Unicode............
(စာလုံးပေါင်းသတ်ပုံ ပြန်မစစ်ရသေးလို့ အမှားပါနေရင် ခွင့်လွှတ်ပေးကြပါကုန်😞💙)
''ဒီက ညီမက မြပိတောက်ကြည်သာလားဗျ''
မြနာမည်ကိုပြောရင်း ဖုန်းကိုကြည့်လိုက် မြမျက်နှာကိုကြည့်လိုက်လုပ်နေသော အစ်ကိုကြီးတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကို သတိကပ်ထားလိုက်သည်။
ဘာလဲ...မြကိုဘယ်လိုလုပ်သိတာလဲ။
သေချာကြည့်မှ ဆင်အဖွဲ့တစ်ဖွဲ့ရဲ့ ဝတ်စုံကိုဝတ်ထားကာ တိုက်ပုံမှာလည်း ဆင်နာမည်ကိုရင်ထိုးထိုးထားသေးသည်။
''မလန့်ပါနဲ့ ကျွန်တော့်ကို အမေက
ရှာခိုင်းထားလို့ပါ
ကျွန်တော်က ဟန်နီတို့ရတီတို့အစ်ကိုလေ
ဒါညီမပုံမလား အမေလှမ်းပို့ထားတာ ကြည့်ကြည့်''
တစ်ဖက်ကအစ်ကိုပြလာသော ဓာတ်ပုံကိုကြည့်လိုက်တော့ လူကြီးနှင့်ဟမ်ဘာဂါသွားစားတုန်းကရိုက်ထားသောဓာတ်ပုံလေးပင်။
''အစ်ကို အမေ့ကိုဖုန်းဆက်လိုက်ဦးမယ်
ခဏစောင့်''
နောက်ဆုံးတော့ ရတီတို့အမေနဲ့ဖုန်းပြောပြီးတော့မှ ထိုအစ်ကို့နောက်သို့ယုံယုံကြည်ကြည်နဲ့လိုက်ရဲတော့သည်။
ရတီတို့အိမ်ပြန်ရောက်တော့မှ
စိတ်ဒုန်းဒုန်းချနိုင်ကာ
ခေါ်လာပေးသည့်အစ်ကို့ကိုလည်း အားနာနာနဲ့ပင်ကျေးဇူးတင်ရသေးသည်။
''မြလေးရယ် တီချယ့်ဖြင့် သိပ်လန့်သွားတာပဲ
လူကြီးတွေကိုစိတ်ပူအောင် သိပ်လုပ်တဲ့ကလေး''
တီချယ်မြတ်သည် မြကိုမြင်တာနဲ့ ထိုင်ရာကထလာကာ ခေါင်းကိုပွတ်သပ်ပေးသည်။
တီချယ်မြတ်လက်တွေကလည်း အေးစက်နေကာ
မြကိုအဟုတ်ကိုစိတ်ပူနေမှန်းသိသာသည်။
''မြလည်း ရုတ်တရက်ဆိုတော့ ပြာပြီးလမ်းတွေလည်းမမှတ်မိတော့တာ
ဒါနဲ့ ဟန်နီရော အိမ်ပြန်ရောက်ပြီလား''
''ရောက်ပြီ သူ့အမေက ဆူနေတယ်''
''အယ် မဆူပါနဲ့ သူ့အမှားမှမဟုတ်တာ
မြဘာသာ သေချာမရှာမိလို့ပါ''
''မဟုတ်ဘူး သမီးရဲ့
သူက ကောင်လေးနဲ့ချိန်းတွေ့နေတာတဲ့
ညည်းဆရာကြီးနဲ့ သူ့အမေနောက်ကလိုက်ရှာတော့
တွေ့ခဲ့တာလေ''
တီချယ်မြတ်သည် မြနားသို့တိုးလာကာ တိုးတိုးလေးပြောတော့ မြလည်းအံသြသွားရသည်။
သူ့ရည်းစားနဲ့ ချိန်းမယ်ဆိုလည်း ရည်းစားနဲ့ချိန်းမယ်လို့ပြောခဲ့ပါ့လား အဲဒါဆိုဆိုင်ထဲကပဲ စောင့်မှာပေါ့။
အခုတော့အကုန်အလုပ်ရှုပ်ကုန်ရပြီ။
''မမ မမပျောက်သွားတယ်ဆိုလို့ သမီးမှာလန့်သွားတာပဲ''
မြသည် အနားရောက်လာကာ
ခါးကိုဖက်ထားသော
အငယ်မကို ခေါင်းလေးဖွပေးလိုက်သည်။
အငယ်ကိုစိတ်မပူရဘဲ အငယ်က ကိုယ့်ကိုပြန်ပြီးစိတ်ပူပေးနေရသည်။
''ဟုတ်ပါပြီ ဒါနဲ့...အငယ်မ
မုန့်ဖိုးပေးထားတာ ကျန်သေးရဲ့လား
မရှိတော့ရင် ကိုယ့်အစ်မကိုပြောနော်''
''ဟုတ်ပါပြီ မကြီးရဲ့''
အငယ်မရယ် တီချယ်ရယ်နဲ့ထိုင်နေတုန်း
အိမ်မကြီးဘက်ကနေ လူကြီးထွက်လာသည်။
လူကြီးဘေးမှာလည်း ရတီအမေပါ ပါလာတာမို့
မြလည်းယဥ်ကျေးသမှုနဲ့ထပြီးနှုတ်ဆက်လိုက်သည်။
''သမီးရယ် အားနာလိုက်တာ
အိမ်က ကောင်မကိုက မလိမ္မာတာပါအေ''
''မဟုတ်ပါဘူး အန်တီရဲ့
သမီးလည်း လူတွေတအားရှုပ်တော့မျက်စိလည်သွားလို့ပါ ကလေးကိုတအားမငေါက်ပါနဲ့နော်
မြကလည်း တောင်းပန်ပါတယ် အန်တီရယ်
အဲဒီနေရာမှပဲစောင့်နေလိုက်ရမှာ''
''အို...ဘယ်ဟုတ်ပါ့မလဲ
ပွဲကတအားစည်တော့ ရမ်းကားတဲ့လူတွေနဲ့တွေ့သွားရင် ဘယ့်နှယ်လုပ်မလဲ
အခုတောင် သားကြီးကိုလှမ်းဆက်သွယ်ပြီးရှာခိုင်းရတာ တွေ့လာလို့တော်သေးတယ်''
''ဟန်နီရော အဆင်ပြေရဲ့လားဟင်''
''အန်တီ နှစ်ချက်ရိုက်ထားလို့ ငိုနေတယ်
သူထားတဲ့ရည်းစားက လူရှုပ်လူပွေ
ကလေကချေကောင်မို့ အန်တီတို့က ဒီလောက်တားနေရတာပါအေ မဟုတ်ရင် ဒီလောက်ထိမချုပ်ချယ်ပါဘူး''
''ဒီဘက်ခေတ်ကလေးတွေက ဇွတ်အတင်းချုပ်ချယ်ရင် ပိုဆိုးကြတယ် အန်တီရဲ့
အကျိုးသင့်အကြောင်းသင့်ရှင်းပြနိုင်မှ လက်ခံကြတာ''
''အေးပါအေ
အန်တီက အလုပ်ကပင်ပန်းပါတယ်ဆို ဒါတွေထိလိုက်ပြောနေရတော့ တစ်ခုခုဆိုအရင်ရိုက်ထည့်လိုက်တာပဲ ''
''ဟုတ်''
အန်တီနဲ့စကားပြောနေရင်း ဘေးကလူကြီးကို မသိသမာအကဲခတ်နေမိသည်။
မြကိုနည်းနည်းလေးတောင်မှ စိတ်မပူဘူးလားဟင်။
လူကြီးမျက်နှာသည် ပုံမှန်အတိုင်းပဲမို့ နည်းနည်းတော့မချင့်မရဲဖြစ်မိသည်။
''ပျောက်တဲ့သူလည်းရှာတွေ့ပြီဆိုတော့ ဘဘုန်းကြီးတို့ဆီသွားစို့လေ
ဟိုကလေးတွေလည်း လာတော့''
လူကြီးသည် အန်တီနဲ့အတူ ရှေ့ကသွားတော့
မြလည်းအိတ်လေးကိုင်ကာ တီချယ်မြတ်ကိုတွဲရင်းလိုက်သွားရသည်။
ညအိပ်တာကတော့ လူများတာကြောင့် ဘုန်းကြီးကျောင်းမှာပဲအိပ်ကြရမည်ဖြစ်သည်။
ဘုန်းကြီးကျောင်းကလည်း အဝေးကြီးသွားရသည်တော့မဟုတ်...ရတီတို့အိမ်နဲ့ လမ်းပဲခြားသည်။
သို့ပေမဲ့ ဧရိယာကြီးကအရမ်းကျယ်တာမို့
လမ်းအကြာကြီးလျှောက်နေရသည်။
''တီချယ်မြတ်
ဆရာကြီးက ဘာပြောသေးလဲဟင်''
''ဘာမှမပြောပါဘူး
တကယ်က သူ့ညီမချိန်းတွေ့နေတာကို
သူ့အစ်ကိုက ဆင်အဖွဲ့ထဲကနေ လှမ်းမြင်တာ
အဲဒါသူ့အမေကိုလှမ်းဖုန်းဆက်ရင်း သမီးကိုမတွေ့ဘူးလားမေးရင်းကနေ သမီးပျောက်နေမှန်းသိရတာ
ညည်းဆရာကြီးများ အခုရှာရမှာပေါ့ဆိုပြီး ဖုန်းကြီးဆွဲပြီးထပြေးတာ
ရတီ့အမေက ကျွန်မလည်းလိုက်ခဲ့မယ် ဆိုပြီးတူတူလိုက်သွားပေးတာပဲ
ဒါမဲ့ လမ်းမှာတင် ရတီ့ကောင်လေးကို သူ့အစ်ကိုက အတင်းဆွဲထိုးနေလို့ ဝင်ဆွဲပေးရင်း
သူ့အစ်ကိုကိုပဲ
သမီးကိုရှာခိုင်းလိုက်ရတာ''
''သြော်...
မြကိုမငေါက်လောက်ပါဘူးနော့်''
''မငေါက်ပါဘူး သမီးရဲ့''
အနည်းဆုံးတော့ ထပြေးခဲ့သေးတာပဲ လူကြီးက။
မြကိုစိတ်ပူသေးတာပဲ ဟီးဟီး။
ကိုယ့်အတွေးနဲ့ကိုကျေနပ်ပြီး ရှေ့ကသွားနေသော လူကြီးရဲ့ကျောပြင်ကြီးကို ကြည်နူးစွာကြည့်လိုက်မိသည်။
သိပ်ချစ်တာပဲ လူကြီးကို.......။
လာမရှာခဲ့ရင်တောင် လာရှာဖို့ကြိုးစားခဲ့သေးတာပဲ။
''တီချယ်မြတ် ညစာ ကလေးတွေကိုဘာကျွေးမှာတဲ့လဲ''
''ဘုန်းကြီးကျောင်းကကျွေးမှာလေ
ကြက်ကုန်းဘောင်ထင်တယ်''
''အယ် မိုက်ပြီ
မြ ဗိုက်ဆာနေတာ ဟဲဟဲ''
''အေး ကလေးတွေက စားပြီးလောက်ပြီ''
ဆယ့်ငါးမိနစ်လောက်လမ်းလျှောက်ပြီးမှ
ဇရပ်လိုအဆောင်ကြီးထဲမှာ ထိုင်နေကြသော ကလေးတွေကိုတွေ့လိုက်ရသည်။
ကြမ်းပြင်ပေါ်မှာ ဟိုဘက်တစ်ဖွဲ့ ဒီဘက်တစ်ဖွဲ့ထိုင်ရင်း ခြေပစ်လက်ပစ်ထိုင်နေပုံရရင် ညစာစားပြီးလောက်ပြီထင်ပါတယ်လေ။
''အမလေး မမမြ ရှင့်စိတ်ပူနေရတာ
ဘယ်နားလမ်းပျောက်နေတာတုန်း''
''မဟုတ်ပါဘူး ချယ်သိမ့်ရဲ့
လူရှုပ်တော့ ပြာပြီးလမ်းမမှတ်မိတော့တာ
ဟီးဟီး''
ဇရပ်ထဲဝင်ဝင်ချင်း ကလေးအုပ်စုအလယ်ထဲထိုင်နေသော တီချယ်သိမ့်က ရွှတ်နောက်နောက်နဲ့ပြောတော့ မြမှာရှက်ရှက်နဲ့ရယ်နေရသည်။ကလေးတွေရှေ့မှာ
ဒီအရွယ်ကြီးကလမ်းပျောက်တာ ရှက်စရာကြီးလေ။
''မမသိမ့်တို့ စားပြီးကြပြီမလား
ကျွန်တော်တို့သွားစားလိုက်ဦးမယ်
ကလေးတွေကို
ဘယ်မှလျှောက်မသွားခိုင်းနဲ့တော့နော်
ဒီတစ်ခါပျောက်ရင် မရှာဘူး''
ဟီးဟီး....။
ယုံပါဘူး.......။
မြပိတောက်ကြည်သာတို့တော့ လူကြီးကရှာဖို့ထပြေးတယ်ဆိုတာနဲ့တင် တော်တော်အူမြူးနေပြီလေ။
တဟီးဟီး တဟဲဟဲ မျက်နှာပိုးသတ်မရတော့ဘူး။
မြမျက်နှာ ပြုံးစစဖြစ်နေတာမြင်တော့ လူကြီးက ရှုတည်တည်နဲ့လှမ်းကြည့်သေးသည်။
ကြည့်ပေါ့.....။
ဒါက ဒီလအတွင်း ပထမဆုံးပြန်ရတဲ့
ထူးထူးခြားခြား
အပြုအမူလေးတွေလိုပါပဲ။
ထမင်းစားတော့လည်း တစ်စားပွဲတည်းထိုင်ပြီး
လူကြီးကိုဟင်းထည့်ပေးလိုက် တီချယ်မြတ်ကို
ဟင်းထည့်ပေးလိုက်နဲ့ ဖားနေမိသည်။
မြကိုယ်တိုင်ကလည်း ဗိုက်ဆာနေတော့ ထမင်းကိုအဝကြိတ်တော့တာပဲ။
ထမင်းချက်ပေတဲ့အန်တီကြီးတွေကတော့ စားကောင်းကြရှာတယ်ဆိုပြီး ဝမ်းသာနေကြသည်။
''ညရောက်နေပြီကို ထမင်းတွေတအားစားနေတာ
ပြီးမှ အစာမကြေဖြစ်တယ်ဆိုတာ လာဦးမှာ
ဒီလိုစားပုံမျိုးနဲ့မို့ ပါးကြီးနှစ်ဖက်ဆို ဖောင်းကားနေတာပဲ''
လူကြီးစကားကြောင့် ထမင်းအုပ်ဆီကိုလက်လှမ်းနေသော မြမှာ ထမင်းအုပ်လေးကိုင်ရင်း ငြိမ်ကျသွားကာ မြကိုမကြည့်ဘဲ သူ့ထမင်းသူငုံ့စားနေသော လူကြီးကိုခိုးကြည့်လိုက်သည်။
ဘာလဲ...မြအခုမှ သုံးခါမြောက်ပဲထပ်ထည့်ရသေးတာပဲကို......။
နေ့ခင်းကလည်း သေချာမစားရလို့ဗိုက်ဆာနေလို့ဥစ္စာကို....။
''မြလေး
ထည့်စားလေ
ညည်းဆရာကြီးစကား အတည်မှတ်မနေနဲ့
အလကား သူမစားနိုင်တိုင်း ကလေးကိုပြောနေတာ''
''ဟုတ် တီချယ်မြတ်
နည်းနည်း...နည်းနည်းလေးပဲ ထပ်စားမှာလေနော်''
''များများစားလည်းရတယ်
နေ့ခင်းတုန်းကလည်း သေချာမစားလိုက်ရဘူးမလား
ငါ့ဆီမှာ အစာကြေဆေးရော ဖြေဆေးရောပါတယ်
စိတ်မပူနဲ့''
''ဟုတ်....''
မော့ကြည့်မလာသော လူကြီးကိုထပ်ခိုးကြည့်ရင်း
ထမင်းအုပ်ထဲကနေ ထမင်းနည်းနည်းလေးကိုသာထပ်ထည့်လိုက်သည်။
ဟင်းချက်လက်ရာကလည်း ကောင်းလွန်းလို့ထပ်စားမိတာပါ။
ဖောင်းကားနေတာက ဘယ်နားကဖောင်းကားနေလို့လဲ....။
လက်တစ်ဖက်က မနေနိုင်စွာ ပါးတစ်ဖက်ကိုကိုင်ကြည့်ရင်း လူကြီးကိုထပ်ကြည့်မိပြန်သည်။
ဘယ်မှမဖောင်းပဲနဲ့...... ဒီလူကြီးကတော့။
ထမင်းစားပြီးတော့လည်း မြကိုဖောင်းကားနေတယ်ပြောသော လူကြီးကို တစ်ဖက်သတ်စိတ်ကောက်ကာ
နှုတ်တောင်မဆက်ဘဲ
ကလေးတွေထိုင်နေတဲ့ဇရပ်ကို ထွက်လာလိုက်သည်။တီချယ်မြတ်တို့ကတော့ ဆရာတော်ကြီးနဲ့စကားပြောရင်း ကျန်နေခဲ့လေသည်။
''အယ် မြလေး လာပြီလား
မမမြတ်ရော''
''ဆရာတော်ကြီးနဲ့ စကားပြောနေတာ ချယ်သိမ့်''
''ဟုတ်လား ဒါဆို ငါလည်း သွားလိုက်ဦးမယ်''
ချယ်သိမ့်ထွက်သွားတာနဲ့ ကလေးတွေကြားထဲဝင်ထိုင်ကာ ဝယ်လာသောနေကြာစေ့ထုပ်တွေကို
ဝေပေးလိုက်သည်။
ဇရပ်ထဲမှာထိုင်ကာ မုန့်စားရင်း လှမ်းမြင်နေရသော ကျောက်ဆည်တောင်ကြီးရဲ့ မှိတ်တုတ်မှိတ်တုတ်မီးရောင်လေးတွေကိုကြည့်ရင်း အကြောဆန့်နေကြသည်။
''တီချယ် မနက်တုန်းက သမိုင်းကြောင်းပြောပြမယ်လို့ပြောထားတယ်လေ''
''ဟုတ်တယ် ချယ် လုပ်ပါဦး
ပြောပြပါဦး''
''သြော် ဟုတ်သားပဲ
ဘယ်ကစပြောရပါ့
အင်း.....အနော်ရထာမင်းကြီးက တရုတ်ကနေ ပြန်လာတော့ မြတ်စွာဘုရားရဲ့ ဓာတ်တော်မွေတော်တွေကို ပင့်ဆောင်လာခဲ့တယ်တဲ့....။
သူက အဲဒီဓာတ်တော်မွေတော်တွေကို ဘုရားဌာပနာအဖြစ်ထည့်ပြီးဘုရားစေတီတည်ထားကိုးကွယ်ချင်တာ....။အဲဒါနဲ့ သူ့ရဲ့ဆင်မယဥ်သာ ကျောပေါ်မှာ
အဲဒီဓာတ်တွေမွေတော်တွေကိုပင့်ဆောင်စေတယ်
ပြီးတော့ ဘုရားစေတီတည်ဖို့သင့်တော်မဲ့နေရာမှာ ဝပ်စေဆိုပြီး အဓိဋ္ဌာန်ပြုပြီးတော့ အဲဒီဆင်မယဥ်သာကို ရှေ့ကနေသွားစေတယ်....
အဲဒီမှာပဲ ဆင်မယဥ်သာက ဘယ်နေရာတွေကို သွားဝပ်လဲဆိုတော့ ဒီရွှေသာလျောင်းတောင်ရယ်
နောက် ပြက္ခရွေတောင်ရယ်မှာဝပ်တယ်
အဲဒါနဲ့ပဲ အနော်ရထာမင်းကြီးက အဲဒီတောင်ထိပ်တွေဆီမှာ ဒီဓာတ်တော်တွေကိုဋ္ဌာပနာပြီး စေတီတည်ထားကိုးကွယ်စေတယ်။
ဒီရွှေသာလျောင်းတောင်ထိပ်မှာစေတီတည်ထားပြီးတော့ ဒီဆင်မယဥ်သာနဲ့ ဒီစေတီတော်ကို အမှတ်ရစေရန်ဆိုပြီး ဆင်လှူပွဲတော်နဲ့ဆင်အကအလှပြိုင်ပွဲကို နှစ်တိုင်း ကျင်းပစေခဲ့တယ်
ဆင်လှူပွဲကို တောင်ထိပ်မှာကျင်းပပြီး ဆင်အကအလှပြိုင်ပွဲကို ဒီရွှေသာလျောင်းတောင်ခြေက ဆင်ပြိုင်ကွင်းမှာပဲကျင်းပရတယ်။
ဒီလိုဆင်လှူပွဲ ဆင်အကအလှပြိုင်ပွဲကိုမလုပ်ဘူးဆိုရင် ဆန်ရေစပါးရှားပါးစေ ဆိုပြီး
ကျိန်စာထားရှိခဲ့တယ်လို့လည်း
တချို့စာတွေထဲမှာဖတ်ရတာပဲ
ကျောက်ဆည်မြို့ခံတွေကတော့
တစ်နှစ်မှအပျက်ခံကြတယ်ရယ်လို့မရှိဘူး
နှစ်စဥ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့မတိုင်ခင်တစ်ရက်မှာ ဆင်အကအလှပြိုင်ပွဲကို ကျင်းပပြီး လပြည့်နေ့မနက်မှာတော့ တောင်ထိပ်မှာ ဆင်လှူပွဲကျင်းပကြတယ်
တီချယ်တို့အနေနဲ့ တန်ဖိုးထားသင့်တဲ့ ရိုးရာပွဲတော်တွေထဲမှာလည်း ဒါပါတာပဲ''
အရှည်ကြီး ရှင်းပြလိုက်ပြီးမှ ကလေးတွေကိုကြည့်လိုက်တော့ စိတ်ဝင်တစားနဲ့ မေးလေးတွေထောက်ကာ နားထောင်နေကြသည်။
တော်ပါသေး ကိုယ်ပြောတာကို စိတ်ဝင်တစားနဲ့
အားပေးနေကြလို့။
''ဒါနဲ့ ဆုရတော့ကျ ဘယ်လောက်ရတာလဲ''
''အမ်း ဒါတော့ အစ်မလည်း သေချာမသိဘူး
ဆယ်ချီပြီးတော့ရတယ်ပြောတယ် သူ့ဆင်အမျိုးအစားနဲ့သူ ဆုကြေးငွေကလည်းကွာသေးတယ်တဲ့''
''သြော်....အခုထိအသံတွေကြားရတုန်းပဲနော်
ပြိုင်တာမပြီးသေးဘူးထင်တယ်''
''ဟုတ်မယ် အကောင်ရေကလည်းအများကြီးပဲကိုး''
ကလေးတွေနဲ့ စကားပြောလိုက် မုန့်စားလိုက်လုပ်နေတုန်း ချယ်သိမ့်ပြန်ရောက်လာကာ ကလေးတွေနားချင်ရင် နားရအောင်လို့ အိပ်ဖို့နေရာရပြီလို့ လာပြောသည်။
ပင်ပန်းနေပြီဖြစ်တဲ့ ကလေးအုပ်စုကတော့ သူတို့အိတ်သူတို့လွယ်ကာ အပြေးသွားကြတာပေါ့။
မြလည်း ကိုယ့်အိတ်လေးကိုကိုင်ကာ
လိုက်သွားရင်း
မျက်လုံးကတော့ လူကြီးများဘယ်နားရောက်နေသလဲလို့ ရှာလိုက်မိသေးသည်။
တရားစခန်းဖွင့်နေကျ ဘုန်းကြီးကျောင်းမို့ လူအများကြီးဝင်ဆံ့တဲ့ကျောင်းဆောင်တွေကလည်းများပုံရသည်။ယောကျ်ားလေးတစ်ဆောင် မိန်းကလေးတစ်ဆောင်နေရာယူပြီးမှ ကလေးတွေလည်း အိပ်တဲ့သူကအိပ် စကားပြောတဲ့သူကပြောနှင့် အဖွဲ့ကွဲကုန်သည်။
မြလည်း အိတ်ထဲကဖုန်းကိုအားသွင်းဖို့ထုတ်မှ အဖေကဖုန်းတွေခေါ်ထားတာတွေ့လို့ ပြန်ခေါ်ဖို့လုပ်ရသည်။
ဖုန်းခေါ်တော့လည်း လိုင်းမကောင်းတာမို့ နေရာရွှေ့ရင်းရွှေ့ရင်း နောက်ဆုံး အဆောင်ရှေ့က ခရေပင်အကြီးကြီးတွေအောက်ထိရောက်လာသည်။
ခရေပင်ကြီးတွေက အကြီးကြီးတွေဖြစ်ကာ ငါးပင်ခြောက်ပင်လောက်ရှိတာမို့ အုပ်အုပ်မှိုင်းမှိုင်းကြီးဖြစ်နေသည်။
သို့သော် မီးတိုင်လေးတစ်တိုင်ရှိတာမို့ အနည်းငယ်တော့အလင်းရောင်ရနေသေးသည်။
လိုင်းမိတဲ့နေရာရောက်တော့ ဖုန်းဆက်မယ်လုပ်နေချိန်စကားပြောသံသဲ့သဲ့ကြားလို့ ခြေဖော့ကာ သွားရင်း ဘေးဘီဝဲယာကိုအကဲခတ်နေမိသည်။
''သူတို့ဘက်က အရင်လာစတာပဲ
မသေစေနဲ့ စုတ်ပြတ်သတ်ပြီး
နလန်မထူနိုင်အောင်လုပ်လိုက်
ကျန်တဲ့ကိစ္စကျွန်တော်ရှင်းမယ်''
''.................''
''မနက်ဖြန် ကျွန်တော်ပြန်ရောက်မယ်
ကျွန်တော်တို့အကြောင်းအပြင်ကိုဖောက်ချတဲ့ကောင်ကို ဂိုဒေါင်ထဲမှာထားလိုက် ရေလည်းတိုက်စရာမလိုဘူး ဘာမှလည်းမကျွေးနဲ့ ကျွန်တော်တန်းလာခဲ့မယ်''
''............''
''ငွေမလောက်ရင် ကျွန်တော့်ဆီကို amount ပို့ထားလိုက် ''
''.......''
မြရောက်နေသော ခရေပင်ကြီးနဲ့မလှမ်းမကမ်းမှာ
ခါးထောက်ရင်းဖုန်းပြောနေသည်မှာ လူကြီးမှဟုတ်ရဲ့လားလို့ သေချာငေးကြည့်ရသည်။
မီးတိုင်အောက်မှာ မြင်နေရတဲ့ လူကြီးမျက်နှာကခက်ထန်လွန်းပြီး အလိုမကျမှုများစွာဖြင့်ပြည့်နှက်နေသည်။
လူကြီးဘာတွေလုပ်နေတာလဲ။
လူကြီးမှာ ဘာပြဿနာတွေများရှိနေတာလဲ။
လူကြီးအကြောင်းကို သိသလိုလိုနဲ့ တကယ်တမ်းကျ
မြ မသိသေးတာတွေရှိနေသေးတာလား။
စိတ်ပူလိုက်တာ......။
မြ သိခဲ့တဲ့လူကြီးက တည်ကြည်လွန်းပြီး
ရင့်ကျက်လွန်းတဲ့ လေးစားစရာကောင်းတဲ့ လူကြီးတစ်ယောက်။
အခု ဒီပုံစံက မြတို့မသိတဲ့ လူကြီးရဲ့ ပုံစံလား.....။
မြငေးကြည့်နေတုန်းမှာပဲ လူကြီးကဖုန်းပြောလို့ပြီးသွားကာ မြဘက်ဆီကိုလှည့်လာသည်။
မြကိုမြင်တော့ နဂို ကြုတ်ထားတဲ့မျက်ခုံးတွေဟာ
ပိုပြီးတော့ တင်းမာသွားသည်။
''ဘယ်အချိန်ကတည်းက ရောက်နေတာလဲ''
''ကြာပါပြီ....''
''ဘယ်ထိကြားလိုက်လဲ''
''သူတို့ဘက်က အရင်လာစတာပဲ
မသေစေနဲ့ စုတ်ပြတ်သတ်ပြီး
နလန်မထူနိုင်အောင်လုပ်လိုက်
ကျန်တဲ့ကိစ္စကျွန်တော်ရှင်းမယ်...တဲ့
ပြီးတော့....
မနက်ဖြန် ကျွန်တော်ပြန်ရောက်မယ်
ကျွန်တော်တို့အကြောင်းအပြင်ကိုဖောက်ချတဲ့ကောင်ကို ဂိုဒေါင်ထဲမှာထားလိုက် ရေလည်းတိုက်စရာမလိုဘူး ဘာမှလည်းမကျွေးနဲ့
ကျွန်တော်တန်းလာခဲ့မယ် တဲ့....
လူကြီး ဘာတွေလုပ်နေတာလဲဟင်''
''မင်း တော်တော်ကြားသွားတာပဲ''
''လူကြီးကရော ဘာတွေလုပ်နေတာလဲ
ဟင်.......''
''အဲဒါ ငါ့ကိစ္စပါ မင်းနဲ့မဆိုင်ဘူး''
''အန္တရာယ်များတဲ့ကိစ္စတွေလုပ်နေတာလားဟင်''
''မြပိတောက်ကြည်သာ...
ကလေးက ကလေးလိုနေစမ်း''
''မြက ကလေးမဟုတ်ဘူး ဦးငယ်''
''မင်းကို ရှင်းပြစရာအကြောင်းမရှိဘူးလေ
ပြီးတော့.....''
လူကြီးသည် မြရှေ့နားထိ တိုးကပ်လာကာ မြကိုအုပ်မိုးကြည့်လာသည်။
ဘယ်လိုအကြည့်မျိုးပါလိမ့်....။
ခြိမ်းခြောက်သည့်အကြည့်တွေလိုပဲ....။
ရှည်လျားလွန်းသော လူကြီးရဲ့အရပ်အမောင်းကြီးကြောင့် မြဇက်လေးပုဝင်လိုက်မိသည်။
''အမ်း....မြ ဘယ်သူ့ကိုမှမပြောပါဘူး''
''သေချာလို့လား မင်းကိုဘယ်လိုယုံရမလဲ''
''ဘယ်လိုသက်သေပြရမလဲမသိပေမဲ့
ဦးငယ်ထိခိုက်အောင် မြဘယ်တော့မှမလုပ်ဘူး''
''အဟွန်း အပြောကတော့ရွှေမန်းပဲ''
''တကယ်ပြောတာ....
ဦးငယ်ဘာတွေလုပ်နေတာလဲဟင်''
''အဲဒါငါ့ကိစ္စလို့ဆိုနေ မမမြတ်တို့မသိတဲ့ကိစ္စမို့ လူကြီးတွေစိတ်ပူအောင်မလုပ်နဲ့ ''
''ဟုတ်''
''မင်းက ဒီအချိန်ကြီးဘာထွက်လုပ်တာလဲ''
''အိမ်ကိုဖုန်းဆက်တာ လိုင်းမမိလို့''
''ဆက်စရာရှိတာဆက်ပြီး အထဲဝင်တော့''
''ဟုတ်....''
မြကိုကျောခိုင်းပြီးထွက်သွားသော
လူကြီးရဲ့ကျောပြင်ကြီးကိုကြည့်ကာ ပူပန်မှုတွေက ကြီးစိုးနေသည်။
ကောင်းတဲ့ကိစ္စမဟုတ်မှန်းခန့်မှန်းမိနေတာမို့ လူကြီးထိခိုက်မှာကိုစိုးရိမ်သည်။
''ဦးငယ်''
ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သော လူကြီးကို ခပ်အုပ်အုပ်ခေါ်လိုက်တော့ လူကြီးကလှည့်ကြည့်သည်။
''မြက လူကြီးတွေကို ဘာမှထုတ်ပြောမှာ
မဟုတ်လို့
ဦးငယ်ကလည်း အရမ်းကြီးစိတ်ပူရအောင်မလုပ်ပါနဲ့''
လူကြီးသည် မြကို လေးလေးနက်နက်အကြည့်တွေနဲ့အကြာကြီးစိုက်ကြည့်ပြီးမှ အင်းလို့ပြန်ဖြေပြီး သူတို့အဆောင်ဘက်ဆီထွက်သွားသည်။
လူကြီးထွက်သွားတော့မှ မြလည်း ခရေပင်ကြီးအောက်၌ထိုင်ကာ အိမ်ကိုဖုန်းခေါ်လိုက်သည်။
''ဟဲလို သမီး
အဖေက ဖုန်းတွေခေါ်နေတာမကိုင်လို့ စိတ်ပူနေတာ''
''ဟုတ် ခုမှနားရလို့ အငယ်မလည်း မောလို့အိပ်နေပြီထင်တယ်''
''အေးပါ ဂရုစိုက်ကြဦးနော်
အဖေတို့အတွက်လည်း အလှူငွေလှူခဲ့ကြဦး''
''ဟုတ် နေကောင်းတယ်မလား''
''ကောင်းပါတယ်
သမီးအမေနဲ့ ပြောဦးမလား''
''ဟင့်အင်း မပြောချင်ဘူး''
''သမီးရယ် သမီးအမေက ညည်းစခေါ်တာကိုစောင့်နေတာ
ညည်းအမေလည်း သူ့အကြောင်းနဲ့သူမို့ပါ
သမီးကအမေ့စကားနားထောင်ပေးရင်ကောင်းမှာပဲ''
''အင်း ပြောစရာမရှိတော့ရင် ဒါပဲလေ''
''ကဲ စိတ်ချည်းပဲ
ဂရုစိုက်ကြဦးဟေ့''
အမေနဲ့ မြကြား ဝင်ညှိပေးချင်နေသော အဖေ့ကြောင့်ဖုန်းချပစ်လိုက်သည်။
သူ့မိန်းမဘက်ကမှန်းမသိဘူးများအောက်မေ့နေလား။
ဖုန်းချပြီးထိုင်ရာကထတော့ မြဘေးနားသို့ခရေပွင့်တွေရော ခရေအရွက်တွေရော ကြွေကျလာသည်။
ရိုက်ချလိုက်သလိုမျိုး တစ်ခါတည်း
ကြွေကျလာတာမို့
မြလည်း အပင်ပေါ်ကိုမော့ကြည့်လိုက်မိသည်။
အပေါ်မှာလည်း ဘာကောင်မှမရှိတာမို့
ကြက်သီးတွေဖြန်းခနဲထသွားမိသည်။
သရဲလား....မခြောက်နဲ့နော်....။
''ဖျတ်......''
''အား ...''
အဆောင်ဆီအမြန်သွားမယ်ဆိုပြီးခြေလှမ်းစရုံရှိသေး မြင်ကွင်းတစ်ခုလုံးမှောင်ကျသွားတာမို့ ကြောက်ကြောက်လန့်လန့်နဲ့ ဖုန်းပါပြုတ်ကျသွားသည်။
ဘာလဲ ဘာတွေဖြစ်ကုန်တာလဲ.....။
မီး....မီးပျက်သွားတာလား။
''ဂျွတ်....ဂျလွတ်....''
သောက်ကျိုးနည်း ဘာသံကြီးလဲ....
သစ်ရွက်ခြောက်တွေကိုနင်းလာသလိုအသံကြီးမို့ အမှောင်ထဲမှာတစ်ယောက်တည်းပြာသွားသည်။
အောက်သို့ထိုင်ချလိုက်ရင်း ပြုတ်ကျသွားသော
ဖုန်းကိုလက်ဖြင့်လိုက်စမ်းရင်းရှာလိုက်သည်။
''ကျလိ ကျလိ....ကျလိ''
အပင်ပေါ်အိပ်တန်းတက်နေတဲ့ ငှက်တွေပါ အလန့်တကြားထပြေးတော့ မြပါ ထပြေးချင်လာသည်။
သို့သော်ကြောက်သည့်စိတ်ကြောင့် လှုပ်တောင်မလှုပ်ရဲတော့ဘဲ ငုတ်တုတ်လေးထိုင်ကာ လက်ကတောင်စမ်းမြောက်စမ်းလုပ်နေမိသည်။
လပြည့်ခါနီးမို့ ပြည့်လုပြည့်ခင်လမင်းကြီးသည်လည်း အုပ်မှိုင်းနေသောအပင်ကြီးတွေထဲထိ အလင်းရောင်မပေးနိုင်တာမို့ သစ်ရွက်ခြောက်တွေကြားထဲ မနည်းဖြဲရဲရှာနေရသည်။
မျက်စိက နည်းနည်းကျင့်သားရလာချိန်
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းကအမှောင်ထဲမှာ ရပ်နေသော အရိပ်လိုလိုအရာကြီးကိုတွေ့လိုက်ရသည်။
ထိုစဥ် ပခုံးပေါ်ကိုသစ်ရွက်တွေထပ်ပြီးကျလာပြန်သည်။
သောက်ကျိုးနည်း.....
သရဲခြောက်ခံရပြီထင်တယ်ဟေ့....။
အရေးအကြောင်းဆို ဖုန်းကရှာမရဘူး။
ဟိုစမ်း ဒီစမ်းနဲ့ ပတ်ပတ်လည်ရှာနေတုန်း
မြထိုင်နေတဲ့နေရာကနေ နှစ်ပေလောက်အကွာတွင်
မီးလင်းသွားတာမို့ ကိုယ့်ဖုန်းမှန်းသိလိုက်ကာ အမြန်ပြေးကောက်လိုက်ပြီးတာနဲ့ ကိုယ့်အဆောင်ရှိရာဆီ တဟုန်ထိုးပြေးတော့သည်။
ပြေးရင်းနောက်လှည့်ကြည့်တော့ ခုနအရိပ်ကြီးကလှုပ်ရှားလာတာမို့ နောက်ကိုထပ်လှည့်မကြည့်တော့ပဲ
အရှိန်တင်ပြီး ပြေးတော့သည်။
သေချင်တာပဲ အခုမှအဆောင်ကအရမ်းကိုဝေးနေသလိုပါပဲလား။
ပြေးရင်း နောက်ကနီးလာသလိုခံစားရတာမို့
လှည့်ကြည့်လိုက်တော့ မြနောက်မလှမ်းမကမ်းမှာရပ်နေသော အရိပ်ကြီး....။
ရုတ်တရက်အေးစက်စက်လေတွေက တိုက်လာကာ ကြက်သီးတွေလည်းထပြီး ဆံပင်တွေပါထောင်လာတာမို့ သရဲခြောက်တာသေချာသလောက်ရှိပြီဟုတွေးကာ ရှေ့တည့်တည့်ကိုပဲ အားကုန်ပြေးတော့သည်။
''အင့်...''
ရုတ်တရက်တစ်ယောက်ယောက်ကလှမ်းဆွဲလိုက်သလိုခံစားလိုက်ရကာ မြသည်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်လိုက်မိသည်။
''ဘာလို့လျှောက်ပြေးနေတာလဲကွ''
''ဦး....ဦးငယ်''
''ဘာဖြစ်ရပြန်တာလဲကွာ...
ချွေးတွေကိုရွှဲနေတာပဲ''
''သရဲ....သရဲခြောက်တယ်
မြနောက်ကို လိုက်လာတယ်''
ကြောက်လန့်တကြားဖြစ်နေသောပုံစံဖြင့် သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာသော
မြပိတောက်ကြည်သာကြောင့် ပတ်ဝန်းကျင်ကိုကြည့်တော့လည်း ဘယ်သူမှမရှိ။
''ဘယ်သူမှ မရှိပါဘူးကွ''
''အင့်.... မဟုတ်ဘူးရှိတယ်
မြနောက်ကို အရိပ်ကြီးပြေးလိုက်လာတာ''
သူ့အင်္ကျီစကို ဆုပ်ကိုင်ထားသော လက်တွေကလည်းတဆတ်ဆတ်တုန်ယင်နေကာ နဖူးမှာလည်းချွေးတွေရွှဲနေတာမို့ စနောက်နေတာတော့မဖြစ်နိုင်။
မြေရိုင်းတွေကို သာသနာ့နယ်မြေအဖြစ်
ယူထားတာမို့
မကျွတ်မလွတ်တဲ့အရာတွေရှိမှာတော့
မထူးဆန်းပေမဲ့ ဒီမြပိတောက်ကြည်သာနဲ့မှ
တွေ့တတ်သည်။
''အခု ငါရောက်လာပြီလေ
ဘာမှမရှိတော့ဘူး မငိုနဲ့တော့''
တရှုံ့ရှုံ့နဲ့ရှိုက်သံတွေပါထွက်တဲ့အထိငိုနေတာမို့
သူ့မှာ ခေါင်းလေးကိုပွတ်ပေးရင်း ကလေးချော့သလိုချော့ရပြန်သည်။
အပေါ်စီးကနေမြင်နေရသောမျက်နှာလေး
ကြောင့် သူ့နှလုံးသားက တဒုန်းဒုန်း တဒိုင်းဒိုင်း
ဖြင့် ခုန်လာသည်။
သူ့အလိုအလျောက်အခုန်မြန်လာသော နှလုံးသားကို ဘာကြောင့်ဆိုပြီးတော့လည်း မေးခွန်းမထုတ်ချင်တော့.....။
ငါးမိနစ်လောက်ကြာမှ ရင်ခွင်ထဲဝင်ပြီးငိုနေတဲ့ ချာတိတ်မက ရှိုက်သံတအင့်အင့်နဲ့ မော့ကြည့်လာသည်။
''ငိုလို့ဝပြီလား ဝရင်လည်း ဖယ်ပေးဦး''
''အွန်း....အင့်''
''မင်းက သရဲကျ ကြောက်တတ်တယ်ပေါ့''
''ဘယ်သူက မကြောက်လို့လဲ အဲဒီဟာတွေကို''
''ငါဆိုမကြောက်ဘူးလေ''
''ဦးငယ်နဲ့ မြနဲ့တူမလား''
''ကဲ တော်ပြီ ပြန်လိုက်ပို့ပေးမယ် လာ''
''ဟုတ် ဟင်...ဒီဘက်မဟုတ်ဘူးလား''
သူတို့နေတဲ့အဆောင်နဲ့ဆန့်ကျင်ဘက်ကအဆောင်ကိုလက်ညှိုးထိုးပြနေသော ချာတိတ်ကိုကြည့်ရင်း ခေါင်းယမ်းလိုက်မိသည်။
''မင်းအဆောင်က ဟိုဘက်မှာလေ''
''အမ်
ဒါ မဟုတ်ဘူးလား မြက ဒီအဆောင်ထင်လို့ ဒီဘက်ပြေးတာ''
ထင်တော့ထင်သားပဲ ။
သူ့ကိုစိတ်မချလို့ ကိုယ့်အဆောင်ရှေ့ကနေ ရပ်စောင့်နေတုန်း ဒီချာတိတ်က ဆန့်ကျင်ဘက်အဆောင်တွေဆီ ပြေးသွားတာမြင်လို့ ကိုယ့်မှာစိတ်ပူပြီးလိုက်ရတာလေ။
သူမှားလည်းမှားချင်စရာပါပဲ အဆောင်တွေကတစ်ပုံစံတည်းတွေဆောက်ထားတာကိုး....။
''ကဲ လာပါ
ညနက်နေပြီ မနက်လည်းအစောထရဦးမှာ''
''ဟုတ်....''
ကိုယ့်ကရှေ့ကအရင်သွားတော့ ကြောက်အားလန့်အားနဲ့ ကိုယ့်ကိုအမှီလိုက်ကာ လက်လာတွဲပြန်သည်။
ဘာလို့လဲဆိုတော့ ကြောက်လို့တဲ့လေ။
သြော် မြပိတောက်ကြည်သာကြောက်တဲ့အရာကရှိသေးတာပဲ။
ညနေကလည်း ဖုန်းပြောရင်း ဆူဆူညံညံအသံတွေကြား တစ်ဖက်ကသူမဆီမှ တုံ့ပြန်မှုတွေပျောက်သွားတော့ သူ့မှာထိုင်မရထမရနဲ့ ဗျာများသွားရသေးသည်။ ဘယ်ရှာရမယ်မှန်းမသိပေမဲ့ ရှာရမယ်ဆိုတဲ့စိတ်ကပိုပြီးများနေတာမို့ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ထထွက်မိသည်အထိ လုပ်လိုက်မိသေးသည်။
သူကိုယ်တိုင်လိုက်မရှာနိုင်လိုက်လို့ အပြစ်မကင်း
သည့်စိတ်ကများနေရသည်မှာ တစ်ညနေလုံးဖြစ်သည်။
အလိုက်မသိစွာအခုန်မြန်နေတဲ့နှလုံးသားကိုထိန်းချုပ်ရင်း ထိုချာတိတ်ကို အဆောင်ထဲဝင်တဲ့ထိ ကြည့်ပေးပြီးမှ ပြန်ခဲ့လိုက်သည်။
ငါတော့ မင်းနဲ့ရူးတော့မှာပဲ
မြပိတောက်ကြည်သာ။
.
.
.
.
.
''ခဏနေရင် စပြီးလှည့်တော့မှာနော် မမသိမ့်လှူမှာမလား''
''အေး ဘယ်သူလှူဦးမှာလဲ''
''မြပိတောက်ကြည်သာ
မင်းလှူမယ်မလား ရော့ ဆင်ရုပ်လေးယူလိုက်''
လူကြီးသည် မြဆီကို ဆင်ဖြူတော်အရုပ်ကလေး
ပေးလာတော့ မြအယောင်ယောင်အမှားမှားဖြင့်လှမ်းယူလိုက်ရသည်။
မြလည်း မမှာရပါဘဲ ဘာလို့လာပေးတာပါလိမ့်။
''လုပ် ဟိုမှာစပြီးတန်းစီနေပြီ''
တီချယ်သိမ့်သည် သူ့ဆလင်းဘတ်အိတ်ကြီးကိုသေချာပြင်လွယ်ကာ ဆင်ရုပ်ကလေးကိုင်ပြီးဝင်တန်းစီသည်။
မြသည်လည်း ဘုမသိကိုးမသိဖြင့် ဆင်ရုပ်လေးကိုင်ကာ တန်းစီနေသော တီချယ်သိမ့်နောက်ကိုဝင်လိုက်သည်။
''ချယ်သိမ့် ဒါကျ ဘာလုပ်မှာလဲဟင်''
''သြော်....ဒါကျ ရွှေသာလျောင်းဘုရားကိုဆင်လှူတဲ့အနေနဲ့ ဘုရားကိုသုံးကြိမ်သုံးခါပတ်ပြီးမှ ဆင်ရုပ်ကိုလှူခဲ့ရမှာ''
''သြော်.......ဟုတ်''
မြတို့လိုပဲ တန်းစီနေသည့်လူတန်းကြီးသည် စေတီကြီးပတ်လည်မှဘုရားလေးဆူကိုပတ်လည်ဝန်းရံကာ စက်ဝိုင်းသဏ္ဍာန် တန်းစီနေကြသည်။
မနက်လေးနာရီကြီး ထပြီးတောင်ပေါ်တက်ရလို့ နည်းနည်းပင်ပန်းနေပေမဲ့ တောင်ထိပ်ရောက်တော့ လူကအမောပြေသွားရသည်။
မြတို့လိုမနက်အစောလာကြသည့်သူတွေမှာလည်း တောင်ထိပ်ကရင်ပြင်တစ်ခုလုံး ကြိတ်ကြိတ်ကိုတိုးနေခဲ့သည်။
လူကြီးပေးထားခဲ့သော ဆင်ရုပ်လေးကိုကြည့်ရင်း ကိုယ့်စိတ်ကူးနဲ့ကိုယ် ကြည်နူးနေမိပြန်သည်။
လူကြီးကိုလှမ်းကြည့်တော့ ခပ်လှမ်းလှမ်းက ခေါင်းလောင်းကြီးနားတွင် လက်ပိုက်လျက်ရပ်နေကာ
မြတို့ရှိရာကို လှမ်းကြည့်နေသည်။
မြက ပါးတွေမို့တက်သည်အထိပြုံးပြလို့တော့ လူကြီးကမျက်နှာလွှဲသွားသည်။
အံမယ် သူရှက်နေတာနေမှာ။
ခဏနေတော့ လူတန်းကြီးသည် စတင်ရွေ့လျားကာ
စေတီကြီးကို လက်ယာရစ်လှည့်ပတ်တော့သည်။
မြလည်း ပါးစပ်ကနေ ဘုရားစာတိုးတိုးရွတ်ကာ စေတီကြီးကိုလှည့်ပတ်ရင်း လူကြီးနားရောက်တော့ မျက်လွှာလေးပင့်ကာခိုးကြည့်မိသေးသည်။
လူကြီးကပါ စိုက်ကြည့်လာတော့
ရွတ်နေတဲ့ဘုရားစာတွေ ရောကုန်သည်အထိ
ရင်တွေခုန်လာသည်။
ဒီလူကြီးကတော့လေ ဘယ်နေရာရောက်ရောက် ပြုစားနေတော့တာပဲ။
ရွှေသာလျောင်းဘုရားဆီမှာ ဆင်လှူပြီးတော့
အရှေ့ဘက် တောင်တန်းတွေဆီက နေ ထွက်လာတာကို နောက်ခံထားရင်း အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြသည်။
ကလေးတွေကို သူ့သူငယ်ချင်းအုပ်စုလိုက် ဓာတ်ပုံရိုက်ပေးဖြစ်သေးသည်။
အခုထိ တစ်ယောက်တည်းပုံမရိုက်ရသေးတာကတော့ မြပိတောက်ကြည်သာပေါ့။
နေထွက်လာခါစ မနက်ခင်းအလှကိုဓာတ်ပုံရိုက်ရင်း လက်နောက်ပစ်ကာ ရှုခင်းကြည့်နေသော လူကြီးကိုမြင်တော့ မသိမသာလေးဓာတ်ပုံခိုးရိုက်လိုက်သည်။
သိပ်ကြည့်လို့ကောင်းတာပဲ မြရဲ့လူကြီးက.....။
ဓာတ်ပုံထဲမှာပါ အထာကျနေလွန်းသော လူကြီးကိုသဘောကျစွာတစ်ဝကြီးကြည့်နေပြီးမှ ချယ်သိမ့်တို့ရှိရာဘက်ဆီပြန်သွားလိုက်သည်။
တစ်စုံတစ်ယာက်ရဲ့ဖုန်းထဲက
တောင်တန်းတွေကိုငေးရင်း ပြုံးနေခဲ့တဲ့
မြပိတောက်ကြည်သာရဲ့ဓာတ်ပုံလေးဟာလည်း သိပ်လှပနေခဲ့တယ်ဆိုတာကိုတော့
မြပိတောက်ကြည်သာတစ်ယောက်
မသိခဲ့ပါဘူး....။
.......................🌸💙...................
18.3.2023
Saturday
ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီနဲ့
vote & comments ပေးကြတဲ့ ကလေးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...😗💙။
ကြိုက်နှစ်သက်မယ်လို့လည်း မျှော်လင့်ပါတယ်💙 ။
Zawgyi....
(စာလုံးေပါင္းသတ္ပုံ ျပန္မစစ္ရေသးလို႔ အမွားပါေနရင္ ခြင့္လႊတ္ေပးၾကပါကုန္😞)
''ဒီက ညီမက ျမပိေတာက္ၾကည္သာလားဗ်''
ျမနာမည္ကိုေျပာရင္း ဖုန္းကိုၾကည့္လိုက္ ျမမ်က္ႏွာကိုၾကည့္လိုက္လုပ္ေနေသာ အစ္ကိုႀကီးတစ္ေယာက္ေၾကာင့္ ကိုယ့္ကိုယ္ကို သတိကပ္ထားလိုက္သည္။
ဘာလဲ...ျမကိုဘယ္လိုလုပ္သိတာလဲ။
ေသခ်ာၾကည့္မွ ဆင္အဖြဲ႕တစ္ဖြဲ႕ရဲ႕ ဝတ္စုံကိုဝတ္ထားကာ တိုက္ပုံမွာလည္း ဆင္နာမည္ကိုရင္ထိုးထိုးထားေသးသည္။
''မလန့္ပါနဲ႕ ကြၽန္ေတာ့္ကို အေမက ရွာခိုင္းထားလို႔ပါ
ကြၽန္ေတာ္က ဟန္နီတို႔ရတီတို႔အစ္ကိုေလ
ဒါညီမပုံမလား အေမလွမ္းပို႔ထားတာ ၾကည့္ၾကည့္''
တစ္ဖက္ကအစ္ကိုျပလာေသာ ဓာတ္ပုံကိုၾကည့္လိုက္ေတာ့ လူႀကီးႏွင့္ဟမ္ဘာဂါသြားစားတုန္းကရိုက္ထားေသာဓာတ္ပုံေလးပင္။
''အစ္ကို အေမ့ကိုဖုန္းဆက္လိုက္ဦးမယ္
ခဏေစာင့္''
ေနာက္ဆုံးေတာ့ ရတီတို႔အေမနဲ႕ဖုန္းေျပာၿပီးေတာ့မွ ထိုအစ္ကို႔ေနာက္သို႔ယုံယုံၾကည္ၾကည္နဲ႕လိုက္ရဲေတာ့သည္။
ရတီတို႔အိမ္ျပန္ေရာက္ေတာ့မွ စိတ္ဒုန္းဒုန္းခ်နိဳင္ကာ
ေခၚလာေပးသည့္အစ္ကို႔ကိုလည္း အားနာနာနဲ႕ပင္ေက်းဇူးတင္ရေသးသည္။
''ျမေလးရယ္ တီခ်ယ့္ျဖင့္ သိပ္လန့္သြားတာပဲ
လူႀကီးေတြကိုစိတ္ပူေအာင္ သိပ္လုပ္တဲ့ကေလး''
တီခ်ယ္ျမတ္သည္ ျမကိုျမင္တာနဲ႕ ထိုင္ရာကထလာကာ ေခါင္းကိုပြတ္သပ္ေပးသည္။
တီခ်ယ္ျမတ္လက္ေတြကလည္း ေအးစက္ေနကာ
ျမကိုအဟုတ္ကိုစိတ္ပူေနမွန္းသိသာသည္။
''ျမလည္း ႐ုတ္တရက္ဆိုေတာ့ ျပာၿပီးလမ္းေတြလည္းမမွတ္မိေတာ့တာ
ဒါနဲ႕ ဟန္နီေရာ အိမ္ျပန္ေရာက္ၿပီလား''
''ေရာက္ၿပီ သူ႕အေမက ဆူေနတယ္''
''အယ္ မဆူပါနဲ႕ သူ႕အမွားမွမဟုတ္တာ
ျမဘာသာ ေသခ်ာမရွာမိလို႔ပါ''
''မဟုတ္ဘူး သမီးရဲ႕
သူက ေကာင္ေလးနဲ႕ခ်ိန္းေတြ႕ေနတာတဲ့
ညည္းဆရာႀကီးနဲ႕ သူ႕အေမေနာက္ကလိုက္ရွာေတာ့
ေတြ႕ခဲ့တာေလ''
တီခ်ယ္ျမတ္သည္ ျမနားသို႔တိုးလာကာ တိုးတိုးေလးေျပာေတာ့ ျမလည္းအံၾသသြားရသည္။
သူ႕ရည္းစားနဲ႕ ခ်ိန္းမယ္ဆိုလည္း ရည္းစားနဲ႕ခ်ိန္းမယ္လို႔ေျပာခဲ့ပါ့လား အဲဒါဆိုဆိုင္ထဲကပဲ ေစာင့္မွာေပါ့။
အခုေတာ့အကုန္အလုပ္ရႈပ္ကုန္ရၿပီ။
''မမ မမေပ်ာက္သြားတယ္ဆိုလို႔ သမီးမွာလန့္သြားတာပဲ''
ျမသည္ အနားေရာက္လာကာ ခါးကိုဖက္ထားေသာ
အငယ္မကို ေခါင္းေလးဖြေပးလိုက္သည္။
အငယ္ကိုစိတ္မပူရဘဲ အငယ္က ကိုယ့္ကိုျပန္ၿပီးစိတ္ပူေပးေနရသည္။
''ဟုတ္ပါၿပီ ဒါနဲ႕...အငယ္မ
မုန့္ဖိုးေပးထားတာ က်န္ေသးရဲ႕လား
မရွိေတာ့ရင္ ကိုယ့္အစ္မကိုေျပာေနာ္''
''ဟုတ္ပါၿပီ မႀကီးရဲ႕''
အငယ္မရယ္ တီခ်ယ္ရယ္နဲ႕ထိုင္ေနတုန္း
အိမ္မႀကီးဘက္ကေန လူႀကီးထြက္လာသည္။
လူႀကီးေဘးမွာလည္း ရတီအေမပါ ပါလာတာမို႔
ျမလည္းယဥ္ေက်းသမႈနဲ႕ထၿပီးႏႈတ္ဆက္လိုက္သည္။
''သမီးရယ္ အားနာလိုက္တာ
အိမ္က ေကာင္မကိုက မလိမၼာတာပါေအ''
''မဟုတ္ပါဘူး အန္တီရဲ႕
သမီးလည္း လူေတြတအားရႈပ္ေတာ့မ်က္စိလည္သြားလို႔ပါ ကေလးကိုတအားမေငါက္ပါနဲ႕ေနာ္
ျမကလည္း ေတာင္းပန္ပါတယ္ အန္တီရယ္
အဲဒီေနရာမွပဲေစာင့္ေနလိုက္ရမွာ''
''အို...ဘယ္ဟုတ္ပါ့မလဲ
ပြဲကတအားစည္ေတာ့ ရမ္းကားတဲ့လူေတြနဲ႕ေတြ႕သြားရင္ ဘယ့္ႏွယ္လုပ္မလဲ
အခုေတာင္ သားႀကီးကိုလွမ္းဆက္သြယ္ၿပီးရွာခိုင္းရတာ ေတြ႕လာလို႔ေတာ္ေသးတယ္''
''ဟန္နီေရာ အဆင္ေျပရဲ႕လားဟင္''
''အန္တီ ႏွစ္ခ်က္ရိုက္ထားလို႔ ငိုေနတယ္
သူထားတဲ့ရည္းစားက လူရႈပ္လူေပြ
ကေလကေခ်ေကာင္မို႔ အန္တီတို႔က ဒီေလာက္တားေနရတာပါေအ မဟုတ္ရင္ ဒီေလာက္ထိမခ်ဳပ္ခ်ယ္ပါဘူး''
''ဒီဘက္ေခတ္ကေလးေတြက ဇြတ္အတင္းခ်ဳပ္ခ်ယ္ရင္ ပိုဆိုးၾကတယ္ အန္တီရဲ႕
အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပနိုင္မွ လက္ခံၾကတာ''
''ေအးပါေအ
အန္တီက အလုပ္ကပင္ပန္းပါတယ္ဆို ဒါေတြထိလိုက္ေျပာေနရေတာ့ တစ္ခုခုဆိုအရင္ရိုက္ထည့္လိုက္တာပဲ ''
''ဟုတ္''
အန္တီနဲ႕စကားေျပာေနရင္း ေဘးကလူႀကီးကို မသိသမာအကဲခတ္ေနမိသည္။
ျမကိုနည္းနည္းေလးေတာင္မွ စိတ္မပူဘူးလားဟင္။
လူႀကီးမ်က္ႏွာသည္ ပုံမွန္အတိုင္းပဲမို႔ နည္းနည္းေတာ့မခ်င့္မရဲျဖစ္မိသည္။
''ေပ်ာက္တဲ့သူလည္းရွာေတြ႕ၿပီဆိုေတာ့ ဘဘုန္းႀကီးတို႔ဆီသြားစို႔ေလ
ဟိုကေလးေတြလည္း လာေတာ့''
လူႀကီးသည္ အန္တီနဲ႕အတူ ေရွ႕ကသြားေတာ့
ျမလည္းအိတ္ေလးကိုင္ကာ တီခ်ယ္ျမတ္ကိုတြဲရင္းလိုက္သြားရသည္။
ညအိပ္တာကေတာ့ လူမ်ားတာေၾကာင့္ ဘုန္းႀကီးေက်ာင္းမွာပဲအိပ္ၾကရမည္ျဖစ္သည္။
ဘုန္းႀကီးေက်ာင္းကလည္း အေဝးႀကီးသြားရသည္ေတာ့မဟုတ္...ရတီတို႔အိမ္နဲ႕ လမ္းပဲျခားသည္။
သို႔ေပမဲ့ ဧရိယာႀကီးကအရမ္းက်ယ္တာမို႔
လမ္းအၾကာႀကီးေလွ်ာက္ေနရသည္။
''တီခ်ယ္ျမတ္
ဆရာႀကီးက ဘာေျပာေသးလဲဟင္''
''ဘာမွမေျပာပါဘူး
တကယ္က သူ႕ညီမခ်ိန္းေတြ႕ေနတာကို
သူ႕အစ္ကိုက ဆင္အဖြဲ႕ထဲကေန လွမ္းျမင္တာ
အဲဒါသူ႕အေမကိုလွမ္းဖုန္းဆက္ရင္း သမီးကိုမေတြ႕ဘူးလားေမးရင္းကေန သမီးေပ်ာက္ေနမွန္းသိရတာ
ညည္းဆရာႀကီးမ်ား အခုရွာရမွာေပါ့ဆိုၿပီး ဖုန္းႀကီးဆြဲၿပီးထေျပးတာ
ရတီ့အေမက ကြၽန္မလည္းလိုက္ခဲ့မယ္ ဆိုၿပီးတူတူလိုက္သြားေပးတာပဲ
ဒါမဲ့ လမ္းမွာတင္ ရတီ့ေကာင္ေလးကို သူ႕အစ္ကိုက အတင္းဆြဲထိုးေနလို႔ ဝင္ဆြဲေပးရင္း သူ႕အစ္ကိုကိုပဲ
သမီးကိုရွာခိုင္းလိုက္ရတာ''
''ေၾသာ္...
ျမကိုမေငါက္ေလာက္ပါဘူးေနာ့္''
''မေငါက္ပါဘူး သမီးရဲ႕''
အနည္းဆုံးေတာ့ ထေျပးခဲ့ေသးတာပဲ လူႀကီးက။
ျမကိုစိတ္ပူေသးတာပဲ ဟီးဟီး။
ကိုယ့္အေတြးနဲ႕ကိုေက်နပ္ၿပီး ေရွ႕ကသြားေနေသာ လူႀကီးရဲ႕ေက်ာျပင္ႀကီးကို ၾကည္ႏူးစြာၾကည့္လိုက္မိသည္။
သိပ္ခ်စ္တာပဲ လူႀကီးကို.......။
လာမရွာခဲ့ရင္ေတာင္ လာရွာဖို႔ႀကိဳးစားခဲ့ေသးတာပဲ။
''တီခ်ယ္ျမတ္ ညစာ ကေလးေတြကိုဘာေကြၽးမွာတဲ့လဲ''
''ဘုန္းႀကီးေက်ာင္းကေကြၽးမွာေလ
ၾကက္ကုန္းေဘာင္ထင္တယ္''
''အယ္ မိုက္ၿပီ
ျမ ဗိုက္ဆာေနတာ ဟဲဟဲ''
''ေအး ကေလးေတြက စားၿပီးေလာက္ၿပီ''
ဆယ့္ငါးမိနစ္ေလာက္လမ္းေလွ်ာက္ၿပီးမွ
ဇရပ္လိုအေဆာင္ႀကီးထဲမွာ ထိုင္ေနၾကေသာ ကေလးေတြကိုေတြ႕လိုက္ရသည္။
ၾကမ္းျပင္ေပၚမွာ ဟိုဘက္တစ္ဖြဲ႕ ဒီဘက္တစ္ဖြဲ႕ထိုင္ရင္း ေျခပစ္လက္ပစ္ထိုင္ေနပုံရရင္ ညစာစားၿပီးေလာက္ၿပီထင္ပါတယ္ေလ။
''အမေလး မမျမ ရွင့္စိတ္ပူေနရတာ
ဘယ္နားလမ္းေပ်ာက္ေနတာတုန္း''
''မဟုတ္ပါဘူး ခ်ယ္သိမ့္ရဲ႕
လူရႈပ္ေတာ့ ျပာၿပီးလမ္းမမွတ္မိေတာ့တာ
ဟီးဟီး''
ဇရပ္ထဲဝင္ဝင္ခ်င္း ကေလးအုပ္စုအလယ္ထဲထိုင္ေနေသာ တီခ်ယ္သိမ့္က ႐ႊတ္ေနာက္ေနာက္နဲ႕ေျပာေတာ့ ျမမွာရွက္ရွက္နဲ႕ရယ္ေနရသည္။ကေလးေတြေရွ႕မွာ
ဒီအ႐ြယ္ႀကီးကလမ္းေပ်ာက္တာ ရွက္စရာႀကီးေလ။
''မမသိမ့္တို႔ စားၿပီးၾကၿပီမလား
ကြၽန္ေတာ္တို႔သြားစားလိုက္ဦးမယ္
ကေလးေတြကို
ဘယ္မွေလွ်ာက္မသြားခိုင္းနဲ႕ေတာ့ေနာ္
ဒီတစ္ခါေပ်ာက္ရင္ မရွာဘူး''
ဟီးဟီး....။
ယုံပါဘူး.......။
ျမပိေတာက္ၾကည္သာတို႔ေတာ့ လူႀကီးကရွာဖို႔ထေျပးတယ္ဆိုတာနဲ႕တင္ ေတာ္ေတာ္အူျမဴးေနၿပီေလ။
တဟီးဟီး တဟဲဟဲ မ်က္ႏွာပိုးသတ္မရေတာ့ဘူး။
ျမမ်က္ႏွာ ၿပဳံးစစျဖစ္ေနတာျမင္ေတာ့ လူႀကီးက ရႈတည္တည္နဲ႕လွမ္းၾကည့္ေသးသည္။
ၾကည့္ေပါ့.....။
ဒါက ဒီလအတြင္း ပထမဆုံးျပန္ရတဲ့ ထူးထူးျခားျခား
အျပဳအမူေလးေတြလိုပါပဲ။
ထမင္းစားေတာ့လည္း တစ္စားပြဲတည္းထိုင္ၿပီး
လူႀကီးကိုဟင္းထည့္ေပးလိုက္ တီခ်ယ္ျမတ္ကို
ဟင္းထည့္ေပးလိုက္နဲ႕ ဖားေနမိသည္။
ျမကိုယ္တိုင္ကလည္း ဗိုက္ဆာေနေတာ့ ထမင္းကိုအဝႀကိတ္ေတာ့တာပဲ။
ထမင္းခ်က္ေပတဲ့အန္တီႀကီးေတြကေတာ့ စားေကာင္းၾကရွာတယ္ဆိုၿပီး ဝမ္းသာေနၾကသည္။
''ညေရာက္ေနၿပီကို ထမင္းေတြတအားစားေနတာ
ၿပီးမွ အစာမေၾကျဖစ္တယ္ဆိုတာ လာဦးမွာ
ဒီလိုစားပုံမ်ိဳးနဲ႕မို႔ ပါးႀကီးႏွစ္ဖက္ဆို ေဖာင္းကားေနတာပဲ''
လူႀကီးစကားေၾကာင့္ ထမင္းအုပ္ဆီကိုလက္လွမ္းေနေသာ ျမမွာ ထမင္းအုပ္ေလးကိုင္ရင္း ၿငိမ္က်သြားကာ ျမကိုမၾကည့္ဘဲ သူ႕ထမင္းသူငုံ႕စားေနေသာ လူႀကီးကိုခိုးၾကည့္လိုက္သည္။
ဘာလဲ...ျမအခုမွ သုံးခါေျမာက္ပဲထပ္ထည့္ရေသးတာပဲကို......။
ေန႕ခင္းကလည္း ေသခ်ာမစားရလို႔ဗိုက္ဆာေနလို႔ဥစၥာကို....။
''ျမေလး
ထည့္စားေလ
ညည္းဆရာႀကီးစကား အတည္မွတ္မေနနဲ႕
အလကား သူမစားနိုင္တိုင္း ကေလးကိုေျပာေနတာ''
''ဟုတ္ တီခ်ယ္ျမတ္
နည္းနည္း...နည္းနည္းေလးပဲ ထပ္စားမွာေလေနာ္''
''မ်ားမ်ားစားလည္းရတယ္
ေန႕ခင္းတုန္းကလည္း ေသခ်ာမစားလိုက္ရဘူးမလား
ငါ့ဆီမွာ အစာေၾကေဆးေရာ ေျဖေဆးေရာပါတယ္
စိတ္မပူနဲ႕''
''ဟုတ္....''
ေမာ့ၾကည့္မလာေသာ လူႀကီးကိုထပ္ခိုးၾကည့္ရင္း
ထမင္းအုပ္ထဲကေန ထမင္းနည္းနည္းေလးကိုသာထပ္ထည့္လိုက္သည္။
ဟင္းခ်က္လက္ရာကလည္း ေကာင္းလြန္းလို႔ထပ္စားမိတာပါ။
ေဖာင္းကားေနတာက ဘယ္နားကေဖာင္းကားေနလို႔လဲ....။
လက္တစ္ဖက္က မေနနိုင္စြာ ပါးတစ္ဖက္ကိုကိုင္ၾကည့္ရင္း လူႀကီးကိုထပ္ၾကည့္မိျပန္သည္။
ဘယ္မွမေဖာင္းပဲနဲ႕...... ဒီလူႀကီးကေတာ့။
ထမင္းစားၿပီးေတာ့လည္း ျမကိုေဖာင္းကားေနတယ္ေျပာေသာ လူႀကီးကို တစ္ဖက္သတ္စိတ္ေကာက္ကာ
ႏႈတ္ေတာင္မဆက္ဘဲ
ကေလးေတြထိုင္ေနတဲ့ဇရပ္ကို ထြက္လာလိုက္သည္။တီခ်ယ္ျမတ္တို႔ကေတာ့ ဆရာေတာ္ႀကီးနဲ႕စကားေျပာရင္း က်န္ေနခဲ့ေလသည္။
''အယ္ ျမေလး လာၿပီလား
မမျမတ္ေရာ''
''ဆရာေတာ္ႀကီးနဲ႕ စကားေျပာေနတာ ခ်ယ္သိမ့္''
''ဟုတ္လား ဒါဆို ငါလည္း သြားလိုက္ဦးမယ္''
ခ်ယ္သိမ့္ထြက္သြားတာနဲ႕ ကေလးေတြၾကားထဲဝင္ထိုင္ကာ ဝယ္လာေသာေနၾကာေစ့ထုပ္ေတြကို
ေဝေပးလိုက္သည္။
ဇရပ္ထဲမွာထိုင္ကာ မုန့္စားရင္း လွမ္းျမင္ေနရေသာ ေက်ာက္ဆည္ေတာင္ႀကီးရဲ႕ မွိတ္တုတ္မွိတ္တုတ္မီးေရာင္ေလးေတြကိုၾကည့္ရင္း အေၾကာဆန့္ေနၾကသည္။
''တီခ်ယ္ မနက္တုန္းက သမိုင္းေၾကာင္းေျပာျပမယ္လို႔ေျပာထားတယ္ေလ''
''ဟုတ္တယ္ ခ်ယ္ လုပ္ပါဦး
ေျပာျပပါဦး''
''ေၾသာ္ ဟုတ္သားပဲ
ဘယ္ကစေျပာရပါ့
အင္း.....အေနာ္ရထာမင္းႀကီးက တ႐ုတ္ကေန ျပန္လာေတာ့ ျမတ္စြာဘုရားရဲ႕ ဓာတ္ေတာ္ေမြေတာ္ေတြကို ပင့္ေဆာင္လာခဲ့တယ္တဲ့....။
သူက အဲဒီဓာတ္ေတာ္ေမြေတာ္ေတြကို ဘုရားဌာပနာအျဖစ္ထည့္ၿပီးဘုရားေစတီတည္ထားကိုးကြယ္ခ်င္တာ....။အဲဒါနဲ႕ သူ႕ရဲ႕ဆင္မယဥ္သာ ေက်ာေပၚမွာ
အဲဒီဓာတ္ေတြေမြေတာ္ေတြကိုပင့္ေဆာင္ေစတယ္
ၿပီးေတာ့ ဘုရားေစတီတည္ဖို႔သင့္ေတာ္မဲ့ေနရာမွာ ဝပ္ေစဆိုၿပီး အဓိ႒ာန္ျပဳၿပီးေတာ့ အဲဒီဆင္မယဥ္သာကို ေရွ႕ကေနသြားေစတယ္....
အဲဒီမွာပဲ ဆင္မယဥ္သာက ဘယ္ေနရာေတြကို သြားဝပ္လဲဆိုေတာ့ ဒီေ႐ႊသာေလ်ာင္းေတာင္ရယ္
ေနာက္ ျပကၡေ႐ြေတာင္ရယ္မွာဝပ္တယ္
အဲဒါနဲ႕ပဲ အေနာ္ရထာမင္းႀကီးက အဲဒီေတာင္ထိပ္ေတြဆီမွာ ဒီဓာတ္ေတာ္ေတြကို႒ာပနာၿပီး ေစတီတည္ထားကိုးကြယ္ေစတယ္။
ဒီေ႐ႊသာေလ်ာင္းေတာင္ထိပ္မွာေစတီတည္ထားၿပီးေတာ့ ဒီဆင္မယဥ္သာနဲ႕ ဒီေစတီေတာ္ကို အမွတ္ရေစရန္ဆိုၿပီး ဆင္လႉပြဲေတာ္နဲ႕ဆင္အကအလွၿပိဳင္ပြဲကို ႏွစ္တိုင္း က်င္းပေစခဲ့တယ္
ဆင္လႉပြဲကို ေတာင္ထိပ္မွာက်င္းပၿပီး ဆင္အကအလွၿပိဳင္ပြဲကို ဒီေ႐ႊသာေလ်ာင္းေတာင္ေျခက ဆင္ၿပိဳင္ကြင္းမွာပဲက်င္းပရတယ္။
ဒီလိုဆင္လႉပြဲ ဆင္အကအလွၿပိဳင္ပြဲကိုမလုပ္ဘူးဆိုရင္ ဆန္ေရစပါးရွားပါးေစ ဆိုၿပီး က်ိန္စာထားရွိခဲ့တယ္လို႔လည္း တခ်ိဳ႕စာေတြထဲမွာဖတ္ရတာပဲ
ေက်ာက္ဆည္ၿမိဳ႕ခံေတြကေတာ့ တစ္ႏွစ္မွအပ်က္ခံၾကတယ္ရယ္လို႔မရွိဘူး ႏွစ္စဥ္ႏွစ္တိုင္း သီတင္းကြၽတ္လျပည့္ေန႕မတိုင္တစ္ရက္မွာ ဆင္အကအလွၿပိဳင္ပြဲကို က်င္းပၿပီး လျပည့္ေန႕မနက္မွာေတာ့ ေတာင္ထိပ္မွာ ဆင္လႉပြဲက်င္းပၾကတယ္
တီခ်ယ္တို႔အေနနဲ႕ တန္ဖိုးထားသင့္တဲ့ ရိုးရာပြဲေတာ္ေတြထဲမွာလည္း ဒါပါတာပဲ''
အရွည္ႀကီး ရွင္းျပလိုက္ၿပီးမွ ကေလးေတြကိုၾကည့္လိုက္ေတာ့ စိတ္ဝင္တစားနဲ႕ ေမးေလးေတြေထာက္ကာ နားေထာင္ေနၾကသည္။
ေတာ္ပါေသး ကိုယ္ေျပာတာကို စိတ္ဝင္တစားနဲ႕
အားေပးေနၾကလို႔။
''ဒါနဲ႕ ဆုရေတာ့က် ဘယ္ေလာက္ရတာလဲ''
''အမ္း ဒါေတာ့ အစ္မလည္း ေသခ်ာမသိဘူး
ဆယ္ခ်ီၿပီးေတာ့ရတယ္ေျပာတယ္ သူ႕ဆင္အမ်ိဳးအစားနဲ႕သူ ဆုေၾကးေငြကလည္းကြာေသးတယ္တဲ့''
''ေၾသာ္....အခုထိအသံေတြၾကားရတုန္းပဲေနာ္
ၿပိဳင္တာမၿပီးေသးဘူးထင္တယ္''
''ဟုတ္မယ္ အေကာင္ေရကလည္းအမ်ားႀကီးပဲကိုး''
ကေလးေတြနဲ႕ စကားေျပာလိုက္ မုန့္စားလိုက္လုပ္ေနတုန္း ခ်ယ္သိမ့္ျပန္ေရာက္လာကာ ကေလးေတြနားခ်င္ရင္ နားရေအာင္လို႔ အိပ္ဖို႔ေနရာရၿပီလို႔ လာေျပာသည္။
ပင္ပန္းေနၿပီျဖစ္တဲ့ ကေလးအုပ္စုကေတာ့ သူတို႔အိတ္သူတို႔လြယ္ကာ အေျပးသြားၾကတာေပါ့။
ျမလည္း ကိုယ့္အိတ္ေလးကိုကိုင္ကာ လိုက္သြားရင္း
မ်က္လုံးကေတာ့ လူႀကီးမ်ားဘယ္နားေရာက္ေနသလဲလို႔ ရွာလိုက္မိေသးသည္။
တရားစခန္းဖြင့္ေနက် ဘုန္းႀကီးေက်ာင္းမို႔ လူအမ်ားႀကီးဝင္ဆံ့တဲ့ေက်ာင္းေဆာင္ေတြကလည္းမ်ားပုံရသည္။ေယာက်္ားေလးတစ္ေဆာင္ မိန္းကေလးတစ္ေဆာင္ေနရာယူၿပီးမွ ကေလးေတြလည္း အိပ္တဲ့သူကအိပ္ စကားေျပာတဲ့သူကေျပာႏွင့္ အဖြဲ႕ကြဲကုန္သည္။
ျမလည္း အိတ္ထဲကဖုန္းကိုအားသြင္းဖို႔ထုတ္မွ အေဖကဖုန္းေတြေခၚထားတာေတြ႕လို႔ ျပန္ေခၚဖို႔လုပ္ရသည္။
ဖုန္းေခၚေတာ့လည္း လိုင္းမေကာင္းတာမို႔ ေနရာေ႐ႊ႕ရင္းေ႐ႊ႕ရင္း ေနာက္ဆုံး အေဆာင္ေရွ႕က ခေရပင္အႀကီးႀကီးေတြေအာက္ထိေရာက္လာသည္။
ခေရပင္ႀကီးေတြက အႀကီးႀကီးေတြျဖစ္ကာ ငါးပင္ေျခာက္ပင္ေလာက္ရွိတာမို႔ အုပ္အုပ္မွိုင္းမွိုင္းႀကီးျဖစ္ေနသည္။
သို႔ေသာ္ မီးတိုင္ေလးတစ္တိုင္ရွိတာမို႔ အနည္းငယ္ေတာ့အလင္းေရာင္ရေနေသးသည္။
လိုင္းမိတဲ့ေနရာေရာက္ေတာ့ ဖုန္းဆက္မယ္လုပ္ေနခ်ိန္စကားေျပာသံသဲ့သဲ့ၾကားလို႔ ေျခေဖာ့ကာ သြားရင္း ေဘးဘီဝဲယာကိုအကဲခတ္ေနမိသည္။
''သူတို႔ဘက္က အရင္လာစတာပဲ
မေသေစနဲ႕ စုတ္ျပတ္သတ္ၿပီး
နလန္မထူနိုင္ေအာင္လုပ္လိုက္
က်န္တဲ့ကိစၥကြၽန္ေတာ္ရွင္းမယ္''
''.................''
''မနက္ျဖန္ ကြၽန္ေတာ္ျပန္ေရာက္မယ္
ကြၽန္ေတာ္တို႔အေၾကာင္းအျပင္ကိုေဖာက္ခ်တဲ့ေကာင္ကို ဂိုေဒါင္ထဲမွာထားလိုက္ ေရလည္းတိုက္စရာမလိုဘူး ဘာမွလည္းမေကြၽးနဲ႕ ကြၽန္ေတာ္တန္းလာခဲ့မယ္''
''............''
''ေငြမေလာက္ရင္ ကြၽန္ေတာ့္ဆီကို amount ပို႔ထားလိုက္ ''
''.......''
ျမေရာက္ေနေသာ ခေရပင္ႀကီးနဲ႕မလွမ္းမကမ္းမွာ
ခါးေထာက္ရင္းဖုန္းေျပာေနသည္မွာ လူႀကီးမွဟုတ္ရဲ႕လားလို႔ ေသခ်ာေငးၾကည့္ရသည္။
မီးတိုင္ေအာက္မွာ ျမင္ေနရတဲ့ လူႀကီးမ်က္ႏွာကခက္ထန္လြန္းၿပီး အလိုမက်မႈမ်ားစြာျဖင့္ျပည့္ႏွက္ေနသည္။
လူႀကီးဘာေတြလုပ္ေနတာလဲ။
လူႀကီးမွာ ဘာျပႆနာေတြမ်ားရွိေနတာလဲ။
လူႀကီးအေၾကာင္းကို သိသလိုလိုနဲ႕ တကယ္တမ္းက်
ျမ မသိေသးတာေတြရွိေနေသးတာလား။
စိတ္ပူလိုက္တာ......။
ျမ သိခဲ့တဲ့လူႀကီးက တည္ၾကည္လြန္းၿပီး
ရင့္က်က္လြန္းတဲ့ ေလးစားစရာေကာင္းတဲ့ လူႀကီးတစ္ေယာက္။
အခု ဒီပုံစံက ျမတို႔မသိတဲ့ လူႀကီးရဲ႕ ပုံစံလား.....။
ျမေငးၾကည့္ေနတုန္းမွာပဲ လူႀကီးကဖုန္းေျပာလို႔ၿပီးသြားကာ ျမဘက္ဆီကိုလွည့္လာသည္။
ျမကိုျမင္ေတာ့ နဂို ၾကဳတ္ထားတဲ့မ်က္ခုံးေတြဟာ
ပိုၿပီးေတာ့ တင္းမာသြားသည္။
''ဘယ္အခ်ိန္ကတည္းက ေရာက္ေနတာလဲ''
''ၾကာပါၿပီ....''
''ဘယ္ထိၾကားလိုက္လဲ''
''သူတို႔ဘက္က အရင္လာစတာပဲ
မေသေစနဲ႕ စုတ္ျပတ္သတ္ၿပီး
နလန္မထူနိုင္ေအာင္လုပ္လိုက္
က်န္တဲ့ကိစၥကြၽန္ေတာ္ရွင္းမယ္...တဲ့
ၿပီးေတာ့....
မနက္ျဖန္ ကြၽန္ေတာ္ျပန္ေရာက္မယ္
ကြၽန္ေတာ္တို႔အေၾကာင္းအျပင္ကိုေဖာက္ခ်တဲ့ေကာင္ကို ဂိုေဒါင္ထဲမွာထားလိုက္ ေရလည္းတိုက္စရာမလိုဘူး ဘာမွလည္းမေကြၽးနဲ႕
ကြၽန္ေတာ္တန္းလာခဲ့မယ္ တဲ့....
လူႀကီး ဘာေတြလုပ္ေနတာလဲဟင္''
''မင္း ေတာ္ေတာ္ၾကားသြားတာပဲ''
''လူႀကီးကေရာ ဘာေတြလုပ္ေနတာလဲ
ဟင္.......''
''အဲဒါ ငါ့ကိစၥပါ မင္းနဲ႕မဆိုင္ဘူး''
''အႏၱရာယ္မ်ားတဲ့ကိစၥေတြလုပ္ေနတာလားဟင္''
''ျမပိေတာက္ၾကည္သာ...
ကေလးက ကေလးလိုေနစမ္း''
''ျမက ကေလးမဟုတ္ဘူး ဦးငယ္''
''မင္းကို ရွင္းျပစရာအေၾကာင္းမရွိဘူးေလ
ၿပီးေတာ့.....''
လူႀကီးသည္ ျမေရွ႕နားထိ တိုးကပ္လာကာ ျမကိုအုပ္မိုးၾကည့္လာသည္။
ဘယ္လိုအၾကည့္မ်ိဳးပါလိမ့္....။
ၿခိမ္းေျခာက္သည့္အၾကည့္ေတြလိုပဲ....။
ရွည္လ်ားလြန္းေသာ လူႀကီးရဲ႕အရပ္အေမာင္းႀကီးေၾကာင့္ ျမဇက္ေလးပုဝင္လိုက္မိသည္။
''အမ္း....ျမ ဘယ္သူ႕ကိုမွမေျပာပါဘူး''
''ေသခ်ာလို႔လား မင္းကိုဘယ္လိုယုံရမလဲ''
''ဘယ္လိုသက္ေသျပရမလဲမသိေပမဲ့
ဦးငယ္ထိခိုက္ေအာင္ ျမဘယ္ေတာ့မွမလုပ္ဘူး''
''အဟြန္း အေျပာကေတာ့ေ႐ႊမန္းပဲ''
''တကယ္ေျပာတာ....
ဦးငယ္ဘာေတြလုပ္ေနတာလဲဟင္''
''အဲဒါငါ့ကိစၥလို႔ဆိုေန မမျမတ္တို႔မသိတဲ့ကိစၥမို႔ လူႀကီးေတြစိတ္ပူေအာင္မလုပ္နဲ႕ ''
''ဟုတ္''
''မင္းက ဒီအခ်ိန္ႀကီးဘာထြက္လုပ္တာလဲ''
''အိမ္ကိုဖုန္းဆက္တာ လိုင္းမမိလို႔''
''ဆက္စရာရွိတာဆက္ၿပီး အထဲဝင္ေတာ့''
''ဟုတ္....''
ျမကိုေက်ာခိုင္းၿပီးထြက္သြားေသာ
လူႀကီးရဲ႕ေက်ာျပင္ႀကီးကိုၾကည့္ကာ ပူပန္မႈေတြက ႀကီးစိုးေနသည္။
ေကာင္းတဲ့ကိစၥမဟုတ္မွန္းခန့္မွန္းမိေနတာမို႔ လူႀကီးထိခိုက္မွာကိုစိုးရိမ္သည္။
''ဦးငယ္''
ခပ္လွမ္းလွမ္းေရာက္ေနၿပီျဖစ္ေသာ လူႀကီးကို ခပ္အုပ္အုပ္ေခၚလိုက္ေတာ့ လူႀကီးကလွည့္ၾကည့္သည္။
''ျမက လူႀကီးေတြကို ဘာမွထုတ္ေျပာမွာမဟုတ္လို႔
ဦးငယ္ကလည္း အရမ္းႀကီးစိတ္ပူရေအာင္မလုပ္ပါနဲ႕''
လူႀကီးသည္ ျမကို ေလးေလးနက္နက္အၾကည့္ေတြနဲ႕အၾကာႀကီးစိုက္ၾကည့္ၿပီးမွ အင္းလို႔ျပန္ေျဖၿပီး သူတို႔အေဆာင္ဘက္ဆီထြက္သြားသည္။
လူႀကီးထြက္သြားေတာ့မွ ျမလည္း ခေရပင္ႀကီးေအာက္၌ထိုင္ကာ အိမ္ကိုဖုန္းေခၚလိုက္သည္။
''ဟဲလို သမီး
အေဖက ဖုန္းေတြေခၚေနတာမကိုင္လို႔ စိတ္ပူေနတာ''
''ဟုတ္ ခုမွနားရလို႔ အငယ္မလည္း ေမာလို႔အိပ္ေနၿပီထင္တယ္''
''ေအးပါ ဂ႐ုစိုက္ၾကဦးေနာ္
အေဖတို႔အတြက္လည္း အလႉေငြလႉခဲ့ၾကဦး''
''ဟုတ္ ေနေကာင္းတယ္မလား''
''ေကာင္းပါတယ္
သမီးအေမနဲ႕ ေျပာဦးမလား''
''ဟင့္အင္း မေျပာခ်င္ဘူး''
''သမီးရယ္ သမီးအေမက ညည္းစေခၚတာကိုေစာင့္ေနတာ
ညည္းအေမလည္း သူ႕အေၾကာင္းနဲ႕သူမို႔ပါ
သမီးကအေမ့စကားနားေထာင္ေပးရင္ေကာင္းမွာပဲ''
''အင္း ေျပာစရာမရွိေတာ့ရင္ ဒါပဲေလ''
''ကဲ စိတ္ခ်ည္းပဲ
ဂ႐ုစိုက္ၾကဦးေဟ့''
အေမနဲ႕ ျမၾကား ဝင္ညွိေပးခ်င္ေနေသာ အေဖ့ေၾကာင့္ဖုန္းခ်ပစ္လိုက္သည္။
သူ႕မိန္းမဘက္ကမွန္းမသိဘူးမ်ားေအာက္ေမ့ေနလား။
ဖုန္းခ်ၿပီးထိုင္ရာကထေတာ့ ျမေဘးနားသို႔ခေရပြင့္ေတြေရာ ခေရအ႐ြက္ေတြေရာ ေႂကြက်လာသည္။
ရိုက္ခ်လိဳက္သလိုမ်ိဳး တစ္ခါတည္းေႂကြက်လာတာမို႔
ျမလည္း အပင္ေပၚကိုေမာ့ၾကည့္လိုက္မိသည္။
အေပၚမွာလည္း ဘာေကာင္မွမရွိတာမို႔ ၾကက္သီးေတြျဖန္းခနဲထသြားမိသည္။
သရဲလား....မေျခာက္နဲ႕ေနာ္....။
''ဖ်တ္......''
''အား ...''
အေဆာင္ဆီအျမန္သြားမယ္ဆိုၿပီးေျခလွမ္းစ႐ုံရွိေသး ျမင္ကြင္းတစ္ခုလုံးေမွာင္က်သြားတာမို႔ ေၾကာက္ေၾကာက္လန့္လန့္နဲ႕ ဖုန္းပါျပဳတ္က်သြားသည္။
ဘာလဲ ဘာေတြျဖစ္ကုန္တာလဲ.....။
မီး....မီးပ်က္သြားတာလား။
''ဂြၽတ္....ဂ်လြတ္....''
ေသာက္က်ိဳးနည္း ဘာသံႀကီးလဲ....
သစ္႐ြက္ေျခာက္ေတြကိုနင္းလာသလိုအသံႀကီးမို႔ အေမွာင္ထဲမွာတစ္ေယာက္တည္းျပာသြားသည္။
ေအာက္သို႔ထိုင္ခ်လိဳက္ရင္း ျပဳတ္က်သြားေသာ
ဖုန္းကိုလက္ျဖင့္လိုက္စမ္းရင္းရွာလိုက္သည္။
''က်လိ က်လိ....က်လိ''
အပင္ေပၚအိပ္တန္းတက္ေနတဲ့ ငွက္ေတြပါ အလန့္တၾကားထေျပးေတာ့ ျမပါ ထေျပးခ်င္လာသည္။
သို႔ေသာ္ေၾကာက္သည့္စိတ္ေၾကာင့္ လႈပ္ေတာင္မလႈပ္ရဲေတာ့ဘဲ ငုတ္တုတ္ေလးထိုင္ကာ လက္ကေတာင္စမ္းေျမာက္စမ္းလုပ္ေနမိသည္။
လျပည့္ခါနီးမို႔ ျပည့္လုျပည့္ခင္လမင္းႀကီးသည္လည္း အုပ္မွိုင္းေနေသာအပင္ႀကီးေတြထဲထိ အလင္းေရာင္မေပးနိုင္တာမို႔ သစ္႐ြက္ေျခာက္ေတြၾကားထဲ မနည္းၿဖဲရဲရွာေနရသည္။
မ်က္စိက နည္းနည္းက်င့္သားရလာခ်ိန္
ပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ ခပ္လွမ္းလွမ္းကအေမွာင္ထဲမွာ ရပ္ေနေသာ အရိပ္လိုလိုအရာႀကီးကိုေတြ႕လိုက္ရသည္။
ထိုစဥ္ ပခုံးေပၚကိုသစ္႐ြက္ေတြထပ္ၿပီးက်လာျပန္သည္။
ေသာက္က်ိဳးနည္း.....
သရဲေျခာက္ခံရၿပီထင္တယ္ေဟ့....။
အေရးအေၾကာင္းဆို ဖုန္းကရွာမရဘူး။
ဟိုစမ္း ဒီစမ္းနဲ႕ ပတ္ပတ္လည္ရွာေနတုန္း
ျမထိုင္ေနတဲ့ေနရာကေန ႏွစ္ေပေလာက္အကြာတြင္
မီးလင္းသြားတာမို႔ ကိုယ့္ဖုန္းမွန္းသိလိုက္ကာ အျမန္ေျပးေကာက္လိုက္ၿပီးတာနဲ႕ ကိုယ့္အေဆာင္ရွိရာဆီ တဟုန္ထိုးေျပးေတာ့သည္။
ေျပးရင္းေနာက္လွည့္ၾကည့္ေတာ့ ခုနအရိပ္ႀကီးကလႈပ္ရွားလာတာမို႔ ေနာက္ကိုထပ္လွည့္မၾကည့္ေတာ့ပဲ
အရွိန္တင္ၿပီး ေျပးေတာ့သည္။
ေသခ်င္တာပဲ အခုမွအေဆာင္ကအရမ္းကိုေဝးေနသလိုပါပဲလား။
ေျပးရင္း ေနာက္ကနီးလာသလိုခံစားရတာမို႔
လွည့္ၾကည့္လိုက္ေတာ့ ျမေနာက္မလွမ္းမကမ္းမွာရပ္ေနေသာ အရိပ္ႀကီး....။
႐ုတ္တရက္ေအးစက္စက္ေလေတြက တိုက္လာကာ ၾကက္သီးေတြလည္းထၿပီး ဆံပင္ေတြပါေထာင္လာတာမို႔ သရဲေျခာက္တာေသခ်ာသေလာက္ရွိၿပီဟုေတြးကာ ေရွ႕တည့္တည့္ကိုပဲ အားကုန္ေျပးေတာ့သည္။
''အင့္...''
႐ုတ္တရက္တစ္ေယာက္ေယာက္ကလွမ္းဆြဲလိုက္သလိုခံစားလိုက္ရကာ ျမသည္လည္း ေၾကာက္ေၾကာက္လန့္လန့္နဲ႕ ၾကည့္လိုက္မိသည္။
''ဘာလို႔ေလွ်ာက္ေျပးေနတာလဲကြ''
''ဦး....ဦးငယ္''
''ဘာျဖစ္ရျပန္တာလဲကြာ...
ေခြၽးေတြကို႐ႊဲေနတာပဲ''
''သရဲ....သရဲေျခာက္တယ္
ျမေနာက္ကို လိုက္လာတယ္''
ေၾကာက္လန့္တၾကားျဖစ္ေနေသာပုံစံျဖင့္ သူ႕ရင္ခြင္ထဲသို႔ အတင္းတိုးဝင္လာေသာ
ျမပိေတာက္ၾကည္သာေၾကာင့္ ပတ္ဝန္းက်င္ကိုၾကည့္ေတာ့လည္း ဘယ္သူမွမရွိ။
''ဘယ္သူမွ မရွိပါဘူးကြ''
''အင့္.... မဟုတ္ဘူးရွိတယ္
ျမေနာက္ကို အရိပ္ႀကီးေျပးလိုက္လာတာ''
သူ႕အကၤ်ီစကို ဆုပ္ကိုင္ထားေသာ လက္ေတြကလည္းတဆတ္ဆတ္တုန္ယင္ေနကာ နဖူးမွာလည္းေခြၽးေတြ႐ႊဲေနတာမို႔ စေနာက္ေနတာေတာ့မျဖစ္နိုင္။
ေျမရိုင္းေတြကို သာသနာ့နယ္ေျမအျဖစ္ယူထားတာမို႔
မကြၽတ္မလြတ္တဲ့အရာေတြရွိမွာေတာ့
မထူးဆန္းေပမဲ့ ဒီျမပိေတာက္ၾကည္သာနဲ႕မွ
ေတြ႕တတ္သည္။
''အခု ငါေရာက္လာၿပီေလ
ဘာမွမရွိေတာ့ဘူး မငိုနဲ႕ေတာ့''
တရႈံ႕ရႈံ႕နဲ႕ရွိုက္သံေတြပါထြက္တဲ့အထိငိုေနတာမို႔
သူ႕မွာ ေခါင္းေလးကိုပြတ္ေပးရင္း ကေလးေခ်ာ့သလိုေခ်ာ့ရျပန္သည္။
အေပၚစီးကေနျမင္ေနရေသာမ်က္ႏွာေလးေၾကာင့္
သူ႕ႏွလုံးသားက တဒုန္းဒုန္း တဒိုင္းဒိုင္းျဖင့္ ခုန္လာသည္။
သူ႕အလိုအေလ်ာက္အခုန္ျမန္လာေသာ ႏွလုံးသားကို
ဘာေၾကာင့္ဆိုၿပီးေတာ့လည္း ေမးခြန္းမထုတ္ခ်င္ေတာ့.....။
ငါးမိနစ္ေလာက္ၾကာမွ ရင္ခြင္ထဲဝင္ၿပီးငိုေနတဲ့ ခ်ာတိတ္မက ရွိုက္သံတအင့္အင့္နဲ႕ ေမာ့ၾကည့္လာသည္။
''ငိုလို႔ဝၿပီလား ဝရင္လည္း ဖယ္ေပးဦး''
''အြန္း....အင့္''
''မင္းက သရဲက် ေၾကာက္တတ္တယ္ေပါ့''
''ဘယ္သူက မေၾကာက္လို႔လဲ အဲဒီဟာေတြကို''
''ငါဆိုမေၾကာက္ဘူးေလ''
''ဦးငယ္နဲ႕ ျမနဲ႕တူမလား''
''ကဲ ေတာ္ၿပီ ျပန္လိုက္ပို႔ေပးမယ္ လာ''
''ဟုတ္ ဟင္...ဒီဘက္မဟုတ္ဘူးလား''
သူတို႔ေနတဲ့အေဆာင္နဲ႕ဆန့္က်င္ဘက္ကအေဆာင္ကိုလက္ညွိုးထိုးျပေနေသာ ခ်ာတိတ္ကိုၾကည့္ရင္း ေခါင္းယမ္းလိုက္မိသည္။
''မင္းအေဆာင္က ဟိုဘက္မွာေလ''
''အမ္
ဒါ မဟုတ္ဘူးလား ျမက ဒီအေဆာင္ထင္လို႔ ဒီဘက္ေျပးတာ''
ထင္ေတာ့ထင္သားပဲ ။
သူ႕ကိုစိတ္မခ်လိဳ႕ ကိုယ့္အေဆာင္ေရွ႕ကေန ရပ္ေစာင့္ေနတုန္း ဒီခ်ာတိတ္က ဆန့္က်င္ဘက္အေဆာင္ေတြဆီ ေျပးသြားတာျမင္လို႔ ကိုယ့္မွာစိတ္ပူၿပီးလိုက္ရတာေလ။
သူမွားလည္းမွားခ်င္စရာပါပဲ အေဆာင္ေတြကတစ္ပုံစံတည္းေတြေဆာက္ထားတာကိုး....။
''ကဲ လာပါ
ညနက္ေနၿပီ မနက္လည္းအေစာထရဦးမွာ''
''ဟုတ္....''
ကိုယ့္ကေရွ႕ကအရင္သြားေတာ့ ေၾကာက္အားလန့္အားနဲ႕ ကိုယ့္ကိုအမွီလိုက္ကာ လက္လာတြဲျပန္သည္။
ဘာလို႔လဲဆိုေတာ့ ေၾကာက္လို႔တဲ့ေလ။
ေၾသာ္ ျမပိေတာက္ၾကည္သာေၾကာက္တဲ့အရာကရွိေသးတာပဲ။
ညေနကလည္း ဖုန္းေျပာရင္း ဆူဆူညံညံအသံေတြၾကား တစ္ဖက္ကသူမဆီမွ တုံ႕ျပန္မႈေတြေပ်ာက္သြားေတာ့ သူ႕မွာထိုင္မရထမရနဲ႕ ဗ်ာမ်ားသြားရေသးသည္။ ဘယ္ရွာရမယ္မွန္းမသိေပမဲ့ ရွာရမယ္ဆိုတဲ့စိတ္ကပိုၿပီးမ်ားေနတာမို႔ ဝုန္းဝုန္းဒိုင္းဒိုင္းနဲ႕ထထြက္မိသည္အထိ လုပ္လိုက္မိေသးသည္။
သူကိုယ္တိုင္လိုက္မရွာနိုင္လိုက္လို႔ အျပစ္မကင္း
သည့္စိတ္ကမ်ားေနရသည္မွာ တစ္ညေနလုံးျဖစ္သည္။
အလိုက္မသိစြာအခုန္ျမန္ေနတဲ့ႏွလုံးသားကိုထိန္းခ်ဳပ္ရင္း ထိုခ်ာတိတ္ကို အေဆာင္ထဲဝင္တဲ့ထိ ၾကည့္ေပးၿပီးမွ ျပန္ခဲ့လိုက္သည္။
ငါေတာ့ မင္းနဲ႕႐ူးေတာ့မွာပဲ ျမပိေတာက္ၾကည္သာ။
.
.
.
.
.
''ခဏေနရင္ စၿပီးလွည့္ေတာ့မွာေနာ္ မမသိမ့္လႉမွာမလား''
''ေအး ဘယ္သူလႉဦးမွာလဲ''
''ျမပိေတာက္ၾကည္သာ
မင္းလႉမယ္မလား ေရာ့ ဆင္႐ုပ္ေလးယူလိုက္''
လူႀကီးသည္ ျမဆီကို ဆင္ျဖဴေတာ္အ႐ုပ္ကေလး
ေပးလာေတာ့ ျမအေယာင္ေယာင္အမွားမွားျဖင့္လွမ္းယူလိုက္ရသည္။
ျမလည္း မမွာရပါဘဲ ဘာလို႔လာေပးတာပါလိမ့္။
''လုပ္ ဟိုမွာစၿပီးတန္းစီေနၿပီ''
တီခ်ယ္သိမ့္သည္ သူ႕ဆလင္းဘတ္အိတ္ႀကီးကိုေသခ်ာျပင္လြယ္ကာ ဆင္႐ုပ္ကေလးကိုင္ၿပီးဝင္တန္းစီသည္။
ျမသည္လည္း ဘုမသိကိုးမသိျဖင့္ ဆင္႐ုပ္ေလးကိုင္ကာ တန္းစီေနေသာ တီခ်ယ္သိမ့္ေနာက္ကိုဝင္လိုက္သည္။
''ခ်ယ္သိမ့္ ဒါက် ဘာလုပ္မွာလဲဟင္''
''ေၾသာ္....ဒါက် ရွွေသာေၾလာင်းဘုရားက်ိဳဆင်လႉတဲ့အနေနဲ႕ ဘုရားကိုသုံးႀကိမ္သုံးခါပတ္ၿပီးမွ ဆင္႐ုပ္ကိုလႉခဲ့ရမွာ''
''ေၾသာ္.......ဟုတ္''
ျမတို႔လိုပဲ တန္းစီေနသည့္လူတန္းႀကီးသည္ ေစတီႀကီးပတ္လည္မွဘုရားေလးဆူကိုပတ္လည္ဝန္းရံကာ စက္ဝိုင္းသ႑ာန္ တန္းစီေနၾကသည္။
မနက္ေလးနာရီႀကီး ထၿပီးေတာင္ေပၚတက္ရလို႔ နည္းနည္းပင္ပန္းေနေပမဲ့ ေတာင္ထိပ္ေရာက္ေတာ့ လူကအေမာေျပသြားရသည္။
ျမတို႔လိုမနက္အေစာလာၾကသည့္သူေတြမွာလည္း ေတာင္ထိပ္ကရင္ျပင္တစ္ခုလုံး ႀကိတ္ႀကိတ္ကိုတိုးေနခဲ့သည္။
လူႀကီးေပးထားခဲ့ေသာ ဆင္႐ုပ္ေလးကိုၾကည့္ရင္း
ကိုယ့္စိတ္ကူးနဲ႕ကိုယ္ ၾကည္ႏူးေနမိျပန္သည္။
လူႀကီးကိုလွမ္းၾကည့္ေတာ့ ခပ္လွမ္းလွမ္းက ေခါင္းေလာင္းႀကီးနားတြင္ လက္ပိုက္လ်က္ရပ္ေနကာ
ျမတို႔ရွိရာကို လွမ္းၾကည့္ေနသည္။
ျမက ပါးေတြမို႔တက္သည္အထိၿပဳံးျပလို႔ေတာ့ လူႀကီးကမ်က္ႏွာလႊဲသြားသည္။
အံမယ္ သူရွက္ေနတာေနမွာ။
ခဏေနေတာ့ လူတန္းႀကီးသည္ စတင္ေ႐ြ႕လ်ားကာ
ေစတီႀကီးကို လက္ယာရစ္လွည့္ပတ္ေတာ့သည္။
ျမလည္း ပါးစပ္ကေန ဘုရားစာတိုးတိုး႐ြတ္ကာ ေစတီႀကီးကိုလွည့္ပတ္ရင္း လူႀကီးနားေရာက္ေတာ့ မ်က္လႊာေလးပင့္ကာခိုးၾကည့္မိေသးသည္။
လူႀကီးကပါ စိုက္ၾကည့္လာေတာ့
႐ြတ္ေနတဲ့ဘုရားစာေတြ ေရာကုန္သည္အထိ
ရင္ေတြခုန္လာသည္။
ဒီလူႀကီးကေတာ့ေလ ဘယ္ေနရာေရာက္ေရာက္ ျပဳစားေနေတာ့တာပဲ။
ေ႐ႊသာေလ်ာင္းဘုရားဆီမွာ ဆင္လႉၿပီးေတာ့
အေရွ႕ဘက္ ေတာင္တန္းေတြဆီက ေန ထြက္လာတာကို ေနာက္ခံထားရင္း အဖြဲ႕လိုက္ဓာတ္ပုံရိုက္ၾကသည္။
ကေလးေတြကို သူ႕သူငယ္ခ်င္းအုပ္စုလိုက္ ဓာတ္ပုံရိုက္ေပးျဖစ္ေသးသည္။
အခုထိ တစ္ေယာက္တည္းပုံမရိုက္ရေသးတာကေတာ့ ျမပိေတာက္ၾကည္သာေပါ့။
ေနထြက္လာခါစ မနက္ခင္းအလွကိုဓာတ္ပုံရိုက္ရင္း
လက္ေနာက္ပစ္ကာ ရႈခင္းၾကည့္ေနေသာ လူႀကီးကိုျမင္ေတာ့ မသိမသာေလးဓာတ္ပုံခိုးရိုက္လိုက္သည္။
သိပ္ၾကည့္လို႔ေကာင္းတာပဲ ျမရဲ႕လူႀကီးက.....။
ဓာတ္ပုံထဲမွာပါ အထာက်ေနလြန္းေသာ လူႀကီးကိုသေဘာက်စြာတစ္ဝႀကီးၾကည့္ေနၿပီးမွ ခ်ယ္သိမ့္တို႔ရွိရာဘက္ဆီျပန္သြားလိုက္သည္။
''တစ္စုံတစ္ယာက္ရဲ႕ဖုန္းထဲက ေတာင္တန္းေတြကိုေငးရင္း ၿပဳံးေနခဲ့တဲ့ ျမပိေတာက္ၾကည္သာရဲ႕ဓာတ္ပုံေလးဟာလည္း သိပ္လွပေနခဲ့တယ္ဆိုတာကိုေတာ့
ျမပိေတာက္ၾကည္သာတစ္ေယာက္ မသိခဲ့ပါဘူး....။
......................🌸💙....................
18.3.2023
Saturday
ဖတ္ရႈေပးတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႕
vote & comments ေပးၾကတဲ့ ကေလးတစ္ေယာက္ခ်င္းစီကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္...😗💙။
ႀကိဳက္ႏွစ္သက္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္💙 ။