Colors of the Wind [EXO Fanfi...
De HuangnamiKim
5.4K 473 25
လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လ... Mais
အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32 - Final
Q & A + Extra
Sehun's Diary - A
Sehun's Diary - B
Sehun's Diary - C
Sehun's Diary - D
Sehun's Diary Part II
Author Note
Extra : Aurora Borealis
23
43 7 1
De HuangnamiKim
"Luhan ကျွန်တော် ဓာတ်ပုံပြပွဲကလာပြီး အဲဒီကိုပြန်သွားရမှာလို့ တခါမှမပြောပြခဲ့ဘူး ထင်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို နောက် ယောင်ခံ လိုက်ခိုင်းထားတာတော့မဟုတ်ပါဘူးနော်"
Oh Sehun ရဲ့မျက်နှာက နီရဲခက်ထန်နေပြီး အကြည့်တွေက စူးရှ နေသည်။ စကားမှားမိသွားသည့်အတွက် Luhan သည်နေရာမှပင် အငွေ့ပျံသွားချင်သည်။ သူဟာ ဘာဖြစ်လို့ ပြဿနာ တစ်ခုကိုတောင် ဖြေရှင်းနိုင်စွမ်း မရှိရတာလဲ။
"ကျွန်တော် မေးနေတယ်လေ"
Hun က သူ့ကိုစိုက်ကြည့်ရင်း ပုခုံးနှစ်ဖက်ကိုလက်နဲ့ကိုင်ကာ မေးနေ၏။ သူ Sehun ကိုရင်မဆိုင်ရဲ တော့တာ ကြောင့် ခေါင်းကို ငုံ့ထားလိုက်ရင်း မျက်ရည်ဝဲလာတာကို ကြိုးစား ထိန်းနေမိသည်။ *မင်းကိုယ့်ကိုစိတ်ဆိုးတော့မှာပေါ့ Hun*
"ခင်ဗျားဗျာ..."
Sehun ဟာ အသက်ကိုပြင်းပြင်းရှူရင်း သူ့ကိုလွှတ်လိုက်ပြီး လက်ရန်း ပေါ်ကိုမှီကာ တခြားတနေရာသို့ ငေးကြည့်နေသည်။
"ကိုယ် တောင်းပန်ပါတယ်"
Hun က နားထောင်နေဟန်မပေါ်။ သူ့ကိုကျောခိုင်းထားဆဲ။ Sehun ရဲ့ကျယ်ပြန့်တဲ့ ကျောပြင်ကို ငေးကြည့်ရ တာတင် ဘယ်လောက် ရင်နာဖို့ကောင်းလိုက်သလဲ။ သူ့ကိုများထားခဲ့မယ် ဆိုရင်
"Hun မင်းအဲဒီလိုမနေပါနဲ့။ မင်းကိုယ့်ကိုဆူလို့ရတယ်။ မင်း စိတ်ကောက်လို့ရတယ် စိတ်ဆိုးလို့ရတယ် အဲဒီလိုတော့မနေပါနဲ့။ ကိုယ်တောင်းပန်ပါတယ်"
သူ့စကားအဆုံးမှာ Hun က ဖြည်းဖြည်းချင်းလှည့်လာပြီး တစ်စုံ တစ်ခု ပြောဖို့ဟန်ပြင်လိုက်သည်။ မျက်နှာ က တော့ ပဟေဠိဆန်စွာ တည်နေမြဲ။ စိတ်ကောက်တဲ့မျက်နှာမျိုးမဟုတ်ပဲ ကြေကွဲနေတာ လို့ သူထင်လာမိသည်။ *ဒုက္ခပဲ Luhan မင်းဘာတွေလုပ်ခဲ့မိ တာလဲ*
/တီ တီ/ "Taxi ခေါ်ထားတာလူကြီးမင်းတို့ပါလား"
Sehun ကခေါင်းညိတ်ပြလိုက်ရင်း သူ့လက်ထဲကအိတ်ကိုဆွဲယူကာ ကားနောက်ဖုံးထဲသို့သွားထည့်လိုက်သည်။ Taxi ဟာလည်း အချိန်ကိုက်ရောက်လာရလေခြင်း။ ကားနောက်ခန်းထဲမှာ သူကော Hun ကော ငြိမ်သက် တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ Driver ကြီးကလည်း သိပ်စကားများချင်သူ ဟုတ်ဟန်မတူ။ Hun ကတော့ ကားနောက်ခန်းတစ်ဖက်ခြမ်းမှာ ပြတင်းပေါက်ကိုမှီရင်း အပြင်ဖက် သို့ငေးနေသည်။ တခါတလေ သူ Sehun စိတ်ထဲဘာတွေများ ရှိနေ မလဲလို့ သိချင်လွန်းပါသည်။ သူချစ်တဲ့အဲဒီကောင်လေးရဲ့ စိတ်ထဲ ဝင်ကြည့် လို့ရမဲ့နည်းလမ်းများရှိရင်သူ တကယ်ဝင်ကြည့်ချင်ပါရဲ့။ Sehun ကိုနောက်ယောင်ခံလိုက်ခိုင်းထားတာကို အခုပဲဖျက်လိုက်ဖို့ သူ SMS တစ်စောင်လှမ်း ပို့လိုက်ပါသည်။
*မင်းမကြိုက်တာတွေ ကိုယ်မလုပ်တော့ဘူး Hun*
Driver ဦးလေးကြီးက မီးပွိုင့်မှာတန်းစီနေရင်း Radio ဖွင့်လိုက် သည်။ အသံကမတိုးမကျယ်လေးဆိုပေမဲ့ တိတ်ဆိတ်နေသော ကားလေးထဲမှာတော့ လုံလောက်သောအသံပါပဲ။ Radio မှ ထုတ်လွှင့်နေသော Lee Seung Chulရဲ့သီချင်းသည် ကြေကွဲ ဖွယ်ရာလွင့်ပျံ့နေသည်။
I don't want anything else except your laughter.
With it I'll be happy
Because love is all about giving, just about giving
So even if I'm sad, I'm happy.
သူ Hun ကိုလှည့်ကြည့်လိုက်မိသည်။ Hun ကလည်းသူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်မိတာကိုသူ သတိထားလိုက်မိသည်။ အဲဒီမျက်လုံးတွေ သူ Hun ကိုအဲဒီအကြည့်တွေနဲ့ တခါမှမမြင်ဖူးခဲ့ ပါ။ (သူ့ကိုပင်လယ်ကမ်းခြေမှာ တောင်းပန်တဲ့အချိန်မှာတောင်ဒီလို နူးညံ့ရီဝေနေတဲ့ အကြည့်မျိုးမရဖူးခဲ့)
သူ Oh Sehun ကိုဖက်ပြီးငိုချင်လာပြီ။
"မင်း ဘာတွေဖြစ်နေလဲဟင် Sehun"
သူ လေသံလေးနဲ့မေးရင်း Hun လက်ကိုမသိမသာဆုပ်ကိုင်လိုက် တော့ Sehun ကသူ့လက်ကို တစ်ချက် ခပ်တင်းတင်းညှစ်လိုက်ရင်း အသာရုန်းထွက်သွားပါတော့သည်။ ထို့နောက် သူ့ဖက်ကို လှည့်မလာတော့ပေ။ အိမ်ရောက်ဖို့ကသူ့အတွက် မိနစ်ပေါင်းများစွာကြာမြင့်နေသလို ခံစားရသည်။ အချိန်တော်တော်ကြာ ပြီး နောက်မှာတော့ Taxi ကသူ့တိုက်ခန်းရှေ့မှာရပ်သွားပါပြီ။
"ကျေးဇူးတင်ပါတယ်"
သူကပိုက်ဆံရှင်းနေတုန်း Hun က အိတ်ကိုအပေါ်သို့တင်သွား သည်။ သော့ကသူ့ဆီမှာမို့ သူ အမြန် ပြေးလိုက် တက်သွားမိသည်။၂ ပတ်လောက်ထားခဲ့သည့်အခန်းပေမဲ့ အဝင်အထွက် လည်းမရှိ ပစ္စည်းလည်း များများစားစားမရှိသည်မို့သိပ်တော့ ဖုန်မထနေပါ။ Sehun ကအိတ်ကိုတစ်နေရာချထားရင်း သူ့ဖက် ကိုလှည့်ကြည့်သည်။ သူ တံခါးကိုပိတ်ထားလိုက်ကာ Hun ကို တင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။
"Hun ကိုယ်မင်းကိုတကယ်လွမ်းနေခဲ့တာ"
Sehun ကဘာမှမပြောပဲဒီတိုင်းရပ်နေဆဲ။ သူဖက်ထားတာကို လည်း မတုံ့ပြန်။
"မင်းကိုယ့်ကိုစိတ်ဆိုးနေတာလားဟင် ကိုယ် မင်းကိုရှင်းပြ.."
"Hyung"
နူးညံ့တဲ့ခေါ်သံကြောင့်သူမော့ကြည့်မိသည်။ Hun ကခေါင်းခါပြ ရင်း
"တော်ကြစို့နော် အဲဒီအကြောင်း ကျွန်တော့်ရှေ့မှာ ထပ်မပြောမိ စေနဲ့တော့။ ကျွန်တော် တကယ်မကြားချင် ဘူး"
"Hun"
သူ ပိုပြီးတုန်လှုပ်မိသွားသလိုလို။ ဒါ Hun ပုံစံမှမဟုတ်ပဲ။ သူ့ကို အော်ဟစ်ကြိမ်းမောင်းတာမျိုးလုပ်ဖို့ သူ မျှော်လင့်ပြီးသားပဲ။ ဒါပေမဲ့ Hun က ဒေါသကိုမျိုသိပ်ထားပြီး ကြေကွဲနေရတဲ့ပုံမျိုးနဲ့ သူ့ကို ဖက်ထားတာက နေရှောင်ဖယ်လိုက်ရင်း
"ခရီးကပြန်လာတာ ပင်ပန်းနေမှာ နားလိုက်တော့နော်။ ရေမိုး ချိုးပြီးရင် အိပ်လိုက်တော့။ ကျွန်တော် မနက်ဖြန်မှလာခဲ့မယ်"
နာရီက ၄ နာရီ ၄၄ မိနစ်။ အင်းပေါ့ ၅ နာရီအရောက်ပြန်စရာကိစ္စ ရှိနေတာပဲ။ ပြီးတော့ သူ့မှာ တားပိုင်ခွင့် လည်းမရှိတော့ဘူးလေ။
သူ Hun ကိုခေါင်းတောင်မညိတ်ပြနိုင်ပဲ ကျောပေးရင်း မျက်ရည်ကျ နေသည်။ သူ ဒီမျက်ရည်ကျရခြင်း အမှုကိုပင်ပန်းနေပြီ။ ဒါပေမဲ့ သူ့ မှာရွေးချယ်စရာမရှိ။
*မင်းကြောင့်ချည်းပဲ ငိုစရာအကြောင်းတွေအားလုံးဟာ မင်းကြောင့် ချည်းပဲ လူမိုက်ကလေးရဲ့*
"ကျွတ် Hyung ကျွန်တော့်ကိုကြည့်စမ်းပါ အဲ့ဒါဘာဖြစ်နေတာလဲ"
"မဟုတ်ပါဘူး မင်းသွားစရာရှိတာသွားပါ"
"ခင်ဗျားငိုနေတယ်လေ!"
"ကိုယ်ငိုတာကို မင်းချော့မှာမဟုတ်ပဲနဲ့။ ဟုတ်တယ် ကိုယ်က မင်း ပြောသလို အားတိုင်းမျက်ရည်ကျနေသူပဲ။ မင်းသွားစရာရှိတာသွား ပါတော့။ မင်းအလုပ်က အရေးကြီးပါတယ်"
"ခင်ဗျားအဲဒီလိုမလုပ်နဲ့ Hyung ကျွန်တော်"
Sehun က ပြောရင်းသူ့ဆံပင်ကိုတစ်ချက်ဖွရင်း
"ကျွန်တော့်အတွက် အဲဒီအလုပ်ကအရေးကြီးတာမှန်ပေမဲ့ ခင်ဗျား မသွားစေချင်ဘူးမဟုတ်လား"
"မင်းမသွားပဲနေမှာမို့လို့လား"
Sehun ကသူ့အနားတိုးလာရင်း
"ငိုနေတာအလုပ်မဖြစ်ဘူး Hyung။ ကျွန်တော်မသွားရမဲ့ အကြောင်းရင်းဖြစ်ဖြစ် တစ်ခုခုပြောစမ်းပါ။ ကျေးဇူး ပြုပြီး ပျော့ညံ့ တဲ့လူလိုမျိုး မျက်ရည်ချည်းပဲကျမနေစမ်းပါနဲ့"
သူ ရင်အခုန်မြန်လာခဲ့သည်။
"ကိုယ်မင်းကို အရမ်းလိုအပ်နေတယ် Sehun။ အဲ့ဒါကြောင့် မင်းကို အခုကိုယ့်ဘေးမှာရှိနေစေချင်တယ်"
Sehun ကသူ့ကိုတည့်တည့်စိုက်ကြည့်ရင်း
"သေချာလား"
"သေချာတယ် Hun မင်း မသွားရဘူးလို့ကိုယ်ပြောမယ်"
Hun ကတစ်ချက်ပဲခေါင်းညိတ်ပြရင်း ဖုန်းကိုယူကာ ပြတင်းပေါက် ဘောင်နားသွားရပ်သည်။ (Hun တွယ်တက်လာနေကြ ပြတင်းပေါက်ဘောင်ပေါ့)
"Hello ဟုတ်ကဲ့ ကျွန်တော် Oh Sehun ပါ။"
သူ စိတ်လှုပ်ရှားစွာနဲ့နားထောင်နေမိသည်။ Hun သူ့ကိုလိုက်လျော ပေးတော့မှာလား။
"ဟုတ်တယ် ကျွန်တော် အရေးကြီးကိစ္စပေါ်လာလို့ပါ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တကယ် တောင်းပန် ပါတယ်။ တောင်းပန်ပါတယ်ခင်ဗျာ။ တကယ်..လာလို့မဖြစ်တော့လို့ပါ ဟုတ်ကဲ့ တကယ်တောင်းပန်ပါတယ်"
Hun အခါခါတောင်းပန်နေတာကြည့်ရင်း သူ့စိတ်လှုပ်ရှားမှုတွေ အစား အားနာမှုတွေဝင်ရောက်လာသည်။ Hun လိုမာနကြီး တဲ့ ကောင်လေးက ဒီလိုအထပ်ထပ်တောင်းပန်ရလောက်အောင် သူ လုပ်ခဲ့မိပြန်ပြီလား။
"ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်နားလည်ပါတယ်။ မနက် ရောက် အောင်လာခဲ့ပါမယ်။ ကျေးဇူးတင်ပါတယ်"
Sehun က ဖုန်းကိုပိတ်ထားလိုက်ရင်း သူ့ဖက်လှည့်လာသည်။ ထို့နောက်ကုတ်အင်္ကျီကို အသာအယာပဲ ချွတ်ချ လိုက်တော့သည်။
"ကျွန်တော့်အတွက် ပေါ့ပေါ့ပါးပါး အဝတ်အစားတစ်စုံလောက် ထုတ်ပေးပါလား Hyung။ ကျွန်တော် ဒီဝတ်စုံနဲ့ အဆင်မပြေဘူး"
သူ ဘာမှမပြောနိုင်တော့ပဲ Hun ကိုပြေးဖက်ထားမိတော့သည်။ ဒီတစ်ခါတော့ Hun ကလည်းပြုံးရင်း သူ့ကို ပြန်ဖက်ထားလေသည်။ အဲဒီခဏမှာ သူ့ရဲ့ကမ္ဘာဟာ Hun ရဲ့ရေမွှေးနံ့ သင်းသင်းကလေးလို မျိုး ချိုမြိန်နေခဲ့ တာ။
--------------------------------------------------------------------------------------------------
"Hyung ကားမောင်းလို့မရသေးဘူးလေ ဘယ်လိုဖြစ်လို့"
JongIn အလန့်တကြားနဲ့ ပြေးသွားရင်း အော်လိုက်မိတော့ ကားထဲ မှ JunMyeon က ဆင်းလာသည်။
"ကိုယ် မမောင်းပါဘူး။ ကားနေရာရွှေ့တာပါ လာလေ JongIn တစ်ယောက်ထဲပဲလား"
"အဲ.. ဟုတ်တယ် ဟို ကျွန်တော်တို့အက studioက ဒီနားမှာမို့လို့ ခဏဝင်လာတာ"
JunMyeon ကပြုံးရင်း အိမ်ထဲဝင်ခိုင်းလိုက်ပြီး
"ကိုယ်ဆေးရုံတက်ရတဲ့ကိစ္စကြောင့်ဖြစ်ဖြစ် Sehunကြောင့်ဖြစ်ဖြစ် မင်းရဲ့အကလေ့ကျင့်တာ ထိခိုက်မှုဖြစ် သွားခဲ့ရင် ကိုယ် တောင်းပန် ပါရစေ"
"ဟာ မဟုတ် မဟုတ်တာပဲ"
သူ သရုပ်ပြပွဲအမှတ်မရတော့တာ Hyung ကဘယ်လိုသိသွား ပါလိမ့်။
"ကော်ဖီယူမလား"
"ဟင့်အင်း ကျွန်တော် ကော်ဖီ မကြိုက်ဘူးခင်ဗျ"
"သြော် Sehun လိုပဲ။ ဒါဆိုလည်း လက်ဖက်ရည်ပေါ့ကွာ"
Hyung ရဲ့အိမ်ကတစ်ယောက်ထဲနေဖို့ တော်တော်ကို ကျယ်လွန်း လှသည်။
"ဆေးရုံကဆင်းလာပြီးတော့ တစ်ယောက်ထဲဆိုတော့ အဆင်ပြေရဲ့ လား Hyung။ Sehun ကလည်း အခုတလော သူကျောင်းတက်ဖို့ ကိစ္စပြင်နေရတော့ မလာနိုင်တာဖြစ်မှာပါ"
ဘာကြောင့်မှန်းမသိ သူ SeHun ကိုယ်စားရှင်းပြပေးချင်မိသည်။ Hyung ကိုလည်းမနာကျင် စေချင်သ လို SeHun ကိုလည်း အထင်လွဲမခံစေချင်ပါ။
JunMyeon ကပြုံးရင်း
"ကိုယ်အဆင်ပြေပါတယ်။ စောစော ဆေးရုံကဆင်းလာရတာပဲ ကြိုက်တယ်။ အိမ်မှာနေရတာက ဘာပဲဖြစ်ဖြစ်ပိုကောင်းတယ်လေ။ Hun ကတော့ အင်း သူ ရှက်နေတာနေမှာပါ။ ကိုယ့်ကိုသိပ်စိတ်ပူကြောင်း ပြခဲ့မိလို့ ကိုယ်နားလည်ပါတယ်။ သူကိုယ့်ကိုအားနာနေခဲ့ တာကော"
အရင်ကသတိမထားခဲ့မိပေမဲ့ Hyung ဟာ Oh Sehun ကိုစကား တစ်လုံးစီတိုင်း စက္ကန့်တိုင်းမှာ တန်ဖိုးထား ချစ်နေသလိုမျိုး သူ ခံစားလာမိသည်။
"Hyung. သူ့ကို တော်တော်ချစ်တယ်နော်"
"သူ့ကိုမချစ်ပဲဘယ်သူနေနိုင်မှာလဲ JongIn ရယ် အဲဒီကလေးဆိုး လေးကိုလေ မဟုတ်ဘူးလား"
"အဲ ဟုတ်"
သေစမ်း ကိုယ့်အခြေအနေကိုယ်မေ့ပြီးသွားမေးမိလေခြင်း။
"တကယ်တော့ ကိုယ်သူ့ကို အဲ့ဒါကိုမသိစေချင်ခဲ့ဘူး။ ကိုယ်သေ တဲ့အထိ သူ့ကိုဒါတွေမသိပဲ ကောင်းကောင်း ရှင်သန်စေချင်ခဲ့တယ်။ ကိုယ်ကထားခဲ့ပါတယ် ဆိုတဲ့အဖြစ်မှာ သူနေသားကျဖို့ ကိုယ့်မှာ ဘယ်လောက် ကြိုးစားတည်ဆောက်ခဲ့ရသလဲ။ ခက်တာက ကိုယ့်သူငယ်ချင်းကလည်း ကိုယ့်ကိုစိတ်ပူပြီး အကုန်ပြောပြ လိုက်တယ်ထင်ပါရဲ့။ ကိုယ်ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ အစကထဲက ကိုယ်ကိုက မမှန်ခဲ့တာလေ"
သူ ခေါင်းခါလိုက်ရင်း "Hyung သေသွားလို့မဖြစ်ဘူးလေ သိရဲ့လား"
Hyung ကပြုံးရင်း "ဟုတ်တယ် အဲ့ဒါလည်းကိုယ်သိတယ်။ ကိုယ် အထူးသဖြင့် အဲဒီနေ့က သေလို့မရဘူးဆိုတာ မဟုတ်ရင် အဲဒီ ကောင်လေး သိပ်နာကျင်သွားလိမ့်မယ်လေ။ ကိုယ် သတိမလစ် သွားခင်မှာ ငါသေလို့မဖြစ်ဘူး ဆိုပြီး ဆက်တိုက် ဆုတောင်းနေမိ တယ်။ Hun ခံစားရအောင်လုပ်လို့ မဖြစ်ဘူး ဆိုပြီးတော့ပေါ့။"
ထို့နောက် ဘာစကားမှဆက်မပြောဖြစ်ကြတော့ပဲ သူတို့ ထိုင်နေ မိသည်။ Hyung ရဲ့ စာအုပ်စင်က ချိတ်ထား တဲ့ တချို့ ပစ္စည်းလေး တွေသည် သေချာပေါက်Oh Sehun နှင့်သက်ဆိုင်သော အရာလေး တွေဖြစ်ကြောင်း သူသိနေရသောအခါ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအား တချို့အကြောင်း သူတွေးနေမိတော့သည်။
ချစ်ရုံပဲချစ်နေနိုင်တဲ့ ချစ်ခြင်းမေတ္တာမျိုးတွေ။
--------------------------------------------------------------------------------------------------
-"ကိုယ်မင်းကိုခေါ်ထားမိလို့ မင်းအလုပ်တွေပျက်သွားရမှာ ကိုယ် တောင်းပန်တယ်နော်"
သူ Hun ကိုမှီထားရင်းခပ်တိုးတိုးပြောမိသည်။ အေးမြတဲ့ ဆောင်းဦးညမှာ သူဟာချစ်ရသူ ရင်ခွင်ထဲ ရှိနေခွင့်ရတာ ဘယ်လို ကံကောင်းမှုမျိုးလဲ။
"Hyung ခင်ဗျားကျွန်တော့်ကိုရှိနေစေချင်လို့ပဲ ကျွန်တော်ရှိနေ ပြီးပါပြီ။ မသွားဖြစ်လိုက်တဲ့အလုပ်အကြောင်း ကျွန်တော့်ကို ထပ်ပြောပြီး ခင်ဗျားကိုယ်ခင်ဗျားပါ ၏ စိတ်ဒုက္ခဖန်တီးဦးမလို့လား ဟင်။ ကျေးဇူးပြုပြီး"
Hun ကသက်ပြင်းချလိုက်ရင်း
"ကျေးဇူးပြုပြီး ကိုယ်မတတ်နိုင်တော့တဲ့အရာတွေအတွက် စိတ်ဆင်းရဲမခံပါနဲ့လား ခင်ဗျားရယ်"
"ကိုယ်က အဲဒီစိတ်ရှုပ်စရာကောင်းတဲ့ချစ်သူမျိုး ဖြစ်နေပြီထင်တယ် နော်"
"ကြည့် ခင်ဗျားဘာဖြစ်လို့ အရာရာကို အဲဒီလိုတွေးနေမှန်း ကျွန်တော်နားမလည်ဘူး။ ခင်ဗျား နောက်တခါ အဲဒီလိုထပ်ပြောရင် ကျွန်တော်အခုပြန်မှာ"
"အာ မပြောတော့ဘူး"
"အဲဒီလိုမှပေါ့"
Hun နားပိုတိုးကပ်လိုက်ကာ သူပြုံးလိုက်မိသည်။
"ဘာပြုံးတာလဲ"
"မသိဘူး ကိုယ်မင်းနဲ့အတူရှိနေတာကိုပျော်လို့"
"ဟုတ်လား ပျော်တဲ့လူက အားနေမျက်ရည်ကျသလား"
"ဒါကတော့ မင်းကြောင့်လေ။ မင်းပဲကိုယ့်ကိုပြောပြီး"
"ကျွန်တော်စိတ်ကူးပြောင်းသွားပြီ။ နောက်ကျ ကျွန်တော့်ကြောင့် လည်းမငိုနဲ့တော့။ ရှုပ်တယ် ဘယ်တော့မှ မငိုနဲ့"
"အဲ့ဒါ မင်းမချော့ချင်လို့သပ်သပ်ပြောတာ"
"ခင်ဗျားဟာ အဖိုးကြီးလေးလို ရစ်တတ်တာပဲ"
Hun ကသူ့ခေါင်းကိုလှမ်းပုတ်ရင်းစသည်။ သူက Hun မေးစေ့ ချွန်ချွန်ကလေးကို သာသာလေးကိုက်ရင်း..
"ကိုယ့်ကိုမင်းရစ်တာ နဲ့ ကိုယ်မင်းကိုရစ်တာ ဘယ်ဟာပိုများလဲ တွေးကြည့်ဦး Oh Sehun လူဆိုးကောင်လေးရဲ့"
"ဒါကတော့ ဘယ်သူအမှားလုပ်မိလဲပေါ်မူတည်တာပေါ့ မဟုတ်ဘူး လား"
သူတို့ရယ်မောလိုက်မိကြသည်။
"ဒီညအေးတယ်နော် Hyung"
"အင်း ဆောင်းဝင်ပြီလေ အာ Hun ဒီမှာပထမဆုံးနှင်းကျပြီး သွားပြီလား!"
သူအလန့်တကြားထမေးမိတော့ Hun ကရယ်ပြန်သည်။
"မကျသေးပါဘူး ဘာဖြစ်လို့လဲ"
"တော်သေးတာပေါ့။ ကိုယ်မင်းနဲ့အတူတူ ပထမဆုံးနှင်းကျတာကို ကြည့်မယ် ပြီးရင်ဆုတောင်းမယ်လေ"
"လူတွေကတော်တော်ရယ်ရတယ်နော် Hyung အဲဒီလိုမထင်ဘူး လားဟင်။သူတို့စိတ်သက်သာရာရဖို့ ဖန်ဆင်းယူထားကြတာတွေ အကြောင်းဆိုရင် စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ရယ်လည်း ရယ်ရတယ်"
"ဟင်"
"နှင်းကျတာလေ။ နှစ်တိုင်း နှင်းကျတဲ့နိုင်ငံမှာနေပြီး ပထမဆုံး နှင်းကျရင် ဆုတောင်းပြည့်တယ်ဆို တာမျိုးလုပ်တာမျိုးပေါ့။ တစ်နှစ်တစ်ခါဆုတောင်းဖို့အကြောင်း ပြချက်သပ်သပ်ကြီး ဖန်တီး ပစ်လိုက်တာ။ ပြီးတော့ လပြည့်ညဆိုရင်ဘာဖြစ်တယ်တို့ ကြယ် ကြွေရင်ဘာဖြစ်တယ်တို့"
"အဲ..ဒါကတော့ အခုမှမဟုတ်ဘူး ဟိုးအရင်ကထဲကရှိလာတာပဲ.. ကိုယ်တို့ပြဇာတ်တွေထဲက ရှေး အကျဆုံးပြဇာတ်တွေမှာတောင် ဒီလိုယုံကြည်မှုမျိုးပါတာပဲ။ သဘာဝတရားပေါ်ယုံကြည်မှု လို့ ဆိုရမယ်ထင်တယ်။ Hun မင်းဆုမတောင်းဖူးဘူးလားဟင်"
"အဲ့ဒါတွေ အဓိပ္ပာယ်မရှိတာလို့ပဲထင်တယ်။ ကြယ်တွေကို ဆုတောင်းလို့ ကျွန်တော်တို့ဘာရမှာလဲ။ သူ့ဟာသူ သေဆုံးနေတဲ့ ကြယ်တွေကို.."
Sehun ဟာလက်တွေ့ကျချင်တဲ့ကောင်လေးဖြစ်မယ်။
"ဟုတ်ပြီ။ ဒါပေမဲ့ ကိုယ်ကတော့ ယုံတယ်။ ကိုယ် ပထမဆုံး နှင်း ကျချိန်မှာ ဆုတောင်းမယ် ဟုတ်ပြီလား"
"အင်း ခင်ဗျားစိတ်ချမ်းသာတာလုပ်ပါ"
"ကိုယ်တို့စတွေ့ခဲ့ကြတာ နွေဦးပေါက်ကပဲ။ အခုတော့ ဆောင်းဦး ရောက်လာပြီနော်"
"အင်း"
"မင်း စကိတ်စီးတုန်းပဲလား အဲ့ဒါအန္တရာယ်များတယ်"
"ဟဟ ကျွန်တော်အဲ့ဒါတော့ကျွမ်းပါတယ် စိတ်မပူပါနဲ့"
"မင်းကားမောင်းသင်ပါလား"
"ကျွန်တော်မောင်းတတ်ပါတယ် Hyung။ ကျွန်တော် JunMyeon Hyung ကားကိုမောင်းခဲ့ဖူးသေးတယ်"
"Junmyeon"
နာမည်တစ်ခုကိုကြားရတော့မှ သူမေ့ထားခဲ့သည်တို့ကို သတိရ လာသည်။ သူစိတ်ကိုတည်ငြိမ် အောင်ထားလိုက်ရင်း
"သူ ဆေးရုံကဆင်းပြီလား"
"အင်း မနေ့ကပဲ Hyung ဒါနဲ့ ခင်ဗျား တရုတ်ပြည်မှာတုန်းက ကျွန်တော့်ဖုန်းကိုချပစ်တယ်နော်"
"အဲ့ဒါ"
"ကျွန်တော်ဘာဖြေလိုက်သလဲ ခင်ဗျားသိလားဟင်"
"ဟင့်အင်း Hun ကိုယ်မသိ မသိချင်ဘူး"
"တကယ်လား"
"တကယ် ကိုယ်မသိချင်ဘူး Hun"
အဲဒီတော့မှ Sehun ကသူ့နဖူးကိုနမ်းလိုက်ကာ
"ဟဟ ဟုတ်ပါပြီလေ။ ကျွန်တော်မပြောတော့ပါဘူး။ အိပ်တော့ နော် ဘာမှမစဉ်းစားပဲအိပ်လိုက်တော့။ ကောင်းသောညပါ Hyung"
*ချစ်တယ် Oh Sehun*
--------------------------------------------------------------------------------------------------
မနက်အစောသူနိုးလာတဲ့အချိန်မှာ Hun မရှိတော့ပါ။ အဲဒီအစား စာရွက်လေး တစ်ရွက်သာ ထားခဲ့တာ တွေ့ရသည်။
"ကျွန်တော်အလုပ်ရှိလို့ စောစောသွားလိုက်တယ်။ နိုးလာလည်း အိပ်ရေးဝဝပြန်အိပ်နော်။ ၁၁ နာရီလောက်ဆို ကျွန်တော် ပြန်ရောက်ပါပြီ။ အဲဒီတော့မှ လာခဲ့မယ်။ မနက်စာစားဖို့ အိမ်မှာ ဘာမှမရှိဘူးမဟုတ်လား။ ကျွန်တော် လမ်းထိပ်ကဆိုင်မှာ Luhan နာမည်နဲ့ မနက်စာမှာထားတယ်။ အဲ့ဒါသွားစားလိုက်နော်။ လိမ္မာ တယ်"
သူစာရွက်ကလေးပေါ်က လက်ရေးသော့သော့ကို အထပ်ထပ် ပြန် ကြည့်နေမိသည်။ နောက် ၁၅ မိနစ် ကြာ သောအခါ (သူဒီအိမ်ရာမှာ နေထိုင်သည့် ၃ နှစ်တာလုံး တခါမှခြေဦး မလှည့်ဖူးသော) စွပ်ပြုတ် ဆိုင်ကလေးသို့ တစ်ယောက်ထဲမနက်စာစားရန် ရောက်ရှိနေပြီး ဖြစ်သည်။
--------------------------------------------------------------------------------------------------
အရာအားလုံးသည် သူ့ထံသို့ တရုတ်ပြည်မှဖုန်းမလာခင် အဆင်ပြေ နေသယောင်ရှိနေခဲ့သည်။ သို့သော် မေမေ့ထံမှဖုန်းရပြီးသောအခါ ရင်ထဲလေးလံသွားရသည်။
"ဘာဖြစ်လို့လဲ Luhan ဘာဖြစ်တာလဲ"
သူဖုန်းဆက်မိ၍ Sehun ကအပြေးအလွှားရောက်လာသည့်အခါ သူ့မှာ ငိုဖို့အားအင် တောင်မရှိတော့ ပေ။
"ကိုယ်..ကိုယ့် ဘွားဘွားအခြေအနေတော်တော်ဆိုးသွားတယ် Hun ပြီးတော့ Tao ရဲ့အဖိုး ပါလူမမာဖြစ်သွားပြီး Tao...Tao ကအခု အိမ်မှာအားလုံးရဲ့အပြစ်တင်ခံနေရတယ်"
"ခဏလေး HuangZi Tao ကဘာလို့လဲ"
သူ Hun ကိုတရုတ်ပြည်ကအကြောင်းတွေမပြောပြဖြစ်ခဲ့သဖြင့် Hun သိသင့်သည်ထင်တာမျိုးကို အတိုချုပ် ပြောပြမိသည်။ (Yixing အကြောင်းတော့လုံးဝချန်လှပ်ထားခဲ့ပါသည်)
"ဆိုတော့ ခင်ဗျားဒီကိုလာဖို့အတွက် Tao ကနေခဲ့တာလား"
"ဟုတ်တယ် ကိုယ့်ကြောင့်ချည်းပဲ။ ကိုယ်အဲ့ဒါကို Kris ကိုမပြောရဲ သေးဘူး"
"အခုကော ခင်ဗျားအိမ်က"
"သူတို့ကိုယ့်ကိုအတင်းအကျပ်မလုပ်တော့ပါဘူး ဒါဘွားဘွားရဲ့ဆန္ဒ ပဲ။ ဒါကြောင့် ဖေဖေက ကိုယ့်ကို မခေါ် ခိုင်းတော့တာ။ ဒါပေမဲ့ Hun ကိုယ် ဒီကိစ္စတွေမှာအပြစ်မကင်းဘူး"
"အဲဒီတော့ ခင်ဗျား ဘေကျင်း ကိုပြန်သွားချင်လား"
ရွဲ့မေးတာမျိုးမဟုတ်ပဲ စိတ်ရှည်ရှည်ချော့မေးသည့်အသံမျိုး
"မသွားချင်ပါဘူး Hun။ မေမေကလည်း ကိုယ့်ကို ပြန်မလာခဲ့ဖို့ လှမ်းပြောတာပါ။ ဒီတခါပြန်သွားရင် သေချာ ပေါက် ကိုယ် ပြန် ထွက်လာလို့ ရတော့မှာမဟုတ်ဘူးလေ"
ဘွားဘွားရဲ့ Yixing ဟုအထင်လွဲမှုကြီး၏ အဓိက အကြောင်း တရားခံမှာ Lay Group Zhang အမည်ဖြင့် ရောက်ရှိလာသော လူနာမေး ပန်းစည်းကြီးကြောင့်ဖြစ်သည်ဟု မေမေပြောသည် ကိုတော့ Hunကို ကွယ်ဝှက် ထားမှဖြစ်မည်။ (Tao ဖျောက်ဖျက်ပစ် လိုက်သည့်စာရွက်ခေါက်ချိုးလေးဟာ အဲဒီက တံဆိပ်ဖြစ်သည်)
"အင်း ပြန်လည်းမသွားချင်ဘူး။ ဒါပေမဲ့ အပြစ်ရှိတယ်လို့လည်း ခံစားရတယ် စိတ်ညစ်နေတယ်ဆိုပါတော့"
"ဟုတ်တယ် ကိုယ်ခေါ်လိုက်လို့မင်းအနှောင့်အယှက်မဖြစ်ဘူး မလား"
"ထားစမ်းပါ။ အခု အနွေးထည်ထူထူဝတ် သပ်သပ်ရပ်ရပ် အဝတ်အစားလဲလိုက် တနေရာသွားရအောင်"
"ဘယ်ကိုလဲ"
Hun ကပြုံးပဲပြုံးပြနေပေမဲ့ Hun ခေါ်သွားမည့်နေရာကို သူ အကြွင်းမဲ့ယုံကြည်လိုက်ပါသည်။ သူထင်သည့် အတိုင်းလည်း မှန် သည်။ ထိုနေရာက ဘုရားကျောင်းတစ်ခုဖြစ်သည်။
--------------------------------------------------------------------------------------------------ဆိတ်ငြိမ်သော တောင်ကုန်းလေးပေါ်မှာရှိသော ဘုရားကျောင်း သည် ပုံမှန်မြင်တွေ့နေကြ structure အတိုင်း တည်ဆောက်ထား သော်လည်း ထူးထူးခြားခြား ပိုအေးချမ်းသည်ဟုထင်ရသည်။
"လာလေ ဒီနေ့ ကလေးတွေ သီချင်းဆိုတာပြီးလောက်ပါပြီ"
Hun ကရင်းနှီးနေကျ နေရာလေးကဲ့သို့ဝင်သွားသည်။ သို့သော် အထဲမှာ ကလေးတချို့ ဓမ္မတေးသီဆိုဖို့ လေ့ကျင့်နေတာ မပြီးကြ သေးပါ။ သူက Hun နေရာယူလိုက်သည့် နောက်ဆုံးတန်းက ခုံတန်းရှည်မှာပဲ ထိုင်လိုက်သည်။ အထဲက ခရစ်တော်၏ သမ္မာကျမ်းစာအတိုင်း ပန်းချီကားများ၊ မှန်ကူကွက် ပြတင်းပေါက် များမှအလင်းပေးပုံ၊ ထို့နောက် ကလေးတွေ၏ ဓမ္မတေးသံပြိုင် ရွတ်ဆိုမှု။
အဲဒီခဏမှာ အရာအားလုံးဟာ ငြိမ်းအေးသွားသလိုပါပဲ။ တကယ်တော့ သူက ဘာသာရေး ကိုင်းရှိုင်းသူမဟုတ်။ မဖြစ် မနေသွားရသော ပွဲလမ်းများနှင့် ရိုးရာကန်တော့ပွဲများမှအပ သူ ဘာကိုမှသိပ်မကိုင်းရှိုင်းဖြစ်ခဲ့။ ထို့ကြောင့် ဘုရားကျောင်း ထဲ လာရတာကိုပင် အပြစ်ရှိသူကဲ့သို့ ခံစားနေမိသည်။ Hun ကို လှည့်ကြည့်တော့ Hun ကရှေ့တည့်တည့်ကိုပဲကြည့်ကာ တစ်စုံတစ်ခုကိုဆုတောင်းသလိုမျိုး ထိုင်နေသည်။ သူလည်း (အနည်း ဆုံးတော့ ခရစ်တော်၏ အိမ်တော်မှာ) စကားပြောဖို့ မကြိုးစားတော့ပဲ ငြိမ်းချမ်းမှုကို ခံစားနေကြည့် လိုက်ပါတော့သည်။ ကလေးတွေ သီချင်းဆိုချိန်ပြီးသွားတော့ Fatherက Piano ဆရာကို နှုတ်ဆက်ရင်း Sehun ကိုတွေ့ကာ အပြန်အလှန်နှုတ်ဆက်ကြတာ ကိုကြည့်ရင်းSehun ဒီကိုရောက်လာနေကြဖြစ်မည်ဟု ခန့်မှန်း မိသည်။ ဘာသာရေးနှင့် Oh Sehun ကိုသူတွဲမမြင်ကြည့်ဖူးခဲ့ပါ။
"ကျွန်တော် ဒီကျောင်းတော်က Father နဲ့သိတယ်။ ဟိုး ငယ်ငယ်ကထဲက သူ ကျွန်တော့်ကိုသိနေ တာလေ"
ဘုရားကျောင်းမှပြန်အထွက် ဝန်းအတွင်းမှာလမ်းလျှောက်ရင်း Hun ကပြောပြသည်။
"ဟုတ်လား ဒီကိုအမြဲလာဖြစ်တာပေါ့"
"အမြဲ ရယ်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ ရောက်ဖြစ်ပါတယ်။ ငယ်ငယ်ကထဲက။ ကိုကို ခေါ်လာနေကြလေ။ ငယ်ငယ်က အိမ်မှာ Mira ငိုရင် ကျွန်တော်တို့အမြဲအဆူခံရတယ်။ သူ့ဟာသူ ချူချာတဲ့ ကလေးမက မွေးကထဲက အမြဲငိုနေတာပဲ။ အိမ်ကစိတ်ညစ်စရာ တွေရှောင်ပြေးဖို့ တနေရာ ပဲရှိခဲ့တာ။ ဒီကျောင်းတော်လေ။ ကိုကို ကအဲဒီတုန်းက ဒီမှာအဖွဲ့ဝင်"
ကလေးတွေငိုတာမကြိုက်တတ်တဲ့အကြောင်းရင်းကိုသူခန့်မှန်းမိပြီးသားပေမဲ့ Sehun တကယ်ပြောလာတော့ သူစိတ်မကောင်းပါ။
"ကိုယ်တော့ ဘုရားကျောင်းမရောက်ဖြစ်တာ တော်တော်ကြာပြီ။ နှစ်ပေါင်းများစွာကိုကြာနေပြီ။"
"Home Alone လေ သိလား အဲဒီကားကြည့်ဖူးလား"
"မကြည့်ဖူးတဲ့ကလေးကောရှိပါ့မလား"
"အင်း ကျွန်တော်စဉ်းစားမိတယ်။ သူကြောက်နေခဲ့တာကို ချာ့ခ်ျ ကပြေငြိမ်းစေခဲ့တုန်းကပေါ့။ ဒီနေရာရဲ့ စွမ်းအားအကြောင်းကို"
သူတခါမှအဲဒီလိုမတွေးမိဖူးခဲ့။
"ကိုယ့်ကိုခေါ်လာပေးတာတကယ်ကျေးဇူးတင်ပါတယ်။ ကိုယ် တကယ်စိတ်သက်သာရာရသွားတယ်"
"ကိစ္စမရှိပါဘူး။ ကျွန်တော် ကိုကိုမရှိတော့တုန်းက တစ်ယောက်ထဲ လာခဲ့တယ်။ Father က ကျွန်တော့် ပုခုံးကိုကိုင်ရင်း ပြောတယ်။ Church ကလူတိုင်းကိုကြိုဆိုပါတယ်တဲ့"
သူတို့စကားတပြောပြောနဲ့ ဆက်လျှောက်လာဖြစ်သည်။
"ကျွန်တော်ကြည့်ဖူးတဲ့ဇာတ်လမ်းထဲမှာ မိန်းကလေးတစ်ယောက် ကဒီလိုပြောတယ်။ "Even though I reject most of the religious things I can't help but feeling for all those people that come here lost or in pain, guilt, looking for some kind of answers. It fascinates me how a single place can join so much pain and happiness for so many generations." တဲ့.."
"ဝိုး.."
"ဘာကို"
"သူပြောတဲ့အကြောင်းအရာကိုကော မင်းရဲ့အင်္ဂလိပ်လိုပြောပုံကို ကောပေါ့"
Sehun ကပြုံးသွားရင်း "ကျွန်တော်သဘောကျတာ တွေဆို မနည်း လိုက်ကျင့်ထားရတာလေ။ အရင်ကဆို ကျွန်တော်စကားမပီဘူး ဒါပေမဲ့ Jun Myeon Hyung က ကျွန်တော် English ကောင်းနေရ မယ် ဆိုပြီး လေ့ကျင့်ပေးခဲ့တယ်။"
"မင်းတကယ်တော်တယ် အဲ့ဒါ ဘယ်ဇာတ်လမ်းထဲကလဲ"
"Before Sunrise သိလား"
"သိပ်..မသိဘူး.."
ပြဇာတ်ဆိုင်ရာတွေကလွဲရင် သူမသိတာတွေသိပ်များနေပြီဟု ထင်မိသည်။ Sehun ရဲ့အကြည့်တွေကို သူ ခေါင်းညိတ်ပြလိုက် တော့ Sehun ကပေါ့ပေါ့ပါးပါးစတင်ပြောပြလေတော့သည်။
"ဇာတ်လမ်းကရှင်းရှင်းလေးပဲ။ အမေရိကန်ကောင်လေး နဲ့ ပြင်သစ်ကောင်မလေးတို့ ဟန်ဂေရီကနေ ဗီယင်နာကို သွားတဲ့ ရထားပေါ်မှာတွေ့ကြပြီး ဇာတ်လမ်းဖြစ်သွားတာပဲ"
"ဗီယင်နာဆိုတာ "
"Austria"
"အာ သိပြီ။ ကိုယ်ရုတ်တရက်စဉ်းစားမရဖြစ်သွားတာ ဟုတ်ပြီ ဆက်ပြော"
"အင်း.. Celine က ပါရီ ထိသွားရမှာ။ ဒါပေမဲ့Jesse ဆင်းရမဲ့ ဗီယင်နာ မှာလိုက်ဆင်းဖြစ်သွားတယ်။ ပြီးတော့ သူတို့ နောက် တစ်နေ့မနက်အထိ ဗီယင်နာမှာ တူတူကုန်ဆုံးဖြစ်ကြတယ်"
"သြော် မြန်သားပဲ"
"ဟုတ်တယ် ပြီးတော့ Jesse က Americaကို မနက်လေယာဉ်နဲ့ ပြန်ရမယ်။ Celine ကလည်း Paris ကို နေ့လည်အရောက်ပြန်ရ မယ်။ သူတို့ပြန်တွေ့မယ်လို့ကတိထားပြီး ကိုယ့်ခရီးကိုယ် ဆက်ခဲ့ ကြတာပေါ့"
"ဟင် ဘယ်လို။ ဒါပဲလား"
"ဒါပဲပေါ့"
"အဲ့ဒါဇာတ်လမ်းလား"
"ပြောပြစရာကတော့ဒါအကုန်ပဲ။ ကျန်တာကတော့ ခင်ဗျား ကိုယ့်ဟာကိုယ်ကြည့်ရမှာလေ။ သူတို့ရဲ့ စကားပြောခန်းတွေက အရေးကြီးတာ။ သူတို့ဘဝခံယူချက်အကြောင်း၊ သူတို့ထင်တဲ့ အချစ်အ‌ကြောင်း အင်း အရာအားလုံးပဲ။ ဗီယင်နာ Nightlife ရယ် သူတို့တစ်နေ့နဲ့တစ်ည ပြောဖြစ်ကြတာတွေရယ်၊ အဲ့ဒါက ဇာတ်လမ်းရဲ့အသက်ပဲ"
"အဲ့ဒါနဲ့ပဲ လမ်းခွဲခဲ့ကြကောလား"
"နောက် ၆ လကြာရင်ပြန်တွေ့မယ်လို့ ကတိပေးကြတယ်လေ။"
"ဒါပဲလား"
"တကယ် ဒါပဲ"
"သူတို့တွေ့သွားလား ၆ လကြာတော့ပြန်လာလား"
"ခင်ဗျားကိုယ့်ဟာကိုယ်ကြည့်ကြည့်ပါဆို"
"ဟာ မင်းရစ်ပြီ"
"ရစ်နေတာHyung"
"Hun ဟင်"
သူ့လက်ဖဝါးပေါ်ကို ပေါက်ခနဲကျလာတာက အေးစက်စက် နှင်းပွင့် ကလေး။ သူမော့ကြည့်တော့ ဖြည်းဖြည်းချင်းကျဆင်းလာတာက နှင်းတွေ။
"ဟင် ဆိုးလ်ရဲ့ပထမဆုံးနှင်း"
သူအမြန်မျက်စိမှိတ်ဆုတောင်းမိသည်။ ဘယ်လောက် ကြာကြာ မျက်စိမှိတ်ထားမိလဲမသိ၊ အလင်းတန်း တစ်ချက် ပွင့်သွား တာကို သူခံစားလိုက်ရ၍ ကြည့်လိုက်သောအခါ သူ့ ကင်မရာ အမည်းလေး နဲ့ Oh Sehun
"မင်း ဓာတ်ပုံရိုက်လိုက်တာလား"
"ဟုတ်တယ် ခင်ဗျားချစ်ဖို့ကောင်းလို့"
"မင်းသွားလေရာ ကင်မရာယူလာတာပဲလား"
"သိပ်မလေးပါဘူး ကျွန်တော့်ကျောပိုးအိတ်ထဲထည့်လာရုံပဲဟာကို။ အခုဆို ခင်ဗျားကို ခင်ဗျား သိပ်ကြည့်ချင်တဲ့ ပထမဆုံးနှင်းနဲ့ ဓာတ်ပုံရိုက်ထားလိုက်ပြီလေ"
သူကြည်နူးရမလိုလို ရယ်ရမလိုလို။
"ကဲ နှင်းလည်းကျပြီဆိုတော့ အိမ်ပြန်ကြစို့။ Hyungအိမ်မှာ မီးလုံး လဲဖို့ နံရံကပ်စက္ကူအသစ် ကပ်ဖို့ လုပ်ရဦး မယ်။"
"အာ ကိုယ်နေချင်သေးတယ် နှင်းတွေကြားမှာ"
"ကလေးကလားတွေမလုပ်ပဲ အမြန်ပြန်ကြရအောင်ပါ"
"ခဏနော် ခဏလေးပဲဆိုကွာ Oh Sehun ရာ"
"နောက်ထပ် နာရီဝက်ပဲရမယ်"
သူရယ်မောလိုက်တော့ Oh Sehun ကလည်းပြုံးရယ်လို့။ လောကမှာလိုအပ်တာ ဒါပါပဲ။
--------------------------------------------------------------------------------------------------
"ဘိုးဘိုးရာ ကျွန်တော်တကယ် ဘာမှမလုပ်ပါဘူး။ ကျောင်းတော့ ပြန်တက်ပါရစေ"
"တိတ်စမ်း မင်းကိုကိုရီးယားပို့တာ စာလုပ်ဖို့ကွ။ ဇာတ်ရှုပ်တွေ ကြားထဲ မြှားနတ်မောင်ဝင်လုပ်ဖို့မဟုတ်ဘူး"
"အဲ့ဒါဆိုရင်လည်း ဖုန်းလေးတော့ပေးကိုင်..ကိုင်"
"မကိုင်ရဘူး။ ကွန်ဖြူးရှပ်ရဲ့အဆုံးအမကို လက်ရေးနဲ့အခါ တစ်ရာ မပြီးမချင်း ဖုန်းမပြောနဲ့ TV တောင်မဖွင့်ရ ဘူး နားလည်လား"
ဘိုးဘိုးသည် သူကြီးပြင်းခဲ့သောဓလေ့အတိုင်း လုပ်နေပြီဟု Tao သိသည်။ သို့သော် အာခံခွင့်မရှိ။ သူကိုက အမှားလုပ်ခဲ့မိတာ။
"ဘိုးဘိုး ဒါနဲ့ ဘွားဘွားဘယ်လိုနေလဲဟင်"
"မင်းကြောင့် အခုထိ ဆေးရုံကကိုမဆင်းရတော့တာလေ"
"အဲ့ဒါကျွန်တော့်ကြောင့်ချည်းပဲတော့မဟုတ်ပါဘူး။ ဘုမသိ ဘမသိနဲ့ ကလေးတွေနှလုံးသားကို စီမံချင်တဲ့ လူကြီးတွေကြောင့်"
"နေပါဦး Luhan ဆိုတဲ့သကောင့်သားလေးကို သူ့ရည်းစားနဲ့ သဘောတူထား တော့မှာပဲ။ မင်းက ဘာကြောင့် ထွက်ပြေးရတာလဲ"
ဒီအကြောင်းအရာကို ဘွားဘွားကလွဲပြီးဘယ်သူမေးမေး သူမပြော ပြခဲ့။ Oh Sehun ပါလာလျင် ဇာတ်က ပိုရှုပ် ဖို့သာရှိတော့မည်။
"ဘယ်သူမှတော့ လှောင်အိမ်ထဲမနေချင်ဘူးလေဗျာ။ ပြီးတော့ အဲဒီ့တစ်ယောက်က သိပ်ကောင်းတဲ့လူ မဟုတ် ပါဘူး။ အဲ့လိုပဲ သိထားပါ ဘိုးဘိုးရယ်"
ခွင့်လွှတ်ပါ Yixing ရေ။
"အဲဒီကောင်လေးရဲ့အဖေ ဥက္ကဌ Zhang ကအခုစီးပွားရေး ပြန်လုပ် နေရပြီ။ ကြည့်ရတာ ကောင်လေးက မလိမ္မာဘူးထင်တယ်ကွာ။ အလုပ်လုပ်နေတာ ဟုတ်တိဟုတ်ရဲ့ကနေ အခုကျ တရားဝင် နှုတ်ထွက်သွားပြီလို့ သူတို့ရှယ်ယာရှင်တွေကပြောတယ်"
"ဟင် သူ အလုပ်ထွက်သွားပြီ"
ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားသောအခါ Tao သည် ဘာမှ မပြောနိုင်တော့ပဲ ထိုင်ကျသွားရတော့သည်။
*ကံကောင်းပါစေ အစ်ကို*
--------------------------------------------------------------------------------------------------
"ဒါနဲ့ Hun မင်း Kris ကိုဆက်သွယ်ဖို့နည်းလမ်းသိလား"
"ခင်ဗျားမှာ ဖုန်းနံပါတ်မရှိဘူးလား"
"ရှိပေမဲ့ဆက်လို့မရဘူးဖြစ်နေတယ်။ ဖုန်းများပြောင်းသွားသလား"
"သူ့ Company ကိုဆက်ကြည့်လိုက်မယ်လေ Tao တို့Company မဟုတ်ဘူးလား"
"အင်း သူ့ကို Tao အကြောင်းနည်းနည်းဖြစ်ဖြစ် ပြောထားရမယ် ထင်လို့ ဘာပဲဖြစ်ဖြစ် တစ်လနီးပါးရှိပြီ ဆိုတော့ သူစိတ်ပူနေမှာပဲ"
"Tao ကသူ့ကိုမဆက်သွယ်ဘူးလား"
"ကိုယ့်ကိုတောင်ဆက်သွယ်လို့မရတာ Hun ရာ"
"ခင်ဗျားတို့အိမ်တွေကကြောက်စရာကြီး။ ကျွန်တော်တော့ မနေရဲ ပါဘူး"
"အင်း အဲ့ဒါကြောင့်ကိုယ်ပြန်လာတာပေါ့။ ကိုယ့်အိမ်မှာပဲ နေကြ မယ်"
Sehun ကဘာမှပြန်မပြောပဲ Kris ရဲ့Companyသို့ တိုက်ရိုက်ဖုန်း လှမ်းဆက်လိုက်ပါသည်။ တကယ် စိတ်မြန်လက်မြန်ကလေး။ ခဏ လောက်ပြောဆိုပြီးတော့ သူ့ကိုတောင်မပေးပဲ ဖုန်းချလိုက်သည်။
"ဘာလို့လဲ မရှိဘူးလား"
"အင်း ဥရောပ သွားတယ်တဲ့"
"ဟုတ်လား အလုပ်ကိစ္စဖြစ်မှာပေါ့။ သူပြန်လာမှဆက်သွယ်ကြည့် လိုက်ပါမယ်လေ"
ဘာလို့မှန်းမသိ။ ထိုနေ့ညက Sehun မျက်နှာမသာမယာဖြစ်နေ သည်ဟုသူထင်မိသည်။
"ဘာလို့လဲ တစ်ခုခုစားကြမယ်လေ မျက်နှာကဘာဖြစ်တာ"
"ဘာမှမဟုတ်ပါဘူး ဒီလိုပဲစိတ်အနှောင့်အယှက်ဖြစ်စရာရှိလို့။ ပြီးတော့ ခေါင်းလည်းကိုက်နေတယ်"
"ဟင် ရရဲ့လား Hun"
"ကျွတ် ကျွန်တော်မသေပါဘူးဗျ ဆေးနံ့တွေကြောင့်ပါ"
အခုတော့ သူ့တိုက်ခန်းကလေးက လင်းချင်းကာ အသစ်စက်စက် ကလေးဖြစ်နေပေပြီ။ မှိုင်းနေသော မီးရောင်တွေနဲ့ လိုက်ကာ အသစ်တွေလဲပေးပြီး နံရံစက္ကူအသစ်ကပ်၊ မျက်နှာကြက်ကိုပါ ဆေးသုတ်တာမို့ ဆေးနံ့တချို့ကလှိုင်နေဆဲ။
"မင်းခေါင်းကိုက်စေတဲ့အရာတွေ တော်တော်များတယ်နော်"
"ဟုတ်တယ် အဲ့ထဲ Hyung မပါချင်ရင် အခုခဏလေး ငြိမ်ငြိမ်နေ လိုက်"
Sehun ကသူ့လက်ကိုဆွဲချရင်း အတင်းမှီလိုက်တော့ သူ ဟန်ချက် ပျက်ကာ စားပွဲပေါ်က Sehun အိတ်ကိုတိုက်မိသွားသည်။
"အဲ ပြုတ်ကျကုန်ပြီ"
"ထားလိုက်ကွာ"
"ဟင်..ဒါက"
သူစိတ်ဝင်စားစရာ ဖိတ်စာကတ်လေးကြောင့် ငုံ့ကောက်မိသွား၏။
"Anton Chekov Memorial Event
Russian Embassy of Korea Republic။ Hun"
"ဘာလုပ်တာလဲ ကျွန်တော့်ပစ္စည်းတွေကို"
"မင်း ချက်ကော့ဗ် ကိုသဘောကျတယ်လို့ ကိုယ့်ကို တခါမှ မပြော ဖူးပါလား ကိုယ်သူရေးတဲ့ပြဇာတ်ကို တရုတ် ဘာသာပြန်နဲ့ စာတမ်း တင်ဖူးတယ်။ ပထမနှစ်က"
(Anton Chekov (1860 - 1904) Russian Playwright & Short Story Writer)
Hun ကဘာမှမပြောပဲ သူ့ပစ္စည်းတွေကိုထိုးထည့်ရင်း
"ကျွန်တော်မကြိုက်ဘူး အဲဒီလိုလုပ်တာတွေ။ ပြန်တော့မယ် နောက်မှတွေ့တာပေါ့ Hyung"
"နေ နေပါဦး။ ကိုယ်က ဒီတိုင်းလေး မင်း ပြဇာတ်ကြိုက်တတ်လား လို့ကိုယ်မေးကြည့်ရုံပါ"
"မကြိုက်ဘူး Hyung ကျွန်တော်စိတ်လည်းမဝင်စားဘူး။ ဒါက လည်း အလုပ်သဘောအရ ရထားတဲ့ ဖိတ်စာ တစ်ခုပဲ။ အဲဒီထက် မပိုဘူး"
"ဟုတ်ပြီလေ မင်းအဲဒီလိုပြောပြလို့ရတယ်လေ။ ကိုယ် ဘာမှမဖြစ် ပါဘူး"
"ဒါပေမဲ့ ကျွန်တော်ဖြစ်တယ် အ"
"မင်း အသက်ရှူကျပ်ပြန်ပြီလား Hun"
"ဖယ်"
"ကိုယ်တို့ဆေးရုံသွားရအောင်"
"ဖယ်စမ်းပါ Luhan"
"Oh Sehun!!"
Hun ကသူ့ကိုတွန်းတိုက်ရင်း ရေချိုးခန်းထဲဝင်ကာ တံခါးချက်ချ ထားသည်။ အန်နေတာဖြစ်မည်။
"တံခါးဖွင့်စမ်းပါ Hun မင်းဘာဖြစ်တာလဲ ကိုယ်သိမှရမယ်"
သူစိတ်ပူလာပြီ။ တစ်ယောက်ထဲနေဖြစ်ခဲ့သူမို့ သော့လည်းမထားခဲ့။ သူကြံရာမရတဲ့အဆုံး Hun ရဲ့ဖုန်းကို ယူကာ JunMyeon ဟူသော နံပါတ်ကိုရှာကြည့်ဖို့ကြိုးစားလိုက်မိသည်။ (အနည်းဆုံးတော့ Kim JunMyeon သည် Hun ကိုသူ့ထက် သြဇာပိုညောင်းလိမ့်မည်) သို့သော် ဖုန်းနဲ့အတူထွက်ကျလာသည်က လက်စွပ် တစ်ကွင်း။ SH + JM ။
သူအသိတရားလွတ်သွားသူကဲ့သို့ ထိုလက်စွပ်လေးကိုကိုင်ရင်း ငေး ကြည့်နေမိသည်။
"ခင်ဗျား ကျွန်တော်မကြိုက်တာထပ်လုပ်ပြန်ပြီ"
ပြန်ထွက်လာသည့်Sehun မျက်နှာက မျက်နှာသစ်ထားဟန်ရှိကာ ဖြူလျော်နေသည်။
"ဒါဘာလဲ Oh Sehun"
Sehun ကဖြေရှင်းချက်မပေး။ ရေစက်လက်နဲ့လျှောက်လာရင်း သူ့လက်ထဲကနေ ဆွဲယူလိုက်ပြီး အိတ်ကို ကောက်သိမ်းလိုက်သည်။
"မင်းဖြေစမ်းပါ အဲ့ဒါဘာလဲ"
"ခင်ဗျားမြင်တဲ့အတိုင်းပဲလေ"
"Sehun နဲ့ JunMyeon ကိုယ်မြင်တယ်လေ မင်းကိုယ့်ကို ဘာမှ မရှင်းပြတော့ဘူးလား"
Sehun က တံခါးဝဆီကိုပဲဦးတည်သွားရင်း
"ကျွန်တော်ဘာလို့ရှင်းပြရမှာလဲ"
"မင်းနဲ့အဲဒီ့လူရဲ့ပတ်သက်မှုက ဘယ်လိုလဲဟင် Hun ကိုယ့်ကို ပြောစမ်းပါ။"
"တိတ်လိုက် အခု အဲဒီမျက်ရည်တွေတိတ်လိုက်။ Luhan ကျွန်တော်ဘာပြောထားလဲ။ မငိုစမ်းနဲ့လို့ ပြောထား တယ်မလား"
"မင်းပြောလေ မင်းကိုယ့်ကိုချစ်တယ် တခါတောင်မပြောဖူးပဲနဲ့ အဲဒီလူနဲ့လက်စွပ်အထိ"
သူအဲဒီအတိုင်းအတာလောက်ထိ မသွားသင့်ခဲ့ကြောင်း နောက်မှ နောင်တရသည်။ သို့သော် Sehun ကသူ့နှလုံးသားကို ခြေမွှသည့် စကားကို အေးအေးဆေးဆေးပြောပြီးပြီ ဖြစ်သည်။
"ကျွန်တော်သူ့ကို ချစ်တယ် Luhan"
tbc
Continue lendo
Você também vai gostar
245K 12.6K 59
သံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်နောင်ဘဝ လွမ်းချင်းရပ်မည် ချစ်ခြင်းအတ္တ ဤဘဝ...။ 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞-20.4.202...
107K 4.9K 60
74K 2.4K 97
အချစ်ဆိုတာ လေပြေလေးလိုပဲ ဘယ်အချိန်ဘယ်နေရာကတိုးဝင်လာလိုက်မှန်းမသိရပေမယ့် ကျနော်သတိထားမိလိုက်တဲ့အခါမှာတော့ ရင်ထဲမှာ ထိုလူသားကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်...
38.3K 5.6K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...