အပိုင်း (19)

20.8K 759 91
                                    


No.21 club & Bar

နက်စွေးနေတဲ့ဂျင်းအပေါ်ကုတ်ကို ဓန ၀တ်ဆင်ထားပြီး အနက်ရောင်လျှာထိုးဦးထုတ် အားခပ်ငိုက်ငိုက်ဆောင်းထားသည်။ ဆိုင်ရှိထောင့်အကျဆုံးစားပွဲဝိုင်းတစ်ခုတွင်ထိုင်၍ ရှိန်းမင်းဆက်အလာကို စောင့်နေလိုက်သည် ။လူတွေကပိုပိုရူပ်လာ
သဖြင့်စောင့်ရတာကိုသူစိတ်ကမရှည်လာတော့ပါ။

"ရောက်နေတာကြာပြီလား "

ရှိန်းမင်းဆက် အသံကြောင့် သူမော့ကြည့်လိုက်ပြီး

"အချိန်ကိုမတိကျပဲ စီးပွားရေးလုပ်နေတာ အံသြစရာပဲ ရှိန်းမင်းဆက် "

"ဟက်!!! မဆိုစလောက်လေးပါ လက်ဖက်ကောင်းစားချင်ရင်နည်းနည်းတော့ စိတ်ရှည်ရမယ် မဟုတ်လား "

"စကားအများကြီးပြောရတာ မကြိုက်ဘူး ရှိန်းမင်းဆက် ဘယ်မှာလဲ vd "

"ဖြည်းဖြည်းပေါ့ ဘယ်မှာလဲ ငါလိုချင်တာ "

"ငါက ကတိမတည်ရင် အလုပ်မလုပ်ဘူး ...ရော့!!! "

ဓန file များ ပါသော အိတ်အား စားပွဲပေါ် ပြစ်ပေးလိုက်သည်။

ရှိန်းသဘောကျစွာ ပြုံး၍ vd တစ်ခု ပို့ပေးလိုက်သည် ။

ဓန Vd file ကိုခပ်မြန်မြန်ဖွင့်ကြည့်လိုက်တော့ ထိုနေ့ညက သန့်စင်ခန်းထဲရှိ အေမီမီမောင်နဲ့ ဟိုကောင်ရဲ့ အသံတွေကို ရွံ့ရှာဖွယ်သူ ကြားလိုက်ရသည်။ Vd ရဲ့အဆုံးသတ်မှာသူ့ဒေါသတွေအထွဋ်ထိပ်သို့ရောက်သွားခဲ့သည်။

"တောက်!!! ဒီမိန်းမကွာ "

"ကိုယ်တန်ဖိုးထားတဲ့ အရာကို စော်ကာထိပါးနေတာတောင် မင်းဒီတိုင်း ကြည့်နေမယ်ဆိုရင် ငါသက်မင်းပိုင်ကို ရအောင်ပြန်ယူမှာ ဓန "

"ဓနဘုန်းအောင် ဘာကောင်လဲ ဆိုတာ မင်း...စောင့်ကြည့်လိုက်ပါအုံး"

"ဒါနဲ့ ​ပြန်တုန့်ပြန်လို့ရမယ် အရာဆိုတာကရော ဘာလဲ "

ဓန မျက်ခုံးပင့် ပြီးမေးတော့ ရှိန်း
ပုခုံးကိုတွန့်လိုက်ကာ

"ဒါ​ရဖို့ငါနဲနဲတော့လှုပ်ရှားလိုက်ရတယ်...ဓန။ Hotel တွေအများစုက personal ကိစ္စတွေ ဝင်စွက်ဖက်ခွင့် မပေးတာ မင်းသိပါတယ်။ ငါဘက်ကတော်တော်ကြီးလဲ ရင်းလိုက်ရတယ်"

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now