"အငြိုးတွေသာပြယ်စေသား"(Comple...
By ShinThantMinMin8
944K 31.2K 2.3K
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာ... More
intro 🔥🔺
အပိုင်း(1)🌪️
အပိုင်း(2)🌪️
အပိုင်း(3)🌪️
အပိုင်း(4)🌪️‼️
အပိုင်း(5)🌪️‼️
အပိုင်း(6)🌪️
အပိုင်း (7) 🌪️‼️
အပိုင်း(8)🌪️
အပိုင်း(9)🌪️‼️
အပိုင်း (10)
အပိုင်း(11)
အပိုင်း(12)
အပိုင်း (13)
အပိုင်း (14)‼️
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)‼️
အပိုင်း (19)
အပိုင်း(20)‼️
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)‼️
အပိုင်း(24)
အပိုင်း(25)‼️
အပိုင်း(27)
အပိုင်း(28)
အပိုင်း (29)
အပိုင်း(30)‼️
အပိုင်း(31)
အပိုင်း(32)‼️
အပိုင်း(33)
အပိုင်း(34)
အပိုင်း(36) end
Extra (1)🔺
bl
အပိုင်း(26)
18.8K 623 38
By ShinThantMinMin8
   သက်ပိုင် သတိရလာတော့ ခန္ဓာကိုယ်အောက်ပိုင်းကလှုပ်လို့မရ။ တစ်ခါလှုပ်လိုက်တိုင်း အသဲခိုက်မတတ် နာကျင်နေသည်။ဗိုက်ထဲကလဲအောင့်တတ်ကာ ပျိုအန်ချင်နေသည်။ ခေါင်းတွေကလဲ မူးဝေနေကာ မျက်လုံး ကိုပင် မနည်း အားယူကာ ဖွင့်နေရသည်။
"အင်း ဟင်း.. အင်း"
" သက်ပိုင်! "
မှိုင်းအသံကြောင့် တေဇနဲ့ရိူင်း ပြိုင်တူထရပ်လိုက်ကြသည်။
"နိုးလာပြီလား သက်ပိုင် .. ညီလေး "
"ညီ..... "
သက်ပိုင် ဘေးနားက အသံတွေကြောင့် မျက်လုံးကို အားယူကာ
ဖွင့်လိုက်သည်။ သူဘေးတွင် ကိုတေဇ၊ မှိုင်း နဲ့ကိုကြီးရှိန်း တို့ကသူကိုစိုးရိမ်ပူပန်သော မျက်နှာဖြင့် ကြည့်နေကြသည်။
သူကိုတော့ မတွေ့။မတွေ့ရဘူးဆိုတာထက်တစ်သက်လုံးမတွေ့ရတော့လျှင်ပိုကောင်းမည်။ မတွေ့ချင်တော့သလို မြင်လဲမမြင် ချင်တော့။ မုန်းတယ်ဆိုထက်ရင်ထဲကပို၍နာနေ
သည် ။
သူကြောင့် အခုဘယ်လိုအခြေနေ ဘယ်လိုအနေထား နဲ့ဆေးရုံကို ရောက်ခဲ့ရပါသလဲ ရှက်လို့လဲသာ သေလိုက်ချင်တော့သည်။ အိမ်ကိုသာပြန်ချင်စိတ်ကြောင့် အားပြုကာ ကျုံးထလိုက်သည်။
"မထနဲ့ဦး.... ညီ အခုချိန် အထိုင်ထ လုပ်လို့ အဆင်မပြေသေးဘူး မှိန်းနေပါ ကွာ"
"ဟုတ်တယ် သက်ပိုင် ခဏ တော့ဆေးရုံမှာနေရဦးမယ်နော်"
သက်ပိုင် ဘာမှထပ်မလုပ်တော့ပဲမျက်လုံးများကိုသာစုံမှိတ်ထားလိုက်သည်။
"သက်ပိုင်...ဓန ကလေ US ကိုအရေးကြီးကိစ္စတစ်ခုကြောင့်မသွားမဖြစ်လို့ သွားလိုက်ရတယ်။ မသွားလို့မရလိုသွားလိုက်ရပေ့မယ့် သူခင်မျာမသွားချင်ရှာဘူး ။မင်းကိုအရမ်းစိတ်ပူနေတာ.."
တေဇ သူငယ်ချင်း ဘက်ကအကောင်းဆုံးဝင်ပြောပေးရှာသည်။ ခုချိန်ဒီကောင်လေးရင်ထဲဘယ်လိုခံစားနေရမလဲ သူတို့ကောင်းကောင်းသိပါသည်။
သူလုပ်ချင်တာလုပ်ပြီးထွက်သွားတာကို ဘယ်လို သဘောနဲ့ပဲ သွားသွား သူစိတ်မဝင်စားတော့ပါ။ မရှိလေ မမြင်ရလေပို၍သာကောင်းလေးပင်။ သူဘာစကားမှပြောချင်စိတ်မရှိတာမို့ မပြောတော့ပဲ မျက်လုံးများကိုသာ
မှိတ်ဖို့ ကြိုးစား လိုက်သည်။
မဖိတ်ခေါ်ပဲကျလာသည့် မျက်ရည်တွေကို လဲ သူသိပ်မုန်းပါသည်။ ခေါင်းကလဲ အရမ်းကိုက်နေတာမို့ သူအမြန်အိပ်ပျော်ဖို့သာ ကြိုးစားချင်သည်။ထာဝရ အိပ်ပျော်သွားလျှင် ပိုကောင်းပါမည်။
တေဇတို့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ သူပြောငါပြောနဲ့ တိုင်ပတါနေကြသည်။  မပြောလို့ကလဲ မဖြစ် ပြောမှရမည် အခြေနေ။ သူတို့အားလုံးအကြပ်ရိုက်နေရသည်။
သက်မင်းပိုင် ဘက်က လက်ခံနိုင်ဖို့ကိုလဲသူတို့အားလုံး မျှော်လင့်ထားကြသည်။  လက်မခံလို့လဲမရတော့ဖြစ်တည်လာခဲ့ပြီလေ။
"ညီ.... သက်ပိုင်"
သက်ပိုင် မျက်လုံးလေးကိုဖွင့်ကာ ကြည့်လာသည်။ဘာစကားမှတော့မဆို ။ သူတို့ပြောမည့်စကားကို
စောင့်နေသည့်ပုံ တေဇ လဲ သက်ပြင်းကိုချလိုက်ကာ အစချီ၍ ပြောလိုက်တော့သည်။
"ဟို.... ညီမှာ ကိုယ်ဝန်ရှိနေပြီ"
"ဗျာ! !!!!"
ကိုတေဇ စကားကြောင့် သက်ပိုင် ခေါင်းတစ်ခုလုံး ချာချာလည်သကဲ့သို့ဖြစ်သွားတော့သည်။
"ဟုတ်တယ် ညီ လေးပတ်ကျော်နေပြီ။ ညီသတိမထားမိခဲ့တာဖြစ်မယ်။ အခုအဲ့အတွက်ကြောင့်ရော  လောလောဆယ် ဆေးရုံမှာ ဆယ်ရက်တစ်ပတ် နေရအုံးမယ်။ အစ်ကိုနဲ့ မှိုင်း လဲရှိနေပေးမှာပါ .... ရှိန်း လဲ မကြာမကြာ လာမှာမို့ အားငယ်စရာမလိုဘူး"
"ဖျက်ချပေးပါ ကို​တေဇ
ကျွန်တော်မလိုချင်ဘူး !!!"
"ဟာ!!! "
"ဘယ်လို!!"
"ချာတိတ်!!! အဓိပ္ပါယ်  မရှိတဲ့စကားတွေကို မပြောနဲ့ ကိုယ်မကြိုက်ဘူး။ ညီတို့ဘာဖြစ်ခဲ့ကြလဲ ကိုယ်မသိသလို စိတ်လဲမဝင်စားဘူး ။ ဒါပေမယ့် လောကကြီးထဲကိုရောက်မလာသေး တဲ့ကလေးကို မြေစာပင်အဖြစ်ခံပြီးဘာမှ လုပ်ခွင့်မပြုနိုင်ဘူး ညီ "
"ကျွန်တော် သူနဲ့ရတဲ့ ကိုယ်ဝန်ကိုလုံးဝ မလိုချင်ဘူး ကိုကြီး"
"ဒါပေ့မယ့်  မင်းရဲ့သွေးသားပါညီ မွန်မြတ်လှတဲ့မိခင်ဘဝကို ပိုင်ဆိုင်ချင်တဲ့သူတွေအများကြီးပါ။ ဒီကြားထဲကမှ ငါညီလေးကကံကောင်းစွာ ကိုယ်တိုင်မွေးထုတ်ခွင့်ရမယ့် ဖခင်ဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါညီ..."
"ဟင်အင့်.. ဟင်အင့်... မလိုချင်ဘူး မယူချင်ဘူး!!! ထွက်သွားပေးကြပါ ကျွန်တော် တစ်ယောက်ထဲ နေချင်တယ် ထွက်သွားပေးကြပါ!!!"
သက်ပိုင် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာကာ သူတို့ကိုနှင်နေမိသည်။
"ok ...ညီ ခေါင်းအေးအေးထား
ပြီးအချိန်ယူစဥ်းစားပါ ...ကိုယ်တို့ အပြင်မှာရှိနေမယ်"
သူတို့ အားလုံးအပြင်ထွက်လာကြပေ့မယ့် မျက်နာတွေကတော့မကောင်းကျ။  ရင်ထဲမှာ ချိနေအောင်ခံစားရသည်။ ဓန ကို စိတ်ဆိုးသလို သက်ပိုင်အတွက်လဲစိတ်လဲမကောင်းနိုင်။  ဖြစ်ပြီးသာတွေလဲ ဖြစ်ခဲ့ ကြပြီမို့ ရှေ့ဆက်ရမယ် ကလေးရဲ့ အနာဂတ်တွက်သူတို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ဖို့သာကျန်တော့သည်။
"ဟူးးးးး"
တေဇ သက်ပြင်းရှည်ကြီးချကာ ထိုင်လိုက်တော့ မှိုင်းက သူလက်တွေကိုဆုပ်ကိုင်လာသည်။
"ပင်ပန်းနေပြီလား ... "
"အွန်း နည်းနည်းပေ့ါ.... "
" လူကြီး  အနားမှာ ကျွန်တော်ရှိတယ်နော်... "
"တော်သေးတယ်မှိုင်းရာ... ကိုယ်တို့ကံကြမ္မာတွေအခုလောက်ထိမဆိုးခဲ့ကြလို့ ကိုယ် မင်းကိုတစ်ကယ်ကျေးဇူးတင်တယ် မှိုင်း.."
"ဒါတွေပြောဖို့လို့လား...ဗျာ"
မှိုင်း တေဇ နဖူးလေးကို နမ်းကာ
ဆိုတော့ ရှိန်းကြည့်၍ တစ်ဖက်လှည့်ကာမဲ့လိုက်သည်။ သိပ်ပြီလဲ
မကြည်ချင်တော့။
'စိတ်ညစ်ရတဲ့အထဲ ဒီအတွဲတွေက တစ်မျိုး ငါမှာ လဲ လွတ်ကို မလွှတ်နိုင်ဘူး ကွာ...'
"ရှိန်း... မင်းပြန်တော့မှာလား"
"မပြန်သေးဘူး.... ညနေမှ ပြန်မယ် တေဇ"
"ငါ ဓန ဆီ ဖုန်းလှမ်းဆက်လိုက်အုံးမယ်။ မင်း သက်ပိုင်ကို ကြည့်ထားပေးပါဦး"
"အေး ...သွားလေ မြန်မြန်လက်စသတ်ပြီး ပြန်လာဖို့ ပြော
လိုက်ဦး ကြာရင် ညီ စိတ်ကပိုဆိုးပြီးထိခိုက်သွားလိမ့်မယ်"
" အေးပါ ....ငါသိပါတယ်"
ရှိန်း အထဲကို ပြန်ဝင်သွားသည်။
ဆေးရုံ က BHONE Group ရဲ့ ရှယ်ယာ အများဆုံးဆေးရုံ ဖြစ်သည်မို့ ဒီကိစ္စကို လူသိခံစရာမလိုပဲသူတို့ဖြေရှင်းလိုက်နိုင်သည် ။
နာမည်ကြီး ပါရဂူတွေနဲ့ သာကုသပေးသည့်မို့  အခုလို ကလေးရောလူကြီးရော ဘာမှမဖြစ်တော့ပဲကျန်းမာနေ​ပြီဖြစ်သည်။ သက်ပိုင် လမ်းလျှောက်နိုင်ဖို့တော့ လအနဲငယ်ကြာဦးမည် ။ အောက်ပိုင်းချိနှဲ့သွားတာမို့ နေကောင်းနိုင်ပေ့မယ်
အကူမပါပဲ လမ်းလျှောက်ဖို့တော့ ခက်ခဲနေသေးတာ ဖြစ်သည်။
တေဇ ဖုန်းကိုထုတ်လိုက်ကာ ဓန ချက်ချင်းကို လှမ်းခေါ်လိုက်သည်။
ဖုန်းဝင်လာသည်နှင့် ဓန တရားရုံးထဲက ထွက်ကာ တေဇ ဖုန်းကိုအမြန်ကိုင်လိုက်သည်။
"အေး...တေဇ ပြော ငါကလေး  သတိရလာပြီလား ဟမ်!  သူ့အခြေနေဘယ်လိုလဲ သက်သာလား ထရောထနိုင်ရဲ့လား ကလေးကရော ငါရင်သွေးလေးကရော ဘာဖြစ်သွားသေးလဲ..."
"ဖြည်းဖြည်း....  မေးပါ ဓနရယ် ငါအကုန်ဖြေပါ့မယ်ဟ!!  သက်ပိုင် ဒီမနက်ပဲ သတိရလာပြီ လူကြီးကော ကလေးရော အကုန်ကောင်းတယ်။ သက်ပိုင် ကရက်ကြာကြာသတိလစ်ထားတာမို့လမ်းလျှောက်ဖို့ နည်းနည်း ကြာဦးမယ် ဒီလောက်ပဲ"
"ဟင်.... လမ်းလျှောက်ဖို့ ကြာအုံးမှာတဲ့လား အိမ်မှာ ကလေးတစ်ယောက်ထဲ ငါ ငါ က"
ဓန ရဲ့အသံကတိမ်ဝင်သွားတော့ တေဇ မျက်ရည်များကို မျက်တောင်ခပ်၍ ထိန်းလိုက်သည် ။
"ဆေးရုံမှာ နေရဦးမှာပါ... မင်း စိတ်မပူစမ်းပါနဲ့ ငါနဲ့မှိုင်း ပြစ်မထားပါဘူး ကွ!  ရှိန်းမင်းဆက်လဲ   အမြဲလာတယ်။ သူက မင်းကလေး ရလို့ အရမ်းပျော်နေတာ"
"အင်းပါ ....သူကိုလဲ ကျေးဇူးတင်တယ်ပြောလိုက်ပါဦးကွာ"
"ဓန... အဲ့ဘက်အခြေနေကရော"
"မကောင်းဘူး ...တေဇ ဖြစ်သွားတဲ့ Engineer က ပွဲချင်းပြီးသွားတော့ သူတို့ဘက်က တော်တော်နဲ့ မကျေအေပေးနိုင်ဘူး ဖြစ်နေတယ်   "
"သေချာရော ညှိပြီးပြီးလား"
"ငါအခု တရားရုံးမှာ ငါတော့ သမရိုးကျလို့ မထင်ဘူးတေဇ သူအလုပ်ဝင်တဲ့ခါ သူနောက်မှာ ဆောက်လုပ်ရေးက အလုပ်သမား တစ်ယောက်ပါတယ်တဲ့။ သူနဲ့အတူတတ်သွားတာအကုန်မြင်လိုက်တယ်တဲ့။ အခင်း ဖြစ်ပြီးသွားတော့အဲ့ကောင်လေး ကပြန်မဆင်းလာသလို အဲ့ကောင်လေးကိုဘယ်သူမှ မတွေ့လိုက်ကြဘူးတဲ့..."
"ဟင် ....ဟုတ်လား အဲ့ဆိုရင် အဲ့ကောင်လေး ကိုရှာတွေ့ရင် အခြေနေကောင်း နိုင်မယ်ထင်တယ်"
"ငါလဲ အတတ်နိုင်ဆုံးတော့ကြိုစားနေတယ် ကိုယ်ဒေသ ကိုယ့်နိုင်ငံ မဟုတ်တော့ ခက်တယ် ငါနေခဲဖူးပေ့မယ့် အဲ့လောက်ထိကြ နယ်ခံ ရှိမှ အဆင်ပြေမှာ သူတို့ငွေပေးလို့မရဘူးဖြစ်နေတာ"
"မင်း အဒေါ်တွေကို အကူညီတောင်းကြည့်ရင်ရော "
"တော်စမ်းပါကွာ...  မနွယ်ချင်လို့ ငါ အဲ့ဘက်တောင် မသွားဘူး ငါဆိုတဲ့ကောင်က ပြတ်ရင် လှည့်မကြည့်ချင်တော့ဘူး တေဇ"
"ဒါနဲ့ ဦးမြမာန်နဲ့မင်း အေမီမီမောင် ကိစ္စနဲ့တုန်းက ညှိဖူး တယ်ဆို။ ငါစိုးရိမ်တယ် ဓန ကိုယ်ကို ကိုယ်လဲဂရုစိုက်ကွာ အဲ့မှာက အဲ့လူက တွင်ကျယ်မဲ့ပုံနော်..."
"ငါစောက်ဂရုမစိုက်ပါဘူးကွာ... ငါကိုလာမထိသရွေ့ ငါကအေးဆေးပါ"
"ဒါပဲ ဓန ငါ သက်ပိုင် တွက် လိုအပ်တာလေးတွေ သွားဝယ်မို့"
"အေး အေး ...ငါ ကဒ် ထဲကပိုက်ဆံ မင်းလိုသလောက်ယူသုံးလိုက် ကုန်ချင်သလောက်ကုန်ပါစေ ငါကလေးကိုတော့ဂရုစိုက်ပေးပါ နော်"
"ငါများ ငမွဲထင်နေလား အဲ့လောက်ထိ မမွဲသေးဘူး မအေဘေးရဲ့မင်းပိုမင်းသာဂရုစိုက်"
"ဒါနဲ့....သူ ငါ့ကိုမမေးဘူးလား"
တေဇ စိတ်မကောင်းဖြစ်သွားရသည်။သက်ပိုင်နိုးလာထဲက မေးဖို့အထား သူနဲ့ရတဲ့ကလေးတောင် ဖျက်ချချင်နေသည်။  ဒါတွေကိုသူ ဟိုမှာ အလုပ်လုပ်နေသူကို သူမပြောလို။
"အဲ့ဒါတွေ မေးမနေနဲ့ မင်းသာ မြန်မြန် ပြန်လာခဲ့"
"အေးပါ....."
ဓန တေဇ ဖုန်းချသွားတော့ ငေးငိုင်ကာ ကျန်ခဲ့သည် ။ ကလေး အခုလောက်ထိ ဖြစ်သွားရတာ သူကြောင့် ဆိုတဲ့အသိက ရင်ထဲကိုနင့်နေစေသည်။
ဒီရောက်ထဲက သူအစာလဲပုံမှန်မစားဖြစ်သလိုဆေးလိပ်တွေသာဖိ သောက်နေမိသည်။  မျက်ကွင်းတွေနဲ့နူတ်ခမ်းတွေပါ ညိုချင်နေပြီ။
ကလေးဆီကိုသာ အမြန်ပြန်ချင်နေပြီ အခုအမူ့လဲ အမြန်ဆုံးသာ ပြီးစေချင်တော့သည်။ သူတို့လိုချင်သလောက်သာ လျော်​ပေးလိုက်မည်။ အဓိက က မြန်မာပြည်အမြန်ဆုံးပြန်ရဖို့။
>>>>>>>>>>>>>>>>>>>>>>
ညရဲ့မှောင်မဲမူ့က ကြီးစိုးနေသည်။ ဦးထုတ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့လူတစ်ယောက်။ Jacket အနက်ရောင်ကို Jean အနက်ရောင် နဲ့တွဲဝတ်ထားသူက Shoe အနက်ရောင်ကိုပါစီးထားသည်။
တစ်ကိုယ်လုံး နက်ဆွေးနေတဲ့ထိုလူက မဟူရာညကို အသက်သွင်းနေသယောင်ယောင်။  လမ်းကိုမှန်မှန်လျှောက်ရင်း သူ လိုရာခရီးကို ရောက်ဖို့သာ အာရုံပြု နေသည့်ပုံ။
ဓန Site ထဲသွားကာ အလုပ်သမားစားရင်တွေကိုယူရသည်။ သေဆုံးသွားသည့် engineer နဲ့အတူပါသွားသည့် ကောင်လေး အကြောင်းကိုအပူပြင်းလိုက်စုံစမ်း နေရတော့သည်။
အခုလဲ ဓနတစ်ယောက်ညနက်​ကြီးထဲ ထိုကောင်လေး သွားတတ်သည့် bar ကို အရင်ရောင်နှင့်နေအောင်အနောက်လမ်းမှခပ်မြန်မြန်သွားနေတာဖြစ်သည်။
"ရှလပ် ရှလပ် ချွတ် ချွတ်ရှလပ်"
လူခြေသံများကို ဓန ကြားလိုက်ရသည်မို့ သူမျက်မှောင်ကျုံလိုက်မိသည်။ သူ့နောက်ကိုနောက်ယောင်ခံ လိုက်သည့် လူရှိနေပြီ သူသိလိုက်ပြီမို့ သူလမ်းကိုနဲနဲ မြန်မြန်လျှောက်လိုက်သည်။ အနောက်ကောင်တွေကလဲမပြေးရုံတစ်မယ် သူနောက်သို့လိုက်လာကျသည်။
ဓန လမ်းတစ်ခုကို ရုတ်တစ်ရက် ချိူးချ၍ ဓာတ်တိုင် တစ်ခုကြား ဝင်ပုန်းလိုက်သည်။
ဟိုကောင်တွေသူကို မျက်ခြေပြတ်ကာအသည်းအသန် လိုက်ရှာနေကြသည်။
"ဟာ.. ဒီ နားလေးတင်ပြောက်သွားတာ"
"ခဏက ဒီ နားမှာပါရှိပါသေးတယ်"
ဓန တစ်ချုက်ပြုံးလိုက်မိသည်။ ထိုလူကငါးယောက် သူကတစ်ယောက် အတင့်ရဲတာ မဟုတ်ပေ့မယ့် သိချင်တာ သိရဖို့ ရဲမှရမည်။ ဓန ဓာတ်တိုင်နောက်မှ ထွက်လာကာ
(အခု ပြောမည့် စကားတွေသည် Englishလိုသာဖြစ်သည့်ဟု မှတ်ယူဖြည့်တွေးပေးပါ။)
"ငါ ညီတို့ ဘယ်သူကိုရှာနေတာလဲ အစ်ကို ကူရှာပေးရမလား "
"ဟင်!!"
"ဟာ !!!"
"အမ်"
ဟိုကောင်တွေ သံစုံ ထွက်ကာ ရုတ်တရက် မို့ထင်အကုန်ကြောင်သွားကြသည်။
"အေးဆေးပေါ့  ငါညီတို့က ဘာလိုချင်လို့လဲ"
"Fuck !!စကား များလိုက်တာ ကျုပ်တို့က ဘာလိုချင်ရမှာလဲ"
"စကားများတယ်ကွာ ဟျောင့်တွေ လုပ်စရာရှိတာလုပ် ဆရာကြီးက အပါခေါ်ခဲ့ဖို့ မှာလိုက်တယ်မလား "
သူတို့ထဲက တစ်ယောက်က ဝင်ပြောလိုက်သည်မို့ အကုန်တိုက်ခိုက်ရန် အသင့်အနေထားပြင်လိုက်ကြသည်။
ဓန လဲ နောက်ဆုတ်ကာ အနီးဆုံးလူရဲ့ မျက်နာကို ဖြတ်ကန်ပစ်လိုက်သည်။
"ဘုန်း!!"
"အ့ !!!ချကွာ "
"ခွပ်!!ခွပ်!!"
ဓန ကို သာ ငါးယောက်လုံးဝိုင်းမဲနေကြသည်။ တစ်ယောက်ရဲ့လည်ပင်းကိုချုပ်ကာ ဓန ခြေထောက်နဲ့ တိုက်ခိုက်သည်။ ပါးဆောင့်ကို ဆင့်ထိုးလိုက်တော့ ထိုနိုင်ငံခြားသား မှောက်သွားသည်။
သူ့ကိုချုပ်ထားသည့် သူရဲ့တစ်ယောက်ရဲ့ လက်ကိုလိမ်ချိုးကာ ပြစ်ချလိုက်သည်။
"အားးးးး"
"ကျွတ်!!နားညီး လိုက်တာ ဒါအကုန်ပဲလား မင်းတို့ပညာက"
ဓန စကားကြောင့် ကျန်သည့်သုံးယောက် သဲ ကြီးမဲ ကြီး ဝင်တိုက်လာကြသည်။ လူတစ်ယောက်အနောက်မှ အလစ်ဝင်ကာ ဓန ရဲ့ခေါင်းကို ဒုတ်နဲ့ ရိုက်ချပစ်လိုက်သည်။
"ဒုတ်! !"
"အ့အားးး"
ဓန မျက်လုံးတွေမူးဝေသွားသည် ။ ဘာကိုမှမမြင်တော့ပဲ ပြာဝေလာကာတာမို့ ပါးစောင်ကိုလျှာနဲ့ထိုးကာ ဟန်ချက်ညီအောင် ထိန်းနေပေ့မယ့်မရ။
'ဟင်အင့် မရဘူးအဲ့လိုမဟုတ်ဘူး ကလေးဆီ ကလေးဆီ ပြန်ရဦးမည် အားးး မဟုတ်ဘူး မရဘူး '
ဓန အားတင်းထားပေ့မယ့်လဲအရာအားလုံးအမှောင်အတိကျသွားကာ ဘာကိုဘာမှမသိရှာတော့ပေ။
>>>>>>>>>>>>>>>>>>>
သက်ပိုင် အမှောင်ကြီးထဲ တစ်ယောက်ထဲ ထိုင်နေစဥ် သူနားကို လူတစ်ယောက် တစ်ဖြည်းဖြည်း တိုးလာခဲ့သည်။ ကပ်လာလေ ကပ်လာလေ ထိုလူက မျက်နှာတွင် သွေးတွေကအပြည့်ပင်။
သူအား တစ်ခုခုပြောရန်အားယူနေသလိုမို့ သူတိုးကပ်သွားလိုက်တော့ ကိုကိုဖြစ်နေသည်။
"ဟင် ...ကိုကို"
"ကလေး ကလေး ကိုကိုလေ ကလေး ကိုယ်ပါ ဓနလေ ကိုကိုယ်မမှတ်မိဘူးလားဟင် ကိုယ်ပါ မင်းယောကျ်ားပါ"
"မလာနဲ့ ကြောက်တယ် မလာနဲ့ သွား အားးး မလာနဲ့ ကြောက်တယ် အနားမလာခဲ့နဲ့ ထွက်သွား!!!"
"မနှင်ပါနဲ့ နော် ကိုကိုပါ ကိုကို ကိုကယ်ပါဦး အားးး!!!"
ကိုကိုက သူနဲ့တစ်ဖြည်းဖြည်းပို၍
ဝေး ဝေးသွားသည်။ လူတစ်စုကဆွဲခေါ်သွားကြသည်။ သူအသိစိတ်ဝင်လာတော့ ပြန်လုယူလို့မရတော့ပေ။ သူနူတ်မှ အာခေါင်ကွဲမတတ်ကိုကိုအား သေမတတ်​အော်ခေါ်နေလဲ မရတော့ပါ။
"ကိုကို အားးး!!"
"သက်ပိုင်.. ညီ သတိထားဦးလေ ဘာဖြစ်လို့လဲ ကိုယ်ကို ပြော "
"ဟင်အင့်... ဟင်"
သက်ပိုင် တစ်ကိုယ်လုံး ချွေးတွေ
ချွဲနှစ်ကာ ရေချိူးထားသည့်အတိုင်းပင်။
'ဟူးးငါအိမ်မက်မက်နေတာပဲ ...'
"ဘာမဖြစ်ဘူး... ကိုတေဇ ကျွန်တော်  အိမ်မက်ဆိုးမက်လို့ပါ"
"ရေလေး သောက်လိုက်ညီ"
"မှိုင်းရောအင်္ကျီလေး လဲချင်လို့"
မှိုင်းက ကိုယ်ထက်ငယ်သည်မို့ ကိစ္စမရှိသော်လဲ ကိုတေဇ ကိုတော့သူ အားနာမိသည်။
"ရတယ်ညီ.... ကိုယ်လဲပေးမယ်လေ"
"ရပါတယ်..  မှိုင်းကိုပဲ ခေါ်ပေးပါ"
"အဲ့ဒါဆိုလဲ .....ခဏ စောင့်နော် "
သက်ပိုင် ခေါင်းငြိမ့်ပြကာ ကုတင်ကို မှီ၍ အမောဖြေနေလိုက်သည်။ ကိုကို အဆင်မှပြေရဲ့လား ဘာတွေများ ဖြစ်နေပြီလဲ။  သူစိတ်ပူမိတာ တော့အမှန်ပင် ။ဒါပေ့မယ့် သူအဲ့စိတ်ကိုအနိုင်ယူရမယ် သူပြတ်သားနိုင်ဖို့ သူကြိုးစားရမည်။ဒီထက်ပို နှောင်တွယ်မရစ်ချင်တော့ပါ။
' ဘာဖြစ်ဖြစ်ပေါ့ ငါနဲ့ဘာမှ မဆိုင်ဘူး '
"ကလေးလေး ....ပါးပါး က မင်းအတွက် အသက်ရှင်ပေးနေတာမို့ မင်းဖအေ လိုမဆိုးပဲကောင်းကောင်းလေးကြီးပြင်းလာရမယ်နော်"
သက်ပိုင် ဗိုက်လေးအား ပွတ်ကာ မျက်ရည်လေးများကျရင်း တိုးတိုးလေးပြောနေမိသည်။ ထိုလူအားသူ မုန်းသည်။ မုန်းပြစ်ချင်သည်ဆိုပိုမှန်လိမ့်မည်။ အခုလိုဖြစ်နေတာတောင် ပြစ်ထားခဲ့ရက်သည့် မကောင်းတဲ့ လူကြီးကိုသူ သေချာပေါက်မုန်းပြစ်လိုက်ပါဦးမည်.....
>>>>>>>>>>>>>>>>>>>>>>>
ဓန နိုးလာတော့ ဘာဆိုဘာကိုမှ မမြင်ရ။ သူ့လက်တွေကို ခုံနှင့်နောက်ပြန်တုတ်ထားကာ ခေါင်းကို အဝတ်ဖြင့် အုပ်ထားသည်။ ခြေသံတွေကြားနေရတာသိပေ့မယ့် လူက ရိုက်နှက်ခံထားရသဖြင့် နဲနဲလေးမှ မလူပ်ချင်တော့ပေ။
ရုတ်တရက်  သူကိုအုပ်ထားတော့အဝတ်စကို ဆွဲချွတ်လိုက်ပြီး
"!ဗွမ်း""" "
မျက်နာကို ရေနဲ့ ပက်လိုက်တာဖြစ်သဖြင့်သူမျက်လုံးကို အားယူကာဖွင့်ကြည့်လိုက်၏။
"ခင်များ!!! ခင်များ ...ဦးမြမာန်..."
Ah Shin💛
(စာလေးတွေကို သေချာလေးပြင်ပေးနေတာမို့ စိတ်ရှည်ရှည်လေးထားပေးပါနော်💛ပထမဆုံးရေးတဲ့Ficလေးမို့ လိုအပ်ချက်တွေအများကြီးပါ။ နောက်fic လေးတွေရေးပြီးမှ ပြန်ကြည့်တော့ အများကြီးမကောင်းနေတာမို့ သေချာလေးပြန်ပြင်နေတာပါ။ နောက်ပိုင်းတွေကို အမြန်ဆုံးပြန်တင်ပေစပါ့မယ်နော်💛)
zawgyi
>>>>>>>>>>>>>>>>>>>>>>>>>
"အင်း ဟင်း.. အင်း"
" သက်ပိုင်! "
မှိုင်းအသံွေကာင့် တေဇနဲ့ရိုင်း ပြိုင်တူထရပ်လိုက်ွကသည်။
"ညီ..... "
သက်ပိုင် ဘေးနားက အသံတွေေကာင့် မျက်လုံးကို အားယူကာ
ဖွင့်လိုက်သည်။ သူဘေးတွင် ကိုတေဇ၊ မှိုင်း နဲ့ကွိုကီးရှိန်း တို့ကသူကိုစိုးရိမ်ပူပန်သော မျက်နွှာဖင့်ွကည့်နွေကသည်။
သည် ။
သွူေကာင့် အခုဘယ်လိုအွေခနေ ဘယ်လိုအနေထား နဲ့ဆေးရုံကို ရောက်ခဲ့ရပါသလဲ ရှက်လို့လဲသာ သေလိုက်ချင်တော့သည်။ အိမ်ကိုသာပြန်ချင်စိတ်ွေကာင့် အားပြုကာ ကျုံးထလိုက်သည်။
မှိတ်ဖိွု့ကိုးစား လိုက်သည်။
တေဇတို့ တစ်ယောက်မျက်နာ တစ်ယောက်ွကည့်ကာ သူပြောငါပြောနဲ့ တိုင်ပတါနွေကသည်။  မပြောလို့ကလဲ မွဖစ် ပြောမှရမည် အွေခနေ။ သူတို့အားလုံးအွကပ်ရိုက်နေရသည်။
သက်မင်းပိုင် ဘက်က လက်ခံနိုင်ဖို့ကိုလဲသူတို့အားလုံး မျှော်လင့်ထာွးကသည်။  လက်မခံလို့လဲမရတေွာ့ဖစ်တည်လာခဲ့ပြီလေ။
"ညီ.... သက်ပိုင်"
"ဗျာ! !!!!"
ကိုတေဇ စကာွးေကာင့် သက်ပိုင် ခေါင်းတစ်ခုလုံး ချာချာလည်သကဲ့သိွု့ဖစ်သွားတော့သည်။
"ဖျက်ချပေးပါ ကို​တေဇ
"ဟာ!!! "
"ဘယ်လို!!"
"ချာတိတ်!!! အဓိပ်ပါယ်  မရှိတဲ့စကားတွေကို မပြောနဲ့ ကိုယ်မွကိုက်ဘူး။ ညီတို့ဘွာဖစ်ခွဲ့ကလဲ ကိုယ်မသိသလို စိတ်လဲမဝင်စားဘူး ။ ဒါပေမယ့် လောကွကီးထဲကိုရောက်မလာသေး တဲ့ကလေးကို မြေစာပင်အွဖစ်ခံပြီးဘာမှ လုပ်ခွင့်မပြုနိုင်ဘူး ညီ "
"ကျွန်တော် သူနဲ့ရတဲ့ ကိုယ်ဝန်ကိုလုံးဝ မလိုချင်ဘူး ကွိုကီး"
"ဒါပေ့မယ့်  မင်းရဲ့သွေးသားပါညီ မွန်မြတ်လှတဲ့မိခင်ဘဝကို ပိုင်ဆိုင်ချင်တဲ့သူတွေအမျာွးကီးပါ။ ဒွီကားထဲကမှ ငါညီလေးကကံကောင်းစွာ ကိုယ်တိုင်မွေးထုတ်ခွင့်ရမယ့် ဖခင်ွဖစ်ရတာ ဂုဏ်ယူလိုက်စမ်းပါညီ..."
"ဟင်အင့်.. ဟင်အင့်... မလိုချင်ဘူး မယူချင်ဘူး!!! ထွက်သွားပေွးကပါ ကျွန်တော် တစ်ယောက်ထဲ နေချင်တယ် ထွက်သွားပေွးကပါ!!!"
"ok ...ညီ ခေါင်းအေးအေးထား
"ဟူးးးးး"
တေဇ သက်ပြင်းရှည်ွကီးချကာ ထိုင်လိုက်တော့ မှိုင်းက သူလက်တွေကိုဆုပ်ကိုင်လာသည်။
"ပင်ပန်းနေပြီလား ... "
"အွန်း နည်းနည်းပေါ့.... "
" လွူကီး  အနားမှာ ကျွန်တော်ရှိတယ်နော်... "
"တော်သေးတယ်မှိုင်းရာ... ကိုယ်တို့ကွံကမ်မာတွေအခုလောက်ထိမဆိုးခွဲ့ကလို့ ကိုယ် မင်းကိုတစ်ကယ်ကျေးဇူးတင်တယ် မှိုင်း.."
ဆိုတော့ ရှိန်ွးကည့်၍ တစ်ဖက်လှည့်ကာမဲ့လိုက်သည်။ သိပ်ပြီလဲ
မွကည်ချင်တော့။
လိုက်ဦွးကာရင် ညီ စိတ်ကပိုဆိုးပြီးထိခိုက်သွားလိမ့်မယ်"
" အေးပါ ....ငါသိပါတယ်"
ဆေးရုံ က BHONE Group ရဲ့ ရှယ်ယာ အများဆုံးဆေးရွုံဖစ်သည်မို့ ဒီကိစ်စကို လူသိခံစရာမလိုပဲသူတို့ွေဖရှင်းလိုက်နိုင်သည် ။
အကူမပါပဲ လမ်းလျှောက်ဖို့တော့ ခက်ခဲနေသေးတွာဖစ်သည်။
"အေး...တေဇ ပြော ငါကလေး  သတိရလာပြီလား ဟမ်!  သူ့အွေခနေဘယ်လိုလဲ သက်သာလား ထရောထနိုင်ရဲ့လား ကလေးကရော ငါရင်သွေးလေးကရော ဘွာဖစ်သွားသေးလဲ..."
"ွဖည်ွးဖည်း....  မေးပါ ဓနရယ် ငါအကုန်ွေဖပါ့မယ်ဟ!!  သက်ပိုင် ဒီမနက်ပဲ သတိရလာပြီ လွူကီးကော ကလေးရော အကုန်ကောင်းတယ်။ သက်ပိုင် ကရက်ွကွာကာသတိလစ်ထားတာမို့လမ်းလျှောက်ဖို့ နည်းနည်ွးကာဦးမယ် ဒီလောက်ပဲ"
"ဟင်.... လမ်းလျှောက်ဖိွု့ကာအုံးမှာတဲ့လား အိမ်မှာ ကလေးတစ်ယောက်ထဲ ငါ ငါ က"
"ဓန... အဲ့ဘက်အွေခနေကရော"
"မကောင်းဘူး ...တေဇွဖစ်သွားတဲ့ Engineer က ပွဲချင်းပြီးသွားတော့ သူတို့ဘက်က တော်တော်နဲ့ မကျေအေပေးနိုင်ဘူွးဖစ်နေတယ်   "
"ဟင် ....ဟုတ်လား အဲ့ဆိုရင် အဲ့ကောင်လေး ကိုရှာတွေ့ရင် အွေခနေကောင်း နိုင်မယ်ထင်တယ်"
"ငါလဲ အတတ်နိုင်ဆုံးတေွာ့ကိုစားနေတယ် ကိုယ်ဒေသ ကိုယ့်နိုင်ငံ မဟုတ်တော့ ခက်တယ် ငါနေခဲဖူးပေ့မယ့် အဲ့လောက်ထွိက နယ်ခံ ရှိမှ အဆင်ပြေမှာ သူတို့ငွေပေးလို့မရဘူွးဖစ်နေတာ"
"မင်း အဒေါ်တွေကို အကူညီတောင်ွးကည့်ရင်ရော "
"တော်စမ်းပါကွာ...  မနွယ်ချင်လို့ ငါ အဲ့ဘက်တောင် မသွားဘူး ငါဆိုတဲ့ကောင်က ပြတ်ရင် လှည့်မွကည့်ချင်တော့ဘူး တေဇ"
"အေးပါ....."
>>>>>>>>>>>>>>>>>>>>>>
အခုလဲ ဓနတစ်ယောက်ညနက်ွကီးထဲ ထိုကောင်လေး သွားတတ်သည့် bar ကို အရင်ရောင်နှင့်နေအောင်အနောက်လမ်းမှခပ်မြန်မြန်သွားနေတွာဖစ်သည်။
ဓန လမ်းတစ်ခုကို ရုတ်တစ်ရက် ချိုးချ၍ ဓာတ်တိုင် တစ်ခွုကား ဝင်ပုန်းလိုက်သည်။
ဟိုကောင်တွေသူကို မျက်ွေခပြတ်ကာအသည်းအသန် လိုက်ရှာနွေကသည်။
(အခု ပြောမည့် စကားတွေသည် Englishလိုသွာဖစ်သည့်ဟု မှတ်ယွူဖည့်တွေးပေးပါ။)
"ဟင်!!"
"ဟာ !!!"
"အမ်"
ဟိုကောင်တွေ သံစုံ ထွက်ကာ ရုတ်တရက် မို့ထင်အကုန်ွေကာင်သွာွးကသည်။
"စကားများတယ်ကွာ ဟျောင့်တွေ လုပ်စရာရှိတာလုပ် ဆရွာကီးက အပါခေါ်ခဲ့ဖို့ မှာလိုက်တယ်မလား "
သူတို့ထဲက တစ်ယောက်က ဝင်ပြောလိုက်သည်မို့ အကုန်တိုက်ခိုက်ရန် အသင့်အနေထားပြင်လိုက်ွကသည်။
ဓန လဲ နောက်ဆုတ်ကာ အနီးဆုံးလူရဲ့ မျက်နာကွိုဖတ်ကန်ပစ်လိုက်သည်။
"ဘုန်း!!"
"အ့ !!!ချကွာ "
"ခွပ်!!ခွပ်!!"
ဓန ကို သာ ငါးယောက်လုံးဝိုင်းမဲနွေကသည်။ တစ်ယောက်ရဲ့လည်ပင်းကိုချုပ်ကာ ဓနွေခထောက်နဲ့ တိုက်ခိုက်သည်။ ပါးဆောင့်ကို ဆင့်ထိုးလိုက်တော့ ထိုနိုင်ငွံခားသား မှောက်သွားသည်။
"အားးးးး"
"ဒုတ်! !"
"အ့အားးး"
>>>>>>>>>>>>>>>>>>>
သူအား တစ်ခုခုပြောရန်အားယူနေသလိုမို့ သူတိုးကပ်သွားလိုက်တော့ ကိုကွိုဖစ်နေသည်။
"ဟင် ...ကိုကို"
"ကလေး ကလေး ကိုကိုလေ ကလေး ကိုယ်ပါ ဓနလေ ကိုကိုယ်မမှတ်မိဘူးလားဟင် ကိုယ်ပါ မင်းယောက်ျားပါ"
"မလာနဲ့ွေကာက်တယ် မလာနဲ့ သွား အားးး မလာနဲ့ွေကာက်တယ် အနားမလာခဲ့နဲ့ ထွက်သွား!!!"
ကိုကိုက သူနဲ့တစ်ွဖည်ွးဖည်းပို၍
"ကိုကို အားးး!!"
"သက်ပိုင်.. ညီ သတိထားဦးလေ ဘွာဖစ်လို့လဲ ကိုယ်ကို ပြော "
"ဟင်အင့်... ဟင်"
ချွဲနှစ်ကာ ရေချိုးထားသည့်အတိုင်းပင်။
"ဘာမွဖစ်ဘူး... ကိုတေဇ ကျွန်တော်  အိမ်မက်ဆိုးမက်လို့ပါ"
"ရေလေး သောက်လိုက်ညီ"
"မှိုင်းရောအင်ကျီလေး လဲချင်လို့"
မှိုင်းက ကိုယ်ထက်ငယ်သည်မို့ ကိစ်စမရှိသော်လဲ ကိုတေဇ ကိုတော့သူ အားနာမိသည်။
' ဘွာဖစ်ွဖစ်ပေါ့ ငါနဲ့ဘာမှ မဆိုင်ဘူး '
"ကလေးလေး ....ပါးပါး က မင်းအတွက် အသက်ရှင်ပေးနေတာမို့ မင်းဖအေ လိုမဆိုးပဲကောင်းကောင်းလေွးကီးပြင်းလာရမယ်နော်"
>>>>>>>>>>>>>>>>>>>>>>>
"!ဗွမ်း""" "
မျက်နာကို ရေနဲ့ ပက်လိုက်တွာဖစ်သွဖင့်သူမျက်လုံးကို အားယူကာဖွင့်ွကည့်လိုက်၏။
Ah Shin💛
zawgyi
>>>>>>>>>>>>>>>>>>>>>>>>>
Continue Reading
You'll Also Like
143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
340K 27.9K 76
ခပ်တည်"နေတတ်တဲ့ ဂိုဏ်းခေါင်းဆောင် Luó Yù(လောယွီ)နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အယောင်ဆောင် ကောလိပ်ကျောင်းသား Ruǎn Zhēng(ရွမ်ကျန်း)... Author(s)...
68.8K 4K 65
ကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပ...
258K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်