မသိပဲနဲ့ "
"ဘာမကြိုက်စရာရှိလဲ အကိုလမင်းရာ စိတ်ထဲထားမနေနဲ့"
" အကို လိုက်လာတာ သူမကြိုက်ဘူး အကိုသိတယ်
အလကားနေရင်း အကို့ကြောင့် စကားများနေရပါမယ်"
" မကြိုက်တာ မဟုတ်ဘူး သူမသိလိုက်ရလို့ မကျေနပ်ဖြစ်နေတာ"
"ဟင် ! ဘာကို မကျေနပ်တာလဲ"
"ဘာမှမဟုတ်ပါဘူး အကိုလမင်းရာ လာ ဟိုမှာစားဖို့ မုန့်ဝယ်ပြီးမှ သွားမယ် ဝိမ်းကောင်က ခဏလေးပဲ မောင်းရတာ။"
" အင်း ဖြစ်ပါ့မလား "
"ဖြစ်တယ် အဲ့ကောင်ကို ဂရုစိုက်မနေနဲ့
စားစရာတချို့ကို ဝယ်ပြီးမှ အနောက်က လိုက်ကြရာ ဝဏ္ဏတို့ မောင်းပုံနှင့် ၁၀မိနစ်သာ စီးလိုက်ရ၏။ ဝိမ်းကောင်ကျေးရွာ ဆိုင်းဘုတ်အားမြင်ရသည်နှင့် ကြာပန်းများ ပွင့်နေသော ကြာကန်ကြီးက ဆီးကြိုနေ၏။ ကြာပန်းများဟာ အရောင်အသွေးစုံလင်လှတာမို့ ဝဏ္ဏ အနောက်က လမင်းမှာ တဝိုးဝိုးနှင့် ငေးမောနေမိ၏။
"ဓာတ်ပုံရိုက်ချင်လား အကိုလမင်း ဟိုမှာဓာတ်ပုံရိုက်တဲ့နေရာ"
ဆိုင်ကယ်ရပ်လိုက်ရင်း လက်ညိုးထိုးပြကာအနောက်လှည့်
မေးလာသော ဝဏ္ဏကြောင့် ကြည့်လိုက်ရာ အသည်းပုံကြီးတစ်ခုနှင့် ရှမ်းဘာသာ စာများရေးထားသော စင်လေးတစ်ခုကို မြင်လိုက်၏။
"ပန်းခူးလို့ရလားဟင်"
"ဒီနားကတော့ ခူးလို့မရဘူး အကိုလမင်း အကို လိုချင်ရင် အပြန်ကျ ကျွန်တော် ဟိုဘက် ကန်ထောင့်နားက အပွင့်တွေ ခူးပေးမယ်"
" အင်း များများလေး "
"OK"
ကြာကန်ဆီမှ ရှေ့ဆက်မောင်းလာရင်း ရွာ၏အဆုံး တစ်ဖက်မှ မြေနီလမ်းကြီး ဆီ ချိုးဝင်လိုက်၏။ မိုးအနည်းငယ် ရွာထားတာမို့ လမ်းဟာ ချော်နေ၏။ သေချာကိုင်ထားဖို့ ပြောလာတာမို့
လမင်း ကိုင်စရာသည် အရှေ့က ဆိုင်ကယ်မောင်းနေသူ ဝဏ္ဏ၏ ခါးပင်ရှိပါသည်။ ထို့ကြောင့် ခွင့်တောင်းရပြန်၏။ အနောက်ကိုကိုင်ထားရအောင်လဲ လှန်ကျမှာ ကြောက်ပါ၏။
"ဝဏ္ဏ အင်္ကျီ ခါးစကို ကိုင်မယ်နော် "
" သေချာကိုင် အကိုလမင်း လမ်းချော်တယ်"
"အင်း"
မြေနီလမ်း ချော်ချော်ကို သေချာဂရုတစိုက် မောင်းလာရင်း လယ်ကွင်းပြင်တစ်ခုနား၌ ဆိုင်ကယ်များ ရပ်ကာ စောင့်နေသော ခန့်စေတို့ကို တွေ့ရ၏။ လူစုံမှ ရေတံခွန် ရှိရာသို့ တံတားမမည်သော သစ်သားတုံး ၃တုံးကန့်လန့်ချအသုံးပြုပြီးဖြတ်ရသော ချောင်းသေးသေးလေးကို အရင်ဖြတ်ရ၏။ လယ်ကွင်းသေးသေးလေးတွေကို ထပ်ကာဖြတ်သွားရ၏။ ရေတံခွန် နီးလာတာနှင့် အမျှရေစီးသံများကြားလာရပါသည်။
ရေတံခွန်ကို မြင်လိုက်ရသော် ရေတံခွန်ဟု မဆိုသာသော ချောင်းဟုဆိုရမည်ပင်။ အဆင့်ဆင့် ရေဆင်းလာပုံလေးတွေက ရေတံခွန်သဖွယ် ဖြစ်နေ၏။ ထိုနေရာလေးများသည် ခြေမျက်စိမြှုပ်ရုံသာ ရှိသော ကျောက်လှေကားထစ် ပုံလေးတွေ ဖြစ်နေတာပင်။ ထိပ်ဆုံးကို လှမ်းကြည့်လိုက်သော် ရေကာတာ ပုံစံ ပိတ်ထားတာမို့ ခါးလယ်လောက်သာ မြင့်သော ရေတံခွန် ပုံစံ။ တချို့နေရာများသည် ရေကူးလို့ရလောက်သော အနေအထားဖြင့် ကျယ်ကျယ်ဝန်းဝန်းရှိလှ၏။ ကျောက်များသည် စိမ်းနေပါသော်လည်း ရေညှိကပ်နေသလို ချော်မနေပါ ။ ကျောက်များဟာ ကြမ်းလှတာကြောင့် ရေထဲမှာ ချော်မလဲနိုင်ပါ။ ကျောက်များဟာ တော်တော်ကို ကြမ်းပါသည်။
ထိုင်ရန်အဆင်ပြေလောက်မည့် နေရာကိုရှာကာ ခင်းစရာဖျာ ပါမလာတာမို့ စားသောက်စရာများကို သစ်ပင်အမြစ်များပေါ်သာ အဆင်ပြေသလို ချထားလိုက်၏။
ရေတံခွန် ထိပ်ဆုံးနေရာလေးကို သွားရန် တဆာဆာပြောနေသော ရွှန်းသီရိနွယ်အား လက်ဆွဲကာ သေချာခေါ်သွားသော ခန့်စေထွဋ်နောင်ကို လမင်းကြည့်နေမိ၏။ သူ
ကောင်မလေးကို တော်တော်ချစ်တာပဲ။ ရွှန်းသီရိနွယ်ကလည်း လမင်းကို မြင်တာတောင် နှုတ်ဆက်ဖော်တောင်မရပါ။ တစ်ခါမှ မတွေ့ဖူး မဆုံဖူးသော သူတွေလို။ ခန့်စေထွဋ်နောင် အနားသာ ကပ်နေ၏။
"အကိုလမင်း အဲ့တစ်ယောက်နဲ့ ခင်တယ်မလား"
ရေဆော့နေသော သူမ အား မေးငေါ့ပြကာ မေးလာသော သန့်စင်ထွန်းသည် သူမကို အမြင်မကြည်သည့်ပုံစံ။
" ခင်တယ်လို့လည်း မဟုတ်ပါဘူး တစ်တန်းထဲ ဆိုတော့ "
" ခန့်စေက လွဲရင် ကျန်တဲ့သူဆို မတူသလို မတန်သလိုနဲ့
အဲ့ကောင်လည်း ဘယ်လိုဟာကို ရွေးကြိုက်မှန်းမသိဘူး
အဖြေမရခင် ဒုက္ခက တစ်မျိုး အဖြေရပြီး အခုမြင်နေရတဲ့ ဒုက္ခကလည်းတစ်မျိုး ။ ဘာလို့ အားကျစရာမကောင်းပဲ အမြင်ကပ်စရာကောင်းနေရတာလည်း ငစေ တွဲသမျှ စော်ထဲမှာ
ဒီစော် အပဲ့ဆုံးပဲ တအား overလုပ်လွန်းတယ် "
ခြေမျက်စိသာ ရှိသော ရေစီးကြောင်းလေးနား ပတ်ပြေးနေကာ ခန့်စေထွဋ်နောင်အား ရေနှင့် ပတ်လိုက် ပြေးလိုက် လုပ်နေသော
ရွှန်းသီရိနွယ်ဟာ သန့်စင်ထွန်း ပြောသလို overလုပ်နေသလိုပင်။
ကလေးကလား နှင့် ချစ်ဖို့ကောင်းနေတာတော့ လုံးဝမဟုတ်ပါ။
အပေါ်ရေတံခွန်နားထိ လိုက်တက်သွားကာရေအနည်းငယ်သာ ဆော့ပြီး ရေတံခွန်နား ဓာတ်ပုံအနည်းငယ်ရိုက်၍လမင်း ကျောက်တုံးကြီးတစ်တုံးပေါ်၌ ထိုင်နေလိုက်ကာမလှမ်းမကမ်းတွင် ရေအပြိုင်ကူးနေကြသော သန့်စင်ထွန်းတို့ကို ကြည့်နေရင်း ပဲနို့ဗူးလေး ဖောက်သောက်နေလိုက်၏။ ရေလည်း မကူးတက်တာမို့ သူတို့အရပ်နှင့် တောင် ရင်အုပ်နားရောက်နေသော ရေအနက်ကြောင့် လမင်း လိုက်မဆော့တော့ဘဲ ကျောက်တုံးပေါ်၌ ထိုင်နေခြင်းဖြစ်သည်။ ရေတံခွန်ထိပ်မှ ပြန်ဆင်းလာသော ခန့်စေတို့ကို မြင်ပါသော်လည်း မသိချင်ယောင် ဆောင်နေလိုက်၏။
လမင်း ပဲနို့ လက်ကျန်လေးအား ကုန်စင်အောင် သောက်ကာ
ဗူးလေးအား လွှင့်ပစ်ရန် ကျောက်တုံးပေါ်မှ အထ လမင်းကို အနောက်ဘက်မှ တစ်စုံတစ်ယောက် လှမ်းတွန်းလိုက်တာကို ခံစားလိုက်ရပြီးသည်နှင့် တပြိုင်နက် ရေထဲသို့ ပုံပျက်ပန်းပျက် ကျသွား၏။
ဗွမ်း!ဟူသော မြည်သံနှင့် အတူ လမင်း ခန္ဓာကိုယ်ဟာ ရေထဲ တစ်စတစ်စ နစ်မြုပ်နေ၏။
လမင်း ရေမကူးတက်ပါ။ ခြေလက်တို့ ရုန်းလေ ပိုနစ်နေသလိုဖြစ်လာ၏။ ပါးစပ်မှလည်း ကယ်ကြပါလို့ အော်လိုက်ပါသော်လည်း အသံထွက်မလာဘဲ ရေတွေသာပါးစပ်ထဲမှ တဆင့် နှာခေါင်းထဲထိ တလဟော ဝင်ရောက်လာတာမို့ အသက်ရှူရကြပ်လာသည်။ ကြောက်လန့်ကာ လှမ်းလို့မှီရာကို ခြေရော လက်ပါ အသုံးပြုကာ ကြိုးစား၍စမ်းပါသော်လည်း ကျောက်ကြမ်းကြမ်းတွေနဲ့သာ လက်တို့ကို ခြစ်မိ တိုက်မိ၏။ ခြေထောက်တွေကိုလည်း ခြစ်မိတာကြောင့် နာကျင်လာရကာ အသက်ရှူရသည်မှာလည်း ပိုမိုခက်ခဲလာ၏။
ကြိုးစားလို့ မရသည့်အဆုံး စိတ်ကိုလျော့ချကာ
တွေးမိတာသည်...
"ဒီနေ့တော့ သေရတော့မယ်ထင်ပါတယ်"
>>>>><<<<<
-pont-00-
ZawGyi
လမင္းတို႔ ပထမႏွစ္ဝက္စာေမးပြဲေျဖၿပီးလို႔ပင္ သီတင္းကြၽတ္ေက်ာင္းပိတ္ရက္ေတာင္ ၃ရက္ေျမာက္ေနပါၿပီ။
လမင္း ကေတာ့ ေက်ာင္းပိတ္ရက္ကို အက်ိဳးရွိရွိ အသုံးခ်ခ်င္တာေၾကာင့္ေက်ာင္း၌ သင္ခန္းစာအသစ္ မစရေသးေသာ ျမန္မာစာ ကဗ်ာ၊ခက္ဆစ္ မ်ားႏွင့္ ေဘာဂေဗဒ အခန္းသစ္မ်ားကို ရသေလာက္ ႀကိဳတင္ က်က္ထားႏွင့္လိုက္၏။
က်န္ေသာအခ်ိန္မ်ားကို အေမႏွင့္အတူ အိမ္ေနာက္ စိုက္ပ်ိဳးခင္းေလးအား ဝိုင္းကူလုပ္ေပးရင္းသာ တစ္ရက္ၿပီးတစ္ရက္ ကုန္ဆုံးေစသည္ ။
သည္ေန႕မနက္မွာေတာ့ ဝရံတာ ၌ အေမႏွင့္အတူေဖာက္သည္လာယူမည့္ ကန္စြန္း႐ြက္မ်ားအား အစီးလိုက္ သပ္သပ္ရပ္ရပ္စီးေနျခင္း ျဖစ္၏။
အေမကေတာ့ လမင္း ဗိုက္ေအာင့္သည့္ကိစၥျဖစ္ၿပီးကတည္း အိမ္သို႔ အလာနည္းသြားေသာ ခန႔္ေစထြဋ္ေနာင္တို႔ ေလးဦးအား အၿမဲလို
သတိရေၾကာင္းႏွင့္ လမင္းအား အရင္လို အေခၚအေျပာ ရွိပါေသးရဲ႕လား ဆိုတာကို စိုးရိမ္ကာ ေမးလာပါသည္။
ခန႔္ေစထြဋ္ေနာင္နဲ႕ကလြဲရင္ သန႔္စင္ထြန္း၊ ဝဏၰဦး ႏွင့္ စိုင္းတြမ္ခမ္းနဲ႕ကေတာ့ အရင္လို ပုံမွန္အတိုင္းသာ ေျပာျဖစ္ပါသည္။
လမင္းဘက္က မေျပာရင္ေတာင္ သူတို႔က ေတြ႕တဲ့ေနရာကေန လွမ္းႏႈတ္ဆက္တာမ်ိဳး စကားလာေျပာတာမ်ိဳးရွိပါ၏ ။ အကြာအေဝး ေတာ္ေတာ္လွမ္းေနရင္ေတာင္ ၿပဳံးျပကာ ႏႈတ္ဆက္တက္ၾကပါသည္။
" သား.. သားသူငယ္ခ်င္းေတြ အိမ္မလာတာ ၾကာၿပီေနာ္ "
" ဟုတ္ သူတို႔ လာလည္မယ္ ေျပာထားတယ္ အေမရဲ႕
အစိုးရစစ္ေျဖရမယ့္ အတန္းလဲျဖစ္ေနေတာ့ အခ်ိန္ပိုက ပ်က္မရဘူးေလ"
"ဪ .... သူတို႔နဲ႕သား အဆင္ေျပၾကရဲ႕လား "
"ေျပပါတယ္ သားကို သူတို႔ ဘာမွ မေျပာၾကပါဘူး ပုံမွန္ပဲ ေခၚေျပာၾကတယ္ အေမ စိတ္မပူနဲ႕ "
"ေအးပါကြယ္ အဲ့ကေလးေလးေတြကို အေမ သတိရလို႔ပါ "
~~~~~~~~~~~
****ကြၽီ***
ဆိုင္ကယ္သံၾကားသည္မို႔ လမင္း အိမ္အျပင္ အား ထြက္ၾကည့္ရာ ၿခံထဲဝင္လာေသာ သန႔္စင္ထြန္း တို႔ သုံးေယာက္ေၾကာင့္ ဝရံတာမွေန၍ ၿပဳံးျပကာ လက္ကေလး ေဝ့ရမ္း ကာ ေခၚလိုက္၏။
"လာ လာ အေမက မနက္ကပဲ ေျပာေနတာ သတိရလို႔တဲ့"
"ဟားဟား ဟုတ္လား အန္တီခ်ိဳေရာ"
" ရွိပါ့ေတာ္ အခုမွပဲ ေပၚလာေတာ့တယ္ တီခ်ိဳက သားတို႔ကို သတိရေနတာ "
အေမ့ရဲ႕ အေျပာကို စိုင္းတြမ္ခမ္းက ဟာသႏွောကာ ျပန္ေျပာလိုက္သည့္စကားေၾကာင့္ ဟိုတစ္ေယာက္ပါမလာတာကို အခုမွ သတိထားမိသည္။ ဪ အခုလည္း သူ ဒါေၾကာင့္ ပါမလာကိုး။
" လာမလို႔ပါပဲ အန္တီခ်ိဳရာ ဟိုေကာင္ ခန႔္ေစေပါ့ ဖြန္ေၾကာင္ေနတာေလ အဲ့တာ သားတို႔ ပါရမီလိုက္ျဖည့္ေပးေနရလို႔
အဟဲ အခုလည္း သူ႕ေကာင္မေလးကို သြားလည္ဖို႔ ဝင္ေခၚရင္း က်န္ခဲ့တာ "
"ဟုတ္လား ေကာင္မေလးေတာင္ ထားတက္ေနၿပီေပါ့ သားေစက
တီခ်ိဳ႕ နားေတာင္ လာမလည္ေတာ့ဘူး"
" အဲ့ေကာင္ ေျခရႈပ္ေနတာ အန္တီခ်ိဳ သူ မလာလည္း သားတို႔ရွိတယ္ သားတို႔က အန္တီခ်ိဳကို ခ်စ္တယ္ေလ"
ဘာစကားပုံနဲ႕ႏွိုင္းေျပာရမွန္းေတာင္မသိေတာ့ပါဘူး။ ပြဲလန႔္တုန္းဖ်ာခင္း ဆိုလား အဲ့တာနဲ႕ဆင္သလိုလို ပါပဲ။
ဝဏၰ တို႔မ်ား ပါမလာတဲ့သူကို ေကာင္းေကာင္းေလွာ္ေနတာ။
သူ႕ကိုယ္သူ သား သားနဲ႕။
"ကြၽန္ေတာ္တို႔ ဝမ္းေကာင္ေရတံခြန္ သြားလည္မလို႔ သြားမွာက ခန႔္ေစတို႔ပါ သူတို႔ခ်ည္း မသြားခ်င္ဘူးဆိုလို႔ ကြၽန္ေတာ္တို႔လည္း အကိုလမင္းကို ေရာက္ဖူးေအာင္ လာေခၚတာ အန္တီခ်ိဳေကာ လိုက္မလား ကြၽန္ေတာ့္ေနာက္လိုက္လည္းရတယ္ "
သန႔္စင္ထြန္းက သူငယ္ခ်င္းျဖစ္သူ ေကာင္မေလးနဲ႕ သြားလည္မယ့္ ေနရာကို သူတို႔ခ်ည္း လိုက္မသြားပဲ ကိုယ့္ကိုပါ လာေခၚယုံမက အေမ့ကိုေခၚေသးတာ။
"မလိုက္ေတာ့ပါဘူး သားတို႔ရယ္ မင္းတို႔အကို ကိုပဲ ဂ႐ုစိုက္ေပးၾကေနာ္ ေရအရမ္းနစ္တဲ့ေနရာေတြ ေခၚမသြားနဲ႕
သူက ေရေၾကာက္တက္တယ္ "
"ေရတံခြန္ဆိုေပမယ့္ အေသးစားေလးပါ အန္တီခ်ိဳရဲ႕ ေရတိမ္တယ္"
"ေအးကြယ္ ေရေဆာ့မယ္ဆို အဝတ္အစား အပိုထည့္သြားခ်ည္အုန္း သားေလးေရ "
"ဟုတ္ အေမ"
"သန႔္စင္ထြန္း အိုက္လွ်မ္း ကိုေရာ ေခၚလို႔ရလားဟင္"
"ရတာေပါ့ အကိုလမင္းက သူငယ္ခ်င္းပါမွ လိုက္မယ့္သူမွန္းသိပါ့"
"ဟီးဟီး အဲ့လိုလည္းမဟုတ္ပါဘူး အဲ့တာဆို ခဏေစာင့္ေနာ္ အိုက္လွ်မ္း ကို သြားေခၚလိုက္အုန္းမယ္ "
"ဟုတ္ပါၿပီဗ်ာ "
လမင္း ေရတံခြန္ကို ေရာက္ဖူးခ်င္တာေၾကာင့္ လိုက္သြားရန္ဆုံးျဖတ္လိုက္ၿပီး အိုက္လွ်မ္းကိုလည္း အတူတူလည္ဖူးေလ့ရွိေအာင္ တေကာင့္သားအိမ္သို႔ အေျပးေလး သြားေခၚလိုက္၏။ ၿခံဝကေန ေအာ္ေခၚကာ အိမ္ထဲသို႔ ဝင္လိုက္၏။
"အိုက္လွ်မ္းေရ ! "
"ေအ့ ...သားသာသာေလး လာေလ သား"
"ဟုတ္ တီတီႏု သားတို႔ သူငယ္ခ်င္းေတြ ေရတံခြန္သြားလည္ဖို႔တဲ့
အဲ့တာ လာေခၚတာ "
" ဟုတ္လား သားသူငယ္ခ်င္းက က်ဴရွင္ရွိတယ္ သားေရ
အခု အိမ္သာ တက္ေနတယ္ အျပင္က ေအာ္ေမးၾကည့္ အဲ့ေမ်ာက္ေလာင္းကို "
"ဟုတ္ "
အိမ္ေနာက္ေဖးတြင္ သီးသန႔္ေဆာက္ထားေသာ အိမ္သာဆီသို႔ လိုက္သြားကာ ေဘးနားပတ္ဝန္းက်င္တြင္ အိမ္သာသို႔ လွမ္းပစ္စရာ ေက်ာက္ခဲေလးမ်ား ရွိလို႔ရွိျငား ရွာၾကည့္လိုက္၏။ ေျမနီခဲေလးေတြ႕တာမို႔ ေကာက္ယူကာ အိမ္သာသို႔ လွမ္းပစ္ရင္း ေအာ္ေျပာလိုက္၏။
"အိုက္လွ်မ္းေရ သြားလည္မလို႔ သန႔္စင္ထြန္းတို႔ လာေခၚၾကတယ္ လိုက္မလား"
" ဒီေန႕လား ဒီေန႕ဆို ငါ မအားဘူးေလကြာ က်ဴရွင္က မပိတ္ဘူးကြ လျပည့္ေန႕မွ ပိတ္မွာ"
"သြားလည္ရင္ ညေနမွ ျပန္ေရာက္မွာ ငါ က်ဴရွင္ပ်က္လို႔မရဘူးကြ
မလိုက္ေတာ့ပါဘူးကြာ "
" ဟြန္း ...ငါတစ္ေယာက္တည္းေပါ့ "
"ဟိုေကာင္ေတြ လာေခၚတာမလား ဘာကိုတစ္ေယာက္တည္းလည္း"
"ပါေတာ့ ပါတာေပါ့ မင္းနဲ႕ဘယ္တူမလဲ"
"မေရာက္ဖူးဘူးမလား လိုက္သြားပါ သြား မင္းကို ျပန္ေျဖေနရတာနဲ႕
အီးနံ႕ေတြ ပါးစပ္ထဲ ဝင္တယ္ကြ ေဝါ့! "
"ဟီးဟီး ေအးပါ အဲ့တာဆို ငါလိုက္သြားၿပီေနာ္ "
"အြန္း"
ပါးစပ္ပိတ္ကာ အြန္းဟု အသံျပဳလာေသာ အိုက္လွ်မ္းေၾကာင့္ လမင္း သေဘာက်ကာ ရယ္လိုက္၏။ အိမ္သာ အထဲနဲ႕အျပင္ ကို ေမ့ၿပီး စကားေတြ သြားေျပာေနမိတာ။
*******
လမင္းတို႔ အိမ္ကထြက္လာၿပီး May Cherry စားေသာက္ဆိုင္ေရွ႕အေရာက်ဆိုင်ကယ်ရပ်လိုက်တာမို့ လမင္း လည္း ဆိုင္ကယ္ေပၚက လိုက္ဆင္းရင္း စားေသာက္ဆိုင္အား အကဲခက္ မိသည္။ လမင္း အိမ္နဲ႕ေက်ာင္းကလြဲရင္ ၿမိဳ႕ထဲကို ေတာ္႐ုံနဲ႕ မေရာက္ဖူးတာမို႔ ထို စားေသာက္ဆိုင္ကိုလည္း အခုမွ ျမင္ဖူးျခင္းျဖစ္၏။ ဆိုင္အျပင္အဆင္ကေတာ့ အမိုက္စားပါပဲ။
၅မိနစ္ခန့္အၾကာတြင္ ဆိုင္ထဲမွ အတူတူထြက္လာေသာ ခန႔္ေစထြဋ္ေနာင္ႏွင့္ လမင္းရဲ႕ အတန္းေဖာ္ ႐ႊန္းသီရိႏြယ္ ။
႐ႊန္းသီရိႏြယ္က ဒီစားေသာက္ဆိုင္က ပိုင္ရွင္သမီး ထင္ပါတယ္။
ဟင္! သူတို႔က တြဲေနၾကၿပီလား လမင္း သိသည့္အေနအထားနဲ႕ဆိုရင္ ႐ႊန္းသီရိႏြယ္ကို စာေပးတာ စာေမးပြဲမေျဖခင္ ၃ရက္အလို ကမွ ေလွကားမွာ ေပးလိုက္တာ။
အခုမွ စာေမးပြဲ ေျဖၿပီးလို႔ ေက်ာင္းပိတ္တာ ၄ရက္ေျမာက္ပင္ ရွိေသးတာမို႔ သူတို႔ တြဲတာ ျမန္လိုက္တာဟုပင္ အံ့ဩစြာ မွတ္ခ်က္ခ်မိသည္။
Crop top အစိမ္းေရာင္ေလးႏွင့္ မိုးကာသားအေပၚထပ္ အနက္ေရာင္ေလးကို ဂ်င္းျပာေဘာင္းဘီအပြႏွင့္ တြဲဝတ္ထားၿပီး
ဆံပင္ေလးကို ခပ္ျမင့္ျမင့္စီးထားေသာ ႐ႊန္းသီရိႏြယ္ဟာေက်ာင္းမွာ ျမင္ဖူးေနက်ပဳံစံေလးႏွင့္ ကြဲျပားကာ တမူထူး၍ လွေန၏။
ခန႔္ေစထြဋ္ေနာင္မွာလည္း စေတြ႕ဖူးတုန္းကလို ကတုံးေကႏွင့္ မဟုတ္ေတာ့ဘဲ အတန္ငယ္ရွည္လာၿပီျဖစ္ေသာ ဆံပင္တို႔အား အနားသပ္ ညီညီ ရွပ္ထိုးထားေသာေၾကာင့္ ေသသပ္လွေသာ ဆံပင္ပုံစံႏွင့္ ၿပီးျပည့္စုံေသာ မ်က္ႏွာအခ်ိဳးအစားတို႔က လိုက္ဖက္ညီေန၏။ ေသခ်ာၾကည့္လိုက္မွ ဝတ္ထားတဲ့ အေပၚထပ္အကၤ်ီက ေကာင္မေလးနဲ႕ဆင္တူေလးပဲ။ လက္ေမာင္းအားကိုင္ကာ လႈပ္ရမ္း၍ ျမင့္ျမင့္စီးထားေသာ ဆံပင္ေလးမ်ား ဝဲခါေနေအာင္ ခုန္ဆြခုန္ဆြ ေလးလုပ္ကာ ေျပာေနေသာ သူ႕ေကာင္မေလးကိုလည္း
ဘာေတြ သေဘာက်ေနသည္ မသိ။ သြားစြယ္ေလးမ်ားေပၚေအာင္ ရယ္ကာ ေခါင္းၿငိမ့္ျပေန၏။
ေကာင္မေလးအား ၿပဳံးရယ္ကာ ေျပာေနရင္း လမင္းတို႔ဘက္လွည့္လာ၏။ အခုမွ လမင္းကို ျမင္တဲ့ပုံပါပဲ။
ျမင္တာနဲ႕ ခုနက ၿပဳံးေနတဲ့ အၿပဳံးေတြက ေပ်ာက္ကြယ္သြားတာမို႔
လမင္း ပါလာတာကိုမ်ား သူမႀကိဳက္တာလား။
" ေဟ့ေကာင္ ဝဏၰ မင္းေခၚလာတာလား သူ႕ကို "
" ငါတို႔ သုံးေယာက္လုံး သြားေခၚလာတာ "
"ငါ့ကိုလည္း မေျပာၾကပါလား "
"လို လို႔လား မင္းက မင္းေစာ္နဲ႕ သြားမွာမလား "
သူတို႔ သူငယ္ခ်င္း အခ်င္းခ်င္းေျပာေနေသာ စကားမ်ားအၾကား
လမင္း ကိုယ္လုံးေလးဟာ က်ဳံ႕က်ဳံ႕ေလး။ လမင္းကို ေခၚလာတာ သူမႀကိဳက္လို႔ ဒီလို ေျပာတာေပါ့။
"သြားႏွင့္လိုက္ ခန႔္ေစ ေရတံခြန္မွာ ဆုံမယ္ ငါ ဝယ္စရာေလးရွိလို႔ "
" မင္းတို႔နဲ႕ ငါ စကားေျပာဖို႔လိုေနၿပီ အခုေတာ့ ထားလိုက္ေတာ့"
"တက္ေတာ့ ႏြယ္ ကြၽန္ေတာ္တို႔သြားႏွင့္မယ္ " "အင္း"
ကိုယ္ လိုက္ပါမယ့္ အလည္ခရီးကို လိုက္ေစခ်င္ပုံ မေပၚတဲ့ သူေၾကာင့္ လမင္း တစ္ကယ္ကို စိတ္ေတြ ထိုင္းမွိုင္းသြားရ၏။
ကိုယ့္ကို ေခၚလာလို႔မ်ား ဝဏၰ ကို စကားေျပာဖို႔ လိုေနၿပီလို႔ ေျပာသြားတာ ျဖစ္မယ္။ ေမာင္းထြက္သြားေသာ ခန႔္ေစတို႔ ဆိုင္ကယ္အား မ်က္ေမွာင္က်ဳံ႕ကာ ခါးေထာက္ၾကည့္ေနေသာ
ဝဏၰအား လမင္း မလိုက္ျဖစ္ေတာ့ေၾကာင္း ေျပာရမည္။
ကိုယ့္ေၾကာင့္နဲ႕ေတာ့ သူငယ္ခ်င္းေတြ စကားမ်ားတာမ်ိဳးအျဖစ္မခံခ်င္တာ အမွန္ပါ။ သူမွ ကိုယ္လိုက္လာတာကို မႀကိဳက္တာ။ သူ႕မ်က္ႏွာမွာ အထင္းသားႀကီး ေပၚေနတာပဲ။
"ဝဏၰ အကို မလိုက္ေတာ့ဘူးေလ သူက ႀကိဳက္လားမႀကိဳက္လား မသိပဲနဲ႕ "
"ဘာမႀကိဳက္စရာရွိလဲ အကိုလမင္းရာ စိတ္ထဲထားမေနနဲ႕"
" အကို လိုက္လာတာ သူမႀကိဳက္ဘူး အကိုသိတယ္
အလကားေနရင္း အကို႔ေၾကာင့္ စကားမ်ားေနရပါမယ္"
" မႀကိဳက္တာ မဟုတ္ဘူး သူမသိလိုက္ရလို႔ မေက်နပ္ျဖစ္ေနတာ"
"ဟင္ ! ဘာကို မေက်နပ္တာလဲ"
"ဘာမွမဟုတ္ပါဘူး အကိုလမင္းရာ လာ ဟိုမွာစားဖို႔ မုန႔္ဝယ္ၿပီးမွ သြားမယ္ ဝိမ္းေကာင္က ခဏေလးပဲ ေမာင္းရတာ။"
" အင္း "
စားစရာတခ်ိဳ႕ကို ဝယ္ၿပီးမွ အေနာက္က လိုက္ၾကရာ ဝဏၰတို႔ ေမာင္းပုံႏွင့္ ၁၀မိနစ္သာ စီးလိုက္ရ၏။ ဝိမ္းေကာင္ေက်း႐ြာ ဆိုင္းဘုတ္အားျမင္ရသည္ႏွင့္ ၾကာပန္းမ်ား ပြင့္ေနေသာ ၾကာကန္ႀကီးက ဆီးႀကိဳေန၏။ ၾကာပန္းမ်ားဟာ အေရာင္အေသြးစုံလင္လွတာမို႔ ဝဏၰ အေနာက္က လမင္းမွာ တဝိုးဝိုးႏွင့္ ေငးေမာေနမိ၏။
"ဓာတ္ပုံရိုက္ခ်င္လား အကိုလမင္း ဟိုမွာဓာတ္ပုံရိုက္တဲ့ေနရာ"
ဆိုင္ကယ္ရပ္လိုက္ရင္း လက္ညိုးထိုးျပကာအေနာက္လွည့္
ေမးလာေသာ ဝဏၰေၾကာင့္ ၾကည့္လိုက္ရာ အသည္းပုံႀကီးတစ္ခုႏွင့္ ရွမ္းဘာသာ စာမ်ားေရးထားေသာ စင္ေလးတစ္ခုကို ျမင္လိုက္၏။
"ပန္းခူးလို႔ရလားဟင္"
"ဒီနားကေတာ့ ခူးလို႔မရဘူး အကိုလမင္း အကို လိုခ်င္ရင္ အျပန္က် ကြၽန္ေတာ္ ဟိုဘက္ ကန္ေထာင့္နားက အပြင့္ေတြ ခူးေပးမယ္"
" အင္း မ်ားမ်ားေလး "
"OK"
ၾကာကန္ဆီမွ ေရွ႕ဆက္ေမာင္းလာရင္း ႐ြာ၏အဆုံး တစ္ဖက္မွ ေျမနီလမ္းႀကီး ဆီ ခ်ိဳးဝင္လိုက္၏။ မိုးအနည္းငယ္ ႐ြာထားတာမို႔ လမ္းဟာ ေခ်ာ္ေန၏။ ေသခ်ာကိုင္ထားဖို႔ ေျပာလာတာမို႔
လမင္း ကိုင္စရာသည္ အေရွ႕က ဆိုင္ကယ္ေမာင္းေနသူ ဝဏၰ၏ ခါးပင္ရွိပါသည္။ ထို႔ေၾကာင့္ ခြင့္ေတာင္းရျပန္၏။ အေနာက္ကိုကိုင္ထားရေအာင္လဲ လွန္က်မွာ ေၾကာက္ပါ၏။
"ဝဏၰ အကၤ်ီ ခါးစကို ကိုင္မယ္ေနာ္ "
" ေသခ်ာကိုင္ အကိုလမင္း လမ္းေခ်ာ္တယ္"
"အင္း"
ေျမနီလမ္း ေခ်ာ္ေခ်ာ္ကို ေသခ်ာဂ႐ုတစိုက္ ေမာင္းလာရင္း လယ္ကြင္းျပင္တစ္ခုနား၌ ဆိုင္ကယ္မ်ား ရပ္ကာ ေစာင့္ေနေသာ ခန႔္ေစတို႔ကို ေတြ႕ရ၏။ လူစုံမွ ေရတံခြန္ ရွိရာသို႔ တံတားမမည္ေသာ သစ္သားတုံး ၃တုံးကန့္လန့္ခ်အသုံးျပဳၿပီးျဖတ္ရေသာ ေခ်ာင္းေသးေသးေလးကို အရင္ျဖတ္ရ၏။ လယ္ကြင္းေသးေသးေလးေတြကို ထပ္ကာျဖတ္သြားရ၏။ ေရတံခြန္ နီးလာတာႏွင့္ အမွ်ေရစီးသံမ်ားၾကားလာရပါသည္။
ေရတံခြန္ကို ျမင္လိုက္ရေသာ္ ေရတံခြန္ဟု မဆိုသာေသာ ေခ်ာင္းဟုဆိုရမည္ပင္။ အဆင့္ဆင့္ ေရဆင္းလာပုံေလးေတြက ေရတံခြန္သဖြယ္ ျဖစ္ေန၏။ ထိုေနရာေလးမ်ားသည္ ေျခမ်က္စိျမႇုပ္႐ုံသာ ရွိေသာ ေက်ာက္ေလွကားထစ္ ပုံေလးေတြ ျဖစ္ေနတာပင္။ ထိပ္ဆုံးကို လွမ္းၾကည့္လိုက္ေသာ္ ေရကာတာ ပုံစံ ပိတ္ထားတာမို႔ ခါးလယ္ေလာက္သာ ျမင့္ေသာ ေရတံခြန္ ပုံစံ။ တခ်ိဳ႕ေနရာမ်ားသည္ ေရကူးလို႔ရေလာက္ေသာ အေနအထားျဖင့္ က်ယ္က်ယ္ဝန္းဝန္းရွိလွ၏။ ေက်ာက္မ်ားသည္ စိမ္းေနပါေသာ္လည္း ေရညွိကပ္ေနသလို ေခ်ာ္မေနပါ ။ ေက်ာက္မ်ားဟာ ၾကမ္းလွတာေၾကာင့္ ေရထဲမွာ ေခ်ာ္မလဲနိုင္ပါ။ ေက်ာက္မ်ားဟာ ေတာ္ေတာ္ကို ၾကမ္းပါသည္။
ထိုင္ရန္အဆင္ေျပေလာက္မည့္ ေနရာကိုရွာကာ ခင္းစရာဖ်ာ ပါမလာတာမို႔ စားေသာက္စရာမ်ားကို သစ္ပင္အျမစ္မ်ားေပၚသာ အဆင္ေျပသလို ခ်ထားလိုက္၏။
ေရတံခြန္ ထိပ္ဆုံးေနရာေလးကို သြားရန္ တဆာဆာေျပာေနေသာ ႐ႊန္းသီရိႏြယ္အား လက္ဆြဲကာ ေသခ်ာေခၚသြားေသာ ခန႔္ေစထြဋ္ေနာင္ကို လမင္းၾကည့္ေနမိ၏။ သူ
ေကာင္မေလးကို ေတာ္ေတာ္ခ်စ္တာပဲ။ ႐ႊန္းသီရိႏြယ္ကလည္း လမင္းကို ျမင္တာေတာင္ ႏႈတ္ဆက္ေဖာ္ေတာင္မရပါ။ တစ္ခါမွ မေတြ႕ဖူး မဆုံဖူးေသာ သူေတြလို။ ခန႔္ေစထြဋ္ေနာင္ အနားသာ ကပ္ေန၏။
"အကိုလမင္း အဲ့တစ္ေယာက္နဲ႕ ခင္တယ္မလား"
ေရေဆာ့ေနေသာ သူမ အား ေမးေငါ့ျပကာ ေမးလာေသာ သန႔္စင္ထြန္းသည္ သူမကို အျမင္မၾကည္သည့္ပုံစံ။
" ခင္တယ္လို႔လည္း မဟုတ္ပါဘူး တစ္တန္းထဲ ဆိုေတာ့ "
" ခန႔္ေစက လြဲရင္ က်န္တဲ့သူဆို မတူသလို မတန္သလိုနဲ႕
အဲ့ေကာင္လည္း ဘယ္လိုဟာကို ေ႐ြးႀကိဳက္မွန္းမသိဘူး
အေျဖမရခင္ ဒုကၡက တစ္မ်ိဳး အေျဖရၿပီး အခုျမင္ေနရတဲ့ ဒုကၡကလည္းတစ္မ်ိဳး ။ ဘာလို႔ အားက်စရာမေကာင္းပဲ အျမင္ကပ္စရာေကာင္းေနရတာလည္း ငေစ တြဲသမွ် ေစာ္ထဲမွာ
ဒီေစာ္ အပဲ့ဆုံးပဲ တအား overလုပ္လြန္းတယ္ "
ေျခမ်က္စိသာ ရွိေသာ ေရစီးေၾကာင္းေလးနား ပတ္ေျပးေနကာ ခန႔္ေစထြဋ္ေနာင္အား ေရႏွင့္ ပတ္လိုက္ ေျပးလိုက္ လုပ္ေနေသာ
႐ႊန္းသီရိႏြယ္ဟာ သန႔္စင္ထြန္း ေျပာသလို overလုပ္ေနသလိုပင္။
ကေလးကလား ႏွင့္ ခ်စ္ဖို႔ေကာင္းေနတာေတာ့ လုံးဝမဟုတ္ပါ။
အေပၚေရတံခြန္နားထိ လိုက္တက္သြားကာေရအနည္းငယ္သာ ေဆာ့ၿပီး ေရတံခြန္နား ဓာတ္ပုံအနည္းငယ္ရိုက္၍လမင္း ေက်ာက္တုံးႀကီးတစ္တုံးေပၚ၌ ထိုင္ေနလိုက္ကာမလွမ္းမကမ္းတြင္ ေရအၿပိဳင္ကူးေနၾကေသာ သန႔္စင္ထြန္းတို႔ကို ၾကည့္ေနရင္း ပဲနို႔ဗူးေလး ေဖာက္ေသာက္ေနလိုက္၏။ ေရလည္း မကူးတက္တာမို႔ သူတို႔အရပ္ႏွင့္ ေတာင္ ရင္အုပ္နားေရာက္ေနေသာ ေရအနက္ေၾကာင့္ လမင္း လိုက္မေဆာ့ေတာ့ဘဲ ေက်ာက္တုံးေပၚ၌ ထိုင္ေနျခင္းျဖစ္သည္။ ေရတံခြန္ထိပ္မွ ျပန္ဆင္းလာေသာ ခန႔္ေစတို႔ကို ျမင္ပါေသာလည္း မသိခ်င္ေယာင္ ေဆာင္ေနလိုက္၏။
လမင္း ပဲနို႔ လက္က်န္ေလးအား ကုန္စင္ေအာင္ ေသာက္ကာ
ဗူးေလးအား လႊင့္ပစ္ရန္ ေက်ာက္တုံးေပၚမွ အထ လမင္းကို အေနာက္ဘက္မွ တစ္စုံတစ္ေယာက္ လွမ္းတြန္းလိုက္တာကို ခံစားလိုက္ရၿပီးသည္ႏွင့္ တၿပိဳင္နက္ ေရထဲသို႔ ပုံပ်က္ပန္းပ်က္ က်သြား၏။
ဗြမ္း!ဟူေသာ ျမည္သံႏွင့္ အတူ လမင္း ခႏၶာကိုယ္ဟာ ေရထဲ တစ္စတစ္စ နစ္ျမဳပ္ေန၏။
လမင္း ေရမကူးတက္ပါ။ ေျခလက္တို႔ ႐ုန္းေလ ပိုနစ္ေနသလိုျဖစ္လာ၏။ ပါးစပ္မွလည္း ကယ္ၾကပါလို႔ ေအာ္လိုက္ပါေသာ္လည္း အသံထြက္မလာဘဲ ေရေတြသာပါးစပ္ထဲမွ တဆင့္ ႏွာေခါင္းထဲထိ တလေဟာ ဝင္ေရာက္လာတာမို႔ အသက္ရႉရၾကပ္လာသည္။ ေၾကာက္လန႔္ကာ လွမ္းလို႔မွီရာကို ေျခေရာ လက္ပါ အသုံးျပဳကာ ႀကိဳးစား၍စမ္းပါေသာ္လည္း ေက်ာက္ၾကမ္းၾကမ္းေတြနဲ႕သာ လက္တို႔ကို ျခစ္မိ တိုက္မိ၏။ ေျခေထာက္ေတြကိုလည္း ျခစ္မိတာေၾကာင့္ နာက်င္လာရကာ အသက္ရႉရသည္မွာလည္း ပိုမိုခက္ခဲလာ၏။
ႀကိဳးစားလို႔ မရသည့္အဆုံး စိတ္ကိုေလ်ာ့ခ်ကာ
ေတြးမိတာသည္...
"ဒီေန႕ေတာ့ ေသရေတာ့မယ္ထင္ပါတယ္"
>>>>><<<<<
-pont-00-