အပိုင်း(6)🌪️

24.9K 991 57
                                    

​ သက်ပိုင် မျက်လုံးတွေကိုမဖွင့်ချင်ပေ့မယ့်အားယူဖွင့်ရသည်။အိပ်ယာမှ ဖြည်းဖြည်းချင်း ထလိုက်ပေ့မယ့် လူက မိုက်ကနဲ။

"အ့ကျစ်!! နာလိုက်တာ.."

သူ့ဘ၀မှာညည်းနေရုံနဲ့မဖြစ်သေး။ ကျောင်းကိုလဲမဖြစ်မနေသွားရအုံးမည်။ ရေချိုးခန်းထဲသို့ ကမန်းကတမ်း၀င်ကာ ရေအမြန်ချိုးလိုက်သည်။

ရေချိုးခန်း အတွင်းရှိ မှန်တွင် မြင်နေရသော သူခန္ဓာကိုယ်မှာ တစ်စက်မှ မြင်၍မကောင်း။  ကိုက်ရာဗလပွနဲ့ အနီကွက်တွေကညိုမဲတဲ့ ဘက်ကိုပင်ရောက်နေသည် ။

"ကိုကို ကျွန်တော်အပေါ်မကောင်းဘူးဗျာ.."

တစ်ရှိန်းရှိန်းတတ်လာသော ကိုယ်အပူချိန်ကို သတိထားမိပေ့မယ့်လျစ်လျူရူထားလိုက်သည်။ကိုကိုအတွက် မနက်စာခပ်မြန်မြန်ပြင်ပေးကာ ယူစရာရှိတာများ ကောက်ထည့်၍ ကားအမှီ သူ ထွက်လာခဲ့သည်။

ဖေဖေချန်ပေးခဲ့တဲ့ ကား ရှိသော်လဲကိုကို ကတမင်ပေးမစီး။ အရင်ကအသက်မပြည့်သေးလို့ မစီးခဲ့ရပေ့မယ့်အသက်ပြည့်တော့ လဲကိုကိုက မသိချင်ယောင်ဆောင်ထားသည်။ ပြန်ကြားသည်က အကျင့်ပါမှာဆိုးလို့တဲ့။

သက်ပိုင် ပြန်တွေးတိုင်းရယ်ချင်မိသည်ထိအောင့်သက်သက်ဖြစ်ရသည်။ ဒါကြောင့်တစ်ခွန်းမှမဟပဲ YBS 200 ပေးကာ သူနားအေးပါးအေး စီးဖြစ်သည်။

ကျောင်းကိုရောက်တော့လဲလူကခေါင်းတွေကမူးနေသည့်အ​ပြင် အောက်ပိုင်းကလဲ လမ်းလျောက်လိုက်တိုင်းအသည်းခိုက်မတတ်နာကျင်မူ့ကိုခံစားနေရသည်။အတန်းထဲသို့ဖြည်းဖြည်းချင်းဝင်လာကာ နေရာမှာသာဝင်ထိုင်လိုက်၏။

"ဟဲ့!! သက်ပိုင် ငါတို့ကမျှော်နေ
တာ "

သက်ပိုင် အပြုံးနှင့်သာတုန့်ပြန်တော့ လူကဲခတ်တော်သည့် သူဇာမ က နဖူးကိုချက်ချင်းလှမ်းစမ်းသည်။

"ဟင် သက်ပိုင် နေမကောင်းဘူးလားမျက်နာတွေကအရမ်းနီနေတယ်။ မှန်း ငါစမ်းကြည့်မယ် "

သူဇာမ ကလျှင်မြန်လွန်းသည့်မို့သူ့ရှောင်ချိန်ပင်မရလိုက်။

"ဟယ် သက်ပိုင်ရယ် ကိုယ်တွေပူကျစ်နေတာကို "

သူဇာစိတ်ပူစွာဆိုတော့ ဝတ်ရည်ကပါ ငိုမဲ့မဲ့ဖြစ်လာသည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now