𝖹𝖺𝗐𝗀𝗒𝗂
ဆိုဖာထက္၌ အနမ္းမိုး႐ြာသြန္းေနဆဲျဖစ္သည့္ သူေဌးဂြၽန္ႏွင့္ေဒါက္တာကင္မ္ ။
သူေဌးဂြၽန္၏လက္တစ္ဖက္သည္ ေဒါက္တာကင္မ္၏ဂုတ္ပိုးကိုထိန္းကိုင္ထားသလို က်န္တစ္ဖက္ကေတာ့ လက္တစ္ေပြ႕စာေလာက္သာရွိသည့္ေဒါက္တာကင္မ္၏ခါးထက္ဆီမွာ ေျပးလႊားေနသည္ ။
စိတ္လိုလက္ရ နမ္းရွိုက္ေနၾကသည့္သူတို႔ႏွစ္ဦးသား၏ အနမ္းသံသည္ ဧည့္ခန္းတြင္း၌ TVမွထြက္ေပၚေနေသာအသံတစ္ခ်ိဳ႕ႏွင့္အတူ ေရာစြက္ ပ်ံ့လႊင့္ေနသည္ ။
အခ်ိန္တစ္ခုထိၾကာမွ သူေဌးဂြၽန္သည္ အနမ္းကိုလက္စသတ္လိုက္ၿပီး ေဒါက္တာကင္မ္ဆီမွအသာယာျပန္ဖယ္ခြာေပးသည့္အခါ ေမာဟိုက္မႈေၾကာင့္ အသက္ျပင္းျပင္း ရႈရွိုက္ေနသည့္ေဒါက္တာကင္မ္၏ ေမွးစင္းေနသည့္မ်က္လႊာေလးမွာအသာယာျပန္လည္ပြင့္ဟလာခဲ့သည္ ။
အသည္းပုံသ႑ာန္ ႏႈတ္ခမ္းပါးသည္ သူ နမ္းရွိုက္ထားမႈေၾကာင့္ စိုလဲ့ေနသည္ ။
ေဂ်ာင္ဂု၏နား႐ြက္ဖ်ားႏွင့္ လက္ဖမိုးတို႔မွာ အနီေရာင္ရင့္ေနခဲ့ကာ ေဒါက္တာကင္မ္၏မ်က္ႏွာလွလွဟာေတာ့ တစ္ျပင္လုံးပန္းေသြးျခယ္လ်က္ရွိသည္ ။
ထယ္ေယာင္းသည္ သူေဌးဂြၽန္၏အနမ္းေအာက္မွာ ေပ်ာ္ဝင္သြားၿပီးမွ ရွက္႐ြံ႕ရမွန္းသိကာ ခပ္ရွက္ရွက္ႏွင့္ TVဘက္ဆီကို ကပ်ာကယာမ်က္ႏွာျပန္မူလိုက္သည္ ။
သူေဌးဂြၽန္သည္လည္း ထယ္ေယာင္း၏တုံ႕ျပန္မႈေၾကာင့္ ဂုတ္ပိုးကိုအသာပြတ္သပ္ရင္း TVဘက္ဆီမ်က္ႏွာမူသြားသည္ ။
ၿပီးသည္ေနာက္မွာေတာ့ အ႐ြယ္ေရာက္အမ်ိဳးသားႏွစ္ဦးသည္ ခ်န္နယ္လိုင္းမေျပာင္းရေသးသည့္ကာတြန္းကားကိုသာ အေတာင့္လိုက္ႀကီးၾကည့္ေနခဲ့ၾကေတာ့သည္ ။
" ေကာင္းေကာင္းျပန္ပါ.. သူေဌးဂြၽန္...."
" ဟုတ္ကဲ့... ကြၽန္ေတာ္ ျပန္ေရာက္ရင္ ဖုန္းဆက္လိုက္ပါမယ္....."
" ဟုတ္....."
သူေဌးဂြၽန္သည္ ဉကၠဌႀကီးကဖုန္းဆက္၍အိမ္ကိုျပန္လာရန္ ဆိုေတာ့မွပင္ ထယ္ေယာင္းအခန္းထဲကေန အိပ္ေပ်ာ္ေနသည့္ဟြန္းေလးကိုအသာေပြ႕ခ်ီရင္း အိမ္ကိုျပန္ရန္ျပင္ရသည္ ။
သူေဌးဂြၽန္ကိုလာႀကိဳသည့္ဒရိုင္ဘာႏွင့္အတူ မစၥယိုဝန္းပါ ပါလာသည္ျဖစ္၍ ကားအေနာက္ခန္းထဲမွာ မစၥယိုဝန္းသည္ ဟြန္းေလးကိုခ်ီေပြ႕ထားလ်က္ထိုင္ေနၿပီ ။
သူေဌးဂြၽန္ကေတာ့ တိုက္ခန္းမ်က္ႏွာစာေရွ႕ဆိုက္ရပ္ထားေသာ ကားထိတိုင္လိုက္ပို႔ေဆာင္ေပးသည့္ ေဒါက္တာကင္မ္ကို ကားေပၚမတက္ခင္ႏႈတ္ဆက္စကားဆိုေနသည္ ။
" ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္... အထဲျပန္ဝင္ပါေတာ့..."
" ဟုတ္ကဲ့...."
ကားအေရွ႕ခန္းက ဒရိုင္ဘာ၏ေဘးခုံမွာပဲ ဝင္ထိုင္လိုက္သည့္ ဂြၽန္ေဂ်ာင္ဂု ။
ထယ္ေယာင္းကေတာ့ မစၥယိုဝန္းကိုလည္းဦးၫႊတ္ႏႈတ္ဆက္လိုက္ရင္း ျမင္ကြင္းထဲကေန သူေဌးဂြၽန္တို႔စီးနင္းေသာကားေလး ကြယ္ေပ်ာက္သြားသည္အထိရပ္ၾကည့္က်န္ခဲ့သည္ ။
" ဟူး... ပူလိုက္တာ...."
ႏြေရာသီ ကုန္ဆုံး၍ ေဆာင္းဦးသို႔ဝင္စျပဳေနၿပီျဖစ္ေသာရာသီဉတုက ေလစိမ္းတိုက္ခတ္၍ ခ်မ္းေအးစျပဳေနၿပီဆိုေသာ္လည္း ထယ္ေယာင္းသည္ပူထူေနလ်က္ရွိသည္ေၾကာင့္ ပါးရဲရဲကိုလက္ေလးႏွင့္ ယပ္ခတ္ရင္းအထဲျပန္ဝင္ခဲ့ရသည္ ။
ပူေလာင္ေနသည္မွာ ေဒါက္တာကင္မ္တင္မဟုတ္ဘဲ သူေဌးဂြၽန္မွာပါကူးစက္ေန၏ ။
သူေဌးဂြၽန္သည္ ရွပ္အကၤ်ီၾကယ္သီးတစ္လုံးေလာက္ ဆြဲျဖဳတ္လိုက္ကာ ကားမွန္ျပတင္းမွာ တံေတာင္ဆစ္အသာတင္ကာ မိမိ၏ေအာက္ႏႈတ္ခမ္းသားကို လက္ညွိုးေလးႏွင့္ထိဆြဲေနသည္မွာ အထပ္ထပ္အခါခါ ။
ႏူးညံ့လွသည့္ႏႈတ္ခမ္းသားကို ျပန္အေတြးေရာက္လွ်င္ လွစ္ခနဲ ေပၚထြန္းလာသည့္ ပါးခ်ိဳင့္ေရးေရးေလး ။
ပုံမွန္အခ်ိန္ဆို ျမင္ရခဲလွသည့္ပါးခ်ိဳင့္ေရးေရးမွာ ခဏခဏလွစ္ဟေနသည့္အခါ ဒရိုင္ဘာေရာ ကားေနာက္ခန္းကမစၥယိုဝန္းကေရာ အထူးတဆန္းႏွင့္သူေဌးေလးကို စူးစမ္းအၾကည့္ခဏခဏေရာက္ရသည္ ။
" ကြၽန္ေတာ္တို႔ျပန္ေရာက္ၿပီ.. အဘိုး..."
" ေအး..ေအး... ဟြန္းေလးက အျပင္မွာ သိပ္လို႔မရတာကိုသိရဲ႕သားနဲ႕... ဘာလို႔ေနာက္က်...."
ဧည့္ခန္းတြင္း၌ သတင္းၾကည့္ေနေသာ ဉကၠဌႀကီးသည္ သူ႕ကိုၿပဳံးတုံ႕တုံ႕ဟန္ႏွင့္ၾကည့္ေနပါေသာ ေျမးျဖစ္သူေၾကာင့္ ေျပာလက္စ စကားကိုပင္ေမ့သြားရသည္ ။
" အဲ့လိုေလးျဖစ္သြားတယ္... ကြၽန္ေတာ္ အေပၚတက္ေတာ့မယ္.. ညနက္တဲ့အထိ မေနပါနဲ႕..."
အေပၚထပ္မတက္ခင္ ပါးခ်ိဳင့္ေရးေရးေလးတစ္ဖက္လွစ္ဟသည္အထိ ၿပဳံးျပႏႈတ္ဆက္သြားပါေသာ ေဂ်ာင္ဂုေၾကာင့္ ဉကၠဌႀကီးသည္ ပါးစပ္အေဟာင္းသားႏွင့္ၾကည့္က်န္ရစ္သည္ ။
" ရား.. အတြင္းေရးမႉးယူ..."
" ဗ်ာ..."
" ေဂ်ာင္ဂု... ငါ့ကို ၿပဳံးျပသြားတာကို.. မင္း ျမင္လိုက္လား..."
" ဟုတ္ကဲ့.. ျမင္လိုက္ပါတယ္.. သူေဌးေလးမွာ ပါးခ်ိဳင့္ရွိမွန္း ကြၽန္ေတာ္ မသိခဲ့ဘူး..."
" ဒီကေလး.. ေနေတာ့ေကာင္းတယ္မလား...."
" ေဒါက္တာကင္မ္အိမ္ကေန ျပန္လာတာေလ... ဉကၠဌႀကီး..."
ဟြန္းေလးကိုေနရာခ်ၿပီးမွ ျပန္ထြက္လာသည့္မစၥယိုဝန္းက အထူးတဆန္းျဖစ္ေနၾကသည့္ဉကၠဌႀကီးတိုကို စကားေထာက္ေပးလိုက္သည့္အခါ သူတို႔သည္ အနည္းငယ္သေဘာေပါက္သြားသလို ေခါင္းတဆတ္ဆတ္ညိတ္သြားၾကသည္ ။
" ဒီေကာင္.. ရည္းစားမထားဖူးတာ အရမ္းသိသာေနတာမဟုတ္ဘူးလား... ကြၽတ္ကြၽတ္... ဒါနဲ႕.. ေဒါက္တာကင္မ္တို႔မိသားစုကို ဆက္သြယ္ၿပီးၿပီးမလား..."
" ဟုတ္ကဲ့... ေဒါက္တာကင္မ္ရဲ႕အေဒၚဆိုသူနဲ႕ အဆက္အသြယ္ ရပါတယ္..."
" သူတို႔ဘက္ကေရာ.. လက္ခံခ်င္တဲ့ပုံေရာ ေပၚရဲ႕လား..."
" ေဒါက္တာကင္မ္ရဲ႕အေဒၚကေတာ့ ရိုးတဲ့ပုံရပါတယ္.. စကားေျပာၾကည့္လိုက္ေတာ့ ေဒါက္တာကင္မ္ရဲ႕သေဘာကိုပဲၾကည့္ပါတယ္ဆိုၿပီး.. ႏွစ္ဖက္မိသားစုေတြ႕ဆုံပြဲကိုလက္ခံပါတယ္..."
" ဒါဆို... ေတာ္ေသးတာေပါ့... မဂ္လာကိစၥအဝဝက ငါတို႔ဘက္ကပဲစီစဥ္ေပးမယ္ဆိုတာေရာ ေသခ်ာေျပာျပတယ္မလား..."
" ဟုတ္ကဲ့...."
" အင္း.. သူတို႔ဘက္က အားတဲ့ရက္ကိုေမးၿပီး အဲ့ေန႕မွာ ႏွစ္ဖက္မိသားစုေတြ႕နိုင္ဖို႔စီစဥ္လိုက္...."
" ဟုတ္ကဲ့.. ဉကၠဌႀကီး.. ေဆာင္႐ြက္လိုက္ပါမယ္...."
ကာယကံရွင္ႏွစ္ဦးပင္ မသိေသးသည့္ ႏွစ္ဖက္မိသားစုေတြဆုံပြဲအစီအစဥ္သည္ ဆက္လက္ျဖစ္တည္လ်က္ရွိေနသလို ေဂ်ာင္ဂုသည္လည္း မိမိ၏အစီအစဥ္ႏွင့္ ေဒါက္တာကင္မ္၏မိသားစုထံမွာ အေကာင္းအျမင္ခံရရန္ ႀကိဳးပမ္းအားထုတ္ေနလ်က္ရွိသည္ ။
" အင္း... လက္ေဆာင္ပစၥည္းေတြကို ေဒါက္တာကင္မ္တို႔မိသားစုအိမ္ဆီကို ေသခ်ာပို႔ေဆာင္ေပး..."
ဆယ္ဟိုကို ဖုန္းႏွင့္မွာစရာရွိၿပီးတာမွာၿပီးသည္ႏွင့္ သူသည္ လူကိုယ္တိုင္လည္း သြားေရာက္ႏႈတ္ဆက္သင့္ေၾကာင္း အေတြးဝင္မိေသာ္လည္း ေဒါက္တာကင္မ္ဘက္က တရားဝင္လက္မခံေသးသည့္အေနအထား၌ ေဒါက္တာကင္မ္ကိုအခက္ေတြ႕ေအာင္လုပ္မိမွာလည္း စိုး႐ြံ႕ေသးသည္ ။
လက္ထဲကဖုန္း၏နံပါတ္၁ကို ႏွိပ္လိုက္သည့္အခါ အမည္တစ္ခုသတ္မွတ္ထားပါေသာ contactေလးမွာေပၚလာခဲ့ကာ ေဂ်ာင္ဂုသည္ ထိုcontactကို ဖုန္းေခၚဆိုလိုက္သည္ ။
" ဟယ္လို.. ဟုတ္ကဲ့... သူေဌးဂြၽန္..."
အခ်ိန္သိပ္ပင္မျခား တစ္ဖက္ဖုန္းမွေျဖၾကားလာပါသည့္ ၾသရွရွအသံက နားထဲၿငိမ့္ခနဲဝင္လာသည္ျဖစ္၍ ေဂ်ာင္ဂုသည္ ႏွစ္လိုဖြယ္အၿပဳံးေလးထင္းသြားရသည္ ။
" ဟုတ္ကဲ့... ေဒါက္တာကင္မ္... ကြၽန္ေတာ္ အေစာကပဲ.. အိမ္ျပန္ေရာက္တယ္...."
" အာ... ဟုတ္ကဲ့... ဟြန္းေလးကေရာ... မနိုးသြားဘူးမလား.."
" မနိုးပါဘူး..."
" ေတာ္ေသးတာေပါ့...."
" ေဒါက္တာကင္မ္ကေရာ... အခု... အိပ္ရာဝင္ေနၿပီလား.."
" မဝင္ေသးဘူး... ကြၽန္ေတာ္... ရာသီဥတုက ပူသလိုလိုရွိေနလို႔ ေရခ်ိဳးၿပီး.. အခု.. လီမြန္တီးေဖ်ာ္ေနတာ..."
" ေအာ္..."
" သူေဌးဂြၽန္ကေရာ.. အိပ္ရာမဝင္ေသးဘူးလား..."
" ကြၽန္ေတာ္က အိပ္ရာအေစာႀကီးမဝင္တတ္ဘူး.. အခုက ေစာေသးတယ္..."
" အင္း.. နည္းနည္းေတာ့ ေစာေနေသးတယ္...."
ဖန္ခြက္ထဲက လီမြန္တီးကို ခေလာက္ေနသည့္ထယ္ေယာင္းသည္ လက္တစ္ဖက္က ဖုန္းကိုကိုင္ေဆာင္လ်က္ နား၌ကပ္ထားကာ သူေဌးဂြၽန္၏အသံၿငိမ္ၿငိမ္ကို နားစိုက္ေထာင္ရင္း ေအာက္ႏႈတ္ခမ္းသားကို ခပ္ဖြဖြေလး ဖိကိုက္လိုက္မိသည္ ။
" ကြၽန္ေတာ္ ျပန္ေရာက္ေၾကာင္း... ေဒါက္တာကင္မ္ကို လွမ္းေျပာျပတာပါ... ဒါဆို အနားယူပါေတာ့..."
" ဟုတ္... သူေဌးဂြၽန္လည္း ေကာင္းေကာင္းအနားယူပါ... "
" ဟုတ္ကဲ့...."
" ေကာင္းေသာညေလး ပိုင္ဆိုင္ရပါေစ... သူေဌးဂြၽန္..."
" ေဒါက္တာကင္မ္ေၾကာင့္... ေကာင္းေသာညကို ပိုင္ဆိုင္ထားႏွင့္ၿပီးပါၿပီ..."
တစ္ဖက္မွ သူေဌးဂြၽန္၏စကားေၾကာင့္ ကိုယ္ဟန္ေလးမတ္သြားခဲ့ရသည့္ထယ္ေယာင္းမွာ လီမြန္တီးကိုလည္း ဆက္၍ခေလာက္ဖို႔ပင္ေမ့ေလ်ာ့သည္ ။
" good night... ေဒါက္တာ..."
ရင္ခုန္သံမ်ာ ဖရိုဖရဲျဖစ္သြားရသည့္ ထယ္ေယာင္းမွာ သူေဌးဂြၽန္၏ဖုန္းကိုခ်လိဳက္ၿပီးသည္ႏွင့္ စားပြဲခုံမွာ လက္ေထာက္ၿပီးအားယူလိုက္ရသည္ ။
" ဟူး..."
ခဲရာခဲဆစ္ရႈထုတ္လိုက္ရသည့္ ေအာက္ဆီဂ်င္...။
သူေတာ့ ၾကာရင္ သူေဌးဂြၽန္ေၾကာင့္ ႏွလုံးေရာဂါရေတာ့မည္ထင္ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇
" စီနီယာ... ေဖ်ာ္ရည္ေသာက္မလို႔လား... "
ေဆး႐ုံအတြင္းရွိ အေအးစက္အေရွ႕၌ ေျခစုံရပ္ေနသည့္ ဂ်ဴတီကုတ္အျဖဴႏွင့္ ဂ်ီဟြန္းသည္ သူရွိရာဆီသို႔ေလွ်ာက္လမ္းလာေနေသာ စီနီယာထယ္ေယာင္းကိုျမင္လွ်င္ အေတြးလႊင့္ပ်ံ့ေနရာမွ အသိစိတ္ကပ္သြားရကာ အေႂကြေစ့ႏွစ္ေစ့ကို စက္အတြင္းသို႔ထည့္လိုက္သည္ ။
" ဘာေသာက္မလဲ.. စီနီယာ...."
" ကိုလာ...."
" အာ...ကိုလာ...."
ဂ်ီဟြန္းသည္ စီနီယာ့အတြက္ ကိုလာကိုစက္အတြင္းမွထုတ္ေပးကာ တရိုတေသကမ္းေပးလိုက္လွ်င္ စီနီယာက ေလးေထာင့္အၿပဳံးလွလွေလးႏွင့္ ေက်းဇူးဟုဆိုကာ သူ႕ပခုံးကိုလည္းပုတ္ေပးသြားသည္ ။
စီနီယာထယ္ေယာင္း၏ေနာက္ေက်ာျပင္ကို ခပ္ေငးေငးေလးၾကည့္က်န္ရစ္ခဲ့ေသာ ပတ္ခ္ဂ်ီဟြန္းေၾကာင့္ အေအးစက္ဆီလွမ္းလာေနေသာ ေယာန္ဂြၽန္းသည္စိတ္ေလသလို ေခါင္းေလးယမ္းလိုက္သည္ ။
" သနားစရာပဲ.. တစ္ေယာက္တည္း အသဲကြဲေနတာ.. စီနီယာက... မင္းသူ႕ကိုႀကိဳက္ေနတာေတာင္ မသိဘူးမလား..."
" အားရွ္... ငါ အသဲမကြဲပါဘူး!...."
" လက္ေလွ်ာ့လိုက္... မင္းၿပိဳင္ဘက္က ဘယ္သူထင္လို႔လဲ... သူေဌးဂြၽန္ေနာ္... သူေဌးဂြၽန္.. သူေဌးေတာင္မွ.. ရိုးရိုးသူေဌးမဟုတ္ဘူး... အာရွတိုက္တစ္ခုလုံးမွာ.. အခ်မ္းသာဆုံး စားရင္းဝင္... ေတာင္ကိုရီးယားမွာဆို... သူ႕ပိုင္ဆိုင္မႈေတြက လက္ညွိုးထိုးမလႊဲဘဲ.. မင္းအခု အလုပ္လုပ္ေနတဲ့ေဆး႐ုံကေတာင္ Golden Timeရဲ႕ပိုင္ဆိုင္မႈေလ... ခ်မ္းသာႂကြယ္ဝတာတင္ပဲလား... အရည္အခ်င္းလည္းရွိတယ္.. ႐ုပ္ကလည္း... မင္းသားရႈံး...."
" အားရွ္!!.. သိတယ္လို႔!!.. သိတယ္!!... တကယ္ပါပဲ...."
ေယာန္ဂြၽန္း၏စကားေၾကာင့္ မခံမရပ္နိုင္ေအာင္ ျဖစ္သြားပုံရသည့္ပတ္ခ္ဂ်ီဟြန္းသည္ အာေခါင္ျခစ္ေအာ္ၿပီး အနားကေနအေျပးတပိုင္းလွည့္ထြက္သြားခဲ့လွ်င္ ခြၽဲေယာန္ဂြၽန္းသည္ သူဘာမွမလုပ္သည့္ဟန္ႏွင့္ နား႐ြက္ေနာက္ကိုလက္ညွိုးေလးႏွင့္ကုတ္လိုက္သည္ ။
" လူေတြက... အမွန္တရားကို လက္မခံနိုင္ၾကဘူးပဲ..."
အေအးစက္ထဲ အေႂကြေစ့ႏွစ္ေစ့ထည့္လိုက္ကာ ေဖ်ာ္ရည္ေ႐ြးရန္ျပင္ေနစဥ္ အေအးစက္ဆီသို႔ ေဒါႀကီးေမာႀကီးႏွင့္ေရာက္ခ်လာေသာ စီနီယာ ဟိုေဆာ့က ဆိုးခနဲဆတ္ခနဲ spriteကိုႏွိပ္လိုက္ၿပီး ဘူးကိုစက္အတြင္းကထုတ္ကာ ကမူးကထိုး ဖြင့္ေသာက္ေနလွ်င္ ခြၽဲေယာန္ဂြၽန္းမွာ နား႐ြက္ေနာက္နားကိုလက္ညွိုးႏွင့္အသာကုတ္ရင္း ရပ္ၾကည့္ေနရသည္ ။
" အားရွ္!.. ေဒါသထြက္လိုက္တာ!!.. မင္ယြန္းဂီ!!!... အားရွ္...."
ႀကိမ္းဝါးလိုက္ ေမာ့ေသာက္လိုက္ႏွင့္ spriteတစ္ဘူးလုံး ကုန္စင္သြားမွ စီနီယာဟိုေဆာ့က သူ႕ႏႈတ္ခမ္းကို ခမ္းၾကမ္းၾကမ္းပြတ္ဆြဲသုတ္သည္ ။
" ျပႆနာ ထပ္ျဖစ္ျပန္ၿပီလား... ပါေမာကၡမင္နဲ႕..."
" ငါ ေဆး႐ုံေျပာင္းေတာ့မွာ... သူ႕လက္ေအာက္မွာ လုံးဝအလုပ္မလုပ္နိုင္ေတာ့ဘူး... ပိတ္ရက္မွာေတာင္နားခ်ိန္မေပးဘူး.. over time.. over time!.. over time!!!!!နဲ႕... ငါ blind dateေတြလည္း.. သူ႕ေၾကာင့္ပ်က္ခဲ့ရေပါင္းမ်ားေနၿပီ!.. မင္ယြန္းဂီ...."
" အာ.. ေဒါသေလးေလွ်ာ့ပါ.. စီနီယာ... သူမ်ားၾကားသြားရင္မေကာင္းဘူးေနာ္..."
" သူ႕လုပ္ရပ္ကေရာ.. လူၾကားေကာင္းလို႔လား.. ငါ.. အလုပ္သမားဉပေဒနဲ႕ တရားစြဲမွာ.. ဟုတ္တယ္.. မင္ယြန္းဂီကို တရားစြဲပစ္မယ္..."
ေယာန္ဂြၽန္းရဲ႕လက္ထဲကို ေဖ်ာ္ရည္ဘူးခြံထည့္ေပးကာ ေဘာက္ဆတ္ေဘာက္ဆတ္ႏွင့္ထြက္ခြာသြားေသာ စီနီယာဟိုေဆာ့ေၾကာင့္ ေယာန္ဂြၽန္းမွာေခါင္းအသာယမ္းမိလိုက္သည္ ။
ပါေမာကၡမင္လက္ေအာက္မွာအလုပ္မလုပ္နိုင္ဘူး၊ ေဆး႐ုံေျပာင္းမယ္နဲ႕ စီနီယာဟိုေဆာ့၏ဓာတ္ျပားေဟာင္းကို သူအလုပ္သင္ဝင္စတည္းကနားဆင္ခဲ့ရတာပဲ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇
ထယ္ေယာင္းသည္ လူနာကိုက်န္းမာေရးစစ္ေပးေနစဥ္ သူ႕ဖုန္းထံမွအခ်က္ေပးသံဝင္လာ၍ ဂ်ဴတီကုတ္အိတ္ကပ္ထဲကေနထုတ္ၾကည့္လိုက္လွ်င္ သူ႕ညီမဝမ္းကြဲ ဂိုအြန္ဂ်ယ္ဆီကေနဆက္လာခဲ့တာျဖစ္သည္ ။
အြန္ဂ်ယ္က ထယ္ေယာင္းကိုမဆက္သြယ္လာသည္မွာေတာင္ ၾကာလုၿပီ ။
သူေဌးဂြၽန္ႏွင့္သူ႕၏ဗီဒီယိုကိစၥက အနည္ထိုင္သြားၿပီျဖစ္ေသာ္လည္း တိုင္းသိျပည္သိနာမည္ႀကီးခဲ့သည္ျဖစ္၍ ထိုအေၾကာင္းအရာကို ေမးျမန္းဖို႔အတြက္ အြန္ဂ်ယ္ကဆက္လာခဲ့သည္ရွိေသာ္ ေျဖရွင္းခ်က္ မည္သို႔ေပးရမည္မသိ ။
ထယ္ေယာင္းသည္ အက်ပ္ရိုက္စြာႏွင့္သာ အြန္ဂ်ယ္၏ဖုန္းကို ေျဖဆိုလိုက္သည္ ။
" အင္း... အြန္ဂ်ယ္..."
" အစ္ကို... အခု ဖုန္းေျပာဖို႔အားရဲ႕လား..."
" ေအာ.. အစ္ကို အားတယ္...."
လူနာကိုစစ္ေဆးေပးေနသည္က လက္စသတ္ၿပီျဖစ္၍ သူနာျပဳကိုဆက္၍ဂ႐ုစိုက္ခိုင္းလိုက္ကာ သူကေတာ့ ဖုန္းေျပာရန္အတြက္ေနရာကေန ထထြက္လာခဲ့သည္ ။
" အိမ္ကို လက္ေဆာင္ပစၥည္းေတြ အမ်ားႀကီး ေရာက္လာတယ္..."
" ဘယ္လို?..."
" အေဖေျပာတာေတာ့... သူေဌးဂြၽန္က.. ပို႔လိုက္တာတဲ့... ညီမက သူေဌးဂြၽန္နဲ႕အစ္ကို႔ရဲ႕အေၾကာင္းကိုေတြ႕ေပမယ့္ အစ္ကို႔ရဲ႕ဘဝျဖစ္လို႔ ဘာသိဘာသာေနေပးခဲ့တယ္... ဒါေပမယ့္ အေဖရဲ႕အေၾကာင္းကို.. ေလွ်ာ့ေတြးသြားမိတယ္... အစ္ကိုလည္း သိတယ္မလား.. အေဖက မရဘူး... သူေဌးဂြၽန္ကို မ်က္ႏွာပ်က္စရာေတြျဖစ္ေနလိမ့္မယ္.. အခု အိမ္ကိုေရာက္ေနတဲ့ပစၥည္းေတြက ဘယ္ေလာက္ေတာင္ တန္ဖိုးႀကီးလိုက္လဲ... ၿပီးေတာ့ အမ်ားႀကီးပဲ..."
အြန္ဂ်ယ္၏စကားေၾကာင့္ ထယ္ေယာင္းမွာေသြးက နားထင္ထက္ေဆာင့္တိုးလာသလိုပင္ ။
ေဒၚေလးေယာက္်ားျဖစ္သူ၏ အေၾကာင္းကို သူ ေကာင္းေကာင္းသိတာေပါ့ ။
ဦးေလးဂိုဂ်ီေဆာ့က ေငြႏွင့္ပတ္သက္လွ်င္မရေပ ။
ေလာင္းကစားလည္းစြဲေနသည္ေၾကာင့္ အၿမဲလိုလိုေငြေၾကးလိုအပ္လ်က္ရွိေနကာ ေဒၚေလးကသူ႕ေယာက္်ားဒဏ္စည္းခံေနရသလို ဦးေလးဂ်ီေဆာ့သည္ အဘြားဆုံးတုန္းကေတာင္ အဘြားနာေရး၏အကူေငြမ်ားကိုပါ အလြတ္ေပးခဲ့သည့္သူမဟုတ္ေပ ။
" အြန္ဂ်ယ္... အစ္ကို အကူအညီေတာင္းပါတယ္... အဲ့ဒီ့လက္ေဆာင္ပစၥည္းေတြကိုသိမ္းေပးထားလို႔ရလား... အစ္ကိုအခုခ်က္ျခင္း အိမ္ကိုလာခဲ့မယ္..."
" ဟုတ္.. ျမန္ျမန္ေတာ့လာခဲ့... "
" အင္း.. ေက်းဇူးပဲ..."
ထယ္ေယာင္းသည္ရွက္႐ြံ႕စြာႏွင့္ မ်က္ႏွာျပင္ကိုလက္ႏွစ္ဖက္လုံးႏွင့္ အုပ္မိုးပြတ္သပ္လိုက္ရသည္ ။
ၿပီးလွ်င္ အခ်ိန္ဆြဲမေနဘဲ ဌာနမႉးဆီမွာခြင့္ေတာင္း၍ ဂ်ဴတီကုတ္ကိုခြၽတ္ကာ ေဒၚေလးတို႔အိမ္ဆီသို႔ကားအျမန္ေမာင္းထြက္ခဲ့မိသည္ ။
သူ သူေဌးဂြၽန္ကို မ်က္ႏွာဘယ္လိုျပရမလဲ?..
သူ သူေဌးဂြၽန္အေရွ႕မွာေတာ့ သူ႕ရဲ႕သိမ္ငယ္ရွက္႐ြံ႕ဖြယ္အေျခအေနကို မျပသခ်င္ခဲ့တာကို ။
သူေဌးဂြၽန္အေရွ႕မွာေတာ့... ပုံမွန္လူသားတစ္ေယာက္လိုပဲ ေနထိုင္ခဲ့ခ်င္တာကို...။
ဘာလို႔ သူ႕ရဲ႕သိမ္ငယ္စရာအျဖစ္က သူေဌးဂြၽန္အေရွ႕က်မွတဲ့လဲ...။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇
𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.
𝖴𝗇𝗂𝖼𝗈𝖽𝖾
ဆိုဖာထက်၌ အနမ်းမိုးရွာသွန်းနေဆဲဖြစ်သည့် သူဌေးဂျွန်နှင့်ဒေါက်တာကင်မ် ။
သူဌေးဂျွန်၏လက်တစ်ဖက်သည် ဒေါက်တာကင်မ်၏ဂုတ်ပိုးကိုထိန်းကိုင်ထားသလို ကျန်တစ်ဖက်ကတော့ လက်တစ်ပွေ့စာလောက်သာရှိသည့်ဒေါက်တာကင်မ်၏ခါးထက်ဆီမှာ ပြေးလွှားနေသည် ။
စိတ်လိုလက်ရ နမ်းရှိုက်နေကြသည့်သူတို့နှစ်ဦးသား၏ အနမ်းသံသည် ဧည့်ခန်းတွင်း၌ TVမှထွက်ပေါ်နေသောအသံတစ်ချို့နှင့်အတူ ရောစွက် ပျံ့လွှင့်နေသည် ။
အချိန်တစ်ခုထိကြာမှ သူဌေးဂျွန်သည် အနမ်းကိုလက်စသတ်လိုက်ပြီး ဒေါက်တာကင်မ်ဆီမှအသာယာပြန်ဖယ်ခွာပေးသည့်အခါ မောဟိုက်မှုကြောင့် အသက်ပြင်းပြင်း ရှုရှိုက်နေသည့်ဒေါက်တာကင်မ်၏ မှေးစင်းနေသည့်မျက်လွှာလေးမှာအသာယာပြန်လည်ပွင့်ဟလာခဲ့သည် ။
အသည်းပုံသဏ္ဍာန် နှုတ်ခမ်းပါးသည် သူ နမ်းရှိုက်ထားမှုကြောင့် စိုလဲ့နေသည် ။
ဂျောင်ဂု၏နားရွက်ဖျားနှင့် လက်ဖမိုးတို့မှာ အနီရောင်ရင့်နေခဲ့ကာ ဒေါက်တာကင်မ်၏မျက်နှာလှလှဟာတော့ တစ်ပြင်လုံးပန်းသွေးခြယ်လျက်ရှိသည် ။
ထယ်ယောင်းသည် သူဌေးဂျွန်၏အနမ်းအောက်မှာ ပျော်ဝင်သွားပြီးမှ ရှက်ရွံ့ရမှန်းသိကာ ခပ်ရှက်ရှက်နှင့် TVဘက်ဆီကို ကပျာကယာမျက်နှာပြန်မူလိုက်သည် ။
သူဌေးဂျွန်သည်လည်း ထယ်ယောင်း၏တုံ့ပြန်မှုကြောင့် ဂုတ်ပိုးကိုအသာပွတ်သပ်ရင်း TVဘက်ဆီမျက်နှာမူသွားသည် ။
ပြီးသည်နောက်မှာတော့ အရွယ်ရောက်အမျိုးသားနှစ်ဦးသည် ချန်နယ်လိုင်းမပြောင်းရသေးသည့်ကာတွန်းကားကိုသာ အတောင့်လိုက်ကြီးကြည့်နေခဲ့ကြတော့သည် ။
" ကောင်းကောင်းပြန်ပါ.. သူဌေးဂျွန်...."
" ဟုတ်ကဲ့... ကျွန်တော် ပြန်ရောက်ရင် ဖုန်းဆက်လိုက်ပါမယ်....."
" ဟုတ်....."
သူဌေးဂျွန်သည် ဉက္ကဌကြီးကဖုန်းဆက်၍အိမ်ကိုပြန်လာရန် ဆိုတော့မှပင် ထယ်ယောင်းအခန်းထဲကနေ အိပ်ပျော်နေသည့်ဟွန်းလေးကိုအသာပွေ့ချီရင်း အိမ်ကိုပြန်ရန်ပြင်ရသည် ။
သူဌေးဂျွန်ကိုလာကြိုသည့်ဒရိုင်ဘာနှင့်အတူ မစ္စယိုဝန်းပါ ပါလာသည်ဖြစ်၍ ကားအနောက်ခန်းထဲမှာ မစ္စယိုဝန်းသည် ဟွန်းလေးကိုချီပွေ့ထားလျက်ထိုင်နေပြီ ။
သူဌေးဂျွန်ကတော့ တိုက်ခန်းမျက်နှာစာရှေ့ဆိုက်ရပ်ထားသော ကားထိတိုင်လိုက်ပို့ဆောင်ပေးသည့် ဒေါက်တာကင်မ်ကို ကားပေါ်မတက်ခင်နှုတ်ဆက်စကားဆိုနေသည် ။
" ဒါဆို ကျွန်တော် သွားတော့မယ်... အထဲပြန်ဝင်ပါတော့..."
" ဟုတ်ကဲ့...."
ကားအရှေ့ခန်းက ဒရိုင်ဘာ၏ဘေးခုံမှာပဲ ဝင်ထိုင်လိုက်သည့် ဂျွန်ဂျောင်ဂု ။
ထယ်ယောင်းကတော့ မစ္စယိုဝန်းကိုလည်းဦးညွှတ်နှုတ်ဆက်လိုက်ရင်း မြင်ကွင်းထဲကနေ သူဌေးဂျွန်တို့စီးနင်းသောကားလေး ကွယ်ပျောက်သွားသည်အထိရပ်ကြည့်ကျန်ခဲ့သည် ။
" ဟူး... ပူလိုက်တာ...."
နွေရာသီ ကုန်ဆုံး၍ ဆောင်းဦးသို့ဝင်စပြုနေပြီဖြစ်သောရာသီဉတုက လေစိမ်းတိုက်ခတ်၍ ချမ်းအေးစပြုနေပြီဆိုသော်လည်း ထယ်ယောင်းသည်ပူထူနေလျက်ရှိသည်ကြောင့် ပါးရဲရဲကိုလက်လေးနှင့် ယပ်ခတ်ရင်းအထဲပြန်ဝင်ခဲ့ရသည် ။
ပူလောင်နေသည်မှာ ဒေါက်တာကင်မ်တင်မဟုတ်ဘဲ သူဌေးဂျွန်မှာပါကူးစက်နေ၏ ။
သူဌေးဂျွန်သည် ရှပ်အင်္ကျီကြယ်သီးတစ်လုံးလောက် ဆွဲဖြုတ်လိုက်ကာ ကားမှန်ပြတင်းမှာ တံတောင်ဆစ်အသာတင်ကာ မိမိ၏အောက်နှုတ်ခမ်းသားကို လက်ညှိုးလေးနှင့်ထိဆွဲနေသည်မှာ အထပ်ထပ်အခါခါ ။
နူးညံ့လှသည့်နှုတ်ခမ်းသားကို ပြန်အတွေးရောက်လျှင် လှစ်ခနဲ ပေါ်ထွန်းလာသည့် ပါးချိုင့်ရေးရေးလေး ။
ပုံမှန်အချိန်ဆို မြင်ရခဲလှသည့်ပါးချိုင့်ရေးရေးမှာ ခဏခဏလှစ်ဟနေသည့်အခါ ဒရိုင်ဘာရော ကားနောက်ခန်းကမစ္စယိုဝန်းကရော အထူးတဆန်းနှင့်သူဌေးလေးကို စူးစမ်းအကြည့်ခဏခဏရောက်ရသည် ။
" ကျွန်တော်တို့ပြန်ရောက်ပြီ.. အဘိုး..."
" အေး..အေး... ဟွန်းလေးက အပြင်မှာ သိပ်လို့မရတာကိုသိရဲ့သားနဲ့... ဘာလို့နောက်ကျ...."
ဧည့်ခန်းတွင်း၌ သတင်းကြည့်နေသော ဉက္ကဌကြီးသည် သူ့ကိုပြုံးတုံ့တုံ့ဟန်နှင့်ကြည့်နေပါသော မြေးဖြစ်သူကြောင့် ပြောလက်စ စကားကိုပင်မေ့သွားရသည် ။
" အဲ့လိုလေးဖြစ်သွားတယ်... ကျွန်တော် အပေါ်တက်တော့မယ်.. ညနက်တဲ့အထိ မနေပါနဲ့..."
အပေါ်ထပ်မတက်ခင် ပါးချိုင့်ရေးရေးလေးတစ်ဖက်လှစ်ဟသည်အထိ ပြုံးပြနှုတ်ဆက်သွားပါသော ဂျောင်ဂုကြောင့် ဉက္ကဌကြီးသည် ပါးစပ်အဟောင်းသားနှင့်ကြည့်ကျန်ရစ်သည် ။
" ရား.. အတွင်းရေးမှူးယူ..."
" ဗျာ..."
" ဂျောင်ဂု... ငါ့ကို ပြုံးပြသွားတာကို.. မင်း မြင်လိုက်လား..."
" ဟုတ်ကဲ့.. မြင်လိုက်ပါတယ်.. သူဌေးလေးမှာ ပါးချိုင့်ရှိမှန်း ကျွန်တော် မသိခဲ့ဘူး..."
" ဒီကလေး.. နေတော့ကောင်းတယ်မလား...."
" ဒေါက်တာကင်မ်အိမ်ကနေ ပြန်လာတာလေ... ဉက္ကဌကြီး..."
ဟွန်းလေးကိုနေရာချပြီးမှ ပြန်ထွက်လာသည့်မစ္စယိုဝန်းက အထူးတဆန်းဖြစ်နေကြသည့်ဉက္ကဌကြီးတိုကို စကားထောက်ပေးလိုက်သည့်အခါ သူတို့သည် အနည်းငယ်သဘောပေါက်သွားသလို ခေါင်းတဆတ်ဆတ်ညိတ်သွားကြသည် ။
" ဒီကောင်.. ရည်းစားမထားဖူးတာ အရမ်းသိသာနေတာမဟုတ်ဘူးလား... ကျွတ်ကျွတ်... ဒါနဲ့.. ဒေါက်တာကင်မ်တို့မိသားစုကို ဆက်သွယ်ပြီးပြီးမလား..."
" ဟုတ်ကဲ့... ဒေါက်တာကင်မ်ရဲ့အဒေါ်ဆိုသူနဲ့ အဆက်အသွယ် ရပါတယ်..."
" သူတို့ဘက်ကရော.. လက်ခံချင်တဲ့ပုံရော ပေါ်ရဲ့လား..."
" ဒေါက်တာကင်မ်ရဲ့အဒေါ်ကတော့ ရိုးတဲ့ပုံရပါတယ်.. စကားပြောကြည့်လိုက်တော့ ဒေါက်တာကင်မ်ရဲ့သဘောကိုပဲကြည့်ပါတယ်ဆိုပြီး.. နှစ်ဖက်မိသားစုတွေ့ဆုံပွဲကိုလက်ခံပါတယ်..."
" ဒါဆို... တော်သေးတာပေါ့... မဂ်လာကိစ္စအဝဝက ငါတို့ဘက်ကပဲစီစဥ်ပေးမယ်ဆိုတာရော သေချာပြောပြတယ်မလား..."
" ဟုတ်ကဲ့...."
" အင်း.. သူတို့ဘက်က အားတဲ့ရက်ကိုမေးပြီး အဲ့နေ့မှာ နှစ်ဖက်မိသားစုတွေ့နိုင်ဖို့စီစဥ်လိုက်...."
" ဟုတ်ကဲ့.. ဉက္ကဌကြီး.. ဆောင်ရွက်လိုက်ပါမယ်...."
ကာယကံရှင်နှစ်ဦးပင် မသိသေးသည့် နှစ်ဖက်မိသားစုတွေဆုံပွဲအစီအစဥ်သည် ဆက်လက်ဖြစ်တည်လျက်ရှိနေသလို ဂျောင်ဂုသည်လည်း မိမိ၏အစီအစဥ်နှင့် ဒေါက်တာကင်မ်၏မိသားစုထံမှာ အကောင်းအမြင်ခံရရန် ကြိုးပမ်းအားထုတ်နေလျက်ရှိသည် ။
" အင်း... လက်ဆောင်ပစ္စည်းတွေကို ဒေါက်တာကင်မ်တို့မိသားစုအိမ်ဆီကို သေချာပို့ဆောင်ပေး..."
ဆယ်ဟိုကို ဖုန်းနှင့်မှာစရာရှိပြီးတာမှာပြီးသည်နှင့် သူသည် လူကိုယ်တိုင်လည်း သွားရောက်နှုတ်ဆက်သင့်ကြောင်း အတွေးဝင်မိသော်လည်း ဒေါက်တာကင်မ်ဘက်က တရားဝင်လက်မခံသေးသည့်အနေအထား၌ ဒေါက်တာကင်မ်ကိုအခက်တွေ့အောင်လုပ်မိမှာလည်း စိုးရွံ့သေးသည် ။
လက်ထဲကဖုန်း၏နံပါတ်၁ကို နှိပ်လိုက်သည့်အခါ အမည်တစ်ခုသတ်မှတ်ထားပါသော contactလေးမှာပေါ်လာခဲ့ကာ ဂျောင်ဂုသည် ထိုcontactကို ဖုန်းခေါ်ဆိုလိုက်သည် ။
" ဟယ်လို.. ဟုတ်ကဲ့... သူဌေးဂျွန်..."
အချိန်သိပ်ပင်မခြား တစ်ဖက်ဖုန်းမှဖြေကြားလာပါသည့် သြရှရှအသံက နားထဲငြိမ့်ခနဲဝင်လာသည်ဖြစ်၍ ဂျောင်ဂုသည် နှစ်လိုဖွယ်အပြုံးလေးထင်းသွားရသည် ။
" ဟုတ်ကဲ့... ဒေါက်တာကင်မ်... ကျွန်တော် အစောကပဲ.. အိမ်ပြန်ရောက်တယ်...."
" အာ... ဟုတ်ကဲ့... ဟွန်းလေးကရော... မနိုးသွားဘူးမလား.."
" မနိုးပါဘူး..."
" တော်သေးတာပေါ့...."
" ဒေါက်တာကင်မ်ကရော... အခု... အိပ်ရာဝင်နေပြီလား.."
" မဝင်သေးဘူး... ကျွန်တော်... ရာသီဥတုက ပူသလိုလိုရှိနေလို့ ရေချိုးပြီး.. အခု.. လီမွန်တီးဖျော်နေတာ..."
" အော်..."
" သူဌေးဂျွန်ကရော.. အိပ်ရာမဝင်သေးဘူးလား..."
" ကျွန်တော်က အိပ်ရာအစောကြီးမဝင်တတ်ဘူး.. အခုက စောသေးတယ်..."
" အင်း.. နည်းနည်းတော့ စောနေသေးတယ်...."
ဖန်ခွက်ထဲက လီမွန်တီးကို ခလောက်နေသည့်ထယ်ယောင်းသည် လက်တစ်ဖက်က ဖုန်းကိုကိုင်ဆောင်လျက် နား၌ကပ်ထားကာ သူဌေးဂျွန်၏အသံငြိမ်ငြိမ်ကို နားစိုက်ထောင်ရင်း အောက်နှုတ်ခမ်းသားကို ခပ်ဖွဖွလေး ဖိကိုက်လိုက်မိသည် ။
" ကျွန်တော် ပြန်ရောက်ကြောင်း... ဒေါက်တာကင်မ်ကို လှမ်းပြောပြတာပါ... ဒါဆို အနားယူပါတော့..."
" ဟုတ်... သူဌေးဂျွန်လည်း ကောင်းကောင်းအနားယူပါ... "
" ဟုတ်ကဲ့...."
" ကောင်းသောညလေး ပိုင်ဆိုင်ရပါစေ... သူဌေးဂျွန်..."
" ဒေါက်တာကင်မ်ကြောင့်... ကောင်းသောညကို ပိုင်ဆိုင်ထားနှင့်ပြီးပါပြီ..."
တစ်ဖက်မှ သူဌေးဂျွန်၏စကားကြောင့် ကိုယ်ဟန်လေးမတ်သွားခဲ့ရသည့်ထယ်ယောင်းမှာ လီမွန်တီးကိုလည်း ဆက်၍ခလောက်ဖို့ပင်မေ့လျော့သည် ။
" good night... ဒေါက်တာ..."
ရင်ခုန်သံမျာ ဖရိုဖရဲဖြစ်သွားရသည့် ထယ်ယောင်းမှာ သူဌေးဂျွန်၏ဖုန်းကိုချလိုက်ပြီးသည်နှင့် စားပွဲခုံမှာ လက်ထောက်ပြီးအားယူလိုက်ရသည် ။
" ဟူး..."
ခဲရာခဲဆစ်ရှုထုတ်လိုက်ရသည့် အောက်ဆီဂျင်...။
သူတော့ ကြာရင် သူဌေးဂျွန်ကြောင့် နှလုံးရောဂါရတော့မည်ထင် ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇
" စီနီယာ... ဖျော်ရည်သောက်မလို့လား... "
ဆေးရုံအတွင်းရှိ အအေးစက်အရှေ့၌ ခြေစုံရပ်နေသည့် ဂျူတီကုတ်အဖြူနှင့် ဂျီဟွန်းသည် သူရှိရာဆီသို့လျှောက်လမ်းလာနေသော စီနီယာထယ်ယောင်းကိုမြင်လျှင် အတွေးလွှင့်ပျံ့နေရာမှ အသိစိတ်ကပ်သွားရကာ အကြွေစေ့နှစ်စေ့ကို စက်အတွင်းသို့ထည့်လိုက်သည် ။
" ဘာသောက်မလဲ.. စီနီယာ...."
" ကိုလာ...."
" အာ...ကိုလာ...."
ဂျီဟွန်းသည် စီနီယာ့အတွက် ကိုလာကိုစက်အတွင်းမှထုတ်ပေးကာ တရိုတသေကမ်းပေးလိုက်လျှင် စီနီယာက လေးထောင့်အပြုံးလှလှလေးနှင့် ကျေးဇူးဟုဆိုကာ သူ့ပခုံးကိုလည်းပုတ်ပေးသွားသည် ။
စီနီယာထယ်ယောင်း၏နောက်ကျောပြင်ကို ခပ်ငေးငေးလေးကြည့်ကျန်ရစ်ခဲ့သော ပတ်ခ်ဂျီဟွန်းကြောင့် အအေးစက်ဆီလှမ်းလာနေသော ယောန်ဂျွန်းသည်စိတ်လေသလို ခေါင်းလေးယမ်းလိုက်သည် ။
" သနားစရာပဲ.. တစ်ယောက်တည်း အသဲကွဲနေတာ.. စီနီယာက... မင်းသူ့ကိုကြိုက်နေတာတောင် မသိဘူးမလား..."
" အားရှ်... ငါ အသဲမကွဲပါဘူး!...."
" လက်လျှော့လိုက်... မင်းပြိုင်ဘက်က ဘယ်သူထင်လို့လဲ... သူဌေးဂျွန်နော်... သူဌေးဂျွန်.. သူဌေးတောင်မှ.. ရိုးရိုးသူဌေးမဟုတ်ဘူး... အာရှတိုက်တစ်ခုလုံးမှာ.. အချမ်းသာဆုံး စားရင်းဝင်... တောင်ကိုရီးယားမှာဆို... သူ့ပိုင်ဆိုင်မှုတွေက လက်ညှိုးထိုးမလွှဲဘဲ.. မင်းအခု အလုပ်လုပ်နေတဲ့ဆေးရုံကတောင် Golden Timeရဲ့ပိုင်ဆိုင်မှုလေ... ချမ်းသာကြွယ်ဝတာတင်ပဲလား... အရည်အချင်းလည်းရှိတယ်.. ရုပ်ကလည်း... မင်းသားရှုံး...."
" အားရှ်!!.. သိတယ်လို့!!.. သိတယ်!!... တကယ်ပါပဲ...."
ယောန်ဂျွန်း၏စကားကြောင့် မခံမရပ်နိုင်အောင် ဖြစ်သွားပုံရသည့်ပတ်ခ်ဂျီဟွန်းသည် အာခေါင်ခြစ်အော်ပြီး အနားကနေအပြေးတပိုင်းလှည့်ထွက်သွားခဲ့လျှင် ချွဲယောန်ဂျွန်းသည် သူဘာမှမလုပ်သည့်ဟန်နှင့် နားရွက်နောက်ကိုလက်ညှိုးလေးနှင့်ကုတ်လိုက်သည် ။
" လူတွေက... အမှန်တရားကို လက်မခံနိုင်ကြဘူးပဲ..."
အအေးစက်ထဲ အကြွေစေ့နှစ်စေ့ထည့်လိုက်ကာ ဖျော်ရည်ရွေးရန်ပြင်နေစဥ် အအေးစက်ဆီသို့ ဒေါကြီးမောကြီးနှင့်ရောက်ချလာသော စီနီယာ ဟိုဆော့က ဆိုးခနဲဆတ်ခနဲ spriteကိုနှိပ်လိုက်ပြီး ဘူးကိုစက်အတွင်းကထုတ်ကာ ကမူးကထိုး ဖွင့်သောက်နေလျှင် ချွဲယောန်ဂျွန်းမှာ နားရွက်နောက်နားကိုလက်ညှိုးနှင့်အသာကုတ်ရင်း ရပ်ကြည့်နေရသည် ။
" အားရှ်!.. ဒေါသထွက်လိုက်တာ!!.. မင်ယွန်းဂီ!!!... အားရှ်...."
ကြိမ်းဝါးလိုက် မော့သောက်လိုက်နှင့် spriteတစ်ဘူးလုံး ကုန်စင်သွားမှ စီနီယာဟိုဆော့က သူ့နှုတ်ခမ်းကို ခမ်းကြမ်းကြမ်းပွတ်ဆွဲသုတ်သည် ။
" ပြဿနာ ထပ်ဖြစ်ပြန်ပြီလား... ပါမောက္ခမင်နဲ့..."
" ငါ ဆေးရုံပြောင်းတော့မှာ... သူ့လက်အောက်မှာ လုံးဝအလုပ်မလုပ်နိုင်တော့ဘူး... ပိတ်ရက်မှာတောင်နားချိန်မပေးဘူး.. over time.. over time!.. over time!!!!!နဲ့... ငါ blind dateတွေလည်း.. သူ့ကြောင့်ပျက်ခဲ့ရပေါင်းများနေပြီ!.. မင်ယွန်းဂီ...."
" အာ.. ဒေါသလေးလျှော့ပါ.. စီနီယာ... သူများကြားသွားရင်မကောင်းဘူးနော်..."
" သူ့လုပ်ရပ်ကရော.. လူကြားကောင်းလို့လား.. ငါ.. အလုပ်သမားဉပဒေနဲ့ တရားစွဲမှာ.. ဟုတ်တယ်.. မင်ယွန်းဂီကို တရားစွဲပစ်မယ်..."
ယောန်ဂျွန်းရဲ့လက်ထဲကို ဖျော်ရည်ဘူးခွံထည့်ပေးကာ ဘောက်ဆတ်ဘောက်ဆတ်နှင့်ထွက်ခွာသွားသော စီနီယာဟိုဆော့ကြောင့် ယောန်ဂျွန်းမှာခေါင်းအသာယမ်းမိလိုက်သည် ။
ပါမောက္ခမင်လက်အောက်မှာအလုပ်မလုပ်နိုင်ဘူး၊ ဆေးရုံပြောင်းမယ်နဲ့ စီနီယာဟိုဆော့၏ဓာတ်ပြားဟောင်းကို သူအလုပ်သင်ဝင်စတည်းကနားဆင်ခဲ့ရတာပဲ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇
ထယ်ယောင်းသည် လူနာကိုကျန်းမာရေးစစ်ပေးနေစဥ် သူ့ဖုန်းထံမှအချက်ပေးသံဝင်လာ၍ ဂျူတီကုတ်အိတ်ကပ်ထဲကနေထုတ်ကြည့်လိုက်လျှင် သူ့ညီမဝမ်းကွဲ ဂိုအွန်ဂျယ်ဆီကနေဆက်လာခဲ့တာဖြစ်သည် ။
အွန်ဂျယ်က ထယ်ယောင်းကိုမဆက်သွယ်လာသည်မှာတောင် ကြာလုပြီ ။
သူဌေးဂျွန်နှင့်သူ့၏ဗီဒီယိုကိစ္စက အနည်ထိုင်သွားပြီဖြစ်သော်လည်း တိုင်းသိပြည်သိနာမည်ကြီးခဲ့သည်ဖြစ်၍ ထိုအကြောင်းအရာကို မေးမြန်းဖို့အတွက် အွန်ဂျယ်ကဆက်လာခဲ့သည်ရှိသော် ဖြေရှင်းချက် မည်သို့ပေးရမည်မသိ ။
ထယ်ယောင်းသည် အကျပ်ရိုက်စွာနှင့်သာ အွန်ဂျယ်၏ဖုန်းကို ဖြေဆိုလိုက်သည် ။
" အင်း... အွန်ဂျယ်..."
" အစ်ကို... အခု ဖုန်းပြောဖို့အားရဲ့လား..."
" အော.. အစ်ကို အားတယ်...."
လူနာကိုစစ်ဆေးပေးနေသည်က လက်စသတ်ပြီဖြစ်၍ သူနာပြုကိုဆက်၍ဂရုစိုက်ခိုင်းလိုက်ကာ သူကတော့ ဖုန်းပြောရန်အတွက်နေရာကနေ ထထွက်လာခဲ့သည် ။
" အိမ်ကို လက်ဆောင်ပစ္စည်းတွေ အများကြီး ရောက်လာတယ်..."
" ဘယ်လို?..."
" အဖေပြောတာတော့... သူဌေးဂျွန်က.. ပို့လိုက်တာတဲ့... ညီမက သူဌေးဂျွန်နဲ့အစ်ကို့ရဲ့အကြောင်းကိုတွေ့ပေမယ့် အစ်ကို့ရဲ့ဘဝဖြစ်လို့ ဘာသိဘာသာနေပေးခဲ့တယ်... ဒါပေမယ့် အဖေရဲ့အကြောင်းကို.. လျှော့တွေးသွားမိတယ်... အစ်ကိုလည်း သိတယ်မလား.. အဖေက မရဘူး... သူဌေးဂျွန်ကို မျက်နှာပျက်စရာတွေဖြစ်နေလိမ့်မယ်.. အခု အိမ်ကိုရောက်နေတဲ့ပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်လဲ... ပြီးတော့ အများကြီးပဲ..."
အွန်ဂျယ်၏စကားကြောင့် ထယ်ယောင်းမှာသွေးက နားထင်ထက်ဆောင့်တိုးလာသလိုပင် ။
ဒေါ်လေးယောက်ျားဖြစ်သူ၏ အကြောင်းကို သူ ကောင်းကောင်းသိတာပေါ့ ။
ဦးလေးဂိုဂျီဆော့က ငွေနှင့်ပတ်သက်လျှင်မရပေ ။
လောင်းကစားလည်းစွဲနေသည်ကြောင့် အမြဲလိုလိုငွေကြေးလိုအပ်လျက်ရှိနေကာ ဒေါ်လေးကသူ့ယောက်ျားဒဏ်စည်းခံနေရသလို ဦးလေးဂျီဆော့သည် အဘွားဆုံးတုန်းကတောင် အဘွားနာရေး၏အကူငွေများကိုပါ အလွတ်ပေးခဲ့သည့်သူမဟုတ်ပေ ။
" အွန်ဂျယ်... အစ်ကို အကူအညီတောင်းပါတယ်... အဲ့ဒီ့လက်ဆောင်ပစ္စည်းတွေကိုသိမ်းပေးထားလို့ရလား... အစ်ကိုအခုချက်ခြင်း အိမ်ကိုလာခဲ့မယ်..."
" ဟုတ်.. မြန်မြန်တော့လာခဲ့... "
" အင်း.. ကျေးဇူးပဲ..."
ထယ်ယောင်းသည်ရှက်ရွံ့စွာနှင့် မျက်နှာပြင်ကိုလက်နှစ်ဖက်လုံးနှင့် အုပ်မိုးပွတ်သပ်လိုက်ရသည် ။
ပြီးလျှင် အချိန်ဆွဲမနေဘဲ ဌာနမှူးဆီမှာခွင့်တောင်း၍ ဂျူတီကုတ်ကိုချွတ်ကာ ဒေါ်လေးတို့အိမ်ဆီသို့ကားအမြန်မောင်းထွက်ခဲ့မိသည် ။
သူ သူဌေးဂျွန်ကို မျက်နှာဘယ်လိုပြရမလဲ?..
သူ သူဌေးဂျွန်အရှေ့မှာတော့ သူ့ရဲ့သိမ်ငယ်ရှက်ရွံ့ဖွယ်အခြေအနေကို မပြသချင်ခဲ့တာကို ။
သူဌေးဂျွန်အရှေ့မှာတော့... ပုံမှန်လူသားတစ်ယောက်လိုပဲ နေထိုင်ခဲ့ချင်တာကို...။
ဘာလို့ သူ့ရဲ့သိမ်ငယ်စရာအဖြစ်က သူဌေးဂျွန်အရှေ့ကျမှတဲ့လဲ...။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇
𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.