အပိုင်း(20)‼️

24.5K 751 46
                                    

" တီတောင်! တီတောင်!!"

အဆက်မပြတ် မြည်နေတဲ့တံခါးကြောင့် သက်ပိုင်ဖွင့်ရမှာကြောက်နေသည်။

"ဘယ်သူလဲ မသိဘူး ကိုကြီးတေဇဆို တံခါးဖွင့်ဝင်ခဲ့မှာ"

ဘဲလ်ကိုအဆက်မပြတ်တီးနေသော ကြောင့် သက်ပိုင် မဝံ့မရဲနဲ့ဖွင့်ပေးလိုက်သည်။

"ဟင် ....ကိုကို "

သက်ပိုင် ကိုကို ကိုမြင်လိုက်ရတာမို့အရမ်းအံသြသွားကာ သူကြောင်ပြီးငေးကြည့်မိသည်။


"ပြွတ်!"

"ဘာ..ဘာလုပ်တာလဲ "

နူတ်ခမ်းကို ဖျက်ကနဲပိုင်စိုးပိုင်နင်း နမ်းလိုက်တာမို့ သက်ပိုင် ခြေလှမ်းတို့နှောက်သွားသည်။

'လူကိုရှင်းပြခွင့်တောင်မပေးပဲစွပ်စွပ်စွဲစွဲလုပ်ထား ဟွန့်!အခုမှ '

"အိမ်ပြန်မယ် "

"မလိုက်ဘူးကိုကို သား မပြန်ချင်တော့ဘူး "

"သက်မင်းပိုင်!! ငါနှစ်ခါမပြောဘူး"

'လာခေါ်တာတောင် အကျောကြီးနဲ့ ခေါ်ပေါ့ မလိုက်ဘူး '

သက်ပိုင် တစ်ဖက်သို့လှည့်ပြစ်လိုက်သည်။

"ကလေး... လာပါ အိမ်ပြန်ရအောင်နော် ကိုကို တောင်းပန်ပါတယ်"

"သက်ပိုင်.... ပြန်မလိုက်တော့ဘူး ကိုကို "

"သက်မင်းပိုင်!!!"

ဓန အော်လိုက်တော့ ကောင်လေး တုန်သွားသည်။ ဓန စိတ်သိပ်မရှည်။ချော့မော့ပြောနေရသည်မှာ သူ ၏ Type မဟုတ်။

" ကိုကို မလိုချင်လို့စွန့်ပြစ်လိုက်ပြီပဲသက်ပိုင် ကိုယ်ကိုမကြိုဆိုတဲ့နေရာကိုပြန်မလိုက်ချင်တော့ဘူးကိုကို "

"အိမ်မှာ ဘယ်သူမှမရှိတော့ဘူး"

ကိုကို စကားကြောင့် သက်ပိုင် အံသြသွားကာ ချက်ချင်းပြန်လှည့်ကြည့်သည်။

"ဟင် အန်တီနဲ့ မအေမီကရော "

"ကို ...မောင်းထုတ်လိုက်ပြီ"

"ဟင် မောင်းထုတ်တယ် "

"အွန်း ...ဘာလို့လဲ ပြန်ခေါ်ပေးရမလား "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now