Wonderful Promise
By TayDiDi
791K 66.7K 11.9K
(Myanmar Boy Love Fiction-OC) Match Made In Clouds (ကြည်ညွှန်း Family) ရဲ့ Season 2 ပါ Match Made In Clouds က... More
Intro (U&Z)
Ep 1 (U)
EP 1 (Z)
Ep 2 (U)
Ep 2 (Z)
Love For Wonderful and Pauk Pauk ♥️
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Note
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Final (U)
Final (Z)
Thank You ♥️
Love For KoKo & One Four ♥️
Wonderful Honeymoon in Zircon Part 1 (U)
Wonderful Honeymoon in Zircon Part 1 (Z)
Wonderful Honeymoon in Zircon Part 2 (U)
Wonderful Honeymoon in Zircon Part 2 (Z)
Love For Ko Ko and 14 ❤️
Ep 12 (U)
30.2K 2.8K 339
By TayDiDi
"ရောင်နီဦး စာပေ"
မန်ကျည်းပင်အောက်က ဆိုင်ခန်းကျဉ်းလေးရှေ့မှာ ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်လေး။ ကင်မရာကို ဆိုင်းဘုတ်ဆီမှ ဖြည်းဖြည်းချင်း ရွှေ့လျားပြီး ဆိုင်ပေါက်ဝဆီကို ရွှေ့လိုက်တော့ ထည်ဝါ့ကင်မရာ မြင်ကွင်းထဲမှာ ကလေးနှစ်ယောက်က ကာတွန်းစာအုပ်ကိုယ်စီပိုက်လျှက် ဆိုင်ထဲမှ ပြေးထွက်လာကြသည်။
"အစ်ကိုတို့ အိမ်ထောင်ကျပြီး ဒီရပ်ကွက်ကိုစရောက်လာတော့ ဘာအလုပ်မှမရှိသေးဘူး။ အစ်ကို့အမျိုးသမီးက စျေးထဲမှာ ကုန်ခြောက်ရောင်းတယ်။ အစ်ကိုက ဘွဲ့ရပြီးပါပြီ။ အဝေးသင်နဲ့ ကျောင်းပြီးထားတာ ဒါပေမဲ့ ဝန်ထမ်းလစာ ဘာမှမစားလောက်တဲ့အပြင် ကိုယ်ပိုင်အချိန်လည်း နည်းတယ်လေ"
"အဲ့ဒါနဲ့ အစ်ကို ဒီဆိုင်ခန်းလေးကို ငှါးပြီး စက်ဘီးပြင်ဆိုင်လေးဖွင့်ဖြစ်တယ်။ အရင်က ဒီဘေးက မိတ္တူဆိုင်...နောက်တော့ သူတို့ကနေရာပြောင်းသွားကြတယ်... အငှါးလည်းမပေါ်တာနဲ့ ဆိုင်ရှင်က ဒီတိုင်းပိတ်ထားတာ"
"အစ်ကိုတို့ နယ်မှာအဖေက ငယ်ငယ်ကတည်းက စာအုပ်အငှါးဆိုင်လေး ဖွင့်ခဲ့တာလေ... နာမည်ကလည်း ရောင်နီဦး စာပေပဲ... တစ်ရက် အဖေက ဖုန်းလှမ်းဆက်တယ် ငါတို့ ဆိုင်ဖြုတ်တော့မယ်ကွာတဲ့... အစ်ကို စိတ်ထဲမှာ တော်တော်မကောင်းဖြစ်သွားတယ်"
ကိုမျိုးမင်းလတ်က စာအုပ်တွေကို စီနေရင်းနှင့် ဆိုင်ပြင်ကိုငေးသည်။ ထို့နောက် သက်ပြင်းချလိုက်ကာ...
"ကိုယ်မွေးကတည်းက စာအုပ်အငှါးဆိုင်နဲ့ စာအုပ်တွေကြားမှာ ကြီးပြင်းလာခဲ့ရတော့ နှမြောတယ်... စာအုပ်ဆိုင်က အငှါးမလိုက်တော့ဘူး... အဖေတို့ကလည်း အသက်ကြီးပြီဆိုတော့ မတားရက်ဘူး... ကိုယ့်ဆိုင်ဘေးက ဆိုင်ခန်းက လွတ်နေတာနဲ့ ဆိုင်ရှင်ကိုပြောပြီး ဒီမှာ စာအုပ်အငှါးဆိုင်လေး ဖွင့်ဖို့စိတ်ကူးရတယ်... အဲ့ဒါနဲ့ နယ်ဆင်းပြီး စာအုပ်တွေကို သွားသယ်ချလာခဲ့တာပဲ... ဒီမှာ ဆိုင်ခန်းကကျဉ်းတော့ တချို့စာအုပ်တွေကို အဟောင်းတန်းမှာ ပြန်ရောင်းလိုက်ရသေးတယ်"
"အငှါးလိုက်တာ မလိုက်တာထက် ကိုယ့်ငယ်ဘဝ အမှတ်တရလေးကို တတ်နိုင်သလောက် ကိုယ့်အနားပြန်ခေါ်ထားတဲ့ သဘောပါပဲ... နောက်တော့ စက်ဘီးလာပြင်တဲ့ ကလေးတွေက ငှါးဖတ်ကြတယ်... နောက်တော့ ရပ်ကွက်ထဲက တော်တော်များများ လာငှါးဖတ်ကြပါတယ်"
တေဇက ကင်မရာတစ်လုံးဖြင့် စာအုပ်တွေကို တစ်အုပ်ချင်းစီလိုက်ရိုက်ပေးသည်။
"ဒီနေ့ခတ် Social media တွေအားကောင်းပြီး တိုးတက်လာတာကောင်းပေမဲ့ လူငယ်လေးတွေ စာဖတ်အားနည်းလာကြတာ တော်တော်စိတ်မကောင်းစရာပဲကွ... တချို့တတ်နိုင်တဲ့သူတွေကတော့ စာအုပ်အရောင်းဆိုင်တွေကနေ ကိုယ်ပိုင်ဝယ်ဖတ်ကြပါတယ်... အဲ... မဝယ်နိုင်တဲ့သူတွေကျတော့ စာအုပ်တွေနဲ့ အလှမ်းဝေးသွားရောကွ"
ကိုမျိုးမင်းလတ်အပြောကို ဝီလျံက ခေါင်းညိတ်ထောက်ခံသည်။
"ဟုတ်တယ် အစ်ကို... စာအုပ် ကိုယ်ပိုင်မဝယ်နိုင်တဲ့သူတွေ...နောက်ပြီး စာအုပ်တွေသိမ်းထားဖို့နေရာ အခက်အခဲရှိတဲ့သူတွေအတွက် စာအုပ်အငှါးဆိုင်လေးတွေက သိပ်အဆင်ပြေမှာပဲ"
ထိုအခိုက်မှာပဲ ဆိုင်ရှေ့မှာ စက်ဘီးရပ်သံနှင့်အတူ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက် ရောက်လာသည်။ ထိုကောင်လေး၏ ဘယ်ဘက် မျက်လုံးလေးတစ်ဖက်က သိသိသာသာစောင်းနေသည်။ သူက ညာဘက်ကိုခေါင်းနည်းနည်းစောင်း၍ ထည်ဝါတို့ကိုကြည့်သည်။
"ဟာ ကိုကြီး Wonderful တို့ပါလား"
ထိုကောင်လေးက ထည်ဝါ့ youtube video တွေကြည့်ဖြစ်သည်ထင်၏။ V log တွေထဲမှာ ရံဖန်ရံခါ ပါတတ်သော ဝီလျံနှင့် တေဇတို့ကိုပါ သိနေသည်။
"တွေ့ရတာ တကယ်ဝမ်းသာတယ်ဗျာ... ကျွန်တော် အပြင်မှာတွေ့ဖူးချင်နေတာဗျ"
"အေးကွ ကိုကြီးတို့ ဒီရပ်ကွက်ကို ခဏခဏ ရောက်ဖြစ်ပါတယ်"
"ကျွန်တော်တို့ အေးရိပ်ငြိမ်ရပ်ကွက်လဲ ကိုကြီးကြောင့် နာမည်ကြီးနေပြီဗျ... ဓာတ်ပုံတူတူရိုက်ချင်တာဗျာ... ကိုကြီး Wonderful က ဓာတ်ပုံရိုက်ရတာ မကြိုက်ဘူးလို့ ပြောထားတော့ မရိုက်တော့ပါဘူး"
ထည်ဝါက အပြင်တွေသွားလို့ Youtube မှ Subscriber တွေနှင့်တွေ့လျှင် ဓတ်ပုံတွေမရိုက်ကြဖို့ ခဏခဏ မေတ္တာရပ်ခံလွန်းသဖြင့် တချို့က ထည်ဝါ့စိတ်ကိုနားလည်နေကြပြီ... တားမရ ဆီးမရ တချို့တလေသာ အတင်းခိုးရိုက်တတ်ကြသည်။
"ကျေးဇူးပါကွာ... ညီလေးက စာအုပ်လာငှါးတာလား"
"ဟိုနေ့က ငှါးထားတာ လာအပ်ရင်း အသစ်လာငှါးတာ"
"ဒီကောင်လေးနာမည်က ထက်ဝေယံတဲ့ အစ်ကို့ဆိုင်ရဲ့ ဖောက်သည်ဆိုပါတော့ကွာ စာဖတ်အား အရမ်းကောင်းတယ်...ဟိတ်ကောင် မင်း အသက်ဘယ်လောက်လဲ ငါမေ့သွားလို့"
"ကျွန်တော် ဒီနှစ် ၁၃ နှစ်ပြည့်မှာ"
"အား...ငယ်သေးတာပဲ"
"ငယ်သေးပေမဲ့ ဒီကောင် စာဖတ်သက် ရင့်နေပြီကွ"
"လေးစားတယ်ကွာ... ကိုကြီးတို့သုံးယောက်လုံးက ၁၈ နှစ် ... ခုမှ စာအုပ်တွေစဖတ်ရမှာ နောက်မကျသေးဘူးမဟုတ်လားကွ"
"အာ... စာဖတ်ခြင်းမှာ နောက်ကျတယ် စောတယ်ဆိုတာ မရှိပါဘူး ကိုကြီးရ... ဘယ်ချိန်ဖတ်ဖတ် စဖတ်လိုက်တဲ့ အချိန်ကစပြီး အကျိုးရှိသွားရတာပဲ"
ထက်ဝေယံက တကယ်ပင် ၁၃ နှစ်အရွယ်နှင့် မလိုက်အောင် စကားအပြောအဆိုရင့်ကျက်သည်ကို ထည်ဝါတို့ သတိထားမိရသည်။
"အတော်ပဲ ကိုကြီးတို့က ဒီစာအုပ်အငှါးဆိုင်လေးအကြောင်း ရိုက်ကူးရေးလုပ်နေတာ... လာငှါးနေကျ စာဖတ်သူတစ်ယောက်အနေနဲ့ ရိုက်ကူးရေးထဲမှာ အားဖြည့်ပေးပါဦး"
"ဟုတ်ကဲ့ ဘာကူညီရမလဲ ခင်ဗျ"
"အရင်ဆုံး ဒီလိုစာအုပ်အငှါးဆိုင်လေးတွေရှိတာ မင်း ဘယ်လိုမြင်လဲ... မင်းအတွက်ဘယ်လောက် အကျိုးရှိလဲ sharing လုပ်ပါဦးကွ"
"ဟာ အကျိုးရှိတာပေါ့ဗျာ... ကျွန်တော်တို့လို လူမျိုးတွေက ဖုန်းဘေလ်ဖိုး မတတ်နိုင်လို့ ဖုန်းချည်းပဲလည်း တစ်ချိန်လုံးကြည့်မနေနိုင်ဘူးလေ... ကိုယ်ပိုင်စာအုပ်လည်း မဝယ်နိုင်ဘူး... ပြီးတော့ ဦးလေးအိမ်မှာကပ်နေရတာ...စာအုပ်တွေထားစရာနေရာလဲမရှိဘူးဗျ... ကိုမျိုးမင်းလတ်ရဲ့ ဒီဆိုင်လေးကိုတွေ့တော့ ကျွန်တော် တော်တော်ဝမ်းသာတာ"
"ဒီမြိုနယ်ထဲမှာ စာကြည့်တိုက်တွေ ဘာတွေမရှိဘူးလား"
"ရှိတယ်လို့တော့ မကြားမိဘူးဗျ... ကျွန်တော်တို့စာသင်ကျောင်းမှာတော့ ကျောင်းစာကြည့်တိုက်တစ်ခုရှိတယ်ဗျ... အမြဲတမ်းသော့ပိတ်ထားတာ...အထဲတောင် မဝင်ရပါဘူး"
ထည်ဝါ သက်ပြင်းချလိုက်မိသည်။ ထည်ဝါတို့က International School တက်ခဲ့ကြရတဲ့သူတွေမို့ အစိုးရစာသင်ကျောင်းတွေရဲ့ စနစ်ကို တကယ်ပဲနားမလည်နိုင်ဖြစ်ရသည်။ တိုက်ဆိုင်လို့ အိမ်ကမော်မော် ပြောဖူးတာ သွားသတိရမိသည်။ မော်မော်တို့ ငယ်ငယ်က နယ်ကျောင်းကို မီဒီယာသင်ကြားရေးဟုဆိုကာ ကွန်ပျူတာတစ်လုံးရောက်လာခဲ့ပြီး သော့ပိတ်ထားသောအခန်းထဲတွင် ထည့်ထားသည်ဟုဆိုသည်။ လူကြီးလာမှ စာတော်သော ကျောင်းသူတစ်ဦးကို ခေါ်ပြီး နှိပ်ပြခိုင်းသည်တဲ့လေ။ နိုင်ငံတစ်နိုင်ငံတိုးတက်မည့်အရေးတွင် ပညာရေးစနစ်ကလည်း တကယ်ပင်အရေးပါလှသည်ဟု ထည်ဝါက ခံယူသည်။
"ခုမှ စပြီး စာဖတ်မဲ့သူလေးတွေကိုရော ကိုကြီးတို့ သုံးယောက်ကိုရော သေချာပေါက်ဖတ်စေချင်တဲ့ စာအုပ်လေးရှိရင်ပေါ့ ညွှန်းပေးပါဦး"
"ဟာ ရှိတယ်ဗျ... ရှိတယ်... ကျွန်တော့်အကြိုက်ဆုံး... ကျွန်တော် လူတိုင်းကိုလည်း ညွှန်းပေးဖြစ်တာလေး"
ထက်ဝေယံက နေရာမှထကာ စာအုပ်စင်တန်းတွင် ဟိုရှာဒီရှာလုပ်သည်။ ဝီလျံက သူ့နောက်မှလိုက်ကာ video clips လေးတွေ ရိုက်ပေးထားသည်။
"ဒီမှာ ဒီမှာ ... ဒါလေး... တော်သေးတယ် သူများမငှါးသွားသေးလို့... ကိုကြီးမျိုးမင်းလတ် ကြုံရင် ဒီဟာ နောက်တစ်အုပ်လောက်တင်ထားပါဦးဗျ"
ထက်ဝေယံက လက်ထဲမှစာအုပ်အပါးလေးတစ်အုပ်ကို ထည်ဝါ့ထံကမ်းပေးလာသည်။ ထည်ဝါယူကြည့်လိုက်တော့ ဦးထုတ်အဝိုင်းလေးဆောင်းထားသော ကောင်မလေးတစ်ယောက်ပုံ မျက်နှာဖုံးနှင့်။ စာအုပ်နာမည်က "မေတ္တာရှင်မလေး ပေါ်လီယာနာ" ဘာသာပြန်သူက ထင်လင်း... မူရင်းရေးသားသူက Eleanor H.Porter...
"ကျွန်တော် အကြိုက်ဆုံး စာအုပ်ပါဗျာ... ဒီဟာလေးကို မဖတ်ဖူးသေးရင် ဖတ်စေချင်တယ်"
"review နည်းနည်းလောက်ပြောပါဦးကွ"
တေဇက ကင်မရာကို ထက်ဝေယံဘက်သို့ လှည့်ကာချိန်လိုက်သည်။
"ဟုတ်ကဲ့... ပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော် ဒီစာအုပ်ဖတ်ပြီးနောက်ပိုင်း Positive Thinking တော်တော်လေး များလာတယ်... အကောင်းဘက်က ဖြည့်ပြီးတွေးတတ်လာတယ်... တော်ရုံစိတ်မညစ်တတ်တော့ဘူးဗျ"
ထည်ဝါ စိတ်ဝင်စားသွားရသည်။ စာအုပ်တစ်အုပ်ဟာ ဆက်ကျော်သက်အရွယ်လူငယ်လေးကို ဒီလောက်တောင် စိတ်ခွန်အားတွေ ပေးနိုင်ခဲ့သည်တဲ့လား။
"ဒီထဲက ပေါ်လီယာနာ ဆိုတဲ့ကောင်မလေးက ဝမ်းသာစရာရှာတဲ့ ကစားနည်းကို သူ့အဖေဆီက သင်ယူတတ်မြောက်ခဲ့တာဗျ... ပေါ်လီယာနာရဲ့ အဖေက ခရစ်ယာန် ဘုရားကျောင်းက သင်းအုပ်ဆရာကြီးလေ... ဘုရားကျောင်းတွေကို သာသနာပြုအဖွဲ့တွေက အလှူခံပစ္စည်းတွေပို့ပေးကြတဲ့အခါ ပေါ်လီယာနာလေး အတွက် အဝတ်အစားတို့ ဘာတို့ ရတတ်တယ်... ပေါ်လီယာနာက ကလေးဆိုတော့ အလှူခံပစ္စည်းတွေထဲမှာ သူ့အတွက် အရုပ်တစ်ခုခုများ ပါမလား အမြဲမျှော်လင့်နေခဲ့တာ... တစ်ခေါက်ကျတော့ သူမျှော်နေတဲ့ အရုပ်မပါလာဘဲ ချိုင်းထောက်ကြီး တစ်စုံပဲ ပါလာတာဗျ"
ထက်ဝေယံက ထိုပေါ်လီယာနာ ဆိုသည့်ကောင်မလေး၏ အကြောင်းကို သူ့ငယ်သူငယ်ချင်း တစ်ယောက်လို ပြန်ပြောပြနေသည်မှာ တက်တက်ကြွကြွရှိလှသည်။
"အဲဒါနဲ့ ပေါ်လီယာနာက စိတ်ပျက်ဝမ်းနည်းပြီး ငိုတာပေါ့ဗျာ... အဲ့ဒီမှာ သူ့အဖေက ပြောတာ... ချိုင်းထောက်ကြီးရလာပေမဲ့ ဒီချိုင်းထောက်ကို သမီး သုံးစရာမလိုဘူးဆိုကတည်းက ဝမ်းသာစရာပဲ လို့ပြောပြီး အဆိုးတွေထဲကနေ ဝမ်းသာစရာကို ရှာတဲ့ကစားနည်းကို စပြီးသင်ပေးခဲ့တာဗျ"
ထည်ဝါ သဘောကျရသွားသည်။ ဒီလိုဆိုရင် ပေါ်လီယာနာ၏အဖေ သင်းအုပ်ဆရာကြီးက ထည်ဝါတို့ ဖေဖေကြီးနှင့် ပုံစံတူသည်။ ဖေဖေကြီးကလည်း ထိုသို့ အကောင်းမြင်စိတ် Positive Thinking ရှိသူဖြစ်၏။
"ကျွန်တော်အကြိုက်ဆုံးကတော့ဗျာ ပေါ်လီယာနာလေး ကောင်းမှုနဲ့ တစ်မြို့လုံး ဝမ်းသာစရာရှာတဲ့ ကစားနည်းကို လိုက်ကစားလာကြတော့တာပဲဗျ...  လမ်းမလျှောက်နိုင်တော့လို့ အိပ်ရာထဲလဲနေတဲ့ နာတာရှည်ရောဂါသည်ကို ခြေထောက်တွေ မလှုပ်နိုင်ပေမဲ့ လက်တွေလှုပ်နိုင်ပြီး သုံးလို့ရနေသေးတာ ဝမ်းသာစရာပဲလို့ သူကပြောခဲ့တယ်...အဲ့ဒီအခါကျမှ ရောဂါသည်က ဟုတ်သားပဲလို့ တွေးမိပြီး သိုးမွှေးချည်တွေထိုးနိုင်ခဲ့တယ်လေ"
တေဇက ပြုံးပြီး ထည်ဝါ့လက်ထဲမှ စာအုပ်ကိုလှမ်းယူသည်။ ထို့နောက် ထက်ဝေယံကိုမေးသည်။
"ဒါဆိုရင် မင်းက အခုပေါ်လီယာနာလို ဝမ်းသာစရှာ ရှာတတ်နေပြီလားကွ"
"ကြိုးစားပြီး ရှာနေပါတယ်ကိုကြီး... ဥပမာဆိုရင်ဗျာ ကျွန်တော့်မျက်လုံးတစ်ဖက်ကစောင်းနေတာကို အရင်ကဆို ကျွန်တော်ရှက်တယ်ဗျ...သိမ်လည်းသိမ်ငယ်တယ်...ဒါပေမဲ့ ဒီပေါ်လီယာနာစာအုပ်ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော့်မျက်လုံးတွေမြင်နိုင် ကြည့်နိုင် စာတွေဖတ်နိုင်နေသေးတာကိုပဲ ဝမ်းသာစရာလို့ ကျွန်တော်မြင်တတ်သွားပြီဗျ"
ထက်ဝေယံ၏ အပြောကို ထည်ဝါတို့ သဘောကျသွားကြသည်။ ဒီလို အတွေးနှင့် အလားတူကာတွန်းလေး တစ်ခု ထည်ဝါ facebook မှာတွေ့ဖူးသည်။ ဆင်းရဲနွမ်းပါးသော လူတစ်ယောက်က ဖိနပ်မဝယ်နိုင်သည့်အတွက် ခြေဗလာဖြစ်နေသော သူ့ခြေထောက်တွေကို အမြဲကွယ်ဝှက်ထားတတ်သည်။ တစ်နေ့သူပန်းခြံထဲမှာ ထိုင်နေတုန်း သူ့အရှေ့မှာ ခြေထောက်တွေမရှိသည့် ဒုက္ခိတတစ်ယောက်က လက်တွေကိုသာအသုံးပြုပြီး လမ်းသွားနေရတာကိုမြင်လိုက်ရသည်။ ထိုအခါမှ သူ့မှာရှိနေသည့် ခြေထောက်တွေရဲ့တန်ဖိုးကို သူနားလည်သွားပြီး ခြေထောက်တွေကို ရဲရဲတင်းတင်း မြေပေါ်သို့ချနင်းနိုင်သွားခဲ့သည်။ ဖိနပ်မဝယ်နိုင်ပေမဲ့ သူ့မှာလမ်းလျှောက်နိုင်သည့် ခြေထောက်တွေရှိနေသေးတာကိုက ဝမ်းသားစရာမဟုတ်လား။
ထည်ဝါတို့ ရှင်သန်ရာလောကကြီးမှာ လိုအပ်ချက်တွေက သူ့အတန်းအစားအလျှောက်များပြားလွန်းလှသည်။ ကိုယ့်မှာမရှိသည့်အရာတွေ ကိုယ်မတတ်နိုင်သည့်အရာတွေအတွက် စိတ်ပျက်အားငယ်နေကြမည့်အစား ကိုယ်မှာရှိသည့် ကိုယ်တတ်နိုင်သည့်အရာတွေကို ကောင်းကောင်းအသုံးချပြီး စိတ်ပျော်ရွှင်မှုကို ရှာဖွေကြသင့်ပါသည်။
ဒီနေ့ ကိုမျိုးမင်းလတ်၏ စာအုပ်အငှါး စားရင်းစာအုပ်ကြီးထဲတွင် ထည်ဝါကြည်ညွှန်းနာမည်နှင့် ငှါးယူသွားမည့်စာအုပ်က "မေတ္တာရှင်မလေး ပေါ်လီယာနာ" ဖြစ်ပြီး အေးရိပ်ငြိမ််ရပ်ကွက်သားလေး မောင်ထက်ဝေယံကိုယ်တိုင်ပြောပြသော စာအုပ် review လေးက Wonderful Tweet Tweet Channel မှာ ပါဝင်လာပါလိမ့်မည်။
ခေါင်းစဉ်က " တစ်ရက်ဖတ်ခ ၂၀၀ ကျပ်၊ စာအုပ်ရေစို စုတ်ပြဲလျှင် တန်ဖိုးအတိုင်းလျော်ရမည်"...
ခုခေတ် လူငယ်တွေစာဖတ်နှုန်း တက်လာဖို့နှင့် မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်လေးတွေ စာအုပ်အငှါးဆိုင်ယဉ်ကျေးမှုလေးတွေ ပြန်လည်ပေါ်ပေါက်လာစေရန် ထည်ဝါက promote လုပ်ပေးချင်မိသည်။
မဖြစ်နိုင်ဘူးလို့ ထင်ချင်ထင်ကြပါလိမ့်မည်။ သို့ပေမဲ့ ထည်ဝါကြည်ညွှန်းက အကောင်အထည်ပြစရာမရှိသော ရေသူမတွေနှင့် ယူနီကွန်းတွေ ရဲ့ ဖြစ်တည်မှုကိုတောင် ယုံကြည်သည့်သူမဟုတ်လား။
မဖြစ်နိုင်ဘူးထင်တာ တစ်ခုခုကိုလုပ်တော့မည်ဆိုလျှင် ထည်ဝါကြည်ညွှန်း၏ motivation ဆောင်ပုဒ်က....
"I do believe in mermaids and Unicorns"
.............................................................................
"ဘုန်း"
"..........."
သူ့ထက်နိုင်လက်ထဲမှ ဖိုင်တွဲကို နံရံသို့ ပစ်ပေါက်ပစ်လိုက်သည်။ ကိုရဲဝင်းက အသံတိတ်နေပြီး အရှေ့မှ အဝယ်တော်မန်နေဂျာကလည်း မျက်နှာပျက်နေသည်။ ပစ္စည်းတွေ မှားဝယ်မိသည့် ဝန်ထမ်းကောင်မလေးက တရှုံ့ရှုံ့နှင့်ငိုနေ၏။
"ခင်ဗျားတို့ အကုန်လုံး အလုပ်ကို ကလေးကစားသလိုများ ထင်နေကြလား!"
"တောင်းပန်ပါတယ် ဘော့စ်... ကျွန်မလည်း သူလက်မှတ်လာထိုးခိုင်းတဲ့အချိန်က နည်းနည်း Overload ဖြစ်ပြီး မစစ်မိ..."
"No No No No... ကျွန်တော့်ကို Overload ဆိုတဲ့စကားလာမပြောနဲ့... ဒီ Company ကို set up မလုပ်ခင်ကတည်းက ဝန်ထမ်းအင်အားနဲ့ Work load ကို ကျွန်တော် သေချာတွက်ထားပြီးသား... ခင်ဗျားတို့ အလုပ်ကိုအာရုံမစိုက်ကြလို့ အခုလို Bull shit တွေ ဖြစ်တာ!"
"တောင်းပန်ပါတယ် ဘော့စ်"
"အဟက်"
သူ့ထက်နိုင် ဟက်ခနဲ တစ်ချက်ရယ်ပစ်လိုက်သည်။ လူတွေက လွယ်လွယ်နှင့် အမှားလုပ်ကြသည်။ လွယ်လွယ်နှင့်တောင်းပန်တတ်ကြသည်။ ဘာတာဝန်ယူ တာဝန်ခံမှုမှမရှိကြပေ။ အလုပ်ချိန်မှာ အာရုံမစိုက်ကြတာလောက် ဒေါသထွက်တာမရှိ။
"အခု ဘယ်လိုလုပ်မလဲ... ဒီဆုံးရှုံးမှုတန်ဖိုးကို ခဏထားဦး... အခုလက်ရှိသွားနေတဲ့ progress က နှောင့်နေသွားပြီ! ခင်ဗျားတို့ အဲ့ဒါနားလည်လား"
"........."
"ဒီကိစ္စ ကျွန်တော် ဒီအတိုင်းတော့ထားမှာမဟုတ်ဘူး"
"ချပ်!"
"ကိုကိုရေ့... ဝမ်းဖိုးကို လာကူသယ်ပါဦး"
အခန်းတံခါးပွင့်လာသံနှင့်အတူ ထည်ဝါက လက်ထဲမှာ အထုတ်တွေဆွဲပြီး ပေါ်လာသည်။ ကိုရဲဝင်းက သွားကူသယ်ဟန်ပြင်တော့ သူ့ထက်နိုင်ကတားလိုက်ပြီး လူကလည်းနေရာမှထကာ တံခါးဝဆီသို့လှမ်းလိုက်သည်။
"နေ..နေ.. ကိုရဲဝင်း... ကျွန်တော်သွားမယ်"
သူ့ထက်နိုင် ထည်ဝါ့လက်ထဲမှ အထုတ်တွေကိုဆွဲယူလိုက်ပြီး...
"ကိုကို့ကို ဘာလို့ဖုန်းမခေါ်တာလဲကွာ... လာခေါ်မှာပေါ့...ဘယ်သူလိုက်ပို့တာလဲ"
"ဝမ်းဖိုး အိမ်က lego တွေသယ်လာတာ ကိုကိုရ... ဒီမှာစုထားပြီး ရိုက်ကူးရေးလုပ်မလို့လေ... လေးလေးဖြိုး လိုက်ပို့သွားတာ ဒီအပေါ်အထိ...ဟင်...ဖိုင်တွဲက ဘာလို့ အောက်ကျနေတာလဲ... ကြည့်... ကိုကို စိတ်တိုနေပြန်ပြီလား... ပစ္စည်းတွေကို အဲ့လိုဘာလို့ လုပ်ရတာလဲဗျာ...ကိုကိုကတော့လေ"
ထည်ဝါက အဖြူရောင်ဟူဒီအင်္ကျီနှင့် ဘောင်းဘီရှည် ဝမ်းဆက်ကိုဝတ်ထားပြီး ယုန်ပေါက်လိုလိုဘာလိုလိုနှင့် သူ့ထက်နိုင်ကို ပွစိပွစိပြောနေရင်း ဖိုင်တွဲကို ကုန်းကောက်သည်။ သူ့ထက်နိုင်က လက်ထဲမှ အထုတ်တွေကို စားပွဲပေါ်သို့တင်လိုက်ပြီး...
"အားလုံး သွားလို့ရပြီ...ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ"
"ကိုရဲဝင်း ဘန်ကောက်က supplier နဲ့ meeting appointment ယူထားလိုက်ပါ ကျွန်တော်ကိုယ်တိုင်ပြောမယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဘော့စ်"
ကိုရဲဝင်းက ထည်ဝါရောက်လာသည်ကို ဝမ်းသာသွားဟန်ဖြင့် ခပ်သွက်သွက်ထရပ်သည်။ ကျန်သည့်နှစ်ယောက်မှာလည်း ကုတ်ချောင်းချောင်းနှင့် ကိုရဲဝင်းနောက်မှ လိုက်ထွက်သွားကြသည်။ ပုံမှန်ဆို သူ့ထက်နိုင်က အလုပ်ထဲမှာ အာရုံမစိုက်ဘဲ မမှားသင့်သောအမှာမျိုးဆို အခွင့်အရေးနှစ်ခါပေးလေ့မရှိပေ။ သို့သော်လည်းမျက်စိရှေ့မှ အဖြူရောင် အကောင်ပေါက်ကလေးကြောင့် ဒေါသတို့က တစ်ဝက်ပြေလျော့ရသည်။
"ဘာစားခဲ့ပြီးပြီလဲ"
သူ့ထက်နိုင်က ထည်ဝါ့ဆံပင်လေးတွေကို သပ်တင်ပေးပြီးခေါင်းလေးကို အုပ်ကိုင်ကာမေးလိုက်သည်။
"မဟာကြည်ညွှန်းက ကန်တင်းမှာ ဖေဖေတို့နဲ့တူတူ မနက်စာစားခဲ့တယ် ကိုကို"
"ဒါဆို ကိုကို ကော်ဖီ မှာပေးမယ်နော်"
"ဟုတ်... ကိုကိုလုပ်စရာရှိတာ လုပ်နော်... ဝမ်းဖိုး အထဲမှာ Lego ဆက်တာ ရိုက်ကူးရေး လုပ်မလို့"
"ကျစ်! နေဦး"
သူ့ထက်နိုင်ကိုပြောပြီး စားပွဲပေါ်မှ အထုတ်တချို့ကို ဆွဲယူကာ သူ့အခန်းထဲသွားဖို့ပြင်နေသူကို လက်မောင်းမှ ဖမ်းဆွဲထားလိုက်သည်။
"ဗျာ"
သူ့ထက်နိုင်က ထည်ဝါ့ကို ရင်ချင်းအပ်ကာ ကောက်ချီလိုက်ပြီး ဆိုဖာခုံရှည်ပေါ် ၌ထိုင်လိုက်သည်။
"ကိုကို့ကို ခဏဖက်ထားပေး"
ထည်ဝါက သူ့ထက်နိုင်ကိုပွေ့ဖက်ကာ ရင်ဘတ်ပေါ်မှာခေါင်းအပ်လာသည်။ ဒါလေးကို ဒီလိုလေးရင်ခွင်ထဲမှာ ထည့်ထားရသည့် ကျေနပ်နှစ်သက်မှုက ဘာနှင့်မှလဲနိုင်တော့မည်မထင်။
"ကိုကို"
"အင်း"
"စိတ်ဖိစီးမှုတွေ အရမ်းများနေတာလား"
"နည်းနည်း"
"ဒါဆို ညနေကျရင် ဝမ်းဖိုးတို့အိမ်လိုက်ခဲ့နော်... မိသားစုတွေနဲ့ တူတူညစာစားပြီး ကိုကို့ကို healing လုပ်ပေးမယ်"
ထည်ဝါ့စကားက အဆန်းပင်။ အလုပ်ထဲမှ စိတ်ဖိစီးမှုကို မိသားစုတွေနှင့် ကုသလို့ရသလား သူ့ထက်နိုင်မသိ။ ပုံမှန်ဆို အလုပ်ထဲမှ ပြဿနာ အိမ်သယ်လေ့မရှိသော သူ့ထက်နိုင်က အကြံဉာဏ်ယူတာလောက်မှလွဲ၍ ကျန်တာဆို ဒယ်ဒီ့ကိုပင် ပြောပြလေ့မရှိပေ။
"နော် ကိုကို့"
"အင်း"
တစ်မနက်ခင်းလုံး သူ့ထက်နိုင်က အလုပ်စားပွဲမှာ အလုပ်ရှုပ်နေပြီး ထည်ဝါက သူ့အတွက်လုပ်ပေးထားသော မှန်ခန်းထဲမှာ Lego တွေဆက်ရင်း V log ရိုက်ကူးရေးလုပ်နေသည်။ အလုပ်လုပ်ရင်း ချစ်ရသူကို လှမ်းလှမ်းကြည့်လို့ရသည့် အနေအထားကလည်း စိတ်ကျေနပ်စရာကောင်းလှသည်။
နေ့လည်စာ ထမင်းစားချိန်နီးတော့ ထည်ဝါက သူ့ထက်နိုင်အနားသို့ရောက်လာသည်။
"ဗိုက်ဆာပြီလား ထည်ဝါ"
"မဆာသေးပါဘူး... ဝမ်းဖိုးညောင်းလို့"
"ဒီလာခဲ့... ကိုကိုနှိပ်ပေးမယ်"
ထည်ဝါက သူထက်နိုင်ပေါင်ပေါ်မှာ စွေ့ခနဲလာထိုင်သည်။ သူ့ထက်နိုင်က စားပွဲအံဆွဲထဲမှ ခေါင်းစည်းကြိုးအနက်ရောင်လေးဗူးလေး ကိုထုတ်ယူလိုက်ကာ ထည်ဝါ့ရဲ့ ဆံပင်တွေကို သိမ်းယူပြီး အရင်စည်းနှောင်ပေးလိုက်သည်။ ထို့နောက် လည်ကုတ်လေးကို ဖွဖွနှိပ်ပေးတော့ မျက်လုံးလေးမှိတ်ကာ ဇိမ်ခံနေသည်။
"ကိုကို့... ဝမ်းဖိုးရဲ့ နားရွက်က လှလား"
"ဟင်"
ထူးထူးဆန်းဆန်း အမေးကြောင့် သူ့ထက်နိုင်က အနည်းငယ် အံ့ဩသွားရသည်။ ထည်ဝါ့ရဲ့ နားရွက်ကိုကြည့်လိုက်တော့ မျက်နှာနှင့် အချိုးအစားကျနပြီး အနေတော်ပင်ကြည့်ကောင်းသည်။ နားတံသီးဖျားလေးမှာ စိမ်းဖန့်ဖန့် မွှေးညှင်းနုနုလေးတွေရှိသည်။
"ဝမ်းဖိုး ဟိုနေ့ကဖတ်တဲ့ ဆရာမင်းလူရဲ့ အချစ်သည်သက်တော်ရာကျော် ရှည်ပါစေသတည်းဆိုတဲ့ စာအုပ်ထဲမှာလေ လူလတ်ဆိုတဲ့ကောင်လေးက တွေးတာ လူတွေက ချောကြောင်းလှကြောင်းပြောကြတဲ့အခါ မျက်လုံး၊ မျက်ခုံးတွေ နှာတံတွေ နှုတ်ခမ်းတွေကိုပဲ ဦးစားပေးပြီးပြောကြတာ နားရွက်ကိုတော့ ဘယ်သူမှအရေးတယူလုပ်ပြီး မပြောကြဘူးတဲ့... တကယ်တော့ မျက်နှာတစ်ခုမှာ နားရွက်က အရေးကြီးဆုံးအခန်း ကဏ္ဍတစ်ခုထဲမှာပါတယ်တဲ့... ပြီးတော့ သူ့ကောင်မလေး ခင်စန်းရဲ့ နားရွက်ကလှတယ်တဲ့... ဟုတ်တယ်နော်ကိုကို့... နားရွက်မလှရင် ကျန်တာတွေလှနေလည်း မပြည့်စုံဘူး"
"ပြွတ်! အင်း... ကိုကို့ကောင်လေး နားရွက်လေးလည်း လှတယ်"
သူ့ထက်နိုင်က ထည်ဝါ့နားရွက်လေးတစ်ဖက်ကို နမ်းရင်းဖြေလိုက်တော့ မျက်မှောင်လေးကျုံ့သွားသည်။
"ကိုကိုကလည်း...သူ့လည်း မနမ်းခိုင်းပဲနဲ့"
"ကိုကိုက အတည်ပြုတာ"
"ကိုကို့"
"အင်း"
"ဝမ်းဖိုးနဲ့ ကိုကိုနဲ့က ချစ်သူတွေဆိုတော့ဗျာ... တစ်ယောက်နဲ့ တစ်ယောက်မကြိုက်တာတွေ ပြောထားကြမယ်... ကိုကိုမကြိုက်တာတွေ အရင်ပြော... အဲ့ဒါမှ ဝမ်းဖိုး ကိုကိုနဲ့ရန်ဖြစ်လို့ စိတ်ဆိုးရင် ကိုကိုမကြိုက်တာတွေ တန်းစီပြီးလုပ်လို့ရမှာ"
"အဟက်"
သူ့ထက်နိုင် အသည်းယားစွာဖြင့် ထည်ဝါ့ပါးလေးတစ်ဖက်ကို ညှစ်ပစ်လိုက်သည်။ မကြိုက်တာတွေမေးတာက ရှောင်ကျဉ်ဖို့မဟုတ်ဘဲ စိတ်ဆိုးတဲ့အခါ တန်းစီပြီးလုပ်မလို့တဲ့လေ။ ဒီအကျင့်လေးကအစ ကြိုက်နေတော့လည်း ဘယ်လိုလုပ်မလဲ။
"မရှိဘူး ထည်ဝါနဲ့ပတ်သက်ရင် အကုန်ကြိုက်တယ်"
သူ့ထက်နိုင်က ပြောပြီး ထည်ဝါ့လည်တိုင်လေးဆီ တိုးဝှေ့နမ်းရှိုက်ဖို့လုပ်တော့ သူ့ထက်နိုင်၏ ခေါင်းကိုတွန်းထားသည်။
"အား...ကိုကို့... အဲ့ဒီနား နမ်းလို့မရဘူး အရာတွေထင်ကုန်လိမ့်မယ်!"
သူ့ထက်နိုင်က ခေါင်းကို ထည်ဝါ့ပုခုံးလေးဆီသို့ရွှေ့လိုက်သည်။
"ကိုကို့...Nooo အဲ့ဒီနားလဲ မရဘူး...မြင်ရတယ်လို့"
သူ့ထက်နိုင် လက်မောင်းဆီမှလဲ ဖယ်ပေးလိုက်ရပြီး ထည်ဝါ့အင်္ကျီကိုဆွဲလှန်လိုက်သည်။
"ဟင်... အဲ့လိုလဲ မရဘူးလို့... ဝမ်းဖိုး ဖေဖေနဲ့ gym ဆော့ရင် အင်္ကျီချွတ်ပြီး ဆော့ကြတာ ကိုကိုရ"
"ကျစ်!"
သူ့ထက်နိုင်၏လက်တွေကို ဖမ်းချုပ်ကာ တွန့်လိမ်ရုန်းကန်နေသော ကောင်လေးကို ပိုပြီးညစ်ချင်လာမိရပြီ။ ဒီလောက် အဖြစ်သည်းလွန်းနေသူအတွက် မမြင်ရသည့်နေရာ တစ်နေရာပဲကျန်တော့သည်။
"အဟင်း"
သူ့ထက်နိုင် ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်ပြီး... လက်တွေက ထည်ဝါ့ခါးဆီသို့ ရောက်သွားကာ ဘောင်းဘီရှည်ကို အောက်သို့ ဆွဲချပစ်လိုက်တော့သည်။
"အား!!!! ကိုကိုရေ့!!!!"
...........................................................................
အိမ်သာထဲမှာ ရေဆွဲချပြီး ဘောင်းဘီကို ပြန်ဆွဲမတင်ခင် နံရံမှ ကိုယ်လုံးပေါ်မှန်ကို တစ်ချက်ကြည့်လိုက်သည်။
"ကျစ်! သူ့ထက်နိုင်! လူဆိုးကောင်ကြီး!"
ထည်ဝါ စိတ်ပေါက်ပေါက်နှင့် ရေရွတ်မိပြီ။ ပေါင်သား အတွင်းရော အပြင်ရော အနီကွက်တွေထနေသည်မှာ နေရာအနှံ့။ ထည်ဝါ ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကြည့်လိုက်တော့ ခါးစပ်တွေမှာရောပင်။
ဖေဖေသာမြင်သွားလို့ကတော့။
ထည်ဝါ အိမ်သာထဲမှ ထွက်လာတော့ သူ့အလုပ်စားပွဲမှာ ထိုင်နေသူက ပြုံးပြီး ကျေနပ်နေသည့်ရုပ်နှင့်မို့ မျက်မှောင်ကုတ်ပြီး ကြည့်ပစ်လိုက်သည်။
"အဟက်"
"ကျစ်! မရယ်နဲ့!"
"အဟင်း... ဘာလို့လဲကွာ... ကိုကိုက ထည်ဝါ့စကားနားထောင်တယ်လေ... မြင်ရတဲ့နေရာတွေ မနမ်းဘူးလေ"
ထည်ဝါ ကိုကို့စားပွဲပေါ်မှ တစ်ရှုးကိုယူကာ ရေစိုနေသောလက်တို့ကို သုတ်လိုက်သည်။ သုံးပြီးသားတစ်ရှုးကို ကိုကို့ အလုပ်စားပွဲပေါ်သို လွှင့်ပစ်လိုက်တော့ ကိုကိုကရယ်သည်။
ထို့နောက်ရေခဲသေတ္တာကို ဖွင့်ကာရေတစ်ဗူးယူ၍ တံခါးကိုခြေထောက်နှင့် ကန်ပြီးပိတ်ပစ်လိုက်သည်။ သောက်ပြီးသားရေဗူးကို ပြန်မထည့်ဘဲ အဖုံးပိတ်၍ ကိုကို့စားပွဲပေါ်ကို ပစ်ချလိုက်ပြန်သည်။ ကိုကိုက ရယ်ချင်နေသည့်မျက်နှာကို ထိန်း၍ ထည်ဝါလုပ်သမျှကို တစ်ခုချင်းလိုက်ကြည့်နေသည်။
ထည်ဝါ ကိုကို့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အခန်းပြင်ထွက်ရန်ပြင်တော့ ကိုကိုက ဝုန်းခနဲထကာ အနားသို့ရောက်လာသည်။
"ဟိတ်! ဘယ်သွားမလို့လဲ... အိုခေ အိုခေ ကိုကိုနောက်မလုပ်တော့ဘူး... လာ... နေ့လည်စာ မှာပေးမယ်...နော်"
ကိုကိုက ထည်ဝါ့ကို ဖက်ကာဆွဲခေါ်လာပြီး သူ့စားပွဲမှ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ထည်ဝါ့ကို သူ့ပေါင်ပေါ်ပြန်ဆွဲတင်ပြီး နေ့လည်စာမှာဖို့ ရွေးခိုင်းသည်။
"ထည်ဝါ ဘာစားချင်လဲ"
"ထိုင်းစာ စားမှာ"
"အိုခေ... ထိုင်းစာ... ရော့ ဒီမှာရွေး"
အစားအသောက်တွေမြင်တော့ ထည်ဝါတက်ကြွစွာ နေ့လည်စာမှာဖို့လုပ်ရင်း စိတ်ဆိုးနေတာ မေ့သွားရတော့သည်။ နာရီဝက်လောက်ကြာတော့ Delivery ရောက်လာသည်။
"ဝမ်းဖိုးသွားယူမယ် ကိုကို"
ရုံးခန်းတံခါးကိုဖွင်လိုက်တော့ အစားအသောက်လာပို့သူက ထည်ဝါ့ကိုမြင်ပြီး အံ့ဩသွားသည်။
"ဟင်... Wonderful!"
ထည်ဝါ ရုတ်တရက် ဦးနှောက်ကို အလုပ်ပေးလိုက်ပြီးမှ သတိရသွားသည်။
"ကိုမင်းဉာဏ်"
ကိုမင်းဉာဏ်ကို ထည်ဝါ ဟိုးတစ်ခါ ကိုကြီးဆိုဖာနှင့်အတူ စျေးထဲမှာတွေ့ခဲ့ဖူးသည်။ ထည်ဝါ သူ့နာမည်ကို ခေါ်လိုက်တော့ ကိုမင်းဉာဏ်က ဝမ်းသာသွားပုံရကာ....
"အာ... Wonderful က အစ်ကို့ကို မှတ်မိနေသားပဲ"
"ဟုတ်ကဲ့... အလုပ်တွေ အဆင်ပြေရဲ့လားဗျ"
"ဒီလိုပါပဲ"
ထည်ဝါက ကိုမင်းဉာဏ် လက်ထဲမှ အထုပ်တွေကိုယူလိုက်ပြီး...
"ကျေးဇူးပဲနော် အစ်ကို"
ကိုမင်းဉာဏ်က ခေါင်းညိတ်သည်။ ထို့နောက် ချီတုံချီချ ဖြစ်နေပြီးမှ မဝံ့မရဲပုံစံနှင့် ထည်ဝါ့ကိုပြောလာသည်က...
"ဟို... အစ်ကို... Wonderful နဲ့ စကားပြောချင်လို့ အစ်ကို့ကို အချိန်တစ်ရက်လောက်ဖြစ်ဖြစ် ပေးလို့ရမလား"
"ဗျာ"
.............................................................................
<3 DiDi Zaw
(04/04/2023)
ငယ်ငယ်က DiDi တို့အိမ်မှာလည်း စာအုပ်အငှားဆိုင်လေး ပိုင်ခဲ့ဖူးတယ်... ဆိုင်နာမည်က DiDi နာမည်ရဲ့ အစ စာလုံးလေးနဲ့... ကျောင်းကပြန်လာရင် ဆိုင်စောင့်ရင်း စာအုပ်တွေဖတ်ခဲ့ရတာ ပျော်စရာပါ...
"မေတ္တာရှင်မလေး ပေါ်လီယာနာ " ကို လေးတန်းတက်တဲ့နှစ်မှာ စပြီးဖတ်ခဲ့ဖူးတာ... မဖတ်ဖူးသေးတဲ့သူလေးတွေကို ဖတ်စေချင်ပါတယ်...
Continue Reading
You'll Also Like
1.1M 61.5K 50
37K 3K 45
မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင...
27.3K 1.3K 32