ညနေ ၅နာရီခွဲအချိန်။
ညနေပိုင်းကို မြို့အစွန်ဘက်ရှိ နှီးဘုရားကြီး၌ ဆီမီးများပူဇော်ကာ အနီးအနားစေတီပုထိုးများပါ ဆီမီးပူဇော်ကြမည်မို့ ဘုရားပုရဝဏ်နှင့် အပြင်ဘက်တွင် လူစည်ကားလျက်ရှိပြီး ဈေးဆိုင်တန်းတချို့လည်းရှိ၏။
မနက်ခင်း ဆွမ်းလောင်းပြီးချိန်၌ အိမ်ကိုအရောက်ပို့ကာ
ညနေခင်းပိုင်း ပြန်လာခေါ်မှာမို့ အနားယူလိုက်အုန်းဟု မှာသွားသော ၈တန်းကောင် ခန့်စေထွဋ်နောင်ကြောင့် နေ့လည်ခင်း
ခဏတဖြုတ် အိပ်ကာ ဆီမီးပူဇော်ပွဲ သွားရန် ပြင်ဆင်ရ၏။
အမေကတော့ မလိုက်တော့သည်မို့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ လေးယောက်အုပ်စု၊ စုစုပေါင်း
၆ယောက်တည်းသာ သွားဖို့ အကြောင်းဖန်လာ၏။
ဘုရားသွားမှာမို့ အပေါ်အင်္ကျီလည်ကတုံး ပန်းဆီရောင်နုနုလေးနှင့် ပုဆိုး မရမ်းပုပ်ရောင်လေး ဝတ်ထားသော ထွန်းလမင်းသာဟာ
နူးနူးညံ့ညံ့လေးနှင့် ကတ္တီပါဖိနပ် အနက်ရောင်စီးထားသော ခြေချောင်းဖြူသွယ်သွယ်လေးတွေက ထိရက်စရာမရှိအောင် ပန်းရောင်သန်းလို့နေ၏။ စိုင်းဟန်လျှမ်းကတော့ အပေါ်အင်္ကျီ လည်ကတုံးအဖြူရောင်နှင့် ဖျင်နီရှမ်းဘောင်းဘီလေးဝတ်ထားကာ
တီတီနု လက်ချက်ကြောင့် ပါးပြင်၌ ဝလုံးပုံသဏ္ဌာန် သနပ်ခါးကွက်လေးက အမြဲတပ်ဆင်ထားရသော မျက်မှန်ဝိုင်းနှင့် ပနံသင့်ကာ ချစ်စရာကောင်းနေ၏။ သကောင့်သားကတော့
အခွင့်ကောင်းရကာ လူပျိုလှည့်ချင်သူပီပီမို့ မျက်နှာပေါ်က သနပ်ခါးကြောင့် အိမ်ရှေ့ဝရံတာဘက်တွင် ထုတ်ထားသော ဧည့်စားပွဲ နား၌ စူပုတ်ကာ ထိုင်နေ၏။
ဖျက်လိုက်လေ!ဆိုပြန်တော့လဲ မားက သနပ်ခါး ပျက်လာရင် ထုမယ်တဲ့။
ဘုရားတွင် ဆီမီးပူဇော်ရန် အမေနှင့် တီတီနုက ဖယောင်းတိုင်နှင့် အမွှေးတိုင်များ ဖလားထဲ ထည့်ပေးကာ အဝေးကြီး လျှောက်မသွားရန်၊ စော်ဘွားကုန်းပေါ် မိုးချုပ်ပြီမို့ မတက်တော့ရန်၊
သူငယ်ချင်းတွေ လူစုမကွဲစေရန် အထပ်ထပ်အခါခါမှာကြားနေ၏။
ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ကတော့
''ဟုတ်'' တစ်လုံးဆောင်ကာ ၈တန်းကောင်တို့အား မြန်မြန်လာခေါ်ရန် မျှော်နေရ၏။
မျှော်လို့ပင်မဆုံးသေးခင် ခြံရှေ့၌ ဆိုင်ကယ် လေးစီး ရပ်လာလေ၏။
ကျွန်တော်တို့ နှစ်ယောက် ဟန်ပင်မဆောင်နိုင် ဖယောင်းတိုင်များထည့်ထားသော ငွေဖလားကြီး နှစ်ခွက်အား တစ်ခွက်စီ ကောက်ကိုင်ကာ အိမ်ပေါ်က ပြေးဆင်းရ၏။
*******
ဆိုင်ကယ်ရပ်ကာ ဆင်းဆင်းချင်း ပုဆိုးလေးနှင့် ဖလားကြီးကိုင်ကာအိမ်ပေါ်မှ လုံး လုံးကလေးပြေးဆင်းလာသော အသေးလေးကြောင့် ခန့်စေ ပြုံးမိ၏။ ဒီအတောအတွင်း လမင်းလေးက ကိုယ့်အပေါ် အရင်လောက် သူစိမ်းမဆန်တော့ပဲ
လိုက်လျောညီထွေ ရှိလာတာမို့ အခြေအနေက မဆိုးဟု ယူဆရ၏။
ဒါပေမယ့် အရင်လို မျက်နှာတည်နဲ့ မစတော့တာမို့။ ကြောက်ပြီးငိုတာမျိုးမရှိတော့ပေမယ့် အလိုလိုက်ထားတော့ အကြိုက်ဆိုးကာ သူ့ကို မထင်ရင် မထင်သလို လက်ပိစိလေးတွေနဲ့ရိုက်တက်လာ၏။
''ဖြေးဖြေး လာလည်းရပါတယ် မောင့် လမင်းရယ် မောင်လာခေါ်မှာပေါ့ ''
"ဟို .. မဟုတ်ပါဘူး မင်း စောင့်ရတာကြာမှာဆိုးလို့"
"ဘာမှမဖြစ်ဘူး ရတယ်"
ဆိုင်ကယ်သံကြားတာနှင့် ပြေးဆင်းသွားသော အကောင်ပေါက် နှစ်ကောင်ကြောင့် အမေနှစ်ယောက်က ရယ်ကာ အိမ်ပေါ်မှ ဆင်းလာ၏။
"အမလေး အမောင်သာသာလေးက အမေမပါရင် သားလဲပျင်းတာပေါ့ ဆိုတာကို နားရှိလို့သာကြားရတာပါနော်
လာခေါ်တာနဲ့ တန်းပြေးတာပဲ"
"သားက စောင့်ရတာကြာမှာဆိုးလို့ပါ"
"ဟုတ်ပါပြီ သားစေတို့ရေ အဲ့ကလေးလေးနှစ်ယောက်ကို ညီလေးတွေလို စောင့်ရှောက်ပေးကြပါအုန်း တီချိုတို့ မလိုက်တော့ဘူးနော် "
"ဟုတ်ကဲ့ပါဗျ"
"အိမ်က မျောက်လေးကိုလဲ ထိန်းကြအုန်းနော် သားတို့"
"ဟာ မား! "
"အေးပါ အေးပါ မစတော့ဘူး စိတ်ချမယ်နော် သားတို့"
ဟုတ်...။၆ယောက်သား ပြိုင်တူရွတ်ကာ ဆီမီးထွန်းပွဲဆီသို့ ။
ခန့်စေ ကိုယ့်အနောက်တွင် အငြိမ်သားလေးထိုင်လျက် လိုက်လာသော ကောင်လေးအား စကားစ ကာပြောလိုက်၏။
"မောင့်လမင်း"
"........."
"အကိုထွန်းလမင်းသာ "
"ဟင်"
"ခေါ်နေတာကို ဘာလို့မထူးတာလဲ "
" ထူးနေတာပဲဟာကို"
"အင်းပါ ထားပါတော့ ဘယ်ဘုရားအရင်သွားမလဲ "
"မသိဘူးလေ မင်းခေါ်တဲ့အနောက် လိုက်ရမှာပေါ့"
" ဘယ်ခေါ်ခေါ်ပေါ့"
"အွန်း "
"အဲ့တာဆို ခိုးရာနောက်လဲ ခေါ်ရင် လိုက်မှာပေါ့ ဟုတ်လား"
ဘုန်း!ဘုန်း! ဘုန်း!
အ့! အဆုတ်တွေ ကွာကုန်ပြီလား မသိပါဘူး။ ဒီသေးသေးလေးက အားကြီးလိုက်တာ ဘယ်က အားတွေရလို့ လူကို အနောက်က အသေရိုက်နေမှန်းမသိဘူး။ အလိုလိုက်လို့ ဆိုးချင်တာပေါ့။ နေအုန်း! ဟောက်စား လိုက်ထားအုန်းမှ ။
" အ့! နာတယ်ကွ "
"မင်းက ဘာလို့ အဲ့လိုတွေ ပြောနေတာလဲ "
" အဲ့လိုပြောတာနဲ့ ရိုက်စရာလားကွ မင်းအသားမဟုတ်တိုင်း ''
"........"
" ကြားလား အနောက်က"
"ဆိုင်ကယ် ရပ်ပေး"
"ဘာပြောတယ်!"
"ဆိုင်ကယ် ရပ်ပေးလို့! ငါ ခုန်ချလိုက်မှာနော်! အီး ဟီး!!!"
"ဟာ! ဟိတ် ခဏ မောင်ရပ်ပေးမယ် "
ခန့်စေ ဆိုင်ကယ်ရပ်တာနဲ့ ချက်ချင်း ဆိုင်ကယ်ပေါ်မှ ဆင်းကာ လာရာ လမ်းအတိုင်း လှည့်ပြန်ကာ သွားနေသော လုံးလုံးသေးသေးလေးကြောင့် ဒေါက် အမြန်ထောက်ကာ ပြေးလိုက်ရ၏။ အနောက်က လိုက်လာသော ဆိုင်ကယ် သုံးစီးကလဲ ဘာဖြစ်တာလဲ ဟူသောအကြည့်ဖြင့် ဆိုင်ကယ်ရပ်ကာ ဆင်းလာကြ၏။
အရှေ့မှ သုတ်သုတ်နှင့် မပြေးရုံတမယ် သွားနေသော အသေးလေးကြောင့် ခန့်စေ အနောက်မှ အပြေးလိုက်နေရ၏။
မြန်လိုက်တာ ။ မနည်းလိုက်နေရတယ်။ ခြေလှမ်းကျဲ ကြီးများနှင့် လိုက်တာမို့ မှီတာနှင့် လက်ကောက်ဝတ်လေးအား လှမ်းဆွဲကာ တားရ၏။
"လွှတ်! ငါ ပြန်မှာ မင်းတို့နဲ့ မလိုက်ဘူး"
" မောင်တို့ ဘုရားမရောက်သေးဘူးလေ မောင့်လမင်းရာ "
" ငါ မလိုက်ဘူးလို့ ငါ အိမ်ပဲပြန်မယ် "
"မောင် အော်လို့လား မောင်က စတာလေကွာ"
အနောက်က လေးယောက်ကလဲ အနားရောက်လာ၏။
"အိုက်လမင်းသာ ဘာဖြစ်တာလဲ "
သန့်စင်ထွန်းနား ရပ်နေသော စိုင်းဟန်လျှမ်းအား မြင်တာနှင့် အနားသို့သွားကာလက်ဆွဲ၍
"ပြန်မယ် အိုက်လျှမ်း မင်းလဲ သူတို့နဲ့ မလိုက်နဲ့ "
"ဘာဖြစ်ကြတာလဲ ငစေ ဘာလို့ အကိုလမင်းက ငိုနေတာလဲ "
ဝဏ္ဏအမေးအား သန့်စင်ထွန်းကပါ ထောက်ခံ၏။
"အေး မင်းဘာလုပ်လိုက်ပြန်ပြီလဲ ငိုအောင် မစပဲ မနေနိုင်ဘူးလား
အဲ့တာနဲ့ ဘုရားကသွားမှာလား မသွားဘူးလား"
" ကျစ်! "
" ပြန်မယ်လို့ "
မျက်ရည်အရွဲသားနှင့် လက်ဆွဲကာ ပြန်မယ်ချည်းလုပ်နေသော
ထွန်းလမင်းသာနှင့် အူကြောင်ကြောင်ရပ်ကာ ကြည့်နေသော စိုင်းဟန်လျှမ်းကြောင့် ဝဏ္ဏဦးမှာ မနေသာတော့ပဲ ဝင်ပြောရ၏။
"အကိုလမင်းသာ ဟိုကောင် စလိုက်လို့ငိုတာလား
ဘုရားကရောက်တော့မှာ အကို ။ အိမ်ပြန်ရင် လမ်းလျှောက်ရမှာအဝေးကြီးပဲလေဗျာ ဘုရားသွားပြီးမှ အိမ်ပြန်လိုက်ပို့ပါမယ် အန်တီချိုက အကို ဒီလိုပြန်သွားရင် စိတ်ပူမှာပေါ့ "
"ရတယ် ငါ အိမ်ပြန်ချင်တာ"
" အဝေးကြီး လမ်းလျှောက်ရမှာ ဘာကို အိမ်ပြန်ချင်တာလဲ
ဒါလေး စ'တာ ကို ဒီလောက်ဖြစ်စရာလိုလားကွာ"
အိမ်ပြန်မယ် တကဲကဲ လုပ်နေတာမို့ ခန့်စေ အရှေ့က အသေးလေးကို စိတ်မရှည်တော့သလို အသည်းလည်းယားလာပြီ။
ကိုယ့်စကားကို ဂရုပင်မစိုက်ပဲ သူ့သူငယ်ချင်းကိုပဲ လက်ဆွဲခေါ်နေ၏။ဟိုက ပြန်မလိုက်ချင်ပုံရ၏။
" ကဲပါ အကိုလမင်းသာက ဝဏ္ဏနောက်က လိုက်စီးလိုက်လေနော် မပြန်ပါနဲ့ဗျာ အဝေးကြီး ပြန်ရမှာ ဘုရားလည်းရောက်တော့မှာပဲ
အကိုဟန်လျှမ်းလဲ ဘုရားသွားချင်မှာပေါ့"
ဟိုကလဲ မသွားချင်ရှာဘူး ခေါင်းပြုတ်ထွက်မတက် ငြိမ့်ကာ ထောက်ခံရှာ၏။
"ကျုပ် နောက်က လိုက်မစီးလဲ ရတယ် ဘုရားတော့ လိုက်ခဲ့
ခင်များကို ဘာမှ မလုပ်ဘူး ကြားလား"
"ငါ့ကို လာမအော်နဲ့!ကောင်စုတ်ရဲ့! "
"ဟာ! အော်နေလို့လား "
"ကဲ တော်ပြီ လာ အကို လမင်းသာ ကျွန်တော်နဲ့ လိုက်ခဲ့ မင်းလဲ အရှေ့ကသွားတော့ ခန့်စေ"
ဝင်မတားရင် တစ်ယောက်တစ်ခွန်းနဲ့ ပြီးတော့မှာ မဟုတ်တာမို့
ဝဏ္ဏ ဝင်ပြောကာ ဘုရားဆီသို့ ဦးတည်ရပြန်သည်။ နောက်က ငြိမ်ငြိမ်လေး လိုက်လာတဲ့ အကိုကလဲ ကလေးလေးလို ရှိုက်နေ၏။
တစ်ကယ်ပါပဲ သူငယ်ချင်းဖြစ်သူ ဟိုကောင်ကလဲ ဒီဟာလေးဆို ငိုအောင် မစရရင် မနေနိုင်ဘူးလား မသိပါဘူး ။
စ ပြီးရင် ချော့တက်တာလဲမဟုတ်ပဲနဲ့။
ဘုရားရောက်ပြန်တော့လဲ ထွန်းလမင်းသာ တစ်ယောက် ဝဏ္ဏအနားကမခွာ သူ့နားက ထွက်သွားရင် ဟိုကောင်ရောက်လာမှာဆိုးလို့ ဖလားကြီးပါ ကိုင်ခိုင်းထားလိုက်သည်။ စိုင်းဟန်လျှမ်းကတော့ သန့်စင်ထွန်းနှင့် ဆီမီးများ ပတ်ထွန်းနေကာ ထွန်းလမင်းသာ အနားပင် ကပ်မလာ။
နှီးဘုရား၌ ဆီမီးပူဇော်ခဲ့ပြီး လယ်ကွင်းပြင်အလယ်၌ တသီးတသန့်ရှိနေသော အများသူငှာအခေါ် လယ်ကွင်းေစတီဆီသို့
ခေါ်လာသဖြင့် လက်ကျန် ဖယောင်းတိုင်လေးများဖြင့် ဆီမီးများကို စေတီပတ်ပတ်လည်အား ဝဏ္ဏနှင့်အတူ လိုက်လံပူဇော်လိုက်၏။
ဟို၈တန်းကောင်ကို မသိမသာ ကြည့်ပြန်တော့လဲ မျက်မှောင်ကြီးကြုတ်ကာ အနောက်က လိုက်နေ၏။
အကြည့်ချင်းဆုံပြန်တော့လဲ ဟွန့် ကနဲအသံပြုကာ မျက်စောင်း ပစ်ထိုးပြလိုက်၏။
ရန်ဖြစ်ထားတယ်လေ ဘာလို့အနောက်က တစ်ကောက်ကောက်လိုက်ပြီး လူကို စိုက်ကြည့်နေမှန်းမသိဘူး။
ရုပ်ကိုကလူမိုက်ရုပ်နဲ့။ ကတုံးပေါက်ကေနဲ့ သူ့လို လည်ကတုံးအနက်ရောင်နှင့် ငွေရောင် ပုဆိုးဝတ်ထားတဲ့ ကတုံးကောင်က ချောနေပေမယ့်လဲ ရန်ဖြစ်ထားတာမို့ မျက်စိထဲ နည်းနည်းလေးမှ အချိုးမပြေပါ။
ခန့်စေ သူ့အားခဏခဏ လှည့်ကြည့်ကာ မျက်စောင်းထိုးပြနေသောအရှေ့က အသေးလေးအား အသည်းယားလာသည်။ စ လိုက်တာကို ငိုယိုပြီး ပြန်မယ်တကဲကဲ
လုပ်နေသူကြီးက တွေ့သမျှ နေရာ ဆီမီးပတ်ထွန်းကာ ဝဏ္ဏနှင့် စကားတပြောပြော ပြုံးရွှင်ရွှင်လုပ်နေတာများ အစောတုန်းက ငါပြန်မှာ!ငါအိမ်ပဲပြန်မှာ လုပ်နေတာ သူမဟုတ်တဲ့ အတိုင်း။
အရှေ့ကနေ သူ့အား အဖက်မလုပ် အရေးမလုပ်နှင့် နေပြနေတာ
အမြင်လဲကတ်သလို အသည်းလည်းယားလှ၏။
ခန့်စေ စူးစိုက်ကာ ကြည့်နေတုန်း အသေးလေးက ဝဏ္ဏ ဖုန်းနှင့် ဓာတ်ပုံတောင် အတူတူရိုက်နေသေးသည်။ လက်ကလေး နှစ်ချောင်းက ထောင်ပြလို့ ပါးချိုင့်ကလေးက အထင်းသား။
ခန့်စေ ကြည့်နေရင်း တပူးပူးတကပ်ကပ်နှင့် ဓာတ်ပုံရိုက်နေကြသော နှစ်ယောက်အား ဘာလို့မှန်းမသိ ဒေါသထွက်လာ၏။ ဟိုတစ်ယောက်က ဘာတွေများ သဘောကျစရာရှိလို့ အဲ့လောက်ပြုံးနေရတာလဲ။ ကိုယ်နဲ့အနီးကပ်ရှိနေစဉ် တလျှောက် တစ်ခါမှ ဒီလို မပြုံးဖူး ။ မပြုံးပြဖူး။
ခင်များက အပြုံးကိုတောင် ကျုပ်ကိုပဲကွက်ပြီး ပေးတာလား။ တွေ့မယ်!
"လိုက်ခဲ့!"
"အာ့!"
ဆီမီးအရောင် အကူအညီဖြင့် ရိုက်ထားသော ဝဏ္ဏဖုန်းထဲက ပုံများအား ထွန်းလမင်းသာ ပြန်တောင်းကြည့်မိ၏။ည မိုးချုပ်မို့ ဖယောင်းတိုင်မီးက မျက်လုံးထဲမှာ အရိပ်ထင်ကာ မသိလျှင် ဘီလူးမျက်လုံးလို နီရဲရဲနှင့်။ တချို့ပုံတွေက သွားပေါ်အောင်ရယ်နေတာမို့ ပိုဆိုး၏။ ထိုပုံများကို ကြည့်ကာ သဘောတကျ ရယ်နေတုန်း အနောက်ဘက်မှ ဆောင့်ဆွဲလာသော လက်တစ်ဖက်ကြောင့် လန့်သွားရ၏။
"လွှတ် ! နာတယ်လို့"
စေတီပရဝဏ် အပြင်ဘက်၌ ပေါက်နေသော တရုတ်စကားဝါပင် အကြီးကြီး အောက်သို့ ခန့်စေ ဆွဲခေါ်လာကာ အပင်၏ ပင်စည်နှင့် ကျောအား ကပ်စေလိုက်၏။ ဒါကို အသေးလေးက ရုန်းနေ၏။
" မောင့်ကို မရုန်းနဲ့ မောင့်လမင်း"
"မခေါ်နဲ့ အဲ့လိုလဲမခေါ်နဲ့ ပ်ုင်စိုးပိုင်နင်း မင်းကိုယ်မင်း မောင်လို့လဲမသုံးနဲ့"
" မောင် အဲ့လိုပဲ ခေါ်နေကြ ဘယ်လိုခေါ်ရအုန်းမှာလဲ"
"ထွန်းလမင်း........"
" ရှည်လွန်းတယ် မောတယ် မခေါ်ဘူး "
နာမည်တောင် ဆုံးအောင်မပြောရသေးဘူး ။ ကြားဖြတ်ကာ ပြောလာ၏။ လူကိုလဲ သူခေါ်ချင်သလို ပြောချင်သလိုနဲ့ ခေါ်ပြောနေတာ။
"အဲ့တာဆို မခေါ်နဲ့ ငါ့ကိုလဲ စကားလာမပြောနဲ့ ဖယ်! "
" မောင် စိတ်ဆိုးနေတာနော် "
"မင်းဘာသာ မင်းဆိုးတာ ဘာလုပ်ရမှာလဲ ဖယ်! "
"မောင့်လမင်း "
"ဖယ်! လို့ပြောနေတယ်"
"မောင့်ကို ကြည့် "
" မကြည့်ဘူး ဖယ်!"
"မောင့်ကို ကြည့်လို့ပြောနေတယ်နော်"
"မင်းကို ဖယ်လို့ပြောနေတာ! "
"မဆိုးနဲ့နော် မောင်လုပ်မိတော့မယ်"
"မင်းက ဘာလုပ်ချင်တာလဲ ဖယ်စမ်းလို့ ပြော အွန့်! ''
>>><<<<
-pont-00-
အွန့် ! ပါတဲ့ရှင် ဘာကြီးနဲ့ထိုးလိုက်တာလဲ မသိဘူး ။
ပုံ့က အဲ့တရုတ်စကားပင် နားမှာ ထိုင်နေတာပါ🥴
ZawGyi
ညေန ၅နာရီခြဲအခ်ိန္။
ညေနပိုင္းကို ၿမိဳ႕အစြန္ဘက္ရွိ ႏွီးဘုရားႀကီး၌ ဆီမီးမ်ားပူေဇာ္ကာ အနီးအနားေစတီပုထိုးမ်ားပါ ဆီမီးပူေဇာ္ၾကမည္မို႔ ဘုရားပုရဝဏ္ႏွင့္ အျပင္ဘက္တြင္ လူစည္ကားလ်က္ရွိၿပီး ေဈးဆိုင္တန္းတခ်ိဳ႕လည္းရွိ၏။
မနက္ခင္း ဆြမ္းေလာင္းၿပီးခ်ိန္၌ အိမ္ကိုအေရာက္ပို႔ကာ
ညေနခင္းပိုင္း ျပန္လာေခၚမွာမို႔ အနားယူလိုက္အုန္းဟု မွာသြားေသာ ၈တန္းေကာင္ ခန႔္ေစထြဋ္ေနာင္ေၾကာင့္ ေန႕လည္ခင္း
ခဏတျဖဳတ္ အိပ္ကာ ဆီမီးပူေဇာ္ပြဲ သြားရန္ ျပင္ဆင္ရ၏။
အေမကေတာ့ မလိုက္ေတာ့သည္မို႔ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းႏွစ္ေယာက္နဲ႕ သူတို႔ ေလးေယာက္အုပ္စု၊ စုစုေပါင္း
၆ေယာက္တည္းသာ သြားဖို႔ အေၾကာင္းဖန္လာ၏။
ဘုရားသြားမွာမို႔ အေပၚအကၤ်ီလည္ကတုံး ပန္းဆီေရာင္ႏုႏုေလးႏွင့္ ပုဆိုး မရမ္းပုပ္ေရာင္ေလး ဝတ္ထားေသာ ထြန္းလမင္းသာဟာ
ႏူးႏူးညံ့ညံ့ေလးႏွင့္ ကတၱီပါဖိနပ္ အနက္ေရာင္စီးထားေသာ ေျခေခ်ာင္းျဖဴသြယ္သြယ္ေလးေတြက ထိရက္စရာမရွိေအာင္ ပန္းေရာင္သန္းလို႔ေန၏။ စိုင္းဟန္လွ်မ္းကေတာ့ အေပၚအကၤ်ီ လည္ကတုံးအျဖဴေရာင္ႏွင့္ ဖ်င္နီရွမ္းေဘာင္းဘီေလးဝတ္ထားကာ
တီတီႏု လက္ခ်က္ေၾကာင့္ ပါးျပင္၌ ဝလုံးပုံသဏၭာန္ သနပ္ခါးကြက္ေလးက အၿမဲတပ္ဆင္ထားရေသာ မ်က္မွန္ဝိုင္းႏွင့္ ပနံသင့္ကာ ခ်စ္စရာေကာင္းေန၏။ သေကာင့္သားကေတာ့
အခြင့္ေကာင္းရကာ လူပ်ိဳလွည့္ခ်င္သူပီပီမို႔ မ်က္ႏွာေပၚက သနပ္ခါးေၾကာင့္ အိမ္ေရွ႕ဝရံတာဘက္တြင္ ထုတ္ထားေသာ ဧည့္စားပြဲ နား၌ စူပုတ္ကာ ထိုင္ေန၏။
ဖ်က္လိုက္ေလ!ဆိုျပန္ေတာ့လဲ မားက သနပ္ခါး ပ်က္လာရင္ ထုမယ္တဲ့။
ဘုရားတြင္ ဆီမီးပူေဇာ္ရန္ အေမႏွင့္ တီတီႏုက ဖေယာင္းတိုင္ႏွင့္ အေမႊးတိုင္မ်ား ဖလားထဲ ထည့္ေပးကာ အေဝးႀကီး ေလွ်ာက္မသြားရန္၊ ေစာ္ဘြားကုန္းေပၚ မိုးခ်ဳပ္ၿပီမို႔ မတက္ေတာ့ရန္၊
သူငယ္ခ်င္းေတြ လူစုမကြဲေစရန္ အထပ္ထပ္အခါခါမွာၾကားေန၏။
ကြၽန္ေတာ္တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ကေတာ့
''ဟုတ္'' တစ္လုံးေဆာင္ကာ ၈တန္းေကာင္တို႔အား ျမန္ျမန္လာေခၚရန္ ေမွ်ာ္ေနရ၏။
ေမွ်ာ္လို႔ပင္မဆုံးေသးခင္ ၿခံေရွ႕၌ ဆိုင္ကယ္ ေလးစီး ရပ္လာေလ၏။
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ဟန္ပင္မေဆာင္နိုင္ ဖေယာင္းတိုင္မ်ားထည့္ထားေသာ ေငြဖလားႀကီး ႏွစ္ခြက္အား တစ္ခြက္စီ ေကာက္ကိုင္ကာ အိမ္ေပၚက ေျပးဆင္းရ၏။
*******
ဆိုင္ကယ္ရပ္ကာ ဆင္းဆင္းခ်င္း ပုဆိုးေလးႏွင့္ ဖလားႀကီးကိုင္ကာအိမ္ေပၚမွ လုံး လုံးကေလးေျပးဆင္းလာေသာ အေသးေလးေၾကာင့္ ခန႔္ေစ ၿပဳံးမိ၏။ ဒီအေတာအတြင္း လမင္းေလးက ကိုယ့္အေပၚ အရင္ေလာက္ သူစိမ္းမဆန္ေတာ့ပဲ
လိုက္ေလ်ာညီေထြ ရွိလာတာမို႔ အေျခအေနက မဆိုးဟု ယူဆရ၏။
ဒါေပမယ့္ အရင္လို မ်က္ႏွာတည္နဲ႕ မစေတာ့တာမို႔။ ေၾကာက္ၿပီးငိုတာမ်ိဳးမရွိေတာ့ေပမယ့္ အလိုလိုက္ထားေတာ့ အႀကိဳက္ဆိုးကာ သူ႕ကို မထင္ရင္ မထင္သလို လက္ပိစိေလးေတြနဲ႕ရိုက္တက္လာ၏။
''ေျဖးေျဖး လာလည္းရပါတယ္ ေမာင့္ လမင္းရယ္ ေမာင္လာေခၚမွာေပါ့ ''
"ဟို .. မဟုတ္ပါဘူး မင္း ေစာင့္ရတာၾကာမွာဆိုးလို႔"
"ဘာမွမျဖစ္ဘူး ရတယ္"
ဆိုင္ကယ္သံၾကားတာႏွင့္ ေျပးဆင္းသြားေသာ အေကာင္ေပါက္ ႏွစ္ေကာင္ေၾကာင့္ အေမႏွစ္ေယာက္က ရယ္ကာ အိမ္ေပၚမွ ဆင္းလာ၏။
"အမေလး အေမာင္သာသာေလးက အေမမပါရင္ သားလဲပ်င္းတာေပါ့ ဆိုတာကို နားရွိလို႔သာၾကားရတာပါေနာ္
လာေခၚတာနဲ႕ တန္းေျပးတာပဲ"
"သားက ေစာင့္ရတာၾကာမွာဆိုးလို႔ပါ"
"ဟုတ္ပါၿပီ သားေစတို႔ေရ အဲ့ကေလးေလးႏွစ္ေယာက္ကို ညီေလးေတြလို ေစာင့္ေရွာက္ေပးၾကပါအုန္း တီခ်ိဳတို႔ မလိုက္ေတာ့ဘူးေနာ္ "
"ဟုတ္ကဲ့ပါဗ်"
"အိမ္က ေမ်ာက္ေလးကိုလဲ ထိန္းၾကအုန္းေနာ္ သားတို႔"
"ဟာ မား! "
"ေအးပါ ေအးပါ မစေတာ့ဘူး စိတ္ခ်မယ္ေနာ္ သားတို႔"
ဟုတ္...။၆ေယာက္သား ၿပိဳင္တူ႐ြတ္ကာ ဆီမီးထြန္းပြဲဆီသို႔ ။
ခန႔္ေစ ကိုယ့္အေနာက္တြင္ အၿငိမ္သားေလးထိုင္လ်က္ လိုက္လာေသာ ေကာင္ေလးအား စကားစ ကာေျပာလိုက္၏။
"ေမာင့္လမင္း"
"........."
"အကိုထြန္းလမင္းသာ "
"ဟင္"
"ေခၚေနတာကို ဘာလို႔မထူးတာလဲ "
" ထူးေနတာပဲဟာကို"
"အင္းပါ ထားပါေတာ့ ဘယ္ဘုရားအရင္သြားမလဲ "
"မသိဘူးေလ မင္းေခၚတဲ့အေနာက္ လိုက္ရမွာေပါ့"
" ဘယ္ေခၚေခၚေပါ့"
"အြန္း "
"အဲ့တာဆို ခိုးရာေနာက္လဲ ေခၚရင္ လိုက္မွာေပါ့ ဟုတ္လား"
ဘုန္း!ဘုန္း! ဘုန္း!
အ့! အဆုတ္ေတြ ကြာကုန္ၿပီလား မသိပါဘူး။ ဒီေသးေသးေလးက အားႀကီးလိုက္တာ ဘယ္က အားေတြရလို႔ လူကို အေနာက္က အေသရိုက္ေနမွန္းမသိဘူး။ အလိုလိုက္လို႔ ဆိုးခ်င္တာေပါ့။ ေနအုန္း! ေဟာက္စား လိုက္ထားအုန္းမွ ။
" အ့! နာတယ္ကြ "
"မင္းက ဘာလို႔ အဲ့လိုေတြ ေျပာေနတာလဲ "
" အဲ့လိုေျပာတာနဲ႕ ရိုက္စရာလားကြ မင္းအသားမဟုတ္တိုင္း ''
"........"
" ၾကားလား အေနာက္က"
"ဆိုင္ကယ္ ရပ္ေပး"
"ဘာေျပာတယ္!"
"ဆိုင္ကယ္ ရပ္ေပးလို႔! ငါ ခုန္ခ်လိဳက္မွာေနာ္! အီး ဟီး!!!"
"ဟာ! ဟိတ္ ခဏ ေမာင္ရပ္ေပးမယ္ "
ခန႔္ေစ ဆိုင္ကယ္ရပ္တာနဲ႕ ခ်က္ခ်င္း ဆိုင္ကယ္ေပၚမွ ဆင္းကာ လာရာ လမ္းအတိုင္း လွည့္ျပန္ကာ သြားေနေသာ လုံးလုံးေသးေသးေလးေၾကာင့္ ေဒါက္ အျမန္ေထာက္ကာ ေျပးလိုက္ရ၏။ အေနာက္က လိုက္လာေသာ ဆိုင္ကယ္ သုံးစီးကလဲ ဘာျဖစ္တာလဲ ဟူေသာအၾကည့္ျဖင့္ ဆိုင္ကယ္ရပ္ကာ ဆင္းလာၾက၏။
အေရွ႕မွ သုတ္သုတ္ႏွင့္ မေျပး႐ုံတမယ္ သြားေနေသာ အေသးေလးေၾကာင့္ ခန႔္ေစ အေနာက္မွ အေျပးလိုက္ေနရ၏။
ျမန္လိုက္တာ ။ မနည္းလိုက္ေနရတယ္။ ေျခလွမ္းက်ဲ ႀကီးမ်ားႏွင့္ လိုက္တာမို႔ မွီတာႏွင့္ လက္ေကာက္ဝတ္ေလးအား လွမ္းဆြဲကာ တားရ၏။
"လႊတ္! ငါ ျပန္မွာ မင္းတို႔နဲ႕ မလိုက္ဘူး"
" ေမာင္တို႔ ဘုရားမေရာက္ေသးဘူးေလ ေမာင့္လမင္းရာ "
" ငါ မလိုက္ဘူးလို႔ ငါ အိမ္ပဲျပန္မယ္ "
"ေမာင္ ေအာ္လို႔လား ေမာင္က စတာေလကြာ"
အေနာက္က ေလးေယာက္ကလဲ အနားေရာက္လာ၏။
"အိုက္လမင္းသာ ဘာျဖစ္တာလဲ "
သန႔္စင္ထြန္းနား ရပ္ေနေသာ စိုင္းဟန္လွ်မ္းအား ျမင္တာႏွင့္ အနားသို႔သြားကာလက္ဆြဲ၍
"ျပန္မယ္ အိုက္လွ်မ္း မင္းလဲ သူတို႔နဲ႕ မလိုက္နဲ႕ "
"ဘာျဖစ္ၾကတာလဲ ငေစ ဘာလို႔ အကိုလမင္းက ငိုေနတာလဲ "
ဝဏၰအေမးအား သန႔္စင္ထြန္းကပါ ေထာက္ခံ၏။
"ေအး မင္းဘာလုပ္လိုက္ျပန္ၿပီလဲ ငိုေအာင္ မစပဲ မေနနိုင္ဘူးလား
အဲ့တာနဲ႕ ဘုရားကသြားမွာလား မသြားဘူးလား"
" က်စ္! "
" ျပန္မယ္လို႔ "
မ်က္ရည္အ႐ြဲသားႏွင့္ လက္ဆြဲကာ ျပန္မယ္ခ်ည္းလုပ္ေနေသာ
ထြန္းလမင္းသာႏွင့္ အူေၾကာင္ေၾကာင္ရပ္ကာ ၾကည့္ေနေသာ စိုင္းဟန္လွ်မ္းေၾကာင့္ ဝဏၰဦးမွာ မေနသာေတာ့ပဲ ဝင္ေျပာရ၏။
"အကိုလမင္းသာ ဟိုေကာင္ စလိုက္လို႔ငိုတာလား
ဘုရားကေရာက္ေတာ့မွာ အကို ။ အိမ္ျပန္ရင္ လမ္းေလွ်ာက္ရမွာအေဝးႀကီးပဲေလဗ်ာ ဘုရားသြားၿပီးမွ အိမ္ျပန္လိုက္ပို႔ပါမယ္ အန္တီခ်ိဳက အကို ဒီလိုျပန္သြားရင္ စိတ္ပူမွာေပါ့ "
"ရတယ္ ငါ အိမ္ျပန္ခ်င္တာ"
" အေဝးႀကီး လမ္းေလွ်ာက္ရမွာ ဘာကို အိမ္ျပန္ခ်င္တာလဲ
ဒါေလး စ'တာ ကို ဒီေလာက္ျဖစ္စရာလိုလားကြာ"
အိမ္ျပန္မယ္ တကဲကဲ လုပ္ေနတာမို႔ ခန႔္ေစ အေရွ႕က အေသးေလးကို စိတ္မရွည္ေတာ့သလို အသည္းလည္းယားလာၿပီ။
ကိုယ့္စကားကို ဂ႐ုပင္မစိုက္ပဲ သူ႕သူငယ္ခ်င္းကိုပဲ လက္ဆြဲေခၚေန၏။ဟိုက ျပန္မလိုက္ခ်င္ပုံရ၏။
" ကဲပါ အကိုလမင္းသာက ဝဏၰေနာက္က လိုက္စီးလိုက္ေလေနာ္ မျပန္ပါနဲ႕ဗ်ာ အေဝးႀကီး ျပန္ရမွာ ဘုရားလည္းေရာက္ေတာ့မွာပဲ
အကိုဟန္လွ်မ္းလဲ ဘုရားသြားခ်င္မွာေပါ့"
ဟိုကလဲ မသြားခ်င္ရွာဘူး ေခါင္းျပဳတ္ထြက္မတက္ ၿငိမ့္ကာ ေထာက္ခံရွာ၏။
"က်ဳပ္ ေနာက္က လိုက္မစီးလဲ ရတယ္ ဘုရားေတာ့ လိုက္ခဲ့
ခင္မ်ားကို ဘာမွ မလုပ္ဘူး ၾကားလား"
"ငါ့ကို လာမေအာ္နဲ႕!ေကာင္စုတ္ရဲ႕! "
"ဟာ! ေအာ္ေနလို႔လား "
"ကဲ ေတာ္ၿပီ လာ အကို လမင္းသာ ကြၽန္ေတာ္နဲ႕ လိုက္ခဲ့ မင္းလဲ အေရွ႕ကသြားေတာ့ ခန႔္ေစ"
ဝင္မတားရင္ တစ္ေယာက္တစ္ခြန္းနဲ႕ ၿပီးေတာ့မွာ မဟုတ္တာမို႔
ဝဏၰ ဝင္ေျပာကာ ဘုရားဆီသို႔ ဦးတည္ရျပန္သည္။ ေနာက္က ၿငိမ္ၿငိမ္ေလး လိုက္လာတဲ့ အကိုကလဲ ကေလးေလးလို ရွိုက္ေန၏။
တစ္ကယ္ပါပဲ သူငယ္ခ်င္းျဖစ္သူ ဟိုေကာင္ကလဲ ဒီဟာေလးဆို ငိုေအာင္ မစရရင္ မေနနိုင္ဘူးလား မသိပါဘူး ။
စ ၿပီးရင္ ေခ်ာ့တက္တာလဲမဟုတ္ပဲနဲ႕။
ဘုရားေရာက္ျပန္ေတာ့လဲ ထြန္းလမင္းသာ တစ္ေယာက္ ဝဏၰအနားကမခြာ သူ႕နားက ထြက္သြားရင္ ဟိုေကာင္ေရာက္လာမွာဆိုးလို႔ ဖလားႀကီးပါ ကိုင္ခိုင္းထားလိုက္သည္။ စိုင္းဟန္လွ်မ္းကေတာ့ သန႔္စင္ထြန္းႏွင့္ ဆီမီးမ်ား ပတ္ထြန္းေနကာ ထြန္းလမင္းသာ အနားပင္ ကပ္မလာ။
ႏွီးဘုရား၌ ဆီမီးပူေဇာ္ခဲ့ၿပီး လယ္ကြင္းျပင္အလယ္၌ တသီးတသန႔္ရွိေနေသာ အမ်ားသူငွာအေခၚ လယ္ကြင္းေစတီဆီသို့
ေခၚလာသျဖင့္ လက္က်န္ ဖေယာင္းတိုင္ေလးမ်ားျဖင့္ ဆီမီးမ်ားကို ေစတီပတ္ပတ္လည္အား ဝဏၰႏွင့္အတူ လိုက္လံပူေဇာ္လိုက္၏။
ဟို၈တန္းေကာင္ကို မသိမသာ ၾကည့္ျပန္ေတာ့လဲ မ်က္ေမွာင္ႀကီးၾကဳတ္ကာ အေနာက္က လိုက္ေန၏။
အၾကည့္ခ်င္းဆုံျပန္ေတာ့လဲ ဟြန႔္ ကနဲအသံျပဳကာ မ်က္ေစာင္း ပစ္ထိုးျပလိုက္၏။
ရန္ျဖစ္ထားတယ္ေလ ဘာလို႔အေနာက္က တစ္ေကာက္ေကာက္လိုက္ၿပီး လူကို စိုက္ၾကည့္ေနမွန္းမသိဘူး။
႐ုပ္ကိုကလူမိုက္႐ုပ္နဲ႕။ ကတုံးေပါက္ေကနဲ႕ သူ႕လို လည္ကတုံးအနက္ေရာင္ႏွင့္ ေငြေရာင္ ပုဆိုးဝတ္ထားတဲ့ ကတုံးေကာင္က ေခ်ာေနေပမယ့္လဲ ရန္ျဖစ္ထားတာမို႔ မ်က္စိထဲ နည္းနည္းေလးမွ အခ်ိဳးမေျပပါ။
ခန႔္ေစ သူ႕အားခဏခဏ လွည့္ၾကည့္ကာ မ်က္ေစာင္းထိုးျပေနေသာအေရွ႕က အေသးေလးအား အသည္းယားလာသည္။ စ လိုက္တာကို ငိုယိုၿပီး ျပန္မယ္တကဲကဲ
လုပ္ေနသူႀကီးက ေတြ႕သမွ် ေနရာ ဆီမီးပတ္ထြန္းကာ ဝဏၰႏွင့္ စကားတေျပာေျပာ ၿပဳံး႐ႊင္႐ႊင္လုပ္ေနတာမ်ား အေစာတုန္းက ငါျပန္မွာ!ငါအိမ္ပဲျပန္မွာ လုပ္ေနတာ သူမဟုတ္တဲ့ အတိုင္း။
အေရွ႕ကေန သူ႕အား အဖက္မလုပ္ အေရးမလုပ္ႏွင့္ ေနျပေနတာ
အျမင္လဲကတ္သလို အသည္းလည္းယားလွ၏။
ခန႔္ေစ စူးစိုက္ကာ ၾကည့္ေနတုန္း အေသးေလးက ဝဏၰ ဖုန္းႏွင့္ ဓာတ္ပုံေတာင္ အတူတူရိုက္ေနေသးသည္။ လက္ကေလး ႏွစ္ေခ်ာင္းက ေထာင္ျပလို႔ ပါးခ်ိဳင့္ကေလးက အထင္းသား။
ခန႔္ေစ ၾကည့္ေနရင္း တပူးပူးတကပ္ကပ္ႏွင့္ ဓာတ္ပုံရိုက္ေနၾကေသာ ႏွစ္ေယာက္အား ဘာလို႔မွန္းမသိ ေဒါသထြက္လာ၏။ ဟိုတစ္ေယာက္က ဘာေတြမ်ား သေဘာက်စရာရွိလို႔ အဲ့ေလာက္ၿပဳံးေနရတာလဲ။ ကိုယ္နဲ႕အနီးကပ္ရွိေနစဥ္ တေလွ်ာက္ တစ္ခါမွ ဒီလို မၿပဳံးဖူး ။ မၿပဳံးျပဖူး။
ခင္မ်ားက အၿပဳံးကိုေတာင္ က်ဳပ္ကိုပဲကြက္ၿပီး ေပးတာလား။ ေတြ႕မယ္!
"လိုက္ခဲ့!"
"အာ့!"
ဆီမီးအေရာင္ အကူအညီျဖင့္ ရိုက္ထားေသာ ဝဏၰဖုန္းထဲက ပုံမ်ားအား ထြန္းလမင္းသာ ျပန္ေတာင္းၾကည့္မိ၏။ည မိုးခ်ဳပ္မို႔ ဖေယာင္းတိုင္မီးက မ်က္လုံးထဲမွာ အရိပ္ထင္ကာ မသိလွ်င္ ဘီလူးမ်က္လုံးလို နီရဲရဲႏွင့္။ တခ်ိဳ႕ပုံေတြက သြားေပၚေအာင္ရယ္ေနတာမို႔ ပိုဆိုး၏။ ထိုပုံမ်ားကို ၾကည့္ကာ သေဘာတက် ရယ္ေနတုန္း အေနာက္ဘက္မွ ေဆာင့္ဆြဲလာေသာ လက္တစ္ဖက္ေၾကာင့္ လန႔္သြားရ၏။
"လႊတ္ ! နာတယ္လို႔"
ေစတီပရဝဏ္ အျပင္ဘက္၌ ေပါက္ေနေသာ တ႐ုတ္စကားဝါပင္ အႀကီးႀကီး ေအာက္သို႔ ခန႔္ေစ ဆြဲေခၚလာကာ အပင္၏ ပင္စည္ႏွင့္ ေက်ာအား ကပ္ေစလိုက္၏။ ဒါကို အေသးေလးက ႐ုန္းေန၏။
" ေမာင့္ကို မ႐ုန္းနဲ႕ ေမာင့္လမင္း"
"မေခၚနဲ႕ အဲ့လိုလဲမေခၚနဲ႕ ပ်ုင်စိုးပိုင်နင်း မင္းကိုယ္မင္း ေမာင္လို႔လဲမသုံးနဲ႕"
" ေမာင္ အဲ့လိုပဲ ေခၚေနၾက ဘယ္လိုေခၚရအုန္းမွာလဲ"
"ထြန္းလမင္း........"
" ရွည္လြန္းတယ္ ေမာတယ္ မေခၚဘူး "
နာမည္ေတာင္ ဆုံးေအာင္မေျပာရေသးဘူး ။ ၾကားျဖတ္ကာ ေျပာလာ၏။ လူကိုလဲ သူေခၚခ်င္သလို ေျပာခ်င္သလိုနဲ႕ ေခၚေျပာေနတာ။
"အဲ့တာဆို မေခၚနဲ႕ ငါ့ကိုလဲ စကားလာမေျပာနဲ႕ ဖယ္! "
" ေမာင္ စိတ္ဆိုးေနတာေနာ္ "
"မင္းဘာသာ မင္းဆိုးတာ ဘာလုပ္ရမွာလဲ ဖယ္! "
"ေမာင့္လမင္း "
"ဖယ္! လို႔ေျပာေနတယ္"
"ေမာင့္ကို ၾကည့္ "
" မၾကည့္ဘူး ဖယ္!"
"ေမာင့္ကို ၾကည့္လို႔ေျပာေနတယ္ေနာ္"
"မင္းကို ဖယ္လို႔ေျပာေနတာ! "
"မဆိုးနဲ႕ေနာ္ ေမာင္လုပ္မိေတာ့မယ္"
"မင္းက ဘာလုပ္ခ်င္တာလဲ ဖယ္စမ္းလို႔ ေျပာ အြန႔္! ''
>>><<<<
-pont-00-
အြန႔္ ! ပါတဲ့ရွင္ ဘာႀကီးနဲ႕ထိုးလိုက္တာလဲ မသိဘူး ။
ပုံ႕က အဲ့တ႐ုတ္စကားပင္ နားမွာ ထိုင္ေနတာပါ