Zergဘုရင်လေး

Por Phyomyatsoe

7.8K 1.5K 25

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ Más

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၄.၂
၁၅

အခန်း(၅.၁)

224 71 0
Por Phyomyatsoe

အခန်း(၅.၁)

သူ့အသိစိတ်ထဲ ပို့ဆောင်လာတဲ့အသံက အိပ်ပျော်ရင်းစကားပြောနေသကဲ့သို့ အလွန်ကိုပေါ့ပါးသည်။

ဝိညာဉ်ရေးရာချိတ်ဆက်မှုက ဆက်ရှိနေပေမဲ့ အသံပိုင်ရှင်ကတော့ စကားထပ်မပြောလာတော့ဘူး။

သူ့နားထဲမှာ ပတ်ဝန်းကျင်ရှိအသံတွေကို အလိုအလျောက်ကြားနေရဆဲဖြစ်သော်လည်းဘဲ အဲလ်ဗတ်ကို စိတ်ဆိုးဒေါသထွက်စေပြီး သည်းမခံနိုင်အောင်လုပ်နေတဲ့ အသံတွေက ပျောက်ကွယ်သွားပြီ။သူကြားသမျှအားလုံးက သူ့အသိစိတ်ထဲက တိုးတိမ်တဲ့အသံရှူသံသာဖြစ်တယ်။

အဲလ်ဗတ် ဒီအသံကိုကြားရတာ ပထမဆုံးအကြိမ်တော့မဟုတ်ဘူး။အခြားသောဇာ့ဂ်တွေလိုဘဲ သူကလည်း လွန်ခဲ့တဲ့နှစ်ရက်က တိုတောင်းတဲ့ဝိညာဉ်ရေးရာချိတ်ဆက်မှုကို လက်ခံရရှိခဲ့သည်။

အဲဒီအချိန်တုန်းက သူက စစ်ပွဲအလည်မှာရှိနေပြီး ပြင်းထန်တဲ့တိုက်ပွဲအခြေအနေတွင် ရှိနေခဲ့သည်။

အခြားဇာ့ဂ်တွေနှင့်မတူဘဲ အဲလ်ဗတ်က ဒီဝိညာဉ်ရေးရာချိတ်ဆက်မှုကနေ မည်သည့်အောက်ကျို့ခြင်းကိုမှ မခံစားရဘူး။

ဒါက သူက အယ်

လ်ဖာအဆင့်ဇာ့ဂ်တစ်ကောင်ဖြစ်နေတာ ဒါမှမဟုတ် သူက ကျန်တဲ့ဇာ့ဂ်တွေနှင့် ကွဲပြားတဲ့အမျိုးအစားဖြစ်နေတာမျိုး ဖြစ်နိုင်တယ်။ဒါပေမဲ့ အဲဒီဝိညာဉ်ရေးရာချိတ်ဆက်မှုကြောင့် သူ စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့သည်။

ဒီစိတ်ဆိုးမာန်ဆိုးဖြစ်ရခြင်း၏အကြောင်းရင်းကို သူနားမလည်သော်လည်းဘဲ ပြင်းထန်လွန်းတာကြောင့် သူ့ဆင်ခြင်တုံတရားလွတ်လုနီးပါးဖြစ်ခဲ့သည်။

အခု ဒုတိယအကြိမ် အသံကြားရတော့ သူ့ကိုကျေနပ်သွားစေသည်။

ဆက်သွယ်မှုနှစ်ခုကြား ခြားနားချက်ကို နားလည်ရန် ခက်ခဲသော်လည်းဘဲ ယခု အသက်ရှူသံကြောင့် အဲလ်ဗတ်က မသိစိတ်ကနေ သူ့ငွေရောင်အမြီးကို လှုပ်ရမ်းသွားစေသည်။သူ့ပတ်ဝန်းကျင်ရှိ အလွန်အေးစက်သည့်ဖိအားသည် သာမန်လျစ်လျူရှူနိုင်တဲ့အခြေအနေကို လျော့ကျသွားသည်။

ဒီဆိုလိုရင်းက ရှင်းပါတယ်...

မီတာအနည်းငယ်အကွာမှာ ပုန်းနေတဲ့ အဲလ်ဂျာက ကွဲပြားမှုကို တွေ့တာနှင့် အပြေးလာခဲ့တယ်။

"ခေါင်းဆောင် ကျွန်တော်တို့ နောက်ထပ် ဘယ်နေရာကို သွားကြမလဲ?"အဲလ်ဂျာသည် သူ့နှလုံးသားထဲက ယိမ်းယိုင်မှုကို ဖိနှိပ်ပြီး သူ့ရှေ့က ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို ကြည့်နေသည်။

အဲလ်ဗတ်၏အမူအရာက အေးစက်နေပြီး သူက ချက်ချင်းပြန်မဖြေဘူး။သူက တိတ်နေတာကြောင့် အဲလ်ဂျာက ထပ်ပြောလိုက်တယ် "ခေါင်းဆောင်ကို တင်ပြစရာရှိပါတယ်။ကျွန်တော်တို့ထဲက တစ်ချို့စစ်သားတွေက သီးခြားခွဲထွက်သွားပေမဲ့ ဒီလက်အောက်ခံက သူတို့ကို မတားခဲ့ဘူး..."

သူက သူတို့ကို မတားနိုင်ခဲ့ဘူး။

အဲလ်ဂျာ၏နှလုံးသားထဲမှာတော့ သူက ဘုရင်ကိုရှာဖို့ မထွက်သွားနိုင်ခဲ့ပေမဲ့ အခြားသောဇာ့ဂ်တွေက ဘုရင်ကို ရှာတွေ့ဖို့မျှော်လင့်နေတယ်။

သူက သူမမြင်ဖူးသည့် အဖိုးတန်ရတနာကို ကာကွယ်ပေးချင်ခဲ့သည်။ဒါကြောင့် အဲလ်ဂျာက ဇာ့ဂ်တွေကို သစ္စာဖောက်လို့ မယူဆဘဲ ထိန်းချုပ်ဖို့ မကြိုးစားခဲ့တာဖြစ်တယ်။

သူ့ရဲ့ချုပ်တည်းမှုက အကန့်အသတ်ကိုရောက်လို့ တုန်နေပြီဖြစ်တယ်။ဒါက အဲလ်ဂျာတစ်ယောက်တည်းတော့ မဟုတ်ဘူး။ဇာ့ဂ်စစ်သားတွေက ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များ ထွက်ခွာသွားတာကို ကြည့်နေခဲ့တာက တူညီတဲ့တစ်ကိုယ်ကောင်းဆန်သည့်စိတ်ဆန္ဒကြောင့်ဖြစ်တယ်။ဒါကြောင့် သူတို့က ၎င်းတို့ကို သစ္စာဖောက်လို့မမြင်ခဲ့ဘူး။

တစ်ယောက်တည်းဆိုရင်တောင် အဆင်ပြေပါတယ်။တကယ်လို့ တစ်ယောက်ယောက်က ဘုရင်ကို အမြန်ရှာတွေ့ပြီး သူ့ကိုကာကွယ်ပေးနိုင်ခဲ့ရင်...

"မင်းနဲ့အခြားသူတွေက ဘာကြောင့် မထွက်သွားတာလဲ?သစ္စာဖောက်နဲ့ပတ်သက်ပြီးပြောမနေနဲ့တော့"အဲလ်ဗတ်က အမူအရာမပြဘဲ ပြောလိုက်တယ်။

"မင်းထွက်သွားချင်ရင် မင်း ယုလုနဲ့သွားသင့်တယ်"အဲလ်ဗတ်၏အသံက အေးစက်နေပြီး သူ့စိတ်အခြေအနေကို သိမြင်နိုင်ရန် ခက်ခဲတယ်။

ယုလုဆိုတာက ဇာ့ဂ်သက်ရှိစစ်သင်္ဘောတွေကို ရည်ညွှန်းသည်။

တာ့ခ်ကဲ့သို့ပင် ယုလုကလည်း ဇာ့ဂ်မျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့က သယ်ယူပို့ဆောင်ရေးကို ထောက်ပံရန် လေကြောင်းတိုက်ပွဲတွေနှင့် အခြားနေရာတွေမှာ ကူညီပေးရာတွင် အထူးပြုတဲ့ဇာ့ဂ်မျိုးစိတ်တစ်ခုဖြစ်တယ်။

အခြားမျိုးနွယ်တွေ၏စစ်သင်္ဘောတွေနှင့် ဆန့်ကျင်ပြီး ယုလုသည် အသိစိတ်ရှိတယ်။တခြားမျိုးနွယ်တွေရဲ့အမြင်မှာတော့ ၎င်းတို့ဟာ ဆန္ဒရှိသလို အသွင်ပြောင်းနိုင်တဲ့ မွန်းစတားတစ်ကောင်သာဖြစ်တယ်။

"ကျွန်တော်တို့က ခေါင်းဆောင်ကို လွယ်လွယ်သစ္စာဖောက်နိုင်မယ်လို့ မထင်ပါနဲ့..ကျွန်တော်တို့က ခေါင်းဆောင်ရဲ့အမိန့်မပါဘဲ မရှာဖွေနိုင်ဘူး"အဲလ်ဂျာက အခြေအနေကို ပြောလိုက်တယ် "ဒါပေမဲ့ ယုလုက ဘာတွေးနေမှန်း ကျွန်တော်တို့မသိဘူး။အဆိုးဆုံးကတော့ ယုလုက ကျွန်တော်တို့ သတိမပေးဘဲ ထွက်ခွာသွားတာဘဲ"

ဒါက တကယ်ကိုဖြစ်နိုင်တယ်။ကိုယ်ပိုင်အသိစိတ်ရှိတဲ့ စစ်သင်္ဘောတစ်စင်းအနေနှင့် ၎င်းတို့သာ ထွက်သွားချင်ရင် အာကာသထဲကို ခုန်ကူးပြီး လက်ရှိဂြိုဟ်မှ ထွက်ခွာသွားနိုင်တယ်။ဇာ့ဂ်တွေကတော့ သူတို့ဘာသာ အာကာသထဲကို မသွားနိုင်ဘူး။

အဲလ်ဂျာ၏အမြင်ကနေဆိုရင် သူတို့ရဲ့ယုလုစစ်သင်္ဘောက ဒေါသထွက်လာဖို့မဝေးတော့ဘူး။

"ဒါဆို သွားကြစို့"အဲလ်ဗတ်က သူ့ကိုကြည့်နေတာ ရပ်လိုက်ပြီး စစ်သင်္ဘောဆီကို ဦးတည်လိုက်သည်။

သူတို့ဘယ်နေရာကို သွားကြမှာလဲ?

အဲလ်ဂျာက ဒီမေးခွန်းကို ချက်ချင်းမမေးခဲ့ဘူး။သူက ငွေရောင်ဆံပင်နှင့်ဇာ့ဂ်နောက်ကို လိုက်ပြီး တစ်နည်းနည်းဖြစ့် အံ့အားသင့်ဖွယ်ခန့်မှန်းချက်ကို ရရှိခဲ့တယ်။

"ခေါင်းဆောင် ဆိုလိုတာက...ဘုရင်ကို ရှာဖို့သွားမှာလား?"အဲလ်ဂျာက ပျော်ရွှင်တဲ့အသံကို မဖုန်းကွယ်နိုင်ဘူး။

အဲလ်ဗတ်က မငြင်းဆန်လိုက်တာက အလိုအလျောက်သဘောတူညီခြင်းသာဖြစ်တယ်။စစ်သင်္ဘောပေါ်က အဆင့်မြင့်ဇာ့ဂ်တွေက ဒီသတင်းကိုရတော့ ဝမ်းသာအားရတဲ့အခြေအနေကို ဝင်ရောက်သွားသည်။

ဇာ့ဂ်မျိုးနွယ်က ခံစားချက်ချို့တဲ့တယ်။ဒါက သူတို့အတွက် ပြင်းပြတဲ့စိတ်ခံစားချက်ကို ခံစားရဖို့ ခက်ခဲတယ်။ဒါကြောင့် သူတို့ရဲ့နှလုံးသားထဲက ဝမ်းသာပီတိက သူတို့အတွက် အရင်ကမရှိခဲ့ဖူးတဲ့အသစ်အဆန်းသာဖြစ်တယ်။

လူသားတွေ ပျော်ရွှင်မှုကြောင့် ပြုံးတဲ့အခါ ဝမ်းနည်းမှုကြောင့် ငိုကြွေးတာနှင့် နှိုင်းစာလျှင် ဒီခံစားချက်နှစ်မျိုးလုံးနှင့် အပြုအမူတွေက ဇာ့ဂ်တွေအတွက် ထူးဆန်းလွန်းသည်။

ဒါကြောင့် အဆင့်မြင့်ဇာ့ဂ်တွေက အသေအချာကို အလွန်ပျော်ရွှင်နေပေမဲ့ ဒီခံစားချက်ကိုထုတ်ဖော်ဖို့ရာ ဘယ်လိုအမူအရာမျိုးကို အသုံးပြုရမလဲဆိုတာ မသိဘူး။

အဆင့်မြင့်ဇာ့ဂ်အုပ်စုက လက်ရှိအချိန်မှာတော့ ဆွေးနွေးမှုတစ်ခုလုပ်နေကြတယ်။

"ငါတို့ ဘုရင်ကို တွေ့တဲ့အခါ ဘယ်လိုလက်ဆောင်မျိုးပေးသင့်လဲ?"

"ဘုရင်က ဘယ်လိုလက်ဆောင်မျိုးကြိုက်လဲ ငါမသိဘူး.."

"ဘုရင်က ငါတို့ကိုတွေ့တဲ့ ပျော်သွားလောက်လား?"

သူတို့က ပိုပြောလေ အဆင့်မြင့်ဇာ့ဂ်တွေရဲ့မျက်လုံးတွေက ပိုပြီးတောက်ပလေဖြစ်တယ်။အဲလ်ဂျာက ဒီဆွေးနွေးမှုမှာ မပါဝင်ပေမဲ့ သူ့တို့ခေါင်းဆောင်ဘေးမှာ မတ်တပ်ရပ်ပြီး ပြောလိုက်တယ် "ဘုရင်က ကျွန်တော်တို့ကို ပို့ဆောင်တဲ့ဝိညာဉ်ရေးရာချိတ်ဆက်မှုက တိုလွန်းတယ်။အသေးစိတ်တည်နေရာကို သတ်မှတ်ဖို့ရာ နည်းလမ်းမရှိဘူး။ဘယ်ဂြိုဟ်ကနေ စတင်ရင် ပိုကောင်းမယ်လို့ ခေါင်းဆောင်ထင်လဲ?"

"သူ ဒီနေရာမှာ"အဲလ်ဗတ်က ပုံရိပ်ယောင်ကြယ်ကားချပ်တစ်ခုကို ဖွင့်ပြီး အလွန်ဝေးလံတဲ့တည်နေရာရှိ ကြယ်စက်ကွင်းတစ်ခုကို တိုက်ရိုက်ညွှန်ပြလိုက်သည်။

အရင်က ဝိညာဉ်ရေးရာချိတ်ဆက်မှုက တိုလွန်းပြီး အဲလ်ဂျာကတောင် တည်နေရာကို မဆုံးဖြတ်နိုင်ဘူး။ပြောရရင် သူတို့ခေါင်းဆောင်က တည်နေရာကို အတိအကျသိနေတယ်ဆိုတာက...

"ဘုရင်က..မင်းကိုခေါ်တာလား?"အဲလ်ဂျာက ကူကယ်ရာမဲ့စွာမေးလိုက်တယ်။

ခေါ်တာလား?

အဲလ်ဗတ်က သူ့အသိစိတ်ထဲက သိမ်မွေ့တဲ့အသက်ရှူသံကို နားထောင်နေတယ်။ဒီအသံက သူ့ကမ္ဘာကြီးကို တိတ်ဆိတ်စေပြီး သူ့အပေါ် ဘယ်လိုသဘောထားမှမရှိဘဲ သူ့ကို မည်သည့်ခံစားချက်ကိုမှမပါဘဲ တုံ့ပြန်ခဲ့သည်။

ဒီအသံကိုကြားနေရတာက သူ့နှလုံးသားကို တည်ငြိမ်စေတယ်။

ပြင်းပြတဲ့စိတ်ဆန္ဒထက် ဒေါသမထွက်တာက ပိုကောင်းပါတယ်။ကြယ်စက်ကွင်းကို ရှာတွေ့ဖို့ အချိန်အများကြီး မယူရပေမဲ့ သူတို့က မကြာခင်မှာ ကြယ်တွေအားလုံးကို ဖြတ်ကျော်ပြီး ဒီကြယ်စက်ကွင်းကို ရှာတွေ့တော့မှာဖြစ်တယ်။

သို့သော်လည်းဘဲ ယုလုသင်္ဘောက၎င်းရဲ့စိတ်အားထက်သန်မှုကြောင့် အမြင့်ဆုံးအရှန်ကိုအသုံးပြုထားတယ်ဆိုရင်တောင် သူတို့ကဒီဝေးကွာလှသည့်ကြယ်စက်ကွင်းကို ရှာတွေ့ဖို့ အချိန်သုံးရက်ကြာသေးတာဖြစ်တယ်။

------------------

အခန်း(၅.၁)







ဒါက သူက အယ်






































ခေါ်တာလား?





------------------

Seguir leyendo

También te gustarán

14.9K 485 33
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
921K 68.6K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
386K 27.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.