အခန်း(၂.၁)
သေသွားဖို့ ဒီနေရာမှာဘဲ စောင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး..ဒါပေမဲ့ ငါ တကယ်ကို ကိုယ်တုံးလုံးမပြေးချင်ဘူး..
ဆန့်ကျင်ဘက်အတွေးတွေက ကုဟိုင်၏လုပ်ဆောင်ချက်ကို ခဏရပ်သွားစေပြီး သူ့စိတ်ထဲမှာ အတွေးနှစ်ခုသာရှိတယ်..
ပထမအချက်..လွတ်မြောက်အောင် ကြိုးစားလိုက်ပါ...
ဒုတိယအချက်..အဝတ်အစားလိုချင်တယ်..
ကုဟိုင်သည် သူ့ခေါင်းထိုးထွက်နေတဲ့အနေအထေားကို ထိမ်းသိမ်းပြီး လက်နှစ်ဖက်က ဥခွံ၏အစွန်းတွေပေါ်မှာရှိနေသည်။သူ့စိတ်ထဲမှာ အဝတ်အစားဆိုတာပေါ်လာတဲ့အခိုက်အတန့်မှာ သူနားမလည်နိုင်တဲ့ တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
သူထိထားတဲ့ အဖြူရောင်ဥခွံအပိုင်းအစလေးတစ်ခုက လေထဲမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး တစ်ချိန်ထဲမှာဘဲ ရိုးရှင်းတဲ့အဝတ်အစားတစ်စုံက သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်။
ပြေး!
သူ့ခန္ဓာကိုယ်က သူ့စိတ်ထက်တောင် မြန်သေးတယ်..ကုဟိုင်ဟာ သူ့လက်နှစ်ဖက်ကို အားပြုပြီး လျှင်မြန်စွာ အပြင်ကို ခုန်ထွက်လိုက်သည်။ထို့နောက် သူက သူလွတ်မြောက်နိုင်တဲ့လမ်းကြောင်းကနေ အမြန်ဆုံးနည်းနဲ့ ပြေးတော့တယ်။
ကုဟိုင်၏အတွေးတွေက ပြေးဖို့သာရှိတယ်။နဂိုတုန်းက သူ့ဘေးပတ်ပတ်လည်မှာ ဝန်းရံနေတဲ့ အန္တရာယ်ရှိတဲ့သတ္တဝါတွေသည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး သူ့နောက်ကိုအရှိန်နဲ့ပြေးလိုက်တော့သည်။
ကြယ်တာရာရှိမျိုးနွယ်ရှိ လူတွေက ဇာ့ဂ်အစုအဝေးနဲ့ရင်ဆိုင်ရတဲ့အခါ ထုံကျင်တဲ့ဦးရေပြားသာရှိသည်။ဒါက ဘာကြောင့်လဲဆိုတော့ သူတို့က သေခြင်းတရားကို မကြောက်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်လို့ဖြစ်တယ်။
သေရမှာ ကြောက်ရွံ့မှုမရှိဘူး။ဇာ့ဂ်စစ်သားတွေက သူတို့အထက်လူကြီး၏အမိန့်ကိုသာ နာခံပြီး နာကျင်မှုကို လျစ်လျူရှူကာ အေးစက်ပြီးစာနာစိတ်မရှိတဲ့ သဘောထားဖြင့် ရန်သူကိုဖျက်ဆီးပစ်သည်။သူတို့၏သေခြင်းကို ယဇ်ပူဇော်ခြင်းလို့ မမြင်ပေမဲ့ သဘာဝနည်းပရိယာယ်အဖြစ် ရှူမြင်ကြသည်။
ဒီအခိုက်အတန့်မှာ တာ့ခ်ဇာ့ဂ်လိုက်တာခံနေရတဲ့ ကုဟိုင်သည် သူ့ခံစားချက်ကို ပြောနိုင်တာက..
သူ မပြေးနိုင်တော့ဘူး..
လိုဏ်ဂူသည် မှောင်လွန်းနေပြီး ညဘက်အမြင်အာရုံမရှိသော ကုဟိုင်သည် ထွက်ပြေးလွတ်မြှေက်မည့်လမ်းကို မြင်နိုင်ဖို့ရာ မလွယ်ကူဘူး..
ဒါ့အပြင် ဒီလိုဏ်ဂူကြီးက ကြီးမားလွန်းပြီး ကုဟိုင်သည် ထွက်ပေါက်ကို ဦးတည်ပြေးနေတာလား?ဂူအတွင်းပိုင်းကို ပြေးနေတာလား?ဆိုတာ မသိနိုင်ပေမဲ့ အခုတော့ သူ ဂရုမစိုက်နိုင်တော့ဘူး။
အသက်ရှင်ဖို့ရာ အခွင့်အလမ်းနည်းသော်လည်းဘဲ အသက်ရှင်သန်ရန်ရုန်းကန်ခြင်းက ဘာမှမလုပ်တာထက် ပိုကောင်းတယ်။
သို့သော်လည်းဘဲ ဘယ်နေရာမှန်းမသိတဲ့အခြေအနေမှာ မမြင်ရဘဲ မနည်းလှတဲ့အရှိန်နဲ့ပြေးခြင်းရဲ့ရလဒ်အနေနဲ့ ကုဟိုင်ဟာ ရုတ်တရက် အတားအဆီးတစ်ခုကို ခလုတ်တိုက်မိသွားပြီး သူ့ညာဘက်ဒူးက မြေပြင်ကို တိုက်ရိုက် ရိုက်မိသွားတာဖြစ်သည်။
"ဟင့်.."ဒီမနည်းလှတဲ့အရှိန်နဲ့ပြုတ်ကျမှုကြောင့် အလျိုအလျောက်ပင့်သက်ရှိုက်မိသည်။
ဒါက နာကျင်မှုကြောင့် ငိုကြွေးခြင်းပင်ဖြစ်သည်။အပြေးအလွှားလိုက်လာတဲ့ တာ့ခ်ဇာ့ဂ်တွေက ဉာဏ်ပညာမရှိဘူးဆိုရင်တောင် ဒါကိုတော့သိသေးသည်။
ဒီနားလည်မှုက တာ့ခ်ဇာ့ဂ်တွေကို သာမန်အခြေအနေမှ သူတို့ဒဏ်ရာပြင်းထန်တဲ့အချိန်တွင်ဖြစ်ပွားတဲ့ ထိန်းမနိုင်သိမ်းမရ သွေးရူးသွေးတန်းအခြေအနေကို ချက်ချင်းနီးပါး ဝင်ရောက်သွားစေသည်။သူတို့၏လည်ချောင်းမှ ခြိမ်းခြောက်တဲ့အသံတိုးတိုးကို ထုတ်လွှတ်နေပြီး နီမြန်းတဲ့ဒေါင်လိုက်မျက်စံတွေက သွေးဆာတဲ့သတ်ဖြတ်ရန်ရည်ရွယ်ချက်ကို ထုတ်လွှတ်နေသည်။
လူငယ်လေး၏နာကျင်မှုကြောင့် ငိုကြွေးခြင်းသည် ဒီတာ့ခ်ဇာ့ဂ်တွေကို ကြီးမားတဲ့လှုံ့ဆော်မှုဖြစ်စေသည်။ဒီအရာကို သူတို့သည်းမခံနိုင်ပေမဲ့ သူတို့ရန်သူလို့ထင်ရတဲ့ပစ်မှတ်ကို ရှာမတွေ့ဘူး။
ကုဟိုင်သည် လဲကျသွားတာကြောင့် ပြေးနေတာရပ်သွားပြီး သူ့နောက်က တာ့ခ်ဇာ့ဂ်တွေက သူ့ကိုတစ်ဖန်ဝန်းရံလာသည်။
အခွင့်အရေးမရှိတော့ဘူး...
သူ့ကိုဝန်းရံလိုက်တဲ့အခိုက်အတန့်မှာ ကုဟိုင်သည် သူ့ကံတရားကိုလက်ခံလိုက်တယ်..
ထရပ်ဖို့ အခွင့်အရေးပင်မရှိတော့ဘူး။ကုဟိုင်သည် ကြီးမားသည့်သတ္တဝါကြီးက ၎င်း၏အန္တရာယ်ရှိသည့်ဓားသွားကဲ့သို့လက်ဖျံကို မြှောက်လိုက်တာကို ကြည့်နေခဲ့သည်။
၎င်းက တကယ့်ဓားတစ်လက်ထက်တောင် ထက်နေသည်။ဒီဓားသွားနိမ့်ဆင်းလာတဲ့အခိုက်အတန့်မှာ ကုဟိုင်သည် ကူကယ်ရာမဲ့စွာ အံကြိတ်ပြီးမျက်လုံးမှိတ်လိုက်သည်။
တစ်စက္ကန့်...
နှစ်စက္ကန့်...
သုံးစက္ကန့်...
မျှော်လင့်ထားတဲ့နာကျင်မှုက ရောက်မလာခဲ့ဘူး။ကုဟိုင်က သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့မှာဘာမှဖြစ်ပျက်မသွားတာကို တွေ့လိုက်ရသည်။အခုလေးတင် သူနင်းမိလိုက်တဲ့အတားအဆီးက လုံးဝပြန့်ပြူးသွားပြီ။
ဒီလုပ်ဆောင်ချက်ကို လုပ်ပြီးတာနှင့် ကြောက်စရာကောင်းတဲ့သက်ရှိသည် ၎င်း၏လက်ဖျံနှစ်ဖက်ကို နိမ့်ချထားပြီး ၎င်း၏ဆွေမျိုးတွေနှင့်အတူ ကုဟိုင်ကို တိတ်တဆိတ် ဆက်လက်ဝန်းရံခဲ့သည်။
ကုဟိုင်က ဒီသတ္တဝါတွေက သူ့ကိုမတိုက်ခိုက်ချင်မှန်း ရုတ်တရက်နားလည်လိုက်တယ်။
ဒီနားလည်မှုကြောင့် ကုဟိုင်၏နှလုံးခုန်သံသည် နှေးသွားကာ ၎င်းက သူ့ကိုလှည့်စားခြင်း ဟုတ် မဟုတ် သူမသိသော်လည်းဘဲ....သူက တဖြည်းဖြည်း ဒီဂြိုဟ်သားသက်ရှိတွေထံမှ ထွက်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ယောင်ဝါးဝါးခံစားနိုင်ပေါ်တယ်။
သူတို့က အရမ်းဒေါသထွက်နေတယ်..ဒါပေမဲ့ ဒီဒေါသက သူ့ထံကို တိုက်ရိုက်ဦးတည်လာတာမဟုတ်ဘူး။
သူ့ကိုလဲကျစေတဲ့ ပြားချပ်သွားတဲ့အတားအဆီးရဲ့ပေါင်းစပ်က ကုဟိုင်ကို အတွေးတစ်ခုပေါ်စေပြီး သူ့ကိုကြောင်အသွားစေတယ်။
သူတို့ဒေါသထွက်နေကြတာက သူနာကျင်သွားတာကြောင့်ဘဲ...
ကုဟိုင်က သူဘာကြောင့် ဒီလိုတွေးမိမှန်း မသိတာကြောင့် သူလည်းမသေချာဘူး။ဒါကို အတည်ပြုဖို့အတွက် ကုဟိုင်က ခေါင်းငုံ့ကာ ပင့်သက်ရှိုက်သကဲ့သို့ အသံထွက်လိုက်တယ်။
ဒါက လူငယ်လေးကို ဝန်းရံနေတဲ့တာ့ခ်ဇာ့ဂ်တွေကို အချက်ပြလိုက်သလိုဘဲ။သူတို့က ပိုပြီးဒေါသတကြီးဖြစ်လာပြီး ဖိနှိပ်ချုပ်ချယ်တဲ့အခြေအနေကို တိတ်တဆိတ်ဝင်ရောက်သွားသည်။သူတို့ရဲ့လက်ဖျံက ချွန်ထက်သောထိပ်ဖျားသည် မြေပြင်ကိုကျဆင်းသွားပြီး မာကျောတဲ့ကျောက်သားမျက်နှာပြင်ကို တိုက်ရိုက်အပေါက်ဖန်တီးပစ်သည်။
ကုဟိုင် "......"
ဒီတာ့ခ်ဇာ့ဂ်တွေရဲ့အပြုအမူက တိုက်ရိုက်ဘဲ ကုဟိုင်၏ထင်ကြေးကို အတည်ပြုလိုက်သည်။ကုဟိုင်က နောက်ဆုံးမှာတော့ ဒီကြောက်စရာကောင်းတဲ့သက်ရှိ သူ့ကိုဝန်းရံနေတာက သူ့ကို သားကောင်ကဲ့သို့ဆက်ဆံတာမဟုတ်ဘဲ ကာကွယ်ဖို့ကြိုးစားတယ်ဆိုတာ နားလည်သွားသည်။
ဒါက ကာကွယ်ရေးစက်ဝိုင်းတစ်ခုဘဲ။သူတို့က သူ့ကိုကာကွယ်ပေးနေတာ..
ကုဟိုင်က ဘာကြောင့်လဲဆိုတာ မသိပေမဲ့ ဒါကိုနားလည်လိုက်တဲ့အခါ သူ့ခံယူချက်တော်တော်များများပြောင်းသွားတယ်။
ဥပမာအားဖြင့် သူ့ကို မျက်လုံးနီဒါဇင်ပေါင်းများစွာ အနီးကပ်ကြည့်နေကြဆဲဖြစ်သော်လည်းဘဲ ကုဟိုင်က ဘယ်လိုထွက်ပြေးရမလဲဆိုတာ မစဉ်းစားတော့ဘူး။အခုတော့ သူကစိုးရိမ်ပူပန်မှုကို သိပ်မခံစားရတော့ဘူး။
----------------
အခန္း(၂.၁)
ေသသြားဖို႔ ဒီေနရာမွာဘဲ ေစာင့္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး..ဒါေပမဲ့ ငါ တကယ္ကို ကိုယ္တုံးလုံးမေျပးခ်င္ဘူး..
ဆန္႔က်င္ဘက္အေတြးေတြက ကုဟိုင္၏လုပ္ေဆာင္ခ်က္ကို ခဏရပ္သြားေစၿပီး သူ႕စိတ္ထဲမွာ အေတြးႏွစ္ခုသာ႐ွိတယ္..
ပထမအခ်က္..လြတ္ေျမာက္ေအာင္ ႀကိဳးစားလိုက္ပါ...
ဒုတိယအခ်က္..အဝတ္အစားလိုခ်င္တယ္..
ကုဟိုင္သည္ သူ႕ေခါင္းထိုးထြက္ေနတဲ့အေနအေထားကို ထိမ္းသိမ္းၿပီး လက္ႏွစ္ဖက္က ဥခြံ၏အစြန္းေတြေပၚမွာ႐ွိေနသည္။သူ႕စိတ္ထဲမွာ အဝတ္အစားဆိုတာေပၚလာတဲ့အခိုက္အတန္႔မွာ သူနားမလည္ႏိုင္တဲ့ တစ္စုံတစ္ခုျဖစ္ပ်က္သြားသည္။
သူထိထားတဲ့ အျဖဴေရာင္ဥခြံအပိုင္းအစေလးတစ္ခုက ေလထဲမွာ ႐ုတ္တရက္ေပ်ာက္ကြယ္သြားၿပီး တစ္ခ်ိန္ထဲမွာဘဲ ႐ိုး႐ွင္းတဲ့အဝတ္အစားတစ္စုံက သူ႕ခႏၶာကိုယ္ေပၚမွာ ေပၚလာတယ္။
ေျပး!
သူ႕ခႏၶာကိုယ္က သူ႕စိတ္ထက္ေတာင္ ျမန္ေသးတယ္..ကုဟိုင္ဟာ သူ႕လက္ႏွစ္ဖက္ကို အားျပဳၿပီး လွ်င္ျမန္စြာ အျပင္ကို ခုန္ထြက္လိုက္သည္။ထို႔ေနာက္ သူက သူလြတ္ေျမာက္ႏိုင္တဲ့လမ္းေၾကာင္းကေန အျမန္ဆုံးနည္းနဲ႔ ေျပးေတာ့တယ္။
ကုဟိုင္၏အေတြးေတြက ေျပးဖို႔သာ႐ွိတယ္။နဂိုတုန္းက သူ႕ေဘးပတ္ပတ္လည္မွာ ဝန္းရံေနတဲ့ အႏၲရာယ္႐ွိတဲ့သတၱဝါေတြသည္ ျဖည္းျဖည္းခ်င္း သတိျပန္ဝင္လာၿပီး သူ႕ေနာက္ကိုအ႐ွိန္နဲ႔ေျပးလိုက္ေတာ့သည္။
ၾကယ္တာရာ႐ွိမ်ိဳးႏြယ္႐ွိ လူေတြက ဇာ့ဂ္အစုအေဝးနဲ႔ရင္ဆိုင္ရတဲ့အခါ ထုံက်င္တဲ့ဦးေရျပားသာ႐ွိသည္။ဒါက ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ေသျခင္းတရားကို မေၾကာက္တဲ့တိုက္ခိုက္မႈတစ္ခုျဖစ္လို႔ျဖစ္တယ္။
ေသရမွာ ေၾကာက္႐ြံ႕မႈမ႐ွိဘူး။ဇာ့ဂ္စစ္သားေတြက သူတို႔အထက္လူႀကီး၏အမိန္႔ကိုသာ နာခံၿပီး နာက်င္မႈကို လ်စ္လ်ဴ႐ွဴကာ ေအးစက္ၿပီးစာနာစိတ္မ႐ွိတဲ့ သေဘာထားျဖင့္ ရန္သူကိုဖ်က္ဆီးပစ္သည္။သူတို႔၏ေသျခင္းကို ယဇ္ပူေဇာ္ျခင္းလို႔ မျမင္ေပမဲ့ သဘာဝနည္းပရိယာယ္အျဖစ္ ႐ွဴျမင္ၾကသည္။
ဒီအခိုက္အတန္႔မွာ တာ့ခ္ဇာ့ဂ္လိုက္တာခံေနရတဲ့ ကုဟိုင္သည္ သူ႕ခံစားခ်က္ကို ေျပာႏိုင္တာက..
သူ မေျပးႏိုင္ေတာ့ဘူး..
လိုဏ္ဂူသည္ ေမွာင္လြန္းေနၿပီး ညဘက္အျမင္အာ႐ုံမ႐ွိေသာ ကုဟိုင္သည္ ထြက္ေျပးလြတ္ေျမႇက္မည့္လမ္းကို ျမင္ႏိုင္ဖို႔ရာ မလြယ္ကူဘူး..
ဒါ့အျပင္ ဒီလိုဏ္ဂူႀကီးက ႀကီးမားလြန္းၿပီး ကုဟိုင္သည္ ထြက္ေပါက္ကို ဦးတည္ေျပးေနတာလား?ဂူအတြင္းပိုင္းကို ေျပးေနတာလား?ဆိုတာ မသိႏိုင္ေပမဲ့ အခုေတာ့ သူ ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။
အသက္႐ွင္ဖို႔ရာ အခြင့္အလမ္းနည္းေသာ္လည္းဘဲ အသက္႐ွင္သန္ရန္႐ုန္းကန္ျခင္းက ဘာမွမလုပ္တာထက္ ပိုေကာင္းတယ္။
သို႔ေသာ္လည္းဘဲ ဘယ္ေနရာမွန္းမသိတဲ့အေျခအေနမွာ မျမင္ရဘဲ မနည္းလွတဲ့အ႐ွိန္နဲ႔ေျပးျခင္းရဲ႕ရလဒ္အေနနဲ႔ ကုဟိုင္ဟာ ႐ုတ္တရက္ အတားအဆီးတစ္ခုကို ခလုတ္တိုက္မိသြားၿပီး သူ႕ညာဘက္ဒူးက ေျမျပင္ကို တိုက္႐ိုက္ ႐ိုက္မိသြားတာျဖစ္သည္။
"ဟင့္.."ဒီမနည္းလွတဲ့အ႐ွိန္နဲ႔ျပဳတ္က်မႈေၾကာင့္ အလ်ိဳအေလ်ာက္ပင့္သက္႐ိႈက္မိသည္။
ဒါက နာက်င္မႈေၾကာင့္ ငိုေႂကြးျခင္းပင္ျဖစ္သည္။အေျပးအလႊားလိုက္လာတဲ့ တာ့ခ္ဇာ့ဂ္ေတြက ဉာဏ္ပညာမ႐ွိဘူးဆိုရင္ေတာင္ ဒါကိုေတာ့သိေသးသည္။
ဒီနားလည္မႈက တာ့ခ္ဇာ့ဂ္ေတြကို သာမန္အေျခအေနမွ သူတို႔ဒဏ္ရာျပင္းထန္တဲ့အခ်ိန္တြင္ျဖစ္ပြားတဲ့ ထိန္းမႏိုင္သိမ္းမရ ေသြး႐ူးေသြးတန္းအေျခအေနကို ခ်က္ခ်င္းနီးပါး ဝင္ေရာက္သြားေစသည္။သူတို႔၏လည္ေခ်ာင္းမွ ၿခိမ္းေျခာက္တဲ့အသံတိုးတိုးကို ထုတ္လႊတ္ေနၿပီး နီျမန္းတဲ့ေဒါင္လိုက္မ်က္စံေတြက ေသြးဆာတဲ့သတ္ျဖတ္ရန္ရည္႐ြယ္ခ်က္ကို ထုတ္လႊတ္ေနသည္။
လူငယ္ေလး၏နာက်င္မႈေၾကာင့္ ငိုေႂကြးျခင္းသည္ ဒီတာ့ခ္ဇာ့ဂ္ေတြကို ႀကီးမားတဲ့လႈံ႕ေဆာ္မႈျဖစ္ေစသည္။ဒီအရာကို သူတို႔သည္းမခံႏိုင္ေပမဲ့ သူတို႔ရန္သူလို႔ထင္ရတဲ့ပစ္မွတ္ကို ႐ွာမေတြ႕ဘူး။
ကုဟိုင္သည္ လဲက်သြားတာေၾကာင့္ ေျပးေနတာရပ္သြားၿပီး သူ႕ေနာက္က တာ့ခ္ဇာ့ဂ္ေတြက သူ႕ကိုတစ္ဖန္ဝန္းရံလာသည္။
အခြင့္အေရးမ႐ွိေတာ့ဘူး...
သူ႕ကိုဝန္းရံလိုက္တဲ့အခိုက္အတန္႔မွာ ကုဟိုင္သည္ သူ႕ကံတရားကိုလက္ခံလိုက္တယ္..
ထရပ္ဖို႔ အခြင့္အေရးပင္မ႐ွိေတာ့ဘူး။ကုဟိုင္သည္ ႀကီးမားသည့္သတၱဝါႀကီးက ၎၏အႏၲရာယ္႐ွိသည့္ဓားသြားကဲ့သို႔လက္ဖ်ံကို ေျမႇာက္လိုက္တာကို ၾကည့္ေနခဲ့သည္။
၎က တကယ့္ဓားတစ္လက္ထက္ေတာင္ ထက္ေနသည္။ဒီဓားသြားနိမ့္ဆင္းလာတဲ့အခိုက္အတန္႔မွာ ကုဟိုင္သည္ ကူကယ္ရာမဲ့စြာ အံႀကိတ္ၿပီးမ်က္လုံးမွိတ္လိုက္သည္။
တစ္စကၠန္႔...
ႏွစ္စကၠန္႔...
သုံးစကၠန္႔...
ေမွ်ာ္လင့္ထားတဲ့နာက်င္မႈက ေရာက္မလာခဲ့ဘူး။ကုဟိုင္က သူ႕မ်က္လုံးေတြကို ျဖည္းျဖည္းခ်င္း သူ႕မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ေတာ့ သူ႕မွာဘာမွျဖစ္ပ်က္မသြားတာကို ေတြ႕လိုက္ရသည္။အခုေလးတင္ သူနင္းမိလိုက္တဲ့အတားအဆီးက လုံးဝျပန္႔ျပဴးသြားၿပီ။
ဒီလုပ္ေဆာင္ခ်က္ကို လုပ္ၿပီးတာႏွင့္ ေၾကာက္စရာေကာင္းတဲ့သက္႐ွိသည္ ၎၏လက္ဖ်ံႏွစ္ဖက္ကို နိမ့္ခ်ထားၿပီး ၎၏ေဆြမ်ိဳးေတြႏွင့္အတူ ကုဟိုင္ကို တိတ္တဆိတ္ ဆက္လက္ဝန္းရံခဲ့သည္။
ကုဟိုင္က ဒီသတၱဝါေတြက သူ႕ကိုမတိုက္ခိုက္ခ်င္မွန္း ႐ုတ္တရက္နားလည္လိုက္တယ္။
ဒီနားလည္မႈေၾကာင့္ ကုဟိုင္၏ႏွလုံးခုန္သံသည္ ေႏွးသြားကာ ၎က သူ႕ကိုလွည့္စားျခင္း ဟုတ္ မဟုတ္ သူမသိေသာ္လည္းဘဲ....သူက တျဖည္းျဖည္း ဒီၿဂိဳဟ္သားသက္႐ွိေတြထံမွ ထြက္ေပၚလာတဲ့ စိတ္ခံစားခ်က္ေတြကို ေယာင္ဝါးဝါးခံစားႏိုင္ေပၚတယ္။
သူတို႔က အရမ္းေဒါသထြက္ေနတယ္..ဒါေပမဲ့ ဒီေဒါသက သူ႕ထံကို တိုက္႐ိုက္ဦးတည္လာတာမဟုတ္ဘူး။
သူ႕ကိုလဲက်ေစတဲ့ ျပားခ်ပ္သြားတဲ့အတားအဆီးရဲ႕ေပါင္းစပ္က ကုဟိုင္ကို အေတြးတစ္ခုေပၚေစၿပီး သူ႕ကိုေၾကာင္အသြားေစတယ္။
သူတို႔ေဒါသထြက္ေနၾကတာက သူနာက်င္သြားတာေၾကာင့္ဘဲ...
ကုဟိုင္က သူဘာေၾကာင့္ ဒီလိုေတြးမိမွန္း မသိတာေၾကာင့္ သူလည္းမေသခ်ာဘူး။ဒါကို အတည္ျပဳဖို႔အတြက္ ကုဟိုင္က ေခါင္းငုံ႔ကာ ပင့္သက္႐ိႈက္သကဲ့သို႔ အသံထြက္လိုက္တယ္။
ဒါက လူငယ္ေလးကို ဝန္းရံေနတဲ့တာ့ခ္ဇာ့ဂ္ေတြကို အခ်က္ျပလိုက္သလိုဘဲ။သူတို႔က ပိုၿပီးေဒါသတႀကီးျဖစ္လာၿပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့အေျခအေနကို တိတ္တဆိတ္ဝင္ေရာက္သြားသည္။သူတို႔ရဲ႕လက္ဖ်ံက ခြၽန္ထက္ေသာထိပ္ဖ်ားသည္ ေျမျပင္ကိုက်ဆင္းသြားၿပီး မာေက်ာတဲ့ေက်ာက္သားမ်က္ႏွာျပင္ကို တိုက္႐ိုက္အေပါက္ဖန္တီးပစ္သည္။
ကုဟိုင္ "......"
ဒီတာ့ခ္ဇာ့ဂ္ေတြရဲ႕အျပဳအမူက တိုက္႐ိုက္ဘဲ ကုဟိုင္၏ထင္ေၾကးကို အတည္ျပဳလိုက္သည္။ကုဟိုင္က ေနာက္ဆုံးမွာေတာ့ ဒီေၾကာက္စရာေကာင္းတဲ့သက္႐ွိ သူ႕ကိုဝန္းရံေနတာက သူ႕ကို သားေကာင္ကဲ့သို႔ဆက္ဆံတာမဟုတ္ဘဲ ကာကြယ္ဖို႔ႀကိဳးစားတယ္ဆိုတာ နားလည္သြားသည္။
ဒါက ကာကြယ္ေရးစက္ဝိုင္းတစ္ခုဘဲ။သူတို႔က သူ႕ကိုကာကြယ္ေပးေနတာ..
ကုဟိုင္က ဘာေၾကာင့္လဲဆိုတာ မသိေပမဲ့ ဒါကိုနားလည္လိုက္တဲ့အခါ သူ႕ခံယူခ်က္ေတာ္ေတာ္မ်ားမ်ားေျပာင္းသြားတယ္။
ဥပမာအားျဖင့္ သူ႕ကို မ်က္လုံးနီဒါဇင္ေပါင္းမ်ားစြာ အနီးကပ္ၾကည့္ေနၾကဆဲျဖစ္ေသာ္လည္းဘဲ ကုဟိုင္က ဘယ္လိုထြက္ေျပးရမလဲဆိုတာ မစဥ္းစားေတာ့ဘူး။အခုေတာ့ သူကစိုးရိမ္ပူပန္မႈကို သိပ္မခံစားရေတာ့ဘူး။
----------------