Unicode
ရှောင်းကျန့်လည်း ရိရှောင်းလေးနဲ့အတူ ကုတင်ပေါ်တွင် ခြေကားယားလက်ကားယား အိပ်ပျော်သွားသည် ။ ညကျ ကားဟွန်းသံကြားတာကြောင့် ရှောင်းကျန့်လည်း တစ်ရေးနိုးလာသည်။ ပြတင်းပေါက်ထွက်ကြည့်တော့ လူအိုတစ်ယောက်က အိတ်ဝိုင်းဆွဲပေးနေသည် ။ ရှောင်းကျန့်လည်း မြို့စား၀မ်မှန်း တန်းသိတာကြောင့် အောက်ထပ် ဆင်းလာလိုက်သည် ။
“ဟောဟဲ မောတာ ကျွန်းလှေကားကြီးတွေကလည်း ရှည်လိုက်တာ”
ရှောင်းကျန့်လည်း ဧည့်ခန်းနားရောက်တော့ လူတစ်ယောက်က ထိုင်နေပြီး ရိရှောင်းလေးကို ပေါင်ပေါ် တင်ထားသည် ။ အယ့်လယ့် သေချာကြည့်ရင် ဟိုပန်းချီကားချပ်ထဲက မြို့စား၀မ် ဆိုတဲ့သူပဲ ။ ရှောင်းကျန့်လည်း စကားပြောရန် ကြံလိုက်သည် ။
“မောင် ! အု”
ရှောင်းကျန့်လည်း သူပါးစပ် လက်နဲ့ ပြန်ပိတ်လိုက်တယ် ။ ရုတ်တရက် သူနှုတ်ကနေ မောင် လို့ ထွက်သွားရလား ! ။ ရှေ့က လူက တစ်ချက်ကြည့်ပြီး ရိရှောင်းကို ကွတ်ကီးတွေ ပြန်ကျွေးနေသည်။ ခနနေကျ အသံအေးအေးနဲ့
“ရှောင်းကျန့် ရိရှောင်းကို ထပ်ပြီး အလုပ်တွေ ခိုင်းပြန်တာလား”
“အမ်..ကျွန်တော်က ..”
“မြို့စားကတော်က သားကိုခိုင်းပါဝူး”
ရိရှောင်းက အဲ့လူပေါင်ပေါ်ကနေ ဆင်းပြီး ရှောင်းကျန့်နားကို သွားတယ် ။ ရှောင်းကျန့်လည်း အလိုက်သင့် ချီလိုက်တယ် ။
“အင်း”
အဲ့လူက အပေါ်ထပ်ကို တက္မယ်လုပ်တော့ ရှောင်းကျန့်လည်း ရိရှောင်းကို ချပြီး သူနောက် လိုက်သွားလိုက်တယ် ။
“ဟို...ခန !!”
အဲ့လူက မျက်မှောင်ကုတ်ကြည့်ပြီး
“ဟိုလေ..အမ်... goodnightပါ..ဟီး”
အဲ့လူက ခေါင်းခါပြီး ရှောင်းကျန့်ရဲ့ဆန့်ကျင့်ဘက် မျက်နှာချင်းဆိုင် အခန်းထဲ ၀င်သွားတယ် ။ ရှောင်းကျန့်လည်း အချေခံလိုက်ရသလို့ ခံစားလိုက်ရတယ် ။
“အမယ် သူက ချေရတယ်ရှိသေး အံဩပ့ ဟွန့်”
ရှောင်းကျန့်လည်း အောက်ထပ်ပြန်ဆင်းပြေးရပြီး ရိရှောင်းလေးကို သွားခေါ်ရပြန်သည် ။ အောက်ထပ်ရောက်တော့ ရိရှောင်းက ထုံးစံအတိုင်း မီးလင်းဖိုဘေးနားမှာ အိပ်ဖို့ပြင်နေသည် ။ ရှောင်းကျန့်တောင် သနားသွားရသည် ။ အရင်ရှောင်းကျန့်ကိုလည်း ကျိန်ဆဲလိုက်သည်။
“ရိရှောင်း အဲ့နားမအိပ်နဲ့တော့ ဦးဦးနဲ့လာအိပ်”
“တကယ်လား ဦးဦး !”
“အင်း”
ရှောင်းကျန့်က ဒူးထောက်ပြီး လက်ဆန့်ပေးလိုက်တော့ ရိရှောင်းလေးက ပြေးလာသည်။
“အင့် သားက ချစ်စရာလေး”
“ဟီးဟီး”
ရှောင်းကျန့်လည်း ရိရှောင်းကို ချီပြီး အပေါ်ထပ် တက်ရပြန်သည်။ ဒီလောက်ကြီးတဲ့ အိမ်တော်ကို ဓာတ်လှေကားလည်း တပ်ခိုင်းရမယ်လို့ ရှောင်းကျန့် တွေးလိုက်သည် ။ အခန်းထဲမရောက်ခင် ရိရှောင်းလေးက ရှောင်းကျန့် ပခုံးမှာတင် အိပ်ပျော်သွားသည် ။
“ ချစ်စရာလေး ငါသားအဖြစ် မွေးစားမယ်”
ရှောင်းကျန့်လည်း ရိရှောင်းဘေးနား ၀င်အိပ်လိုက်သည် ။ ရိရှောင်းက အိပ်ရေးဆော့တော့ ရှောင်းကျန့်ကို ခြေထောက်နဲ့ လာကန်သည်။ ရှောင်းကျန့်လည်း ရင်ခွင်ထဲ ထည့်လိုက်ပြီး ကျောကို ပုတ်ပေးကာ သိပ်လိုက်သည်။
“ကျွတ် ကျွတ် ဦးဦးရှိတယ်နော်”
“အင်း..ဟင်းး”
ရိရှောင်းက ရှောင်းကျန့်ရင်ခွင်ထဲ တိုး၀င်ကာ ပြန်အိပ်သွားသည်။ ရှောင်းကျန့်လည်း မျက်လုံးတွေ မှိတ်လိုက်ပြီး အိပ်စက်ခြင်းဆီသို့ ။
\\\\\\\\\
မနက်ရောက်တော့ နေရောင်က ရှောင်းကျန့်မျက်နှာကို လာထိုးတာကြောင့် ရှောင်းကျန့်လည်း နိုးလာသည်။ အရင်ရှောင်းကျန့်ဆိုရင် *ရာရာစစ ငါမျက်နှာကို လာထိုးရလား* ဆိုပြီး နေနတ်မင်းကို ရန်ထောင်နေမှာ အသေအချာ ။ ဒီတစ်ခါလည်း ဘေးနားမှာ ရိရှောင်းလေးက မရှိတော့ ။ ရှောင်းကျန့်လည်း ရေချိုးပြီး လုပ်စရာ ရှိတာ လုပ်ကာ အောက်ထပ် ဆင်းလာသည် ။ (နင်တို့တော့ မသိဘူး ရှောင်းကျန့်အစား ငါမောနေပြီ)
ထမင်းစားခန်းထဲရောက်တော့ မြို့စား၀မ်က မနက်စာ စားနေသည် ။ ရှောင်းကျန့်လည်း ၀င်ထိုင်လိုက်သည် ။ အစေခံနှစ်ယောက်ရယ် ရှောင်းကျန့်နဲ့မြို့စား၀မ်ပဲရှိတာကြောင့် ထမင်းစားခန်းက တိတ်ဆိတ်နေသည် ။ ရှောင်းကျန့်ပဲ ချောင်းဟမ့်ပြီး စကားစလိုက်သည် ။
“မင်္ဂလာမနက်ခင်းပါ မြို့စား၀မ် ဟဲဟဲ”
“.....”
“ဟို စားမယ်နော်”
သူပန်းကန်ပြားထဲမှာ အရွက်စုံသုပ်ရှိပြီး မြို့စား၀မ်ကတော့ လက်ဖက်ရည်တစ်ခွက်နဲ့ယိုသုပ်ထားတဲ့ပေါင်မုန့်ပဲ ရှိသည်။ ရှောင်းကျန့်လည်း ဟိုကြည့် ဒီကြည့် လုပ်ပြီး ပန်းကန်သုတ်နေတဲ့ အစေခံနှစ်ယောက်ကို မေးလိုက်သည် ။
“ရိရှောင်းလေးရောဟင်”
“မနက်တိုင်းလုပ်နေကြ တံမျက်စည်း လှဲနေပါတယ်”
ရှောင်းကျန့်က မျက်လုံးပြူးသွားပြီး
“ဘာ !! အဲ့ဒါ အစေခံတွေရဲ့အလုပ်လေ ဘာလို့ ကလေးကို ခိုင်းနေတာလဲ သွားခေါ်ချည် ”
“ဟုတ်”
အစေခံနှစ်ယောက်လုံး ထွက်သွားတော့ ရှောင်းကျန့်နဲ့မြို့စား၀မ်ပဲ ကျန်နေခဲ့သည် ။ မြို့စား၀မ်က
“ဘာတွေ ထပ်ကြံနေတာလဲ”
“ဟမ် ဘာမှမကြံပါဘူး အားအားယားယား”
“.....”
“ကျုပ်သိပါတယ် ကလေးအေပါ်ကို နှိပ်စက်မိတာမှန်း အဲ့ဒါကြောင့် ပြောင်းလဲကြည့်နေတာ”
“ငါမင်းကို သဘောကျလာမှာမဟုတ်ဘူးနော်”
“အားအားယားယား ကျွန်တော်လည်း မျှော်လင့်မနေဘူး”
“မှတ်မိတယ်မလား ငါတို့ ကတိပေးထားတယ်နော်”
ရှောင်းကျန့်ရဲ့ ဒိုင်ယာရီအရ သူတို့က သုံးလစာချုပ်နဲ့ စာချုပ်ပြည့်သွားရင် ရှောင်းကျန့်က ဒီအိမ်တော်ကနေ ထွက်သွားရမယ် ။
“အင်း မှတ်မိတယ်”
“......”
“အယ့် ရိရှောင်း လာပြီ လာ ဦးဆီ”
“ဟုတ်”
ရိရှောင်းက ရှောင်းကျန့်ပေါင်ပေါ်တက်ထိုင်ဖို့လုပ်တယ် ။ ရှောင်းကျန့်လည်း ချီလိုက်ပြီး ပေါင်ပေါ် တင်ပေးလိုက်တယ်။ ရိရှောင်းက အခုမှ မြို့စား၀မ်ကို တွေ့သွားတော့ မဝံမရဲလေးကြည့်ပြီး
“ဖေဖေ မင်္ဂလာမနက်ခင်းပါ”
“အင်း”
ရှောင်းကျန့်လည်း ရိရှောင်းလေးကို သူပန်းကန်ထဲက အရွက်သုပ်တွေကို ခွံကျွေးလိုက်တယ်။ သူ ရိရှောင်းလေးကိုလည်း ချစ်ပါတယ် ။ ဒါပေမယ့် စာချုပ်ပြည့်ရင် ရိရှောင်းကို ထားပြီး ဒီက ထွက်သွားရမှာပဲလေ ။
>>>>>>>>>>>>>>>
“ဟွန့် မောင်နဲ့ပဲ နေမှာလို့ အူးဝါးး မောင်ရောလို့ !!”
ရှောင်းကျန့်က ဆေးရုံက ဆင်းကတည်းက ၀မ်ရိပေါ်အနားပဲ ကပ်သည် ။ တမောင်မောင်နဲ့ ဘေးက မင်ရန်နဲ့ရီလျှမ်းတောင် စောက်မြင်ကတ်နေကြသည် ။ အခု၀မ်ရိပေါ်က ခွဲစိတ်ခန်းတစ်ခု ၀င်နေတာကြောင့် မအား ။ ရီလျှန်းက
“ကျစ် ရှောင်းကျန့် အတိတ်မေ့ချင်ယောင်ဆောင်နေတာမလား”
မင်ရန်ကလည်း
“ဟုတ်တယ် ရှောင်းကျန့် ငါမှားပါတယ်ကွာ”
“ဘာတွေပြောနေတာလဲလို့ မောင်နဲ့ပဲ တွေ့ချင်တာပါဆို ဟင့်”
ရှောင်းကျန့်က ကြမ်းပြင်ကို ေြခထောက်နဲ့ ဆောင့်ပြီး အော်ငိုသည် ။ အခုဟာက ကလေးပေါက်စလို့မျိုး ။ရှောင်းကျန့် ဒီဘက်ကြီးကို နေသားမကျသေး ။ သူအနောက်တိုင်းကို သူပါးနဲ့ တစ်ခါသွားဖူးတယ် ။ ဒါပေမယ့် ဒီလို့ စက်ပစ္စည်းကြီးတွေ တစ်ခါမှ မမြင်ဖူး ။ ကားဆိုလည်း ကြီးမှအကြီးကြီးတွေ ။ အ၀တ်အစားတွေက အသစ်အဆန်းတွေ ။ တစ်ချို့မိန်းကလေးတွေဆိုရင် အေပါ်ပိုင်းတွေ ပေါ်တော့မလိုတွေ အီးး ။ အခုလည်း မောင်က ခွဲစိတ်ခန်း ၀င်နေတယ်ဆိုလို့ သူစောင့်နေတာ မနက်ကတည်းက ခုနေ့လည်တောင်ရောက်နေပြီ ။
“ဘာဖြစ်နေတာလဲ ခွဲစိတ်ခန်းရှေ့မှာ !”
မောင်က ထွက်လာပြီး မျက်မှောင်ကြီးကုတ်ပြီး ပြောတော့ ရှောင်းကျန့်တောင် လန့်သွားရသည် ။ မောင်က အရင်လို့ ပြန်ဖြစ်သွားတာလားಠ◡ಠ ။
“ဟင့် မောင်ထွက်လာပြီး ကျန့်ကျန့် ဒီမှာ မနေချင်တော့ဘူး အိမ်တော်ကို ပြန်ကြစို့လေ”
“ဟမ်”
“မြို့စား၀မ်အိမ်တော်လေ”
“.......”
မင်ရန်က ကြားထဲကနေ ၀င်ဆွဲပြီး
“ဟို တောင်းပန်ပါတယ် ရှောင်းကျန့် မင်းမား စောင့်နေလိမ့်မယ် အိမ်ပြန်ကြမယ်”
ရီလျှန်းကလည်း
“ဟုတ်တယ် သွားမယ်လေ”
“ဟင့်အင်း မသွားဘူး ကျုပ်မှာ အမေမရှိဘူးလို့ !!”
မင်ရန်နဲ့ရီလျှန်းက ရှောင်းကျန့်ကို တစ်ဖက်ချင်းစီ ဆွဲပြီး ခေါ်သွားကြမလိုလုပ်တော့ ၀မ်ရိပေါ်က တားလိုက်ပြီး
“ရတယ် ပြီးရင် ငါလိုက်ပို့ပေးလိုက်မယ်”
“ဒါပေမယ့် !”
“ကျွတ် ! မောင်ပြောနေတာမကြားဘူးလား ပြီးရင် သူလိုက်ပို့မယ်တဲ့ သွား ခင်ဗျားတို့ ထွက်သွားတော့ ”
ရှောင်းကျန့် နှင်ထုတ်လိုက်ပြီး ၀မ်ရိပေါ်လက်ကို တွဲထားလိုက်တယ် ။ မင်ရန်လည်း မျက်နှာပျက်သွားသည်။ ရီလျှန်းက ဆွဲခေါ်သွားသည်။
“တောက်စ် သူက ဘာကောင်မလို့လဲ !!”
မင်ရန်က တောက်စ်ခေါက်လိုက်တော့ ရီလျှန်းက
“ကိုကလည်း စိတ်လျှော့ပါ !”
မင်ရန်နဲ့ရီလျှန်းလည်း ထွက်သွားကြသည်။
“မောင် ကျန့်ကျန့်တို့ မပြန်သေးဝူးလားဟင်”
“အင်း ပြန်..ပြန်ကြတာပေါ့ အဟမ်းး”
၀မ်ရိပေါ်က Taxi ငှားပြီး ရှောင်းကျန့်ကို သူတိုက်ခေါ်လာလိုက်သည် ။ ရှောင်းကျန့်က တွန့်သွားပြီး
“ဟင် မောင် ကျန့်ကျန့်ကို ဘယ်ခေါ်လာတာလဲ”
“အိမ်လေ”
“ဟင် အိမ်ကြီးက စုတ်ပြတ်သတ်နေတာပဲ”
“......”
“အော် သိပြီ ကျန့်ကျန့်တို့က ပုန်းရမှာဆိုတော့ လောလောဆယ် ဒီလိုနေရမှာပေါ့ ”
“အမ်..အင်း”
ရှောင်းကျန့်က ကော့တော့ကော့တော့နဲ့ တိုက်ထဲ၀င်သွားသည် ။ ၀မ်ရိပေါ်ကတော့ သက်ပျင်းသာ ချလိုက်သည် ။ ဒီကလေးကို သူအိမ်ခေါ်လာတာ မှားပြီဆိုတာ သေချာတယ် ။
>>>>>>>>>
နားလည်လားဟင် သာသာကတော့ ရှုပ်နေပြီ 🙂
Zawgyi
“မောင် ! အု”
“အမ်..ကျွန်တော်က ..”
“အင်း”
“ဟို...ခန !!”
“တကယ်လား ဦးဦး !”
“အင်း”
“အင့် သားက ချစ်စရာလေး”
“ဟီးဟီး”
“အင်း..ဟင်းး”
\\\\\\\\\
“.....”
“ဟို စားမယ်နော်”
“ရိရှောင်းလေးရောဟင်”
“ဟုတ်”
“ဘာတွေ ထပ်ကြံနေတာလဲ”
“.....”
“ကျုပ်သိပါတယ် ကလေးအပေါ်ကို နှိပ်စက်မိတာမှန်း အဲ့ဒါကြောင့် ပြောင်းလဲကြည့်နေတာ”
“အင်း မှတ်မိတယ်”
“......”
“ဟုတ်”
“အင်း”
>>>>>>>>>>>>>>>
မင်ရန်ကလည်း
“ဟမ်”
“.......”
ရီလျှန်းကလည်း
“ဟုတ်တယ် သွားမယ်လေ”
“ဒါပေမယ့် !”
“အိမ်လေ”
“......”
“အမ်..အင်း”
>>>>>>>>>