Wonderful Promise
By TayDiDi
776K 66K 11.8K
(Myanmar Boy Love Fiction-OC) Match Made In Clouds (ကြည်ညွှန်း Family) ရဲ့ Season 2 ပါ Match Made In Clouds က... More
Intro (U&Z)
Ep 1 (U)
EP 1 (Z)
Ep 2 (U)
Ep 2 (Z)
Love For Wonderful and Pauk Pauk ♥️
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Note
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Final (U)
Final (Z)
Thank You ♥️
Love For KoKo & One Four ♥️
Wonderful Honeymoon in Zircon Part 1 (U)
Wonderful Honeymoon in Zircon Part 1 (Z)
Wonderful Honeymoon in Zircon Part 2 (U)
Wonderful Honeymoon in Zircon Part 2 (Z)
Love For Ko Ko and 14 ❤️
Ep 9 (Z)
7.3K 294 9
By TayDiDi
သူ့ထက်နိုင် ထည်ဝါတို့ခြံနှင့် ခပ်လှမ်းလှမ်းမှာ ကားရပ်ပြီး အိမ်ကြီးကိုငေးကြည့်နေမိသည်။ ကားမှန်ကို တစ်ဝက်ချကာ လက်ထဲမှ စီးကရက်ပြာတောင့်ကို ခြွေချလိုက်ပြီး မီးခိုးငွေ့တို့ကို ခပ်မျဉ်းမျဉ်း မှုတ်ထုတ်လိုက်သည်။
၂ ရက်။
ထည်ဝါ့ကို မတွေ့ရတာ ၂ရက်ရှိပြီ။
"ဝမ်းဖိုး အဆင်ပြေရင် ဖုန်းဆက်မယ်... ကိုကို မလိုက်လာနဲ့နော်" ဟုပြောသွားပေမဲ့ ဒီနေ့အထိ ဖုန်းမဆက်လာသလို သူ့ထက်နိုင်ဖုန်းဆက်တော့လည်း မကိုင်ပါ။ ၂ ရက် ဆိုသည့်အချိန်က သူ့ထက်နိုင်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်လာပြီဖြစ်သဖြင့် ခြံရှေ့အထိ ရောက်လာခဲ့ရပြီ။
ကားဟွန်းကို အကျယ်ကြီးတီးပြီး အိမ်ထဲကိုဝင်သွားပစ်လိုက်ချင်ပေမဲ့ သူ့ထက်နိုင် မွေးဖွားကြီးပြင်းခဲ့ရသည်က ဒီလိုအကျင့်စရိုက်မျိုးနှင့် မဟုတ်၍ ဆန္ဒကို သိက္ခာနှင့် ထိန်းရသည်။
ဒီမိသားစု အသိုင်းအဝိုင်းထံမှ ဒီအဖိုးတန်ကလေးကို ရယူပိုင်ဆိုင်ခွင့်ရဖို့ ဒီလောက်ထိ မလွယ်ကူမှန်း သူ့ထက်နိုင်က နားလည်လက်ခံထားခဲ့ပြီးဖြစ်သည်။ ဒီလိုခပ်မြန်မြန် ချစ်ခွင့်ပန်ဖို့ မရည်ရွယ်ထားခဲ့ပေမဲ့ ထည်ဝါနှင့် ပြန်တွေ့ပြီးနောက်မှာ မျက်တောင်ကော့လေး တစ်ချက်ခတ်တာတောင် စက္ကန့်မလပ်ထိုင်ကြည့်နေချင်မိသည်အထိ လောဘတက်လာခဲ့မိခြင်းကြောင့်ပင်။
"ဝမ်းဖိုးတို့က ဘာမှမဟုတ်ကြသေးလို့ ခဏခဏမတွေ့ဘဲနေကြမယ်နော် ကိုကို့" ဆိုသည့် စကားလေးကို သူ့ထက်နိုင် အူယားလွန်းသဖြင့် ဟုတ်အောင်လုပ်လိုက်ခြင်းဖြစ်သည်။ အကျိုးဆက်ကတော့ မျက်စိရှေ့မှ ပျောက်သွားလိုက်သည်မှာ ၂ ရက်ပင်ရှိခဲ့ပြီ။
ဒီ့ထက်ကြာလာလျှင်တော့ သူ့ထက်နိုင် လူကြီးတွေနှင့် ဝင်တွေ့ပြီး တောင်းပန်ရမည်ဆိုလျှင်လည်း တောင်းပန်ရန်အသင့်။ သူ့ထက်နိုင် ဘဝမှာ တရားသဖြင့် လိုချင်တာတစ်ခုကိုရဖို့ ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ တောင်းပန်ပြီးမယူခဲ့ဖူးပါ။ ထည်ဝါကတော့ ချွင်းချက် ဖြစ်ပါလိမ့်မည်။ သူ့ထက်နိုင် ဆိုသည့်နာမည်ကို ဒယ်ဒီပေးခဲ့ခြင်းမှာ ရှုံးဖို့မဟုတ်။ သို့သော်လည်း ထည်ဝါ့ အပေါ်မှာ မိသားစုထက် မလျော့သော အချစ်တို့က ခိုင်မာစွာတည်ဆောက်ခဲ့ပြီးပြီမို့ ထည်ဝါကြည်ညွှန်း နှင့်ပတ်သက်လျှင် မိသားစုဝင်တွေရှေ့လည်း ဒူးထောက်ဖို့ ဝန်မလေးသူဖြစ်ခဲ့ပြီ။
သူ့ထက်နိုင် အိမ်ကြီးဆီသို့ မမှိတ်မသုန်ငေးကြည့်နေစဉ်မှာပဲ ဝရံတာနှင့်ကပ်လျှက် ပြုတင်းပေါက်မှ ခန်းဆီးလိုက်ကာလေးတစ်ခုက လှုပ်ခတ်သွားသည်။ သူ့ထက်နိုင် ခန္ဓာကိုယ်က မတ်ခနဲဖြစ်သွားရပြီး ပြုတင်းပေါက်ဆီသို့ အာရုံတို့ကို စုစည်းလိုက်သည်။ လိုက်ကာလေးက ခပ်ဟဟဖြစ်သွားပြီး ခေါင်းလေးတစ်လုံးပေါ်လာကာ လှစ်ခနဲ ပြန်ပျောက်သွားသည်။
"ထည်ဝါ!"
သူ့ထက်နိုင် ကားတံခါးကို လျှင်မြန်စွာ ဆွဲဖွင့်ပြီး ကားအပြင်သို့ ထွက်လိုက်ချိန်မှာ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ ခပ်မြန်မြန်လေး ထုတ်ယူကြည့်လိုက်တော့ ထည်ဝါ့ဆီမှ ဖြစ်သည်။
"ဟယ်လို...ထည်ဝါ"
"ကိုကို ပြန်တော့"
"ခဏလေး... ထည်ဝါ အဆင်ပြေရဲ့လား ကိုကိုသိချင်တယ်"
"ဝမ်းဖိုးနဲ့ကိုကို တရားဝင်တွဲခွင့်ရဖို့ ဖေဖေ့ဆီက ခွင့်ပြုချက်ရမှ ကိုကို့ဆီလာခဲ့မယ်နော်... ဒီအတောအတွင်း ဝမ်းဖိုးက ဖေဖေ့နားမှာပဲ နေမှာမလို့ ကိုကိုက စိတ်မပူနဲ့နော်"
"ကိုကို ဖုန်းဆက်ခွင့်ရော မရှိဘူးလား"
"အဆင်ပြေတဲ့အခါ ဝမ်းဖိုး ဖုန်းခေါ်မယ်နော် ကိုကို... ဖုန်းခဏခဏပြောရင် ဖေဖေ မကြိုက်မှာစိုးလို့"
သူ့ထက်နိုင် သက်ပြင်းချလိုက်မိသည်။ Daddy Boy လေးကို ချစ်မိတော့လည်း သည်းခံရတော့မည်။
"ထည်ဝါ"
"ဗျာ"
"ကိုကို lego တွေဆက်ထားတယ်"
ထည်ဝါ့ဘက်မှ ငြိမ်ကျသွားသည်။ ထို့နောက် အသံတိုးတိုးလေး ထွက်လာပြီး...
"ဝမ်းဖိုးနဲ့တူတူ ဆက်ဖို့ချန်ထားဦးနော် ကိုကို့... တူတူဆက်မယ်လို့ Promise ပေးထားတယ်လေ"
"အင်း"
"ဒါဆို ကိုကို ပြန်တော့နော်"
"စကားနားထောင်ရင် ကိုကို ဘာပြန်ရမလဲ"
"စကားနားထောင်ရင် ကိုကို ဝမ်းဖိုးကိုရမှာပေါ့"
ကားတံခါးကို ဆုပ်ကိုင်ထားမိသော သူ့ထက်နိုင်လက်တို့တင်းခနဲဖြစ်သွားရသည်။ ထည်ဝါကြည်ညွှန်းလေးက စကားကို အူယားအောင်ပြောတတ်လွန်းသည်။
"ကိုကို့ ...ပြန်တော့လို့"
"ပြန်စေချင်ရင် ပြုတင်းပေါက်ကို ခဏထွက်လာပြ"
"အာ...ကိုကိုကလည်း"
"မထွက်လာရင် ကိုကို အိမ်ထဲဝင်လာမှာ"
သူ့ထက်နိုင် က ထိုသို့ပြောတော့ ပြုတင်းပေါက်မှ လိုက်ကာလေးက လှစ်ခနဲပွင့်သွားပြီး လွမ်းနေရသော မျက်နှာလေးက ပေါ်လာသည်။ အိမ်နေရင်းမို့ ကုတ်ထောက်နေသော ဆံပင်ရှည်တွေကို စည်းနှောင်ထားခြင်းမရှိဘဲ ကပိုကရိုလေးနှင့် အဝေးမှမြင်ရတာတောင် ထွေးပွေ့နမ်းရှိုက်ချင်စရာအတိ။
"ကိုကို နောင်တရသွားပြီ"
"ဗျာ"
"အခု ခဏလောက် ဖက်ထားချင်မိသွားပြီ"
"အာ...ကိုကိုကလည်း"
"ကိုကို ခဏဝင်လာခဲ့မယ်"
"ကိုကို့! မရဘူးလို့... ပြန်တော့နော်... စကားနားထောင်ရင် ဝမ်းဖိုးက ကိုကို့ကို အများကြီး ပိုချစ်ပေးမှာ"
".........."
သူ့ထက်နိုင် ပြောစရာစကားတို့ပျောက်ရှရပြီ။ တစ်လျှောက်လုံးက ချစ်ပေးဖို့ပဲ တွေးလာခဲ့သူမို့ အချစ်ခံရမည်ဆိုတော့ ပတ်ဝန်းကျင်က ခဏမျှအေးခဲသွားသလိုပင်။ ဖုန်းကိုချပစ်လိုက်မိပြီး လူက ကားထဲကိုဝင်ထိုင်မိလျှက်သား ဖြစ်သွားသည်။
ကားစက်နှိုးရင်း မျက်နှာကပြုံးနေမိသည်ထင်၏။
အများကြီး ပိုချစ်ပေးမှာက ဘယ်လိုမျိုးလေးလဲ သိချင်လှပြီ။
.............................................................................
အဖေကြီး လက်ထဲမှကော်ဖီခွက်ကိုချကာ အရှေ့မှ သားအဖနှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ သူ့ဟာသူ ရည်းစားထားလာခဲ့ပြီးမှ အဖေလုပ်သူအပေါ် guilty ဖြစ်နေသော Wonderful လေးက သူ့ဖေဖေကို တောက်တဲ့လေးတစ်ကောင်ကို တွယ်ကပ်နေသည်မှာ ချစ်စရာ သနားစရာလေး ဖြစ်လို့နေတော့သည်။ သူ့ဖေဖေ အိမ်ပေါ်သွားလျှင် အိမ်ပေါ်သို့လိုက်သည်။ အိမ်အောက်ဆင်းလျှင် အိမ်အောက်သို့လိုက်သည်။ ရုံးသွားလျှင်လည်း လိုက်သွားပြီး သူ့ဖေဖေရုံးခန်းထဲမှာ တစ်နေကုန်ခွေခေါက်ပြီးနေသည်။
အဖေလုပ်သူက ဒီတစ်ခါတော့ တင်းခံနေပြီး တော်တော်နှင့် အရည်မပျော်သေးပေ။ သူ့ရဲ့ တစ်ဦးတည်းသော ငြိမ်းကလည်း တတွတ်တွတ်နှင့်တော့ နားချရှာပါသည်။ အဒေါ်တွေကလည်း သူတို့တူတော်မောင်လေး ဖြစ်နေပုံကိုကြည့်ပြီး သနားလုံးဆို့နေကြသည်။ သူ့အစ်ကို ငြိမ်လွန်းနေတော့ ဘေဘီလုံးလေးပင် အသံမထွက်တော့ပေ။ အဖေကြီးတို့အိမ်ကြီးက ဒီရက်ပိုင်း တိတ်ဆိတ်ခြောက်ကပ်နေလို့ နေသည်။
ညနေဘက်ဆို ခြံရှေ့မလှမ်းမကမ်းကို ရောက်လာတတ်သည့် အနက်ရောင်ကားတစ်စီးကလည်း မပျက်မကွက်ပင်။ တော်တော်လေး ညဥ့်နက်မှပြန်သွားလေ့ရှိသည်ကိုလည်း အဖေကြီး သတိထားမိသည်။ ကလေးဘဝက အမှုမဲ့ အမှတ်မဲ့ စိန်လက်စွပ်လေးတစ်ကွင်းက အစပြုလို့ ရေစက်တွေအားကောင်းလာတဲ့အခါ နှောင်ကြိုးတွေက တင်းရပြီ။
"ဖေဖေ... ကော်ဖီ သောက်ဦးမလား ဟင်"
"တော်ပြီ... ဝမ်းဖိုး ကိုယ့်ဟာကိုယ် သွားနားတော့"
"ဟင့်အင်... ဝမ်းဖိုး ဒီနားမှာပဲ နေမှာ"
"ထိုင်နေတာကြာပြီ ဝမ်းဖိုးခါးနာနေမှာစိုးလို့ ဖေဖေပြောနေတာ... ဖေဖေက အလုပ်လုပ်တာ ကြာဦးမှာ"
"ဟင့်အင်း...လို့"
Wonderful လေးက ခုံမှာ ထိုင်နေသော သူ့ဖေဖေကို နောက်ကျောမှ သိုင်းဖက်ကာ အရပ်ကလန်ကလားနှင့် ခိုစီးရင်း ပေကပ်နေသည်။
"ကျစ်! ဝမ်းဖိုး ပြုတ်ကျမယ်နော်!"
So sweet က သူ့သားကို လက်နောက်ပြန်ထိန်းထားရင်း အော်နေသည်။ အဖေကြီးက အသံထွက်အောင်ပင် ရယ်လိုက်မိတော့သည်။ ထို့နောက် နေရာမှထကာ ထိုသားအဖနှစ်ယောက်နားသို့သွား၍ Wonderful ကို စ လိုက်သည်။
"ဟေ့... ရည်းစားထားတဲ့သူက အဲ့ဒီလိုချွဲနေတုန်းပဲလားကွ "
"ဖေဖေကြီးကလည်း"
အဖေကြီးက Wonderful လက်ထဲသို့ သောက်လို့ ကုန်သွားပြီဖြစ်သော ကော်ဖီခွက်ကိုထည့်ပေးလိုက်ရင်း မျက်စိတစ်ဖက်မှိတ်ပြကာ...
"ရော့... ဝမ်းဖိုး သွားသိမ်းပေးဦး...သွား... ဖေဖေကြီးနဲ့ သားဖေဖေနဲ့ အညောင်းပြေ လမ်းလျှောက်ဦးမယ်"
"ဟုတ် ဖေဖေကြီး"
"သားလေး... မင်း ထိုင်နေတာကြာပြီ ညောင်းရော့ပေါ့ကွ...ထ...အဖေကြီးတို့ လမ်းသွားလျှောက်ရအောင်... သားငြိမ်းလည်း မပြန်လာသေးဘူး မဟုတ်လား"
"ဟုတ် အဖေကြီး"
အဖေကြီးကခေါ်တော့ So sweet က လုပ်လက်စများကို သိမ်းပြီးချက်ချင်းထလိုက်လာသည်။ အဖေကြီးတို့ သားအဖနှစ်ယောက် ခြံပြင်ထွက်ပြီး ထုံးစံအတိုင်း နောက်လမ်းရှိ ပန်းခြံကွက်ဆီသို့ လမ်းလျှောက်ခဲ့ကြသည်။
"ဟိုမှာ ထိုင်မလား အဖေကြီး"
So sweet က သစ်ပင်အောက်ရှိ ခုံတန်းလေးကို လက်ညှိုးထိုးပြပြီး အဖေကြီးကိုခေါ်သွားသည်။ သားအဖနှစ်ယောက် ခုံတန်းမှာ ဝင်ထိုင်လိုက်ကြပြီး ကောင်းကင်ပြာလဲ့လဲ့ကို ငေးကြသည်။
"ဒီနေ့လည်း တိမ်တွေလှတယ်နော် သား"
So sweet က ပြန်မဖြေဘဲ ခေါင်းကိုသာညိတ်ပြသည်။ အဖေကြီးက ပြုံးလိုက်ပြီး...
"ဟိုး အရင်တုန်းက အဖေကြီး တစ်ယောက်တည်း ဒီနေရာမှာ လာထိုင်ပြီး တိမ်တွေလှတာတောင် မမြင်နိုင်ခဲ့တဲ့နေ့ ရှိခဲ့ဖူးတယ်ကွ"
So sweet က အဖေကြီးကို ဖျတ်ခနဲမော့ကြည့်လာသည်။ ထို့နောက်မျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းပြီး ခေါင်းငုံ့သွားသည်။
"အဖေကြီးရဲ့ တစ်ဦးတည်းသော သားလေးက လိင်တူစိတ်ဝင်စားပြီး ကောင်လေးတစ်ယောက်ကို လက်ထပ်ချင်တယ်လို့ သိခဲ့ရတုန်းကပေါ့"
"အဖေကြီးလည်း ခံစားချက်တွေ ရောပြွန်းရှုပ်ထွေးခဲ့ရတယ်... ဖခင်တစ်ယောက်ရဲ့ အတ္တတွေနဲ့လည်း လွန်ဆွဲခဲ့ရတယ်... အဖေကြီး ဒီနေရာမှာ အကြာကြီးထိုင်ပြီး အပြန်ပြန်အလှန်လှန်စဉ်းစားခဲ့တယ်... ငါ့သားလေးက စိတ်ထားကောင်းတယ် လိမ္မာတယ် သိတတ်တယ် ပတ်ဝန်းကျင်နဲ့ မိဘကိုလည်း ဘာတစ်ခုမှ စိတ်ဆင်းရဲအောင်လုပ်ခဲ့တာမျိုးမရှိဘူး... ဒီလိုကလေးမျိုးက သူလိုချင်တဲ့ဘဝမျိုးမှာ ပျော်ပျော်ရွှင်ရွှင် နေရဖို့ကောင်းကောင်း ထိုက်တန်တယ်တဲ့ ဆိုတဲ့ အဖြေကိုရတယ်"
So sweet က အဖေကြီး၏ လက်တစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လာပြီး ခေါင်းငုံ့ထားရင်းမှ လေသံမတိုးမကျယ်နှင့် ပြောသည်။
"သား အခု အဖေကြီးရဲ့ ခံစားချက်တွေကို နားလည်ပြီ အဖေကြီး"
အဖေကြီးက So sweet ရဲ့ လက်တွေပေါ် နောက်လက်တစ်ဖက်နှင့် အုပ်ကိုင်လိုက်ပြီး...
"မိဘတွေက သားသမီးကိုဖြစ်ထွန်းစေချင်ကြတယ်... အကောင်းဆုံးဘဝကိုပဲ ရစေချင်ကြတယ်... ဒါက မိဘတိုင်းရဲ့ အတ္တပဲ... တစ်ခါတစ်လေမှာ အဲ့ဒီအတ္တတွေက ကိုယ့်သားသမီးရဲ့ ပျော်ရွှင်မှုတွေကို သတ်လိုက်တာမျိုး ဖြစ်သွားတတ်ကြတယ်"
"တချို့က ဇွတ်တိုးပြီးမိဘကို လွန်ဆန်ကြတဲ့အခါမှာ သားဆိုးသမီးဆိုး စာရင်းဝင်သွားကြရပြီး
မိဘကိုမလွန်ဆန်နိုင်တဲ့ သားသမီးတွေကျတော့ ပျော်ရွှင်မှုတွေသေဆုံးကြရတယ်... အဲ့ဒါ အဖေကြီးတို့မိဘတွေက ကိုယ့်အတ္တတွေကို မလျှော့နိုင်ခဲ့ကြလို့ပဲ"
So sweet က တိမ်တွေကို မော့ငေးနေရင်း ခေါင်းညိတ်ပြသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး...
"ဝမ်းဖိုးက အရွယ်ရောက်တာ အရမ်းမြန်လွန်းတယ်နော် အဖေကြီး"
"ငါ့သား တုန်းကလည်း အဖေကြီးက ဒီလိုတွေးခဲ့မိတာပဲ...ခုခေတ်ကလေးတွေက လူဖြစ်တာ သိပ်မြန်ကြတယ်ကွ... ဒါနဲ့ ...ငါ့သား... ဝမ်းဖိုး ၁၀ နှစ်သားလောက်တုန်းက ရေးခဲ့တဲ့ Essay လေး မှတ်မိလား"
"Dapily ဒပလီ ဆိုတဲ့ Essay လေးလား အဖေကြီး"
"ဟုတ်တယ်... အဖေကြီးတို့ တစ်အိမ်လုံး ငိုခဲ့ကြရတဲ့ ခေါင်းစဉ်လေးပေါ့"
So sweet က ငြိမ်ကျသွားသည်။ ဟုတ်သည်။ တစ်အိမ်လုံး တကယ်ပင် မျက်ရည်မိုးရွာခဲ့ကြရသည့် Essay ခေါင်းစဉ်လေးဖြစ်သည်။ စိတ်မာသော သားငြိမ်းပင်လျှင် So sweet ကိုဖက်ကာ ငိုခဲ့သည်။ သားငြိမ်းက Wonderful လေးကို မိသားစုထဲ စတင်ခေါ်သွင်းချင်ခဲ့သူဖြစ်လို့ သူက ပိုခံစားရပေလိမ့်မည်။
Essay ခေါင်းစဉ်လေးက " Dapily" ဒပလီ တဲ့ ...
"ဝမ်းဖိုးတို့ ကျောင်းမှာ Essay ပြိုင်ပွဲရှိလို့ Family အကြောင်းရေးခိုင်းတာလေ... Teacher ဂျိုးဇက် ကပြောတယ်... Family ရဲ့ အဓိပ္ပာယ်က...
F - Father
A - And
M- Mother
I - I
L- Love
Y- You
တဲ့... ဝမ်းဖိုးမှာက ဖေဖေနဲ့ ပါပါးပဲရှိလို့ ဝမ်းဖိုးက
Daddy And PaPa I Love You ဆိုပြီး Dapily လို့ရေးခဲ့တယ်"
"Teacher ဂျိုးဇက်က ဝမ်းဖိုးကို 1st prize ပေးလိုက်တယ်"
Family ဆိုပြီး Father and Mother I Love You လို့ ရေးစရာ topic မရှိခဲ့တဲ့ ကလေးငယ်က သူ့နည်းသူ့ဟန်နဲ့ သူ့ရဲ့ဖြစ်တည်မှုလေးကို နားလည်လက်ခံပြီး အဆင်ပြေသလို တီထွင်ရေးခဲ့တဲ့ Essay လေး တစ်ပုဒ်က Daddy and Papa I Love You ဆိုပြီး Dapily တဲ့လေ...
အဲ့ဒီအချိန်တုန်းက ထိုခေါင်းစဉ်လေးမှာ သူတို့ကျောင်းရဲ့ social media website တွေမှာ pin post အနေနဲ့ နေရာယူခဲ့သလို LGBT အသိုင်းဝိုင်းကြားမှာလည်း hot topic လေးတစ်ခုဖြစ်ခဲ့သေးသည်။
Wonderful လေးက သူ့ရဲ့ကိုယ်ပိုင် ခေါင်းစဉ်လေးနဲ့ ဆုရလာလို့ ပျော်နေပေမဲ့ မိသားစုဝင်တွေကတော့ ကွယ်ရာမှာ ကျိတ်ပြီးမျက်ရည်ချောင်းစီးခဲ့ကြရသည့်အဖြစ်။
"အရွယ်နဲ့ မလိုက်အောင် နားလည်သိတတ်ပြီး အရမ်း လိမ္မာခဲ့တဲ့ ကလေးလေးပါ... ဒီလိုကလေးမျိုးကို အဖေကြီးတို့က ပျော်ရွှင်စိတ်ချမ်းသာခွင့် ပေးသင့်တာပေါ့... မဟုတ်ဘူးလား ငါ့သား"
"သားသမီးကို ချစ်တဲ့အခါ မိဘတွေက ကိုယ့်အတ္တထက် သူတို့ရဲ့ပျော်ရွှင်မှုကို ဦးစားပေးသင့်တယ်လေ...အဖေကြီးတုန်းကတော့ တာဝန်ကျေခဲ့ပြီ"
So sweet က ခေါင်းညိတ်သည်။
"အဖေကြီးကို ကျေးဇူးတင်ပါတယ်... သားနဲ့ အစ်ကိုတို့ မနက်ဖြန် သူ့ထက်နိုင်ကို ခေါ်တွေ့လိုက်မယ်...သူ့ အဖေနဲ့က ဟိုရက်က စကားပြောပြီးသွားပြီ"
အဖေကြီးက သဘောကျစွာ ရယ်လိုက်မိသည်။ ဝမ်းဖိုးက သူ့ကိုကိုပြန်ရောက်လာပြီလို့ အသိပေးခဲ့ပြီးကတည်းက So sweet က ထိုကောင်လေးကို စောင့်ကြည့် စုံစမ်းနေခဲ့မှန်း အဖေကြီးသိသည်။ So sweet တင်ပဲလားဆိုတော့ မဟုတ်။ ပြောရရင်တော့ အဖေကြီးတို့ တစ်မိသားစုလုံးပင်။
ဟိုကောင်ကလေးကလည်း ငယ်ငယ်လေးနှင့် ဇ ရှိပြီး ခြင်္သေ့ပေါက်လေးတစ်ကောင်လို မာန်ဟုန်အပြည့်နှင့်။ တောင်တန်းဒေသ network တာဝါတိုင် ပရောဂျက်တွေကို မဟာကြည်ညွန်းက ရသွားမှန်းသိသည်နှင့် Data Centre တွေအတွက် သူတစ်ဦးတည်း အကုန်လိုက်ပတ်သိမ်းပစ်သည်။
လွန်ခဲ့တဲ့ သုံးနှစ်လောက်မှစပြီး အာရှနိုင်ငံတစ်ချို့မှာ နာမည်ရလာသော သူ့ရဲ့ Telecom Company နာမည်က "Fourteen Teleco" ဆိုတော့ အဖေကြီးက သဘောကျမိသေးသည်။ Company နာမည်ကအစ အိမ်ကမြေးတော်မောင် မောင်ဝမ်းဖိုး နာမည်နှင့်။ ခုခေတ်လူငယ်တွေများ ဆလံသထားရတော့သည်။
"အေးကွာ... တွေ့ကြည့်ပေါ့... ကလေးကို လန့်အောင်တော့ မလုပ်ဘူး မဟုတ်လား"
"လန့်နေဦးမယ်ဗျာ... ဟိုက ငယ်ငယ်လေးကတည်းက အချေကိုယ်တော်... ငယ်ငယ်က မျက်နှာထားကို အဖေကြီး မမြင်ဘူးသေးလို့"
"အဟားဟား... အဖေကြီးတို့ကရော ဘယ်တော့တွေ့ရမှာလဲကွ"
"အဖေကြီးမြေး ခေါ်လာမှ ကိုယ့်ဟာကိုယ်တွေ့ပေါ့"
"ဪ... အေးအေး... အဟားဟား"
အဖေကြီးမျက်စိရှေ့မှာ "သား လင်နေ အဖေဖင်ကြိမ်း" ဖြစ်နေပုံရသော ကြည်ညွန်းအိမ်ရဲ့ အငယ်ဆုံးလေးကို ကြည့်ပြီး သဘောကျစွာ ရယ်နေမိတော့သည်။
အဖေကြီး ဒီဘဝတော့ ဒီနှောင်ကြိုးတွေနှင့်ပင် ပြည့်စုံနေခဲ့ရပြီ။ Family ပဲဖြစ် Dapily ပဲ ဖြစ်ဖြစ် မေတ္တာတွေ နွေးထွေး နေဖို့ကသာ အဓိကမဟုတ်ပေလား။
...........................................................................
"ဝမ်းဖိုးရေ အရှိန်နည်းနည်းလျှော့မောင်းဦး... ဈေးနားရောက်ရင် လူရှုပ်လာပြီ"
"ဝမ်းဖိုး ကျွမ်းပါတယ် တီတီနာနာရဲ့ ဒီထက်လျှော့ရရင် လိပ်က ကျော်တက်လို့ရတော့မယ်လို့"
ထည်ဝါနှင့် တီတီနန္ဒာက မေမေကြီးကို တရားဆွေးနွေးပွဲမှ သွားကြိုလာကြပြီး အပြန်မှာ ထည်ဝါက ကားမောင်းခဲ့ခြင်းဖြစ်သည်။ သင်မောင်းလိုင်စင်ရထားပြီးပြီဖြစ်လို့ လစ်ရင်လစ်သလို ထည်ဝါက ကားခိုးမောင်းသည်။
"နာနာရေ အမေတို့ ဈေးထဲ ခဏဝင်ရအောင် ဘုရားပန်းကြည့်ရင်း ဘာလေးညာလေးဝယ်တာပေါ့"
"ဟုတ် အမေ... ဝမ်းဖိုးရေ ဈေးရှေ့မှာ ပါကင်ရှာပြီးရပ်ဦးနော်"
ထည်ဝါတို့ ရပ်ကွက်ထိပ်က ဈေးရှေ့မှာ ကားပါကင်ရပ်ရန်နေရာ ခက်ခက်ခဲခဲရှာပြီး ရပ်လိုက်ရသည်။
"အမယ် ငါ့မြေးတောင် ပါကင်ထိုးတာ ကျွမ်းနေပြီပဲ"
"မေမေကြီးကလည်း ဝမ်းဖိုးကို တီတီလေးနဲ့ မောမော့်လိုများ မှတ်လို့လား... တီတီလေးနဲ့ မော်မော်သာ ခုချိန်ထိ ကားပါကင်မထိုးတတ်တာ"
"အေး ဟုတ်ပ ဟေမာက ခုချိန်ထိကို ပါကင်မထိုးတတ်ဘူး So sweet ဆို သူ့ကိုအော်တာ ဆူညံနေတာပဲ"
"မော်မော်က ပိုဆိုး... တည့်တည့်ပဲ မောင်းတတ်တယ် မကွေ့တတ်ဘူးလေ"
"အေးဟယ် ငါနှယ့်"
"ဝမ်းဖိုးလည်း ဈေးထဲလိုက်ခဲ့မယ်နော်"
ထည်ဝါလည်း တစ်ယောက်တည်းစောင့်နေရမှာ ပျင်းသောကြောင့် ကားသော့ကိုဖြုတ်ယူပြီး မေမေကြီးတို့နှင့်အတူ ဈေးထဲသို့ လိုက်ခဲ့သည်။
မေမေကြီးနှင့် တီတီနာနာက ဘုရားပန်းနှင့် ဟင်းချက်စရာ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေရွေးဝယ်ကြပြီး ထည်ဝါက အထုတ်တွေဆွဲရသည်။
"ဟိတ်ကောင်လေး... Wonderful!!"
"ဟာ... ကိုကြီး ဆိုဖာ!"
ရုတ်တရက် ဈေးတန်းထဲမှထွက်လာသော ကိုကြီးဆိုဖာက ထည်ဝါ့ကိုတွေ့သွားပြီးနှုတ်ဆက်လာသည်။ သူ့ဘေးမှာ သူနှင့်ရွယ်တူ အစ်ကိုတစ်ယောက်ကို တွေ့ရသည်။ ထို အစ်ကိုက ထည်ဝါ့ကိုတွေ့တော့ အံဩသည့်မျက်လုံးတွေနှင့်ကြည့်လာသည်။
"အေး... ကွာကာရော မပါဘူးလား... မင်တို့သားအဖနှစ်ယောက် လက်ဖက်ရည်ဆိုင်ဘက် မလာတာကြာပြီ"
"ဟုတ်...ဖေဖေ သိပ်မအားလို့ဗျ"
"အေးပါ... မင်းလည်း အိမ်ဘက်လာလည်ဦးလေကွာ အမေကတောင် မင်းကိုသတိရလို့ မေးမေးနေတာကွ"
"ဟုတ်...ဝမ်းဖိုး လာလည်မယ်နော်"
"အေးအေး... ဒါ ငါ့ ကျောင်းတုန်းက သူငယ်ချင်း မင်းဉာဏ် တဲ့"
"ဪ...ဟုတ်ကဲ့ဗျ"
ထိုအစ်ကိုက ထည်ဝါ့ကို ငေးကြည့်နေရင်း ခေါင်းညိတ်ပြသည်။
"အစ်ကို Youtube မှာ Wonderful ကို subscribed လုပ်ထားတယ်... မင်းခေတ်စံ နဲ့ ရင်းနီးကြမှန်း မသိခဲ့ဘူး"
"ဗျာ...ဩော် ဟုတ် ... ကျေးဇူးဗျ...ကျွန်တော် ငယ်ငယ်လေးကတည်းက ကိုကြီးဆိုဖာတို့နဲ့ ခင်တာ"
ကိုကြီးဆိုဖာ၏ နာမည်အရင်းမှာ မင်းခေတ်စံမှန်း ထည်ဝါ မေ့တောင်မေ့နေပြီ။ ဖေဖေက ဆိုဖာကောင်လေးဟု အမြဲခေါ်နေသဖြင့် ထည်ဝါလည်း ကိုကြီးဆိုဖာဟုသာ နှုတ်ကျိုးနေခဲ့ရတော့သည်။
"ဝမ်းဖိုးရေ သွားကြမယ်"
"ဟုတ်... လာပြီ... ဝမ်းဖိုးသွားဦးမယ်နော် ကိုကြီး... ကျွန်တော် သွားမယ်နော် ကိုမင်းဉာဏ်"
ထည်ဝါ သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး မေမေကြီးတို့နှင့် ဈေးပြင်သို့ထွက်လာခဲ့သည်။ ဈေးပြင်မရောက်ခင်မှာပဲ မျက်နှာချင်းဆိုင်မှလာသော လူကြီးတစ်ယောက်ကို မေမေကြီးက လှမ်းနှုတ်ဆက်သည်။
"ဪ"
မေမေကြီးက ပြုံးပြတော့ ထိုလူကြီးကလည်း ပြန်ပြုံးပြရင်း နှုတ်ဆက်သည်။
"မင်္ဂလာပါ ခင်ဗျ"
"ဟုတ်ကဲ့ ဟုတ်ကဲ့... မတွေ့တာတောင်ကြာပြီနော်"
"ဗျာ...ဟုတ်ကဲ့... အခုတစ်လော ကျန်းမာရေးက သိပ်မကောင်းတာနဲ့"
"ဟယ်...ကျန်းမာရေးမကောင်းဘူးလား... အိမ်ဘက်လာခဲ့ဦးလေ... သူ့ဖေလဲ အိမ်မှာရှိတယ်...ကျွန်မတို့ ကူညီနိုင်တာရှိရင် ကူညီပါ့မယ်...သူ့ဖေကို ပြောထားလိုက်မယ်"
"ဗျာ"
"ဟမ်"
မေမေကြီးစကားကြောင့် ထိုလူကြီးက အူကြောင်ကြောင်ဖြစ်သွားရသလို ထည်ဝါပင် မျက်လုံးပြူးသွားရသည်။ တီတီနန္ဒာကတော့ မေမေကြီးလက်မောင်းကိုတွဲထားပြီး ဘာမှမသိသော မျက်နှာပေးနှင့်။
"မေမေကြီး"
ထည်ဝါက အထုတ်တွေဆွဲထားပြီး လက်မအားသောကြားမှ မေမေကြီး ခါးကိုလှမ်းတို့ပြီး လေသံကျိတ်ကျိတ်ဖြင့်ခေါ်ရသည်။
"ဟဲ့...ဘာတုန်း... ကျွန်မတို့သွားဦးမယ်နော် အိမ်ဘက်သာ လာခဲ့လိုက်ပါ"
ထည်ဝါ ခါးကိုတို့နေသည့်ကြားမှ မေမေကြီးက ထိုလူကြီးအား နှုတ်ဆက်ရင်း အိမ်သို့ထပ်ခေါ်နေသေးသည်။ ခပ်လှမ်းလှမ်းသို့ရောက်မှ ထည်ဝါက မေမေကြီးအား မေးရသည်။
"မေမေကြီး...ဘာလို့ ဟိုလူကြီးကို အိမ်လျှောက်ခေါ်နေရတာလဲ မေမေကြီးနဲ့ သိလို့လား"
"သူ့ကို မြင်ဖူးတယ်လေ... သူ့ဖေ တပည့်တွေထဲက တစ်ယောက်ထင်တယ်"
"ဟမ်! ... အား... မေမေကြီးကလည်းနော်... အဲ့ဒါ ရုပ်ရှင်ထဲက ဇာတ်ပို့ သရုပ်ဆောင်ဦးလေးကြီး"
"ဟမ်!"
"ဟယ်တော်"
"မေမေကြီးက မသိဘဲနဲ့ အိမ်လာခဲ့ဦး လုပ်နေတာ... ဟိုလူကြီးကလည်း ကြောင်သွားတာ မတွေ့ဘူးလားလို့"
"ဟယ်တော်... မသိဘူးလေ... သူ့ရုပ်ကို ရင်းရင်းနီးနီး မြင်ဖူးနေပါတယ်လို့ အောက်မေ့တာ... အဲ့ဒါကြောင့် အိမ်လာနေကျ သူ့ဖေ တပည့်တွေထဲက ထင်လို့ပေါ့... နာနာကလည်း မပြောဘူး"
"အာ...အမေကလည်း နာနာမှ မြန်မာကားတွေ မကြည့်တာကို... ဘယ်သိမှာလဲလို့"
"သူကလည်း ကျုပ်ကိုပြန်နှုတ်ဆက်တယ်တော်"
"မေမေကြီးကလည်း သူက မေမေကြီးကို့ သူပရိသတ်ထင်လို့နေမှာပေါ့...ခွိ!"
ထည်ဝါ ပြောရင်း ရယ်ချင်လာရတော့သည်။ ရုပ်ရှင်ထဲမှ ဇာတ်ပို့သရုပ်ဆောင်ကို မျက်နှာက ရင်းနီးနေသဖြင့် ဖေဖေကြီး၏ တပည့်ဟုကောက်ထင်ပစ်လိုက်တော့တာပင်။ မတော်တဆများ အိမ်ရောက်လာခဲ့လျှင် ဆေးကုဖို့ဆိုပြီး ပိုက်ဆံတွေ ထုတ်ပေးလိမ့်ဦးမည်။ ဦးကြည်ညွှန်း၏ အသည်းကညာ တစ်မိုးအောက် တစ်ယောက် ဒေါ်ခင်ခင်မျိုးဆွေက ထိုသို့ အပေးအကမ်းရက်ရောလေ့ရှိသည်။
ထည်ဝါတို့ အိမ်ပြန်ရောက်တော့ ထိုကိစ္စကို ပြန်ပြောပြီး ရယ်ကြရသေးသည်။ ဖေဖေက မေမေကြီးကို "ဒေါ်ခင်ခင်မျိုးဆွေ... ဘယ်လူကြီးကို အိမ်ခေါ်နေတာတုန်း...ဟမ်" ဟုဆိုကာ လက်မောင်းကို တစ်ဖျတ်ဖျတ်ရိုက်၍ စ နေသည်။ ဖေဖေ အရင်ကလို ရယ်ရယ်ပြုံးပြုံး ပြန်ဖြစ်လာ၍ ထည်ဝါ စိတ်သက်သာရာ ရမိသည်။ ပါပါးက သူ့သကြားလုံးလေး မ sweet တော့ သူ့မျက်နှာလေးကပါ ညှိုးနေတတ်သဖြင့် ထည်ဝါက ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိခဲ့ရသည်မဟုတ်လား။
"ဝမ်းဖိုးရေ...ဝမ်းဖိုး"
တီတီကေသာက အိမ်နောက်ဘက်သို့ ဝင်လာပြီး ထည်ဝါ့ကို တိုးတိုးခေါ်ကာ အိမ်ရှေ့ခန်းကို လက်ညှိုးထိုးပြသည်။ ထည်ဝါ အိမ်ရှေ့ခန်းကိုထွက်လာတော့ ပါပါးက ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ဖေဖေက ကြမ်းပေါ်မှာ ထိုင်နေသည်။ ဖေဖေ့ပေါင်ပေါ်မှာ သတင်းစာ တစ်ခုကို ဖြန့်ခင်းထားပြီး ပါးပါးခြေထောက်တစ်ဖက်ကိုတင်၍ ခြေသည်းညှပ်ပေးနေသည်။ ဒီမြင်ကွင်းက ထည်ဝါ ငယ်ငယ်ကတည်းက မြင်ရလွန်းလို့ ရိုးနေခဲ့ရပြီ။ ထည်ဝါက အနားသို့သွားထိုင်လိုက်ပြီး...
"အေးနော်... ဒီအချစ်ငှက်ကလေးနှစ်ကောင် အိမ်ထဲမှာ ခြေသည်းလက်သည်းညှပ်နေကြပြန်ပြီ...လေးမောင်သိရင် အဆူခံရဦးမယ်"
ဖေဖေက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး...
"လေးမောင် မရှိဘူး... ဝမ်းဖိုး ပြန်မတိုင်ရင် ရပြီ"
"ပြန်မတိုင်စေချင်ရင် ပါပါးကို မေးမယ်... ဝမ်းဖိုးနဲ့ ဖေဖေနဲ့ ဘယ်သူ့ကို ပိုချစ်လဲ ပြော"
"သားရဲ့ ဖေဖေ့ကို ပိုချစ်တယ်"
ဖေဖေ့မျက်နှာက ပြုံးသွားပြီး ထည်ဝါ့ကို မေးနေစရာလိုလား ဆိုသည့်ပုံနှင့်ကြည့်လာသည်။ ထည်ဝါ လူမှန်းသိတတ်စအရွယ်ထဲက ဘယ်ချိန်မေးမေး ပါပါးက ထိုသို့ပဲဖြေခဲ့သည်သာ။
"ဒါဆို ဖေဖေကရော"
"ငြိမ်းအေးအိမ် ကိုပဲ ပိုချစ်တာ"
"အား!!!! ဝမ်းဖိုးကို ပိုချစ်တယ်လို့ ဖြေပေးမဲ့သူမရှိဘူးလားလို့"
"ရှိတယ်မဟုတ်ဘူးလားကွ"
ပါပါးက ပြုံးစိစိလုပ်ကာ ထည်ဝါ့ကိုမေးသည်။ ထည်ဝါက ဖေဖေ့မျက်နှာကို မရဲတရဲကြည့်လိုက်ပြီး အရဲစွန့်လျှက်....
"ရှိ... ရှိတယ်"
"ရှိရင် ကိုယ့်ဟာကိုယ် သွားမေးပေါ့"
"ဗျာ"
ထည်ဝါ ခေတ္တမျှကြောင်သွားမိသည်။ ထိုစကားက ဖေဖေ့ဆီမှ ထွက်လာခြင်းဖြစ်သည်။ ထိုစကားပြောလိုက်သည့်အချိန်မှာ ဖေဖေ့မျက်ခုံးတန်းတွေက တွန့်ချိုးမနေခဲ့ပါ။ ထည်ဝါက မယုံနိုင်သလို ပါပါးကိုမော့ကြည့်လိုက်တော့ ပါပါးက ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ဖေဖေ့"
ထည်ဝါက ထိုင်ခုံပေါ်မှနေ၍ ဖေဖေ့ပေါ်ကို ခုန်အုပ်ကာဖက်လိုက်ပြီး ဖေဖေ့ပါးကို နမ်းဖို့ကြိုးစားသည်။ ဖေဖေက ထည်ဝါ့ကိုအဖက်မခံဘဲ တွန်းထားသည်။
"အား!! သွားကွာ... လာမနမ်းနဲ့... အာ... Wonderful နော်!! ဒီမှာ မင်း ပါပါး ခြေထောက်ကို ခိုက်မိလိမ့်မယ်လို့!! ဖယ်ပေး"
"မဖယ်ဘူးဗျာ... ဝမ်းဖိုးကို တစ်ချက်ပဲ ပေးနမ်း... ပါပါးရေ... ဖေဖေ့ကို ချုပ်ထားပေး"
အိမ်ရှေ့ခန်းမှာ ထည်ဝါတို့ သားအဖသုံးယောက် လုံးထွေးနေကြပြီး ထည်ဝါ အူမြူးနေရတော့သည်။ ထည်ဝါ့ ဖေဖေက တကယ်ပင် ချစ်စရာကောင်းပါသည်။
တစ်ဆက်တည်းမှာပဲ ညနေ အချိန်မှန် ရောက်လာမည့် ကားနက်ကြီးကို ဒီနေ့တော့ ထည်ဝါရင်ခုန်စွာနှင့် မျှော်နေမိတော့သည်။
ထည်ဝါလည်း ကိုကို့ကို တွေ့ချင်ပြီ။
...........................................................................
<3 DiDi Zaw
23/03/2023
Family ပဲဖြစ်ဖြစ် Dapily ပဲ ဖြစ်ဖြစ် မေတ္တာတွေက နွေးထွေးနေဖို့သာ လိုအပ်ပါသည်။
Continue Reading
You'll Also Like
891K 58.5K 71
Myanmar Boy Love Fiction (OC) "မြန်မာပြည် မြေပုံရဲ့ ထိပ်ဖျား တောင်ပေါ်ဒေသလေးမှာ ဇာကွန်လို့ ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့လေးတမြို့ ရှိတယ်...
1.1M 58.3K 48
234K 15.1K 31
villain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end...