" တီ..... တီ....... "
တတီတီမြည်လာသော နာရီအား တစ်ချက်ရိုက်ချကာ ပြန်မှေးနေသော ထယ်ယောင်း......
ညက ညလုံးပေါက် Drama Series ထိုင်ကြည့်ခဲ့၍ မနက်ရောက်
တော့ ထပင်မထချင်တော့.....
ကုတင်ပေါ်ထက် ကျလာသော နေရောင်မြင်မှ အလန့်တကြား ထထိုင်မိသည်......
" သွားပီ ဒီနေ့ ဒီနေ့ အစည်းအဝေးရှိတာပဲ...... အားးးးးရှ်..... "
ကမန်းကတန်းထရင်း ပြင်ဆင်ရသည်.....
နာရီကြည့်မိတော့ ရှစ်နာရီတိတိ.....
" အား သွားပီ သွားပီ နတ်သားလေး ယွန်းဂီတော့ ဒေါသူပုန်ထနေလောက်ပီ...... သွားပီ...... "
ခြေစွပ်ကမန်းကတန်းကောက်စွပ်ကာ ဖိနပ်ကြီးကိုင်လျက် ပြေးထွက်လာခဲ့သည်.....
ရုတ်ရုတ်သဲသဲဖြင့် တိုက်အပေါ်ထပ်မှ ဆင်းလာသော သူ့အား လူတွေဝိုင်းကြည့်နေကြသော်လည်း ဂရုမစိုက်အား.....
ရုံးကိုရောက်မှဖြစ်မည် ရောက်ကိုရောက်ရမည်......
အစည်းအဝေးခန်းထဲတွင်တော့.....
" ဟေ့ ကင်မ်ထယ်ယောင်းကို ဖုန်းဆက်ကြစမ်း..... ဒီမှာ စတော့မှာ...... "
" ဆရာ ခုနက ဆက်ထားတယ် မကိုင်ဘူး ဆရာ...... "
" ဟာကွာ အဲ့ကောင်လေးက အချိန်ကို လေးစားမှုမရှိဘူး...... "
တစ်ယောက်တည်းဆိုကာ ကုလားထိုင်ပေါ်တွင် မှီချလိုက်သော သူ.....
ဝူရှစ်ကတော့ ဆရာ၏ဒေါသကို သိသည်မို့ ခေါင်းငုံ့၍သာ နေနေမိသည်.....
စိတ်ထဲမှလည်း ချစ်လှစွာသော သူငယ်ချင်းအား မေတ္တာကောင်းကောင်းပို့လျက်......
သေနာလေး စောစောစီးစီးလာလို့ အတန်တန်မှာရဲ့သားနဲ့.....
ယွန်းဂီကတော့ သူမျှော်မှန်းထားသလို ဖြစ်မလာသည်အား ခံပြင်းလို့နေသည်.....
ဒီကောင်လေးနဲ့တော့ကွာ......
ကြပ်ပိတ်နေသော ကားအား တိုးစီးရင်း ထယ်ယောင်း ဖုန်းအားကမန်းကတန်းကြည့်ရသည်.....
ဖုန်းထဲတွင်တော့ ဝူရှစ်၏ missed call များက အများအပြား.....
ပြန်ဆက်မည်ပြင်တော့ လူတိုးဝေ့ခြင်းခံရသည်မို့ ဆက်လို့မရပြန်....
အရေးထဲ လျှာက ခဏခဏကိုက်မိသေး၏။
အင်းမ် တစ်ယောက်ယောက်တော့ ကျိန်ဆဲနေပီ......
ရှစ်နာရီကထွက်လာသော်လည်း ဟိုကိုရောက်တော့ ဆယ်နာရီထိုးလုနီးပီ.....
တစ်ကိုယ်လုံးမှာလည်း မီးထဲက ထွက်လာသောသူလို ချွေးတပြိုက်ပြိုက်ဖြင့်.....
လျှောကျနေသော နက်ခ်တိုင်အား ပြန်ပြင်ရင်း ကုတ်ချောင်းချောင်းနှင့် ၀င်လာခဲ့သည်......
" ဟျောင့် ကင်မ်ထယ်ယောင်း လာခဲ့စမ်း...... ဒီကိုလာ ဒီကိုလာ..... "
" ရား လာနေပီကွ မင်းအဖေကားက အရမ်းမြန်တာဆိုတော့လေ.... "
" မင်းတော့ သွားပီပဲ..... ဆရာခေါ်နေတယ် ၀င်သွားလိုက်..... "
" ဟမ် ငါ့ကို ငါ့ကို အလုပ်ထုတ်တော့မလို့လား..... ဟုလား ဟေ့ကောင် ဟုလား.... "
သူ့အပြောအား ပြူးကြောင်ကြောင်လေးကြည့်ကာ အသဲအသန်လိုက်မေးနေသူကြောင့် ဝူရှစ်ရယ်ချင်စိတ်တို့က တဖွားဖွား......
သို့သော် ထိန်းချုပ်လျက်ဖြင့်ပင် ထယ်ယောင်းအား ဌာနမှူးအခန်းထဲသို့ ထည့်ပေးလိုက်၏။
" ဘယ်သူလဲ...... "
အခန်းထဲသို့ ၀င်လာသည်ကို မကြည့်ဘဲ မေးသံကြောင့် ထယ်ယောင်း အယောင်ယောင်အမှားမှားဖြင့် ဘာပြောရမည်မှန်းမသိ......
ထို့ထက်ထူးဆန်းသည်က ဆရာယွန်းဂီဘေးနားတွင် ဖြူဖြူလှလှ အကိုကြီးတစ်ဦးရှိနေခြင်းပင်.....
ထိုအကိုကြီးက သူ့အား မြင်တော့ ကြင်ကြင်နာနာ ပြုံးပြလာပါ၏။
" ဆရာ ကျွန် ကျွန်တော် ရောက် ရောက်ပါပီ..... "
အထစ်ထစ်အငေါ့ငေါ့ဆိုသော သူ့အသံကြားမှ ခပ်မှေးမှေးကြည့်လာသော ယွန်းဂီဟျောင်း......
မျက်လုံးများက အေးတိအေးစက်အပြင် အရှိန်အဝါတစ်ခုရှိနေသလိုကြောင့် ထယ်ယောင်းကိုယ်လေးကြုံ့သလိုပင်ခံစားလာရသည်.....
" မင်း အချိန်ကို လေးစားမှုမရှိတာလား ကင်မ်ထယ်ယောင်း...... "
" မဟုဘူး နတ်သားလေး အဲ မှား မှားလို့ အဲ့လိုမဟုပါဘူး ဆရာ.... ကျွန်တော် ဒီနေ့ အင်း ဟိုဒင်း ဟိုဟွာ..... အဲ..... "
ဘာပြောရမည်မှန်းမသိဘဲ ဖြစ်နေသော သူ့ပုံစံကြောင့် ယွန်းဂီဟျောင်းက မျက်မှောင်ကြုံ့ကာ ဘေးနားရှိအကိုကြီးကတော့ ပြုံးရယ်လို့လာ၏။
" ကဲ မောင်မင်းကြီးသားလေး ဟိုဒင်းဟိုဟွာက တတ်ဦးမှာလား..... "
" ဟိုဒင်း အဲ မှားလို့ မနေ့က မေမေနေမကောင်းလို့ ဒယ်ဂူကို ခဏပြန်ဖြစ်သွားတာပါ နေ့ချင်းပြန်လာခဲ့ပေမယ့် ပင်ပန်းတော့ အိပ်ပျော်သွားမိလို့ပါ ဆရာ.....နောက်တစ်ခါမဖြစ်စေရပါဘူး...... ကတိပေးပါတယ်...... "
ခါးကျိုးမတတ်တောင်းပန်နေသူကြောင့် ယွန်းဂီပင်အလိုလိုအားနာလာရသည်......
ဘေးက ဆော့ဂျင်ဟျောင်းအားကြည့်တော့ မပြောနဲ့ဟူသည့် သဘောဖြင့် ခေါင်းခါပြလာ၏။
လေပူများအားမှုတ်ထုတ်ရင်း တစ်ခွန်းတည်းသာဆိုလိုက်သည်.......
" သွားတော့..... နောက်တစ်ခါ အဲ့လိုမကြားချင်ဘူးနော် ထယ်ယောင်းရှီး..... "
" ဟုကဲ့ ဟုကဲ့ ကျေးဇူးပါ ဆရာနတ်သားလေး အဲမှားလို့ ဆရာ.....ဟီး..... "
လေးထောင့်အပြုံးလေးအား အစွမ်းကုန့်ပြုံးပြကာ ထွက်သွားသောကောင်လေးအား တစ်ချက်ကြည့်ရင်း ယွန်းဂီ မျက်နှာမဲ့မိသည်....
ဘာရယ်တော့မဟုတ်
ပိုကိုပိုလွန်းသည်ပဲ.......
" ကဲတွေ့ပီလား ဆော့ဂျင်ဟျောင်း....... "
" ကောင်လေးက ချစ်စရာလေးပါ တက်တက်ကြွကြွလည်းရှိတယ်.... ရယ်စရာကလည်း ပြောတတ်ပါ့..... ငါတောင်သဘောကျသွားပီ...... "
" ကျရင်လည်း ကောင်းတာပေါ့ ဒါဆို အစီအစဉ်စတော့မလား...... "
" ရား မင်းအစီအစဉ်တွေက အလုပ်ရော ဖြစ်ပါဦးမလား ငါကတော့ ကောင်လေးကိုအားနာတယ် ငါတို့အကျိုးအတွက်နဲ့သူ့ကို လိမ်သလိုဖြစ်နေဦးမလား..... "
" ဘာဆိုင်လို့လဲ ကျွန်တော်တို့က သူ့ကို Challenge အနေနဲ့ လုပ်ခိုင်းမှာပဲကို.....သူတောင်သဘောကျနေဦးမှာ..... "
" ဒါပေမယ့် ငါတို့လိမ်တာသိသွားခဲ့ရင်ရော..... "
" သိစရာလား ဆော့ဂျင်ဟျောင်းရ.... ဒီကိစ္စကကျွန်တော်တို့တွေပဲ သိတာလေ ဘယ်သူသိတာ မှတ်လို့...... ပီးတော့ ဘာဖြစ်ဖြစ် အကောင်းပဲဖြစ်လာမှာ.... ဂျောင်ဂုလည်း အရင်လိုပြန်ဖြစ်ချင်ဖြစ်လာနိုင်တာပဲ..... "
" ငါတစ်ခုမေးဦးမယ် မင်းရူးနေတာတော့ မဟုပါဘူးနော်...... "
သူ့အား စေ့စေ့စပ်စပ်ကြည့်ကာ မေးမြန်းနေသူကြောင့် ယွန်းဂီဒေါသထွက်လာရသည်.....
" ရား ဘာလို့ရူးရမှာလဲကွ တကယ်ပဲ...... "
" မင်းလုပ်မယ့်ဟာတွေကိုလည်း သေချာပြန်စဉ်းစားဦး.....ပုံစံက မင်းသားကို မင်းသမီးနဲ့ပေးတွေ့မယ့်စတိုင်နဲ့...... "
" ဟ အဲ့တာတော့ ဟျောင်း အတွေးလွန်သွားပီ..... အနုပညာရှင်ဆိုတာ အားပေးတဲ့သူတွေရှိမှ ဖြစ်တည်လာတာ ဟုတယ်ဟုတ်..... "
" အေးဘေ အဲ့တာ ဘာဖြစ်သလဲ..... "
" ပီးတော့ သူတို့ဟာ သူတို့ကိုအားပေးတဲ့ သူတွေရဲ့စကားကို နားမထောင်ရင်တောင်မှ အလေးအနက်ထားပေးကြတယ်လေ..... ဂျောင်ဂုမှာက အဲ့လိုအရာတွေမရှိခဲ့တာကြာပီပဲ..... ပီးတော့ ထယ်ယောင်း ထယ်ယောင်းက ပြောရရင် သူ့ရဲ့တစ်ဦးတည်းသော ဖန်ပဲ..... သူများတွေက အချိန်ငါးနှစ်ကြာပီးလို့ မေ့နေကြတဲ့အချိန်မှာ သူကမမေ့ခဲ့ဘူး မယုံရင်သွားကြည့်ကြည့် သူ့ဖုန်းထဲမှာ ဂျောင်ဂုသီချင်းတွေချည်းပဲ..... ကျွန်တော့်အထင်တော့ သူကဂျောင်ဂုကို ပြောင်းလဲပေးနိုင်မယ့် တစ်ဦးတည်းသော သူပဲ တကယ်လို့ အဲ့လိုမဖြစ်လာရင်တောင် ဂျောင်ဂုအရင်ကထက်ပိုပီး အဆင်ပြေလာလိမ့်မယ်လို့ ထင်တယ်...... "
ယွန်းဂီ၏ တစ်ခါမျှရှည်ရှည်ဝေးဝေးမပြောဖူးသော စကားရှည်ကြီးအား တမေ့တမောနားထောင်ရင်း ဆော့ဂျင်တွေးနေမိသည်.....
တကယ်ပဲဖြစ်နိုင်လောက်မလား.....
ဘုရားသခင်တောင် ကံကြမ္မာကို မစီရင်နိုင်တာ သူတို့က ဘာမို့လို့.....
သို့သော်လည်း ဖြစ်လာရင်ဟူသော မျှော်လင့်ချက်အရာလေးက ဖိအားပေးနေပြန်၏။
" အေး အဲ့လိုဆိုတော့လည်း လုပ်ကြည့်ကြတာပေါ့..... "
တည်ကြည်ပြတ်သားစွာဆိုလာသော ဟျောင်းအား စိုက်ကြည့်ရင်း တစ်ချက်ပြုံးမိသည်.....
.................
ရုံးခန်းထဲသို့ မြောက်ကြွမြောက်ကြွဖြင့် ၀င်လာသော သူ့အား ဝူရှစ်ကပါးစပ်အဟောင်းသားနှင့် တအံ့တဩငေးလို့နေ၏။
ကျန်သည့်သူများကတော့ အလုပ်ကိုယ်စီဖြင့် သူ့အား မော့မကြည့်အား.....
" ဟ အခြေအနေ..... အခြေအနေက..... "
" ဟက် ဘာဖြစ်ရမှာလဲ ဆရာက ငါ့ကို ခေါ်ဆူတယ်လို့ ထင်နေတာမလား...... နိုးနိုး မိုင်ဖရန့် ဆရာက ငါ့ကိုတောင် စိတ်ပူပေးနေတာ..... "
ချွဲဝူရှစ်ဆိုသည့်အကောင်အား ပညာပြချင်၍ ထယ်ယောင်းလိုလိုပိုပိုပြောပြလိုက်သည်.....
မသိလျှင် သူက အထက်အရာရှိ၏ မျက်နှာသာပေးခံရသည့်ပုံလို.....
တော်ကီကြွယ်သော ကင်မ်ထယ်ယောင်းအဖို့ ပျင်းတောင်ပျင်းသေး.....
" ရား တကယ်ကြီးလားကွ အစည်းအဝေးခန်းမှာတုန်းက မင်းကိုသတ်မယ်လို့တောင်ကြိမ်းဝါးနေတာ..... "
" ငါကအကြောင်းစုံရှင်းပြပီးသားပဲ ဆရာက နားလည်ပေးတယ် နောက်တစ်ခါမဖြစ်စေနဲ့လို့ပဲ သတိပေးတာ..... "
" အမလေး ဟုပါပီ မောင်မင်းကြီးသားရယ် အဆူမခံရတော့ မျက်နှာက တစ်မျိုး....... "
ရွဲ့ပြောနေသော ဝူရှစ်စကားများအား မကြားဟန်ပြုရင်း ထယ်ယောင်း အလုပ်စားပွဲတွင်၀င်ထိုင်လိုက်သည်.....
တကယ်တော့ သူ့မှာ သေမင်းခံတွင်း၀က လွတ်လာသလိုပင်.....
Kdrama ကြည့်သည့်အကြောင်းမပြောချင်၍ အကောင်းအတိုင်းရှိနေသော မေမေ့အား လိမ်ခဲ့ရပါ၏။
ဖွဖွ လွဲပါစေ ကျွန်တော်မျိုး တမင်တကာလိမ်ခဲ့ခြင်းမဟုပါ ခွင့်လွှတ်တော်မူပါ ဘုရား.....!!!
မျက်လုံးမှိတ်လျက် စိတ်ထဲမှ ရေရွတ်ကာ တောင်းပန်လိုက်သည်.....
ပီးသည်နှင့် အရင်ဦးဆုံး လုပ်သည့်အရာက သီချင်းဖွင့်ခြင်း......
အင်းမ် ဒီနေ့မိုးရွာနေတော့ still with you လေးပဲဖွင့်မယ် ဟိ......
ဘေးနားရှိဝူရှစ်မှာတော့ ထွက်ပေါ်လာသော သီချင်းသံအား မကြားဟန်သာပြုနေလိုက်ရသည်.....
တကယ်တော့ သူ့ဘ၀က နားမုဒိမ်းကျင့်ခံနေရသည့်ဘ၀....
" ရားးးးး တောင်းစားမိုး ချီးမို့ ရွာတာလားကွ ငါ့စိုက်ခင်းတွေပျက်ပါပီ..... "
အချိန်အခါမဟုတ်ရွာသော မိုးကြောင့် သီးနှံပင်များ ပျက်စီးမည့်အရေးတွေးရင်း ဂျောင်ဂု ကျိန်ဆဲနေမိသည်......
ခါတိုင်းဆို မိုးရွာလျှင် သီချင်းရေးရသည်ကို သဘောကျသော်လည်း ယခုတော့ ခြားနားစွာ မုန်းတီးလို့နေပြန်၏။
ခြေရင်းတွင် ယိုင်နှဲ့နေသော သီးပင်လေးများအား စိတ်ပျက်စွာ ကြည့်နေမိသည်......
မိုးမင်းကြီးကတော့ ဂရုမစိုက်သည့်အလား......
" ဘာလဲ ဘာကိစ္စလဲ..... ဘာပြောမလို့လဲ..... "
ထူးထူးခြားခြားဖုန်းဆက်လာပါသော အကိုဖြစ်သူအား စိတ်မရှည်စွာ ဘုတောတောမိသည်.....
" ရား ငါက မင်းနေကောင်းလား ဖုန်းဆက်တာပါ..... "
" ကောင်းတယ် မသေသေဘူး လူက ဒေါင်ဒေါင်မြည်ပဲ...... "
" ဒါနဲ့လေ မင်းကို အကူအညီတောင်းစရာလေးရှိ..... "
" ပြော ပြော ဘာလဲ..... "
အကိုဖြစ်သူစကားအား စိတ်မရှည်သဖြင့် ခပ်လောလောပင်ပြောလိုက်သည်.....
" ဟို မင်းအိမ်မှာလေ လူတစ်ယောက်နေဖို့များ အဆင်ပြေ ပြေ...... "
" မဖြစ်နိုင်တာတွေ လာပြောနေပြန်ပီ ကျွန်တော်က ဇယားရှုပ်တာတွေမကြိုက်ဘူး မကူညီပေးနိုင်ဘူး ဒါပဲ..... "
" ဟျောင့် ဟျောင့်..... "
" တီ.....!!!!! "
စကားပင်ဆုံးအောင်မပြောလိုက်ရ
ဖုန်းချက်ချင်းချသွားသော လူ့ဂွစာကြောင့် ဆော့ဂျင် ခပ်လေးလေးသာ သက်ပျင်းချမိသည်.......
အင်းမ် ရအောင်တော့ နေခိုင်းရမှာပဲ.......
" ချီးမို့ အပိုလာနေခိုင်းရအောင်..... ဘောပဲ ဘောပဲ..... !!!!! "
ဖုန်းခွက်ကြီးကိုင်ထားရင်းမှ တစ်လောကလုံးအား ကျိန်ဆဲနေမိသည်......
အိမ်ရှေ့မှ ဖြတ်သွားကြသော ကလေးများကတော့ ဖြစ်နေကြဟူသော မျက်နှာပေးဖြင့် ဖြတ်သွားကြ၏။
တကယ်တော့ ထိုရွာလေးတွင် ဂျောင်ဂုသည် ချဉ်ဖတ်ကြီးတစ်ဦးပင်.....
" မင်းကို ဆရာခေါ်နေတယ်..... "
ထူးထူးဆန်းဆန်းခေါ်သည်ဆိုသော စကားကြောင့် ထယ်ယောင်း အံ့ဩမိသည်ကအမှန်.....
ဘာများဖြစ်မလဲဟုသာ ရင်ခုန်ရင်း ရုံးခန်းဆီလျှောက်လာခဲ့၏။
" ဆရာ ရောက်ပါပီ..... "
" အော ထိုင်ပါဦး..... ကိုပြောစရာရှိတယ်..... "
" ဟုကဲ့ဆရာ ပြော ပြောပါ.... "
ပြောပါဟု ဆိုလိုက်ရသော်လည်း အသံတို့က တုန်ယင်လို့နေသည်....
ရင်ထဲတွင်လည်း တစ်မျိုးပင်.....
ခါတိုင်းလို ရွှတ်နောက်နောက်ပင်မပြောနိုင်ဘဲ ငြိမ်နေမိသည်အထိ.....
" မင်း သီချင်းဆိုရတာ ဝါသနာပါလား...... "
ထင်ထားသည်နှင့်မတူ တလွဲမေးလာသည်မို့ ထယ်ယောင်းကြောင်ကြည့်လျက်သား.....
ဆရာက စိတ်လျှော့ထားသည့်ဟန်နှင့် ဒုတိယအကြိမ်ထပ်မေး၏။
" ဟု ဝါသနာ ဝါသနာပါပါတယ် ဖြစ်နိုင်ရင်တော့ သီချင်းဆိုချင်ခဲ့တာ ဒါပေမယ့် အိမ်က..... "
" ကိုနားလည်တယ် မိဘတွေကတော့ ဘယ်သဘောကျကြမလဲ..... ထားတော့ ကိုအခု မင်းကို အခွင့်အရေးပေးမယ် ဒါပေမယ့် အလကားပေးမှာတော့မဟုဘူး....... "
" ဗျာ ဘာကို.... "
ထူးထူးဆန်းဆန်းဆိုလာသော ယွန်းဂီဟျောင်းအား နားမလည်သလို ကြည့်နေမိသည်.....
ဒါ အလုပ်ကိစ္စနှင့် ဆိုင်မှမဆိုင်ဘဲ....
" ရှင်းရှင်းပြောရရင် ကိုတို့ Company က အဆိုတော်ပေါက်စလေးတွေ ဖန်တီးသွားဖို့ရှိတယ် ကို့ကိုလည်း တာ၀န်ပေးထားတယ်ဆိုပါတော့ ပီးတော့ မင်းကိုလည်း သတိထားမိတယ် မင်းအသံက သေချာလေ့ကျင့်ရင် အောင်မြင်နိုင်တယ် fair ပွဲမှာတည်းက သတိထားမိနေတာ..... "
မျက်နှာသေကြီးနှင့် ရှင်းပြနေသော ဆရာအား ထယ်ယောင်းမျက်တောင်မခတ်တမ်းကြည့်နေမိသည်......
ဆရာက သတိထားမိတယ်တဲ့
အဲ့တာဆို ငါ့အိမ်မက်တွေ ဖြစ်ခွင့်ရတော့မှာလား..... တကယ် တကယ်ပဲ.....
" ဒါဆို ကျွန်တော့်ကို အဆိုတော်ဖြစ်အောင် မွေးထုတ်ပေးမယ်ဆိုတဲ့ သဘောလား..... "
ပိုပီးတိကျအောင်မေးလိုက်တော့ ခပ်အေးအေး ခေါင်းငြိမ့်ပြလာ၏။
ဘာပဲဖြစ်ဖြစ် ဆရာယွန်းဂီကိုတော့ သူယုံသည်.....
ဆရာ့လက်အောက်ကနေ အောင်မြင်သွားတဲ့သူတွေ အများကြီးဟာ.....
" ဒါကို ကျွန်တော်လက်ခံတယ် ကြိုးစားကြည့်ချင်တယ် ပီးတော့ ကျွန်တော့်ဘက်က ပြန်လုပ်ပေးရမယ့် အရာက..... "
သူသိချင်သော မေးခွန်းအား မေးလိုက်တော့ ဟက်ခနဲတစ်ချက်ရယ်ကာ ခေါင်းငြိမ့်ပြ၏။
" တစ်ခုပါပဲ မင်း ခြောက်လတိတိ တစ်စုံတစ်ယောက်ဆီမှာ ပညာလေ့ကျင့်ရမယ် ပီးတော့ သူ့ဆီက သီချင်းတစ်ပုဒ်ရအောင်တောင်းရမယ်.... "
" ဗျာ........ !!!!! "
သူ့စကားဆုံးသည်နှင့် ရှူးရှူးရှားရှားဖြစ်သွားသော ကောင်လေးအား ကြည့်ရင်း ယွန်းဂီ ပြုံးလျက်သား......
Old story of willow tree.
ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို အထူးကျေးဇူးတင်လျက် 🤎
[ Zawgyi Version ]
" တီ..... တီ....... "
တတီတီျမည္လာေသာ နာရီအား တစ္ခ်က္႐ိုက္ခ်ကာ ျပန္ေမွးေနေသာ ထယ္ေယာင္း......
ညက ညလုံးေပါက္ Drama Series ထိုင္ၾကည့္ခဲ့၍ မနက္ေရာက္
ေတာ့ ထပင္မထခ်င္ေတာ့.....
ကုတင္ေပၚထက္ က်လာေသာ ေနေရာင္ျမင္မွ အလန႔္တၾကား ထထိုင္မိသည္......
" သြားပီ ဒီေန႔ ဒီေန႔ အစည္းအေဝးရွိတာပဲ...... အားးးးးရွ္..... "
ကမန္းကတန္းထရင္း ျပင္ဆင္ရသည္.....
နာရီၾကည့္မိေတာ့ ရွစ္နာရီတိတိ.....
" အား သြားပီ သြားပီ နတ္သားေလး ယြန္းဂီေတာ့ ေဒါသူပုန္ထေနေလာက္ပီ...... သြားပီ...... "
ေျခစြပ္ကမန္းကတန္းေကာက္စြပ္ကာ ဖိနပ္ႀကီးကိုင္လ်က္ ေျပးထြက္လာခဲ့သည္.....
႐ုတ္႐ုတ္သဲသဲျဖင့္ တိုက္အေပၚထပ္မွ ဆင္းလာေသာ သူ႔အား လူေတြဝိုင္းၾကည့္ေနၾကေသာ္လည္း ဂ႐ုမစိုက္အား.....
႐ုံးကိုေရာက္မွျဖစ္မည္ ေရာက္ကိုေရာက္ရမည္......
အစည္းအေဝးခန္းထဲတြင္ေတာ့.....
" ေဟ့ ကင္မ္ထယ္ေယာင္းကို ဖုန္းဆက္ၾကစမ္း..... ဒီမွာ စေတာ့မွာ...... "
" ဆရာ ခုနက ဆက္ထားတယ္ မကိုင္ဘူး ဆရာ...... "
" ဟာကြာ အဲ့ေကာင္ေလးက အခ်ိန္ကို ေလးစားမႈမရွိဘူး...... "
တစ္ေယာက္တည္းဆိုကာ ကုလားထိုင္ေပၚတြင္ မွီခ်လိုက္ေသာ သူ.....
ဝူရွစ္ကေတာ့ ဆရာ၏ေဒါသကို သိသည္မို႔ ေခါင္းငုံ႔၍သာ ေနေနမိသည္.....
စိတ္ထဲမွလည္း ခ်စ္လွစြာေသာ သူငယ္ခ်င္းအား ေမတၱာေကာင္းေကာင္းပို႔လ်က္......
ေသနာေလး ေစာေစာစီးစီးလာလို႔ အတန္တန္မွာရဲ႕သားနဲ႔.....
ယြန္းဂီကေတာ့ သူေမွ်ာ္မွန္းထားသလို ျဖစ္မလာသည္အား ခံျပင္းလို႔ေနသည္.....
ဒီေကာင္ေလးနဲ႔ေတာ့ကြာ......
ၾကပ္ပိတ္ေနေသာ ကားအား တိုးစီးရင္း ထယ္ေယာင္း ဖုန္းအားကမန္းကတန္းၾကည့္ရသည္.....
ဖုန္းထဲတြင္ေတာ့ ဝူရွစ္၏ missed call မ်ားက အမ်ားအျပား.....
ျပန္ဆက္မည္ျပင္ေတာ့ လူတိုးေဝ့ျခင္းခံရသည္မို႔ ဆက္လို႔မရျပန္....
အေရးထဲ လွ်ာက ခဏခဏကိုက္မိေသး၏။
အင္းမ္ တစ္ေယာက္ေယာက္ေတာ့ က်ိန္ဆဲေနပီ......
ရွစ္နာရီကထြက္လာေသာ္လည္း ဟိုကိုေရာက္ေတာ့ ဆယ္နာရီထိုးလုနီးပီ.....
တစ္ကိုယ္လုံးမွာလည္း မီးထဲက ထြက္လာေသာသူလို ေခြၽးတၿပိဳက္ၿပိဳက္ျဖင့္.....
ေလွ်ာက်ေနေသာ နက္ခ္တိုင္အား ျပန္ျပင္ရင္း ကုတ္ေခ်ာင္းေခ်ာင္းႏွင့္ ၀င္လာခဲ့သည္......
" ေဟ်ာင့္ ကင္မ္ထယ္ေယာင္း လာခဲ့စမ္း...... ဒီကိုလာ ဒီကိုလာ..... "
" ရား လာေနပီကြ မင္းအေဖကားက အရမ္းျမန္တာဆိုေတာ့ေလ.... "
" မင္းေတာ့ သြားပီပဲ..... ဆရာေခၚေနတယ္ ၀င္သြားလိုက္..... "
" ဟမ္ ငါ့ကို ငါ့ကို အလုပ္ထုတ္ေတာ့မလို႔လား..... ဟုလား ေဟ့ေကာင္ ဟုလား.... "
သူ႔အေျပာအား ျပဴးေၾကာင္ေၾကာင္ေလးၾကည့္ကာ အသဲအသန္လိုက္ေမးေနသူေၾကာင့္ ဝူရွစ္ရယ္ခ်င္စိတ္တို႔က တဖြားဖြား......
သို႔ေသာ္ ထိန္းခ်ဳပ္လ်က္ျဖင့္ပင္ ထယ္ေယာင္းအား ဌာနမႉးအခန္းထဲသို႔ ထည့္ေပးလိုက္၏။
" ဘယ္သူလဲ...... "
အခန္းထဲသို႔ ၀င္လာသည္ကို မၾကည့္ဘဲ ေမးသံေၾကာင့္ ထယ္ေယာင္း အေယာင္ေယာင္အမွားမွားျဖင့္ ဘာေျပာရမည္မွန္းမသိ......
ထို႔ထက္ထူးဆန္းသည္က ဆရာယြန္းဂီေဘးနားတြင္ ျဖဴျဖဴလွလွ အကိုႀကီးတစ္ဦးရွိေနျခင္းပင္.....
ထိုအကိုႀကီးက သူ႔အား ျမင္ေတာ့ ၾကင္ၾကင္နာနာ ၿပဳံးျပလာပါ၏။
" ဆရာ ကြၽန္ ကြၽန္ေတာ္ ေရာက္ ေရာက္ပါပီ..... "
အထစ္ထစ္အေငါ့ေငါ့ဆိုေသာ သူ႔အသံၾကားမွ ခပ္ေမွးေမွးၾကည့္လာေသာ ယြန္းဂီေဟ်ာင္း......
မ်က္လုံးမ်ားက ေအးတိေအးစက္အျပင္ အရွိန္အဝါတစ္ခုရွိေနသလိုေၾကာင့္ ထယ္ေယာင္းကိုယ္ေလးႀကဳံ႕သလိုပင္ခံစားလာရသည္.....
" မင္း အခ်ိန္ကို ေလးစားမႈမရွိတာလား ကင္မ္ထယ္ေယာင္း...... "
" မဟုဘူး နတ္သားေလး အဲ မွား မွားလို႔ အဲ့လိုမဟုပါဘူး ဆရာ.... ကြၽန္ေတာ္ ဒီေန႔ အင္း ဟိုဒင္း ဟိုဟြာ..... အဲ..... "
ဘာေျပာရမည္မွန္းမသိဘဲ ျဖစ္ေနေသာ သူ႔ပုံစံေၾကာင့္ ယြန္းဂီေဟ်ာင္းက မ်က္ေမွာင္ႀကဳံ႕ကာ ေဘးနားရွိအကိုႀကီးကေတာ့ ၿပဳံးရယ္လို႔လာ၏။
" ကဲ ေမာင္မင္းႀကီးသားေလး ဟိုဒင္းဟိုဟြာက တတ္ဦးမွာလား..... "
" ဟိုဒင္း အဲ မွားလို႔ မေန႔က ေမေမေနမေကာင္းလို႔ ဒယ္ဂူကို ခဏျပန္ျဖစ္သြားတာပါ ေန႔ခ်င္းျပန္လာခဲ့ေပမယ့္ ပင္ပန္းေတာ့ အိပ္ေပ်ာ္သြားမိလို႔ပါ ဆရာ.....ေနာက္တစ္ခါမျဖစ္ေစရပါဘူး...... ကတိေပးပါတယ္...... "
ခါးက်ိဳးမတတ္ေတာင္းပန္ေနသူေၾကာင့္ ယြန္းဂီပင္အလိုလိုအားနာလာရသည္......
ေဘးက ေဆာ့ဂ်င္ေဟ်ာင္းအားၾကည့္ေတာ့ မေျပာနဲ႔ဟူသည့္ သေဘာျဖင့္ ေခါင္းခါျပလာ၏။
ေလပူမ်ားအားမႈတ္ထုတ္ရင္း တစ္ခြန္းတည္းသာဆိုလိုက္သည္.......
" သြားေတာ့..... ေနာက္တစ္ခါ အဲ့လိုမၾကားခ်င္ဘူးေနာ္ ထယ္ေယာင္းရွီး..... "
" ဟုကဲ့ ဟုကဲ့ ေက်းဇူးပါ ဆရာနတ္သားေလး အဲမွားလို႔ ဆရာ.....ဟီး..... "
ေလးေထာင့္အၿပဳံးေလးအား အစြမ္းကုန႔္ၿပဳံးျပကာ ထြက္သြားေသာေကာင္ေလးအား တစ္ခ်က္ၾကည့္ရင္း ယြန္းဂီ မ်က္ႏွာမဲ့မိသည္....
ဘာရယ္ေတာ့မဟုတ္
ပိုကိုပိုလြန္းသည္ပဲ.......
" ကဲေတြ႕ပီလား ေဆာ့ဂ်င္ေဟ်ာင္း....... "
" ေကာင္ေလးက ခ်စ္စရာေလးပါ တက္တက္ႂကြႂကြလည္းရွိတယ္.... ရယ္စရာကလည္း ေျပာတတ္ပါ့..... ငါေတာင္သေဘာက်သြားပီ...... "
" က်ရင္လည္း ေကာင္းတာေပါ့ ဒါဆို အစီအစဥ္စေတာ့မလား...... "
" ရား မင္းအစီအစဥ္ေတြက အလုပ္ေရာ ျဖစ္ပါဦးမလား ငါကေတာ့ ေကာင္ေလးကိုအားနာတယ္ ငါတို႔အက်ိဳးအတြက္နဲ႔သူ႔ကို လိမ္သလိုျဖစ္ေနဦးမလား..... "
" ဘာဆိုင္လို႔လဲ ကြၽန္ေတာ္တို႔က သူ႔ကို Challenge အေနနဲ႔ လုပ္ခိုင္းမွာပဲကို.....သူေတာင္သေဘာက်ေနဦးမွာ..... "
" ဒါေပမယ့္ ငါတို႔လိမ္တာသိသြားခဲ့ရင္ေရာ..... "
" သိစရာလား ေဆာ့ဂ်င္ေဟ်ာင္းရ.... ဒီကိစၥကကြၽန္ေတာ္တို႔ေတြပဲ သိတာေလ ဘယ္သူသိတာ မွတ္လို႔...... ပီးေတာ့ ဘာျဖစ္ျဖစ္ အေကာင္းပဲျဖစ္လာမွာ.... ေဂ်ာင္ဂုလည္း အရင္လိုျပန္ျဖစ္ခ်င္ျဖစ္လာႏိုင္တာပဲ..... "
" ငါတစ္ခုေမးဦးမယ္ မင္း႐ူးေနတာေတာ့ မဟုပါဘူးေနာ္...... "
သူ႔အား ေစ့ေစ့စပ္စပ္ၾကည့္ကာ ေမးျမန္းေနသူေၾကာင့္ ယြန္းဂီေဒါသထြက္လာရသည္.....
" ရား ဘာလို႔႐ူးရမွာလဲကြ တကယ္ပဲ...... "
" မင္းလုပ္မယ့္ဟာေတြကိုလည္း ေသခ်ာျပန္စဥ္းစားဦး.....ပုံစံက မင္းသားကို မင္းသမီးနဲ႔ေပးေတြ႕မယ့္စတိုင္နဲ႔...... "
" ဟ အဲ့တာေတာ့ ေဟ်ာင္း အေတြးလြန္သြားပီ..... အႏုပညာရွင္ဆိုတာ အားေပးတဲ့သူေတြရွိမွ ျဖစ္တည္လာတာ ဟုတယ္ဟုတ္..... "
" ေအးေဘ အဲ့တာ ဘာျဖစ္သလဲ..... "
" ပီးေတာ့ သူတို႔ဟာ သူတို႔ကိုအားေပးတဲ့ သူေတြရဲ႕စကားကို နားမေထာင္ရင္ေတာင္မွ အေလးအနက္ထားေပးၾကတယ္ေလ..... ေဂ်ာင္ဂုမွာက အဲ့လိုအရာေတြမရွိခဲ့တာၾကာပီပဲ..... ပီးေတာ့ ထယ္ေယာင္း ထယ္ေယာင္းက ေျပာရရင္ သူ႔ရဲ႕တစ္ဦးတည္းေသာ ဖန္ပဲ..... သူမ်ားေတြက အခ်ိန္ငါးႏွစ္ၾကာပီးလို႔ ေမ့ေနၾကတဲ့အခ်ိန္မွာ သူကမေမ့ခဲ့ဘူး မယုံရင္သြားၾကည့္ၾကည့္ သူ႔ဖုန္းထဲမွာ ေဂ်ာင္ဂုသီခ်င္းေတြခ်ည္းပဲ..... ကြၽန္ေတာ့္အထင္ေတာ့ သူကေဂ်ာင္ဂုကို ေျပာင္းလဲေပးႏိုင္မယ့္ တစ္ဦးတည္းေသာ သူပဲ တကယ္လို႔ အဲ့လိုမျဖစ္လာရင္ေတာင္ ေဂ်ာင္ဂုအရင္ကထက္ပိုပီး အဆင္ေျပလာလိမ့္မယ္လို႔ ထင္တယ္...... "
ယြန္းဂီ၏ တစ္ခါမွ်ရွည္ရွည္ေဝးေဝးမေျပာဖူးေသာ စကားရွည္ႀကီးအား တေမ့တေမာနားေထာင္ရင္း ေဆာ့ဂ်င္ေတြးေနမိသည္.....
တကယ္ပဲျဖစ္ႏိုင္ေလာက္မလား.....
ဘုရားသခင္ေတာင္ ကံၾကမၼာကို မစီရင္ႏိုင္တာ သူတို႔က ဘာမို႔လို႔.....
သို႔ေသာ္လည္း ျဖစ္လာရင္ဟူေသာ ေမွ်ာ္လင့္ခ်က္အရာေလးက ဖိအားေပးေနျပန္၏။
" ေအး အဲ့လိုဆိုေတာ့လည္း လုပ္ၾကည့္ၾကတာေပါ့..... "
တည္ၾကည္ျပတ္သားစြာဆိုလာေသာ ေဟ်ာင္းအား စိုက္ၾကည့္ရင္း တစ္ခ်က္ၿပဳံးမိသည္.....
.................
႐ုံးခန္းထဲသို႔ ေျမာက္ႂကြေျမာက္ႂကြျဖင့္ ၀င္လာေသာ သူ႔အား ဝူရွစ္ကပါးစပ္အေဟာင္းသားႏွင့္ တအံ့တဩေငးလို႔ေန၏။
က်န္သည့္သူမ်ားကေတာ့ အလုပ္ကိုယ္စီျဖင့္ သူ႔အား ေမာ့မၾကည့္အား.....
" ဟ အေျခအေန..... အေျခအေနက..... "
" ဟက္ ဘာျဖစ္ရမွာလဲ ဆရာက ငါ့ကို ေခၚဆူတယ္လို႔ ထင္ေနတာမလား...... ႏိုးႏိုး မိုင္ဖရန႔္ ဆရာက ငါ့ကိုေတာင္ စိတ္ပူေပးေနတာ..... "
ခြၽဲဝူရွစ္ဆိုသည့္အေကာင္အား ပညာျပခ်င္၍ ထယ္ေယာင္းလိုလိုပိုပိုေျပာျပလိုက္သည္.....
မသိလွ်င္ သူက အထက္အရာရွိ၏ မ်က္ႏွာသာေပးခံရသည့္ပုံလို.....
ေတာ္ကီႂကြယ္ေသာ ကင္မ္ထယ္ေယာင္းအဖို႔ ပ်င္းေတာင္ပ်င္းေသး.....
" ရား တကယ္ႀကီးလားကြ အစည္းအေဝးခန္းမွာတုန္းက မင္းကိုသတ္မယ္လို႔ေတာင္ႀကိမ္းဝါးေနတာ..... "
" ငါကအေၾကာင္းစုံရွင္းျပပီးသားပဲ ဆရာက နားလည္ေပးတယ္ ေနာက္တစ္ခါမျဖစ္ေစနဲ႔လို႔ပဲ သတိေပးတာ..... "
" အမေလး ဟုပါပီ ေမာင္မင္းႀကီးသားရယ္ အဆူမခံရေတာ့ မ်က္ႏွာက တစ္မ်ိဳး....... "
႐ြဲ႕ေျပာေနေသာ ဝူရွစ္စကားမ်ားအား မၾကားဟန္ျပဳရင္း ထယ္ေယာင္း အလုပ္စားပြဲတြင္၀င္ထိုင္လိုက္သည္.....
တကယ္ေတာ့ သူ႔မွာ ေသမင္းခံတြင္း၀က လြတ္လာသလိုပင္.....
Kdrama ၾကည့္သည့္အေၾကာင္းမေျပာခ်င္၍ အေကာင္းအတိုင္းရွိေနေသာ ေမေမ့အား လိမ္ခဲ့ရပါ၏။
ဖြဖြ လြဲပါေစ ကြၽန္ေတာ္မ်ိဳး တမင္တကာလိမ္ခဲ့ျခင္းမဟုပါ ခြင့္လႊတ္ေတာ္မူပါ ဘုရား.....!!!
မ်က္လုံးမွိတ္လ်က္ စိတ္ထဲမွ ေရ႐ြတ္ကာ ေတာင္းပန္လိုက္သည္.....
ပီးသည္ႏွင့္ အရင္ဦးဆုံး လုပ္သည့္အရာက သီခ်င္းဖြင့္ျခင္း......
အင္းမ္ ဒီေန႔မိုး႐ြာေနေတာ့ still with you ေလးပဲဖြင့္မယ္ ဟိ......
ေဘးနားရွိဝူရွစ္မွာေတာ့ ထြက္ေပၚလာေသာ သီခ်င္းသံအား မၾကားဟန္သာျပဳေနလိုက္ရသည္.....
တကယ္ေတာ့ သူ႔ဘ၀က နားမုဒိမ္းက်င့္ခံေနရသည့္ဘ၀....
" ရားးးးး ေတာင္းစားမိုး ခ်ီးမို႔ ႐ြာတာလားကြ ငါ့စိုက္ခင္းေတြပ်က္ပါပီ..... "
အခ်ိန္အခါမဟုတ္႐ြာေသာ မိုးေၾကာင့္ သီးႏွံပင္မ်ား ပ်က္စီးမည့္အေရးေတြးရင္း ေဂ်ာင္ဂု က်ိန္ဆဲေနမိသည္......
ခါတိုင္းဆို မိုး႐ြာလွ်င္ သီခ်င္းေရးရသည္ကို သေဘာက်ေသာ္လည္း ယခုေတာ့ ျခားနားစြာ မုန္းတီးလို႔ေနျပန္၏။
ေျခရင္းတြင္ ယိုင္ႏွဲ႔ေနေသာ သီးပင္ေလးမ်ားအား စိတ္ပ်က္စြာ ၾကည့္ေနမိသည္......
မိုးမင္းႀကီးကေတာ့ ဂ႐ုမစိုက္သည့္အလား......
" ဘာလဲ ဘာကိစၥလဲ..... ဘာေျပာမလို႔လဲ..... "
ထူးထူးျခားျခားဖုန္းဆက္လာပါေသာ အကိုျဖစ္သူအား စိတ္မရွည္စြာ ဘုေတာေတာမိသည္.....
" ရား ငါက မင္းေနေကာင္းလား ဖုန္းဆက္တာပါ..... "
" ေကာင္းတယ္ မေသေသဘူး လူက ေဒါင္ေဒါင္ျမည္ပဲ...... "
" ဒါနဲ႔ေလ မင္းကို အကူအညီေတာင္းစရာေလးရွိ..... "
" ေျပာ ေျပာ ဘာလဲ..... "
အကိုျဖစ္သူစကားအား စိတ္မရွည္သျဖင့္ ခပ္ေလာေလာပင္ေျပာလိုက္သည္.....
" ဟို မင္းအိမ္မွာေလ လူတစ္ေယာက္ေနဖို႔မ်ား အဆင္ေျပ ေျပ...... "
" မျဖစ္ႏိုင္တာေတြ လာေျပာေနျပန္ပီ ကြၽန္ေတာ္က ဇယားရႈပ္တာေတြမႀကိဳက္ဘူး မကူညီေပးႏိုင္ဘူး ဒါပဲ..... "
" ေဟ်ာင့္ ေဟ်ာင့္..... "
" တီ.....!!!!! "
စကားပင္ဆုံးေအာင္မေျပာလိုက္ရ
ဖုန္းခ်က္ခ်င္းခ်သြားေသာ လူ႔ဂြစာေၾကာင့္ ေဆာ့ဂ်င္ ခပ္ေလးေလးသာ သက္ပ်င္းခ်မိသည္.......
အင္းမ္ ရေအာင္ေတာ့ ေနခိုင္းရမွာပဲ.......
" ခ်ီးမို႔ အပိုလာေနခိုင္းရေအာင္..... ေဘာပဲ ေဘာပဲ..... !!!!! "
ဖုန္းခြက္ႀကီးကိုင္ထားရင္းမွ တစ္ေလာကလုံးအား က်ိန္ဆဲေနမိသည္......
အိမ္ေရွ႕မွ ျဖတ္သြားၾကေသာ ကေလးမ်ားကေတာ့ ျဖစ္ေနၾကဟူေသာ မ်က္ႏွာေပးျဖင့္ ျဖတ္သြားၾက၏။
တကယ္ေတာ့ ထို႐ြာေလးတြင္ ေဂ်ာင္ဂုသည္ ခ်ဥ္ဖတ္ႀကီးတစ္ဦးပင္.....
" မင္းကို ဆရာေခၚေနတယ္..... "
ထူးထူးဆန္းဆန္းေခၚသည္ဆိုေသာ စကားေၾကာင့္ ထယ္ေယာင္း အံ့ဩမိသည္ကအမွန္.....
ဘာမ်ားျဖစ္မလဲဟုသာ ရင္ခုန္ရင္း ႐ုံးခန္းဆီေလွ်ာက္လာခဲ့၏။
" ဆရာ ေရာက္ပါပီ..... "
" ေအာ ထိုင္ပါဦး..... ကိုေျပာစရာရွိတယ္..... "
" ဟုကဲ့ဆရာ ေျပာ ေျပာပါ.... "
ေျပာပါဟု ဆိုလိုက္ရေသာ္လည္း အသံတို႔က တုန္ယင္လို႔ေနသည္....
ရင္ထဲတြင္လည္း တစ္မ်ိဳးပင္.....
ခါတိုင္းလို ႐ႊတ္ေနာက္ေနာက္ပင္မေျပာႏိုင္ဘဲ ၿငိမ္ေနမိသည္အထိ.....
" မင္း သီခ်င္းဆိုရတာ ဝါသနာပါလား...... "
ထင္ထားသည္ႏွင့္မတူ တလြဲေမးလာသည္မို႔ ထယ္ေယာင္းေၾကာင္ၾကည့္လ်က္သား.....
ဆရာက စိတ္ေလွ်ာ့ထားသည့္ဟန္ႏွင့္ ဒုတိယအႀကိမ္ထပ္ေမး၏။
" ဟု ဝါသနာ ဝါသနာပါပါတယ္ ျဖစ္ႏိုင္ရင္ေတာ့ သီခ်င္းဆိုခ်င္ခဲ့တာ ဒါေပမယ့္ အိမ္က..... "
" ကိုနားလည္တယ္ မိဘေတြကေတာ့ ဘယ္သေဘာက်ၾကမလဲ..... ထားေတာ့ ကိုအခု မင္းကို အခြင့္အေရးေပးမယ္ ဒါေပမယ့္ အလကားေပးမွာေတာ့မဟုဘူး....... "
" ဗ်ာ ဘာကို.... "
ထူးထူးဆန္းဆန္းဆိုလာေသာ ယြန္းဂီေဟ်ာင္းအား နားမလည္သလို ၾကည့္ေနမိသည္.....
ဒါ အလုပ္ကိစၥႏွင့္ ဆိုင္မွမဆိုင္ဘဲ....
" ရွင္းရွင္းေျပာရရင္ ကိုတို႔ Company က အဆိုေတာ္ေပါက္စေလးေတြ ဖန္တီးသြားဖို႔ရွိတယ္ ကို႔ကိုလည္း တာ၀န္ေပးထားတယ္ဆိုပါေတာ့ ပီးေတာ့ မင္းကိုလည္း သတိထားမိတယ္ မင္းအသံက ေသခ်ာေလ့က်င့္ရင္ ေအာင္ျမင္ႏိုင္တယ္ fair ပြဲမွာတည္းက သတိထားမိေနတာ..... "
မ်က္ႏွာေသႀကီးႏွင့္ ရွင္းျပေနေသာ ဆရာအား ထယ္ေယာင္းမ်က္ေတာင္မခတ္တမ္းၾကည့္ေနမိသည္......
ဆရာက သတိထားမိတယ္တဲ့
အဲ့တာဆို ငါ့အိမ္မက္ေတြ ျဖစ္ခြင့္ရေတာ့မွာလား..... တကယ္ တကယ္ပဲ.....
" ဒါဆို ကြၽန္ေတာ့္ကို အဆိုေတာ္ျဖစ္ေအာင္ ေမြးထုတ္ေပးမယ္ဆိုတဲ့ သေဘာလား..... "
ပိုပီးတိက်ေအာင္ေမးလိုက္ေတာ့ ခပ္ေအးေအး ေခါင္းၿငိမ့္ျပလာ၏။
ဘာပဲျဖစ္ျဖစ္ ဆရာယြန္းဂီကိုေတာ့ သူယုံသည္.....
ဆရာ့လက္ေအာက္ကေန ေအာင္ျမင္သြားတဲ့သူေတြ အမ်ားႀကီးဟာ.....
" ဒါကို ကြၽန္ေတာ္လက္ခံတယ္ ႀကိဳးစားၾကည့္ခ်င္တယ္ ပီးေတာ့ ကြၽန္ေတာ့္ဘက္က ျပန္လုပ္ေပးရမယ့္ အရာက..... "
သူသိခ်င္ေသာ ေမးခြန္းအား ေမးလိုက္ေတာ့ ဟက္ခနဲတစ္ခ်က္ရယ္ကာ ေခါင္းၿငိမ့္ျပ၏။
" တစ္ခုပါပဲ မင္း ေျခာက္လတိတိ တစ္စုံတစ္ေယာက္ဆီမွာ ပညာေလ့က်င့္ရမယ္ ပီးေတာ့ သူ႔ဆီက သီခ်င္းတစ္ပုဒ္ရေအာင္ေတာင္းရမယ္.... "
" ဗ်ာ........ !!!!! "
သူ႔စကားဆုံးသည္ႏွင့္ ရႉးရႉးရွားရွားျဖစ္သြားေသာ ေကာင္ေလးအား ၾကည့္ရင္း ယြန္းဂီ ၿပဳံးလ်က္သား......
Old story of willow tree.
ဖတ္ရႈေပးသူတစ္ဦးခ်င္းဆီကို အထူးေက်းဇူးတင္လ်က္ 🤎