ချစ်ချင်လို့ ချစ်တာ ( Complet...
By -Pont-00
346K 14.2K 361
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက... More
အမှာစာ
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
Photo
21
22
23
24
25
26
27
28
29
No update
29. (ZawGyi)
30
30 (ZawGyi)
31
31 (ZawGyi )
A/N
32
32(ZawGyi )
33
33(ZawGyi )
☘️
34
34(ZawGyi )
35
35(ZawGyi )
Hello
36
36(ZawGyi)
37
37(ZawGyi )
38
38(ZawGyi )
FB acc & page
39
39(ZawGyi )
40
40(Zawgyi)
41
41(Zawgyi)
42
42( ZawGyi)
43
43(Zawgyi)
44
44(Zawgyi)
45
45(Zawgyi)
46
46(Zawgyi)
47
47(Zawgyi)
No update
48
48(ZawGyi)
49
49(ZawGyi )
50
50(ZawGyi)
51
(51) Zawgyi
52
52(Zawgyi)
53 -1. (final)
53-1(final) Zawgyi
53-2 (final)
53-2(final) Zawgyi
Extra (1)
Extra (1) ZawGyi
7
5.6K 314 3
By -Pont-00
.......
ဘာလိုလိုနဲ့  သောကြာနေ့ ရောက်ပြီမို့ကျွန်တော် ကျောင်းတက်တာ ၅ရက်ရှိသွားပြီ။ စနေ/တနင်္ဂနွေ (၂)ရက်က ကျောင်းပိတ်ရက်။
ကျောင်းစတက်တဲ့နေ့က ၈တန်းကောင်ဆီမှ ၂ခါတိတိ အနမ်းခံရတာမို့ ငိုလိုက်ရတာအမော။ နောက်နေ့ ကျောင်းလာတက်ဖို့ မပြောနဲ့ ညနေကျောင်းဆင်းရင် ၈တန်းကောင်နဲ့ ထိပ်တိုက်မတွေ့ရအောင် ဘယ်လိုပြေးရမလဲ စဉ်းစားရတာ ခေါင်းမွှေးတွေပါ ကျွတ်၏။ ကံကောင်းချင်တော့ ကျောင်းဖွင့်ရက်ပထမဆုံးတစ်နေ့သာ ကျောင်းသားတိုင်း ပေါချောင်ချောင်နေလို့ရသေးပေမယ့် ဒုတိယနေ့တော့ မရတော့ပါ။
အစိုးရစစ်အနေနဲ့ ဖြေရမည်ဖြစ်သော (၄)တန်း၊(၈)တန်း၊(၁၀)တန်းတွေသည် မနက် ၇:၄၅မှစ၍ ကျောင်းတက်ခေါင်းလောင်းထိုးဖို့ ၁၀မိနစ်အလို ထိ အချိန်ပိုအနေနှင့် စာသင်ခန်းဝင်ရမည်။ ညနေ ၄:၃၀မှသာ အချိန်ပိုအပြီး ကျောင်းဆင်းရမည်ဟူသော ကျောင်းအုပ်ကြီး ၏ တစ်ချက်လွှတ်အမိန့်ကြောင့် မဖြစ်မနေ အချိန်ပို တက်ရမည်။ ကျောင်းတွင်းစစ်/ဖြေ ရမည့်အထဲမှာ (၉)တန်းပါသွားသည်မို့ ကျွန်တော်တို့ကတော့ အနေချောင်သည်။ ပုံမှန်ပဲဟုဆိုရမည်။
(၈)တန်းကောင်လဲ ထိုနေ့မှ စ၍ လှေကား၌ စောင့်နေတာမျိုးမတွေ့ရတော့ပါ။ မတွေ့ရဘူးဆိုတာကလဲ ကျွန်တော်ကိုယ်တိုင်က မနက် ကျောင်းလာလျှင် (၈)တန်းခန်းက အချိန်ပို စသင်မယ့်အချိန်နဲ့ ကွက်တိ ကျောင်းထဲဝင်တာ။
မုန့်စားဆင်းချိန်ဆို  မုန့်ဆင်းမဝယ်တော့ပါ။ အိုက်လျှမ်းကသာ ဝယ်ပေး၏။ နေ့လည် လဲ အခန်းထဲက မထွက်။ ညနေဆို ကျောင်းအုပ်ကြီးရုံးခန်းဘက် နှစ်ထပ်ဆောင်လှေကားကနေ မယောင်မလည်နဲ့ ကွေ့ပတ် ဒုန်းစိုင်း ပြေးပြန်နေရတာ။ အပေါ့သွားရင်တောင် အပေါ်ထပ် သူ့အတန်းက လှမ်းမြင်ရမယ့် မြင်ကွင်းကနေရှောင်ကာ ဝင်္ကပါလို လှည့်ပတ်ရှောင်ပြီး သွားရသည်။
ညနေကျောင်းဆင်းရင် အိမ်ကို ကျွန်တော်တစ်ယောက်တည်းသာ ပြန်ရသည်။ အိုက်လျှမ်းက ညနေဆို ကျောင်းဆင်းတာနဲ့ ကျူရှင်တန်းဝင်ရတာမို့ အပြန်လမ်းကတော့ အဖော်မရှိပါ။
ရွာထဲမှာလဲ ကျောင်းနေသူ အများသားမို့ လမ်းမှာ လူပြတ်တယ်လို့တော့ မရှိပါဘူး။ ရှမ်းစကားလဲမတက်တာမို့ တသီးတသန့် တစ်ယောက်တည်းသာ ပြန်လိုက်တာ ဖြစ်သည်။
ဟူးးးးး မလွယ်ပါဘူး ၈တန်းကောင်ရဲ့ ဒုက္ခက မလွယ်ပါဘူး။
အနမ်းခံရတာကို အမေ့နားလဲ မတိုင်ရဲ။ ကျွန်တော် ကျောင်းနေရတာ မပျော်တော့ဘူး ထင်ကာ စိတ်ဆင်းရဲနေမှာလဲဆိုးတာကြောင့် ကိုယ့်ဘက်က ရှောင်ကာ တက်နိုင်သမျှ နေလိုက်ဖို့ပဲ စဉ်းစားမိသည်။
>>>>>>><<<<<<<
ခန့်စေ  အချိန်ပို တက်နေရတာ ၅ရက်ရှိနေပြီ။  မနက်လဲ စာ ၊ညနေလဲ စာ  ပျင်းဖို့ကောင်းလှ၏။ ၉တန်းက အသေးလေးကိုလဲ မတွေ့ရတာ အချိန်ပို စတဲ့နေ့ကတည်းကပဲ။ အချိန်ပို မတက်ချင်လို့ ပြဿနာရှာရင် ရသည်။ ဒါပေမယ့် ၈တန်းရောက်ပြီ ပညာရေးကိုထိခိုက်‌လို့တော့ မဖြစ်တာမို့ ဒီတစ်နှစ်တော့ အောင့်အီးနေရအုန်းမည်။  စိတ်ထဲ ဘာကို အလိုမကျလို့ မကျမှန်းမသိ။  ကိုယ် နမ်းလိုက်လို့ လက်သီးလေးနှစ်ဖက်ကို သတိအနေအထားလို ဘေးကပ်ကာ ခပ်တောင့်တောင့်ရပ်ပြီး တအီအီ ငိုနေခဲ့သော ကောင်လေးမျက်နှာကိုပဲ မြင်ချင်နေ၏။ ရင်ထဲမှာ ဘယ်လိုခံစားချက်တွေဖြစ်ပေါ်နေလဲ အဓိပ္ပါယ်မဖွင့်ဆိုတက်။
အနှီလူသားလေးကိုပဲ တောင်းတောင်းတတ မြင်ချင်နေတာမို့ မနက်ဖြန်ကျောင်းပိတ်ရက်မို့ အင်္ဂလိပ် အချိန်ပို ပျက်ပြီးကို နေတဲ့နေရာအထိ လိုက်တွေ့အုန်းမည်။  အချိန်ပို လစ်လို့ ရုံးခန်းရောက်လဲ ဂရုစိုက်မယ်ထင်လား။ Noပဲ ကြိုက်တဲ့အချိန်ခေါ် စာ ရရင် ပြီးတာပဲမလား။  ထို လူသားမျက်နှာလေးကို မြင်တွေ့ရဖို့ ဘာမှအောင့်အီးနေစရာမလိုဘူး။  အချိန်ပို ပျက်လို့ ရုံးခန်းခေါ်ရင် ဦးလေးကို လွှတ်လိုက်မယ် ဒါပဲ။
မင်းကို မြင်ချင်လို့ ဖြစ်ပေါ်လာတဲ့စိတ်ကို
ဖြေဖျောက်ဖို့  တစ်ခုပဲ
လိုအပ်တာ  ။
အဲ့တာ မင်းမျက်နှာလေးပဲ။
မင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကို
မင်းနဲ့ပဲဖြေဖျောက်မှာ။
>>>>>><<<<<<
"ဟေ့ကောင် ငစေ သတင်းကောင်းပြောစရာရှိတယ်"
ညနေ အချိန်ပို ပြီးလို့ ကျောင်းသားတိုင်းအတန်းထဲမှ ကိုယ်စီ အသီးသီး ထွက်သွားနေချိန် လွယ်အိတ်ထဲ စာအုပ်များအသည်းအသန်ထိုးထည့်ကာ
ပြောလာသော သန့်စင်ထွန်းကြောင့် ခန့်စေ  လွယ်အိတ်ကို စလွယ်သိုင်းကာ ပုဆိုးကိုပြင်ဝတ်ရင်း ပြော ဟူသော သဘောဖြင့် မေးဆက်ပြလိုက်သည်။
"ဒီနေ့ အောက်ထပ်က ဆယ်တန်းECOအခန်းမှာ ကျောင်းသူ အသစ်ရောက်နေတယ်တဲ့ အလန်းဇယားထဲပါတယ်ပြောတယ် တပ်မ(၂)က ဗိုလ်ကတော် ညီမလို့ပြောတယ်"
"အဲ့တော့ ဆီအကုန်ခံပြီး ခွေးတောထဲ ဖွန်သွားကြောင်ရအုန်းမယ်ပေါ့  "
"   အချောလေးပါကွ"
"မင်းက မြင်ဖူးလို့လား"
"မမြင်ဖူးသေးပေမယ့် သတင်းက ကျားအိမ်သာ နားမှာ ပျံ့နေပြီကွ
အပေါ့သွားရင်းနဲ့ ဆယ်တန်းတွေနားက သိလာတာ"
''အဟွန်း ရွံစရာ "
"ဘာလဲ မင်းမလိုက်ဘူးလား"
"မလိုက်ဘဲနဲ့တောင် အမြှီးတနှံ့နှံ့နဲ့ ပါလာမယ့် ဟာကိုကွာ
ငါက အဲ့အသိုင်းအဝိုင်းဆို ရွံလို့"
"ဟ ဒီတစ်ခါငြင်းတယ်ဟ ပြီးတာပါပဲ "
"မနက်ဖြန် အချိန်ပို လစ်မယ် ကြိုပြောတာ ဟေ့ကောင်တွေ ကျန်တာ မင်းတို့အပိုင်း"
"မင်းဘယ်သွားစရာရှိလို့လဲ "
"အဟွန်း"
"မင်းပဲ လစ်လို့ရမလားကွ ငါတို့ပါ လိုက်မယ် ဘယ်လဲသာပြော"
"ငါ့ လမင်းလေးဆီ"
" ဇဘကြီးကို ငါ့ လမင်းလေးဆီ မင်းဟိုနေ့ကလဲ နမ်းလိုက်တာ
ငါ့မှာပြူးရလွန်းလို့ အစိနှစ်လုံးပြုတ်ထွက်ပြီလား မှတ်ရတယ်ကွ"
မှုန်ကြီး အိုက်တွမ်က အဆဲလေးနဲ့ဝင်ပြောတော့ သန့်ကြီးကလဲ..
"နေပါအုန်း ဘယ်မှာနေလဲသိလို့လား ပြီးတော့ ကျောင်းပိတ်ရက်ဟ''
"ဂျပု အဲ့ကောင် နားလင်လိုင်ရွာထဲ နေတာမလား အဲ့အနီးအနားမှာ    ရှိလိမ့်မယ်"
အချိန်ပိုတောင် လစ်ပြီးသွားအုန်းမှာမို့ ဝဏ္ဏ မနေနိုင်စွာ မေးလိုက်၏။ အထိုးခံရလဲ တစ်ချက်ပေါ့ ။ ဒါဒီကောင့် ပုံစံမှမဟုတ်တာ။ မောင် ခေါ်ခိုင်းရတာနဲ့ ၊ နမ်းရတာနဲ့ အခုလဲ အိမ်အထိ အချိန်ပိုလစ်ပြီး လိုက်သွားအုန်းမှာဆိုပဲ။
ဆိုးချင်မိုက်ချင်လို့ ဒီလိုနေတာကနေတာပဲ
ရည်းစားပွှေခဲ့‌ေပမယ့်ဒီကောင်ကောင်မလေးပုခုံးတောင်
ဖတ်ဖူးတဲ့ကောင်မဟုတ်ဘူး။သူများတကာ သားသမီးကို
ဟို ထိ ဒီ နမ်းမလုပ်ဖူးတဲ့ကောင်ဆိုတာ ငယ်ငယ်ကတည်းကပေါင်းလာတာမို့
အကုန်သိ၏။ သိလို့လဲ ကွေးမယ်ဆို အဆုံးထိကွေးချလိုက်။ စက်ဝိုင်းလိုပဲ ဘယ်လိုသွားသွားအကွေးတိုင်းသွားသလိုမျိုး။
ကွေးသလိုဖြောင့်သလို လုပ်နေရင် သုံးယောက်ပေါင်းပြီး ဝိုင်းဆော်ပေးအုန်းမယ်ဟု ဝဏ္ဏတွေးထားလိုက်သည်။
အချင်းဆက်ပြီး မွေးလာသလားမှတ်ရတယ် ဘေးက သန့်ကြီးနဲ့ အိုက်တွမ်ကလဲ ဝဏ္ဏကို ကြည့်ကာ ငါတို့လဲ မင်းလိုပဲဆိုတဲ့ မျက်နှာတွေနဲ့မို့  လက်မသာ ထောင်ပြလိုက်တယ်။
"ဘာလဲကွ ငစေရ မင်းဟာက အထူးအဆန်း အိမ်ထိတောင် လိုက်နမ်းအုန်းမလို့လား ကြည့်လုပ် နမ်းရုံနဲ့ အတိုင်ခံရလို့ သက်ငယ်မဒိမ်းတွေပါဖြစ်နေမယ် "
" *ီး ကိုဖြစ်ရမှာလား မလိုက်ချင်နေ"
"မင်း ကွေးသွားရင်လဲ ဟဲ့ကောင်တို့ရေ ကျုပ်တော့ ကွေးပြီ
လို့ အော်ပြောဖော်လေးတော့ ရအုန်း ငါ့ကောင်ရေ"
" မင်းပဲ ကွေး မအေဘေး  အာဝါဒါးတွေ လာပြောမနေနဲ့ ပြန်မယ်"
‌အေးပေါ့။ နောက်မှ ကြိတ်ကွေးရင် သတ်မယ် ခွေးသား။ ပြီးကျမှ
မောင့်လမင်းလေး ဆိုလို့ကတော့ ဥ နှစ်လုံးကို မှတ်လောက်သားလောက်အောင် ဇယ်တောက်သလို တောက်ပစ်အုန်းမယ်။
-Pont-00-
ZawGyi
>>>>>>><<<<<<<
လိုအပ်တာ  ။
>>>>>><<<<<<
"   အချောလေးပါကွ"
"မင်းက မြင်ဖူးလို့လား"
''အဟွန်း ရွံစရာ "
"အဟွန်း"
"ငါ့ လမင်းလေးဆီ"
ရည္းစားေပႊခဲ့ေပမယ့်ဒီကောင်ကောင်မလေးပုခုံးတောင်
-Pont-00-
Continue Reading
You'll Also Like
1.3M 45.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.5M 62.1K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
623K 59.9K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.6M 69.1K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...