Zergဘုရင်လေး

By Phyomyatsoe

9.1K 1.5K 26

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၄.၂
၁၅

အခန်း(၄.၂)

267 71 3
By Phyomyatsoe

အခန်း(၄.၂)

တာ့ခ်တွေက ကုဟိုင်၏တောင်းဆိုချက်ကို ဘယ်တော့မှငြင်းဆန်မှာမဟုတ်ဘူး။ကုဟိုင်က သူ့ဦးတည်ရာအတိုင်း ချောချောမွေ့မွေ့သွားလိုက်ပြီး သူ့နောက်မှာ ဇာ့ဂ်အုပ်စုလိုက်ပါလာတယ်။

သူက ဒီဇာ့ဂ်အုပ်စုရဲ့စိတ်လှုပ်ရှားမှုကို နားလည်ပြီး ၎င်းတို့၏စိုးရိမ်ပူပန်မှုကို ကာကွယ်ဖို့ရာ ၎င်းတို့၏မြင်ကွင်းအတွင်း၌ရှိနေစေရန် သေချာစေတယ်။

သစ်တောထဲက သစ်ပင်အများက နက်မှောင်ပြီး ကုဟိုင်အရင်က စားခဲ့ဖူးသည့်အသီး၏အခွံကဲ့သို့ဖြစ်တယ်။၎င်းတို့က မီးလောင်ကျွမ်းထားတဲ့မီးသွေးကဲ့သို့ဖြစ်တယ်။

ရွှေရောင်သန်းနေတဲ့အသီးသီးနေတဲ့ သာမန်သစ်ပင်အနည်းငယ်လည်းရှိတယ်။၎င်းတို့က အနက်ရောင်တွေထဲမှာ အလွန်ကို မျက်စိဖမ်းစားစရာကောင်းပြီး ကုဟိုင်က အဲဒါကို မြင်တာနှင့် ချက်ချင်းဘဲ သွားကောက်ယူချင်တယ်။

သို့သော်လည်းဘဲ ဒီသစ်ပင်က တကယ်ကိုမြင့်လွန်းတယ်။ကုဟိုင်က အနားမှာရပ်နေရုံသာ တတ်နိုင်တယ်။မြင့်မားတဲ့သစ်ပင်ကိုမော့ကြည့်ပြီး...မေ့လိုက်ပါတော့...

ကလေးက သစ်ပင်ပေါ်က အသီးကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေခဲ့တယ်။သူက ဘာမှမပြောခဲ့ပေမဲ့ ဝန်းရံနေတဲ့တာ့ခ်တွေက ဒါကဘာကိုဆိုလိုမှန်း နားလည်တယ်။

သူတို့က ကလေးလေးက အသီးကို သူကိုယ်တိုင်ကောက်ချင်မှန်းသိလိုက်တယ်။

ဒါကိုနားလည်လိုက်တာနှင့် တာ့ခ်ဇာ့ဂ်တစ်ယောက်က ကုဟိုင်နားကိုချဉ်းကပ်လာပြီး ကိုယ်ကိုကိုင်းလိုက်တယ်။

ကုဟိုင် "?"

ကုဟိုင်က ဇဝေဇဝါမျက်လုံးတွေနှင့် မော့ကြည့်လိုက်တယ်။သူက ဒီတာ့ခ်က ဘာလုပ်ချင်မှန်းနားမလည်ပေမဲ့ အခြားတစ်ဖက်မှာတော့ သူ့ကိုနာကျင်စေမှာမဟုတ်မှန်း နားလည်တာကြောင့် သူကမလှုပ်ရှားဘူး။

နောက်တစ်စက္ကန့်မှာတော့ ကြီးမားတဲ့တာ့ခ်၏လက်ဖျံက ကုဟိုင်ရှိရာကိုဆန့်တန်းလာပြီး သူ့ကိုအလွယ်တကူ မလိုက်ပြီး ဂရုတစိုက်နှင့် သူ့ကို ၎င်း၏ပခုံးပေါ်မှာနေရာချလိုက်တယ်။

သူ့အမြင့်က ပြောင်းလဲသွားပြီး ကုဟိုင်၏အမြင်က ရုတ်တရက် ကျယ်ပြန့်လာတယ်။သူ့မျက်လုံးထဲက ပတ်ဝန်းကျင်ရှူခင်းက ကွဲပြားသွားတယ်။

ကုဟိုင်က တာ့ခ်၏ပခုံးပေါ်မှာနေရာကျသွားတာကို တစ်စက္ကန့် နှစ်စက္ကန့်လောက် မတုံ့ပြန်နိုင်ဘူးဖြစ်သွားတယ်။နောက်တော့ တာ့ခ်က သူ့ကို သူ့မော့ကြည့်ခဲ့တဲ့ရွှေရောင်သစ်သီးရှိရာကို သယ်သွားတယ်။

"ဟစ်..."တာ့ခ်ဇာ့ဂ်က အသံနိမ့်တစ်သံကို ထုတ်လွှတ်ပြီး လူငယ်လေးကို မြှောက်လိုက်တော့ သူက သစ်သီးကို လှမ်းပြီးခူးယူလို့ရနိုင်တယ်။

ဒီနည်းလမ်းအားဖြင့် ကလေးက ပျော်ရွှင်လိမ့်မည်။

ကုဟိုင်က သစ်သီးကိုလှမ်းခူးယူလိုက်တယ်။သူက သူ့လက်ထဲက ရွှေရောင်သန်းနေတဲ့သစ်သီးကို တစ်ခဏလောက် ငုံ့ကြည့်နေရင်းမှ ရုတ်တရက် သူ့ပါးနှင့်တာ့ခ်၏ဦးခေါင်းရှိ မာကျောတဲ့အကာနှင့်ပွတ်သပ်လိုက်တယ်။

တစ်ချိန်တည်းမှာပင် တာ့ခ်၏မျက်ဆံသည် စိတ်အေးလက်အေးအနေအထားမှ အပ်တစ်ချောင်းအရွယ်ထိ မှေးကျဉ်းသွားပြီး ၎င်း၏လည်ချောင်းမှအသံသည် ပိုမိုရှင်းလင်းလာတယ်။

တခြားသောတာ့ခ်တွေကလည်း ဒီမြင်ကွင်းကို ခိုင်မာစွာစူးစိုက်ကြည့်နေကြတယ်။တစ်ယောက်ပြီးတစ်ယောက် ကုဟိုင်ကို သူ့တို့ပုခုံးပေါ် ဘယ်လိုသယ်ယူရသလဲဆိုတာ သင်ယူကြတယ်။

သူတို့ကလည်း လူငယ်လေးနှင့်ရင်းနှီးချင်ကြသည်။

--------------------------------------

မဖြစ်ထွန်းတဲ့ကြယ်တွေမှာ ရာသီဥတု အမျိုးမျိုးရှိတယ်။တစ်ချို့နေရာတွေမှာ နေသာနေရင်းနှင့် နောက်တစ်စက္ကန့်တွင် သတိပေးချက်မရှိဘဲ မိုးရွာနိုင်တယ်။

ရာသီဥတုက အဘိုးအိုရဲ့စိတ်နေစိတ်ထားနှင့်တူညီနေသကဲ့သို့ဖြစ်နိုင်တယ်။ကုဟိုင်နှင့် သူ့ပတ်ဝန်းကျင်ရှိ တာ့ခ်တွေကို လုံလောက်တဲ့တုံ့ပြန်ချိန်မရှိခင်မှာဘဲ မိုးဖွဲဖွဲလေးစရွာလာတယ်။

ဒါက မိုးရွာနေတာဖြစ်ပေမဲ့ တာ့ခ်တွေမှာ မိုးခိုတဲ့အလေ့အကျင့်အမျိုးမရှိဘူး။တစ်ဖက်မှာတော့ သူတို့က ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာ ရှန်သန်နေထိုင်နေပြီး မုန်တိုင်းတစ်ခုကတောင် ဘာမှမဟုတ်ဘူး။

သို့သော်လည်းဘဲ သူတို့၏ဘုရင်ကတော့ ကွဲပြားတယ်။

ကုဟိုင်ကို သယ်ထားတဲ့တာ့ခ်ဇာ့ဂ်က သဘာဝအလျောက်ဘဲ ကုဟိုင်ကို အောက်ချပေးလိုက်တယ်။

ကုဟိုင် မြေကြီးပေါ်မှာ မတ်တပ်ရပ်လိုက်တဲ့အခါ တာ့ခ်ဇာ့ဂ်က ကုဟိုင်ကို သူ့ရဲ့ကြီးမဲ့ခန္ဓာကိုယ်ကြီးနှင့် ရပ်ပြီးလှုပ်ရှားမှုမရှိဘဲ ကြီးမားတဲ့ကျောက်တုံးကြီးကဲ့သို့ ကာကွယ်ပေးနေတယ်။

ဒီနည်းလမ်းအားဖြင့် လူငယ်လေးက မိုးမိတော့မှာမဟုတ်ဘူး။

ဒီလိုရာသီဥတုမျိုးမှာ သူတို့ရဲ့ဘုရင်က အေးနေလိမ့်မလား?

တကယ်လို့ လူငယ်လေးသာ အေးနေရင် သူတို့ရဲ့ဘုရင်ကို သက်သောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာ ဘယ်လိုနွေးထွေးအောင် လုပ်ရမလဲ?

သူတို့ပတ်ဝန်းကျင်မှာ မိုးဖွဲဖွဲရွာနေပြီး တာ့ခ်ဇာ့ဂ်တွေ၏အတွေးတွေက ကုဟိုင်နှင့်သာဆက်စပ်နေတယ်။

စွန့်ပစ်ထားတဲ့ဂြိုဟ်ပေါ်မှာ ရွာချသည့် မိုးရေတွေသည် အဆိပ်သင့်ပြီး ဒီပတ်ဝန်းကျင်မှာပေါက်ရောက်ကြီးထွားတဲ့သစ်ပင်တွေက အလွန်ခံနိုင်ရည်ရှိတယ်ဟု ဆိုရမည်။

ဒီသစ်တောဧရိယာတွင် မကြာခဏမိုးရွာတတ်သည်။မိုးရေတွေနှင့် ခန္ဓာကိုယ်ထိမိလျှင် ပျက်စီးမှုဖြစ်စေနိုင်တာကြောင့် ဒီဂြိုဟ်ရှိရက်စက်ကြမ်းကြုတ်သောဇာတိမျိုးစိတ်တွေပင် သစ်တောအနီးကိုမသွားပင်...

ဒီသစ်တောလေးထဲကို မကြာခဏလာရောက်တတ်တဲ့သူတွေက ဒီတာ့ခ်ဇာ့ဂ်တွေသာဖြစ်နိုင်တယ်။

သူတို့က ဒီကိုလာပြီး သစ်သီးတွေကို စုဆောင်းရန်နှင့် ကလေးမွေးဖွားလာပြီးနောက်မှာ ကလေးအတွက် အစားအစာတွေကို ပြင်ဆင်ရန်အတွက်ဖြစ်တယ်။

ဒီနေရာက အန္တရာယ်အများကြီးရှိနိုင်ပေမဲ့ ဒီခုခံအားမြင့်မားတဲ့တာ့ခ်ဇာ့ဂ်တွေအတွက်ကတော့ ဒီနေရာကမိုးရေက အပေါ်ယံသာဖြစ်တယ်။

၎င်းတို့က ဂူထဲမှာတစ်ရက်လောက် အနားယူလိုက်တာနှင့် သဘာဝအတိုင်းပြန်ကောင်းလာနိုင်မည်ဖြစ်တာကြောင့် တာ့ခ်ဇာ့ဂ်သည် ဒီထိခိုက်မှုအဆင့်ကို ဒဏ်ရာဟုပင် မသတ်မှတ်ထားပေ။

"မြန်မြန်ပြန်ကြစို့"ပြောရရင် သူတို့က စူးစမ်းဖို့ထွက်လာတာ မကြာသေးပေမဲ့ သူက သူ့ပတ်ဝန်းကျင်က တာ့ခ်တွေကို မိုးရေဆက်ပြီးမစိုစေချင်ဘူး။ကုဟိုင်က ချက်ချင်းဘဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။

ဒီဂြိုဟ်ပေါ်က မိုးရေဟာ သာမန်မိုးရေနှင့်မတူတာကို ကုဟိုင်က တွေ့ခဲ့ရတယ်။

တကယ်လို့ သူသာ ထီးတစ်ချောင်းပြုလုပ်နိုင်မယ်ဆိုရင်....

လိုဏ်ဂူကို ပြန်တဲ့လမ်းမှာ ကုဟိုင်က တာ့ခ်ဇာ့ဂ်တစ်ယောက်ကို သစ်ကိုင်းတစ်ချို့ဖြတ်ယူလာစေဖို့ခိုင်းလိုက်တယ်။ဂူထဲကိုရောက်တော့ ကုဟိုင်က အဲဒီသစ်ကိုင်းတွေနှင့်အတူ မြေကြီးပေါ်ထိုင်လိုက်တယ်။

ကုဟိုင်က သူဥခွံကနေ ဖောက်ထွက်လာတုန်းကမှတ်ဉာဏ်ကို ပြန်တွေးပြီး သူက မသိစိတ်ကနေ စွမ်းရည်တစ်ခုကို အသုံးပြုပြီး သူဝတ်ထားတဲ့အဝတ်အစားတွေကို ပြုလုပ်ခဲ့တယ်။

သူက အဝတ်အစားတွေကိုလိုချင်တယ်လို့တွေးလိုက်တာနှင့် သူ့လက်ထဲက ဥခွံက လေထဲမှာ ပျောက်ကွယ်သွားပြီး အဝတ်အစားတွေက သူ့ကိုယ်ပေါ်မှာပေါ်လာတယ်။

ဒီစွမ်းရည်က ညီမျှတဲ့လဲလှယ်မှုနဲ့ဆင်တူတယ်လို့ ဆိုနိုင်လောက်လား?

သူဝတ်ဆင်ထားတဲ့အဝတ်အစားကို ချည်မျှင်နှင့်လုပ်ထားတာဟု ထင်ရပေမဲ့ ဇာ့ဂ်ဥခွံနှင့်လုပ်ထားတာဖြစ်တာကြောင့် သာမန်တော့မဟုတ်ဘူး။ဒီပစ္စည်းကို ဥခွံနှင့်လဲလှယ်လို့ရတာက ကျိုးကြောင်းသင့်တယ်။

ကုဟိုင်က သူ့စွမ်းရည်၏အခြေခံကို သိရှိထားပြီး မြေကြီးပေါ်က ရှည်လျားသည့်သစ်ကိုင်းနှင့်ကြီးမားတဲ့သစ်ရွက်ပေါ်လက်တင်ပြီး ထီးတစ်ချောင်း၏ပုံသဏ္ဍာန်ကို ပုံဖော်ကြည့်ရန် ကြိုးစားတယ်။

သစ်ကိုင်းသည် ထီး၏ကိုယ်ထည်ထီးရိုးဖြစ်လာပြီး သစ်ရွက်သည် ထီးရွက်ဖြစ်လာတယ်။

မျက်စိတ်တစ်မှိတ်အတွင်းမှာဘဲ များစွာသောသစ်ကိုင်းတွေနှင့်သစ်ရွက်တွေက ကုဟိုင်ထိလိုက်တာနှင့် ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် သူ့ဆန္ဒအတိုင်း ထီးအဖြစ်အသုံးပြုလို့ရဿည့်ဖန်တီးအသစ်တစ်ခုပေါ်လာသည်။

၎င်းက ခေတ်မှီဆန်းပြားသည့်ပုံမဟုတ်ဘဲ အနည်းငယ်ရုပ်ဆိုးနေပေမဲ့ ကုဟိုင်ကတော့ ပျော်ရွှင်စွာ ဒီရုပ်ဆိုးတဲ့ထီးကို မြေကြီးပေါ်ကနေကောက်ယူလိုက်တယ်။သူက ထီးကိုယူပြီး သူ့ကိုကြည့်နေတဲ့တာ့ခ်တစ်ယောက်ထံကို လျှောက်သွားလိုက်တယ်။

"မင်းအတွက်"ကုဟိုင်က ဖန်တီးမှုအသစ်ကို သူ့ရှေ့က တာ့ခ်ထံ ပြုံးနေတဲ့မျက်ဝန်းတွေနှင့် ကမ်းပေးလိုက်တယ်။

တာ့ခ်က ထီးကိုညင်သာစွာဆုတ်ကိုင်ပြီး နီမြန်းတဲ့ဒေါင်လိုက်မျက်ဝန်းတွေဖြစ့် ခဏလောက်စိုက်ကြည့်နေတယ်။

ဒီပစ္စည်းကို ဘာအတွက် အသုံးပြုရလဲမသိပေမဲ့ လူငယ်လေးက သူ့ကိုလက်ဆောင်ပေးတာဖြစ်တဲ့အတွက် တာ့ခ်ဇာ့ဂ်ရဲ့ပျော်ရွှင်မှုကို မတားဆီးနိုင်ဘူး။

ကုဟိုင်သည် နောက်ထပ်ထီးအနည်းငယ်ကိုဖန်တီးလိုသော်လည်းဘဲ သူ့ရဲ့စိတ်စွမ်းအင်သုံးစွဲခြင်းကြောင့် ပြင်းထန်စွာအိပ်ပျော်သွားသည်။သူကမြေကြီးပေါ်မှာဘဲ တစ်ဖန်ပြန်အိပ်ပျော်သွားသည်။

--------------

အခန္း(၄.၂)

တာ့ခ္ေတြက ကုဟိုင္၏ေတာင္းဆိုခ်က္ကို ဘယ္ေတာ့မွျငင္းဆန္မွာမဟုတ္ဘူး။ကုဟိုင္က သူ႔ဦးတည္ရာအတိုင္း ေခ်ာေခ်ာေမြ႕ေမြ႕သြားလိုက္ၿပီး သူ႔ေနာက္မွာ ဇာ့ဂ္အုပ္စုလိုက္ပါလာတယ္။

သူက ဒီဇာ့ဂ္အုပ္စုရဲ႕စိတ္လႈပ္ရွားမႈကို နားလည္ၿပီး ၎တို႔၏စိုးရိမ္ပူပန္မႈကို ကာကြယ္ဖို႔ရာ ၎တို႔၏ျမင္ကြင္းအတြင္း၌ရွိေနေစရန္ ေသခ်ာေစတယ္။

သစ္ေတာထဲက သစ္ပင္အမ်ားက နက္ေမွာင္ၿပီး ကုဟိုင္အရင္က စားခဲ့ဖူးသည့္အသီး၏အခြံကဲ့သို႔ျဖစ္တယ္။၎တို႔က မီးေလာင္ကြၽမ္းထားတဲ့မီးေသြးကဲ့သို႔ျဖစ္တယ္။

ေ႐ႊေရာင္သန္းေနတဲ့အသီးသီးေနတဲ့ သာမန္သစ္ပင္အနည္းငယ္လည္းရွိတယ္။၎တို႔က အနက္ေရာင္ေတြထဲမွာ အလြန္ကို မ်က္စိဖမ္းစားစရာေကာင္းၿပီး ကုဟိုင္က အဲဒါကို ျမင္တာႏွင့္ ခ်က္ခ်င္းဘဲ သြားေကာက္ယူခ်င္တယ္။

သို႔ေသာ္လည္းဘဲ ဒီသစ္ပင္က တကယ္ကိုျမင့္လြန္းတယ္။ကုဟိုင္က အနားမွာရပ္ေန႐ုံသာ တတ္ႏိုင္တယ္။ျမင့္မားတဲ့သစ္ပင္ကိုေမာ့ၾကည့္ၿပီး...ေမ့လိုက္ပါေတာ့...

ကေလးက သစ္ပင္ေပၚက အသီးကို စကၠန႔္အနည္းငယ္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့တယ္။သူက ဘာမွမေျပာခဲ့ေပမဲ့ ဝန္းရံေနတဲ့တာ့ခ္ေတြက ဒါကဘာကိုဆိုလိုမွန္း နားလည္တယ္။

သူတို႔က ကေလးေလးက အသီးကို သူကိုယ္တိုင္ေကာက္ခ်င္မွန္းသိလိုက္တယ္။

ဒါကိုနားလည္လိုက္တာႏွင့္ တာ့ခ္ဇာ့ဂ္တစ္ေယာက္က ကုဟိုင္နားကိုခ်ဥ္းကပ္လာၿပီး ကိုယ္ကိုကိုင္းလိုက္တယ္။

ကုဟိုင္ "?"

ကုဟိုင္က ဇေဝဇဝါမ်က္လုံးေတြႏွင့္ ေမာ့ၾကည့္လိုက္တယ္။သူက ဒီတာ့ခ္က ဘာလုပ္ခ်င္မွန္းနားမလည္ေပမဲ့ အျခားတစ္ဖက္မွာေတာ့ သူ႔ကိုနာက်င္ေစမွာမဟုတ္မွန္း နားလည္တာေၾကာင့္ သူကမလႈပ္ရွားဘူး။

ေနာက္တစ္စကၠန႔္မွာေတာ့ ႀကီးမားတဲ့တာ့ခ္၏လက္ဖ်ံက ကုဟိုင္ရွိရာကိုဆန႔္တန္းလာၿပီး သူ႔ကိုအလြယ္တကူ မလိုက္ၿပီး ဂ႐ုတစိုက္ႏွင့္ သူ႔ကို ၎၏ပခုံးေပၚမွာေနရာခ်လိုက္တယ္။

သူ႔အျမင့္က ေျပာင္းလဲသြားၿပီး ကုဟိုင္၏အျမင္က ႐ုတ္တရက္ က်ယ္ျပန႔္လာတယ္။သူ႔မ်က္လုံးထဲက ပတ္ဝန္းက်င္ရွဴခင္းက ကြဲျပားသြားတယ္။

ကုဟိုင္က တာ့ခ္၏ပခုံးေပၚမွာေနရာက်သြားတာကို တစ္စကၠန႔္ ႏွစ္စကၠန႔္ေလာက္ မတုံ႔ျပန္ႏိုင္ဘူးျဖစ္သြားတယ္။ေနာက္ေတာ့ တာ့ခ္က သူ႔ကို သူ႔ေမာ့ၾကည့္ခဲ့တဲ့ေ႐ႊေရာင္သစ္သီးရွိရာကို သယ္သြားတယ္။

"ဟစ္..."တာ့ခ္ဇာ့ဂ္က အသံနိမ့္တစ္သံကို ထုတ္လႊတ္ၿပီး လူငယ္ေလးကို ေျမႇာက္လိုက္ေတာ့ သူက သစ္သီးကို လွမ္းၿပီးခူးယူလို႔ရႏိုင္တယ္။

ဒီနည္းလမ္းအားျဖင့္ ကေလးက ေပ်ာ္႐ႊင္လိမ့္မည္။

ကုဟိုင္က သစ္သီးကိုလွမ္းခူးယူလိုက္တယ္။သူက သူ႔လက္ထဲက ေ႐ႊေရာင္သန္းေနတဲ့သစ္သီးကို တစ္ခဏေလာက္ ငုံ႔ၾကည့္ေနရင္းမွ ႐ုတ္တရက္ သူ႔ပါးႏွင့္တာ့ခ္၏ဦးေခါင္းရွိ မာေက်ာတဲ့အကာႏွင့္ပြတ္သပ္လိုက္တယ္။

တစ္ခ်ိန္တည္းမွာပင္ တာ့ခ္၏မ်က္ဆံသည္ စိတ္ေအးလက္ေအးအေနအထားမွ အပ္တစ္ေခ်ာင္းအ႐ြယ္ထိ ေမွးက်ဥ္းသြားၿပီး ၎၏လည္ေခ်ာင္းမွအသံသည္ ပိုမိုရွင္းလင္းလာတယ္။

တျခားေသာတာ့ခ္ေတြကလည္း ဒီျမင္ကြင္းကို ခိုင္မာစြာစူးစိုက္ၾကည့္ေနၾကတယ္။တစ္ေယာက္ၿပီးတစ္ေယာက္ ကုဟိုင္ကို သူ႔တို႔ပုခုံးေပၚ ဘယ္လိုသယ္ယူရသလဲဆိုတာ သင္ယူၾကတယ္။

သူတို႔ကလည္း လူငယ္ေလးႏွင့္ရင္းႏွီးခ်င္ၾကသည္။

--------------------------------------

မျဖစ္ထြန္းတဲ့ၾကယ္ေတြမွာ ရာသီဥတု အမ်ိဳးမ်ိဳးရွိတယ္။တစ္ခ်ိဳ႕ေနရာေတြမွာ ေနသာေနရင္းႏွင့္ ေနာက္တစ္စကၠန႔္တြင္ သတိေပးခ်က္မရွိဘဲ မိုး႐ြာႏိုင္တယ္။

ရာသီဥတုက အဘိုးအိုရဲ႕စိတ္ေနစိတ္ထားႏွင့္တူညီေနသကဲ့သို႔ျဖစ္ႏိုင္တယ္။ကုဟိုင္ႏွင့္ သူ႔ပတ္ဝန္းက်င္ရွိ တာ့ခ္ေတြကို လုံေလာက္တဲ့တုံ႔ျပန္ခ်ိန္မရွိခင္မွာဘဲ မိုးဖြဲဖြဲေလးစ႐ြာလာတယ္။

ဒါက မိုး႐ြာေနတာျဖစ္ေပမဲ့ တာ့ခ္ေတြမွာ မိုးခိုတဲ့အေလ့အက်င့္အမ်ိဳးမရွိဘူး။တစ္ဖက္မွာေတာ့ သူတို႔က ၾကမ္းတမ္းတဲ့ပတ္ဝန္းက်င္မွာ ရွန္သန္ေနထိုင္ေနၿပီး မုန္တိုင္းတစ္ခုကေတာင္ ဘာမွမဟုတ္ဘူး။

သို႔ေသာ္လည္းဘဲ သူတို႔၏ဘုရင္ကေတာ့ ကြဲျပားတယ္။

ကုဟိုင္ကို သယ္ထားတဲ့တာ့ခ္ဇာ့ဂ္က သဘာဝအေလ်ာက္ဘဲ ကုဟိုင္ကို ေအာက္ခ်ေပးလိုက္တယ္။

ကုဟိုင္ ေျမႀကီးေပၚမွာ မတ္တပ္ရပ္လိုက္တဲ့အခါ တာ့ခ္ဇာ့ဂ္က ကုဟိုင္ကို သူ႔ရဲ႕ႀကီးမဲ့ခႏၶာကိုယ္ႀကီးႏွင့္ ရပ္ၿပီးလႈပ္ရွားမႈမရွိဘဲ ႀကီးမားတဲ့ေက်ာက္တုံးႀကီးကဲ့သို႔ ကာကြယ္ေပးေနတယ္။

ဒီနည္းလမ္းအားျဖင့္ လူငယ္ေလးက မိုးမိေတာ့မွာမဟုတ္ဘူး။

ဒီလိုရာသီဥတုမ်ိဳးမွာ သူတို႔ရဲ႕ဘုရင္က ေအးေနလိမ့္မလား?

တကယ္လို႔ လူငယ္ေလးသာ ေအးေနရင္ သူတို႔ရဲ႕ဘုရင္ကို သက္ေသာင့္သက္သာရွိတဲ့ပတ္ဝန္းက်င္မွာ ဘယ္လိုေႏြးေထြးေအာင္ လုပ္ရမလဲ?

သူတို႔ပတ္ဝန္းက်င္မွာ မိုးဖြဲဖြဲ႐ြာေနၿပီး တာ့ခ္ဇာ့ဂ္ေတြ၏အေတြးေတြက ကုဟိုင္ႏွင့္သာဆက္စပ္ေနတယ္။

စြန႔္ပစ္ထားတဲ့ၿဂိဳဟ္ေပၚမွာ ႐ြာခ်သည့္ မိုးေရေတြသည္ အဆိပ္သင့္ၿပီး ဒီပတ္ဝန္းက်င္မွာေပါက္ေရာက္ႀကီးထြားတဲ့သစ္ပင္ေတြက အလြန္ခံႏိုင္ရည္ရွိတယ္ဟု ဆိုရမည္။

ဒီသစ္ေတာဧရိယာတြင္ မၾကာခဏမိုး႐ြာတတ္သည္။မိုးေရေတြႏွင့္ ခႏၶာကိုယ္ထိမိလွ်င္ ပ်က္စီးမႈျဖစ္ေစႏိုင္တာေၾကာင့္ ဒီၿဂိဳဟ္ရွိရက္စက္ၾကမ္းၾကဳတ္ေသာဇာတိမ်ိဳးစိတ္ေတြပင္ သစ္ေတာအနီးကိုမသြားပင္...

ဒီသစ္ေတာေလးထဲကို မၾကာခဏလာေရာက္တတ္တဲ့သူေတြက ဒီတာ့ခ္ဇာ့ဂ္ေတြသာျဖစ္ႏိုင္တယ္။

သူတို႔က ဒီကိုလာၿပီး သစ္သီးေတြကို စုေဆာင္းရန္ႏွင့္ ကေလးေမြးဖြားလာၿပီးေနာက္မွာ ကေလးအတြက္ အစားအစာေတြကို ျပင္ဆင္ရန္အတြက္ျဖစ္တယ္။

ဒီေနရာက အႏၲရာယ္အမ်ားႀကီးရွိႏိုင္ေပမဲ့ ဒီခုခံအားျမင့္မားတဲ့တာ့ခ္ဇာ့ဂ္ေတြအတြက္ကေတာ့ ဒီေနရာကမိုးေရက အေပၚယံသာျဖစ္တယ္။

၎တို႔က ဂူထဲမွာတစ္ရက္ေလာက္ အနားယူလိုက္တာႏွင့္ သဘာဝအတိုင္းျပန္ေကာင္းလာႏိုင္မည္ျဖစ္တာေၾကာင့္ တာ့ခ္ဇာ့ဂ္သည္ ဒီထိခိုက္မႈအဆင့္ကို ဒဏ္ရာဟုပင္ မသတ္မွတ္ထားေပ။

"ျမန္ျမန္ျပန္ၾကစို႔"ေျပာရရင္ သူတို႔က စူးစမ္းဖို႔ထြက္လာတာ မၾကာေသးေပမဲ့ သူက သူ႔ပတ္ဝန္းက်င္က တာ့ခ္ေတြကို မိုးေရဆက္ၿပီးမစိုေစခ်င္ဘူး။ကုဟိုင္က ခ်က္ခ်င္းဘဲ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္တယ္။

ဒီၿဂိဳဟ္ေပၚက မိုးေရဟာ သာမန္မိုးေရႏွင့္မတူတာကို ကုဟိုင္က ေတြ႕ခဲ့ရတယ္။

တကယ္လို႔ သူသာ ထီးတစ္ေခ်ာင္းျပဳလုပ္ႏိုင္မယ္ဆိုရင္....

လိုဏ္ဂူကို ျပန္တဲ့လမ္းမွာ ကုဟိုင္က တာ့ခ္ဇာ့ဂ္တစ္ေယာက္ကို သစ္ကိုင္းတစ္ခ်ိဳ႕ျဖတ္ယူလာေစဖို႔ခိုင္းလိုက္တယ္။ဂူထဲကိုေရာက္ေတာ့ ကုဟိုင္က အဲဒီသစ္ကိုင္းေတြႏွင့္အတူ ေျမႀကီးေပၚထိုင္လိုက္တယ္။

ကုဟိုင္က သူဥခြံကေန ေဖာက္ထြက္လာတုန္းကမွတ္ဉာဏ္ကို ျပန္ေတြးၿပီး သူက မသိစိတ္ကေန စြမ္းရည္တစ္ခုကို အသုံးျပဳၿပီး သူဝတ္ထားတဲ့အဝတ္အစားေတြကို ျပဳလုပ္ခဲ့တယ္။

သူက အဝတ္အစားေတြကိုလိုခ်င္တယ္လို႔ေတြးလိုက္တာႏွင့္ သူ႔လက္ထဲက ဥခြံက ေလထဲမွာ ေပ်ာက္ကြယ္သြားၿပီး အဝတ္အစားေတြက သူ႔ကိုယ္ေပၚမွာေပၚလာတယ္။

ဒီစြမ္းရည္က ညီမွ်တဲ့လဲလွယ္မႈနဲ႔ဆင္တူတယ္လို႔ ဆိုႏိုင္ေလာက္လား?

သူဝတ္ဆင္ထားတဲ့အဝတ္အစားကို ခ်ည္မွ်င္ႏွင့္လုပ္ထားတာဟု ထင္ရေပမဲ့ ဇာ့ဂ္ဥခြံႏွင့္လုပ္ထားတာျဖစ္တာေၾကာင့္ သာမန္ေတာ့မဟုတ္ဘူး။ဒီပစၥည္းကို ဥခြံႏွင့္လဲလွယ္လို႔ရတာက က်ိဳးေၾကာင္းသင့္တယ္။

ကုဟိုင္က သူ႔စြမ္းရည္၏အေျခခံကို သိရွိထားၿပီး ေျမႀကီးေပၚက ရွည္လ်ားသည့္သစ္ကိုင္းႏွင့္ႀကီးမားတဲ့သစ္႐ြက္ေပၚလက္တင္ၿပီး ထီးတစ္ေခ်ာင္း၏ပုံသ႑ာန္ကို ပုံေဖာ္ၾကည့္ရန္ ႀကိဳးစားတယ္။

သစ္ကိုင္းသည္ ထီး၏ကိုယ္ထည္ထီး႐ိုးျဖစ္လာၿပီး သစ္႐ြက္သည္ ထီး႐ြက္ျဖစ္လာတယ္။

မ်က္စိတ္တစ္မွိတ္အတြင္းမွာဘဲ မ်ားစြာေသာသစ္ကိုင္းေတြႏွင့္သစ္႐ြက္ေတြက ကုဟိုင္ထိလိုက္တာႏွင့္ ေပ်ာက္ကြယ္သြားၿပီး ေျမျပင္ေပၚတြင္ သူ႔ဆႏၵအတိုင္း ထီးအျဖစ္အသုံးျပဳလို႔ရႆည့္ဖန္တီးအသစ္တစ္ခုေပၚလာသည္။

၎က ေခတ္မွီဆန္းျပားသည့္ပုံမဟုတ္ဘဲ အနည္းငယ္႐ုပ္ဆိုးေနေပမဲ့ ကုဟိုင္ကေတာ့ ေပ်ာ္႐ႊင္စြာ ဒီ႐ုပ္ဆိုးတဲ့ထီးကို ေျမႀကီးေပၚကေနေကာက္ယူလိုက္တယ္။သူက ထီးကိုယူၿပီး သူ႔ကိုၾကည့္ေနတဲ့တာ့ခ္တစ္ေယာက္ထံကို ေလွ်ာက္သြားလိုက္တယ္။

"မင္းအတြက္"ကုဟိုင္က ဖန္တီးမႈအသစ္ကို သူ႔ေရွ႕က တာ့ခ္ထံ ၿပဳံးေနတဲ့မ်က္ဝန္းေတြႏွင့္ ကမ္းေပးလိုက္တယ္။

တာ့ခ္က ထီးကိုညင္သာစြာဆုတ္ကိုင္ၿပီး နီျမန္းတဲ့ေဒါင္လိုက္မ်က္ဝန္းေတြျဖစ့္ ခဏေလာက္စိုက္ၾကည့္ေနတယ္။

ဒီပစၥည္းကို ဘာအတြက္ အသုံးျပဳရလဲမသိေပမဲ့ လူငယ္ေလးက သူ႔ကိုလက္ေဆာင္ေပးတာျဖစ္တဲ့အတြက္ တာ့ခ္ဇာ့ဂ္ရဲ႕ေပ်ာ္႐ႊင္မႈကို မတားဆီးႏိုင္ဘူး။

ကုဟိုင္သည္ ေနာက္ထပ္ထီးအနည္းငယ္ကိုဖန္တီးလိုေသာ္လည္းဘဲ သူ႔ရဲ႕စိတ္စြမ္းအင္သုံးစြဲျခင္းေၾကာင့္ ျပင္းထန္စြာအိပ္ေပ်ာ္သြားသည္။သူကေျမႀကီးေပၚမွာဘဲ တစ္ဖန္ျပန္အိပ္ေပ်ာ္သြားသည္။

--------------

Continue Reading

You'll Also Like

3M 187K 58
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
698K 42.6K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.