Zergဘုရင်လေး

By Phyomyatsoe

7.8K 1.5K 25

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၄.၂
၁၅

အခန်း(၁.၂)

340 58 1
By Phyomyatsoe

အခန်း(၁.၂)

တောက်.တောက်....

တစ်တောက် တောက် ဆက်တိုက်ခေါက်သံတွေက မှောင်မဲနေတဲ့လှိုဏ်ဂူကြီးထဲမှာ ဖုံးလွှမ်းသွားသည်။ဒီနူးညံတဲ့ခေါက်သံကို ပထမဆုံးကြားလိုက်ရတဲ့အခိုက်တွင် နီမြန်းသည့်ဒေါင်လိုက်သူငယ်အိမ်နှင့် ဒါဇင်ချီသည့်မျက်လုံးပေါင်းများစွာက အမှောင်ထဲမှာ ရုတ်တရက်ပေါ်လာတယ်။သူတို့က အသံထွက်ပေါ်ရာရင်းမြစ်ကို ကျောက်ချထားသလို စူးစိုက်ကြည့်နေကြတယ်။

နီမြန်းသည့်မျက်လုံးပေါင်းများစွာသည် အမှောင်ထဲတွင် ပိုပြီးကြောက်စရာကောင်းနေ၏။သူတို့က အေးစက်ပြီးခက်ထန်ကြမ်းကြုတ်နေပြီး ဘယ်လိုလူသားဆန်တဲ့အရိပ်အယောင် လူသားခံစားချက်မျိုးရှိမနေဘူး။သူတို့က သေသေချာချာကို လူသားတွေမှာရှိတဲ့မျက်လုံးမျိုးမဟုတ်ဘူး။

ဤမှောင်မိုက်တဲ့ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေတဲ့ လူသားမဟုတ်တဲ့သက်ရှိတွေက ကြီးမားတဲ့အရွယ်အစားရှိတယ်။သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို တိုက်ပွဲဝင်ဖို့ရာ ပြုလုပ်ထားတယ်။

အေးစက်ပြီးတောက်ပြောင်သည့်ခန္ဓာကိုယ်ရှိသည့် သူတို့ကို ကြည့်ရတာ အလွန်ကိုသန်မာအားကောင်းသည့်အကာအကွယ်များ ပိုင်ဆိုင်ထားပုံရတယ်။လက်ဖျံတွေကို ကြည့်ရတာလည်း ဖြတ်ထားသောဓားသွားကဲ့သို့ဖြစ်ပြီး ချွန်ထက်သည့်သွားများသည် ကြည့်ရုံနှင့်ကို သိသာထင်ရှားစွာ ကြောက်မက်ဖွယ် ကိုက်ခဲသည့်စွမ်းအားရှိပုံရတယ်။

အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက အရွယ်ရောက်ပြီးလူသားတစ်ယောက်၏အရွယ်ထက် အဆပေါင်းများစွာကြီးမားပြီး ဒီကြောက်စရာကောင်းတဲ့သက်ရှိတွေက သံသယဖြစ်စရာမလိုအောင်ဘဲ ၎င်းတို့၏သားကောင်ကို အလွယ်တကူ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်နိုင်တဲ့စွမ်းရည်ရှိမှာသေချာတယ်။

ဒီကြောက်စရာကောင်းတဲ့သက်ရှိတွေက ဇာ့ဂ်(Zerg)တွေဖြစ်ပြီးတော့ ၎င်းတို့က အရက်စက်အကြမ်းကြုတ်ဆုံးနှင့်ရန်လိုသော မျိုးစုထဲက တာ့ခ်ဇာ့ဂ်ဖြစ်တယ်။

သူတို့က အရေးကြီးတဲ့တစ်စုံတစ်ရာကို စောင့်ရှောက်နေသလိုမျိုး ဒီတာ့ခ်ဇာ့ဂ်တွေက လိုဏ်ဂူအလယ်မှာလဲလျောင်းနေတဲ့ ကြီးမားသည့်အဖြူရောင်ဥကြီးကို ဝန်းရံနေတာဖြစ်တယ်။သူတို့က တိတ်တဆိတ်စောင့်ရှောက်ပေးနေတဲ့ အကာအကွယ်စက်ဝိုင်းတစ်ခုကဲ့သို့ ဝန်းရံနေတာဖြစ်တယ်။

ဥဖြူကြီးထဲမှ ဖောက်ထွက်လာတဲ့ တစ်တောက်တောက်ခေါက်သံ ပိုထွက်လာလေလေ တာ့ခ်တွေ၏ ဒေါင်လိုက်သူငယ်အိမ်နှင့်မျက်ဝန်းတွေက ကျဉ်းမြောင်းလာလေဖြစ်ပြီး မျက်ဝန်းတွေက အပ်ချည်မျှင်ကဲ့သို့တိုင်အောင်ဖြစ်တယ်။

၎င်းတို့၏မျက်လုံးတွေကို အခြေခံပြီး ဤကြီးမားပြီးအန္တရာယ်ရှိသည့်သတ္တဝါတွေသည် မြင့်မားသည့်သတိရှိမှုအခြေအနေကို ရောက်ရှိနေသည်ကို မြင်နိုင်တယ်။

သူတို့ကာကွယ်ပေးနေတဲ့အရာရှိသည့် ဒီဂူထဲကို ဝင်ရဲတဲ့ ဘယ်သတ္တဝါမဆို ဒီတာ့ခ်ဇာ့ဂ်တွေရဲ့ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ဒေါသတကြီးအပိုင်းပိုင်းကိုက်ဖြဲခံရမှာဖြစ်သည်။

ပင်ပန်းနေတာကြောင့်ဖြစ်နိုင်တယ်..အတွင်းထဲကနေ ဥခွံကိုခေါက်နေတာက ခဏလောက်ရပ်သွားသည်။

အသံရပ်သွားတဲ့အချိန်အတွင်းမှာ အဖြူရောင်ဥကြီးကို ဝန်းရံနေတဲ့ တာ့ခ်ဇာဂ်တွေက အနည်းငယ်မငြိမ်မသက်ဖြစ်နေတယ်။

သူတို့၏အကာအကွယ်ပေးလိုတဲ့ဗီဇက သူတို့ပတ်ဝန်းကျင်မှာဖြစ်နိုင်တဲ့ အန္တရာယ်တွေကို သတိထားဖို့ ပြောနေပေမဲ့ တစ်ဖက်မှာလည်း သူတို့က အဖြူရောင်ဥကြီးဘေးကနေ မခွာချင်ကြဘူး။

ဒီအဖြူရောင်ဥကြီးအတွင်းက ရတနာက သူတို့အတွက် အလွန်ကိုအရေးကြီးပြီး တန်ဖိုးထားရမယ့်အရာဖြစ်တယ်။

ကုဟိုင်က တကယ်ကိုပင်ပန်းနေတာဖြစ်တယ်။ကွဲလွဲတဲ့အပေါ်ယံအလွှာအခွံကို ခေါက်နေပေမဲ့ မျှော်လင့်မထားစွာဘဲ အတော့်ကိုခက်ခဲတယ်။

ခဏလောက် အနားယူပြီးနောက်မှာ ကုဟိုင်က ဆက်လက်ပြီးလုပ်ဆောင်တယ်။သူ အားပြင်းပြင်းရိုက်လိုက်တိုင်း သူရိုက်လိုက်တဲ့နေရာမှာ အက်ကြောင်းတွေပိုသိသာလာတယ်။

နောက်ဆုံးမှာတော့ ဒီလိုအကြိမ်ရေတော်တော်များများ လုပ်ဆောင်ပြီးနောက်မှာ အကျိုးရှိလာပြီဖြစ်တယ်။

ခရပ်..

ရှင်းလင်းပြတ်သားတဲ့အသံတစ်ခုထွက်ပေါ်လာပြီး အလုံပိတ်နေရာ၏ထိပ်မှာ ကုဟိုင် ထုထားတဲ့လက်သီးဆုတ်အရွယ်အပေါက်တစ်ခုဖြစ်လာတယ်။သို့စေကာမူ အပေါက်ထဲကနေ ဘယ်လိုအလင်းရောင်မှဝင်မလာဘူး။

ကုဟိုင်က အပြင်ဘက်ပတ်ဝန်းကျင်မှာလည်း အလွန်ကိုမှောင်မဲနေမှန်း နားလည်လိုက်တယ်။

ကုဟိုင်က လုပ်နေတာကို မရပ်လိုက်ဘဲ ဆက်လက်ပြီး ဒီသေးငယ်တဲ့နေရာကို ဖျက်ဆီးဖို့ကြိုးစားတယ်။သူက သူထွက်လို့ရသည်အထိ အပေါက်ကျယ်ပြန့်လာတဲ့အခါ ကုဟိုင်သည် ဂရုတစိုက်နှင့် သူ့ဦးခေါင်းကို အပြင်ထိုးထွက်လိုက်တယ်။

အပြင်ဘက်က သူမြင်လိုက်ရတဲ့ မြင်ကွင်းက ကုဟိုင်ကို အံ့အားသင့်သွားစေတယ်။

နီမြန်းနေတဲ့မျက်လုံးပေါင်းများစွာက ခေါင်းငုံ့ထားရင်း သူ့ကိုစိုက်ကြည့်နေတယ်။အေးစက်သည့်ဒေါင်လိုက်မျက်စံတွေ၏ပိုင်ရှင်တွေသည် ကြီးမားတဲ့ခန္ဓာကိုယ်အရွယ်အစားနှင့် ကြောက်မက်ဖွယ်ကောင်းသောခန္ဓာကိုယ်တည်ဆောက်ပုံရှိသည်။သူတို့တွေက သူ့ကိုစိုက်ကြည့်နေတာကြောင့် ကုဟိုင်သည် အသက်ရှူနေတာကိုတောင် လျော့ချလိုက်၏။

ကုဟိုင်၏အထိတ်တလန့်ဖြစ်မှုက သူ့ကိုဝန်းရံထားတဲ့တာ့ခ်ဇာ့ဂ်တွေကို ထပ်မံပြီးမငြိမ်မသက်ဖြစ်လာစေသည်။သူတို့ထဲက တစ်ချို့တစ်လေဆိုရင် လည်ချောင်းထဲက ညည်းသံတောင် ထွက်လာတယ်။

ဒီလူငယ်လေးဟာ မပျော်ရွှင်မှု ကြောက်ရွှံ့မှု အထိတ်တလန့်ဖြစ်မှု ဝမ်းနည်းမှုစတဲ့ အပျက်သဘောဆောင်တဲ့ခံစားချက်တွေကို ပြနေသမျှ ကာလပတ်လုံး သူ့ကိုစောင့်ရှောက်ပေးနေတဲ့ တာ့ခ်ဇာ့ဂ်တွေကို ဒေါသထွက်လာစေပါလိမ့်မယ်။

ဒီဒေါသက ယုတ္တိမရှိပေ....

သူတို့အတွက် အရေးကြီးဆုံးဖြစ်တည်မှုက သူ့တို့ထံကို သူ့ရဲ့စိုးရိမ်ကြောင့်ကြမှုကို ပို့ဆောင်လာတာနဲ့ တာ့ခ်ဇာ့ဂ်တွေသည် မွေးကင်းစကလေးငယ်လေး စိတ်ချလုံခြုံစေရန်အလို့ငှာ သူတို့၏အကာအကွယ်စက်ဝိုင်းကို တစ်ဖန်ကျဉ်းမြောင်းစေသည်။

ဘယ်ရန်သူကမှ သူတို့ကို ကျော်ဖြတ်သွားနိုင်မှာမဟုတ်ဘူး..

ကုဟိုင်က သူတို့က သူ့ကိုကာကွယ်ပေးနေမှန်း မသိခဲ့ဘူး။သူက အခြေအနေမှန်ကို မသိဘဲ ဒီကြောက်စရာကောင်းတဲ့သတ္တဝါတွေက သူ့ကိုဝန်းရံလာတဲ့အပြုအမူက သူ့ကိုတုန်လှုပ်သွားစေသည်။

ဘာဖြစ်တာလဲ?

အခု သူပုန်းလိုက်မယ်ဆိုရင် နောက်ကျသွားပြီလား?

သူ ဒီလိုဘဲ သေရတော့မှာလား...ကုဟိုင်၏နှလုံးခုန်သံက ပိုမြန်လာပေမဲ့ သူ့ဦးနှောက်ကတော့ တည်ငြိမ်လာတယ်။

ဒီကြောက်စရာကောင်းတဲ့သတ္တဝါတွေကို သေချာပေါက်ကို ကမ္ဘာကြီးမှာ မရှိနိုင်ကြောင်းသေချာတာကြောင့် ကုဟိုင်သည် သူကူးပြောင်းသွားပြီဖြစ်ကြောင်း နားလည်ပြီး သူရဲ့ကူးပြောင်းနေသွားတဲ့နေရာနှင့်အချိန်ကလည်း အလွန်ကိုအဆင်မပြေဖြစ်လှသည်။

သူက သူ့မျက်လုံးဖြင့် လွတ်မြောက်နိုင်မည့်လမ်းကြောင်းကို အမြန်ရှာဖွေပြီး နှစ်စက္ကန့်ထက်နည်းတဲ့အချိန်အတွင်းမှာဘဲ ရှင်သန်လွတ်မြောက်နိုင်တဲ့တစ်ခုတည်းသောလမ်းကြောင်းကို ရှာတွေ့ခဲ့သည်။

ဒီသတ္တဝါတွေ၏အရွယ်အစားကြီးမားမှုကြောင့် သူတို့ရဲ့စက်ဝိုင်းဟာ ကွာဟချက်တစ်ခုရှိနေပြီး ကံကောင်းထောက်မစွာ သူထွက်ပြေးနိုင်တဲ့လမ်းကြောင်းတစ်ခုရှိနေသည်။

စိတ်အနှောင့်အယှက်ဖြစ်စရာ ပြသနာတစ်ခုရှိနေသေးတာက သူက ဘာအဝတ်အစားကိုမှ မဝတ်ထားတာဘဲ။

ကုဟိုင်သည် သူရှင်သန်ခဲ့တဲ့နှစ်၂၀အတွင်း ဒီလိုအခြေအနေမျိုး ကြုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

တကယ်လို့သေဆုံးပြီးနောက် ကူးပြောင်းသွားတဲ့ ဇာတ်လိုက်သာဖြစ်ပါက သူဟာ သမိုင်းမှာ သနားစရာအကောင်းဆုံးဇာတ်လိုက်သာဖြစ်လိမ့်မည်။ဘယ်လိုဇာတ်လိုက်ကများ ကူးပြောင်းပြီးတာနဲ့ ထောင်ပေါင်းများစွာသော ဓားတွေနှင့် ရင်ဆိုင်ရလို့လဲ?

ကိုယ်တုံးလုံးပြေးမလား?ဒါမှမဟုတ် ဒီနေရာမှာဘဲ အသေခံမလား?

ကုဟိုင်၏နှုတ်ခမ်းထောင့်က တွန့်သွားသည်။

ဖြေကြည့်ပါ..မေးခွန်းထုတ်တဲ့သူကို ရိုက်ခံရလိမ့်လို့ငါပြောရဲတယ်။

---------

အခန္း(၁.၂)

ေတာက္.ေတာက္....

တစ္ေတာက္ ေတာက္ ဆက္တိုက္ေခါက္သံေတြက ေမွာင္မဲေနတဲ့လိႈဏ္ဂူႀကီးထဲမွာ ဖုံးလႊမ္းသြားသည္။ဒီႏူးညံတဲ့ေခါက္သံကို ပထမဆုံးၾကားလိုက္ရတဲ့အခိုက္တြင္ နီျမန္းသည့္ေဒါင္လိုက္သူငယ္အိမ္ႏွင့္ ဒါဇင္ခ်ီသည့္မ်က္လုံးေပါင္းမ်ားစြာက အေမွာင္ထဲမွာ ႐ုတ္တရက္ေပၚလာတယ္။သူတို႔က အသံထြက္ေပၚရာရင္းျမစ္ကို ေက်ာက္ခ်ထားသလို စူးစိုက္ၾကည့္ေနၾကတယ္။

နီျမန္းသည့္မ်က္လုံးေပါင္းမ်ားစြာသည္ အေမွာင္ထဲတြင္ ပိုၿပီးေၾကာက္စရာေကာင္းေန၏။သူတို႔က ေအးစက္ၿပီးခက္ထန္ၾကမ္းၾကဳတ္ေနၿပီး ဘယ္လိုလူသားဆန္တဲ့အရိပ္အေယာင္ လူသားခံစားခ်က္မ်ိဳး႐ွိမေနဘူး။သူတို႔က ေသေသခ်ာခ်ာကို လူသားေတြမွာ႐ွိတဲ့မ်က္လုံးမ်ိဳးမဟုတ္ဘူး။

ဤေမွာင္မိုက္တဲ့ပတ္ဝန္းက်င္တြင္ ပုန္းေအာင္းေနတဲ့ လူသားမဟုတ္တဲ့သက္႐ွိေတြက ႀကီးမားတဲ့အ႐ြယ္အစား႐ွိတယ္။သူတို႔၏ခႏၶာကိုယ္အစိတ္အပိုင္းတိုင္းကို တိုက္ပြဲဝင္ဖို႔ရာ ျပဳလုပ္ထားတယ္။

ေအးစက္ၿပီးေတာက္ေျပာင္သည့္ခႏၶာကိုယ္႐ွိသည့္ သူတို႔ကို ၾကည့္ရတာ အလြန္ကိုသန္မာအားေကာင္းသည့္အကာအကြယ္မ်ား ပိုင္ဆိုင္ထားပုံရတယ္။လက္ဖ်ံေတြကို ၾကည့္ရတာလည္း ျဖတ္ထားေသာဓားသြားကဲ့သို႔ျဖစ္ၿပီး ခြၽန္ထက္သည့္သြားမ်ားသည္ ၾကည့္႐ုံႏွင့္ကို သိသာထင္႐ွားစြာ ေၾကာက္မက္ဖြယ္ ကိုက္ခဲသည့္စြမ္းအား႐ွိပုံရတယ္။

အစိတ္အပိုင္းတစ္ခုခ်င္းစီတိုင္းက အ႐ြယ္ေရာက္ၿပီးလူသားတစ္ေယာက္၏အ႐ြယ္ထက္ အဆေပါင္းမ်ားစြာႀကီးမားၿပီး ဒီေၾကာက္စရာေကာင္းတဲ့သက္႐ွိေတြက သံသယျဖစ္စရာမလိုေအာင္ဘဲ ၎တို႔၏သားေကာင္ကို အလြယ္တကူ အပိုင္းပိုင္းျဖစ္ေအာင္ ဆုတ္ၿဖဲပစ္ႏိုင္တဲ့စြမ္းရည္႐ွိမွာေသခ်ာတယ္။

ဒီေၾကာက္စရာေကာင္းတဲ့သက္႐ွိေတြက ဇာ့ဂ္(Zerg)ေတြျဖစ္ၿပီးေတာ့ ၎တို႔က အရက္စက္အၾကမ္းၾကဳတ္ဆုံးႏွင့္ရန္လိုေသာ မ်ိဳးစုထဲက တာ့ခ္ဇာ့ဂ္ျဖစ္တယ္။

သူတို႔က အေရးႀကီးတဲ့တစ္စုံတစ္ရာကို ေစာင့္ေ႐ွာက္ေနသလိုမ်ိဳး ဒီတာ့ခ္ဇာ့ဂ္ေတြက လိုဏ္ဂူအလယ္မွာလဲေလ်ာင္းေနတဲ့ ႀကီးမားသည့္အျဖဴေရာင္ဥႀကီးကို ဝန္းရံေနတာျဖစ္တယ္။သူတို႔က တိတ္တဆိတ္ေစာင့္ေ႐ွာက္ေပးေနတဲ့ အကာအကြယ္စက္ဝိုင္းတစ္ခုကဲ့သို႔ ဝန္းရံေနတာျဖစ္တယ္။

ဥျဖဴႀကီးထဲမွ ေဖာက္ထြက္လာတဲ့ တစ္ေတာက္ေတာက္ေခါက္သံ ပိုထြက္လာေလေလ တာ့ခ္ေတြ၏ ေဒါင္လိုက္သူငယ္အိမ္ႏွင့္မ်က္ဝန္းေတြက က်ဥ္းေျမာင္းလာေလျဖစ္ၿပီး မ်က္ဝန္းေတြက အပ္ခ်ည္မွ်င္ကဲ့သို႔တိုင္ေအာင္ျဖစ္တယ္။

၎တို႔၏မ်က္လုံးေတြကို အေျခခံၿပီး ဤႀကီးမားၿပီးအႏၲရာယ္႐ွိသည့္သတၱဝါေတြသည္ ျမင့္မားသည့္သတိ႐ွိမႈအေျခအေနကို ေရာက္႐ွိေနသည္ကို ျမင္ႏိုင္တယ္။

သူတို႔ကာကြယ္ေပးေနတဲ့အရာ႐ွိသည့္ ဒီဂူထဲကို ဝင္ရဲတဲ့ ဘယ္သတၱဝါမဆို ဒီတာ့ခ္ဇာ့ဂ္ေတြရဲ႕ ၿခိမ္းေျခာက္မႈအျဖစ္ သတ္မွတ္ခံရမွာျဖစ္ၿပီး ေဒါသတႀကီးအပိုင္းပိုင္းကိုက္ၿဖဲခံရမွာျဖစ္သည္။

ပင္ပန္းေနတာေၾကာင့္ျဖစ္ႏိုင္တယ္..အတြင္းထဲကေန ဥခြံကိုေခါက္ေနတာက ခဏေလာက္ရပ္သြားသည္။

အသံရပ္သြားတဲ့အခ်ိန္အတြင္းမွာ အျဖဴေရာင္ဥႀကီးကို ဝန္းရံေနတဲ့ တာ့ခ္ဇာဂ္ေတြက အနည္းငယ္မၿငိမ္မသက္ျဖစ္ေနတယ္။

သူတို႔၏အကာအကြယ္ေပးလိုတဲ့ဗီဇက သူတို႔ပတ္ဝန္းက်င္မွာျဖစ္ႏိုင္တဲ့ အႏၲရာယ္ေတြကို သတိထားဖို႔ ေျပာေနေပမဲ့ တစ္ဖက္မွာလည္း သူတို႔က အျဖဴေရာင္ဥႀကီးေဘးကေန မခြာခ်င္ၾကဘူး။

ဒီအျဖဴေရာင္ဥႀကီးအတြင္းက ရတနာက သူတို႔အတြက္ အလြန္ကိုအေရးႀကီးၿပီး တန္ဖိုးထားရမယ့္အရာျဖစ္တယ္။

ကုဟိုင္က တကယ္ကိုပင္ပန္းေနတာျဖစ္တယ္။ကြဲလြဲတဲ့အေပၚယံအလႊာအခြံကို ေခါက္ေနေပမဲ့ ေမွ်ာ္လင့္မထားစြာဘဲ အေတာ့္ကိုခက္ခဲတယ္။

ခဏေလာက္ အနားယူၿပီးေနာက္မွာ ကုဟိုင္က ဆက္လက္ၿပီးလုပ္ေဆာင္တယ္။သူ အားျပင္းျပင္း႐ိုက္လိုက္တိုင္း သူ႐ိုက္လိုက္တဲ့ေနရာမွာ အက္ေၾကာင္းေတြပိုသိသာလာတယ္။

ေနာက္ဆုံးမွာေတာ့ ဒီလိုအႀကိမ္ေရေတာ္ေတာ္မ်ားမ်ား လုပ္ေဆာင္ၿပီးေနာက္မွာ အက်ိဳး႐ွိလာၿပီျဖစ္တယ္။

ခရပ္..

႐ွင္းလင္းျပတ္သားတဲ့အသံတစ္ခုထြက္ေပၚလာၿပီး အလုံပိတ္ေနရာ၏ထိပ္မွာ ကုဟိုင္ ထုထားတဲ့လက္သီးဆုတ္အ႐ြယ္အေပါက္တစ္ခုျဖစ္လာတယ္။သို႔ေစကာမူ အေပါက္ထဲကေန ဘယ္လိုအလင္းေရာင္မွဝင္မလာဘူး။

ကုဟိုင္က အျပင္ဘက္ပတ္ဝန္းက်င္မွာလည္း အလြန္ကိုေမွာင္မဲေနမွန္း နားလည္လိုက္တယ္။

ကုဟိုင္က လုပ္ေနတာကို မရပ္လိုက္ဘဲ ဆက္လက္ၿပီး ဒီေသးငယ္တဲ့ေနရာကို ဖ်က္ဆီးဖို႔ႀကိဳးစားတယ္။သူက သူထြက္လို႔ရသည္အထိ အေပါက္က်ယ္ျပန္႔လာတဲ့အခါ ကုဟိုင္သည္ ဂ႐ုတစိုက္ႏွင့္ သူ႕ဦးေခါင္းကို အျပင္ထိုးထြက္လိုက္တယ္။

အျပင္ဘက္က သူျမင္လိုက္ရတဲ့ ျမင္ကြင္းက ကုဟိုင္ကို အံ့အားသင့္သြားေစတယ္။

နီျမန္းေနတဲ့မ်က္လုံးေပါင္းမ်ားစြာက ေခါင္းငုံ႔ထားရင္း သူ႕ကိုစိုက္ၾကည့္ေနတယ္။ေအးစက္သည့္ေဒါင္လိုက္မ်က္စံေတြ၏ပိုင္႐ွင္ေတြသည္ ႀကီးမားတဲ့ခႏၶာကိုယ္အ႐ြယ္အစားႏွင့္ ေၾကာက္မက္ဖြယ္ေကာင္းေသာခႏၶာကိုယ္တည္ေဆာက္ပုံ႐ွိသည္။သူတို႔ေတြက သူ႕ကိုစိုက္ၾကည့္ေနတာေၾကာင့္ ကုဟိုင္သည္ အသက္႐ွဴေနတာကိုေတာင္ ေလ်ာ့ခ်လိုက္၏။

ကုဟိုင္၏အထိတ္တလန္႔ျဖစ္မႈက သူ႕ကိုဝန္းရံထားတဲ့တာ့ခ္ဇာ့ဂ္ေတြကို ထပ္မံၿပီးမၿငိမ္မသက္ျဖစ္လာေစသည္။သူတို႔ထဲက တစ္ခ်ိဳ႕တစ္ေလဆိုရင္ လည္ေခ်ာင္းထဲက ညည္းသံေတာင္ ထြက္လာတယ္။

ဒီလူငယ္ေလးဟာ မေပ်ာ္႐ႊင္မႈ ေၾကာက္႐ႊံ႕မႈ အထိတ္တလန္႔ျဖစ္မႈ ဝမ္းနည္းမႈစတဲ့ အပ်က္သေဘာေဆာင္တဲ့ခံစားခ်က္ေတြကို ျပေနသမွ် ကာလပတ္လုံး သူ႕ကိုေစာင့္ေ႐ွာက္ေပးေနတဲ့ တာ့ခ္ဇာ့ဂ္ေတြကို ေဒါသထြက္လာေစပါလိမ့္မယ္။

ဒီေဒါသက ယုတၱိမ႐ွိေပ....

သူတို႔အတြက္ အေရးႀကီးဆုံးျဖစ္တည္မႈက သူ႕တို႔ထံကို သူ႕ရဲ႕စိုးရိမ္ေၾကာင့္ၾကမႈကို ပို႔ေဆာင္လာတာနဲ႔ တာ့ခ္ဇာ့ဂ္ေတြသည္ ေမြးကင္းစကေလးငယ္ေလး စိတ္ခ်လုံျခဳံေစရန္အလို႔ငွာ သူတို႔၏အကာအကြယ္စက္ဝိုင္းကို တစ္ဖန္က်ဥ္းေျမာင္းေစသည္။

ဘယ္ရန္သူကမွ သူတို႔ကို ေက်ာ္ျဖတ္သြားႏိုင္မွာမဟုတ္ဘူး..

ကုဟိုင္က သူတို႔က သူ႕ကိုကာကြယ္ေပးေနမွန္း မသိခဲ့ဘူး။သူက အေျခအေနမွန္ကို မသိဘဲ ဒီေၾကာက္စရာေကာင္းတဲ့သတၱဝါေတြက သူ႕ကိုဝန္းရံလာတဲ့အျပဳအမူက သူ႕ကိုတုန္လႈပ္သြားေစသည္။

ဘာျဖစ္တာလဲ?

အခု သူပုန္းလိုက္မယ္ဆိုရင္ ေနာက္က်သြားၿပီလား?

သူ ဒီလိုဘဲ ေသရေတာ့မွာလား...ကုဟိုင္၏ႏွလုံးခုန္သံက ပိုျမန္လာေပမဲ့ သူ႕ဦးေႏွာက္ကေတာ့ တည္ၿငိမ္လာတယ္။

ဒီေၾကာက္စရာေကာင္းတဲ့သတၱဝါေတြကို ေသခ်ာေပါက္ကို ကမ႓ာႀကီးမွာ မ႐ွိႏိုင္ေၾကာင္းေသခ်ာတာေၾကာင့္ ကုဟိုင္သည္ သူကူးေျပာင္းသြားၿပီျဖစ္ေၾကာင္း နားလည္ၿပီး သူရဲ႕ကူးေျပာင္းေနသြားတဲ့ေနရာႏွင့္အခ်ိန္ကလည္း အလြန္ကိုအဆင္မေျပျဖစ္လွသည္။

သူက သူ႕မ်က္လုံးျဖင့္ လြတ္ေျမာက္ႏိုင္မည့္လမ္းေၾကာင္းကို အျမန္႐ွာေဖြၿပီး ႏွစ္စကၠန္႔ထက္နည္းတဲ့အခ်ိန္အတြင္းမွာဘဲ ႐ွင္သန္လြတ္ေျမာက္ႏိုင္တဲ့တစ္ခုတည္းေသာလမ္းေၾကာင္းကို ႐ွာေတြ႕ခဲ့သည္။

ဒီသတၱဝါေတြ၏အ႐ြယ္အစားႀကီးမားမႈေၾကာင့္ သူတို႔ရဲ႕စက္ဝိုင္းဟာ ကြာဟခ်က္တစ္ခု႐ွိေနၿပီး ကံေကာင္းေထာက္မစြာ သူထြက္ေျပးႏိုင္တဲ့လမ္းေၾကာင္းတစ္ခု႐ွိေနသည္။

စိတ္အေႏွာင့္အယွက္ျဖစ္စရာ ျပသနာတစ္ခု႐ွိေနေသးတာက သူက ဘာအဝတ္အစားကိုမွ မဝတ္ထားတာဘဲ။

ကုဟိုင္သည္ သူ႐ွင္သန္ခဲ့တဲ့ႏွစ္၂၀အတြင္း ဒီလိုအေျခအေနမ်ိဳး ၾကဳံေတြ႕ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘူး။

တကယ္လို႔ေသဆုံးၿပီးေနာက္ ကူးေျပာင္းသြားတဲ့ ဇာတ္လိုက္သာျဖစ္ပါက သူဟာ သမိုင္းမွာ သနားစရာအေကာင္းဆုံးဇာတ္လိုက္သာျဖစ္လိမ့္မည္။ဘယ္လိုဇာတ္လိုက္ကမ်ား ကူးေျပာင္းၿပီးတာနဲ႔ ေထာင္ေပါင္းမ်ားစြာေသာ ဓားေတြႏွင့္ ရင္ဆိုင္ရလို႔လဲ?

ကိုယ္တုံးလုံးေျပးမလား?ဒါမွမဟုတ္ ဒီေနရာမွာဘဲ အေသခံမလား?

ကုဟိုင္၏ႏႈတ္ခမ္းေထာင့္က တြန္႔သြားသည္။

ေျဖၾကည့္ပါ..ေမးခြန္းထုတ္တဲ့သူကို ႐ိုက္ခံရလိမ့္မယ္လို႔ငါေျပာရဲတယ္။

---------

Continue Reading

You'll Also Like

903K 65K 42
Stivan Victor + Khon Shao Zin
727K 31.1K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
1.7M 206K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...