အပိုင်း(36) end

24.4K 688 85
                                    


     ကိုကို တစ်ဖြည်းဖြည်းသက်သာလာတာနဲ့ သက်ပိုင်သို့ ဆေးရုံ ဆင်းဖို့ ပြင်ကြသည်။

အိမ်ကိုလဲ သိပ်လွမ်းနေ​မို့ သူပြန်ချင်နေပြီဖြစ်သည်။ ဒီဆေးရုံမှာ သူကြာကြာမနေလိုတော့ပါ။ ဒီအငွေ့သက်တွေ ဒီပတ်ဝန်းကျင် သူကြောက်မိသည်။

သူသာ တစ်ကယ် သေဆုံးသွားခဲ့ရင် ဒီမိသားစု ဒီအသိုက်မြုံနဲ့ သေချာပေါက်သူခွဲရမှာဆိုတဲ့ အတွေးနဲ့တင် ဓန မွန်းကြပ်လာသလို ခံစားလာရသည်။

"သားပါးပါး.."

"ဗျာ..... ကိုကို "

"သားရော.... "

"မှိုင်း ဆိုင်ကို ခေါ်သွားတယ် ကိုကို... ညနေလဲ ကိုကြီးရှိန်း ကခဏခေါ်သွား ပြီးမှ ပြန်ပို့မယ်တဲ့"

"သား လဲသနားပါတယ်ကွာ
ဒီမိဘတွေနားကပ်ရတယ်လို့ကိုမရှိဘူး"

"အမလေး..ကိုကိုသားကလေ အဲ့လို လမ်းသလားနေရမှာ ပျော်တာ။ ဘယ်သူတူလဲတော့မသိဘူး။  ကျွန်တော်နဲ့ မတူတာတော့ သေချာတယ် "

"အဲ့ဒါဆို ကိုယ်နဲ့တူတယ်လို့ သားရဲ့ပါးပါး ကပြောချင်တာလား "

"အဲ့ဒါတော့မသိဘူးလေ  "

"ကိုယ်ဘယ်လောက်လိမ်မာခဲ့လဲ မင်း အသိဆုံးပါ "

"သူများတွေေအပေါ် ဟုတ်ချင်ဟုတ်မှာပေါ့ ကျွန်တော်အပေါ်တော့ မဟုတ်ပေါင် "

"ဟုတ်လို့လား ကလေးရဲ့ ကိုယ်မင်းအပေါ်ဆိုးတာ တစ်ချိန်ထဲပါ "

"ကိုကိုနော် ဆေးရုံမှာကို ဘာတွေ လာပြောနေတာလဲ "

"အဲ့ဆိုလဲအိမ်ရောက်မှ ပြောတော့မယ်"

"ဟာ ကိုကို နော်..."

ဟက်ဟက်ပက်ပက်ရယ်သွားသူက ကြည့်ကောင်းလွန်းလှသည် ။

"သားရဲ့ ပါးပါး"

ကိုကိုက သားမွေးပြီးနောက်ပိုင်းသူ့ကို  သားရဲ့ပါးပါး လို့ အမြဲခေါ်လေ့ရှိတာ သူ သတိထားမိပေ့မယ့် အဲ့လိုလေး ခေါ်တာ သဘောကျမိတာမို့ ဘာမှမပြောဖြစ်။

"ဗျာ ကိုကို "

"ကိုယ်အနားလာပါဦးကွာ တစ်ကယ်ပဲအကပ်ကိုမခံတော့ဘူး"

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now