ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော...

By Stellayoun

177K 9.6K 1.8K

ခန့်မှူးဇေယျာ မြပိတောက်ကြည်သာ Unicode & Zawgyi....💙 (picture from pinterest Credit to owner 💙) More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
Question....✨☁
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
တောင်းပန်ခြင်း
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Description for ''My Babies''
အပိုင်း (၂၆)
အပိုင်း (၂၇)
ကျေးဇူးတင်ခြင်း 💙
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း(၃၀)
အပိုင်း (၃၁)
တောင်းပန်ခြင်း 🖤
အပိုင်း (၃၂)
Hello Babies 💙🥺
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း ( ၃၆ )
တောင်းပန်ခြင်း 🙏
အပိုင်း (၃၇)
အပိုင်း ( ၃၈)

အပိုင်း (၂၂)

4K 282 62
By Stellayoun

Unicode........

(အစ်မ ကျန်းမာရေးမကောင်းနေလို့ updateတော်တော်နောက်ကျသွားရတဲ့အတွက်
တောင်းပန်ပါတယ်နော် ကလေးတို့)

''သင်္ကြန်အတက်နေ့''

ယောဂီဝတ်စုံလေးဝတ် ယောဂီတဘတ်လေး ပခုံးပေါ်တင်ပြီး လှူဖွယ်ပစ္စည်းတွေထည့်ထားတဲ့ ခြင်းတောင်းလေးကိုင်ကာ အမေ့နောက်သို့ခပ်ကုပ်ကုပ်လိုက်လာရသည်။
သင်္ကြန်တစ်တွင်းလုံးအလေလိုက်နေလို့ဆိုပြီး
အတက်နေ့မှာတော့ အမေနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ကာ ဥပုသ်စောင့်ရတော့မည်။

အသစ်စက်စက်ရည်းစားလေးကိုပလစ်ကာ
ဘုရားတရားလုပ်တော့မဲ့ မြပိတောက်ကြည်သာတစ်ယောက် ဘုန်းကြီးကျောင်းကို ဖုန်းမယူလာမိအောင် မနည်းစိတ်ထိန်းကာ အိမ်မှာထားခဲ့ရတာကိုတော့ဘယ်သူမှမသိ။

လူကြီးကို မနေ့ညနေတုန်းက အမေနဲ့အတူ ဘုန်းကြီးကျောင်းလိုက်မယ်ဆိုတာကို ပြောတော့
လူကြီးကလည်း ကောင်းတယ်ကလေးရဲ့ လို့ပြောရှာသည်။
ဓမ္မာရုံထဲရောက်ချိန်တွင် ရပ်ကွက်ထဲကတော်တော်များလည်းရောက်နေကြပြီဖြစ်သည်။
၉နာရီထိုးမှသီလစပေးမှာမို့ စောင့်နေကြရင်း
ရပ်ကွက်ထဲကအသိအဒေါ်ကြီးက မြတို့နားလာထိုင်ကာ စကားလာပြောသည်။

''သမီးလေးက နှစ်ဆယ့်တစ်နှစ်တောင် ပြည့်ပြီနော်
ကလေးတွေများ မျက်စိရှေ့တင်ကြီးလာလိုက်ကြတာ''

မြကိုကြည့်ကာပြုံးပြုံး ပြုံးပြုံးဖြင့်ပြောနေသောအန်တီကြီးကို ပြန်ပြုံးပြရင်း အမေကတော့ သူများတကာကိုကိုယ့်သမီးအသက် လျှောက်ပြောထားပြန်ပြီဟု တွေးလိုက်မိသည်။
ကိုးနာရီထိုးတော့ ဘုန်းဘုန်းကြီးက သီလပေးပြီး
တရားဟောနေသေးတာမို့ ဆယ်တစ်နာရီထိုးမှသာ
ပြီးတော့သည်။
တရားပေးပြီးတာမို့ ထပြန်မယ်လုပ်တုန်း
ကပ္ပိယဦးလေးကြီးက ရောက်လာသည်။

''ဆွမ်းကပ်လို့ရပြီ တူမကြီး
ဆရာတော်ကြီးတွေအကုန်ရောက်ပြီ
လာ ဦးကြီးနောက်ကလိုက်ခဲ့''

ကပ္ပိယဦးလေးကြီးရဲ့အပြောကြောင့်
မြနဲ့အမေနဲ့ ဘာလဲပေါ့ ဆိုတဲ့ အကြည့်ချင်းစုံသွားသည်။

အခြေအနေသိရအောင်လို့ ရှေ့ကသွားနှင့်သော ကပ္ပိယကြီးနောက်က လိုက်ကာသွားတော့
ကပ္ပိယကြီးက ဆွမ်းစားဆောင်ကြီးထဲဝင်သွားသည်။
အထဲရောက်တော့ ဆရာတော်ကြီးတွေရော ဦးဇင်းတွေကပါ ရောက်နေကာ မြတို့ကိုစောင့်နေပုံပေါ်သည်။

မြလည်းခပ်သုတ်သုတ်သွားရင်း
ဆရာတော်ကြီးနားရောက်တော့ စကားအပိုမပြောတတ်သော ဆရာတော်ကြီးက စားပွဲကိုကိုင်စေကာ
မြကိုဆွမ်းကပ်စေသည်။

ဘုန်းဘုန်းကြီးသည် ဤကဲ့သို့မွေးနေ့အလှူပြုလုပ်ရခြင်းအတွက်ကြောင့်အစချီကာ ရွတ်ဆိုစရာရှိတာတွေရွတ်ဖတ်သွားသည်။
မြမှာတော့ အံ့သြနေရလို့ လိုက်သာဆိုနေရပေမဲ့
စိတ်ကတောင်ရောက်မြောက်ရောက်ဖြစ်နေသည််။
ဆွမ်းကပ်ပြီးလို့ လက်အုပ်လေးချီကာ ဆရာတော်ကြီးတွေနားက ထွက်လာကာ ပြတင်းပေါက်နားလေးရပ်နေရင်း အပြင်ကိုလှမ်းကြည့်မိတော့ ကျောက်သင်ပုန်းကြီးပေါ်မှာ ပြူးနေသောရေးထားသော မိမိနာမည်ကြီးကိုတွေ့လိုက်ရသည်။

''မြပိတောက်ကြည်သာ
အသက်(၂၁) နှစ်ပြည့် မွေးနေ့အကြိုစတုဒီသာ ''တဲ့။

ဟဲ့ ပြီးတာပဲ.....။
ဘယ်သူလှူတာတုန်း။
အမေကြည့်တော့လည်း သူ့ဟာသူတောင်
နားလည်ရခက်နေတဲ့ပုံ။
တော်တော်စဥ်းစားရကြပ်နေတာမို့ ပြတင်းပေါက်ဘေးကဖြတ်သွားတဲ့ ကပ္ပိယကြီးကိုပဲ လှမ်းခေါ်ကာ တိတ်တိတ်လေးမေးရသည်။

''ကောင်လေးတစ်ယောက်ပဲ ငါ့တူမရဲ့
အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်လောက်တော့ရှိမယ်ထင်တယ်
မနေ့က ညနေခင်းကြီးကို ချက်ချင်းလာလျှောက်တာ
ဆရာတော်ကြီးကလည်း နေ့ဆွမ်းအလှူရှင်မရှိတာနဲ့လက်ခံလိုက်တာ
ညည်းက ကာယကံရှင်ကို မသိဘူးလား''

''သိဘူး ဘကြီးရဲ့
ခုမှ သိတာ''

''အေး ဒါဆို ခုခေတ် ခေတ်စားနေတဲ့
ဟို.... ဘာတဲ့ စပရိုက်လုပ်တာထင်တယ်''

''ဟုတ်...ဟုတ်မယ်ထင်တယ်''

''ဒါမျိုး စပရိုက်ကကောင်းပါတယ်ကွယ်
ကုသိုလ်တွေကို အများကြီးရရောပဲ
ကိုယ်ချစ်ရတဲ့သူကို သံသရာမှာပါ ကောင်းအောင်လုပ်ပေးနေတာ''

''ဟုတ်....''

ထမင်းကျွေးတဲ့ ဓမ္မာရုံကြီးဘက်ရောက်တော့လည်း ရပ်ကွက်ထဲက အန်တီကြီးတွေကဆုတောင်းပေးကြရှာပါသည်။
မြပိတောက်ကြည်သာလေး ဒီ့ထက်များများလှူနိုင်တန်းနိုင်ပါစေတဲ့...။

ဘာဟင်းတွေလဲဆိုပြီး လိုက်ကြည့်တော့
ပဲဟင်း အချဥ်သုပ်တဲ့....။
သံဃာတွေအတွက်ကတော့ ရေခဲမုန့်ရောပါတယ်တဲ့လေ....။
ဒီလိုလုပ်ပေးတာ မြရဲ့လူကြီးလားလို့ မေးလိုက်ချင်ပေမဲ့ ဖုန်းကပါမလာတာမို့ ငြိမ်နေရသည်။
စိတ်ထဲကလိကလိဖြစ်လာလွန်းလို့ အိမ်ပြန်ပြေးချင်စိတ်ကိုမနည်းထိန်းထားရကာ လူကြီးကိုလည်းမသိစိတ်ကနေရှာနေမိသည်။

ကောင်လေးတစ်ယောက်လုပ်ပေးတာဆိုလို့ အမေကမျက်လုံးပြူးမျက်ဆံပြူးနဲ့ စစ်လားဆေးလားမေးတော့ ကိုသုတလုပ်ပေးတာလို့လိမ်လိုက်ရသေးသည်။

စတုဒိီသာသိမ်းတဲ့ နေ့လယ်တစ်နာရီလောက်မှပဲ မြတို့သားအမိလည်း အိမ်ပြန်ရောက်တော့သည်။
အမေကတော့ အိမ်ပြန်ရောက်တာနဲ့ သူ့သားမက်လောင်းက ဘယ်လိုလုပ်ပေးတာ
သူနဲ့သမီးဖြစ်သူမှာ ဘယ်လောက်တောင်အံ့သြသွားရတာဆိုပြီး အဖေတို့ကိုပြန်ဖောက်သည်ချနေရတာ မမောနိုင်မပန်းနိုင်.....။

မြကတော့ အခန်းထဲတန်းဝင်ပြီး လူကြီးဆီဖုန်းဆက်ရသည်။
လူကြီးကဖုန်းမကိုင်သေးတာမို့ ကိုသုတဆီဆက်ကာစည်းဝါးရိုက်ထားရသေးသည်။တော်ကြာအိမ်ရောက်လို့အမေကမေးလိုက်မှ တစ်ယောက်တစ်ပေါက်ဆိုလျှင် သေရချည်ရဲ့။

လူကြီးကလည်း ဖုန်းခေါ်နေတာကိုဘာမှန်းမသိဘူး။
ဒီမှာသိချင်နေပါပြီဆို.....။
လေးကြိမ်မြောက်ကျမှ တစ်ဖက်ကဖုန်းကိုင်လာကာ
ဟဲလို ဆိုသော လူကြီးအသံကိုကြားလိုက်ရသည်။

''ဟဲလို ဦးငယ်
မြ ပြောပြဦးမယ်
မြလေ ဒီနေ့ ဘုန်းကြီးကျောင်းသွားတာ
အဲဒါလေ မြနာမည်ကြီးနဲ့ စတုဒီသာဆိုပြီးလှူထားတာ
ကပ္ပိယကြီးပြောတာကတော့ ကောင်လေးတစ်ယောက်လာလှူပေးတာတဲ့
အသက်နှစ်ဆယ့်ရှစ်လောက်တဲ့
အဲဒါဦးငယ်လားဟင်....''

''ကပ္ပိယကြီးကို မုန့်သပ်သပ်ထပ်ကျွေးရတော့မှာပဲ
ကိုယ့်ကို အသက်နှစ်ဆယ့်ရှစ်တဲ့''

''ဟမ်....
ဦးငယ် လုပ်ပေးတာလားလို့''

''အေးပေါ့ ကလေးငယ်ရဲ့
ကိုယ့်ကလေးငယ်က ဥပုသ်သွားစောင့်မယ်ဆိုလို့
အမှတ်တရလေးဖြစ်အောင်လို့''

''အဲကွာ
ဦးငယ်က နည်းနည်းလေးတောင်ကြိုမပြောဘူး
မြ တကယ် လန့်သွားတာ ဦးငယ်ရဲ့''

''ပြောလိုက်ရင် ဘယ်ပျော်ဖို့ကောင်းတော့မလဲ
ဒါနဲ့ ဥပုသ်ရောရခဲ့လား''

''ကျောင်းတွင်းဥပုသ်ပဲ ယူတာ
အား....ဦးငယ်ကကွာ
မြတကယ် ရင်တွေတုန်သွားတာ
မြလေ အမေကမေးတော့ ကိုသုတကလို့ပြောလိုက်ရတာ
အဲဒါတော့ တောင်းပန်ပါတယ်နော်''

''ရပါတယ်ကွာ
ဒါနဲ့ ညနေအပြင်ထွက်လို့ရသေးလား''

''မရတော့လောက်ဘူး
ကိုသုတတို့က လာမခေါ်ဘူးတဲ့လေ
အကျင့်ယုတ်တဲ့ဟာကြီး သူ့ဘဲနဲ့နှပ်နေချင်တိုင်း''

''သူများကို အဲ့ဒီလိုမပြောရဘူးလေ ကလေးငယ်ရဲ့
ညနေမထွက်ရဘူးဆိုလည်း နက်ဖြန်တော့ ထွက်လို့ရတယ်မလား ကိုယ်တို့ဘုရားသွားရအောင်လေ''

''သွားမယ်လေ ဦးငယ်
ကိုသုတတို့ကို မြရအောင်ပြောလိုက်မယ်
အီး....သဘက်ခါကျပြန်ရတော့မယ်
လူကြီးကိုချစ်ရလွန်းလို့ မခွဲနိုင်တော့ဘူး''

မြဘက်က ချွဲသလိုလေး ပြောတော့
လူကြီးဘက်က ရယ်သံထွက်လာသည်။

''အယ် ရယ်နေတာလား
ဦးငယ်နော်
ပြောင်တာလား''

''မပြောင်ရပါဘူးဗျာ
လူကြီးရှက်တော့ ရယ်တဲ့လေ
မကြားဖူးဘူးလား''

''အယ် လူကြီးကရှက်နေတာလား
ဟုတ်လား....
ဦးငယ် ရှက်နေတာလေးကို မြင်ဖူးချင်လိုက်တာ
ရှက်နေတာလား ရှက်နေတာလားလို့ မေးမေးပြီး
အာဘွားပေးရမယ်''

''ဒီကလေးကတော့ကွာ
အကြောက်အလန့်မရှိ လူကြီးကိုစနေတယ်''

လူကြီးရဲ့ ရယ်သံခပ်သြသြကိုကြားလိုက်ရရင်
မြပိတောက်ကြည်သာတို့က ရင်ထဲအသည်းထဲကနေကို လှိုက်ပြီးအူယားလာတော့တာပဲ....။

''ဟီးဟီး
ဦးငယ် မြကိုချစ်လား''

''ချစ်တာပေါ့ဗျာ
ကလေးငယ်ကရော ကိုယ့်ကိုချစ်ရဲ့လား''

''ချစ်လိုက်တာမှ တုန်လို့....
ဟဲဟဲ
ဒုန်း.....''

''သမီးကြီး ဘာဖြစ်လို့လဲ''

အိပ်နေရင်းနဲ့ နံရံမှာခြေထောက်ထောက်ထားလျက် ဖုန်းပြောနေတာမို့ လူကြီးကိုအူယားနေတဲ့ချိန် စိတ်ပါလက်ပါနဲ့ခြေထောက်ကိုဆောင့်ချလိုက်တာ နံရံတောင် ဒုန်းခနဲမြည်သွားသည်။
အဖေကစ ဘာဖြစ်လဲလှမ်းမေးတော့ ဘာမှပြန်မပြောရဲဘဲ ငြိမ်ကုပ်နေရင်း ကိုယ့်ဟာကိုယ်သဘောကျကာ တခွီးခွီးရယ်မိပြန်သည်။

''ဒီကလေးကတော့ကွာ....
အခုမှ ဘုန်းကြီးကျောင်းကပြန်ရောက်တာလား''

''ဟုတ်
ဦးငယ်ကရော ဘာလုပ်နေတာလဲ''

''ကိုယ် အခုဓာတ်ဆီဆိုင်က စာရင်းတွေကြည့်နေတာ''

''အာ ဓာတ်ဆီဆိုင်ရော ဖွင့်ထားပြန်ပြီလား
မြသိသလောက်ဆို ကားလုပ်ငန်းပဲရှိတာလေ''

''တိုးချဲ့ထားတာလေ ကလေးငယ်ရဲ့
နောက်ဆို ပိုပြီးကြိုးစားရတော့မယ် ''

''နိုင်ရောနိုင်ရဲ့လားဟင်
ဦးငယ်တစ်ယောက်တည်း အလုပ်တွေပိနေပါ့မယ်
မြကိုယုံရင် စာရင်းပေးစစ်ခိုင်းလို့ရတယ်နော်
ဟိုမှာ စာရင်းတွေခဏခဏလုပ်ပေးရလွန်းလို့ နားလည်နေပြီ''

''ကိုယ့်ကလေးငယ်ကို မခိုင်းရက်ပါဘူး
ဒါနဲ့ နှစ်ဆန်းနှစ်ရက်နေ့ပြန်မှာဆို''

''ဟုတ်တယ်
လူကြီးကို လွမ်းနေရတော့မှာပဲ....
မ...ခွဲ...နိုင်...ဘူး...လို့''

ဒီဘက်ကနေ ချွဲချွဲနွဲ့နွဲ့ပြောလိုက်ပြန်တော့ တစ်ဖက်ကလူကြီးဆီက ရယ်သံကိုထပ်ကြားရပြန်သည်။

''အချွဲစိန်လေး
ဒါဆို ကိုယ် မင်းအမေဆီ လာတောင်းရမလား
ပြော''

''အိုး နိုး.....ဟိုးထား ကိုယ့်လူရေ
အဲ့လိုကျလည်း မဖြစ်သေးဘူး
မြမှာ လုပ်ရမဲ့တာဝန်တွေရှိနေသေးတယ်''

''ကလေးငယ်
ကိုယ်ပြောမယ် သေချာနားထောင်
ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ကိုပြောနော်
မင်းအတွက် ကိုယ်ရှိတယ်
ရှေ့ကကာကွယ်ပေးသင့်ရင်ကာကွယ်မယ်
နောက်က ပံ့ပိုးပေးသင့်ရင် ပံ့ပိုးပေးမယ်
ဘေးကနေ အားပေးနေရမဲ့အချိန်အားပေးမယ်
ဒီစကားတွေကို ပြောတယ်ဆိုတာ
တော်ကီနဲ့ချုပ်ရုံသပ်သပ်မဟုတ်ဘူးနော်
ကိုယ့်ကလေးငယ်က ကြမ်းတမ်းတဲ့လမ်းကိုလျှောက်နေပြီမို့ စိတ်ပိုင်းဆိုင်ရာမှာ သန်မာနေအောင်လို့ ပြောပြထားတာ''

''အားရိုး......
ငိုတောင်ငိုချင်လာပြီ
မြ ဘဝမှာလေ ဦးငယ်ဆီက ဒီလိုပြောပေးတာကို ကြားရမယ်လို့လုံးဝမမျှော်လင့်ထားဖူးဘူး
အရမ်းချစ်တာပဲ ဦးငယ်ကို.....''

''ချစ်ရင် ကိုယ့်ပြောစကားနားထောင်
ဟုတ်ပြီလား''

''အွန်း...
နားထောင်မယ်''

''ဒါဆို ကိုယ်အလုပ်ပြီးအောင်လုပ်လိုက်ဦးမယ်
ကလေးငယ်လည်း နားဦးပေါ့
ရေခဲရေတွေတအား မသောက်နဲ့
ခြေထောက်တွေ ရေမဆေးနဲ့
ဖြစ်နိုင်ရင် အပြင်မထွက်နဲ့
မဖြစ်လို့ ထွက်ရမယ်ဆိုလည်း လက်ရှည်ထပ်ဝတ်
ဦးထုပ်ဆောင်းသွားနော်
ရာသီဥတုကတအားပူနေလို့ ကြားလား''

''ဟုတ်
ချစ်တယ် ဦးငယ်''

''ကိုယ်ကလည်း ချစ်ပါတယ်ဗျာ
ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ်နော်
စာရင်းတွေပြီးအောင်ချုပ်လိုက်ဦးမယ်''

''အွန်း အွန်း
အာဘွားပေး''

''ဟမ်....''

''အာဘွားပေးလို့ ....''

''ကဲကွာ
အာဘွား...အာဘွား''

''အွန်း ဦးငယ်ကိုလည်း အာဘွား
အကြီးကြီးပေးတာနော်....အကြီးကြီး
တာ့တာ....ဖုန်းချလိုက်ပြီ''

မြပိတောက်ကြည်သာဆီက ဖုန်းကျသွားတော့လည်း ကျွန်တော့်ခမျာ ပြုံးနေတာကိုမရပ်နိုင်....။
တကယ့်ကို အချွဲစိန်လေးကောက်ရလိုက်သလိုပဲ။
ကိုယ့်ထက်ဆယ့်တစ်နှစ်ငယ်တဲ့ကလေးကို ချစ်သူတော်ထားရတော့လည်း ကိုယ့်မှာစိတ်ရောကိုယ်ပါ နုပျိုနေသလိုပင်။
အရင်က မြသရဖီချစ်နဲ့တွဲတော့ ပျော်ရွှင်စရာတွေရှိခဲ့ပေမဲ့ ဒီလောက်ထိလွတ်လပ်ပေါ့ပါးနေတဲ့ခံစားချက်မျိုးတော့မရခဲ့ဖူး....။
သူကပဲ အူမြူးနေခဲ့တာများပြီး မြသရဖီချစ်ဘက်ကတော့ အနေတည်လွန်းသူမို့လို့လားမသိ ချွဲတာဘာညာရယ်လို့ မရှိပါ။

နေပါဦး...
ငါ အခု ကလေးငယ်ကို မြသရဖီချစ်နဲ့ နှိုင်းယှဥ်နေမိတာလား....။

အလိုမကျစွာနဲ့ ထိုင်ခုံပေါ်ကနေ ဝုန်းခနဲထကာ လမ်းခဏလျှောက်နေလိုက်ရသည်။
မြပိတောက်ကြည်သာဆိုတဲ့ ကလေးငယ်က
မြသရဖီချစ်နဲ့ လားလားမှမဆိုင်တဲ့ ကလေး။
မြသရဖီချစ်ဆိုတာ သူ့ကိုယ်သူအတွက်ပဲ
ကြည့်တတ်တဲ့တစ်ကိုယ်ကောင်းသမား....။
.
.
.
.
.
''မောင်သုတကလည်းကွယ်
အိမ်ကိုဆို ဖင်ပူအောင်ကိုမထိုင်ဘူး''

''ဟုတ်တယ် ကိုသုတက နည်းနည်းသီးသန့်ဆန်ဆန်နေတတ်လို့ သွားပြီနော် အမေ့''

အိမ်အောက်မြန်မြန်ဆင်း ဖိနပ်မြန်မြန်စီးကာ
ကိုသုတတို့ရှိရာ ကားပေါ်သို့အမြန်လစ်ရတော့သည်။
ကိုသုတက အိမ်မှာကြာကြာမနေရဲဘူးဆိုတာလည်း
သူမလည်မဝယ်လုပ်တာနဲ့တင် မြတို့ပေါင်းလိမ်ထားတာက ဘူးပေါ်သလိုပေါ်ကုန်မှာစိုး၍ဖြစ်သည်။

''မြန်တာ မြပိတောက်ကြည်သာရယ်''

ကားထဲဝင်ဝင်ချင်း ကြည်နူးတစ်တီတူးနေသော
ကိုသုတက ငြိုငြင်သလိုပြောလာပြန်သည်။
သြော်....တစ်ချိန်လုံး ပူးပူးကပ်ကပ်ကြည်နူးနေရတဲ့သူတွေက ဆယ်နှစ်သမီးရည်းစားခိုးထားသလို သွားလာနေရတဲ့ မြပိတောက်ကြည်သာကို လာငြိုငြင်နေသေးသည်။

''မြန်မြန်ပဲ အမေက ရစ်မှာစိုးလို့
ဦးငယ် အိမ်ကိုမောင်းရမှာနော်
မြနဲ့ ဦးငယ်နဲ့ တစ်စီးသွားမှာ''

''အေးပါ အေးပါ
ရည်းစားလေးရတော့ လေသံပြောင်းလာပြီ''

''ဟွန်း
ကိုကြီးရှင်းသန့် မနက်စာမစားခဲ့ဘူးမလား
ဘုရားကအပြန် နို့စိမ်းခေါက်ဆွဲဝင်စားရအောင်
ကောင်းတဲ့ဆိုင်တစ်ဆိုင် မြသိတယ်''

ကိုသုတကိုပြောမနေတော့ဘဲ မြနဲ့ကိုက်သည့် ကိုကြီးရှင်းသန့်ဘက်ကိုသာလှည့်ကာစကားစလိုက်သည်။

''အေး စားမယ်လေ ညီမလေး
ဒါပေမဲ့ ကိုကိုက သွေးတိုးတတ်တယ်
အဲ့ဆိုင်မှာ တခြားစာတွေတော့ရတယ်မလား''

''ရတယ် ကိုကြီးရှင်းသန့်
မနက်စာအတွက် လုံးဝကိုစုံစုံလင်လင်ပဲ
ဒါနဲ့လေ ကိုကြီးရှင်းသန့်
မနေ့က surprise ဖြစ်သွားရတာလေး ပြောပြဦးမယ်
ဟီးဟီး
မနေ့ကလေ ဘုန်းကြီးကျောင်းသွားတော့................''

တစ်လမ်းလုံး ကိုကြီးရှင်းသန့်နဲ့ တရစပ်စကားပြောလာကြသည်မှာ လူကြီးအိမ်ရောက်တဲ့အထိဖြစ်သည်။ခြံတံခါးလာဖွင့်ပေးသော လူကြီးသည်
အဖြူရောင် ရှပ်အင်္ကျီကိုမှ အနက်ပေါ်မှအစိမ်းလိုင်းတွေပြေးနေသော ကချင်ပုဆိုးကိုကျကျနနဝတ်ထားကာ အရမ်းအရမ်းကိုမှ ကြည့်ကောင်းနေသည်။

မြကလည်း လူကြီးနဲ့အရောင်ဆင်တူ ပိုးအင်္ကျီအစိမ်းလေးကိုမှ ကချင်လုံချည်လေးနဲ့ တွဲဝတ်ထားပေမဲ့လို့ အသားကိုဖြူနုနေသော လူကြီးလောက်တော့
ဘယ်ကြည့်ကောင်းပါ့မလဲ.....။

''ငေးလှချည်လား ကလေးငယ်ရဲ့''

''ငေးပါဘူး
သွားမယ်လေ ''

ကလေးငယ်သည် မြန်မာဝတ်စုံလေးနဲ့မို့လားမသိ
အရင်ကထက်ပိုပြီးပိန်သွယ်နေသလိုပင်။
မြတို့မြို့ရဲ့ အထင်ကရဘုရားကိုရောက်ချိန်မှာတော့
နှစ်ဆန်းတစ်ရက်နေ့ဆိုသည့်အတိုင်း စည်ကားနေသည်။
ဘုရားကြီးထဲမှာ လူတွေကျိတ်ကျိတ်တိုးနေတာမို့
ရသေပ်ပါယျရတဲ့ ဂြိုလ်ပြေနံပြေဘုရားတွေဆီကိုပဲ
သွားကာ နေ့နာမ်အလိုက်ဘုရားကန်တော့လိုက်ကြသည်။
ကလေးငယ်က သူ့နေ့နာမ်မှာ ရသေပ်ပါယျနတေော့
နောက်နားလေးကနေစောင့်ပေးနေတုန်း အဆောင်မှာနေသွားဖူးတဲ့ မမမြတ်တပည့်ကလေးတွေနဲ့  တွေ့လို့နှုတ်ဆက်ရသေးသည်။
ကလေးတွေနဲ့ စကားပြောနေတုန်း
မြပိတောက်ကြည်သာက အနားရောက်လာကာ
သူ့လက်မောင်းကို လာတွဲထားသည်။
နဂိုကရပ်နေတဲ့သူ့ကိုတော့ နေမထိုးပေမဲ့လို့ ဘေးကနေတဲ့ ကလေးငယ်ဆီကိုနေထိုးနေတာမို့ စကားစကိုအမြန်ဖြတ်ကာ နေရိပ်ရှိရာဘက်ကိုခေါ်လာရသည်။
သူ့ကလေးငယ်ကို နေရောင်ထိုးတာတောင်မကြိုက်ချင်ဘူး။
ခပ်လှမ်းလှမ်းမှာ ရပ်နေသော သုတနောင်တို့ကိုတွေ့တော့ ကလေးငယ်က လှမ်းအော်ခေါ်ပြန်သည်။

''ကိုကြီးရှင်းသန့် မြတို့ကို ဓာတ်ပုံရိုက်ပေးဦး''

''အေး လာပြီ''

ကလေးငယ်သည် သူ့လက်ကိုချိတ်ကာ ဟန်ပါပါနဲ့ရပ်နေရင်း ပြုံးနေသည်မှာ တစ်လောကလုံးကိုအပိုင်ရထားတဲ့ရုပ်ကလေးနဲ့။
မြပိတောက်ကြည်သာက သိပ်ချစ်ဖို့ကောင်းတာပဲဗျာ။

''ဟိုဘဲကြီး ဒီကြည့်ဦးဗျ
ပုံတိုင်းမှာ မြပိတောက်ကြည်သာကို ငုံ့ကြည့်နေတာတွေချည်းပဲ''

''ဒီတစ်ခါ ဦးငယ်က ကင်မရာကိုကြည့်
မြက ဦးငယ်ကိုကြည့်မယ်''

''သဘောပါဗျာ....''

ကလေးငယ်အလိုကျဓာတ်ပုံရိုက်ပေးပြီးမှပဲ ဆိုင်တစ်ဆိုင်ဆီကိုသွားလိုက်ကြသည်။
အရိပ်တကြည့်ကြည့် ကြည့်နေမိသော ကလေးငယ်ရဲ့မျက်နှာလေးသည် သူ့အဘွားဖြစ်သူဆီကဖုန်းလာပြီးကတည်းက နည်းနည်းနွမ်းနေတာကိုသတိထားမိသည်။

''ဒါဖြင့် နက်ဖြန်ဘယ်ချိန်လောက်ပြန်ကြမှာလဲ''

''ဦးငယ်ကကွာ
ပြန်မဲ့အကြောင်းကြီး မပြောပါနဲ့လို့''

သူ့လက်မောင်းပေါ် ခေါင်းလေးကိုမှီချလိုက်ကာ
အားပြတ်သလိုပြောလာသော ကလေးငယ်ကြောင့်
သက်ပြင်းချကာ နဖူးပြင်ပြေပြေလေးကို နမ်းလိုက်သည်။
သိပ်အချွဲပိုသည့် ကလေးငယ်လေး။

''ကိုသုတမာမီကဖုန်းဆက်သေးလား
ခုနက ဘွားထိုက်ဖုန်းဆက်တာတော့ နက်ဖြန်
ကိုသုတတို့ဆိုင်ခွဲဖွင့်ပွဲကို မြလည်းတက်ရမယ်တဲ့
ပြီးတော့ ဘွားထိုက်တို့ဘက်က ကိုယ်စားလှယ်အနေနဲ့တက်ရမှာတဲ့ ပြောတော့
မနက်ဖြန်မှပြန်မှာဆို အခုဘယ်လိုလုပ်မလဲ''

''အေး အစကငါမတက်တော့ဘူးလုပ်နေတာ
ဒီတိုင်းဆို ဒီနေ့ပြန်မှရမှာပဲ
အစက မြသရဖီချစ်လာမယ်ထင်နေတာ
ယောကျ်ားရပြီးကတည်းက ယောကျ်ားဘက်ကအလုပ်တွေလုပ်ပေးနေရလို့လားမသိဘူး
သိပ်တောင်မမြင်မိဘူး''

မြသရဖီချစ်ဆိုတဲ့အသံထွက်လာတော့ ဦးငယ်ကို
ခိုးကြည့်လိုက်မိသည်။
ဒါပေမဲ့ ပြောင်းလဲမှုစိုးစဥ်းမျှမရှိသည့် မျက်နှာကိုမြင်တော့မှ သက်ပြင်းလေးချလိုက်မိသည်။
လူကြီးရင်ထဲကဒဏ်ရာတွေကိုဆွမိသွားမှာကိုအရမ်းကြောက်တာပဲ။

''ကလေးက ဘယ်အပိုင်းတာဝန်ယူပေးနေတာလဲ''

လူကြီးက မြကိုမေးခွန်းထုတ်လာပြီမို့ သေချာလေးစဥ်းစားကာ ပြန်ဖြေလိုက်သည်။

''ဘွားထိုက်ရဲ့လက်ထောက်လို့ပဲ ပြောရမယ်
ဘွားထိုက်တာဝန်ယူထားတဲ့လုပ်ငန်းတွေရဲ့စာရင်းတွေကိုစစ်ပေးရတယ် အစကတော့မလွယ်ပေမဲ့
အရင်ကလူယုံတွေရဲ့အကူအညီတွေနဲ့မို့ အခုနောက်ပိုင်း အဆင်ပြေလာပါတယ်
နက်ဖြန်သွားရမဲ့ပွဲက ဘွားထိုက်ပိုင်တဲ့နေရာမှာ
ကိုသုတတို့လုပ်ငန်းခွဲတစ်ခုက လာဖွင့်တာ
ဘွားထိုက်နဲ့တူတူသွားရမှာဆိုပေမဲ့ ဒီတစ်ခေါက်ဖိတ်စာက မမြပိတောက်ကြည်သာဆိုပြီးရောက်လာတာတဲ့
နည်းနည်းတော့ ဝန်ပိနေသလိုပဲ''

''မပိပါနဲ့ မြပိတောက်ကြည်သာရဲ့
ဘာမှဖြစ်နေစရာမလိုဘူး သာမန်မွေးနေ့ပွဲလေးတက်သလိုပဲ သဘောထားလိုက်''

ကိုသုတကတော့ အားပေးပေမဲ့ မြကတော့ တာဝန်ကြီးသလိုခံစားရသည်။viberကနေ ဘွားထိုက်ပို့လာတဲ့ပုံအရ မမြပိတောက်ကြည်သာ (ထိုက် ပရိဘောဂနှင့် လက်ဝတ်ရတနာ ပန်းထိမ်လုပ်ငန်း) ဆိုပြီး
ဘွားထိုက်လုပ်ငန်းရဲ့ကိုယ်စားပြုအနေနဲ့ကိုဖိတ်ထားတာမို့ မြအတွက် ဒါဟာပထမဆုံးအသိအမှတ်အပြုခံရခြင်းဖြစ်ပြီး ဘွားလုပ်ငန်းထဲကို ပိုပြီးထဲထဲဝင်ဝင်ပတ်သတ်လာနိုင်တဲ့ခြေလှမ်းအစဖြစ်နေသည်။
အစကတော့ ဒေါ်ထိုက်ထိုက်ရဲ့ မြေးဆိုပြီး နာမည်ကြီးတာက မြသရဖီချစ်ဖြစ်သည်။နိုင်ငံခြားမှာကျောင်းတက်ပြီးမြန်မာနိုင်ငံမှာလည်းဘွဲ့တွေယူထားသူမို့ ဒီနယ်ပယ်ထဲမှာ မြသရဖီချစ်ဆိုတာ ထိုက်မိသားစုရဲ့ဘုရင်မအလောင်းအလျာလေးလို့ပင်နာမည်ထွက်ခဲ့သူဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မြသရဖီချစ်နေရာမှာ မြပိတောက်ကြည်သာက ဝင်ရောက်လာခဲ့ပြီး ဘွားထိုက်လုပ်ငန်းတွေမှာ ဝင်ရောက်သင်ယူနေစဥ်တစ်လျှောက်လုံးလည်း အမျိုးမျိုးပြောဆိုဝေဖန်တာတွေကိုလည်း ကြားခဲ့ရပြီးပြီ။

မနက်ဖြန်ကျရင်လည်း ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုအကဲစမ်းတဲ့မေးခွန်းတွေကိုဖြေရဦးမယ်မသိပါဘူး။
မနက်စာစားပြီးလို့ကိုသုတတို့က သပ်သပ်
မြတို့ကသပ်သပ် ကိုယ်သွားချင်တဲ့ဆီသွားကြတော့လည်း မြမှာတော့ ဒီကိစ္စကြီးကခေါင်းထဲရောက်နေ
လို့ အတွေးတွေကများနေရသည်။

''ကလေးငယ်....''

''ချာတိတ်.....''

''ရှင်....''

လူကြီးသည် ကားမောင်းနေရင်းနဲ့ မြလက်လေးကို လှမ်းကိုင်ကာ သူ့ပေါင်ပေါ်တင်ထားလိုက်သည်။

''ဘာတွေ တွေးနေတာလဲ
ကိုယ်ခေါ်နေတာတောင် မကြားဘူး''

''နက်ဖြန်ကိစ္စကိုတွေးနေမိလို့ပါ
မြလေ နည်းနည်းတော့ ကြောက်မိတယ်ရယ်''

''ဘာကိုကြောက်တာလဲ ''

''မြနဲ့ အဲဒီနယ်ပယ်နဲ့က အခုမှအကျွမ်းတဝင်ရှိခါစပဲရှိသေးတယ်လေ
လူတွေက အရမ်းသွေးတိုးစမ်းချင်ကြတာ
အထူးသဖြင့် မြသရဖီချစ်နဲ့ရင်းနှီးတဲ့သူတွေက
မြကိုဆိုရင် နှိမ်သလိုလိုသိပ်လုပ်ချင်တာ''

မြစကားဆုံးတော့ လူကြီးကမြလက်လေးကို
သူ့နှုတ်ခမ်းဆီကပ်လိုက်ကာ ဖွဖွလေးနမ်းနေတော့
ဒီလူကြီးက ဒီလိုတွေလည်းလုပ်တတ်ပါလားဆိုပြီး
မြမှာစိတ်ညစ်တဲ့ကြားကနေ အံ့သြမိပြန်ရော......။

''ကိုယ့်ကလေးငယ်က တော်ပြီးသားပါ
မကျွမ်းကျင်တဲ့နယ်ပယ်ထဲကိုဝင်တဲ့အခါ အနည်းနဲ့အများ ရင်ဆိုင်ရတာတွေရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စရာအကြောင်းမရှိဘူးလေ
ကိုယ့်ကိုလာကြောတိုင်းလည်းငြိမ်ခံမနေနဲ့
အရမ်းကြီးလည်း မစွာနဲ့
စီးပွားရေးလောကဆိုတာ လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံနိုင်လေလေ ကောင်းလေလေပဲလေ
တစ်ခုခုဆို ကိုယ့်ကိုပြော
ဟုတ်ပြီလား''

''ဟုတ်
တစ်ခါတလေကျ မြလုပ်နေတာတွေမှန်ရဲ့လားဆိုပြီး
တွေးမိသေးတယ်''

''ကိုယ့်ကလေးလေးက မှားတာမရှိပါဘူး
လုပ်နိုင်တာကိုလုပ်ခဲ့တာပါပဲ''

''ဟုတ်
အခုပုံစံအတိုင်းဆိုရင် မြတို့တွေညနေလောက်ပြန်ရမယ်ထင်တယ်
ဦးငယ်နဲ့ခွဲရတော့မယ်''

''ကိုယ်ခဏခဏလာတွေ့မယ်လေ
ညနေပြန်မယ်ဆိုရင်လည်း ကိုယ်လိုက်ပို့မှာပေါ့
ခွဲရမယ်လို့ မတွေးပါနဲ့ကလေးရဲ့
ကဲ ရောက်ပြီ''

ဦးငယ်ကရောက်ပြီဆိုတော့မှ မြလည်းပတ်ဝန်းကျင်ကိုသတိထားမိတော့သည်။ ကိုယ့်ကိစ္စနဲ့ကိုစိတ်ညစ်နေတာမို့ ဘယ်သွားလဲဆိုတာတောင်မမေးမိဘူးလေ။
အခုကြည့်တော့မှ မျက်စိရှေ့တွင် ထန်းရွက်များဖြင့် မိုးထားသော လယ်စောင့်တဲလေးလို ဘန်ဂလိုအမြင့်လေးကိုတွေ့လိုက်ရသည်။

ကားပေါ်ကဆင်းပြီး ပတ်ဝန်းကျင်ကိုသေချာကြည့်တော့မှ မြတို့သည် မြို့အပြင်ဘက်ကိုတောင်ရောက်နေတာဖြစ်သည်။
ဝါးချွန်များကိုခြံစည်းရိုးသဖွယ်ခတ်ထားပြီး တချို့ဝါးချွန်များတွင်တော့ TK ဆိုတဲ့တံဆိပ်ပါသည့်အဝတ်စလေးများကိုချည်နှောင်ထားသည်။

နောက်ကျောပေးထားတဲ့ဘက်ဆီကိုလှည့်ကြည့်လိုက်တော့မှ အလုပ်သမားတွေများစွာနဲ့လည်ပတ်နေတဲ့
ဆီဆိုင်ကြီးကိုတွေ့လိုက်ရသည်။
ဒါဆို.....။

''ကိုယ့်ဆိုင်လေ
ထပ်တိုးဖွင့်ထားတာမကြာသေးဘူး''

''ဝါး....တကယ့်ကို ဘောစိပဲ ဦးငယ်က''

''မစိပါဘူးကွာ မနည်းရုန်းကန်နေရတာပါ
လာ ဟိုပေါ်သွားရအောင်''

ဦးငယ်လက်ကိုတွဲကာ တဲလေးပေါ်တက်သွားတော့
အနောက်ဘက်လယ်ကွင်းတွေကို ဖြတ်ပြီးတိုက်ခတ်လာတဲ့လေအေးများကိုခံစားလိုက်ရသည်။
တဲလေးကခြေတံတော်တော်ရှည်တာမို့ ပူအိုက်နေတဲ့အချိန်မှာ လေတဖြူးဖြူးနဲ့တော်တော့်ကိုအမောပြေစေသည်။

''ဦးငယ် ချယ်သိမ့်တို့ရောသိလား
ဒီဆီဆိုင်ဖွင့်ထားတာကိုလေ''

''သိတယ်လေ
မမသိမ့်တို့ကို ကိုယ်လုပ်ကိုင်နေတာတွေကိုဖွင့်ပြောပြီးပါပြီကွ
မမမြတ်ကတော့ စိတ်ဆိုးပြီး
ကိုယ့်ကိုသိပ်စကားမပြောဘူး
မမသိမ့်ကတော့ ပုံမှန်ပါပဲ''

''အန္တရာယ်များတာတော့ မလုပ်ပါနဲ့ ဦးငယ်ရယ်
မြလည်း အဲဒါကိုတော့ စိတ်ပူတယ်''

''ဟုတ်ပါပြီ ကလေးငယ်ရဲ့
ခဏထိုင်ဦး ကိုယ်တစ်ခုခုသွားယူခဲ့မယ်''

''လိုက်ခဲ့မယ်လေ''

''နေပူတယ်လေ
ဒီကပဲစောင့် ''

''ဟုတ်''

လူကြီးသည် တဲကလေးပေါ်ကနေပြန်ဆင်းသွားကာ
ခပ်လှမ်းလှမ်းကတိုက်ပုလေးဆီထွက်သွားသည်။
မြတို့ဝင်လာခဲ့တဲ့လမ်းအတိုင်းလှမ်းကြည့်တော့မှ
လမ်းဘေး၌ စိုက်ထူထားသော TK Petrolဆိုတဲ့ဆိုင်းဘုတ်ကြီးကိုတွေ့လိုက်ရသည်။
ဆိုင်ဘေးက ကွင်းပြင်ကျယ်ကြီးထဲမှာလည်း တွဲကား
တချို့ရပ်ထားသေးသည်။
မိုက်လိုက်တာ လူကြီးက သူတစ်ယောက်တည်းနဲ့ စီးပွားရေးကိုသိမ်းကြုံးလုပ်နေသလိုပဲ။

ကိုယျ့ဟာကျိုယျတောငျးငေးမွောကျငေး လိုက်ငေးနေတုန်းမှာပဲ လူကြီးကပြန်ရောက်လာသည်။
လက်ထဲမှာလည်း ဖျော်ရည်ဘူးရယ် မုန့်အချို့ရယ်ယူလာသေးသည်။

''ပျင်းနေပြီလား''

''ပျင်းပါဘူး
စပ်စုနေတာ ဆိုင်ကြီးကလည်း အကြီးကြီးပဲ
ခြံကြီးကလည်းအကျယ်ကြီး
ဘယ်လောက်ပေးဝယ်လိုက်ရလဲ''

''မများပါဘူး ဒီနားကလယ်တွေက စျေးသိပ်မကောင်းဘူးလေ ''

''အွန်း
ဦးငယ်လည်း စီးပွားရေးကိုသောင်းကျန်းနေလိုက်တာ ပင်ပန်းနေတော့မှာပဲ''

''အရင်ကတော့ပင်ပန်းတယ် လူရောစိတ်ရော
အခုရက်ပိုင်းတော့ သိပ် မပင်ပန်းတော့ဘူး''

''ဟုတ်လား ဘာလို့လဲ''

''ကလေးတစ်ယောက် ကောက်ရလိုက်လို့''

''ဟမ် ဘယ်က ကလေးလဲ''

''ဒီကလေးလေးလေဗျာ''

ပြောပြောဆိုဆိုနဲ့ ပါးလေးကိုလာဖဲ့တာမို့ လူကြီးကိုမျက်စောင်းလေး ဖွဖွထိုးလိုက်သည်။
ဒီလူကြီးဒါမျိုးတွေတတ်မယ်လို့မထင်ထားပါဘူး။

''ဦးငယ်နော်
အူယားအောင်လို့''

''အူယားတော့ဘာလုပ်ချင်သလဲ''

''ကိုက်စားပစ်ချင်တယ်''

ကိုက်စားပစ်ချင်တယ်ဆိုပြီး သွားလေးစိပြလာသော
မြပိတောက်ကြည်သာကို အကြာကြီးငေးကြည့်နေလိုက်သည်။
ချွဲချွဲနွဲ့နွဲ့နဲ့ သူ့ကိုဆိုနွဲ့ဆိုး ဆိုးချင်ပေမဲ့
ဒီကောင်မလေးဟာ သူ့စကားကိုတော့နားထောင်ရှာပါသည်။
မနက်ကအိပ်ရာထတုန်းကဆို ဒီကောင်မလေးစိတ်နဲ့ထတာမို့ စိတ်တွေကိုအေးချမ်းလို့...။
ဒီကလေးငယ်ဟာ သူ့အတွက် အကြည်ဓာတ်လေးထင်ပါရဲ့။

''ဘေဘီ''

''အွန် ဘာကြီး''

''မင်းကို ဘေဘီလို့ခေါ်မယ်
ရတယ်မလား''

''အွန်း ရတယ်လေ
ခုနကကျတော့ ကလေးငယ်ဆို''

''ကလေးငယ်လို့လည်းခေါ်မယ် ဘေဘီလို့လည်းခေါ်မယ် ပေါင်ပေ့လို့လည်း ခေါ်မယ်''

''ဒါဆို မြ....အဟမ်း....
ဘေဘီ ကရော ဦးငယ်ကို
ဘယ်လိုခေါ်ရမလဲ''

''ဘေဘီ့သဘောကျခေါ်လေ
ဦးငယ်ဆိုလည်း ကိုယ်ကသဘောကျတာပဲ
ဘေဘီကချစ်စနိုးနဲ့ခေါ်တာပဲကွာ ဘယ်လိုခေါ်ခေါ်ရတယ်''

''ကိုကိုလို့ခေါ်မယ် ဦးငယ်ကို
ကိုကိုး.......''

''.......''

မြက ကိုကိုဆိုတာကို ချွဲတဲ့အသံလေးနဲ့ခေါ်လိုက်တော့ လူကြီးမျက်နှာကတဖြည်းဖြည်းရဲလာတော့သည်။
အယ် သူရှက်နေတာ။

''ဘေဘီရဲ့ ကိုကိုက ရှက်နေတာလား
ပါးလေးတွေများရဲလို့ အားရိုး ချစ်လိုက်တာ''

''မင်းနော် လူကြီးကို''

''ဘာမင်းလဲ
ဘယ်ကမင်းလဲ
ဒီနားမှာ မင်းမရှိဘူး
ကိုကို့ရဲ့ဘေဘီပဲရှိတယ်''

မြကစလေ လူကြီးက ရှက်လေ။
မြနဲ့လူကြီးဖြစ်ပုံကနည်းနည်းလေးတော့ လွဲနေပေမဲ့ လွဲလွဲလေးပဲကောင်းပါသည်။
ဒါပေမဲ့ လူကြီးကိုစရင်း ရယ်နေတုန်းမှာပဲ မြခန္ဓာကိုယ်လေးက လူကြီးဘေးနားသို့ရောက်သွားရကာ မြကိုယ်လုံးလေးက လူကြီးရင်ခွင်ထဲပြိုကျသွားရသည်။

''ဟယ် ဘာလုပ်တာလဲ''

လူကိုသူ့ရင်ခွင်ထဲထည့်ထားပြီး မြ မျက်နှာကိုငုံ့မိုးကာ ပြုံးတုံ့တုံ့နဲ့ အကြာကြီး စိုက်ကြည့်လာတော့
ဒီတစ်ခေါက်ရှက်ရတဲ့သူက မြဖြစ်သွားသည်။

''ဘေဘီ့နဖူးလေးက ပြောင်တယ်နော်''

သူ့အပြောကြောင့် ကိုယ့်နှဖူးလေးကိုလက်နဲ့အုပ်လိုက်တော့ သဘောကျသလိုနဲ့ ရယ်နေသည်။

''ပြောင်တော့ ကိုယ်နမ်းရတဲ့ ဧရိယာကျယ်တာပေါ့''

''ကိုကိုနော်''

''ကိုယ်နောက်ဆို ပိုပြီးအလုပ်ကြိုးစားရတော့မယ်ကွာ
ကလေးမုန့်ဖိုးပိုရှာရတော့မှာလေ''

''အောင်မာ ဘယ်သူကမုန့်ဖိုးတောင်းနေလို့လဲ''

''ကိုယ်ကပေးချင်နေတာလေ
ဘေဘီရဲ့''

''ဟိုမပြန်ချင်တော့ဘူး ကိုကို့နားပဲ ကပ်နေချင်တော့တယ်''

''ငချွဲမလေး...
ဒါနဲ့ ပြန်မယ်ဆို ကိုကိုလိုက်ပို့ပေးမယ်နော်
ဒီနေ့ပြန်မှာလား နက်ဖြန်မှလား''

''မသိသေးဘူး
ခဏနေ ကိုသုတဆီဖုန်းဆက်မေးရမယ်
ဒါပေမဲ့ ဒီနေ့ညနေပြန်ဖို့များပါတယ်
ပွဲကမနက်ဖြန်မနက်ဆိုတော့ ဒီနေ့ပြန်မှရမှာလေ
ကိုကိုက လိုက်ပို့ပေးဖို့ကအဆင်ပြေရဲ့လား
ချယ်မြတ်တို့ကပြန်လာတော့မှမလား''

''နက်ဖြန်မှ ပြန်လာမှာပါ ဘေဘီရဲ့
ကိုယ်လိုက်ပို့လို့ရပါတယ်''

''ကိုကို့ကို မေးစရာရှိတယ်''

''မေးလေ''

''ဘေဘီ့ကို ဘယ်လိုလုပ်ချစ်သွားတာလဲ''

''အင်း ဘယ်လိုပြောရပါ့မလဲ
ဘေဘီက ကိုကို့ရင်ထဲကိုဖြည်းဖြည်းချင်းနဲ့နေရာယူသွားတာ
ကိုကိုမသိလိုက်ခင်မှာပဲ ဘေဘီ့ကိုဆုံးရှုံးလိုက်ရမှာကို
တအားကြောက်တဲ့အထိ ဘေဘီ့ကိုချစ်မိနေခဲ့တာ''

''ဘေဘီ့ကိုချစ်ပေးလို့ ကျေးဇူးတင်ပါတယ်
ဘေဘီကလည်း ကိုကို့ကိုအများကြီးချစ်တယ်နော်
ကိုသုတနဲ့ စေ့စပ်ထားတယ်ဆိုတာလည်း အခြေအနေတချို့ကြောင့် စေ့စပ်လိုက်ရတာ
ဘေဘီလေ အဲ့တုန်းကဆိဦးနှောတာတွေကို ဇွတ်လုပ်လိုက်ရလို့လားမသိဘူး ဦးနှောက်ကလွတ်နေသလိုကိုခံစားရတယ် သိလား
ကိုကိုက မသိလို့
ဘေဘီလေ ကိုကိုမဟုတ်တဲ့သူနဲ့တော့ တကယ်လက်ထပ်ရတော့မှာပဲဆိုပြီး တအားကိုပြိုလဲခဲ့ရသေးတာ
တော်သေးတယ်
ကိုသုတကြီးက ချစ်သူရသွားလို့
သူချစ်သူရသွားတော့မှ ဘေဘီလည်း စိတ်တွေနည်းနည်းပေါ့ပါးသွားတာ
ငါတော့လက်မထပ်ရဖို့နည်းလမ်းတွေ့ပြီဟ ဆိုပြီးတော့လေ''

''ဘေဘီကတော်ပါတယ်
အဲဒီက ကိစ္စတွေကိုအဆင်ပြေအောင်လုပ်နိုင်မှာပါ
အခက်အခဲရှိတာမှန်သမျှပြော
ကိုကိုဖြစ်အောင် ဖြေရှင်းပေးမယ်
တအားမွန်းကြပ်လာလို့ရှိရင် ကိုကိုရှိတာကိုသတိရ
ဟုတ်ပြီလား
ကိုယ့်ကိုယ်ကိုယ် တအားဖိအားမပေးနဲ့
ဘေဘီ့ဆီကိုလည်း ကိုကိုခဏခဏလာတွေ့မယ်
ဒါနဲ့ ကျောင်းဖွင့်ရင်ကျ ပြန်လာမှာမလား''

''လာမှာလေ ဒါပေမဲ့ ပိတ်ရက်ကျရင်ပြန်ရမှာ
အဝေးသင်ပြောင်းဖို့လုပ်သေးပေမဲ့ မလွယ်လို့သာ
ပြန်လာတက်လိုက်တာ''

''အင်း ကိုကို့ကလေးတော့ ပင်ပန်းပြီပဲ
ဒါပေမဲ့ အဲ့ကျရင်လည်းကိုကိုရှိတာပဲ
ကိုကိုအကြိုအပို့လုပ်မှာပေါ့''

''ဟုတ်....''

အိမ်မပြန်ချင်ဖြစ်နေသော ကလေးတစ်ယောက်လို
မျက်နှာလေးရှုံ့မဲ့နေသည့် ဘေဘီ့ရဲ့နှဖူးပြောင်ပြောင်လေးကို ငုံ့နမ်းလိုက်တော့ နှုတ်ခမ်းလေးစူကာ မော့ကြည့်လာသည်။
စူထွက်လာတဲ့ နှုတ်ခမ်းလေးကိုပါ နမ်းလိုက်တော့
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်လာပြန်သည်။
မြပိတောက်ကြည်သာကလေ
သိပ်ချစ်ဖို့ ကောင်းတာပဲဗျာ.....။

.....................🌸💙......................

25.4.2023
Tuesday

ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီနဲ့
votes & comments ပေးကြသော ကလေးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်နော်💙။

Zawgyi.......


(အစ္မ က်န္းမာေရးမေကာင္းေနလို႔ updateေတာ္ေတာ္ေနာက္က်သြားရတဲ့အတြက္
ေတာင္းပန္ပါတယ္ေနာ္ ကေလးတို႔)

''သၾကၤန္အတက္ေန႕''

ေယာဂီဝတ္စုံေလးဝတ္ ေယာဂီတဘတ္ေလး ပခုံးေပၚတင္ၿပီး လႉဖြယ္ပစၥည္းေတြထည့္ထားတဲ့ ျခင္းေတာင္းေလးကိုင္ကာ အေမ့ေနာက္သို႔ခပ္ကုပ္ကုပ္လိုက္လာရသည္။
သၾကၤန္တစ္တြင္းလုံးအေလလိုက္ေနလို႔ဆိုၿပီး
အတက္ေန႕မွာေတာ့ အေမနဲ႕အတူ ဘုန္းႀကီးေက်ာင္းလိုက္ကာ ဥပုသ္ေစာင့္ရေတာ့မည္။

အသစ္စက္စက္ရည္းစားေလးကိုပလစ္ကာ
ဘုရားတရားလုပ္ေတာ့မဲ့ ျမပိေတာက္ၾကည္သာတစ္ေယာက္ ဘုန္းႀကီးေက်ာင္းကို ဖုန္းမယူလာမိေအာင္ မနည္းစိတ္ထိန္းကာ အိမ္မွာထားခဲ့ရတာကိုေတာ့ဘယ္သူမွမသိ။

လူႀကီးကို မေန႕ညေနတုန္းက အေမနဲ႕အတူ ဘုန္းႀကီးေက်ာင္းလိုက္မယ္ဆိုတာကို ေျပာေတာ့
လူႀကီးကလည္း ေကာင္းတယ္ကေလးရဲ႕ လို႔ေျပာရွာသည္။
ဓမၼာ႐ုံထဲေရာက္ခ်ိန္တြင္ ရပ္ကြက္ထဲကေတာ္ေတာ္မ်ားလည္းေရာက္ေနၾကၿပီျဖစ္သည္။
၉နာရီထိုးမွသီလစေပးမွာမို႔ ေစာင့္ေနၾကရင္း
ရပ္ကြက္ထဲကအသိအေဒၚႀကီးက ျမတို႔နားလာထိုင္ကာ စကားလာေျပာသည္။

''သမီးေလးက ႏွစ္ဆယ့္တစ္ႏွစ္ေတာင္ ျပည့္ၿပီေနာ္
ကေလးေတြမ်ား မ်က္စိေရွ႕တင္ႀကီးလာလိုက္ၾကတာ''

ျမကိုၾကည့္ကာၿပဳံးၿပဳံး ၿပဳံးၿပဳံးျဖင့္ေျပာေနေသာအန္တီႀကီးကို ျပန္ၿပဳံးျပရင္း အေမကေတာ့ သူမ်ားတကာကိုကိုယ့္သမီးအသက္ ေလွ်ာက္ေျပာထားျပန္ၿပီဟု ေတြးလိုက္မိသည္။
ကိုးနာရီထိုးေတာ့ ဘုန္းဘုန္းႀကီးက သီလေပးၿပီး
တရားေဟာေနေသးတာမို႔ ဆယ္တစ္နာရီထိုးမွသာ
ၿပီးေတာ့သည္။
တရားေပးၿပီးတာမို႔ ထျပန္မယ္လုပ္တုန္း
ကပၸိယဦးေလးႀကီးက ေရာက္လာသည္။

''ဆြမ္းကပ္လို႔ရၿပီ တူမႀကီး
ဆရာေတာ္ႀကီးေတြအကုန္ေရာက္ၿပီ
လာ ဦးႀကီးေနာက္ကလိုက္ခဲ့''

ကပၸိယဦးေလးႀကီးရဲ႕အေျပာေၾကာင့္
ျမနဲ႕အေမနဲ႕ ဘာလဲေပါ့ ဆိုတဲ့ အၾကည့္ခ်င္းစုံသြားသည္။

အေျခအေနသိရေအာင္လို႔ ေရွ႕ကသြားႏွင့္ေသာ ကပၸိယႀကီးေနာက္က လိုက္ကာသြားေတာ့
ကပၸိယႀကီးက ဆြမ္းစားေဆာင္ႀကီးထဲဝင္သြားသည္။
အထဲေရာက္ေတာ့ ဆရာေတာ္ႀကီးေတြေရာ ဦးဇင္းေတြကပါ ေရာက္ေနကာ ျမတို႔ကိုေစာင့္ေနပုံေပၚသည္။

ျမလည္းခပ္သုတ္သုတ္သြားရင္း
ဆရာေတာ္ႀကီးနားေရာက္ေတာ့ စကားအပိုမေျပာတတ္ေသာ ဆရာေတာ္ႀကီးက စားပြဲကိုကိုင္ေစကာ
ျမကိုဆြမ္းကပ္ေစသည္။

ဘုန္းဘုန္းႀကီးသည္ ဤကဲ့သို႔ေမြးေန႕အလႉျပဳလုပ္ရျခင္းအတြက္ေၾကာင့္အစခ်ီကာ ႐ြတ္ဆိုစရာရွိတာေတြ႐ြတ္ဖတ္သြားသည္။
ျမမွာေတာ့ အံ့ၾသေနရလို႔ လိုက္သာဆိုေနရေပမဲ့
စိတ္ကေတာင္ေရာက္ေျမာက္ေရာက္ျဖစ္ေနသည္္။
ဆြမ္းကပ္ၿပီးလို႔ လက္အုပ္ေလးခ်ီကာ ဆရာေတာ္ႀကီးေတြနားက ထြက္လာကာ ျပတင္းေပါက္နားေလးရပ္ေနရင္း အျပင္ကိုလွမ္းၾကည့္မိေတာ့ ေက်ာက္သင္ပုန္းႀကီးေပၚမွာ ျပဴးေနေသာေရးထားေသာ မိမိနာမည္ႀကီးကိုေတြ႕လိုက္ရသည္။

''ျမပိေတာက္ၾကည္သာ
အသက္(၂၁) ႏွစ္ျပည့္ ေမြးေန႕အႀကိဳစတုဒီသာ ''တဲ့။

ဟဲ့ ၿပီးတာပဲ.....။
ဘယ္သူလႉတာတုန္း။
အေမၾကည့္ေတာ့လည္း သူ႕ဟာသူေတာင္
နားလည္ရခက္ေနတဲ့ပုံ။
ေတာ္ေတာ္စဥ္းစားရၾကပ္ေနတာမို႔ ျပတင္းေပါက္ေဘးကျဖတ္သြားတဲ့ ကပၸိယႀကီးကိုပဲ လွမ္းေခၚကာ တိတ္တိတ္ေလးေမးရသည္။

''ေကာင္ေလးတစ္ေယာက္ပဲ ငါ့တူမရဲ႕
အသက္ႏွစ္ဆယ့္ခုနစ္ ႏွစ္ဆယ့္ရွစ္ႏွစ္ေလာက္ေတာ့ရွိမယ္ထင္တယ္
မေန႕က ညေနခင္းႀကီးကို ခ်က္ခ်င္းလာေလွ်ာက္တာ
ဆရာေတာ္ႀကီးကလည္း ေန႕ဆြမ္းအလႉရွင္မရွိတာနဲ႕လက္ခံလိုက္တာ
ညည္းက ကာယကံရွင္ကို မသိဘူးလား''

''သိဘူး ဘႀကီးရဲ႕
ခုမွ သိတာ''

''ေအး ဒါဆို ခုေခတ္ ေခတ္စားေနတဲ့
ဟို.... ဘာတဲ့ စပရိုက္လုပ္တာထင္တယ္''

''ဟုတ္...ဟုတ္မယ္ထင္တယ္''

''ဒါမ်ိဳး စပရိုက္ကေကာင္းပါတယ္ကြယ္
ကုသိုလ္ေတြကို အမ်ားႀကီးရေရာပဲ
ကိုယ္ခ်စ္ရတဲ့သူကို သံသရာမွာပါ ေကာင္းေအာင္လုပ္ေပးေနတာ''

''ဟုတ္....''

ထမင္းေကြၽးတဲ့ ဓမၼာ႐ုံႀကီးဘက္ေရာက္ေတာ့လည္း ရပ္ကြက္ထဲက အန္တီႀကီးေတြကဆုေတာင္းေပးၾကရွာပါသည္။
ျမပိေတာက္ၾကည္သာေလး ဒီ့ထက္မ်ားမ်ားလႉနိုင္တန္းနိုင္ပါေစတဲ့...။

ဘာဟင္းေတြလဲဆိုၿပီး လိုက္ၾကည့္ေတာ့
ပဲဟင္း အခ်ဥ္သုပ္တဲ့....။
သံဃာေတြအတြက္ကေတာ့ ေရခဲမုန့္ေရာပါတယ္တဲ့ေလ....။
ဒီလိုလုပ္ေပးတာ ျမရဲ႕လူႀကီးလားလို႔ ေမးလိုက္ခ်င္ေပမဲ့ ဖုန္းကပါမလာတာမို႔ ၿငိမ္ေနရသည္။
စိတ္ထဲကလိကလိျဖစ္လာလြန္းလို႔ အိမ္ျပန္ေျပးခ်င္စိတ္ကိုမနည္းထိန္းထားရကာ လူႀကီးကိုလည္းမသိစိတ္ကေနရွာေနမိသည္။

ေကာင္ေလးတစ္ေယာက္လုပ္ေပးတာဆိုလို႔ အေမကမ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႕ စစ္လားေဆးလားေမးေတာ့ ကိုသုတလုပ္ေပးတာလို႔လိမ္လိုက္ရေသးသည္။

စတုဒိီသာသိမ်းတဲ့ ေန႕လယ္တစ္နာရီေလာက္မွပဲ ျမတို႔သားအမိလည္း အိမ္ျပန္ေရာက္ေတာ့သည္။
အေမကေတာ့ အိမ္ျပန္ေရာက္တာနဲ႕ သူ႕သားမက္ေလာင္းက ဘယ္လိုလုပ္ေပးတာ
သူနဲ႕သမီးျဖစ္သူမွာ ဘယ္ေလာက္ေတာင္အံ့ၾသသြားရတာဆိုၿပီး အေဖတို႔ကိုျပန္ေဖာက္သည္ခ်ေနရတာ မေမာနိုင္မပန္းနိုင္.....။

ျမကေတာ့ အခန္းထဲတန္းဝင္ၿပီး လူႀကီးဆီဖုန္းဆက္ရသည္။
လူႀကီးကဖုန္းမကိုင္ေသးတာမို႔ ကိုသုတဆီဆက္ကာစည္းဝါးရိုက္ထားရေသးသည္။ေတာ္ၾကာအိမ္ေရာက္လို႔အေမကေမးလိုက္မွ တစ္ေယာက္တစ္ေပါက္ဆိုလွ်င္ ေသရခ်ည္ရဲ႕။

လူႀကီးကလည္း ဖုန္းေခၚေနတာကိုဘာမွန္းမသိဘူး။
ဒီမွာသိခ်င္ေနပါၿပီဆို.....။
ေလးႀကိမ္ေျမာက္က်မွ တစ္ဖက္ကဖုန္းကိုင္လာကာ
ဟဲလို ဆိုေသာ လူႀကီးအသံကိုၾကားလိုက္ရသည္။

''ဟဲလို ဦးငယ္
ျမ ေျပာျပဦးမယ္
ျမေလ ဒီေန႕ ဘုန္းႀကီးေက်ာင္းသြားတာ
အဲဒါေလ ျမနာမည္ႀကီးနဲ႕ စတုဒီသာဆိုၿပီးလႉထားတာ
ကပၸိယႀကီးေျပာတာကေတာ့ ေကာင္ေလးတစ္ေယာက္လာလႉေပးတာတဲ့
အသက္ႏွစ္ဆယ့္ရွစ္ေလာက္တဲ့
အဲဒါဦးငယ္လားဟင္....''

''ကပၸိယႀကီးကို မုန့္သပ္သပ္ထပ္ေကြၽးရေတာ့မွာပဲ
ကိုယ့္ကို အသက္ႏွစ္ဆယ့္ရွစ္တဲ့''

''ဟမ္....
ဦးငယ္ လုပ္ေပးတာလားလို႔''

''ေအးေပါ့ ကေလးငယ္ရဲ႕
ကိုယ့္ကေလးငယ္က ဥပုသ္သြားေစာင့္မယ္ဆိုလို႔
အမွတ္တရေလးျဖစ္ေအာင္လို႔''

''အဲကြာ
ဦးငယ္က နည္းနည္းေလးေတာင္ႀကိဳမေျပာဘူး
ျမ တကယ္ လန့္သြားတာ ဦးငယ္ရဲ႕''

''ေျပာလိုက္ရင္ ဘယ္ေပ်ာ္ဖို႔ေကာင္းေတာ့မလဲ
ဒါနဲ႕ ဥပုသ္ေရာရခဲ့လား''

''ေက်ာင္းတြင္းဥပုသ္ပဲ ယူတာ
အား....ဦးငယ္ကကြာ
ျမတကယ္ ရင္ေတြတုန္သြားတာ
ျမေလ အေမကေမးေတာ့ ကိုသုတကလို႔ေျပာလိုက္ရတာ
အဲဒါေတာ့ ေတာင္းပန္ပါတယ္ေနာ္''

''ရပါတယ္ကြာ
ဒါနဲ႕ ညေနအျပင္ထြက္လို႔ရေသးလား''

''မရေတာ့ေလာက္ဘူး
ကိုသုတတို႔က လာမေခၚဘူးတဲ့ေလ
အက်င့္ယုတ္တဲ့ဟာႀကီး သူ႕ဘဲနဲ႕ႏွပ္ေနခ်င္တိုင္း''

''သူမ်ားကို အဲ့ဒီလိုမေျပာရဘူးေလ ကေလးငယ္ရဲ႕
ညေနမထြက္ရဘူးဆိုလည္း နက္ျဖန္ေတာ့ ထြက္လို႔ရတယ္မလား ကိုယ္တို႔ဘုရားသြားရေအာင္ေလ''

''သြားမယ္ေလ ဦးငယ္
ကိုသုတတို႔ကို ျမရေအာင္ေျပာလိုက္မယ္
အီး....သဘက္ခါက်ျပန္ရေတာ့မယ္
လူႀကီးကိုခ်စ္ရလြန္းလို႔ မခြဲနိုင္ေတာ့ဘူး''

ျမဘက္က ခြၽဲသလိုေလး ေျပာေတာ့
လူႀကီးဘက္က ရယ္သံထြက္လာသည္။

''အယ္ ရယ္ေနတာလား
ဦးငယ္ေနာ္
ေျပာင္တာလား''

''မေျပာင္ရပါဘူးဗ်ာ
လူႀကီးရွက္ေတာ့ ရယ္တဲ့ေလ
မၾကားဖူးဘူးလား''

''အယ္ လူႀကီးကရွက္ေနတာလား
ဟုတ္လား....
ဦးငယ္ ရွက္ေနတာေလးကို ျမင္ဖူးခ်င္လိုက္တာ
ရွက္ေနတာလား ရွက္ေနတာလားလို႔ ေမးေမးၿပီး
အာဘြားေပးရမယ္''

''ဒီကေလးကေတာ့ကြာ
အေၾကာက္အလန့္မရွိ လူႀကီးကိုစေနတယ္''

လူႀကီးရဲ႕ ရယ္သံခပ္ၾသၾသကိုၾကားလိုက္ရရင္
ျမပိေတာက္ၾကည္သာတို႔က ရင္ထဲအသည္းထဲကေနကို လွိုက္ၿပီးအူယားလာေတာ့တာပဲ....။

''ဟီးဟီး
ဦးငယ္ ျမကိုခ်စ္လား''

''ခ်စ္တာေပါ့ဗ်ာ
ကေလးငယ္ကေရာ ကိုယ့္ကိုခ်စ္ရဲ႕လား''

''ခ်စ္လိုက္တာမွ တုန္လို႔....
ဟဲဟဲ
ဒုန္း.....''

''သမီးႀကီး ဘာျဖစ္လို႔လဲ''

အိပ္ေနရင္းနဲ႕ နံရံမွာေျခေထာက္ေထာက္ထားလ်က္ ဖုန္းေျပာေနတာမို႔ လူႀကီးကိုအူယားေနတဲ့ခ်ိန္ စိတ္ပါလက္ပါနဲ႕ေျခေထာက္ကိုေဆာင့္ခ်လိဳက္တာ နံရံေတာင္ ဒုန္းခနဲျမည္သြားသည္။
အေဖကစ ဘာျဖစ္လဲလွမ္းေမးေတာ့ ဘာမွျပန္မေျပာရဲဘဲ ၿငိမ္ကုပ္ေနရင္း ကိုယ့္ဟာကိုယ္သေဘာက်ကာ တခြီးခြီးရယ္မိျပန္သည္။

''ဒီကေလးကေတာ့ကြာ....
အခုမွ ဘုန္းႀကီးေက်ာင္းကျပန္ေရာက္တာလား''

''ဟုတ္
ဦးငယ္ကေရာ ဘာလုပ္ေနတာလဲ''

''ကိုယ္ အခုဓာတ္ဆီဆိုင္က စာရင္းေတြၾကည့္ေနတာ''

''အာ ဓာတ္ဆီဆိုင္ေရာ ဖြင့္ထားျပန္ၿပီလား
ျမသိသေလာက္ဆို ကားလုပ္ငန္းပဲရွိတာေလ''

''တိုးခ်ဲ့ထားတာေလ ကေလးငယ္ရဲ႕
ေနာက္ဆို ပိုၿပီးႀကိဳးစားရေတာ့မယ္ ''

''နိုင္ေရာနိုင္ရဲ႕လားဟင္
ဦးငယ္တစ္ေယာက္တည္း အလုပ္ေတြပိေနပါ့မယ္
ျမကိုယုံရင္ စာရင္းေပးစစ္ခိုင္းလို႔ရတယ္ေနာ္
ဟိုမွာ စာရင္းေတြခဏခဏလုပ္ေပးရလြန္းလို႔ နားလည္ေနၿပီ''

''ကိုယ့္ကေလးငယ္ကို မခိုင္းရက္ပါဘူး
ဒါနဲ႕ ႏွစ္ဆန္းႏွစ္ရက္ေန႕ျပန္မွာဆို''

''ဟုတ္တယ္
လူႀကီးကို လြမ္းေနရေတာ့မွာပဲ....
မ...ခြဲ...နိုင္...ဘူး...လို႔''

ဒီဘက္ကေန ခြၽဲခြၽဲႏြဲ႕ႏြဲ႕ေျပာလိုက္ျပန္ေတာ့ တစ္ဖက္ကလူႀကီးဆီက ရယ္သံကိုထပ္ၾကားရျပန္သည္။

''အခြၽဲစိန္ေလး
ဒါဆို ကိုယ္ မင္းအေမဆီ လာေတာင္းရမလား
ေျပာ''

''အိုး နိုး.....ဟိုးထား ကိုယ့္လူေရ
အဲ့လိုက်လည္း မျဖစ္ေသးဘူး
ျမမွာ လုပ္ရမဲ့တာဝန္ေတြရွိေနေသးတယ္''

''ကေလးငယ္
ကိုယ္ေျပာမယ္ ေသခ်ာနားေထာင္
ဘာပဲျဖစ္ေနျဖစ္ေန ကိုယ့္ကိုေျပာေနာ္
မင္းအတြက္ ကိုယ္ရွိတယ္
ေရွ႕ကကာကြယ္ေပးသင့္ရင္ကာကြယ္မယ္
ေနာက္က ပံ့ပိုးေပးသင့္ရင္ ပံ့ပိုးေပးမယ္
ေဘးကေန အားေပးေနရမဲ့အခ်ိန္အားေပးမယ္
ဒီစကားေတြကို ေျပာတယ္ဆိုတာ
ေတာ္ကီနဲ႕ခ်ဳပ္႐ုံသပ္သပ္မဟုတ္ဘူးေနာ္
ကိုယ့္ကေလးငယ္က ၾကမ္းတမ္းတဲ့လမ္းကိုေလွ်ာက္ေနၿပီမို႔ စိတ္ပိုင္းဆိုင္ရာမွာ သန္မာေနေအာင္လို႔ ေျပာျပထားတာ''

''အားရိုး......
ငိုေတာင္ငိုခ်င္လာၿပီ
ျမ ဘဝမွာေလ ဦးငယ္ဆီက ဒီလိုေျပာေပးတာကို ၾကားရမယ္လို႔လုံးဝမေမွ်ာ္လင့္ထားဖူးဘူး
အရမ္းခ်စ္တာပဲ ဦးငယ္ကို.....''

''ခ်စ္ရင္ ကိုယ့္ေျပာစကားနားေထာင္
ဟုတ္ၿပီလား''

''အြန္း...
နားေထာင္မယ္''

''ဒါဆို ကိုယ္အလုပ္ၿပီးေအာင္လုပ္လိုက္ဦးမယ္
ကေလးငယ္လည္း နားဦးေပါ့
ေရခဲေရေတြတအား မေသာက္နဲ႕
ေျခေထာက္ေတြ ေရမေဆးနဲ႕
ျဖစ္နိုင္ရင္ အျပင္မထြက္နဲ႕
မျဖစ္လို႔ ထြက္ရမယ္ဆိုလည္း လက္ရွည္ထပ္ဝတ္
ဦးထုပ္ေဆာင္းသြားေနာ္
ရာသီဥတုကတအားပူေနလို႔ ၾကားလား''

''ဟုတ္
ခ်စ္တယ္ ဦးငယ္''

''ကိုယ္ကလည္း ခ်စ္ပါတယ္ဗ်ာ
ဒါဆို ကိုယ္ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္
စာရင္းေတြၿပီးေအာင္ခ်ဳပ္လိုက္ဦးမယ္''

''အြန္း အြန္း
အာဘြားေပး''

''ဟမ္....''

''အာဘြားေပးလို႔ ....''

''ကဲကြာ
အာဘြား...အာဘြား''

''အြန္း ဦးငယ္ကိုလည္း အာဘြား
အႀကီးႀကီးေပးတာေနာ္....အႀကီးႀကီး
တာ့တာ....ဖုန္းခ်လိဳက္ၿပီ''

ျမပိေတာက္ၾကည္သာဆီက ဖုန္းက်သြားေတာ့လည္း ကြၽန္ေတာ့္ခမ်ာ ၿပဳံးေနတာကိုမရပ္နိုင္....။
တကယ့္ကို အခြၽဲစိန္ေလးေကာက္ရလိုက္သလိုပဲ။
ကိုယ့္ထက္ဆယ့္တစ္ႏွစ္ငယ္တဲ့ကေလးကို ခ်စ္သူေတာ္ထားရေတာ့လည္း ကိုယ့္မွာစိတ္ေရာကိုယ္ပါ ႏုပ်ိဳေနသလိုပင္။
အရင္က ျမသရဖီခ်စ္နဲ႕တြဲေတာ့ ေပ်ာ္႐ႊင္စရာေတြရွိခဲ့ေပမဲ့ ဒီေလာက္ထိလြတ္လပ္ေပါ့ပါးေနတဲ့ခံစားခ်က္မ်ိဳးေတာ့မရခဲ့ဖူး....။
သူကပဲ အူျမဴးေနခဲ့တာမ်ားၿပီး ျမသရဖီခ်စ္ဘက္ကေတာ့ အေနတည္လြန္းသူမို႔လို႔လားမသိ ခြၽဲတာဘာညာရယ္လို႔ မရွိပါ။

ေနပါဦး...
ငါ အခု ကေလးငယ္ကို ျမသရဖီခ်စ္နဲ႕ ႏွိုင္းယွဥ္ေနမိတာလား....။

အလိုမက်စြာနဲ႕ ထိုင္ခုံေပၚကေန ဝုန္းခနဲထကာ လမ္းခဏေလွ်ာက္ေနလိုက္ရသည္။
ျမပိေတာက္ၾကည္သာဆိုတဲ့ ကေလးငယ္က
ျမသရဖီခ်စ္နဲ႕ လားလားမွမဆိုင္တဲ့ ကေလး။
ျမသရဖီခ်စ္ဆိုတာ သူ႕ကိုယ္သူအတြက္ပဲ
ၾကည့္တတ္တဲ့တစ္ကိုယ္ေကာင္းသမား....။
.
.
.
.
.
''ေမာင္သုတကလည္းကြယ္
အိမ္ကိုဆို ဖင္ပူေအာင္ကိုမထိုင္ဘူး''

''ဟုတ္တယ္ ကိုသုတက နည္းနည္းသီးသန့္ဆန္ဆန္ေနတတ္လို႔ သြားၿပီေနာ္ အေမ့''

အိမ္ေအာက္ျမန္ျမန္ဆင္း ဖိနပ္ျမန္ျမန္စီးကာ
ကိုသုတတို႔ရွိရာ ကားေပၚသို႔အျမန္လစ္ရေတာ့သည္။
ကိုသုတက အိမ္မွာၾကာၾကာမေနရဲဘူးဆိုတာလည္း
သူမလည္မဝယ္လုပ္တာနဲ႕တင္ ျမတို႔ေပါင္းလိမ္ထားတာက ဘူးေပၚသလိုေပၚကုန္မွာစိုး၍ျဖစ္သည္။

''ျမန္တာ ျမပိေတာက္ၾကည္သာရယ္''

ကားထဲဝင္ဝင္ခ်င္း ၾကည္ႏူးတစ္တီတူးေနေသာ
ကိုသုတက ၿငိဳျငင္သလိုေျပာလာျပန္သည္။
ေၾသာ္....တစ္ခ်ိန္လုံး ပူးပူးကပ္ကပ္ၾကည္ႏူးေနရတဲ့သူေတြက ဆယ္ႏွစ္သမီးရည္းစားခိုးထားသလို သြားလာေနရတဲ့ ျမပိေတာက္ၾကည္သာကို လာၿငိဳျငင္ေနေသးသည္။

''ျမန္ျမန္ပဲ အေမက ရစ္မွာစိုးလို႔
ဦးငယ္ အိမ္ကိုေမာင္းရမွာေနာ္
ျမနဲ႕ ဦးငယ္နဲ႕ တစ္စီးသြားမွာ''

''ေအးပါ ေအးပါ
ရည္းစားေလးရေတာ့ ေလသံေျပာင္းလာၿပီ''

''ဟြန္း
ကိုႀကီးရွင္းသန့္ မနက္စာမစားခဲ့ဘူးမလား
ဘုရားကအျပန္ နို႔စိမ္းေခါက္ဆြဲဝင္စားရေအာင္
ေကာင္းတဲ့ဆိုင္တစ္ဆိုင္ ျမသိတယ္''

ကိုသုတကိုေျပာမေနေတာ့ဘဲ ျမနဲ႕ကိုက္သည့္ ကိုႀကီးရွင္းသန့္ဘက္ကိုသာလွည့္ကာစကားစလိုက္သည္။

''ေအး စားမယ္ေလ ညီမေလး
ဒါေပမဲ့ ကိုကိုက ေသြးတိုးတတ္တယ္
အဲ့ဆိုင္မွာ တျခားစာေတြေတာ့ရတယ္မလား''

''ရတယ္ ကိုႀကီးရွင္းသန့္
မနက္စာအတြက္ လုံးဝကိုစုံစုံလင္လင္ပဲ
ဒါနဲ႕ေလ ကိုႀကီးရွင္းသန့္
မေန႕က surprise ျဖစ္သြားရတာေလး ေျပာျပဦးမယ္
ဟီးဟီး
မေန႕ကေလ ဘုန္းႀကီးေက်ာင္းသြားေတာ့................''

တစ္လမ္းလုံး ကိုႀကီးရွင္းသန့္နဲ႕ တရစပ္စကားေျပာလာၾကသည္မွာ လူႀကီးအိမ္ေရာက္တဲ့အထိျဖစ္သည္။ၿခံတံခါးလာဖြင့္ေပးေသာ လူႀကီးသည္
အျဖဴေရာင္ ရွပ္အကၤ်ီကိုမွ အနက္ေပၚမွအစိမ္းလိုင္းေတြေျပးေနေသာ ကခ်င္ပုဆိုးကိုက်က်နနဝတ္ထားကာ အရမ္းအရမ္းကိုမွ ၾကည့္ေကာင္းေနသည္။

ျမကလည္း လူႀကီးနဲ႕အေရာင္ဆင္တူ ပိုးအကၤ်ီအစိမ္းေလးကိုမွ ကခ်င္လုံခ်ည္ေလးနဲ႕ တြဲဝတ္ထားေပမဲ့လို႔ အသားကိုျဖဴႏုေနေသာ လူႀကီးေလာက္ေတာ့
ဘယ္ၾကည့္ေကာင္းပါ့မလဲ.....။

''ေငးလွခ်ည္လား ကေလးငယ္ရဲ႕''

''ေငးပါဘူး
သြားမယ္ေလ ''

ကေလးငယ္သည္ ျမန္မာဝတ္စုံေလးနဲ႕မို႔လားမသိ
အရင္ကထက္ပိုၿပီးပိန္သြယ္ေနသလိုပင္။
ျမတို႔ၿမိဳ႕ရဲ႕ အထင္ကရဘုရားကိုေရာက္ခ်ိန္မွာေတာ့
ႏွစ္ဆန္းတစ္ရက္ေန႕ဆိုသည့္အတိုင္း စည္ကားေနသည္။
ဘုရားႀကီးထဲမွာ လူေတြက်ိတ္က်ိတ္တိုးေနတာမို႔
ရေသပ္ပါယ်ရတဲ့ ၿဂိဳလ္ေျပနံေျပဘုရားေတြဆီကိုပဲ
သြားကာ ေန႕နာမ္အလိုက္ဘုရားကန္ေတာ့လိုက္ၾကသည္။
ကေလးငယ္က သူ႕ေန႕နာမ္မွာ ရေသပ္ပါယ်နေတော့
ေနာက္နားေလးကေနေစာင့္ေပးေနတုန္း အေဆာင္မွာေနသြားဖူးတဲ့ မမျမတ္တပည့္ကေလးေတြနဲ႕ ေတြ႕လို႔ႏႈတ္ဆက္ရေသးသည္။
ကေလးေတြနဲ႕ စကားေျပာေနတုန္း
ျမပိေတာက္ၾကည္သာက အနားေရာက္လာကာ
သူ႕လက္ေမာင္းကို လာတြဲထားသည္။
နဂိုကရပ္ေနတဲ့သူ႕ကိုေတာ့ ေနမထိုးေပမဲ့လို႔ ေဘးကေနတဲ့ ကေလးငယ္ဆီကိုေနထိုးေနတာမို႔ စကားစကိုအျမန္ျဖတ္ကာ ေနရိပ္ရွိရာဘက္ကိုေခၚလာရသည္။
သူ႕ကေလးငယ္ကို ေနေရာင္ထိုးတာေတာင္မႀကိဳက္ခ်င္ဘူး။
ခပ္လွမ္းလွမ္းမွာ ရပ္ေနေသာ သုတေနာင္တို႔ကိုေတြ႕ေတာ့ ကေလးငယ္က လွမ္းေအာ္ေခၚျပန္သည္။

''ကိုႀကီးရွင္းသန့္ ျမတို႔ကို ဓာတ္ပုံရိုက္ေပးဦး''

''ေအး လာၿပီ''

ကေလးငယ္သည္ သူ႕လက္ကိုခ်ိတ္ကာ ဟန္ပါပါနဲ႕ရပ္ေနရင္း ၿပဳံးေနသည္မွာ တစ္ေလာကလုံးကိုအပိုင္ရထားတဲ့႐ုပ္ကေလးနဲ႕။
ျမပိေတာက္ၾကည္သာက သိပ္ခ်စ္ဖို႔ေကာင္းတာပဲဗ်ာ။

''ဟိုဘဲႀကီး ဒီၾကည့္ဦးဗ်
ပုံတိုင္းမွာ ျမပိေတာက္ၾကည္သာကို ငုံ႕ၾကည့္ေနတာေတြခ်ည္းပဲ''

''ဒီတစ္ခါ ဦးငယ္က ကင္မရာကိုၾကည့္
ျမက ဦးငယ္ကိုၾကည့္မယ္''

''သေဘာပါဗ်ာ....''

ကေလးငယ္အလိုက်ဓာတ္ပုံရိုက္ေပးၿပီးမွပဲ ဆိုင္တစ္ဆိုင္ဆီကိုသြားလိုက္ၾကသည္။
အရိပ္တၾကည့္ၾကည့္ ၾကည့္ေနမိေသာ ကေလးငယ္ရဲ႕မ်က္ႏွာေလးသည္ သူ႕အဘြားျဖစ္သူဆီကဖုန္းလာၿပီးကတည္းက နည္းနည္းႏြမ္းေနတာကိုသတိထားမိသည္။

''ဒါျဖင့္ နက္ျဖန္ဘယ္ခ်ိန္ေလာက္ျပန္ၾကမွာလဲ''

''ဦးငယ္ကကြာ
ျပန္မဲ့အေၾကာင္းႀကီး မေျပာပါနဲ႕လို႔''

သူ႕လက္ေမာင္းေပၚ ေခါင္းေလးကိုမွီခ်လိဳက္ကာ
အားျပတ္သလိုေျပာလာေသာ ကေလးငယ္ေၾကာင့္
သက္ျပင္းခ်ကာ နဖူးျပင္ေျပေျပေလးကို နမ္းလိုက္သည္။
သိပ္အခြၽဲပိုသည့္ ကေလးငယ္ေလး။

''ကိုသုတမာမီကဖုန္းဆက္ေသးလား
ခုနက ဘြားထိုက္ဖုန္းဆက္တာေတာ့ နက္ျဖန္
ကိုသုတတို႔ဆိုင္ခြဲဖြင့္ပြဲကို ျမလည္းတက္ရမယ္တဲ့
ၿပီးေတာ့ ဘြားထိုက္တို႔ဘက္က ကိုယ္စားလွယ္အေနနဲ႕တက္ရမွာတဲ့ ေျပာေတာ့
မနက္ျဖန္မွျပန္မွာဆို အခုဘယ္လိုလုပ္မလဲ''

''ေအး အစကငါမတက္ေတာ့ဘူးလုပ္ေနတာ
ဒီတိုင္းဆို ဒီေန႕ျပန္မွရမွာပဲ
အစက ျမသရဖီခ်စ္လာမယ္ထင္ေနတာ
ေယာက်္ားရၿပီးကတည္းက ေယာက်္ားဘက္ကအလုပ္ေတြလုပ္ေပးေနရလို႔လားမသိဘူး
သိပ္ေတာင္မျမင္မိဘူး''

ျမသရဖီခ်စ္ဆိုတဲ့အသံထြက္လာေတာ့ ဦးငယ္ကို
ခိုးၾကည့္လိုက္မိသည္။
ဒါေပမဲ့ ေျပာင္းလဲမႈစိုးစဥ္းမွ်မရွိသည့္ မ်က္ႏွာကိုျမင္ေတာ့မွ သက္ျပင္းေလးခ်လိဳက္မိသည္။
လူႀကီးရင္ထဲကဒဏ္ရာေတြကိုဆြမိသြားမွာကိုအရမ္းေၾကာက္တာပဲ။

''ကေလးက ဘယ္အပိုင္းတာဝန္ယူေပးေနတာလဲ''

လူႀကီးက ျမကိုေမးခြန္းထုတ္လာၿပီမို႔ ေသခ်ာေလးစဥ္းစားကာ ျပန္ေျဖလိုက္သည္။

''ဘြားထိုက္ရဲ႕လက္ေထာက္လို႔ပဲ ေျပာရမယ္
ဘြားထိုက္တာဝန္ယူထားတဲ့လုပ္ငန္းေတြရဲ႕စာရင္းေတြကိုစစ္ေပးရတယ္ အစကေတာ့မလြယ္ေပမဲ့
အရင္ကလူယုံေတြရဲ႕အကူအညီေတြနဲ႕မို႔ အခုေနာက္ပိုင္း အဆင္ေျပလာပါတယ္
နက္ျဖန္သြားရမဲ့ပြဲက ဘြားထိုက္ပိုင္တဲ့ေနရာမွာ
ကိုသုတတို႔လုပ္ငန္းခြဲတစ္ခုက လာဖြင့္တာ
ဘြားထိုက္နဲ႕တူတူသြားရမွာဆိုေပမဲ့ ဒီတစ္ေခါက္ဖိတ္စာက မျမပိေတာက္ၾကည္သာဆိုၿပီးေရာက္လာတာတဲ့
နည္းနည္းေတာ့ ဝန္ပိေနသလိုပဲ''

''မပိပါနဲ႕ ျမပိေတာက္ၾကည္သာရဲ႕
ဘာမွျဖစ္ေနစရာမလိုဘူး သာမန္ေမြးေန႕ပြဲေလးတက္သလိုပဲ သေဘာထားလိုက္''

ကိုသုတကေတာ့ အားေပးေပမဲ့ ျမကေတာ့ တာဝန္ႀကီးသလိုခံစားရသည္။viberကေန ဘြားထိုက္ပို႔လာတဲ့ပုံအရ မျမပိေတာက္ၾကည္သာ (ထိုက္ ပရိေဘာဂႏွင့္ လက္ဝတ္ရတနာ ပန္းထိမ္လုပ္ငန္း) ဆိုၿပီး
ဘြားထိုက္လုပ္ငန္းရဲ႕ကိုယ္စားျပဳအေနနဲ႕ကိုဖိတ္ထားတာမို႔ ျမအတြက္ ဒါဟာပထမဆုံးအသိအမွတ္အျပဳခံရျခင္းျဖစ္ၿပီး ဘြားလုပ္ငန္းထဲကို ပိုၿပီးထဲထဲဝင္ဝင္ပတ္သတ္လာနိုင္တဲ့ေျခလွမ္းအစျဖစ္ေနသည္။
အစကေတာ့ ေဒၚထိုက္ထိုက္ရဲ႕ ေျမးဆိုၿပီး နာမည္ႀကီးတာက ျမသရဖီခ်စ္ျဖစ္သည္။နိုင္ငံျခားမွာေက်ာင္းတက္ၿပီးျမန္မာနိုင္ငံမွာလည္းဘြဲ႕ေတြယူထားသူမို႔ ဒီနယ္ပယ္ထဲမွာ ျမသရဖီခ်စ္ဆိုတာ ထိုက္မိသားစုရဲ႕ဘုရင္မအေလာင္းအလ်ာေလးလို႔ပင္နာမည္ထြက္ခဲ့သူျဖစ္သည္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမသရဖီခ်စ္ေနရာမွာ ျမပိေတာက္ၾကည္သာက ဝင္ေရာက္လာခဲ့ၿပီး ဘြားထိုက္လုပ္ငန္းေတြမွာ ဝင္ေရာက္သင္ယူေနစဥ္တစ္ေလွ်ာက္လုံးလည္း အမ်ိဳးမ်ိဳးေျပာဆိုေဝဖန္တာေတြကိုလည္း ၾကားခဲ့ရၿပီးၿပီ။

မနက္ျဖန္က်ရင္လည္း ဘယ္လိုလူေတြနဲ႕ေတြ႕ၿပီး ဘယ္လိုအကဲစမ္းတဲ့ေမးခြန္းေတြကိုေျဖရဦးမယ္မသိပါဘူး။
မနက္စာစားၿပီးလို႔ကိုသုတတို႔က သပ္သပ္
ျမတို႔ကသပ္သပ္ ကိုယ္သြားခ်င္တဲ့ဆီသြားၾကေတာ့လည္း ျမမွာေတာ့ ဒီကိစၥႀကီးကေခါင္းထဲေရာက္ေန
လို႔ အေတြးေတြကမ်ားေနရသည္။

''ကေလးငယ္....''

''ခ်ာတိတ္.....''

''ရွင္....''

လူႀကီးသည္ ကားေမာင္းေနရင္းနဲ႕ ျမလက္ေလးကို လွမ္းကိုင္ကာ သူ႕ေပါင္ေပၚတင္ထားလိုက္သည္။

''ဘာေတြ ေတြးေနတာလဲ
ကိုယ္ေခၚေနတာေတာင္ မၾကားဘူး''

''နက္ျဖန္ကိစၥကိုေတြးေနမိလို႔ပါ
ျမေလ နည္းနည္းေတာ့ ေၾကာက္မိတယ္ရယ္''

''ဘာကိုေၾကာက္တာလဲ ''

''ျမနဲ႕ အဲဒီနယ္ပယ္နဲ႕က အခုမွအကြၽမ္းတဝင္ရွိခါစပဲရွိေသးတယ္ေလ
လူေတြက အရမ္းေသြးတိုးစမ္းခ်င္ၾကတာ
အထူးသျဖင့္ ျမသရဖီခ်စ္နဲ႕ရင္းႏွီးတဲ့သူေတြက
ျမကိုဆိုရင္ ႏွိမ္သလိုလိုသိပ္လုပ္ခ်င္တာ''

ျမစကားဆုံးေတာ့ လူႀကီးကျမလက္ေလးကို
သူ႕ႏႈတ္ခမ္းဆီကပ္လိုက္ကာ ဖြဖြေလးနမ္းေနေတာ့
ဒီလူႀကီးက ဒီလိုေတြလည္းလုပ္တတ္ပါလားဆိုၿပီး
ျမမွာစိတ္ညစ္တဲ့ၾကားကေန အံ့ၾသမိျပန္ေရာ......။

''ကိုယ့္ကေလးငယ္က ေတာ္ၿပီးသားပါ
မကြၽမ္းက်င္တဲ့နယ္ပယ္ထဲကိုဝင္တဲ့အခါ အနည္းနဲ႕အမ်ား ရင္ဆိုင္ရတာေတြရွိေပမဲ့ ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္စရာအေၾကာင္းမရွိဘူးေလ
ကိုယ့္ကိုလာေၾကာတိုင္းလည္းၿငိမ္ခံမေနနဲ႕
အရမ္းႀကီးလည္း မစြာနဲ႕
စီးပြားေရးေလာကဆိုတာ လူတိုင္းနဲ႕ေပါင္းသင္းဆက္ဆံနိုင္ေလေလ ေကာင္းေလေလပဲေလ
တစ္ခုခုဆို ကိုယ့္ကိုေျပာ
ဟုတ္ၿပီလား''

''ဟုတ္
တစ္ခါတေလက် ျမလုပ္ေနတာေတြမွန္ရဲ႕လားဆိုၿပီး
ေတြးမိေသးတယ္''

''ကိုယ့္ကေလးေလးက မွားတာမရွိပါဘူး
လုပ္နိုင္တာကိုလုပ္ခဲ့တာပါပဲ''

''ဟုတ္
အခုပုံစံအတိုင္းဆိုရင္ ျမတို႔ေတြညေနေလာက္ျပန္ရမယ္ထင္တယ္
ဦးငယ္နဲ႕ခြဲရေတာ့မယ္''

''ကိုယ္ခဏခဏလာေတြ႕မယ္ေလ
ညေနျပန္မယ္ဆိုရင္လည္း ကိုယ္လိုက္ပို႔မွာေပါ့
ခြဲရမယ္လို႔ မေတြးပါနဲ႕ကေလးရဲ႕
ကဲ ေရာက္ၿပီ''

ဦးငယ္ကေရာက္ၿပီဆိုေတာ့မွ ျမလည္းပတ္ဝန္းက်င္ကိုသတိထားမိေတာ့သည္။ ကိုယ့္ကိစၥနဲ႕ကိုစိတ္ညစ္ေနတာမို႔ ဘယ္သြားလဲဆိုတာေတာင္မေမးမိဘူးေလ။
အခုၾကည့္ေတာ့မွ မ်က္စိေရွ႕တြင္ ထန္း႐ြက္မ်ားျဖင့္ မိုးထားေသာ လယ္ေစာင့္တဲေလးလို ဘန္ဂလိုအျမင့္ေလးကိုေတြ႕လိုက္ရသည္။

ကားေပၚကဆင္းၿပီး ပတ္ဝန္းက်င္ကိုေသခ်ာၾကည့္ေတာ့မွ ျမတို႔သည္ ၿမိဳ႕အျပင္ဘက္ကိုေတာင္ေရာက္ေနတာျဖစ္သည္။
ဝါးခြၽန္မ်ားကိုၿခံစည္းရိုးသဖြယ္ခတ္ထားၿပီး တခ်ိဳ႕ဝါးခြၽန္မ်ားတြင္ေတာ့ TK ဆိုတဲ့တံဆိပ္ပါသည့္အဝတ္စေလးမ်ားကိုခ်ည္ႏွောင္ထားသည္။

ေနာက္ေက်ာေပးထားတဲ့ဘက္ဆီကိုလွည့္ၾကည့္လိုက္ေတာ့မွ အလုပ္သမားေတြမ်ားစြာနဲ႕လည္ပတ္ေနတဲ့
ဆီဆိုင္ႀကီးကိုေတြ႕လိုက္ရသည္။
ဒါဆို.....။

''ကိုယ့္ဆိုင္ေလ
ထပ္တိုးဖြင့္ထားတာမၾကာေသးဘူး''

''ဝါး....တကယ့္ကို ေဘာစိပဲ ဦးငယ္က''

''မစိပါဘူးကြာ မနည္း႐ုန္းကန္ေနရတာပါ
လာ ဟိုေပၚသြားရေအာင္''

ဦးငယ္လက္ကိုတြဲကာ တဲေလးေပၚတက္သြားေတာ့
အေနာက္ဘက္လယ္ကြင္းေတြကို ျဖတ္ၿပီးတိုက္ခတ္လာတဲ့ေလေအးမ်ားကိုခံစားလိုက္ရသည္။
တဲေလးကေျခတံေတာ္ေတာ္ရွည္တာမို႔ ပူအိုက္ေနတဲ့အခ်ိန္မွာ ေလတျဖဴးျဖဴးနဲ႕ေတာ္ေတာ့္ကိုအေမာေျပေစသည္။

''ဦးငယ္ ခ်ယ္သိမ့္တို႔ေရာသိလား
ဒီဆီဆိုင္ဖြင့္ထားတာကိုေလ''

''သိတယ္ေလ
မမသိမ့္တို႔ကို ကိုယ္လုပ္ကိုင္ေနတာေတြကိုဖြင့္ေျပာၿပီးပါၿပီကြ
မမျမတ္ကေတာ့ စိတ္ဆိုးၿပီး
ကိုယ့္ကိုသိပ္စကားမေျပာဘူး
မမသိမ့္ကေတာ့ ပုံမွန္ပါပဲ''

''အႏၱရာယ္မ်ားတာေတာ့ မလုပ္ပါနဲ႕ ဦးငယ္ရယ္
ျမလည္း အဲဒါကိုေတာ့ စိတ္ပူတယ္''

''ဟုတ္ပါၿပီ ကေလးငယ္ရဲ႕
ခဏထိုင္ဦး ကိုယ္တစ္ခုခုသြားယူခဲ့မယ္''

''လိုက္ခဲ့မယ္ေလ''

''ေနပူတယ္ေလ
ဒီကပဲေစာင့္ ''

''ဟုတ္''

လူႀကီးသည္ တဲကေလးေပၚကေနျပန္ဆင္းသြားကာ
ခပ္လွမ္းလွမ္းကတိုက္ပုေလးဆီထြက္သြားသည္။
ျမတို႔ဝင္လာခဲ့တဲ့လမ္းအတိုင္းလွမ္းၾကည့္ေတာ့မွ
လမ္းေဘး၌ စိုက္ထူထားေသာ TK Petrolဆိုတဲ့ဆိုင္းဘုတ္ႀကီးကိုေတြ႕လိုက္ရသည္။
ဆိုင္ေဘးက ကြင္းျပင္က်ယ္ႀကီးထဲမွာလည္း တြဲကား
တခ်ိဳ႕ရပ္ထားေသးသည္။
မိုက္လိုက္တာ လူႀကီးက သူတစ္ေယာက္တည္းနဲ႕ စီးပြားေရးကိုသိမ္းႀကဳံးလုပ္ေနသလိုပဲ။

ကိုယ့်ဟာက်ိဳယ်ေတာင်းေငးေမြာက်ေငး လိုက္ေငးေနတုန္းမွာပဲ လူႀကီးကျပန္ေရာက္လာသည္။
လက္ထဲမွာလည္း ေဖ်ာ္ရည္ဘူးရယ္ မုန့္အခ်ိဳ႕ရယ္ယူလာေသးသည္။

''ပ်င္းေနၿပီလား''

''ပ်င္းပါဘူး
စပ္စုေနတာ ဆိုင္ႀကီးကလည္း အႀကီးႀကီးပဲ
ၿခံႀကီးကလည္းအက်ယ္ႀကီး
ဘယ္ေလာက္ေပးဝယ္လိုက္ရလဲ''

''မမ်ားပါဘူး ဒီနားကလယ္ေတြက ေစ်းသိပ္မေကာင္းဘူးေလ ''

''အြန္း
ဦးငယ္လည္း စီးပြားေရးကိုေသာင္းက်န္းေနလိုက္တာ ပင္ပန္းေနေတာ့မွာပဲ''

''အရင္ကေတာ့ပင္ပန္းတယ္ လူေရာစိတ္ေရာ
အခုရက္ပိုင္းေတာ့ သိပ္ မပင္ပန္းေတာ့ဘူး''

''ဟုတ္လား ဘာလို႔လဲ''

''ကေလးတစ္ေယာက္ ေကာက္ရလိုက္လို႔''

''ဟမ္ ဘယ္က ကေလးလဲ''

''ဒီကေလးေလးေလဗ်ာ''

ေျပာေျပာဆိုဆိုနဲ႕ ပါးေလးကိုလာဖဲ့တာမို႔ လူႀကီးကိုမ်က္ေစာင္းေလး ဖြဖြထိုးလိုက္သည္။
ဒီလူႀကီးဒါမ်ိဳးေတြတတ္မယ္လို႔မထင္ထားပါဘူး။

''ဦးငယ္ေနာ္
အူယားေအာင္လို႔''

''အူယားေတာ့ဘာလုပ္ခ်င္သလဲ''

''ကိုက္စားပစ္ခ်င္တယ္''

ကိုက္စားပစ္ခ်င္တယ္ဆိုၿပီး သြားေလးစိျပလာေသာ
ျမပိေတာက္ၾကည္သာကို အၾကာႀကီးေငးၾကည့္ေနလိုက္သည္။
ခြၽဲခြၽဲႏြဲ႕ႏြဲ႕နဲ႕ သူ႕ကိုဆိုႏြဲ႕ဆိုး ဆိုးခ်င္ေပမဲ့
ဒီေကာင္မေလးဟာ သူ႕စကားကိုေတာ့နားေထာင္ရွာပါသည္။
မနက္ကအိပ္ရာထတုန္းကဆို ဒီေကာင္မေလးစိတ္နဲ႕ထတာမို႔ စိတ္ေတြကိုေအးခ်မ္းလို႔...။
ဒီကေလးငယ္ဟာ သူ႕အတြက္ အၾကည္ဓာတ္ေလးထင္ပါရဲ႕။

''ေဘဘီ''

''အြန္ ဘာႀကီး''

''မင္းကို ေဘဘီလို႔ေခၚမယ္
ရတယ္မလား''

''အြန္း ရတယ္ေလ
ခုနကက်ေတာ့ ကေလးငယ္ဆို''

''ကေလးငယ္လို႔လည္းေခၚမယ္ ေဘဘီလို႔လည္းေခၚမယ္ ေပါင္ေပ့လို႔လည္း ေခၚမယ္''

''ဒါဆို ျမ....အဟမ္း....
ေဘဘီ ကေရာ ဦးငယ္ကို
ဘယ္လိုေခၚရမလဲ''

''ေဘဘီ့သေဘာက်ေခၚေလ
ဦးငယ္ဆိုလည္း ကိုယ္ကသေဘာက်တာပဲ
ေဘဘီကခ်စ္စနိုးနဲ႕ေခၚတာပဲကြာ ဘယ္လိုေခၚေခၚရတယ္''

''ကိုကိုလို႔ေခၚမယ္ ဦးငယ္ကို
ကိုကိုး.......''

''.......''

ျမက ကိုကိုဆိုတာကို ခြၽဲတဲ့အသံေလးနဲ႕ေခၚလိုက္ေတာ့ လူႀကီးမ်က္ႏွာကတျဖည္းျဖည္းရဲလာေတာ့သည္။
အယ္ သူရွက္ေနတာ။

''ေဘဘီရဲ႕ ကိုကိုက ရွက္ေနတာလား
ပါးေလးေတြမ်ားရဲလို႔ အားရိုး ခ်စ္လိုက္တာ''

''မင္းေနာ္ လူႀကီးကို''

''ဘာမင္းလဲ
ဘယ္ကမင္းလဲ
ဒီနားမွာ မင္းမရွိဘူး
ကိုကို႔ရဲ႕ေဘဘီပဲရွိတယ္''

ျမကစေလ လူႀကီးက ရွက္ေလ။
ျမနဲ႕လူႀကီးျဖစ္ပုံကနည္းနည္းေလးေတာ့ လြဲေနေပမဲ့ လြဲလြဲေလးပဲေကာင္းပါသည္။
ဒါေပမဲ့ လူႀကီးကိုစရင္း ရယ္ေနတုန္းမွာပဲ ျမခႏၶာကိုယ္ေလးက လူႀကီးေဘးနားသို႔ေရာက္သြားရကာ ျမကိုယ္လုံးေလးက လူႀကီးရင္ခြင္ထဲၿပိဳက်သြားရသည္။

''ဟယ္ ဘာလုပ္တာလဲ''

လူကိုသူ႕ရင္ခြင္ထဲထည့္ထားၿပီး ျမ မ်က္ႏွာကိုငုံ႕မိုးကာ ၿပဳံးတုံ႕တုံ႕နဲ႕ အၾကာႀကီး စိုက္ၾကည့္လာေတာ့
ဒီတစ္ေခါက္ရွက္ရတဲ့သူက ျမျဖစ္သြားသည္။

''ေဘဘီ့နဖူးေလးက ေျပာင္တယ္ေနာ္''

သူ႕အေျပာေၾကာင့္ ကိုယ့္ႏွဖူးေလးကိုလက္နဲ႕အုပ္လိုက္ေတာ့ သေဘာက်သလိုနဲ႕ ရယ္ေနသည္။

''ေျပာင္ေတာ့ ကိုယ္နမ္းရတဲ့ ဧရိယာက်ယ္တာေပါ့''

''ကိုကိုေနာ္''

''ကိုယ္ေနာက္ဆို ပိုၿပီးအလုပ္ႀကိဳးစားရေတာ့မယ္ကြာ
ကေလးမုန့္ဖိုးပိုရွာရေတာ့မွာေလ''

''ေအာင္မာ ဘယ္သူကမုန့္ဖိုးေတာင္းေနလို႔လဲ''

''ကိုယ္ကေပးခ်င္ေနတာေလ
ေဘဘီရဲ႕''

''ဟိုမျပန္ခ်င္ေတာ့ဘူး ကိုကို႔နားပဲ ကပ္ေနခ်င္ေတာ့တယ္''

''ငခြၽဲမေလး...
ဒါနဲ႕ ျပန္မယ္ဆို ကိုကိုလိုက္ပို႔ေပးမယ္ေနာ္
ဒီေန႕ျပန္မွာလား နက္ျဖန္မွလား''

''မသိေသးဘူး
ခဏေန ကိုသုတဆီဖုန္းဆက္ေမးရမယ္
ဒါေပမဲ့ ဒီေန႕ညေနျပန္ဖို႔မ်ားပါတယ္
ပြဲကမနက္ျဖန္မနက္ဆိုေတာ့ ဒီေန႕ျပန္မွရမွာေလ
ကိုကိုက လိုက္ပို႔ေပးဖို႔ကအဆင္ေျပရဲ႕လား
ခ်ယ္ျမတ္တို႔ကျပန္လာေတာ့မွမလား''

''နက္ျဖန္မွ ျပန္လာမွာပါ ေဘဘီရဲ႕
ကိုယ္လိုက္ပို႔လို႔ရပါတယ္''

''ကိုကို႔ကို ေမးစရာရွိတယ္''

''ေမးေလ''

''ေဘဘီ့ကို ဘယ္လိုလုပ္ခ်စ္သြားတာလဲ''

''အင္း ဘယ္လိုေျပာရပါ့မလဲ
ေဘဘီက ကိုကို႔ရင္ထဲကိုျဖည္းျဖည္းခ်င္းနဲ႕ေနရာယူသြားတာ
ကိုကိုမသိလိုက္ခင္မွာပဲ ေဘဘီ့ကိုဆုံးရႈံးလိုက္ရမွာကို
တအားေၾကာက္တဲ့အထိ ေဘဘီ့ကိုခ်စ္မိေနခဲ့တာ''

''ေဘဘီ့ကိုခ်စ္ေပးလို႔ ေက်းဇူးတင္ပါတယ္
ေဘဘီကလည္း ကိုကို႔ကိုအမ်ားႀကီးခ်စ္တယ္ေနာ္
ကိုသုတနဲ႕ ေစ့စပ္ထားတယ္ဆိုတာလည္း အေျခအေနတခ်ိဳ႕ေၾကာင့္ ေစ့စပ္လိုက္ရတာ
ေဘဘီေလ အဲ့တုန္းကဆိဦးႏွောတာေတြကို ဇြတ္လုပ္လိုက္ရလို႔လားမသိဘူး ဦးႏွောက္ကလြတ္ေနသလိုကိုခံစားရတယ္ သိလား
ကိုကိုက မသိလို႔
ေဘဘီေလ ကိုကိုမဟုတ္တဲ့သူနဲ႕ေတာ့ တကယ္လက္ထပ္ရေတာ့မွာပဲဆိုၿပီး တအားကိုၿပိဳလဲခဲ့ရေသးတာ
ေတာ္ေသးတယ္
ကိုသုတႀကီးက ခ်စ္သူရသြားလို႔
သူခ်စ္သူရသြားေတာ့မွ ေဘဘီလည္း စိတ္ေတြနည္းနည္းေပါ့ပါးသြားတာ
ငါေတာ့လက္မထပ္ရဖို႔နည္းလမ္းေတြ႕ၿပီဟ ဆိုၿပီးေတာ့ေလ''

''ေဘဘီကေတာ္ပါတယ္
အဲဒီက ကိစၥေတြကိုအဆင္ေျပေအာင္လုပ္နိုင္မွာပါ
အခက္အခဲရွိတာမွန္သမွ်ေျပာ
ကိုကိုျဖစ္ေအာင္ ေျဖရွင္းေပးမယ္
တအားမြန္းၾကပ္လာလို႔ရွိရင္ ကိုကိုရွိတာကိုသတိရ
ဟုတ္ၿပီလား
ကိုယ့္ကိုယ္ကိုယ္ တအားဖိအားမေပးနဲ႕
ေဘဘီ့ဆီကိုလည္း ကိုကိုခဏခဏလာေတြ႕မယ္
ဒါနဲ႕ ေက်ာင္းဖြင့္ရင္က် ျပန္လာမွာမလား''

''လာမွာေလ ဒါေပမဲ့ ပိတ္ရက္က်ရင္ျပန္ရမွာ
အေဝးသင္ေျပာင္းဖို႔လုပ္ေသးေပမဲ့ မလြယ္လို႔သာ
ျပန္လာတက္လိုက္တာ''

''အင္း ကိုကို႔ကေလးေတာ့ ပင္ပန္းၿပီပဲ
ဒါေပမဲ့ အဲ့က်ရင္လည္းကိုကိုရွိတာပဲ
ကိုကိုအႀကိဳအပို႔လုပ္မွာေပါ့''

''ဟုတ္....''

အိမ္မျပန္ခ်င္ျဖစ္ေနေသာ ကေလးတစ္ေယာက္လို
မ်က္ႏွာေလးရႈံ႕မဲ့ေနသည့္ ေဘဘီ့ရဲ႕ႏွဖူးေျပာင္ေျပာင္ေလးကို ငုံ႕နမ္းလိုက္ေတာ့ ႏႈတ္ခမ္းေလးစူကာ ေမာ့ၾကည့္လာသည္။
စူထြက္လာတဲ့ ႏႈတ္ခမ္းေလးကိုပါ နမ္းလိုက္ေတာ့
မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ ေမာ့ၾကည့္လာျပန္သည္။
ျမပိေတာက္ၾကည္သာကေလ
သိပ္ခ်စ္ဖို႔ ေကာင္းတာပဲဗ်ာ.....။

......................🌸💙.....................

25.4.2023
Tuesday

ႀကိဳက္ႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ရွင္။
ဖတ္ရႈေပးတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႕
votes & comments ေပးၾကေသာ ကေလးစ္ေယာက္ခ်င္းစီကို ေက်းဇူးမ်ားႀကီးင္ပါတယ္ေနာ္💙။

Continue Reading

You'll Also Like

48K 1.4K 23
မင်းကိုမုန်းပေမဲ့ ချစ်မိသွားတာ ငါ့အမှားပဲ 'ပန်းခရမ်းပြာ'...... မင္းကိုမုန္းေပမဲ့ ခ်စ္မိသြားတာ ငါ့အမွားပဲ 'ပန္းခရမ္းျပာ'......
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
83.1K 2.4K 20
ရင်ခုန်ရင် ဒါအချစ်ပဲတဲ့
31.9K 1.4K 20
ကရာဇ် နဲ့ မောင်💛 အလစ်တဲလေး အချစ်ကြမ်းမယ်...