ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိ...

By Mia_Romos

395K 37.9K 468

Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Tra... More

Intro
Chapter : 1
Chapter : 2
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter : 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Chapter : 34
Chapter : 35
Chapter : 36
Chapter : 37
Chapter : 38
Chapter : 39
Chapter : 40
Chapter : 41
Chapter : 42
Chapter : 43
Chapter : 44
Chapter : 45
Chapter : 46
Chapter : 47
Chapter : 48
Chapter : 49
Chapter : 50
Chapter : 51
Chapter : 52
Chapter : 53
Chapter : 54
Chapter : 55
Chapter : 56
Chapter : 57
Chapter : 58
Chapter : 59
Chapter : 60
Chapter : 61
Chapter : 62
Chapter : 63
Chapter : 64
Chapter : 65
Chapter : 66
Chapter : 67
Chapter : 68
Chapter : 69
Chapter : 70
Chapter : 71
Chapter : 72
Chapter : 73
Chapter : 74
Chapter : 75
Chapter : 76
Chapter : 77
Chapter : 78
Chapter : 79
Chapter : 80
Chapter : 81
Chapter : 82
Chapter : 83
Chapter : 84
Chapter : 85
Chapter : 86
Chapter : 87
Chapter : 88
Chapter : 89
Chapter : 90
Chapter : 91
Chapter : 92
Chapter : 93
Chapter : 94
Chapter : 95
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109
Chapter : 110
Chapter : 111
Chapter : 112
Chapter : 113
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter : 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter : 145
Chapter : 146
Chapter : 147
Chapter : 148
Chapter : 149
Chapter : 150
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155
Chapter : 156
Chapter : 157
Chapter : 158
Chapter : 159
Chapter : 160
Chapter : 161
Chapter : 162
Chapter : 163
Chapter : 164
Chapter : 165
Chapter : 166
Chapter : 167
Chapter : 168
Chapter : 170
Chapter : 171
Chapter : 172
Chapter : 173
Chapter : 174
Chapter : 175

Chapter : 169

838 55 1
By Mia_Romos

Zawgyi

အခန္း၁၆၉- ထူးဆန္းေသာဟိုတယ္

ထိုစကားကို ၾကားလိုက္ရေသာအခါ Hugh၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့သြားသည္။

Adelaလည္း သူ႔ကိုယ္သူ စိတ္လႈပ္ရွားစြာ ဖက္ထားသည္။

Hugh တုန္တုန္ယင္ယင္နဲ႔ "မင္းအဲ့ဒါေတြကို ျမင္ရတာလား။ အဘြားႀကီးတစ္ေယာက္က ဘယ္လိုလုပ္ ေတာင္ေပၚမွာ ႐ုတ္တရက္ေပၚလာမွာလဲ။ မင္းတို႔ တခုခုကို မတိုက္မိဖူးမလား"

Hermanက ေအးစက္စြာေျပာသည္။ "အဲဒါက Maryက စတီယာရင္ကို လွည့္လိုက္လို႔။ ၿပီးေတာ့ ငါလည္း ျမင္လိုက္တယ္။"

ဖန္ခြက္ကိုယူရင္း Maryကိုၾကည့္လိုက္ေတာ့ Maryကဲ့သို႔ပင္ သူ႔မ်က္လုံးေထာင့္မွ အဘြားအိုကို ေတြ႕လိုက္ရသည္။

ဒါက Hughနဲ႔ Adelaကို ေၾကာက္ေစတယ္။

Adelaက "ငါတို႔ ဟိုတယ္ကိုေတာင္ မေရာက္ေသးပဲ အရမ္းေၾကာက္စရာေကာင္းတာကို ေတြ႕ေနရၿပီ။ အျမည္းလား?"

ေရွ႕ကို ဆက္မသြားဖို႔ သူတို႔အတြက္ သတိေပးခ်က္နဲ႔ ပိုတူတယ္လို႔ Mary ခံစားရတယ္။

Maryက Hughဘက္လွည့္ၿပီး "ဆက္သြားခ်င္တာ ေသခ်ာလား" လို႔ ေမးတယ္။

Hugh ေနာင္တရပါက၊ သူမသည္ သူႏွင့္ Hermanကို အရင္ျပန္လႊတ္လိုက္မည္။

.

Hughေၾကာက္ေနေပမယ့္ ဒီတစ္ခါေတာ့ သူေတာ္ေတာ္ေလး စိတ္ပိုင္းျဖတ္ထားတယ္။ "ဒါေပါ့! ငါက ဒီလိုလွည့္ကြက္ထဲ က်မွာမဟုတ္ဘူး။"

Maryဟာ Hermanကို ၾကည့္ခဲ့ရတယ္။ "ဒါဆို ဆက္ၾကရေအာင္။ ငါတို႔ အဲဒီကို ျမန္ျမန္ေရာက္သင့္တယ္။"

အမွန္ပင္ သူတို႔သည္ ထိုေနရာ၌ပင္ ရွိေနခဲ့သည္။

ျမဴထဲ မိနစ္ႏွစ္ဆယ္ေလာက္ သြားၿပီးတဲ့ေနာက္မွာေတာ့ ျမဴက ေတာ္ေတာ္ကို ပါးသြားတယ္။

ႀကီးမားေသာ ေတာင္နံရံတြင္ အေဆာက္အအုံတစ္ခု တည္ရွိေနသည္။

မူလေတာင္၏ တစ္ဝက္ခန႔္သည္ ခ်ိဳင့္ခြက္ျဖစ္ေနၿပီး ေျမျပင္ေပၚတြင္ အေဆာက္အအုံတစ္ခု ေဆာက္ထားသကဲ့သို႔ ျဖစ္ေနသည္။

ႏွစ္ေပါင္းမ်ားစြာ စြန႔္ပစ္ထားခဲ့ေသာ သက္တမ္းၾကာေနသည့္ အေဆာက္အအုံတစ္ခုကဲ့သို႔ ေဟာင္းႏြမ္းပ်က္စီးကာ ေျခာက္ကပ္တိတ္ဆိတ္ေနသည္။

လသာေဆာင္ အျပင္ဘက္ နံရံမ်ားတြင္လည္း ပုံမမွန္တဲ့ အနီကြက္မ်ား ရွိေနသည္။ အေဝးကၾကည့္ရင္ ေသြးအိုင္ႀကီးလိုပါပဲ...

ထူးဆန္းတဲ့ေတာင္၊ ျမဴခိုးေတြနဲ႔ ထူးဆန္းတဲ့ဟိုတယ္ႀကီး...

Hughက သူ႔ေရွ႕က ႀကီးမားတဲ့ အရာဝတၳဳကို ၾကည့္လိုက္တယ္။ "ဒီအိမ္က အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ လက္ေတြ႕ႀကဳံရတဲ့ခံစားမႈက ပုံထဲထက္ အဆတစ္ရာ ပိုျပင္းထန္တယ္။"

ကားက ေရွ႕ကို ဆက္သြားေနတာေၾကာင့္ ဘယ္သူမွ ျပန္မေျဖဘူး။

ထူးဆန္းတာက သူတို႔ဟိုတယ္ရဲ႕ပိုင္နက္ေျမထဲကို ဝင္လိုက္ကတည္းက ဒုတိယထပ္က ကားပါကင္အထိ သူတို႔ပတ္ဝန္းက်င္မွာ တစ္ေယာက္မွ မရွိဘူး။

သူတို႔ နီးကပ္လာေလေလ ဟိုတယ္၏ အျပင္ဘက္နံရံမ်ား မည္မွ် ညစ္ပတ္သည္ကို ျမင္ေလေလျဖစ္သည္။

အနီ၊ အစိမ္းႏွင့္ အဝါေရာင္တို႔က အေဆာက္အအုံတစ္ခုလုံးကို လႊမ္းၿခဳံထားသည္။

Maryသည္ မ်က္ႏွာေပၚက ၿငိမ္သက္ေနေသာ္လည္း တကယ္ေတာ့ သူမ ကားပါကင္ထဲသို႔ ဝင္လိုက္သည္ႏွင့္ သူမတစ္ကိုယ္လုံး အေနာက္ကေန လြင့္လာေသာ အုံ႔မႈိင္းေသာ ေရာင္ဝါတစ္ခု ခံစားလိုက္ရသည္...

ေနာက္ဆုံးတြင္ Herman ကားပါကင္တြင္ ကားကို ရပ္လိုက္သည္။

ႀကီးတဲ့RVသည္ ကားပါကင္ေနရာႏွစ္ေနရာကို ေနရာယူထားၿပီး ကား၏ေခါင္မိုးသည္ မ်က္ႏွာက်က္ႏွင့္ ထိလုနီးပါးျဖစ္ေနသည္။

သူတို႔ ေလးေယာက္ ကားေပၚမွ ဆင္းလာၾကသည္။ Adelaသည္ ခရီးေဆာင္အိတ္အားလုံးကို ေအာက္သို႔ ခ်ခဲ့ေသာ္လည္း ရိကၡာေတြက ကားထဲတြင္ က်န္ခဲ့သည္။ ဤပစၥည္းမ်ားကို လိုအပ္ခ်ိန္ သို႔မဟုတ္ အေရးေပၚအခ်ိန္မ်ားတြင္သာ အသုံးျပဳႏိုင္ၿပီး ပုံမွန္အခ်ိန္မ်ားတြင္ ထုတ္ယူရန္မလိုအပ္ေၾကာင္း Maryက ေျပာခဲ့သည္။

ကားေပၚမွ ဆင္းေသာအခါ ေလးေယာက္လုံး အံ့အားသင့္သြားၾကသည္။

ႀကီးမားေသာ ကားပါကင္ေနရာသည္ ဟိုတယ္၏ေအာက္ထပ္တစ္ခုလုံးတြင္ ေနရာယူထားၿပီး အဲ့မွာ ကားအနည္းငယ္သာ ရပ္ထားသည္။

ဒီေနရာက ႀကီးလြန္းတာေၾကာင့္ ကားပါကင္ေနရာ ရွာမေတြ႕ေပမယ့္ ကားရပ္တဲ့ေနရာကေန အေရွ႕၊ ေနာက္၊ ဘယ္နဲ႔ ညာကေန ျမင္ႏိုင္တဲ့ ကားေသး ေလးစီးေလာက္ပဲ ရွိတယ္။

ထို႔အျပင္ ၎တို႔အားလုံးသည္ ၿပိဳက်ပ်က္စီးလုနီးပါး ျဖစ္ေနေသာ ကားမ်ားျဖစ္သည္။

ကားမ်ားကို ဖုန္မႈန႔္မ်ားျဖင့္ ဖုံးထားသည္။ နီးကပ္လာေသာအခါတြင္ ေရညႇိမ်ားဖုံးလႊမ္းေနသည္ကို ေတြ႕လိုက္ရသည္။ ကားေတြက ကားပိုင္ရွင္ကို ဆုံးရႈံးသြားတာ ဘယ္ေလာက္ၾကာၿပီလဲ သူတို႔ မသိဘူး။

Adelaက လက္ႏွစ္ဖက္ ပိုက္ၿပီး စိတ္မသက္မသာနဲ႔ ၾကည့္ေနတယ္။ "ဒီေနရာကေန ဇြန္ဘီတစ္ေကာင္ အခ်ိန္မေ႐ြး ထြက္လာမယ္လို႔ ငါဘာလို႔ခံစားေနရတာလဲ။"

Hugh ဘာမွ မေျပာ။ သူ႔အမူအရာက သိပ္မၾကည့္ေကာင္းဖူး။

Mary ၿပဳံးလိုက္သည္။ "အဓိပၸာယ္မရွိတာေတြ မေျပာနဲ႔ေတာ့။ အရင္သြားၾကည့္ရေအာင္။"

ဒီလူႏွစ္ေယာက္က ေၾကာက္ေနတယ္ဆိုရင္ သူမဟာ တည္ၿငိမ္ေနသင့္တယ္လို႔ သူမခံစားမိတယ္။

Hermanသည္ သူမ၏ခရီးေဆာင္အိတ္ကို ကိုင္ထားတဲ့ Maryေနာက္သို႔ လိုက္သြားခဲ့သည္။ Hughလည္း သူ႔အိတ္ကို အျမန္မၿပီး ေနာက္က လိုက္သြားသည္။ Adelaဟာ ပိုင္ရွင္မဲ့ကားေတြကို မၾကည့္ရဲေတာ့ဘူး။

သူတို႔ေလးေယာက္က ထြက္ေပါက္ရွာဖို႔ ႀကိဳးစားၾကေပမယ့္ ထူးဆန္းတာက သူတို႔ေတြ႕လိုက္တိုင္း တံခါးကို သံေခ်းတက္ေနတဲ့ သံႀကိဳးေတြနဲ႔ ေသာ့ခတ္ထားတာ ဒါမွမဟုတ္ မေတာ္တဆ တစ္ဖက္ပိတ္လမ္းကို ေရာက္သြားတာပဲ။ ထြက္လမ္းရွာမေတြ႕ၾကဖူး။

မိနစ္ႏွစ္ဆယ္နီးပါး ရွာၿပီးေနာက္ Hermanသည္ အေရးေပၚထြက္ေပါက္၏သေကၤတကို ေနာက္ဆုံးတြင္ ေတြ႕လိုက္သည္။

"ဒီလမ္း!"

က်ဥ္းေျမာင္းေသာ ေကာ္ရစ္ဒါႏွင့္ နံရံမ်ားတြင္ မေရမတြက္ႏိုင္ေသာ ညစ္ပတ္ေသာအရာမ်ားျဖင့္ စြန္းထင္းေနခဲ့သည္။ မစင္မ်ား သို႔မဟုတ္ ေပ်ာ့ေပ်ာင္းေသာ အရာတစ္ခုကဲ့သို႔ ထင္ရသည္။ သန႔္ရွင္းမႈကို ႀကိဳက္တဲ့ Hughႏွင့္ Hermanကိုပင္ မေျပာနဲ႔ Maryပင္ အန္ခ်င္လာသည္။

သူတို႔ေလးေယာက္က သိပ္မၾကည့္ဖူး။ ခက္ခက္ခဲခဲျဖင့္ ေကာ္ရစ္ဒါမွ ဂ႐ုတစိုက္ထြက္လာၿပီး ဒုတိယထပ္ရွိ ဓာတ္ေလွကားစီ ေရာက္လာသည္။

သို႔ေသာ္ ဓာတ္ေလွကားတံခါးသို႔ ေရာက္ေသာအခါ ဓာတ္ေလွကားခလုတ္ကို ႏွိပ္ေသာ္လည္း တုံ႔ျပန္မႈ မရွိေပ။

သူတို႔ဦးေခါင္းအထက္မွ ဓာတ္ေလွကားနံပါတ္သည္ အေပၚမွေအာက္ကို ေျပာင္းလဲေနသည္။ စတုတၳထပ္သို႔ေရာက္ေသာအခါ ရပ္တန႔္သြားသည္။ Maryက "ေလွကားကိုပဲ ငါတို႔သုံးရမယ္ထင္တယ္"

Hughက သူ႔ေခါင္းကို ကိုင္လိုက္ၿပီး အနည္းငယ္ ေၾကကြဲသြားသည္။ "ဘုရားေရ! ေၾကာက္စရာေကာင္းတဲ့ စတင္မႈပဲ!"

Adelaက ဆုေတာင္းတဲ့အမူအရာလုပ္တယ္။ "ဘုရားသခင္က ကြၽန္ေတာ္တို႔ကို ေခ်ာေမြ႕တဲ့ခရီးတစ္ခုနဲ႔ ေကာင္းခ်ီးေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္... ေနာက္ဆုံး မီးေတာင္ခရီးစဥ္လိုပဲ ကြၽန္ေတာ္တို႔ ေသျခင္းမွလြတ္ေျမာက္ႏိုင္ပါေစ!"

Maryက သူတို႔ႏွစ္ေယာက္ဟာ တကယ့္ကို ရယ္စရာေကာင္းတယ္လို႔ ေတြးၿပီး တင္းမာတဲ့ေလထုကို ဖ်က္ဆီးလိုက္တယ္။

Hermanက ငုံ႔ၾကည့္ေတာ့ Maryၿပဳံးေနတာကို ေတြ႕လိုက္တယ္။

သူတို႔ေလးေယာက္က ခရီးေဆာင္အိတ္ကို အေပၚထပ္ေလွကားကေန သယ္သြားၾကသည္။

**********

Unicode

အခန်း၁၆၉- ထူးဆန်းသောဟိုတယ်

ထိုစကားကို ကြားလိုက်ရသောအခါ Hugh၏ မျက်နှာသည် ဖြူဖျော့သွားသည်။

Adelaလည်း သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ဖက်ထားသည်။

Hugh တုန်တုန်ယင်ယင်နဲ့ "မင်းအဲ့ဒါတွေကို မြင်ရတာလား။ အဘွားကြီးတစ်ယောက်က ဘယ်လိုလုပ် တောင်ပေါ်မှာ ရုတ်တရက်ပေါ်လာမှာလဲ။ မင်းတို့ တခုခုကို မတိုက်မိဖူးမလား"

Hermanက အေးစက်စွာပြောသည်။ "အဲဒါက Maryက စတီယာရင်ကို လှည့်လိုက်လို့။ ပြီးတော့ ငါလည်း မြင်လိုက်တယ်။"

ဖန်ခွက်ကိုယူရင်း Maryကိုကြည့်လိုက်တော့ Maryကဲ့သို့ပင် သူ့မျက်လုံးထောင့်မှ အဘွားအိုကို တွေ့လိုက်ရသည်။

ဒါက Hughနဲ့ Adelaကို ကြောက်စေတယ်။

Adelaက "ငါတို့ ဟိုတယ်ကိုတောင် မရောက်သေးပဲ အရမ်းကြောက်စရာကောင်းတာကို တွေ့နေရပြီ။ အမြည်းလား?"

ရှေ့ကို ဆက်မသွားဖို့ သူတို့အတွက် သတိပေးချက်နဲ့ ပိုတူတယ်လို့ Mary ခံစားရတယ်။

Maryက Hughဘက်လှည့်ပြီး "ဆက်သွားချင်တာ သေချာလား" လို့ မေးတယ်။

Hugh နောင်တရပါက၊ သူမသည် သူနှင့် Hermanကို အရင်ပြန်လွှတ်လိုက်မည်။

.

Hughကြောက်နေပေမယ့် ဒီတစ်ခါတော့ သူတော်တော်လေး စိတ်ပိုင်းဖြတ်ထားတယ်။ "ဒါပေါ့! ငါက ဒီလိုလှည့်ကွက်ထဲ ကျမှာမဟုတ်ဘူး။"

Maryဟာ Hermanကို ကြည့်ခဲ့ရတယ်။ "ဒါဆို ဆက်ကြရအောင်။ ငါတို့ အဲဒီကို မြန်မြန်ရောက်သင့်တယ်။"

အမှန်ပင် သူတို့သည် ထိုနေရာ၌ပင် ရှိနေခဲ့သည်။

မြူထဲ မိနစ်နှစ်ဆယ်လောက် သွားပြီးတဲ့နောက်မှာတော့ မြူက တော်တော်ကို ပါးသွားတယ်။

ကြီးမားသော တောင်နံရံတွင် အဆောက်အအုံတစ်ခု တည်ရှိနေသည်။

မူလတောင်၏ တစ်ဝက်ခန့်သည် ချိုင့်ခွက်ဖြစ်နေပြီး မြေပြင်ပေါ်တွင် အဆောက်အအုံတစ်ခု ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။

နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သော သက်တမ်းကြာနေသည့် အဆောက်အအုံတစ်ခုကဲ့သို့ ဟောင်းနွမ်းပျက်စီးကာ ခြောက်ကပ်တိတ်ဆိတ်နေသည်။

လသာဆောင် အပြင်ဘက် နံရံများတွင်လည်း ပုံမမှန်တဲ့ အနီကွက်များ ရှိနေသည်။ အဝေးကကြည့်ရင် သွေးအိုင်ကြီးလိုပါပဲ...

ထူးဆန်းတဲ့တောင်၊ မြူခိုးတွေနဲ့ ထူးဆန်းတဲ့ဟိုတယ်ကြီး...

Hughက သူ့ရှေ့က ကြီးမားတဲ့ အရာဝတ္ထုကို ကြည့်လိုက်တယ်။ "ဒီအိမ်က အရမ်းကြောက်ဖို့ကောင်းတယ်။ လက်တွေ့ကြုံရတဲ့ခံစားမှုက ပုံထဲထက် အဆတစ်ရာ ပိုပြင်းထန်တယ်။"

ကားက ရှေ့ကို ဆက်သွားနေတာကြောင့် ဘယ်သူမှ ပြန်မဖြေဘူး။

ထူးဆန်းတာက သူတို့ဟိုတယ်ရဲ့ပိုင်နက်မြေထဲကို ဝင်လိုက်ကတည်းက ဒုတိယထပ်က ကားပါကင်အထိ သူတို့ပတ်ဝန်းကျင်မှာ တစ်ယောက်မှ မရှိဘူး။

သူတို့ နီးကပ်လာလေလေ ဟိုတယ်၏ အပြင်ဘက်နံရံများ မည်မျှ ညစ်ပတ်သည်ကို မြင်လေလေဖြစ်သည်။

အနီ၊ အစိမ်းနှင့် အဝါရောင်တို့က အဆောက်အအုံတစ်ခုလုံးကို လွှမ်းခြုံထားသည်။

Maryသည် မျက်နှာပေါ်က ငြိမ်သက်နေသော်လည်း တကယ်တော့ သူမ ကားပါကင်ထဲသို့ ဝင်လိုက်သည်နှင့် သူမတစ်ကိုယ်လုံး အနောက်ကနေ လွင့်လာသော အုံ့မှိုင်းသော ရောင်ဝါတစ်ခု ခံစားလိုက်ရသည်...

နောက်ဆုံးတွင် Herman ကားပါကင်တွင် ကားကို ရပ်လိုက်သည်။

ကြီးတဲ့RVသည် ကားပါကင်နေရာနှစ်နေရာကို နေရာယူထားပြီး ကား၏ခေါင်မိုးသည် မျက်နှာကျက်နှင့် ထိလုနီးပါးဖြစ်နေသည်။

သူတို့ လေးယောက် ကားပေါ်မှ ဆင်းလာကြသည်။ Adelaသည် ခရီးဆောင်အိတ်အားလုံးကို အောက်သို့ ချခဲ့သော်လည်း ရိက္ခာတွေက ကားထဲတွင် ကျန်ခဲ့သည်။ ဤပစ္စည်းများကို လိုအပ်ချိန် သို့မဟုတ် အရေးပေါ်အချိန်များတွင်သာ အသုံးပြုနိုင်ပြီး ပုံမှန်အချိန်များတွင် ထုတ်ယူရန်မလိုအပ်ကြောင်း Maryက ပြောခဲ့သည်။

ကားပေါ်မှ ဆင်းသောအခါ လေးယောက်လုံး အံ့အားသင့်သွားကြသည်။

ကြီးမားသော ကားပါကင်နေရာသည် ဟိုတယ်၏အောက်ထပ်တစ်ခုလုံးတွင် နေရာယူထားပြီး အဲ့မှာ ကားအနည်းငယ်သာ ရပ်ထားသည်။

ဒီနေရာက ကြီးလွန်းတာကြောင့် ကားပါကင်နေရာ ရှာမတွေ့ပေမယ့် ကားရပ်တဲ့နေရာကနေ အရှေ့၊ နောက်၊ ဘယ်နဲ့ ညာကနေ မြင်နိုင်တဲ့ ကားသေး လေးစီးလောက်ပဲ ရှိတယ်။

ထို့အပြင် ၎င်းတို့အားလုံးသည် ပြိုကျပျက်စီးလုနီးပါး ဖြစ်နေသော ကားများဖြစ်သည်။

ကားများကို ဖုန်မှုန့်များဖြင့် ဖုံးထားသည်။ နီးကပ်လာသောအခါတွင် ရေညှိများဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ ကားတွေက ကားပိုင်ရှင်ကို ဆုံးရှုံးသွားတာ ဘယ်လောက်ကြာပြီလဲ သူတို့ မသိဘူး။

Adelaက လက်နှစ်ဖက် ပိုက်ပြီး စိတ်မသက်မသာနဲ့ ကြည့်နေတယ်။ "ဒီနေရာကနေ ဇွန်ဘီတစ်ကောင် အချိန်မရွေး ထွက်လာမယ်လို့ ငါဘာလို့ခံစားနေရတာလဲ။"

Hugh ဘာမှ မပြော။ သူ့အမူအရာက သိပ်မကြည့်ကောင်းဖူး။

Mary ပြုံးလိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ အရင်သွားကြည့်ရအောင်။"

ဒီလူနှစ်ယောက်က ကြောက်နေတယ်ဆိုရင် သူမဟာ တည်ငြိမ်နေသင့်တယ်လို့ သူမခံစားမိတယ်။

Hermanသည် သူမ၏ခရီးဆောင်အိတ်ကို ကိုင်ထားတဲ့ Maryနောက်သို့ လိုက်သွားခဲ့သည်။ Hughလည်း သူ့အိတ်ကို အမြန်မပြီး နောက်က လိုက်သွားသည်။ Adelaဟာ ပိုင်ရှင်မဲ့ကားတွေကို မကြည့်ရဲတော့ဘူး။

သူတို့လေးယောက်က ထွက်ပေါက်ရှာဖို့ ကြိုးစားကြပေမယ့် ထူးဆန်းတာက သူတို့တွေ့လိုက်တိုင်း တံခါးကို သံချေးတက်နေတဲ့ သံကြိုးတွေနဲ့ သော့ခတ်ထားတာ ဒါမှမဟုတ် မတော်တဆ တစ်ဖက်ပိတ်လမ်းကို ရောက်သွားတာပဲ။ ထွက်လမ်းရှာမတွေ့ကြဖူး။

မိနစ်နှစ်ဆယ်နီးပါး ရှာပြီးနောက် Hermanသည် အရေးပေါ်ထွက်ပေါက်၏သင်္ကေတကို နောက်ဆုံးတွင် တွေ့လိုက်သည်။

"ဒီလမ်း!"

ကျဉ်းမြောင်းသော ကော်ရစ်ဒါနှင့် နံရံများတွင် မရေမတွက်နိုင်သော ညစ်ပတ်သောအရာများဖြင့် စွန်းထင်းနေခဲ့သည်။ မစင်များ သို့မဟုတ် ပျော့ပျောင်းသော အရာတစ်ခုကဲ့သို့ ထင်ရသည်။ သန့်ရှင်းမှုကို ကြိုက်တဲ့ Hughနှင့် Hermanကိုပင် မပြောနဲ့ Maryပင် အန်ချင်လာသည်။

သူတို့လေးယောက်က သိပ်မကြည့်ဖူး။ ခက်ခက်ခဲခဲဖြင့် ကော်ရစ်ဒါမှ ဂရုတစိုက်ထွက်လာပြီး ဒုတိယထပ်ရှိ ဓာတ်လှေကားစီ ရောက်လာသည်။

သို့သော် ဓာတ်လှေကားတံခါးသို့ ရောက်သောအခါ ဓာတ်လှေကားခလုတ်ကို နှိပ်သော်လည်း တုံ့ပြန်မှု မရှိပေ။

သူတို့ဦးခေါင်းအထက်မှ ဓာတ်လှေကားနံပါတ်သည် အပေါ်မှအောက်ကို ပြောင်းလဲနေသည်။ စတုတ္ထထပ်သို့ရောက်သောအခါ ရပ်တန့်သွားသည်။ Maryက "လှေကားကိုပဲ ငါတို့သုံးရမယ်ထင်တယ်"

Hughက သူ့ခေါင်းကို ကိုင်လိုက်ပြီး အနည်းငယ် ကြေကွဲသွားသည်။ "ဘုရားရေ! ကြောက်စရာကောင်းတဲ့ စတင်မှုပဲ!"

Adelaက ဆုတောင်းတဲ့အမူအရာလုပ်တယ်။ "ဘုရားသခင်က ကျွန်တော်တို့ကို ချောမွေ့တဲ့ခရီးတစ်ခုနဲ့ ကောင်းချီးပေးမယ်လို့ မျှော်လင့်ပါတယ်... နောက်ဆုံး မီးတောင်ခရီးစဉ်လိုပဲ ကျွန်တော်တို့ သေခြင်းမှလွတ်မြောက်နိုင်ပါစေ!"

Maryက သူတို့နှစ်ယောက်ဟာ တကယ့်ကို ရယ်စရာကောင်းတယ်လို့ တွေးပြီး တင်းမာတဲ့လေထုကို ဖျက်ဆီးလိုက်တယ်။

Hermanက ငုံ့ကြည့်တော့ Maryပြုံးနေတာကို တွေ့လိုက်တယ်။

သူတို့လေးယောက်က ခရီးဆောင်အိတ်ကို အပေါ်ထပ်လှေကားကနေ သယ်သွားကြသည်။

**********

Continue Reading

You'll Also Like

10.3K 858 5
တကယ္မမွတ္မိတာလား... စေနာက္ျခင္းပဲလား... နားကပ္ေလးတစ္ရံ ကေနတဆင့္ အသိတစ္ခုေတာ့ ရလိုက္တယ္... (My Own Creation)
305K 30.6K 128
Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collection Team' on Fb💛 Every Tuesday & bonus...
332K 42.8K 40
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...
129K 17.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ