အပိုင်း(24)

17.1K 606 36
                                    

သက်ပိုင် အလုပ်တွင်အဆင်ပြေကာနေသားကြနေပြီဖြစ်​သည် ။ Designတွေ ကိုလဲ သူသေချာရေးဆွဲပေးနိုင်ပြီး ကိုကိုလုပ်ငန်း တွက်အများကြီးအထောက်ကူ ပြုပေးနိုင်ခဲ့ပြီ။

ကိုကို နဲ့ခုတစ်လော စကားတောင် သေချာမပြောဖြစ်ကြ။အလုပ်ကိစ္စဆိုလဲ ကိုတေဇ နဲ့သာ အများဆုံး ပြောဖြစ်သည်။

ဒီနေ့တော့ project သစ်အတွက် Design ပိုင်းတာဝန်ခံ ကိုမိုးမာန်နဲ့ ဒဂုံဘက် သွားရမည်မို့သူ ပြင်ဆင်စရာရှိတာ့ပြင်ဆင်နေရသည် ။

"ကိုမိုးမာန် အဆင်သင့်ဖြစ်ရင်
သွားကြမယ်လေ"

" အစ်ကို ဒါလေးလက်စသတ်ပြီးရင် သွားကြတာပေါ့။  လိုအပ်တဲ့ file တွေ မမေ့နဲ့ ဦးနော် ပိုင်လေး"

တစ်ရုံးလုံးက သက်မင်းပိုင် ကို ချစ်စနိုးနဲ့ ပိုင်လေး ဟုသာခေါ်ကြသည်။လူတိုင်းက သက်ပိုင် ကိုချစ်ခင်ကြပြီ ဘာမဆိုဂရုစိုက်သင်ပြပေးကြသည်။

"အကုန်စစ်ပြီပြီ နေရာတစ်ချက်
လိုက်စစ်ကြည့်ရုံပဲ"

"ok ပိုင်လေး "

သူ ကိုမိုးမာန် နှင့်စကားတစ်ပြောပြောနဲ့အတူယှဥ်ကာ ထွက်လာတော့ ကိုကိုနဲ့ ကော်ရစ်တာမှာ တန်းတိုးသည်။

"ဒါက ဘယ်လဲ သက်မင်းပိုင်! "

"project အသစ်တွက် ဒဂုံ ဘက်သွားမလို့ပါ ကိုဓန"

နံဘေးက မိုးမာန်ကို တစ်ချက်လှမ်းကြည့်ပြီး

"တေဇ ကရော "

"ကိုတေဇက Design ဘက်နဲ့ သိပ်မဆိုင်တော့ ကိုမိုးမာန်နဲ့ သွားမှ ပိုအဆင်ပြေမှာမို့လို့ပါ"

"တေဇနဲ့ ဆိုင်တာ မဆိုင်တာ ငါဆုံးဖြတ်ရမယ့် ကိစ္စ သက်မင်းပိုင်!!"

"ဟို Boss ကျွန်တော်နဲ့ ပိုင်လေး တွဲ ပြီးတာဝန်ယူရတဲ့ကိစ္စမို့လို့ပါ "

ကိုမိုးမာန် က အကျိုးသင့်အကြောင်းသင့်ဝင်ပြောပြန်တော့လဲ မရ။

"အဲ့တော့ "

"ပိုင်လေးနဲ့ သွားကြည့်မှ Design ပုံစံ အနေထား ပြုပြင်ဖို့ ပိုအဆင်ပြေမှ မို့လို့ပါ "

ဓန ဘာစကား မှမပြောတော့ပဲ ထွက်သွားသည်။ သက်ပိုင်လဲ ကိုမိုးမာန်ရှေ့ အော်ခံရသည်မို့ အောင့်သက်သက်ကြီးကျန်ခဲ့သည့။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now