Ep 7 (U)

29.6K 3.2K 1K
                                    

ထည်ဝါတို့ အိမ်ပေါ်ထပ် ၀ရံတာမှာ လူစုံနေကြပြီ။ ဒီနေ့ တီကြီးကပါ အိမ်မှာရောက်နေသဖြင့် တကူးတကလှမ်းခေါ်ရန်မလိုတော့ပေ။ တီတီကေသာ့ အမျိုးသား လေးလေးဖြိုးလည်းရှိနေသည်။ လေးလေးဖြိုးက မိသားစုအစည်း‌ဝေးဆိုလျှင် တစ်ခြားအရေးသိပ်မကြီးသည့်ကိစ္စတွေဆို Join လေ့မရှိပေမဲ့ ထည်ဝါ့ကိစ္စဆိုလျှင်တော့ မဖြစ်မနေအမြဲ Join တတ်သည်။ လေးလေးဖြိုးက တီတီကေသာနှင့် လက်မထပ်ခင်ကတည်းက ထည်ဝါ့ကို ချီပိုးပြီးချစ်ခဲ့သူဖြစ်သည်။ အခုလက်ထပ်ပြီးသည့်တိုင် ကလေးမယူကြပဲ ထည်ဝါနှင့် ဘေဘီလုံးကိုသာ ချစ်နေကြတော့သည်။

ထည်ဝါက ထုံးစံအတိုင်း ပါပါးနှင့် ဖေဖေ့ကြားမှာ၀င်ထိုင်မည်လုပ်ပြီးမှ ပြန်ထပြီးဖေဖေကြီးနှင့် မေမေကြီးတို့ နှစ်ယောက်ကြားထဲသို့ အတင်းတိုး၀င်ထိုင်လိုက်သည်။ ဖေဖေက မျက်မှောင်ကျုံ့ပြီး မျက်နှာက ရှုတည်တည်နှင့်ဖြစ်နေပြီ။ ပါပါးကတော့ ပြုံးနေပြီး ဖေဖေ့ခေါင်းမှဆံပင်တွေကို ဆွဲဖွကာ ကစားနေ၏။

"ကဲ... Wonderful လေး... ပြောပါဦး"

တီတီကေသာက ထည်ဝါ့ကို မေးငေါ့ပြီး စကားစ မေးသည်။ အစည်း‌ဝေးခေါ်သူမှာ ကိုယ်တိုင်ဖြစ်သော်လည်း ထည်ဝါဘယ်ကစပြောရမှန်းမသိပေ။ အားလုံးရဲ့ မျက်နှာတွေက ထည်ဝါ့ဆီမှာ အာရုံစိုက်နေကြသဖြင့် ပိုပြီးလည်းအနေရခက်နေသည်။ သို့ပေမဲ့လည်း မပြောမပြီး မတီးမမြည်ဆိုသလိုပဲ ထည်ဝါပြောမှရမည်မို့ အသက်ကို၀၀ရှုပြီး အားယူလိုက်သည်။

"ဟိုလေ....၀မ်းဖိုး ဖေဖေ့ကို အရင်မေးချင်တယ်"

ဖေဖေက ထည်ဝါ့ကို ကြည့်ပြီး မေး ဆိုသည့်သဘောနှင့် မေးဆတ်ပြသည်။

"ဖေဖေ ...၀မ်းဖိုး အသက် ဘယ်လောက်ရှိပြီလဲ"

ဖေဖေက မျက်မှောင်ကျုံ့သွားသည်။ ထို့နောက် ဖေဖေကြီးဘက်သို့လှည့်ကာ...

"အဖေကြီး... ဒါ သား အဖေကြီးကို အရင်ကမေးခဲ့ဖူးတဲ့မေးခွန်းကြီး"

ဖေဖေကြီးက သဘောကျစွာတစ်ချက်ရယ်လိုက်ပြီး...

"အဟားဟား... ဖြေလိုက်လေ ငါ့သားရ"

"ကျစ်! ... ဝမ်းဖိုး ၁၈ နှစ်ထဲရောက်နေပြီ မပြည့်သေးဘူး"

"အသက် ၁၈ နှစ်အတွင်းမှာ ၀မ်းဖိုး ဖေဖေ့ကို စိတ်ပျက်ရအောင် လုပ်ခဲ့ဖူးတာမျိုးရှိလား"

Wonderful PromiseWhere stories live. Discover now