🍃🌱🍃
''သာသာ ရေ နှင်းဆီပင်လေးတွေကို တစ်ပင်နဲ့တစ်ပင် ခပ်ခွာခွာစိုက်နော် သားလေး"
''ဟုတ်ကဲ့ အမေ"
ဒီနေ့သည် စနေနေ့မို့ ကျွန်တော်တို့ ကျောင်းတွေ ပိတ်ပါ၏။
အိမ်ကို စပြောင်းလာသည့်နေ့ကတည်းက စိတ်ထဲတွင် တေးမှတ်ထားသော အိမ်ရှေ့တစ်ပြင်လုံးကို ပန်းပင်များဖြင့် အပြည့်စိုက်ပစ်မည်။ အရိပ်ကောင်းကောင်းရသောသပြေပင်၏ပင်စည်ပတ်လည်အား
ခုံတန်း ပတ်ပတ်လည်ရိုက်ပစ်မည်ဟု တေးမှတ်ထားသမျှ ဒီကျောင်းပိတ်ရက်၂ရက်အတွင်းအကောင်အထည်ဖော်နေခြင်း
ဖြစ်၏။ တီတီနု ခြံအတွင်းမှ မျိုးခွဲကာ ယူလာသော စံပယ်ပင်၊ နှင်းဆီပင်၊ ရွက်လှအရွက်နီပင်၊ ကံ့ကော်ပင်အပေါက်လေးတွေနှင့် တခြားပန်းမျိုးစိတ် တော်တော်များများ အား အမေနှင့်အတူ စိုက်ပျိုးဖြစ်၏။ မနက်ဖြန်ခါ တနင်္ဂနွေနေ့မှ အိုက်လျှမ်းက ကျူရှင်နားရက်ရှိမှာမို့ မနက်ဖြန်မှ ကိုကြီးဆိုင်ဟန်ကပါ သူ့ညီနှင့်အတူ သပြေပင်ပတ်လည်အား ခုံတန်းလာရိုက်ပေးမည်ဆိုသောကြောင့် ယနေ့အပင်များအား အပြီး စိုက်ပျိုးရမည်။ အပင်လေးတွေမြန်မြန်ကြီးလာအောင် မြေဩဇာကောင်းကောင်းလို၏။
''အမေ သား အပင်လေးတွေလဲ ပိုသန်သွားအောင် တီတီနုတို့ အိမ်ရှေ့လမ်းမ အကျော်က ကျွဲချေး(ချီး)ခြောက်တွေ သွားကျုံးလိုက်ရမလား ဟင်''
''နေပါ သားရယ် တချို့ပန်းပင်တွေက အသန့်ကြိုက်တယ်
အမေ ဈေးနေ့မှ ပန်းပင်တွေအတွက် မြေဩဇာမေးကြည့်ပါမယ်"
"ဪ ဟုတ်လား သားက အပင်မြန်မြန်ကြီးချင်တာပဲ သိတာ ဟီးး"
သားအမိနှစ်ယောက် ရယ်ရယ်ပြောပြောဖြင့် ပန်းပင်များ နေရာတကျ စိုက်ပျိုးနေတုန်း ခြံရှေ့တွင် အသံကျယ်လွန်းလှသောဆိုင်ကယ်ကြီး ၃စီး လာရပ်၏။
YAMAHA ဆိုလားတော့ မသိပါဘူး တံဆိပ်မြင်လို့သာ ဖတ်ကြည့်တာပါ။
ဒီလို ရွာမကျ မြို့မကျ မြို့ကျဉ်းကျဉ်းလေးမှာလဲ ဒီလိုဆိုင်ကယ်စီးတဲ့သူရှိတယ်လားပေါ့။ မှန်အလုံ Helmet ကိုယ်စီ ဆောင်းထားတာမို့ ဘယ်သူဘယ်ဝါမှန်း လဲ မသိရပါ။
ဆိုင်ကယ်ပေါ်မှ ဆင်းလာတဲ့ လူ ၄ဦးကြောင့် ဒီအရပ်အမောင်းကြီးတွေ ဘယ်နားမှာမြင်ဖူးနေတာပါလဲ။
ကျွန်တော်စဉ်းစားလို့ပင် မဆုံးသေးခင် ဆောင်းထားသော Helmet များကို ချွတ်လာတာကြောင့် ခပ်ဝိုင်းဝိုင်း မျက်ဝန်းအစုံဟာ ပြူးကျယ်ကုန်၏။
ဒီ ၈တန်းကောင် အုပ်စု ခြံရှေ့ကို ဘာလာလုပ်တာလဲ မသိပါဘူး။ ကြောက်ပါတယ်ဆို ဘာလို့ ပေါ်ပေါ်လာမှန်းမသိဘူး။ လူကိုမြင်တာနဲ့
မထိတထိနဲ့ နမ်းက နမ်းသေးတယ်။ အမေ့ဘက် လှည့်ကြည့်လိုက်တော့ အမေဟာ ခြံရှေ့မှာ ရစ်သီရစ်သီ နှင့် လုပ်နေကြတာမို့ စူးစမ်းဟန်ဖြင့် ခြံရှေ့ ထွက်သွား၏။
''ဟို ... အန်တီ မင်္ဂလာပါဗျ ကျွန်တော်တို့က ထွန်းလမင်းသာ သူငယ်ချင်းတွေပါဗျ"
"ဟမ် အမေ အဲ့တာက မ..."
သူတို့အဖွဲ့ထဲမှ အရပ် အရှည်ဆုံး တစ်ယောက်က တက်ကြွစွာ ပြောလာချိန် မဟုတ်တဲ့အကြောင်း အငြင်းစကားပင်မဆုံးသေးခင်
မောင် လို့ ခေါ်ခိုင်းတဲ့ ကတုံးကောင်က မျက်လုံးများမှေးကာပြောရဲရင်ပြောကြည့်ဆိုသော အကြည့်များ မြှားပစ်သလို ပစ်လွှတ်နေတာကြောင့် စကားလုံးများဟာ လည်ဝတွင် တစ်ဆို့ကုန်၏။
"ဪ.. သာသာလေးရဲ့ သူငယ်ချင်းတွေလား သားကသူငယ်ချင်းတွေတောင်ရလို့ပါလား။
သားက သူငယ်ချင်းတွေကို ခေါ်လေကွယ်"
"ဟို အမေ.." စကားပင်မဆုံးသေးပါဘူး။
"ဟဲဟဲ ဝင်ပြီနော် အန်တီ "
"အေးကွယ် ဝင်ကြ သားတို့သူငယ်ချင်းက အန်တီချိုနဲ့ ပန်းပင်စိုက်နေတာကွယ် သားရေ လက်သွားဆေးချည်တော့
သူငယ်ချင်းတွေကို အိမ်ပေါ်ခေါ်သွား အမေ ဆက်လုပ်လိုက်မယ်"
"အာ ရတယ် ရတယ် သူစိမ်းတွေမှ မဟုတ်တာ လမင်းရဲ့အမေက ကျွန်တော့်ရဲ့အမေပဲပေါ့ ကျွန်တော်တို့ပါ ပန်းပင်တွေ စိုက်ကူပါ့မယ်"
"အေးပါကွယ် ကျေးဇူးပါနော် သားတို့ရေ အန်တီချို ပြီးမှ
သဘေင်္ာသီး သုပ်ကျွေးမယ်နော်သားတို့ "
" ဟုတ်ကဲ့ပါဗျ"
ပြိုင်တူထွက်လာတဲ့ အသံ ၄သံ။ ဘယ်တုန်းက သူငယ်ချင်းတွေဖြစ်သွားလို့ အိမ်အထိရောက်လာကြတာလဲ။ ကျွန်တော်ကတော့ မနေ့ကအထိ ဒီဟာတွေအုပ်စုနဲ့တွေ့ရမှာကို ကြောက်လို့ကောင်းတုန်း။ ပြေးလို့ကောင်းတုန်း။
ကျောင်းလူမိုက် တွေဆို ၊ အိုက်လျှမ်းပြောတာ တအားဆိုးသွမ်းလွန်းတာဆို "ဟုတ်ကဲ့"တဲ့ အမေ့ရှေ့မှာ ယဉ်ကျေးနေပြကြတာများ ။ အယောင်ယောင်အမှားမှား ဖြင့် ကောင်းကင်ကြီးအား မော့ကြည့်မိ၏ မိုးများရွာချလာကာ မိုးကြိုးတွေများပစ်မလားပေါ့။ သို့သော် နေသာ နေပါ၏။ ဒီကောင်တွေ လိမ္မာပြနေလို့ ဒီလို မိုးကျတဲ့ရာသီမှာ နေသာနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။
>>><<<
သူငယ်ချင်းလေးယောက် ဆိုင်ကယ်၃စီးဖြင့် ရွာလမ်းအတိုင်းဝင်လာရာ ရွာအလယ် လမ်းခွဲတစ်နေရာအရောက်
ဘယ်ဘက်ကွေ့ရမလား ညာဘက်ကွေ့ရမလား မသိကြတော့တာမို့
ဘယ်ဘက်သာ အရင် သွားကြည့်မည် ဆိုကာ မောင်းလာခဲ့ကာမှ ခြံတစ်ခြံနားအရောက် ကုန်းကုန်းကွကွနှင့် ပေါက်ပြားသေးသေးလေးကိုင်ကာ တူးဆွနေသော ''မောင့်လမင်း"။
ခြံစည်းရိုးက ရှမ်းရိုးရာဓလေ့ပုံစံ ဝါးလုံးအားနှစ်ခြမ်းခွဲကာ ဝါးပိုင်းများညှပ်ကာ ကျဲတဲတဲ ပြုလုပ်ထားသော ခြံစည်းရိုးပုံစံကြောင့် ထိုအသေးလေးကို ဆိုင်ကယ်မောင်းရင်း မြင်လိုက်ရတာ။ တစ်ကယ်ကို မသိစိတ်က တောင့်တနေခဲ့ရတဲ့ မျက်နှာလေး။ ပြုံးလို့ရွှင်လို့။ တစ်ကယ်ကို ရေတစ်ခွက်သောက်လို့ အမောဖြေရတာထပ် ပြေစေတဲ့ မျက်နှာပိုင်ရှင်လေး။
ကိုယ်တွေကို မြင်လိုက်ရတော့ ဝိုင်းစက်စက် မျက်လုံးလေးနှင့် အံ့ဩသဖွယ် ခပ်ဟဟ နှုတ်ခမ်းလေးဟာ ထိန်းချုပ်ထားသော စိတ်အစဉ်တို့ လွှတ်ထွက်ချင်စရာ အတိ။ သူငယ်ချင်းပါလို့ အရှေ့က ပိတ်ပြောနေတဲ့ သန့်ကြီးစကားကို ကန့်ကွက်ချင်ဟန်။
ပုံစံကိုက အသည်းယားစရာ ။ ကြည့်ရင်းကြည့်ရင်းကို ပြေးနပ်ချင်လိုက်ပါဘိ။ အမေဖြစ်သူ ရှိနေလို့သာပေါ့။ ဟွန်း!!
>>><<<
ဝတ်လာတာကိုက အပေါ်အောက် အကုန် နက်စွေးလို့။ သူများတကာ အိမ်ကို ဘယ်လိုတွေ ဝတ်စားပြီး လာကြမှန်းကို မသိဘူး။ shirt လက်တိုအနက်၊ အပေါ် ကိုဂျင်းကုတ်အနက်ထပ်ဝတ်ထား၏။အောက်ပိုင်းကလဲ ဂျင်းအနက်ေရာင်ဘောင်းဘီအပေါက်အပြဲတွေနဲ့ အသားကဖွေးတာမို့ ကြည့်ရဆိုးတာမျိုးတော့ မဟုတ်ပါဘူး။
***
ခန့်စေတို့ အပေါ်ထပ်တွေချွတ်ကာ ဘောင်းဘီများအား မတင်လို့
မောင့်လမင်း ခေါ် ထွန်းလမင်းသာ၏ ပန်းခြံပိစိလေးထဲ တွေ့သမျှ ပန်းပင်များ ကောက်ကာ ဝင်စိုက်ပေးလိုက်ကြ၏။
အိမ်တွင် မင်းသားတမျှ လူ့ဘော်ကြော့ နေရပါသော သူဌေးသားတို့၊ ကျောင်း လှုပ်ရှားချိန်တွင်တောင် မြက်တစ်ပင်မပေါက်ဖူး မနှုတ်ဖူးသော လူဆိုးတွေက ပေါက်ပြားကိုင်ကာ မြေကို တူးဆွလို့ပါလား။ မွေးမိခင် ကျွေးဖခင်တွေမြင်ရင် သူတို့သားများအားရင်ထုမနာဖြစ်နေမှဖြင့် အမှုလာပတ်နေအုန်းမည်။ ရန်ဖြစ်တယ်သာဆိုကြ၏ အသားအရည်တွေက နုဥဖက်လို့။
*အမေ ကျွန်တော် ဒီပန်းပင်လေး ဒီနား စိုက်လိုက်မယ်နော်*
*အမေ ကျွန်တော် ဒီနား မြေဆွလိုက်မယ်နော်*
*အမေ ဒီလောက်ဆို ပန်းပင်က ရှင်မှာပါနော့*
သားဖြစ်သူ ကိုယ့်ထပ်ကို တ မေမေနဲ့ အမေချင်းထပ်နေကြတာများ မသိရင် သူတို့ကပဲ သားအရင်းတွေလိုနဲ့။ တစ်ကောင်မှ ကြည့်လို့ကို မရဘူး။
"မောင့်လမင်းလေး မောနေပြီလား"
အမြင်ကတ်လို့ ခြံထောင့်နားမှာ ကိုယ့်ဘာသာ ကံ့ကော်ပင် လာစိုက်နေကာမှ ကတုံးကောင်က အနားရောက်လာပြန်ပြီ။
လာကတည်းက အချိုးကိုမပြေဘူး။
"......"
"ဟိတ်! မေးနေတယ်လေကွာ"
"မမောဘူး!"
"လေသံကိုက မောင့်ကို အမောပြေတစ်ခုခုတောင်းနေသလိုပဲ
မတောင်းလဲ မောင်က ပေးမှာပါ အမေရှိနေလို့"
"ကျွန်တော် အနေရခက်မယ့် စကားတွေ လာမပြောပါနဲ့ဗျာ
ပြန်ကြပါတော့ သူငယ်ချင်းလဲမဖြစ်ချင်ဘူး ခင်လဲမခင်ချင်ဘူး"
"......."
ဘာမှပြန်မပြောဘဲလူကို စူးစူးစိုက်စိုက်ကြည့်ကာ အနားမှ ထသွား၏။
တစ်ကယ်ကို ခင်လဲမခင်ချင်ပါ၊ သူငယ်ချင်းလဲမဖြစ်ချင်ပါ။
သူ့ကို မြင်ရရင်ကို အနေရခက်ကာ ဖော်ပြလို့မရတဲ့ ခံစားချက်ကြီး။
အဲ့လိုတွေ မဖြစ်ချင်ဘူး။
အနားကသာ ထထွက်သွားတာ ပြောလိုက်တဲ့စကားကြောင့် ပြန်မယ်ထင်ပေမယ့် အဲ့ဒီ ထင်မြင်ချက်ဟာ တက်တက်စင်အောင် လွဲပါတယ်။ ပန်းပင်တွေ အကုန်စိုက်ပြီးလို့ အိမ်နောက်ဘက်တွင် ခြေလက်သန့်စင်ရေဆေးကာ အမေ့နားတွင် သင်္ဘောသီး ဝိုင်းခြစ်တဲ့သူကခြစ် ၊မြေပဲဆံ ထိုင်ထောင်းတဲ့သူကထောင်းနှင့်
အမေ့နားကပ်နေကြတာ ကျွန်တော်ပင် တိုးလို့မရ။
အကုန်ပြီးစီးလို့ အမေက ပန်းကန်ထဲမျှဝေထည့်ပေးကာ အိမ်ရှေ့ဝရံတာ၌ ဖျာခင်း၍ ထိုင်စားစေ၏။
"ကဲ.... သူဌေးသားလေးတွေ အိမ်လာလည်ခါမှ ပင်ပန်းကုန်ပြီ
ကဲ ဖြည်းဖြည်းစားကြ သားတို့"
"ဟုတ်ကဲ့"
"သားစေ က အဲ့တာဆို မြို့ထဲက ၃ထပ်တိုက်ဆိုင်ကြီးကပေါ့
သာသာလေးက သူငယ်ချင်းရွေးလဲရွေးတက်ပါ့ ၈တန်းဆိုလို့ အန်တီချိုက အံ့ဩသွားတာ ၄ယောက်လုံးထွားလိုက်တာ
အိမ်က သားကတော့ မြင်တဲ့အတိုင်းပဲ သားတို့က စောင့်ရှောက်ပေးပါအုန်းနော် ဒီသားလေးပဲရှိတာ နေရာစိမ်းမှာ တစ်ယောက်တည်းဖြစ်နေမှာလဲ စိုးရိမ်နေတာ အားကိုးရမယ့် သူငယ်ချင်းတွေ ရှာထားတာပဲ ကြည့်စမ်း"
သဘောတကျနှင့် ဆံပင်လေးများအား ချစ်စနိုးဖြင့် ဖွကာ ဆိုလာသော အမေ့ကြောင့် စိတ်ထဲတွင် အမေ ဘာမှမသိပါဘူးဟုသာ တိုးတိုးလေးဆိုနေရ၏။(ဟွန့် ခေါ်တာတောင် သားစေတဲ့ ကတုံးကောင်ကိုများ)
ခေါင်းမဖော်တမ်း တစ်ဇွန်းပြီးတစ်ဇွန်း အတင်းစားနေတဲ့ သန့်ကြီးမှ
ပလုတ်ပလောင်းဖြင့် ခေါင်းမော့လာကာ
"စိတ်ချ အန်တီ ကျွန်တော်တို့ အန်တီ့သားလေးကို အကိုတစ်ယောက်လိုပဲ ဘယ် တ စုံ တ စေ ကမှ နှောင့်ယှက်တာမျိုးမဖြစ်စေရဘူး"
တစုံတစေကို တစ်လုံးချင်းစီ ဖိပြောနေတဲ့ကောင်ကြောင့် ခန့်စေ
ဖနောင့်ဖြင့်သာ ပြေးဆောင့်ပစ်ချင်လှ၏။ အလကား စားရလို့ ဖားနေတာ အငတ်မျိုး။
"သင်္ဘောသီးသုပ်က စားလို့မှ ကောင်းရဲ့လား မောင့်လမင်း"
လာပြန်ပြီ မောင့်လမင်း ကြည့်မရပါဘူးဆို ။ မျက်စောင်းသာ နာနာထိုးပစ်လိုက်၏
"ဟော် မောင်မေးရင် ဖြေမှ ကြိုက်တာနော် မဖြေရင် သိတယ်မလား
အမေက အိမ်ထဲပြန်ဝင်သွားပြီနော် အဟွန်း!!"
"ကောင်းတယ်!" ဆောင့်အောင့်ကာပြန်ဖြေပေးလိုက်၏။
"ကောင်းမှာပေါ့ မောင့်အချစ်တွေ ထည့်သုပ်ထားတာ
ကုန်အောင်စား မကုန်ရင် နမ်းမယ်"
"အဟွတ်! အဟွတ်! အဟွတ်!"
"ဟော် သီးကုန်ပြီ ဖြည်းဖြည်းစားမှပေါ့ မောင့်အချစ်တွေကျန်ပါသေးတယ်ကွာ သူများလုမစားပါဘူး
နေအုန်း ရေယူပေးမယ်"
ပြောင်စပ်စပ်ရုပ်နဲ့ အစပ်ပါလို့ အာခေါင်တွေ၊နှာခေါင်းတွေပါ စပ်လာတဲ့အထိ သီးပါတယ်ဆို ပြောချင်ရာဇွတ်ပြောပြီး ထသွားပြန်ပြီ။
ဇလုံကြီးချကာ အားပါးတရ ဝိုင်းစားနေတဲ့ သုံးယောက်ကတော့
သူတို့သူငယ်ချင်းပြောတဲ့စကားကိုကြားလို့လားမသိ။ ဇွန်းကိုင်ရင်းတန်းလန်းနဲ့ ပါးစပ်ကြီးတွေဟ ကာ အိမ်ထဲရေပြေးခပ်တဲ့သူကို ဝိုင်းကြည့်လို့ပေါ့။
-Pont-00-
ZawGyi
''သာသာ ေရ ႏွင္းဆီပင္ေလးေတြကို တစ္ပင္နဲ႕တစ္ပင္ ခပ္ခြာခြာစိုက္ေနာ္ သားေလး"
''ဟုတ္ကဲ့ အေမ"
ဒီေန႕သည္ စေနေန႕မို႔ ကြၽန္ေတာ္တို႔ ေက်ာင္းေတြ ပိတ္ပါ၏။
အိမ္ကို စေျပာင္းလာသည့္ေန႕ကတည္းက စိတ္ထဲတြင္ ေတးမွတ္ထားေသာ အိမ္ေရွ႕တစ္ျပင္လုံးကို ပန္းပင္မ်ားျဖင့္ အျပည့္စိုက္ပစ္မည္။ အရိပ္ေကာင္းေကာင္းရေသာသေျပပင္၏ပင္စည္ပတ္လည္အား
ခုံတန္း ပတ္ပတ္လည္ရိုက္ပစ္မည္ဟု ေတးမွတ္ထားသမွ် ဒီေက်ာင္းပိတ္ရက္၂ရက္အတြင္းအေကာင္အထည္ေဖာ္ေနျခင္း
ျဖစ္၏။ တီတီႏု ၿခံအတြင္းမွ မ်ိဳးခြဲကာ ယူလာေသာ စံပယ္ပင္၊ ႏွင္းဆီပင္၊ ႐ြက္လွအ႐ြက္နီပင္၊ ကံ့ေကာ္ပင္အေပါက္ေလးေတြႏွင့္ တျခားပန္းမ်ိဳးစိတ္ ေတာ္ေတာ္မ်ားမ်ား အား အေမႏွင့္အတူ စိုက္ပ်ိဳးျဖစ္၏။ မနက္ျဖန္ခါ တနဂၤႏြေေန႕မွ အိုက္လွ်မ္းက က်ဴရွင္နားရက္ရွိမွာမို႔ မနက္ျဖန္မွ ကိုႀကီးဆိုင္ဟန္ကပါ သူ႕ညီႏွင့္အတူ သေျပပင္ပတ္လည္အား ခုံတန္းလာရိုက္ေပးမည္ဆိုေသာေၾကာင့္ ယေန႕အပင္မ်ားအား အၿပီး စိုက္ပ်ိဳးရမည္။ အပင္ေလးေတြျမန္ျမန္ႀကီးလာေအာင္ ေျမဩဇာေကာင္းေကာင္းလို၏။
''အေမ သား အပင္ေလးေတြလဲ ပိုသန္သြားေအာင္ တီတီႏုတို႔ အိမ္ေရွ႕လမ္းမ အေက်ာ္က ကြၽဲေခ်း(ခ်ီး)ေျခာက္ေတြ သြားက်ဳံးလိုက္ရမလား ဟင္''
''ေနပါ သားရယ္ တခ်ိဳ႕ပန္းပင္ေတြက အသန႔္ႀကိဳက္တယ္
အေမ ေဈးေန႕မွ ပန္းပင္ေတြအတြက္ ေျမဩဇာေမးၾကည့္ပါမယ္"
"ဪ ဟုတ္လား သားက အပင္ျမန္ျမန္ႀကီးခ်င္တာပဲ သိတာ ဟီးး"
သားအမိႏွစ္ေယာက္ ရယ္ရယ္ေျပာေျပာျဖင့္ ပန္းပင္မ်ား ေနရာတက် စိုက္ပ်ိဳးေနတုန္း ၿခံေရွ႕တြင္ အသံက်ယ္လြန္းလွေသာဆိုင္ကယ္ႀကီး ၃စီး လာရပ္၏။
YAMAHA ဆိုလားေတာ့ မသိပါဘူး တံဆိပ္ျမင္လို႔သာ ဖတ္ၾကည့္တာပါ။
ဒီလို ႐ြာမက် ၿမိဳ႕မက် ၿမိဳ႕က်ဥ္းက်ဥ္းေလးမွာလဲ ဒီလိုဆိုင္ကယ္စီးတဲ့သူရွိတယ္လားေပါ့။ မွန္အလုံ Helmet ကိုယ္စီ ေဆာင္းထားတာမို႔ ဘယ္သူဘယ္ဝါမွန္း လဲ မသိရပါ။
ဆိုင္ကယ္ေပၚမွ ဆင္းလာတဲ့ လူ ၄ဦးေၾကာင့္ ဒီအရပ္အေမာင္းႀကီးေတြ ဘယ္နားမွာျမင္ဖူးေနတာပါလဲ။
ကြၽန္ေတာ္စဥ္းစားလို႔ပင္ မဆုံးေသးခင္ ေဆာင္းထားေသာ Helmet မ်ားကို ခြၽတ္လာတာေၾကာင့္ ခပ္ဝိုင္းဝိုင္း မ်က္ဝန္းအစုံဟာ ျပဴးက်ယ္ကုန္၏။
ဒီ ၈တန္းေကာင္ အုပ္စု ၿခံေရွ႕ကို ဘာလာလုပ္တာလဲ မသိပါဘူး။ ေၾကာက္ပါတယ္ဆို ဘာလို႔ ေပၚေပၚလာမွန္းမသိဘူး။ လူကိုျမင္တာနဲ႕
မထိတထိနဲ႕ နမ္းက နမ္းေသးတယ္။ အေမ့ဘက္ လွည့္ၾကည့္လိုက္ေတာ့ အေမဟာ ၿခံေရွ႕မွာ ရစ္သီရစ္သီ ႏွင့္ လုပ္ေနၾကတာမို႔ စူးစမ္းဟန္ျဖင့္ ၿခံေရွ႕ ထြက္သြား၏။
''ဟို ... အန္တီ မဂၤလာပါဗ် ကြၽန္ေတာ္တို႔က ထြန္းလမင္းသာ သူငယ္ခ်င္းေတြပါဗ်"
"ဟမ္ အေမ အဲ့တာက မ..."
သူတို႔အဖြဲ႕ထဲမွ အရပ္ အရွည္ဆုံး တစ္ေယာက္က တက္ႂကြစြာ ေျပာလာခ်ိန္ မဟုတ္တဲ့အေၾကာင္း အျငင္းစကားပင္မဆုံးေသးခင္
ေမာင္ လို႔ ေခၚခိုင္းတဲ့ ကတုံးေကာင္က မ်က္လုံးမ်ားေမွးကာေျပာရဲရင္ေျပာၾကည့္ဆိုေသာ အၾကည့္မ်ား ျမႇားပစ္သလို ပစ္လႊတ္ေနတာေၾကာင့္ စကားလုံးမ်ားဟာ လည္ဝတြင္ တစ္ဆို႔ကုန္၏။
"ဪ.. သာသာေလးရဲ႕ သူငယ္ခ်င္းေတြလား သားကသုငယ္ခ်င္းေတြေတာင္ရလို႔ပါလား။
သားက သူငယ္ခ်င္းေတြကို ေခၚေလကြယ္"
"ဟို အေမ.." စကားပင္မဆုံးေသးပါဘူး။
"ဟဲဟဲ ဝင္ၿပီေနာ္ အန္တီ "
"ေအးကြယ္ ဝင္ၾက သားတို႔သူငယ္ခ်င္းက အန္တီခ်ိဳနဲ႕ ပန္းပင္စိုက္ေနတာကြယ္ သားေရ လက္သြားေဆးခ်ည္ေတာ့
သူငယ္ခ်င္းေတြကို အိမ္ေပၚေခၚသြား အေမ ဆက္လုပ္လိုက္မယ္"
"အာ ရတယ္ ရတယ္ သူစိမ္းေတြမွ မဟုတ္တာ လမင္းရဲ႕အေမက ကြၽန္ေတာ့္ရဲ႕အေမပဲေပါ့ ကြၽန္ေတာ္တို႔ပါ ပန္းပင္ေတြ စိုက္ကူပါ့မယ္"
"ေအးပါကြယ္ ေက်းဇူးပါေနာ္ သားတို႔ေရ အန္တီခ်ိဳ ၿပီးမွ
သဘေင်္ာသီး သုပ္ေကြၽးမယ္ေနာ္သားတို႔ "
" ဟုတ္ကဲ့ပါဗ်"
ၿပိဳင္တူထြက္လာတဲ့ အသံ ၄သံ။ ဘယ္တုန္းက သူငယ္ခ်င္းေတြျဖစ္သြားလို႔ အိမ္အထိေရာက္လာၾကတာလဲ။ ကြၽန္ေတာ္ကေတာ့ မေန႕ကအထိ ဒီဟာေတြအုပ္စုနဲ႕ေတြ႕ရမွာကို ေၾကာက္လို႔ေကာင္းတုန္း။ ေျပးလို႔ေကာင္းတုန္း။
ေက်ာင္းလူမိုက္ ေတြဆို ၊ အိုက္လွ်မ္းေျပာတာ တအားဆိုးသြမ္းလြန္းတာဆို "ဟုတ္ကဲ့"တဲ့ အေမ့ေရွ႕မွာ ယဥ္ေက်းေနျပၾကတာမ်ား ။ အေယာင္ေယာင္အမွားမွား ျဖင့္ ေကာင္းကင္ႀကီးအား ေမာ့ၾကည့္မိ၏ မိုးမ်ား႐ြာခ်လာကာ မိုးႀကိဳးေတြမ်ားပစ္မလားေပါ့။ သို႔ေသာ္ ေနသာ ေနပါ၏။ ဒီေကာင္ေတြ လိမၼာျပေနလို႔ ဒီလို မိုးက်တဲ့ရာသီမွာ ေနသာေနတာလဲ ျဖစ္ခ်င္ျဖစ္မွာေပါ့။
>>><<<
သူငယ္ခ်င္းေလးေယာက္ ဆိုင္ကယ္၃စီးျဖင့္ ႐ြာလမ္းအတိုင္းဝင္လာရာ ႐ြာအလယ္ လမ္းခြဲတစ္ေနရာအေရာက္
ဘယ္ဘက္ေကြ႕ရမလား ညာဘက္ေကြ႕ရမလား မသိၾကေတာ့တာမို႔
ဘယ္ဘက္သာ အရင္ သြားၾကည့္မည္ ဆိုကာ ေမာင္းလာခဲ့ကာမွ ၿခံတစ္ၿခံနားအေရာက္ ကုန္းကုန္းကြကြႏွင့္ ေပါက္ျပားေသးေသးေလးကိုင္ကာ တူးဆြေနေသာ ''ေမာင့္လမင္း"။
ၿခံစည္းရိုးက ရွမ္းရိုးရာဓေလ့ပုံစံ ဝါးလုံးအားႏွစ္ျခမ္းခြဲကာ ဝါးပိုင္းမ်ားညွပ္ကာ က်ဲတဲတဲ ျပဳလုပ္ထားေသာ ၿခံစည္းရိုးပုံစံေၾကာင့္ ထိုအေသးေလးကို ဆိုင္ကယ္ေမာင္းရင္း ျမင္လိုက္ရတာ။ တစ္ကယ္ကို မသိစိတ္က ေတာင့္တေနခဲ့ရတဲ့ မ်က္ႏွာေလး။ ၿပဳံးလို႔႐ႊင္လို႔။ တစ္ကယ္ကို ေရတစ္ခြက္ေသာက္လို႔ အေမာေျဖရတာထပ္ ေျပေစတဲ့ မ်က္ႏွာပိုင္ရွင္ေလး။
ကိုယ္ေတြကို ျမင္လိုက္ရေတာ့ ဝိုင္းစက္စက္ မ်က္လုံးေလးႏွင့္ အံ့ဩသဖြယ္ ခပ္ဟဟ ႏႈတ္ခမ္းေလးဟာ ထိန္းခ်ဳပ္ထားေသာ စိတ္အစဥ္တို႔ လႊတ္ထြက္ခ်င္စရာ အတိ။ သူငယ္ခ်င္းပါလို႔ အေရွ႕က ပိတ္ေျပာေနတဲ့ သန႔္ႀကီးစကားကို ကန႔္ကြက္ခ်င္ဟန္။
ပုံစံကိုက အသည္းယားစရာ ။ ၾကည့္ရင္းၾကည့္ရင္းကို ေျပးနပ္ခ်င္လိုက္ပါဘိ။ အေမျဖစ္သူ ရွိေနလို႔သာေပါ့။ ဟြန္း!!
>>><<<
ဝတ္လာတာကိုက အေပၚေအာက္ အကုန္ နက္ေစြးလို႔။ သူမ်ားတကာ အိမ္ကို ဘယ္လိုေတြ ဝတ္စားၿပီး လာၾကမွန္းကို မသိဘူး။ shirt လက္တိုအနက္၊ အေပၚ ကိုဂ်င္းကုတ္အနက္ထပ္ဝတ္ထား၏။ေအာက္ပိုင္းကလဲ ဂ်င္းအနက္ေရာင်ဘောင်းဘီအပေါက်အပြဲတွေနဲ့ အသားကေဖြးတာမို႔ ၾကည့္ရဆိုးတာမ်ိဳးေတာ့ မဟုတ္ပါဘူး။
***
ခန႔္ေစတို႔ အေပၚထပ္ေတြခြၽတ္ကာ ေဘာင္းဘီမ်ားအား မတင္လို႔
ေမာင့္လမင္း ေခၚ ထြန္းလမင္းသာ၏ ပန္းၿခံပိစိေလးထဲ ေတြ႕သမွ် ပန္းပင္မ်ား ေကာက္ကာ ဝင္စိုက္ေပးလိုက္ၾက၏။
အိမ္တြင္ မင္းသားတမွ် လူ႕ေဘာ္ေၾကာ့ ေနရပါေသာ သူေဌးသားတို႔၊ ေက်ာင္း လႈပ္ရွားခ်ိန္တြင္ေတာင္ ျမက္တစ္ပင္မေပါက္ဖူး မႏႈတ္ဖူးေသာ လူဆိုးေတြက ေပါက္ျပားကိုင္ကာ ေျမကို တူးဆြလို႔ပါလား။ ေမြးမိခင္ ေကြၽးဖခင္ေတြျမင္ရင္ သူတို႔သားမ်ားအားရင္ထုမနာျဖစ္ေနမွျဖင့္ အမႈလာပတ္ေနအုန္းမည္။ ရန္ျဖစ္တယ္သာဆိုၾက၏ အသားအရည္ေတြက ႏုဥဖက္လို႔။
*အေမ ကြၽန္ေတာ္ ဒီပန္းပင္ေလး ဒီနား စိုက္လိုက္မယ္ေနာ္*
*အေမ ကြၽန္ေတာ္ ဒီနား ေျမဆြလိုက္မယ္ေနာ္*
*အေမ ဒီေလာက္ဆို ပန္းပင္က ရွင္မွာပါေနာ့*
သားျဖစ္သူ ကိုယ့္ထပ္ကို တ ေမေမနဲ႕ အေမခ်င္းထပ္ေနၾကတာမ်ား မသိရင္ သူတို႔ကပဲ သားအရင္းေတြလိုနဲ႕။ တစ္ေကာင္မွ ၾကည့္လို႔ကို မရဘူး။
"ေမာင့္လမင္းေလး ေမာေနၿပီလား"
အျမင္ကတ္လို႔ ၿခံေထာင့္နားမွာ ကိုယ့္ဘာသာ ကံ့ေကာ္ပင္ လာစိုက္ေနကာမွ ကတုံးေကာင္က အနားေရာက္လာျပန္ၿပီ။
လာကတည္းက အခ်ိဳးကိုမေျပဘူး။
"......"
"ဟိတ္ ေမးေနတယ္ေလကြာ"
"မေမာဘူး"
"ေလသံကိုက ေမာင့္ကို အေမာေျပတစ္ခုခုေတာင္းေနသလိုပဲ
မေတာင္းလဲ ေမာင္က ေပးမွာပါ အေမရွိေနလို႔"
"ကြၽန္ေတာ္ အေနရခက္မယ့္ စကားေတြ လာမေျပာပါနဲ႕ဗ်ာ
ျပန္ၾကပါေတာ့ သူငယ္ခ်င္းလဲမျဖစ္ခ်င္ဘူး ခင္လဲမခင္ခ်င္ဘူး"
"......."
ဘာမွျပန္မေျပာဘဲလူကို စူးစူးစိုက္စိုက္ၾကည့္ကာ အနားမွ ထသြား၏။
တစ္ကယ္ကို ခင္လဲမခင္ခ်င္ပါ၊ သူငယ္ခ်င္းလဲမျဖစ္ခ်င္ပါ။
သူ႕ကို ျမင္ရရင္ကို အေနရခက္ကာ ေဖာ္ျပလို႔မရတဲ့ ခံစားခ်က္ႀကီး။
အဲ့လိုေတြ မျဖစ္ခ်င္ဘူး။
အနားကသာ ထထြက္သြားတာ ေျပာလိုက္တဲ့စကားေၾကာင့္ ျပန္မယ္ထင္ေပမယ့္ အဲ့ဒီ ထင္ျမင္ခ်က္ဟာ တက္တက္စင္ေအာင္ လြဲပါတယ္။ ပန္းပင္ေတြ အကုန္စိုက္ၿပီးလို႔ အိမ္ေနာက္ဘက္တြင္ ေျခလက္သန႔္စင္ေရေဆးကာ အေမ့နားတြင္ သေဘၤာသီး ဝိုင္းျခစ္တဲ့သူကျခစ္ ၊ေျမပဲဆံ ထိုင္ေထာင္းတဲ့သူကေထာင္းႏွင့္
အေမ့နားကပ္ေနၾကတာ ကြၽန္ေတာ္ပင္ တိုးလို႔မရ။
အကုန္ၿပီးစီးလို႔ အေမက ပန္းကန္ထဲမွ်ေဝထည့္ေပးကာ အိမ္ေရွ႕ဝရံတာ၌ ဖ်ာခင္း၍ ထိုင္စားေစ၏။
"ကဲ.... သူေဌးသားေလးေတြ အိမ္လာလည္ခါမွ ပင္ပန္းကုန္ၿပီ
ကဲ ျဖည္းျဖည္းစားၾက သားတို႔"
"ဟုတ္ကဲ့"
"သားေစ က အဲ့တာဆို ၿမိဳ႕ထဲက ၃ထပ္တိုက္ဆိုင္ႀကီးကေပါ့
သာသာေလးက သူငယ္ခ်င္းေ႐ြးလဲေ႐ြးတက္ပါ့ ၈တန္းဆိုလို႔ အန္တီခ်ိဳက အံ့ဩသြားတာ ၄ေယာက္လုံးထြားလိုက္တာ
အိမ္က သားကေတာ့ ျမင္တဲ့အတိုင္းပဲ သားတို႔က ေစာင့္ေရွာက္ေပးပါအုန္းေနာ္ ဒီသားေလးပဲရွိတာ ေနရာစိမ္းမွာ တစ္ေယာက္တည္းျဖစ္ေနမွာလဲ စိုးရိမ္ေနတာ အားကိုးရမယ့္ သူငယ္ခ်င္းေတြ ရွာထားတာပဲ ၾကည့္စမ္း"
သေဘာတက်ႏွင့္ ဆံပင္ေလးမ်ားအား ခ်စ္စနိုးျဖင့္ ဖြကာ ဆိုလာေသာ အေမ့ေၾကာင့္ စိတ္ထဲတြင္ အေမ ဘာမွမသိပါဘူးဟုသာ တိုးတိုးေလးဆိုေနရ၏။(ဟြန႔္ ေခၚတာေတာင္ သားေစတဲ့ ကတုံးေကာင္ကိုမ်ား)
ေခါင္းမေဖာ္တမ္း တစ္ဇြန္းၿပီးတစ္ဇြန္း အတင္းစားေနတဲ့ သန႔္ႀကီးမွ
ပလုတ္ပေလာင္းျဖင့္ ေခါင္းေမာ့လာကာ
"စိတ္ခ် အန္တီ ကြၽန္ေတာ္တို႔ အန္တီ့သားေလးကို အကိုတစ္ေယာက္လိုပဲ ဘယ္ တ စုံ တ ေစ ကမွ ႏွောင့္ယွက္တာမ်ိဳးမျဖစ္ေစရဘူး"
တစုံတေစကို တစ္လုံးခ်င္းစီ ဖိေျပာေနတဲ့ေကာင္ေၾကာင့္ ခန႔္ေစ
ဖေနာင့္ျဖင့္သာ ေျပးေဆာင့္ပစ္ခ်င္လွ၏။ အလကား စားရလို႔ ဖားေနတာ အငတ္မ်ိဳး။
"သေဘၤာသီးသုပ္က စားလို႔မွ ေကာင္းရဲ႕လား ေမာင့္လမင္း"
လာျပန္ၿပီ ေမာင့္လမင္း ၾကည့္မရပါဘူးဆို ။ မ်က္ေစာင္းသာ နာနာထိုးပစ္လိုက္၏
"ေဟာ္ ေမာင္ေမးရင္ ေျဖမွ ႀကိဳက္တာေနာ္ မေျဖရင္ သိတယ္မလား
အေမက အိမ္ထဲျပန္ဝင္သြားၿပီေနာ္ အဟြန္း!!"
"ေကာင္းတယ္!" ေဆာင့္ေအာင့္ကာျပန္ေျဖေပးလိုက္၏။
"ေကာင္းမွာေပါ့ ေမာင့္အခ်စ္ေတြ ထည့္သုပ္ထားတာ
ကုန္ေအာင္စား မကုန္ရင္ နမ္းမယ္"
"အဟြတ္! အဟြတ္! အဟြတ္!"
"ေဟာ္ သီးကုန္ၿပီ ျဖည္းျဖည္းစားမွေပါ့ ေမာင့္အခ်စ္ေတြက်န္ပါေသးတယ္ကြာ သူမ်ားလုမစားပါဘူး
ေနအုန္း ေရယူေပးမယ္"
ေျပာင္စပ္စပ္႐ုပ္နဲ႕ အစပ္ပါလို႔ အာေခါင္ေတြ၊ႏွာေခါင္းေတြပါ စပ္လာတဲ့အထိ သီးပါတယ္ဆို ေျပာခ်င္ရာဇြတ္ေျပာၿပီး ထသြားျပန္ၿပီ။
ဇလုံႀကီးခ်ကာ အားပါးတရ ဝိုင္းစားေနတဲ့ သုံးေယာက္ကေတာ့
သူတို႔သူငယ္ခ်င္းေျပာတဲ့စကားကိုၾကားလို႔လားမသိ။ ဇြန္းကိုင္ရင္းတန္းလန္းနဲ႕ ပါးစပ္ႀကီးေတြဟ ကာ အိမ္ထဲေရေျပးခပ္တဲ့သူကို ဝိုင္းၾကည့္လို႔ေပါ့။
-Pont-00-