"အငြိုးတွေသာပြယ်စေသား"(Comple...
By ShinThantMinMin8
941K 31.2K 2.3K
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာ... More
intro 🔥🔺
အပိုင်း(2)🌪️
အပိုင်း(3)🌪️
အပိုင်း(4)🌪️‼️
အပိုင်း(5)🌪️‼️
အပိုင်း(6)🌪️
အပိုင်း (7) 🌪️‼️
အပိုင်း(8)🌪️
အပိုင်း(9)🌪️‼️
အပိုင်း (10)
အပိုင်း(11)
အပိုင်း(12)
အပိုင်း (13)
အပိုင်း (14)‼️
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)‼️
အပိုင်း (19)
အပိုင်း(20)‼️
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)‼️
အပိုင်း(24)
အပိုင်း(25)‼️
အပိုင်း(26)
အပိုင်း(27)
အပိုင်း(28)
အပိုင်း (29)
အပိုင်း(30)‼️
အပိုင်း(31)
အပိုင်း(32)‼️
အပိုင်း(33)
အပိုင်း(34)
အပိုင်း(36) end
Extra (1)🔺
bl
အပိုင်း(1)🌪️
40.7K 1.2K 29
By ShinThantMinMin8
ဓန လိုက်ကာ ကိုဆွဲဖွင့်လိုက်တော့ နေရဲ့အလင်းက ကောင်လေးရဲ့မျက်နှာပေါ်ကိုစူးသွားသည်။ကောင်လေး မျက်မှောင်ကိုကျုတ်လိုက်ပြီး တစ်ချက်ညည်းကာစောင်ခေါင်းမြီးခြုံပြန်လှည့်အိပ်သွားသည်။
ဓန ကောင်လေးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
"ဟက်ဒါမျိုးလာလုပ်လို့ရမလားကွ!"
"ဟျောင့်!!သက်ပိုင် ထစမ်းဟျောင့်!"
"ဟင်.....အင်းဟင်း"
သက်ပိုင်ခေါင်းထောင်ကြည့်လိုက်ပေ့မယ့်လူကမိုက်ကနဲမို့တစ်ချက်ညည်းကာပြန်အိပ်ပျော်ပြန်သည်။
"ဟာဒီကောင်ငါ့ကိုလာစမ်းနေတာလား"
"ဟျောင့်!!"
ဓန စိတ်မရှည်တော့သဖြင့် စောင်ကိုဆွဲလှန်လိုက်တော့ ကောင်လေးလန့်ဖြန့်ကာစောင်ကိုအတင်းလိုက်ဆွဲယူနေသည်။ လူကထဲ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေသည်မို့ ဓန ရယ်ချင်စိတ်ကိုထိန်းနေရသည်။
"အ့!!နာလိုက်တာဗျာကျွတ်ကျွတ် ကိုကိုဘာလုပ်တာလဲဗျာ ခဏအိပ်ဦးမယ်။စောင်ပြန်ပေးဗျာ....တစ်ကယ်ခဏပဲ ကိုယ်တွေလဲအရမ်းနာနေလို့"
"အဲ့ဒါကမင်းသမိုင်း အေးငါ့သမိုင်းဆက်ပြောမယ်။ ငါအခုမနက်စာစားမယ်ထပြင်ပေး။ ရှစ်နာရီခွဲအပြီးနော်ငါရေချိုးခန်းထဲကထွက်လာလို့မပြီးသေးရင်ငါနဲ့တွေ့မယ် ငါပြောတာကြားလား!!!"
အိမ်မှာအိမ်အကူမထား။ နှစ်တွေများစွာသိတတ်စထဲကအိမ်မူကိစ္စတွေအကုန် သက်ပိုင် တစ်ယောက်ထဲသာလုပ်ခဲ့ရသည်။အဖော်လဲမရှိ။ ကြီးကြီးဆွေကလဲ သက်ပိုင်ဆက်မတွေးချင်တော့ပါ။
ဘထွန်းကလဲကိုကိုရောက်ထဲကခြံဝရှိအဆောင်လေးမှာပဲနေပြီထမင်းစားချိန်ကလွဲလို့အိမ်ဘက်ကိုမလာ။  အိမ်နဲ့ခြံဝနဲ့ကအနည်းဆုံး
ခုနှစ်မိနှစ်ခန့်လျှောက်ရသည်ထိကျယ်၀န်းသည်။
အရင်ကတစ်ယောက်ထဲနေခဲ့ပေ့မယ့်ကိုကို ပြန်ရောက်တဲ့နေ့ထဲကကိုကိုရဲ့ဝေယျာဝစ္စအကုန် သက်ပိုင် တစ်ယောက်ထဲတာဝန်ယူရသည်။ ကိုကို ပြန်ရောက်လာထဲကသူ့ကိုအခုချိန်ထိစကားအကောင်းတစ်ခွန်းမှမပြော။
  မေမေဆုံးပြီးထဲကဖြစ်မယ်ထင် ကိုကိုအများကြီးပြောင်းလဲသွားခဲ့သည်။ကိုကိုက အမြဲတမ်းသူ့ ကိုခါးခါးသီးကြည့်သည်။နာနာကျင်ကျင်လှောင်ပြုံး ပြုံးသည်။ ကိုကိုကအသက်နဲ့မလိုက်အောင်ရုန်းကန်ခဲ့ရသည်မှာ  သူကြောင့်တဲ့။ သူ့ကြောင့်အကုန်အဲ့လိုဖြစ်ရတာတဲ့။
"ကျွန်တော်လဲ ဘယ်ဖြစ်စေချင်ပါ့မလဲကိုကိုရယ်...."
သက်ပိုင်တစ်ချက်ရိူက်လိုက်ကာအတွေးများကိုလက်စဖျက်ပြီးမနက်စာထပြင်ပေးရတော့သည်။လူကမနည်းအားတင်းကာထရသည်။ လှုပ်လိုက်တိုင်းနာသည့်ခန္ဓာကိုယ်က သေမတတ်ပင်။
မီးဖိုးသို့အမြန်ဝင်ကာ ကိုကို သိပ်ကြိုက်သည့် ကြက်ဥထမင်းကြော် ကြော်လိုက်ပြီးကြက်သွန်ချဥ်လေးနဲ့လုပ်ပေးကာကော်ဖီတစ်ခွက်ဖျော်၍ အုပ်စောင်းအုပ်ထားပေးလိုက်သည်။
သက်ပိုင် မီးဖိုးထဲကထွက်လာတော့လူကအရမ်းနူံးနေပြီ။ ဒီနေ့ကျောင်းသွားနိုင်မည့်ပုံလဲမပေါ်တော့ပါ။ သက်ပိုင်အခုengineer ဒုတိယနှစ်တတ်နေသည်။
မနေ့ကချစ်ရတဲ့သူငယ်ချင်းဝတ်ရည်နဲသူဇာမြင့်ကိုခေါ်ကာကျောင်းကအပြန်မုန့်ဝင်စားတော့သူရတို့ကအတင်းလိုက်လာကြသည်။
ဝင်စားတော့ငြင်းလို့ကလဲမကောင်းတာမို့ဘာမပြောပဲငြိမ်ငြိမ်လေးထိုင်နေခဲ့ပေ့မယ့် ကိုကို ကဘယ်ကပြန်လာမှန်းမသိမြင်ဖြစ်အောင် မြင်သွားသည်။ သူအိမ်အရောက် ကိုကိုက ဒေါသထွက်နေကာအခုလိုအဖြစ်တွေဖြစ်သွားခဲ့ရဖြစ်သည်။
သက်ပိုင် သိပါသည်။ ကိုကိုက
သက်ပိုင်လက်ထပ်ရမည့်သူ သက်ပိုင်ဘဝမှာ ကိုကို ကလွဲဲပီးမည်သူမျှပတ်သတ်ခွင့်မရှိဘူးဆိုတာလဲသိသည်။သူ့မှာသူငယ်ချင်းဆိုလို့သူဇာနဲ့ဝတ်ရည်သာရှိသည်။
ကိုကိုကသူ့ကိုစကားသာတစ်လုံးမှမပြောတာအမြဲစောင့်ကြည့်နေတာမျိုးဖြစ်သည်။ဒီဘဝကြီးကိုစိတ်ကုန်နေပြီဖြစ်သော်လဲဘာအထွန့်တတ်ပိုင်ခွင့် သက်ပိုင် မှာမရှိခဲ့ပါ။
'ဘာတွေများငါဘက်ကမှားခဲ့လိုအခုလိုဒဏ်ခတ်ရတာလဲလောကကြီးရယ်'
သူအတွေးများနှင့်ထွက်လာတော့ ကိုကိုနဲ့တန်းတိုးသည်။
"ဟိုကောင်"
"ဗျာ"
"မင်းဒီနေ့ကျောင်းသွားမှာလား"
"ဟင်အင့်....မသွားဘူး ကိုကို
သား ဖျားချင်နေလို့ "
ဖျားနေတယ်ကြာတော့ ဓန မျက်လုံးတို့ အရောင်တစ်မျိုးပြောင်းသွားသည်။ ချက်ချင်း မျက်နှာကိုပြန်ပြင်လိုက်ကာ
"ကျစ် !!ဇယားကိုရူပ်နေတာပဲ။
ငါဒီနေ့ အရေးကြီးတဲ့အစည်းဝေးရှိတယ်။ တေဇ ကိုပဲဆေးလာ ပို့ခိုင်းလိုက်မယ် ။ ထွက်မယူနဲ့သူ၀င်ပေးလိမ့်မယ်။ သွားတော့!! ကြည့်ရတာ စောစောစီးစီးစိတ်အနှောင့်ယှက် ဖြစ်တယ်"
သက်ပိုင် ကျအံ့ဆဲဆဲ မျက်ရည်တွေကိုထိန်းကာ ခေါင်းလေးငုံပြီးထွက်လာခဲ့လိုက်တော့သည်။ကိုကို စကားတွေအတွက် ရင်ထဲကနာပေ့မယ့် ဘာစကားမှ ပြောချင်စိတ်သူမှာမရှိ။
------------------------------------
BHONE (Group)
ဓနဘုန်းအောင်(ceo)
မင်းတေဇ(အတွင်းရေးမှူး)
Ceoဝင်လာတယ်ဆိုတာနဲ့ဝန်ထမ်းတွေအကုန်မတ်တပ်ရပ်၍ပြိုင်တူဦးညွှတ်ကာမနက်ခင်းကိုနူတ်ဆက်လိုက်ကြသည်။ သူတို့ Ceo ရဲ့ရုပ်ရည်ဟာ အမြဲလိုလိုတည်ကြည်ခက်ထန်နေပြီ အရှိန်အ၀ါတစ်ခုကိုရစေသည်။
Suit အပြည့်ကို သပ်ရပ်စွာအမြဲ၀တ်ဆင်တတ်သည်က သူရဲ့ရုပ်ရည်ပို ပို၍ ခန့်ညားစေသည်။ သူငယ်ချင်းနှစ်ယောက်လုံး ကြည့်ကောင်းလွန်းတာမို့ရုံးထဲကောင်မလေးများရဲ့ စိတ်ကူးထဲကမင်းသားလေးများဖြစ်ကြသည်။
ဓနအားလုံးကိုတစ်ချက်ပြုံးပြကာ မျက်နှာကိုချက်ချင်းပြန်တည်၍ရုံးခန်းအတွင်းသို့ဝင်လာခဲ့သည်။
အရေးကြီးအစည်းဝေးတတ်၊
လုပ်စရာရှိသာများဆက်လုပ်
နေသော်လဲ ဟိုကောင်လေးရဲ့ပုံရိပ်တွေကစိတ်ထဲမကြာခဏဆိုသလိုပေါ်ပေါ်လာသည်။
"ဟက်!!!"
ဓန နားထင်ကိုဘောပင်နဲ့ထောက်ကာတစ်ချက်ရယ်လိုက်သည်။
"မင်းကဘယ်ဆိုးလို့လဲကောင်း
သားပဲ"
ဓန ညကအဖြစ်ပျက်တွေအား
တွေးနေရင်းပင် ထပ်၍ထိတွေ့ချင်လာ​သည်။ စိတ်ထဲမရိုးမယွဖြစ်လာတာမို့လူကနေရခက်လာသည်။ ဓန အာရုံကို မနည်းပြန်ပြောင်းလိုက်ရသည်။ပထမဆုံးအထိတွေ့တင်မင်းကအဲ့လောက်ထိသာယာစရာကောင်းသလား။
' သက်မင်းပိုင် ..မုန်းတယ် ဟုတ်တယ်မင်းကိုသိပ်မုန်းတယ်။ မင်းကြောင့်မင်းအမေကြောင့် ငါ့မေမေ ငါဘဝ ငါပျှော်ရွှင်မူ့တွေ အကုန်ပြောက်ဆုံးခဲ့ရတာ။  ငါနဲ့ငါမေမေ မင်းတို့အပေါ်ကောင်းခဲ့ပါရက်နဲ့ရက်စက်ကြတယ်။ကံကြမ္မာရောဖေဖေရောလူမဆန်စွာသိပ်ရက်စက်ခဲ့ကြတယ်။အပြစ်မရှိတဲ့ငါရဲ့မေမေ ၊ သဘောထားပြည့်ဝလွန်းတဲ့ငါရဲ့မေမေ၊ ငါရဲ့သိပ်လှသည့်မေမေ ကမင်းတိုကြောင့်ဆုံးသွားခဲ့ရတာ  '
ဓနဘုန်းအောင် တွေးရင်ဒေါသတို့အလိပ်လိုက်ထွက်လာသည်။
"တောက်!! "
ဓန စိတ်မထိန်းနိုင်ကာ ဘေးကပန်းအိုးကိုနံရံသို့ပစ်ပေါက်ရိုက်ခွဲ ပြစ်လိုက်သည်။
"ခွမ်း!!"
အသံကြားတော့ တေဇပြေးဝင်လာကာ
"ဓန!! မင်းဘာဖြစ်လို့လဲ ဘာဖြစ်လာတာလ ဓန"
"ရတယ် ငါဘာမဖြစ်ဘူး တေဇ ငါစိတ်နဲနဲလွတ်သွားလို့ "
ထိုအခါမှတေဇသက်ပြင်းချလိုက်ကာ
"မင်းကတော့ဖြစ်ရမယ်
နေ့လည်စာ စားတော့မလား ဓန ငါပြင်ထားခိုင်းလိုက်မယ်"
တေဇ နေ့လည်စာ ဆိုမှ ကောင်လေးကို သတိရသွားပြန်သည်
*ဟိုကောင်လေး အစာရောစားရဲ့လားမသိဘူး။ ဟာ သူဟာသူစားစား မစားမစားပေါ့ fuck ငါဘာတွေတွေးနေတာလဲ*
"ငါမဆာသေးဘူးကွာမင်းစားနှင့်လိုက်တေဇ ငါလက်ကျန်စာရင်းတွေဖြတ်လိုက်ဦးမယ်"
"ဟျောင့်....အလုပ်ကသေရင်ကိုယ်နောက်မပါဘူးအစားလဲဂရုစိုက်စားဦး ။ သေရင်ငါမင်းကလေးကိုမစောင်ရှောက်နိုင်ဘူး"
"လိ့ကိုငါ့ကလေး"
"အေးလေ လိ့ကိုမင်းကလေးပဲလေ"
"ငါxိုးမသား တော်..တော်..ဟျောင့်သွားမှာသွားစား"
"ဟားဟားဟား!!"
တေဇ အော်ရယ်ကာထွက်သွားသည်။ တေဇနဲ့သူကငယ်ပေါင်းတွေပြောမနာဆိုမနာ။ တေဇကသာ မေမေမရှိတော့သည့်နောက်သူအပေါ်အရာရာနားလည်ပေးနိုင်ဆုံးနဲ့အစ်ကိုလိုသူငယ်ချင်းလို့ပေါင်းရသည့်သူ့အချစ်ဆုံးမိသားစုဝင်။
"ဟက်!!မိသားစုဝင်ဆိုမှဟိုစောက်ကလေး ကိုဒီညပညာထပ်ပြရဦးမယ်"
ကိုယ်အတွေးနဲ့ကိုဓန ကျေနပ်စွာ
ပြုံးလိုက်မိသည်။
ဓန ဖေဖေနဲ့ကောင်လေးကိုသိပ်မုန်းမိသည်။နားလဲကြည်းသည် ​။ဖေဖေ ဟာသိပ်ကိုအတ္တကြီးခဲ့တယ်။ တစ်ကိုယ်ကောင်းဆန်တယ်။
သူဘက်ကိုနဲနဲမှလှည့်မကြည့်သေ သွားသည်တိုင်အောင် သူအတွက်တစ်စက် ကလေးမှငဲ့မကြည့်ခဲ့ပါ။  အတိတ်တွေကိုသာပြန်တွေးကြည့်လိုက်ရင် နာစရာတွေမို့ ဓန အံကိုတင်းနေအောင် ကြိတ်လိုက်သည်။
Ah Shin 💛
Zawgyi
----------------------------------------------
"ဟင်.....အင်းဟင်း"
"ဟျောင့်!!"
သက်ပိုင် သိပါသည်။ ကိုကိုက
"ဟိုကောင်"
"ဗျာ"
သား ဖျားချင်နေလို့ "
------------------------------------
BHONE (Group)
ဓနဘုန်းအောင်(ceo)
အရေးကြီးအစည်းဝေးတတ်၊
"ဟက်!!!"
သားပဲ"
ဓန ညကအဖြစ်ပျက်တွေအား
"တောက်!! "
"ခွမ်း!!"
"မင်းကတော့ဖြစ်ရမယ်
"လိ့ကိုငါ့ကလေး"
"ဟားဟားဟား!!"
ပြုံးလိုက်မိသည်။
Ah Shin 💛
Zawgyi
----------------------------------------------
Continue Reading
You'll Also Like
446K 23.3K 51
1.2M 91.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
144K 18.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ