Colors of the Wind [EXO Fanfi...
By HuangnamiKim
5.4K 473 25
လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လ... More
အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27
28
29
30
31
32 - Final
Q & A + Extra
Sehun's Diary - A
Sehun's Diary - B
Sehun's Diary - C
Sehun's Diary - D
Sehun's Diary Part II
Author Note
Extra : Aurora Borealis
21
43 7 0
By HuangnamiKim
"အိမ်တော်ကို တန်းသွားမှာလား"
Tao ရဲ့အမေးကြောင့် ရှေ့ခန်းမှာထိုင်နေတဲ့ ဗိုလ်ကြီးကလှည့်ကြည့် ပြီး ခေါင်းဆတ်ပြသည်။
"လေဆိပ်ကနေကြို ပြီးတာနဲ့ တခါထဲ အိမ်တော်ကိုခေါ်လာဖို့ အမိန့်ရထားပါတယ် အဲ့ဒါပြီးတော့မှ Huang အိမ်တော်ကို လိုက် ပို့ပေးပါမယ်"
Tao က ပုခုံးတွန့်ပြလိုက်တော့ Luhan ဘာမှမတတ်နိုင်ပါ။ စိတ်ပျက်လက်ပျက်နဲ့ ကားပြတင်းပေါက်မှန်ကနေ တဆင့် ဘေကျင်း မြို့တော်ကို ငေးနေမိသည်။
လေယာဉ်ဘီးချချချင်းပဲ လေယာဉ်ကွင်းထဲရပ်ထားသည့် Audi ကား အနက်ရောင်ပေါ်မှ လူတွေကို တွေ့လိုက်ကထဲက သူ့စိတ် အခြေအနေဟာလည်း ဘေကျင်း ရဲ့ မီးခိုးထူတဲ့ရာသီဥတုလိုမျိုး မှိုင်းညို့ခဲ့ရတာ
"ကျွန်တော်တို့က အမိန့်အရ လာကြိုရတာပါ"
အရာအားလုံးဟာ အမိန့်တွေအောက်ပြန်ရောက်ရတော့မှာပါလား။
သူကောTao ကော တိတ်တိတ်ဆိတ်ဆိတ်လိုက် လာရသည်။ Tiananmen ရင်ပြင်ရှေ့ကိုဖြတ်လာသည့်အခါ နန်းတော်ရာ၏ မုခ် တံခါးဝကို အကြာကြီးငေးကြည့်နေမိသည်။ Forbidden City။ အဲဒီနာမည်ကို သူ သဘောကျပါသည်။ တားမြစ်မြို့တော် နောက်ခံ နန်းတွင်းပုံပြင်တွေ အကြောင်း ဆိုးလ်အနုပညာကျောင်းမှာ Term Paper ရေးခဲ့တာလည်း သတိရသည်။ Sehun ဆိုရင် သဘောကျ မှာပဲ။ Sehun သာသဘောကျလျင် ဓာတ်ပုံမရိုက်ရ မဝင်ရ နေရာ တွေအထိ သူလိုက်ပို့ပေးနိုင်ပါလိမ့်မည်။ ဒါပေမဲ့..
"အဟမ်း"
Tao ရဲ့ချောင်းဟန့်သံကြောင့် သူလှည့်ကြည့်လိုက်တော့ Tao က ကိုရီးယားလို ခပ်တိုတိုပဲပြောသည်။
"အခုပဲ Mail ဝင်လာတယ်။ ဖုန်းထဲကိုပို့ပေးရမလား"
နောက်ကိုခေါင်းငဲ့စောင်း နားထောင်နေသော ဗိုလ်ကြီးကို တစ်ချက် ကြည့်ပြီးမှ သူ Tao ဖုန်းကိုပဲ ယူကြည့် လိုက်သည်။ သူ့ဖုန်းဟာ တရုတ်ပြည်မှာ လုံခြုံမည်မဟုတ်ပါ။ ဓာတ်ပုံတချို့နဲ့ စာသား နည်းနည်း ပါဝင်သော Mail ကိုဖွင့်ကြည့်ဖို့ သူအချိန်အနည်းငယ်ယူ လိုက်ရပြီး လက်ကလည်း တုန်နေသေးကြောင်း သူ့ကိုယ်သူသိပါ သည်။
Luhan သည် Sehun နှင့်ပတ်သက်လာလျင် ရင်ဆိုင်ဖို့ ကြောက်ရွံ့ နေဆဲဖြစ်သည်။သူ အသက်တစ်ချက် အောင့်ရင်း ပုံတွေကိုထောက် ကြည့်လိုက်၏။ Sehun နဲ့ လေဆိပ်မှာတွေ့ခဲ့သည့် အမျိုးသမီး တို့ cafe တစ်ခုမှာစကားပြောနေသည့် မြင်ကွင်း။ နှစ်ယောက်လုံး မျက်နှာက လေးနက်နေသည်။ အထူးသဖြင့် Sehun မျက်နှာက နီမြန်းနေပြီး ဒေါသထွက်နေသည့်ဟန်။ ဘာတွေလဲ။
"ရည်းစားဟောင်း တော့မဟုတ်ပါဘူး။ အမျိုးလည်းမဟုတ်ဘူး။ Sehun အသိတစ်ယောက်ယောက်နဲ့ ပတ်သက်တာထင်တယ်။ သူ့ကိုလိမ်တယ် ဆိုပြီးပေါက်ကွဲနေတာ"
Tao က သူမဖတ်ရဲသည့်စာအကြောင်း အသေးစိတ်ရှင်းပြပေး သည်။ Incheon လေဆိပ်မှာထဲက သူသိချင် တာတွေအတွက် Tao ကိုပဲအကူအညီတောင်းပြီး Sehun နောက်ကိုလိုက်ဖို့ လူ တစ်ယောက် လွှတ်ထားခဲ့ တာ..။
"သာမန်ပတ်သက်မှုမျိုးမဟုတ်ဘူးထင်တယ်။သူမျက်နှာတည်သွားတာလေ ကိုယ်ရှိနေတာတောင်"
"ဆက်စုံစမ်းခိုင်းလိုက်ရမလား"
Sehun သိလျင် သူ့ကိုဘယ်လောက်များစိတ်ဆိုးသွားမလဲ။ ဒါပေမဲ့ သူ Tao ကိုခေါင်းညိတ်ပြလိုက်မိသည်။ Tao ကသူ့ကို အံ့သြသလို ကြည့်နေတာမြင်တော့မှ သူဘာတွေလုပ်နေမိပါလိမ့် ဟုတွေးမိ သည်။
"ခဏနေရင် အိမ်တော်ထဲရောက်ပါတော့မယ်။ သခင်လေးအနေနဲ့ ဖုန်းထဲက ဖိုင်တွေကို သေချာစိစစ်စေချင် ပါတယ်"
ဒီလောက်သတင်းပေးတာပဲ ကျေးဇူးတင်ရမလား။ ဘာပဲဖြစ်ဖြစ် ရွှေရောင်အမိုးနဲ့ အဖြူရောင် အဆောက်အဦး ကြီးကို ခန့်ခန့် ညားညား မြင်နေရပြီ။ ဒါကသူ့ရဲ့ တားမြစ်မြို့တော် ပါပဲ။
--------------------------------------------------------------------------------------------------
"Kris မင်းအခုတလော ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူး ပြောလေ Yixing မင်းဘာခိုင်းချင်လို့လဲ"
သူ့စကားကြောင့် တစ်ဖက်ကစကားသံတိတ်သွားပြီး
"ငါ..မင်းကို ခိုင်းစရာရှိမှဆက်သွယ်တယ်လို့ မင်းထင်နေတာလား။"
"ပြောစမ်းပါ ဘာဖြစ်လို့လဲ"
"မဟုတ်ဘူး မင်းငါ့ကိုအထင်လွဲနေတာရှင်းမှဖြစ်မယ် Kris Wu။ မင်းကငါ့ရဲ့တစ်ယောက်ထဲသော သူငယ်ချင်း ပဲ"
"ဟုတ်တာပေါ့ မင်းအရာရာ ရယူခဲ့တာပဲလေ"
"အဲ့ဒါ..ငါ..မရည်ရွယ်မှန်းမင်းအသိဆုံးပါ Wu ကျေးဇူးပြုပြီး။ တောင်းပန်ပါတယ် ငါနေမကောင်းဘူး"
သူချက်ချင်း မျက်နှာထားလျော့သွားရင်း
"မင်းရဲ့ရောဂါကို အဲဒီမှာအရင်ကုသင့်တယ်။ ZhangYiXing မင်း ရူးရူးမိုက်မိုက်တွေ မလုပ်စမ်းပါနဲ့"
"မင်းသိပါတယ် ငါ့ရဲ့ဆေးက ဒီမှာမရှိဘူး။ အဆိပ်ပဲရှိတာ ဟားဟား"
မေမေ့နာမည်ဟာ ပြင်သစ်ဘာသာနဲ့ဆိုရင် အဆိပ်လို့ ဘာသာ ပြန်နိုင်တယ် တဲ့။ ကိုယ့်မွေးသမိခင် ဆိုပေမဲ့သူ ပေါ့ပေါ့ပါးပါး လိုက်ရယ်နိုင်လိုက်သည်။
"ဟုတ်တယ် အဆိပ် ဟဟ"
"မင်းအခုမှ Kris Wu နဲ့ပြန်တူလာတယ်။ မင်းငါ့ကို စိတ်ဆိုးနေ တာတွေရှိရင် ငါတောင်းပန်ပါတယ်"
"ထားစမ်းပါ မင်းအခု ကျန်းမာရေးဘယ်လိုဖြစ်လို့လဲ"
"အဲ့ဒါပြောမလို့ ငါနောက်လမှာ ဆေးစစ်ဖို့ရှိတယ် အဖြေကတော့ ဘယ်လိုထွက်လာမလဲမသိဘူး။ ဘာပဲ ဖြစ်ဖြစ် အဲ့ဒါကို အကြောင်း ပြချက် အနေနဲ့မသုံးနိုင်အောင်လို့ မင်းကူညီပေးစေချင်တယ်"
"ဘယ်လို"
"မင်း ဥရောပ ကိုလာခေါ်ပေးနိုင်မလား"
"မင်း ပြန်လာဦးမလို့လား"
"ငါ့ရဲ့ပျော်ရွှင်မှုတွေက ဆိုးလ် မှာပဲရှိတာလေ။ ပြီးတော့ ငါ သူ့ကို တကယ်တွေ့ချင်တယ်"
"အာ စိတ်ထိခိုက်အောင် ပြောတာမဟုတ်ပေမဲ့"
"သိပါတယ်။ မင်းပို့လိုက်တဲ့ပုံတွေမှာ သူ Sehun ကိုကြည့်တဲ့ မျက်ဝန်းတွေက ဘာနဲ့မှမတူတာကို သိပါတယ်။ ဒါပေမဲ့ Kris ငါနဲ့သူနဲ့ကြားက သံယောစဉ်က မချစ်တော့လို့ ပြတ်စဲခဲ့ကြတာမှ မဟုတ်တာ။ ငါရှင်းပြနိုင်မယ် ထင်ပါတယ်"
"သူမင်းကို လက်မခံရင်ကော"
"Kris မင်းကအမြဲတမ်း အဆိုးမြင်ဝါဒီ ဖြစ်နေတုန်းပဲကိုး။ နေပါဦး မင်းမှာလည်းချစ်ရတဲ့သူရှိတယ်မလား အဲ့ဒါ Han လား"
"မင်းဘယ်လိုကောက်ချက်ချလိုက်တာလဲ။ မင်းလည်းအရင်လိုပဲ ထုံ အ တုန်းပဲနော်။"
"ပြောစမ်းပါ ဘယ်သူလဲ။ ငါမင်းတို့မင်္ဂလာပွဲကိုတက်ချင်တယ်။ Luhan မဟုတ်ရင် ဘယ်သူဖြစ်ဖြစ်ပြီးတာပါပဲ"
"မင်းနောက်တော့သိရမှာပါ Yixing။ ငါမင်းကိုဥရောပအထိ လာခေါ်ပေးဖို့က မခက်ခဲပါဘူး။ ဒါပေမဲ့ ငါ အတည်ပြောပါရစေ။ Luhan က မင်းချန်ထားရစ်ခဲ့တဲ့လူမဟုတ်တော့ဘူး။ မင်းပြင်ဆင် ထားသင့်တယ်"
"အင်း ဒါပေမဲ့ကွာ သူကအဲဒီလောက်ရက်စက်တဲ့လူ မဟုတ်ပါဘူး"
သူဖုန်းကိုလက်နဲ့ပိတ်ရင်းအသံတိတ် ဆဲရေးလိုက်မိသည်။ ဒီ ZhangYiXing ဆိုတဲ့ကောင်ကို သူဘယ်လို တရားပြရမလဲ။
"ပြီးတော့ Kris မင်းကိုယ်တိုင်ပဲပြောပြခဲ့တာလေ။ Luhan ရဲ့ မိသားစုအကြောင်း။ သူတို့က Sehun ဆိုတဲ့ ကောင်လေးကို သဘောကျမယ်မထင်ပါဘူး"
--------------------------------------------------------------------------------------------------
"မင်းရဲ့နေထိုင်မှုပုံစံကို ငါလုံးဝသဘောမကျဘူး"
ဖေဖေ့အစ်ကိုကြီး၊ ဦးလေးဖြစ်သူရဲ့ပြောစကားကိုသူကြားတစ်ချက် မကြားတစ်ချက် နားထောင်နေမိသည်။ ဘွားဘွားက ဆေးအရှိန်နဲ့ အိပ်ပျော်နေတုန်း ဖြစ်နေလေတော့သူ့မှာ အပြစ်တင်စကားတွေ အကုန်နားထောင် နေရတာပါပဲ။ ဖေဖေ ကတော့ တပ်ခွဲတွေ၏ လေးလပတ်အစည်းအဝေးတက်နေတာကြောင့် အိမ်မှာရှိမနေပါ။ မေမေကတော့ ရောက်ရောက်ချင်း တစ်ချက်နမ်းပြီး ပွေ့ဖက်ထားရုံ ကလွဲ၍ ဘာစကားမှမပြောနိုင်။ ဘာမှလည်း မပြောရဲ။
"မင်း ကျောင်းတက်တော့တာလည်း မဟုတ်ဘူးမလား။ မင်းဘဝကို ဒီလိုပဲရေစုန်မျောတော့မှာလား"
"ကျွန်တော် ရေစုန်မမျောပါဘူး ကျွန်တော် သီချင်းရေးနေပါတယ်"
"အိမ်ကနေ ခေါင်းမော့ရင်ကော့ပြီးထွက်သွားတာက ဘာမဟုတ်တဲ့ သီချင်းတွေကို ငွေ ၂ ပဲတပြားနဲ့ ရောင်းစားဖို့လားကွ။ နာမည် တောင်မခံနိုင်ပဲနဲ့များ"
ဖေဖေ့ထက်ရာထူးပိုကြီးသူ ဦးလေးကတောင် ဒီလောက်သိထား လျင် ဖေဖေကကော ဘယ်လောက် သိထားသလဲ။
"Luhan မင်းက ဒီမိသားစုရဲ့တစ်ဦးထဲသော ဆက်ခံသူပဲ။ ၆ နှစ် နီးပါး ငါတို့လွှတ်ထားပေးခဲ့ပြီးပြီ။ မင်းလုပ်ချင်တာလည်း လုပ်ခဲ့ရ ပြီးပြီ။ အခု မင်း အိမ်ကိုပြန်လာသင့်ပြီမထင်ဘူးလား"
သူမျှော်လင့်ထားပြီးသား အပြောတွေအတွက်
"ကျွန်တော့်ကို ဖေဖေက စွန့်လွှတ်ပြီးသားပါ ဦးလေး။ ပြီးတော့ ကျွန်တော် ဘွားဘွားကြောင့်မဟုတ်ရင် အိမ်ကိုပြန်လာမှာ မဟုတ်ပါဘူး။ အိမ်တော်ရဲ့အကူအညီ မပါပဲ ကျွန်တော် ရပ်တည် နိုင်ပါတယ်"
"မင်း... တောက်!!!"
"မြေးလား"
ဘွားဘွားရဲ့ လှုပ်ရှားမှုနဲ့အသံကြောင့် အားလုံးရုတ်ရုတ်သဲသဲဖြစ် သွားရသည်။ ဘွားဘွားက သူမှတ်မိခဲ့သော ပုံစံထက် များစွာအိုမင်း သွားပြီဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး ခေါင်းဆောင် ကြီးတစ်ဦး၏ မျိုးဆက်ဖြစ်သော ဘွားဘွားသည် မိသားစုဝင် အားလုံး ရိုသေလေးစားရသော အကြီးအကဲလည်းဖြစ်သည်။
"ကျွန်တော် Luhan ပါ ဘွားဘွား"
"ငါ့မြေးနဲ့စကားပြောမယ် အားလုံး အပြင်ထွက်ကြ"
လူကသာ မထနိုင်တယ် လေသံကတော့ မာသည်။ ဦးလေး နဲ့ မေမေအပါအဝင် အားလုံး အပြင်ထွက်သွားကြ တော့မှ ဘွားဘွားက သူ့လက်ကိုတယုတယ ကိုင်ရင်း
"မြေးလေး ဒီနှစ်တွေမှာ မင်းကို ဘွားဘွား သတိရနေခဲ့တာ"
"ကျွန်တော်လည်း သတိရပါတယ်"
သတိရတာကတော့ ကြုံကြိုက်တိုင်းသတိရဖြစ်နေတာပါပဲ။ အဲ့ဒါ မုသားမဟုတ်ပါ။
"မင်း ဘေကျင်း ကိုပြန်လာခဲ့ပါလား"
"ဘွားဘွား ကျွန်တော် ဒီမှာရှိနေဦးမှာပါ။ ဒါပေမဲ့ ဆိုးလ် က ကျွန်တော်အခြေချမဲ့နေရာပါပဲ"
"ဘွားဘွား သမင်လေး မင်း အခု ချစ်သူရနေပြီလား"
သူဘာပြောရမှန်းမသိ ဘွားဘွားက Sehun ကိုသိထားပြီးပြီလား။ ဒါမှမဟုတ်။
"ကျွန်တော်...."
"မင်းဒီတစ်သက်လုံး အိမ်ထောင်မပြုတော့ဘူးလားကွယ်"
သွားပြီ။ သူမကြားချင်ဆုံးစကားတွေ။ သူ ပြတင်းပေါက်ကငေးကြည့်လိုက်တော့ နံရံကြီးကထူထဲစွာ ကာရံ ထားသည်။ သူဟာအခုမှ လှောင်အိမ်ထဲပြန်ရောက်လာတာပါလား။
--------------------------------------------------------------------------------------------------
ဘွားဘွား၊ မေမေ ပြီးတော့ ဖေဖေ။ သူအရမ်းကိုပင်ပန်းနေပြီ။ ဘာဖြစ်လို့များ သူ့ကိုဖိအားပေးချင်ရတာလဲ။
"သားရယ် ဒီကိုပဲပြန်လာပေးပါ။ ပီကင်းအမျိုးသားတက္ကသိုလ် အနုပညာကျောင်းမှာ တက်လို့ရအောင် စီစဉ်ပေးပါမယ်။ သား စိတ်ချမ်းသာအောင်အကုန်လုပ်ပေးပါမယ်" လို့ မေမေကငိုရင်း ဆိုလာသည်။
လွန်ခဲ့တဲ့ ၃ နှစ်ခွဲခန့်က ဒါကိုပဲသူတောင်းဆိုခဲ့တာပဲ။ ထိုစဉ်က ခါးခါးသီးသီးငြင်းခဲ့ကြပြီး အမွေတောင် ဖြတ်ခဲ့ကြတာပဲ မဟုတ် လား။
ပီကင်း အနုပညာတက္ကသိုလ်မှာ တက်ခွင့်ရချင်ခဲ့ပေမဲ့ အခုချိန်မှာ Oh Sehun ကို တရုတ်ပြည်ကို ဆွဲမခေါ်လာနိုင်ပါ။ သူ့ ချစ်ရသူသည် တရုတ်ပြည် ကို နည်းနည်းလေးတောင် စိတ်ဝင်စားရဲ့လားပဲ။ အရှေ့အလယ်ပိုင်းဒေသ တွေ ဝင်ရိုးစွန်းက ဥတ္တရအလင်းတန်းတွေ ကိုချစ်တဲ့ ကောင်လေး ကို ဒီ လှောင်ချိုင့်နဲ့တူတဲ့နေရာထဲ ဘယ်လို ခေါ်လာရမှာလဲ။
သူ ပင်ပန်းနေပြီဟု အကြောင်းပြကာ အိပ်ရာထဲဝင်လှဲလိုက်သည်။ သူ့အခန်းက အရင်လိုသန့်ရှင်းနေတုန်း ပဲဖြစ်သည်။ ဘွားဘွားအခန်း ပြီးလျင် အကျယ်ဆုံးအခန်းကို သူ ရထားသည်။ သို့သော် ဒီအိမ်မှာ သူသာ အမွန်းကြပ်ဆုံး ဖြစ်နေပြန်ပါသည်။
သူ သတိတရနဲ့ Tao ကိုဆက်လိုက်တော့ အဖိုးပူညံပူညံလုပ်တာခံ နေရတဲ့ Tao ကလည်း ညည်းရှာသည်။
"သြော် ဒါနဲ့ Sehun က ဆေးခန်းတစ်ခုခဏသွားပြီး အိမ်ကိုပဲ ပြန် သွားတယ်ပြောတယ်။ (...) ကသူ့အိမ်လိပ်စာ မလား"
"အင်း။ ဘာ ဆေးခန်းလဲ သူ တစ်ခုခုဖြစ်လို့လား"
"မသိဘူး လူသွားရှာတာထင်တယ်တဲ့။ ခဏပဲ ဝင်ပြီး ပြန်ထွက်လာ တာဆိုတော့"
"အင်း ကျေးဇူးပဲ Tao မနက်ဖြန်အိမ်လာခဲ့ဦးလေ။ ဘွားဘွားက မေးနေပါတယ်"
ဖုန်းချလိုက်ပြီးနောက် သူ Sehun ဆိုသည့် နံပါတ်ကလေးကို ငေးကြည့်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူ သတ္တိရှိရှိပဲနှိပ်ချလိုက် ပါသည်။
"ဟယ်လို"
"Hun ကိုယ်ပါ"
"အင်း သိတယ်" အသံကသိပ်တော့မကြည်သာ။
"မင်း ကိုယ့်ကိုဖုန်းဆက်မယ်လို့ကတိပေးထားတယ် မဟုတ်လား Hun"
"အခု ကိုရီးယားမှာတောင် ည ၈ နာရီပဲရှိသေးတာ သိရဲ့လား"
"ကိုယ်များ မဆက်ရင် မင်းကိုယ့်ကိုဖုန်းဆက်ပါ့မလားလို့ တွေးနေမိ တယ်"
"ဟဟဟ" Sehun က ရွဲ့ရယ်ရယ်သံနဲ့ရယ်ပြီးမှ
"ခင်ဗျား တကယ်သိချင်ရင် ဖုန်းမခေါ်ပဲနေကြည့်ရမှာ။ စိတ်မကောင်းစရာပဲ။ အခုချိန်မှာ ကျွန်တော် လိမ်ညာချင်ရင်လည်း ရသွားပြီ"
"Oh Sehun!"
သူ Video call ခလုတ်ကိုနှိပ်လိုက်မိသည်။ Sehun မျက်နှာက screen မှာပေါ်လာပါသည်။ အိမ်မှာပဲဖြစ်ဟန် ပေါ်သည်။ ထူးထူးခြားခြားမရှိတာကိုပဲ သူစိတ်သက်သာရာရသွားမိသည်။
"စိတ်ကြီးလိုက်တာ။ ကျွန်တော် အိမ်သာတွေဘာတွေ ဝင်နေတုန်း အချိန်များဆိုရင် ခင်ဗျား ဘယ်လိုလုပ်မလဲ ဟင်"
"မင်း လိမ်ညာလားသိရဖို့ မင်းမျက်နှာကိုတွေ့ရမှဖြစ်မယ်"
တကယ်တော့ သူ ဒီမျက်နှာကိုအရမ်းလွမ်းနေခဲ့တာပါ။
"ကျွန်တော့်ကိုလွမ်းတယ်ဆို လွမ်းတယ်ပေါ့ ခင်ဗျားဟာလေ"
"မင်းကတော့ သတိမရဘူးပေါ့"
"Luhan ခင်ဗျား ဒီမနက်မှသွားတာလေ။ ကျွန်တော်နဲ့ နှစ် ၇၀၀ လောက်ခွဲနေရသလိုတွေ မပြောစမ်းနဲ့"
"မင်းစကားပြောတာ ကိုယ့်ကိုမရွဲ့လို့မရဘူးလား။ ကိုယ်အရမ်း ပင်ပန်းနေတယ် Hun"
အဲဒီလိုကျတော့လည်း Sehun မျက်နှာလေးက နူးညံ့သွားရင်း
"နောက်တာပါ ကျွန်တော်လည်း ခင်ဗျားလိုပါပဲ။ ဒါပေမဲ့ ကျွန်တော့် မှာ ခင်ဗျားပုံတွေရှိတယ်လေ။ နှစ် ၇၀၀ လောက်လွမ်းမယ် ဆိုရင် တောင် လုံလောက်တဲ့ ပုံတွေ"
သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသွားသည်။ ဒီကောင်လေးဟာ လူကို ဘယ်လိုချော့ရမလဲ တကယ်သိတာပဲ။
"သြော် .."
"ဟင် ဘာလို့လဲ Hun"
"ဒီတိုင်း တရုတ်သူဌေးသားတစ်ယောက်ရဲ့အိမ်ခန်းက ဘယ်လိုလဲ လို့တွေးကြည့်ဖူးတယ်။ အဲဒီလိုကိုး"
သေလိုက်ပါတော့။ သူ့အခန်းကို ပြသနေသလို ဖြစ်သွားခဲ့တာပဲ။ နက္ခတ်တာရာကြည့်မှန်ပြောင်းတွေ၊ တရုတ် စစ်မက်ရေးရာ ပေလွှာ တွေအပြင် စန္ဒရားတစ်လုံးကအစ ကြွေရေချိုးခန်အလယ် အားကစားစက်အဆုံး။ ဒီအခန်းကိုSehun မြင်သွားခဲ့တာပဲ။
"ကိုယ်.."
"ရာသီဥတုဘယ်လိုနေလဲ"
"မှုန်မှိုင်းမှိုင်းပါပဲ။"
"ခင်ဗျားတိုက်ခန်းလိုပေါ့"
"Hun ကိုယ်လေယာဉ်စီးရတာအဆင်ပြေလား ဘာလို့မမေးတာလဲ"
"Hyung က မေးစေချင်လို့လား။ လေယာဉ်အဆင်းအတက်တောင် မသိသာတဲ့ First Class ကဆိုတော့ မလိုလောက်ဘူးထင်လို့"
သူတကယ်စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ သူချမ်းသာတာ တွေဟာ သူ့အားနည်းချက်ဖြစ်သွားမှာလား။
"ဘာဖြစ်လို့လဲ အဆင်မပြေခဲ့ဘူးလား။ ကြောက်နေသေးတာလား ဟင်"
"ကိုယ်ကြောက်စရာတွေအများကြီးပဲ Hun ရဲ့။ ဘေကျင်း မှာ ကိုယ် ကြောက်နေရတဲ့လူတွေကော"
Sehun ကခေါက်ဆွဲဘူးတစ်ခုကိုလွှင့်ပစ်လိုက်တာ လှမ်းမြင်ရပေမဲ့ သူဘာမှတော့မပြောမိ။ ပြန်လာရင်တော့ ခေါက်ဆွဲစားတာလျှော့ဖို့ ပြောရမည် ဟုသာ မှတ်ထားလိုက်သည်။
"ကဲ ပြောစမ်းပါဦး။ ဘာတွေကိုကြောက်တာလဲ"
"အများကြီးပါဆိုကွာ။ ကိုယ့်အိမ်ကလူတွေကအစ"
ကိုယ်အကြောက်ဆုံးက မင်းကိုယ့်ကိုထားခဲ့မှာကိုပဲ ဟု တော့မပြော ဖြစ်ခဲ့ပါ။
"Luhan ခင်ဗျားကိုမကြောက်တော့ဖို့ကျွန်တော် ပြောထားတယ် လေ။ ကြောက်တယ် ဆိုတာလောကမှာ အသုံးမကျဆုံးအလုပ်ပဲ။ ခင်ဗျားသတ္တိရှိစမ်းပါ။ လေယာဉ်စီးရမှာကြောက်တာကို ကျွန်တော် နားလည်တယ်။ လူတွေကိုတော့ မကြောက်စမ်းပါနဲ့။ သူတို့က သရဲ မှမဟုတ်ပဲ"
"အို ကိုယ် သရဲမကြောက်ပါဘူး"
"ခင်ဗျား ဒီလိုကြောက်တတ်ပုံနဲ့ ဘယ်လိုပြဇာတ်ကလဲဟင်"
"အင်း ဒီလိုပဲဖြစ်သွားတာပဲ။ ကိုယ်တို့ က တာက ဘေကျင်း Opera လို့ခေါ်တယ်။ မျက်နှာမှာ မိတ်ကပ်အဖြူ ကြီးတွေလိမ်းရတာ။ ပြောရရင် မျက်နှာမပေါ်ဘူး။ အဲ့ဒါနဲ့စခဲ့တော့ အနောက်တိုင်း ပြဇာတ် က တော့လည်း အဆင်ပြေသွားတာပါပဲ"
"အဲဒီလူနဲ့မို့လို့လား"
"ဟင်"
Sehun မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်သွားတာကိုမြင်တော့မှ Sehun ဘာဖြစ်သွားသနည်းဆိုတာကို သူသဘော ပေါက်သွားရသည်။ အခု မင်းကိုယ့်ကိုချစ်လို့ သဝန်တိုနေတာပါနော်။
"မဟုတ်ပါဘူး ပြဇာတ်က နှစ်ယောက်ထဲကရတာမှ မဟုတ်တာ ကိုယ်လူတွေကိုကြောက်တတ်တာက အဲဒီနောက်ပိုင်းမှလေ"
အမှန်တော့သူနဲ့ Xing တို့နှစ်ယောက်ထဲတစ်ကမ္ဘာ ဖြစ်ခဲ့ကြသော နေရာအများစုသည် ပြဇာတ်စင်များ ပင်ဖြစ်သည်။ ဒါကို Hun မသိပါစေနှင့်။
"ပြီးတာပဲ။ ဒါပေမဲ့ Hyung တကယ်ပြောတာ။ လူတွေကို မကြောက်နဲ့။ သူတို့က ခင်ဗျားကြောက်စရာ မဟုတ်ဘူး"
Sehun အလေးအနက်ပြောတဲ့ပုံလေးကိုမြင်တော့သူ ဖုန်းမှာ Screenshot ထားလိုက်ရင်း ခေါင်းညိတ် ပြလိုက်သည်။ ပြီးတော့ ခပ်တိုးတိုးရယ်မိသည်။
"ဘာရယ်တာလဲ"
"ကိုယ်တို့ ရိုးရာပုံပြင်တစ်ပုဒ်ကိုသတိရသွားလို့"
Sehun က ပြော ဆိုသည့်ပုံစံနဲ့ မေးဆတ်ပြတော့ သူတစ်ချက်ပြုံး ရင်း ငယ်ငယ်ကကြားဖူးသည့်ပုံပြင်လေး ပြောပြမိ သည်။
"တခါက အရမ်းကြောက်တတ်တဲ့လူတစ်ယောက်ရှိသတဲ့။ သူက ဘာမဆိုကြောက်တယ်။ ကြောက်တော့ အလုပ်လည်းမပြီးဘူး။ လယ်ကွင်းထဲကကြွက်တွေကိုလည်းကြောက်တယ်။ သူ အကြောက်ဆုံးက သူ့မိန်းမတဲ့။ အဲ့ဒါနဲ့တစ်ရက်ကျတော့ တောထဲ သွားရင်း နှစ် ၁၀၀ မှာတခါနိုးလာတဲ့ နဂါးမင်းကြီးနဲ့တွေ့တယ်တဲ့"
Sehun ကိုအကဲခတ်ကြည့်တော့ ပြုံးရင်းနားထောင်နေတာတွေ့ရ သည်။ ချစ်လိုက်တာ။
"နဂါးမင်းကြီးကိုသူကြောက်လွန်းလို့ သတိလစ်သွားတော့ နဂါး မင်းကြီးကပြုစုပေးရသတဲ့။ မင်းဘာလို့ ကြောက်တာတုန်း ပေါ့။ တိုတိုပြောရရင်တော့ကွာ သူ့အကြောင်းပြောပြပြီး နဂါးမင်းကြီး ကိုဆုတောင်းတယ်.. သူ မကြောက်တော့အောင်လုပ်ပေးပါ ပေါ့။ နဂါးမင်းကြီးကလည်း သနားတာနဲ့ ဖြည့်ဆည်းပေးလိုက်တယ်။ သူပြန်သွားတော့ သူ့မိန်းမကိုလည်း မကြောက်တော့ဘူး ဘာကိုမှ မကြောက်တော့ဘူး။ ပြောရရင် ဘယ်သူမှ မယူရဲတဲ့ ချောက်ထဲက ရတနာတွေပါသွားယူရင်း သူချမ်းသာလာတယ်တဲ့။ သူ့မိန်းမကို လည်းနိုင်စား လာ တယ် ဒါပေမဲ့ သူ့မှာတစ်ခုခု လိုအပ်နေသလို ခံစား ရတယ်"
"သူ ကြောက်ချင်နေတာလား"
Hun ကညစ်ကျယ်ကျယ်ပြုံးရင်းမေးသည်။
"ဟုတ်တယ် သူက အဲ့တော့မှ ကြောက်တဲ့အရသာကို သိချင်လာ တယ်။ တစ်ရက်ကျ သူတို့မြို့နားမှာ နတ်မိစ္ဆာတစ်ပါးက သောင်းကျန်းနေတယ်တဲ့။ သိပ်ကြောက်ဖို့ကောင်းအောင်ကို ပုံအမျိုးမျိုးလုပ်ပြတဲ့မိစ္ဆာ။ လူတွေကကြောက်လို့ အသက်ပါပါ သွားကြပေမဲ့ သူကျတော့ကြောက်လို့မရဘူး။ အဲ့ဒါကိုသူမကျေနပ် ဘူး သိလား သူအဲဒီစိတ်နဲ့သေသွားတယ်။ ကြောက်လို့မရလို့တဲ့ လေ။"
"ဟဟဟ ခင်ဗျားပုံပြင်က အဆန်းဗျ"
"အေး ကိုယ်မကြောက်ရလို့သေသွားရင်ဘယ်လိုလုပ်မလဲ Hun လူဆိုတာ အစွန်းရောက်လို့တော့ မကောင်းဘူး လေနော်"
Sehun ကစဉ်းစားလိုက်ရင်း
"ခင်ဗျား ကျွန်တော့်ကိုကြောက်လို့ရတယ်လေ။ အဲ့ဒါအဆင်ပြေ မယ်။ တခြားလူတွေကို ခင်ဗျား သတ္တိရှိရှိ ရင်ဆိုင်ပြီး ကြောက်လန့်မှု ကိုတော့ ကျွန်တော်နဲ့ အသုံးချလို့ရတယ်။ ဘယ်လိုလဲ"
သူ စိတ်ထဲမှာတစ်မျိုးကြီးခံစားလိုက်ရသည်။
"မင်းက ကိုယ့်ကိုနိုင်ချင်တာလားဟင်"
"မဟုတ်ဘူးလေ ကြောက်စရာတစ်ခုခုရှိအောင် စိတ်စွမ်းအားဖြည့် တဲ့ ဘောပေါ့။ ထားပါ နောက်တာပါ"
တကယ် နောက်နေတာမဟုတ်မှန်း သူသိနေမှတော့ဘယ်လိုလုပ် ရမှာလဲ။ မင်းမပြောခင်ကထဲက မင်းကို ကြောက်နေရသူပါ Oh Sehun ရယ်။
"ဘယ်နေ့ပြန်လာမှာလဲ"
"၁ ပတ်လောက်နေရင်"
တကယ်တော့ ဘာမှမရေရာသေးပါ။ တစ်သက်လုံး မတွေ့ရတော့ တာလည်း ဖြစ်နိုင်သည်။
"မငိုနဲ့လေ ကျွတ် ခင်ဗျား မျက်ရည်လွယ်တာလည်း မကြိုက်ဘူး ဗျာ"
"မငိုပါဘူး"
"လိမ်လိုက်ရတော့ စိတ်သက်သာရာရလား။"
"အင်း"
"ဟုတ်ပြီ။ ကျွန်တော် ခင်ဗျားကို အမှန်တိုင်းမပြောတဲ့အခါကျ ခင်ဗျား အပြစ်မတင်ပါနဲ့။ စောစောအိပ်။ လေယာဉ်စီးရတာနဲ့ ပင်ပန်းနေမှာ။ Good Night"
"Hun ခဏလေး"
"ပြော"
"ကိုယ် မင်းကို အရမ်းလွမ်းနေတယ်"
Hun ကပြုံးရင်း screen ကိုနမ်းလိုက်ပြီးမှ
"ကျွန်တော်လည်း ခင်ဗျားလိုပါပဲ။ အိပ်တော့ Hyung"
ဖုန်းချပြီး အတန်ကြာသည်အထိသူ Sehun ပုံလေးတွေကို ပြန် ကြည့်နေမိသည်။
*နှစ် ၇၀၀ တဲ့။မင်းမို့လို့ ရှာရှာကြံကြံ။ ၇ ရက်ဆိုရင်တောင် ကိုယ် သေသွားနိုင်လောက်တယ် သိရဲ့လား လူမိုက်လေးရဲ့*
--------------------------------------------------------------------------------------------------
"မင်္ဂလာပါ ဘွားဘွား။ ကျွန်တော်က Zi Tao ပါ။"
"Huang မျိုးနွယ်ရဲ့ မြေးမလား။ ကြီးလာလိုက်တာ မင်းလည်း ကိုရီးယား သွားနေတာပဲဆို"
အိပ်ရာထဲလဲနေခဲ့ပါတယ်ဆိုတာကို မနည်းကျိန်တွယ် ပြောပြရမည့် အဖြစ်ပါပဲ။ ဘွားဘွားဟာ အခုတော့အစား လည်းစားနိုင်ပြီး ဘီးတပ် ကုလားထိုင် ပေါ်တောင်ထိုင်နိုင်နေပြီ။ သူနဲ့Tao တို့ ဘွားဘွားကို ဥယျာဉ်ထဲ ဝှီးချဲ တွန်းလာကြတာဖြစ်သည်။
"ဟုတ်ပါတယ် ဘွားဘွား။ Lu Ge တို့ကျောင်းမှာပါပဲ။ ဒါနဲ့ ကျွန်တော် မနေ့ကလာမလို့ပါပဲ။ ဘိုးဘိုး နဲ့ ဆေးခန်းသွားရင်း နောက်ကျသွားလို့ ဒီနေ့မှလာဖြစ်တယ်။"
"ထားပါဦး။ မင်းကော ရည်းစားသနာ မရှိဘူးလား"
"ဗျာ"
"ဘွားဘွား Zi Tao ကကလေးပဲရှိသေးတာကို"
သူ ဝင်တားလိုက်ပေမဲ့ မရပါ။
"မင်းလိုဖြစ်သွားမှာစိုးလို့ပေါ့ TaoTao မင်းလည်းသိတယ် မဟုတ်လား"
Tao ကသူ့ကိုအားနာသလိုကြည့်ရင်း "ဟုတ် သိ သိပါတယ်"
"ဖြစ်နိုင်ရင်တော့ မျိုးရိုးကောင်းတဲ့အိမ်တော်တွေက မိန်းကလေး တွေနဲ့ပဲ လက်ဆက်စေချင်တာပါပဲ။ မင်းတို့ တွေက အိမ်တော် ကိုယ်စီရဲ့ဆက်ခံသူတွေပဲ ဆိုတာမမေ့စေချင်ဘူး"
"ဘွားဘွား ဒါကလုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး"
Zi Tao ကတော့ အာပေါင်အာရင်းသန်သန်နဲ့ ကြိတ်လေပြီ။ ဘွားဘွား ခြေထောက်မှာ ဖိနပ်လေးစီးပေး ရင်းကပ်ချွဲနေလေပြီ။ ဒီလိုအကွက်တွေက Taoအဖိုး လူရိုးကြီးနဲ့ အလုပ်မဖြစ်ပေမဲ့ အချော့ကြိုက်သည့် ဘွားဘွား နဲ့တော့ ပနံသင့်သွားပြီ။
"တကယ်တော့ ဘွားဘွားရယ် အဲဒီလိုချစ်ခြင်းမေတ္တာ တွေက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေမဲ့ အံ့သြစရာလည်း မဟုတ်ပါဘူး။ ဒီတိုင်း ချစ်မိသွားတဲ့လူက မိန်းကလေး မဟုတ်တာတစ်ခုပါပဲ။"
သူကတော့ မကြားချင်ယောင်ဆောင်ရင်း စိတ်ထဲကကြိတ်ပြုံးနေ မိသည်။ HuangZi Tao ရဲ့ရှေ့နောက်မကြည့် ပြောတတ်ပုံလေးက ဒီနေရာမှာ အသုံးဝင်ကောင်းရဲ့။
"ဒါက မိသားစုကိုအရှက်ရစေတာပဲ ကောင်လေးရဲ့"
"ဒီလိုတွေးကြည့်လေ။ ဘွားဘွားတို့က သြဇာရှိတဲ့အသိုင်းအဝိုင်းပါ။ ဘွားဘွားတို့က ခါးခါးသီးသီးမဖြစ်ပဲ လက်ခံပေးမယ်ဆိုရင် ဘေးက လူတွေက ဘာပြောနိုင်မှာလဲ။ တကယ်တော့ပတ်ဝန်းကျင်ကို သိပ် ဂရုစိုက် ဖို့မဖြစ်နိုင်ဘူး ဘွားဘွား။ ကျွန်တော်တွေးကြည့််ဖူးတယ်။ ချစ်လျက်နဲ့လက်လွှတ်လိုက်တယ် တို့ဘာတို့ပေါ့ဗျာ အဲ့ဒါမျိုး နားကိုမလည်နိုင်ဘူး။ နောက်ဘဝဘယ်နှခုရှိရှိ ဒီဘဝမှာ ပြီးသွားပြီ ဆိုတာကြီးကိုလက်မခံချင်ဘူး။ ကိုယ်ရှင်သန်နေထိုင်တဲ့ဘဝမှာ ကိုယ်ချစ်ရတဲ့သူနဲ့ပဲနေချင်တာပဲ။ နောက်ဘဝမှာ ကျွန်တော် သူ့ကို ချစ်ချင်မှချစ်တော့မှာ"
သူ Tao ပြောတဲ့စကားတွေကိုနားထောင်ရင်း ပန်းခြံထဲက မက်မွန် ပန်းကလေးတွေကို အကြောင်းပြချက်မရှိ ကိုင်ကြည့်နေမိသည်။ Tao ပြောတာလည်း ဟုတ်တာပါပဲ။ ဘွားဘွားကတော့ စဉ်းစားနေ ပုံရသည်။
"သမင်လေးကတော့ ရှေ့နေကောင်းကောင်းရထားတာပဲ"
သူဘာမှမပြောနိုင်ခင်မှာပဲ Tao ကပြုံးရင်း ဝှီးချဲကိုတွန်းလိုက်ပြီး "အဲ့ဒါပြောတာပေါ့ ဘွားဘွားရဲ့။ အချိန်ရှိတုန်း ဘွားဘွားနဲ့ ဘိုးဘိုး တို့လည်း မူမနေသင့်တော့ဘူး။ ကြားတာတော့ ငယ်ချစ်တွေဆို"
"ဘာ!! Huang မျိုးနွယ်ကဒီလိုပဲပြောသလား"
ဘွားဘွားကို ဒီလိုလေသံနဲ့ဘယ်သူမှမပြောရဲပါ။ သူနဲ့ Zi Tao က တော့ ဘွားဘွားနဲ့ခဏကြာ နေဖူးကြသူ တွေမို့သာ ဒီလိုပြောနိုင်တာ ဖြစ်မည်။
"မှန်းကြည့်တာလေ မဟုတ်ရင်လည်းပြီးတာပါပဲ။"
သူပါရယ်မောမိသွားသည်။ လူကြီးနှစ်ယောက်ကို ပေါက်ကရတွေ ပြောနေတာ Taoအဘိုးသိရင် တုတ်ကောက် နဲ့ပါ အရိုက်ခံနေရဦး မည်။
"ကောင်စုတ်လေး သွား အိမ်ထဲပြန်တွန်းပေး။ ငါလက်ဖက်ရည် သောက်ချိန်ရောက်ပြီ"
"အမိန့်တော်အတိုင်းပါ မယ်တော်ကြီး"
သူက ဘေးကအသာလိုက်လာရင်း Tao နဲ့ဘွားဘွားကိုကြည့်မိ သည်။ သူကကော ဘာဖြစ်လို့များ Tao လို မပျော်ရွှင်နိုင်ရတာလဲ။ Tao ဟာ သူ့ထက်ကလေးဆန်တာတွေ သိပ်ကိုများလွန်းပေမဲ့ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိရှင်းပြရဲသည်။ သူကကော။ သူအဲဒီလောက်သတ္တိမရှိသေးပါ။
"Hyung ပြီးရင် ပြောစရာရှိတယ်"
ခပ်တိုးတိုးပြောလိုက်သံကြောင့် သူစိတ်ထဲထင့်သွားရသည်။ Sehun အကြောင်းများလား။ တကယ်တော့ မနေ့က တစ်နေကုန် သူစောင့်နေပေမဲ့ Sehun ဖုန်းဆက်မလာခဲ့ပါ။ သူကလည်း မဆက်ဖြစ်။ မနေ့က ဖေဖေနဲ့ စကားအချေအတင်ဖြစ်ထားရသဖြင့် သူ Hun ကို ဖုန်းဆက်ဖို့ပါ အချိန်မရှိတော့တာဖြစ်သည်။
--------------------------------------------------------------------------------------------------
"Spider Man Spider Man"
SpiderMan Theme song နဲ့ ဖုန်းမြည်သံကြောင့် Ballet Class ကျောင်းသားအားလုံးပွဲကျသွားကြသည်။ KimJongIn မှာသာ ခြေဖျားထောက်ရာက လဲကျလုလု ရှက်သွားရတာ။
အဲ့ဒါ Oh Sehun ပဲ။ JongIn ရဲ့ဖုန်း Ringtone က အားလုံးအတွက် Nitendo Game စက် Theme အသံ ဖြစ်သည်။ ထို အသံက ကလေးဆန်သည် ဟုဆိုကာ Sehun ကအတင်းယူပြီး SpiderMan theme ပြောင်းခဲ့ တာ။ Oh Sehunက Peter Parker (SpiderMan) ကိုသဘောကျသူပါပဲ။ တကယ်တော့ ဒီ Ring Tone မကြားရတာ လနဲ့ချီနေပြီဖြစ်သည်။ Sehun သူ့ကိုဖုန်းမဆက်တာ အတော်ပင် ကြာခဲ့ပြီ။ သူကလည်း Sehun နဲ့အတူမရှိတဲ့ဘဝမှာ အရာရာကို မေ့ ထားရင်း နေကြည့်နေတာပါပဲ။ သူ အားလုံးကိုရှက်ရယ်ရယ်ပြလိုက်ရင်း ဖုန်းကိုယူကာ အခန်းပြင် သို့ထွက်လာခဲ့ရသည်။ ဒီဖုန်းလေး ကျသွားမှာကို သူစိတ်ပူလှသည်။ Sehun က ဖုန်းစဆက်တယ်တဲ့လား။
"ဟယ်လို"
"JongIn JongIn လား"
Sehun အသံတွေတုန်နေတာသူသတိထားမိသည်။
"ဟုတ်တယ်လေ မင်းဖုန်းမှားဆက်တာလား"
"JongIn ငါ..ငါ့ဆီလာခဲ့ပေးမလားဟင် မင်း..မင်း အခု ခဏ လောက် အချိန်ပေးနိုင်မလား"
သူစိတ်ပူစပြုလာသည်။
"Sehun မင်းဘာဖြစ်တာလဲ"
"ငါတစ်ယောက်ထဲမဖြစ်လို့ပါ။ တောင်းပန်ပါတယ် JongIn ငါမှားခဲ့ တာတွေရှိတာသိပါတယ်။ ဒါပေမဲ့ ခဏလောက်ဖြစ်ဖြစ် လာခဲ့ပေး ပါ နော် JongIn"
"Oh Sehun မင်းစိတ်အေးအေးထားပြီးပြော။ အခုဘယ်မှာလဲ ဘာဖြစ်တာလဲ"
"ဆိုးလ် တက္ကသိုလ်ဆေးရုံ။ ငါ တကယ်မင်းကိုလိုအပ်နေတယ်။ အား.. မင်းလာခဲ့မယ်မဟုတ်လား JongIn"
နောက် နာရီဝက်တွင် သရုပ်ပြပွဲတစ်ခုရှိသည်ကို သူမေ့ထားလိုက်ပါ တော့သည်။
"၁၀ မိနစ်အတွင်းရောက်မယ်။ မင်းဘာမှမလုပ်နဲ့ ကြားလား ငါအခု ထွက်ခဲ့မယ်"
သူ ပိုက်ဆံအိတ်နဲ့ဆိုင်ကယ်သော့ပြေးယူပြီးထွက်လာတော့ သူ့ အတန်းခေါင်းဆောင် Lee TaeMin က လှမ်းအော်သည်။
"မင်းခဏနေရင် သရုပ်ပြပွဲရှိတယ်ဆိုတာမသိဘူးလား"
"သရုပ်ပြပွဲမကလို့ ပြိုင်ပွဲဖြစ်ဖြစ် ဘာကိုမှ ဂရုမစိုက်နိုင် ဘူး"
သူဆိုင်ကယ်ကိုတက်ခွပြီး မောင်းထွက်လာခဲ့သည်။ Oh Sehun လောက် ဘာကများ အရေးကြီးမှာလဲ။
သူ့ကိုလိုအပ်နေတဲ့ Oh Sehun လောက် လေ။
--------------------------------------------------------------------------------------------------
"အစ်ကို့ အိမ်ကဘယ်လိုလဲ"
"မင်းသိတဲ့အတိုင်းပဲလေ Tao ကိုယ့်ကို ဒီမှာမနေနေအောင် ဖိအား ပေးနေကြတယ်"
"အင်း ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"
"ကိုယ် မသိသေးဘူး။ ဒါပေမဲ့ ကိုယ်ဒီမှာ ကြာကြာနေမှာ မဟုတ် ဘူး"
"ကျွန်တော်တစ်ခုမေးလို့ရမလား"
"မေးလေ Tao"
"တကယ်လို့... တကယ်လို့လို့ပြောတာနော်။ Xingဆိုတဲ့လူ ပြန်လာရင် Hyung ဘယ်လိုလုပ်မှာလဲ"
သူဟိုတလောကပဲ အဲဒီအိပ်မက်မျိုးမက်သေးတာပဲ။
"သူ ပြန်မလာပါဘူး Tao အဲ့ဒါသေချာပါတယ်"
"ဘာဖြစ်လို့လဲ"
"Tao သူ့မိသားစုက ကိုယ်တို့အိမ်တော်ထက်ပိုဆိုးတယ်။ မဖြစ်နိုင် ဘူးလေ။ ပြီးတော့ သူက သူ့အဖေကို ပုန်ကန်ရဲတဲ့လူမဟုတ်ဘူး။ သူကော ကိုယ်ကော သတ္တိမရှိခဲ့ကြဘူး။ ဒါပေမဲ့ ကိုယ်က သူနဲ့နေဖို့အရာရာ ကိုစွန့်လွှတ်ခဲ့ပြီး သူက အရာရာအတွက် ကိုယ့် ကိုထားခဲ့ရတယ်။"
"အဲ့ဒါက.."
"ကိုယ်သူ့ကိုအပြစ်တင်တာမဟုတ်ဘူး ဒါပေမဲ့ အင်း ကိုယ် မတွေးချင်တော့ဘူး။ ဘာဖြစ်လို့မေးတာလဲ Tao လက်ထဲက ဘာလဲ"
"ဘာ ဘာမှမဟုတ်ဘူး"
Tao ကစက္ကူစလေးကိုလုံးချေပစ်လိုက်ပါသည်။ အနားသတ် ခေါက်တွန့်လေးက LA ဆိုသည့်ပုံလေးကိုတော့ လှမ်းမြင်ရသေး သည်။ ဘာပါလိမ့်။
"ဒါနဲ့ Oh Sehun အစ်ကို့ကိုဖုန်းဆက်နိုင်လိမ့်မယ်မထင်ဘူး။ အဲ ဖုန်းကိုင်နိုင်လိမ့်မယ်ကို မထင်ဘူး"
"ဘာ ဘာဖြစ်လို့လဲ"
"ဂျူမြောင်း ဆိုတဲ့ ဆရာဝန်လေ"
"JunMyeon မဟုတ်လား"
"အင်း အင်း အဲဒီလူ.. အဲဒီလူအခု ဆေးရုံရောက်နေတယ်။ အရေးပေါ်ခွဲစိတ်နေရတယ်လို့ပြောတယ်။ အခုထိတော့ ဘာမှ မထူးသေးဘူး"
Sehun ကိုအနားလည်ပေးဆုံး အစ်ကို တဲ့။ သူလဲကျနေမှန်းသိရင် ထွက်သွားမှာမဟုတ်ဘူးဆိုတဲ့ အစ်ကို။
"အဲ့ဒါနဲ့"
"အဲ့ဒါ သေချာမသိရပေမဲ့ ဘာပဲဖြစ်ဖြစ် Sehun ကြောင့် ဖြစ်သွား တာပဲထင်တယ်။ စုံစမ်းခိုင်းထားတဲ့ လူက ပြောတော့ Sehun က တနေ့က ဆေးခန်းကိုထပ်သွားတယ်တဲ့။ ခဏကြာတော့ လှေကား ပေါ်ကပြုတ်ကျတဲ့ ခေါင်းဒဏ်ရာနဲ့ JunMyeon ကို အရေးပေါ် ပို့ လိုက်ရပြီး Sehun က တော်တော်တုန်လှုပ်နေတယ်လို့ ပြောတယ်"
"Tao ကိုယ်"
"အစ်ကို အဆင်ပြေရဲ့လား"
"ကိုယ့်ကို အဲဒီလူနဲ့ချိတ်ပေးစမ်းပါ။ Sehun ဘေးနားမှာ Sehun ပြောသမျှအားလုံး အသံဖမ်းပြီး ပို့ပေးဖို့ ပြောပေးပါ။ အခုထက် ၂ ဆ မဟုတ်ဘူး ၅ ဆ ပိုပေးမယ်လို့ပြောလိုက်"
Tao ကသူ့ကိုဘယ်တုန်းကမှမမြင်ဖူးခဲ့တဲ့လူလိုမျိုး ငေးကြည့်နေ ပါသည်။
——————————————————————————————————————
"Hun ဘယ်လိုဖြစ်တာလဲ Hyung ကဘာဖြစ်လို့ခွဲစိတ်ရတာလဲ"
JongIn အရေးပေါ်ခွဲခန်းရှေ့ကိုရောက်သည့်အချိန်မှာ Oh Sehun သည် တုန်ရီစွာဖြင့် ထိုင်နေသည်။ မီးခိုး ရောင် Shirt အင်္ကျီမှာ သွေးတွေက ဒီဇိုင်း ထုတ်ထားသလိုမျိုး ပေရေနေသည်။ Oh Sehun မျက်နှာမှာ တုန်လှုပ်မှုတွေအပြည့်။ သူဒီလောက် ကြောက်ရွံ့နေ သည့် Sehun ပုံရိပ်ကို မမြင်ဖူးခဲ့ပါ။
"JongIn"
"ပြော ပြောလေ Hun ငါရှိတယ်နော်။ ဘာမှမဖြစ်ဘူး"
"ငါ .. ငါ.. Hyung ကိုတမင်တွန်းချတာမဟုတ်ပါဘူး။ ငါ သူ့ကို မတွန်းပါဘူး။ ငါအရှိန်လွန်တာကို Hyungက ဆွဲရင်း အောက်ကို ပြုတ်ကျသွားတာ သူသွေးတွေအများကြီးပဲ JongIn "
"ဘာ ဘာမှမဖြစ်လောက်ပါဘူး Sehun ရဲ့ Hyung က မင်းကို အရမ်းချစ်တာလေ။ သူဘာမှမဖြစ်ပါဘူး"
"ငါ သူ့ကို ဘယ်တုန်းကမှ မသေစေချင်ခဲ့ပါဘူး... သူ"
Sehun ကစကားဆက်မပြောနိုင်တော့ပဲ ကလေးတစ်ယောက်လို ရှိုက်ကြီးတင် ငိုကြွေးနေသည်။ သူ ဘေး ပတ်ဝန်းကျင်ကို မကြည့် နိုင်တော့ပဲ Sehun ကိုသူပွေ့ဖက်ထားလိုက်မိသည်။
"ဘာမှမဖြစ်ဘူးနော် ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ Hyung ဘာမှ မဖြစ်နိုင်ပါဘူး"
"သူ သွေးတွေအရမ်းထွက်နေခဲ့တာ"
ဒီလောက်စိုးရိမ်ပူပန်စရာကောင်းသည့်အခြေအနေမှာ JongIn သည် သူ့သူငယ်ချင်း Oh Sehun ကိုပွေ့ဖက် ထားရင်း ငုံ့ကြည့်နေ မိသည်။ Oh Sehun ရဲ့ပုံစံအစစ်အမှန်ကို ဒီနေ့မှပထမဆုံး မြင်ဖူးခြင်းများ လား ဟု သူတွေးနေမိ၏။
"Oh Sehun! မင်းကို ငါဒီလောက်ပြောထားရက်နဲ့ JunMyeon ကိုဒုက္ခပေးတယ်ဟုတ်လား"
အမျိုးသမီးအသံကြောင့် သူနောက်လှည့်ကြည့်လိုက်တော့ JunMyeon Hyung အရွယ်လောက် အမျိုးသမီး တစ်ဦးက စိတ်လှုပ်ရှားစွာနဲ့ သူတို့ဆီလျှောက်လာနေသည်။ ထို့နောက် Sehun မျက်နှာကို သူ့ရှေ့မှာပဲ ရိုက်ချလိုက်တော့သည်။
"ခင်ဗျားဘာလုပ်တာလဲဗျ"
သူကဒေါသတွေထွက်ပြီး ထူပူသွားပေမဲ့
"JongIn"
မျက်နှာမှာမျက်ရည်တွေပြည့်နေသည့် Sehun ကခေါင်းခါရင်း သူ့ကိုတားသည်။
"Oh Sehun မင်းကို တို့ဒီလောက်ရှင်းပြထားတဲ့ကြားကနေ JunMyeon ကို မင်းလုပ်ရက်တယ်။ သူ တစ်ခုခုဖြစ်သွားရင်"
"တော်ပါတော့!! ကျွန်တော်တောင်းပန်ပါတယ်။ သူဘာမှဖြစ်လို့ မရဘူး။ တောင်းပန်ပါတယ်"
Sehun ကနားနှစ်ဖက်ကိုပိတ်ရင်း ကလေးတစ်ယောက်လို အော် ငိုနေသည်။ သူက ဘာလုပ်ရမှန်းမသိ။ ကြောင်ကြည့်ရုံကလွဲလို့။ ထိုအခါ ဘေးက အမျိုးသမီးက Oh Sehun ကိုခပ်ဖွဖွလေး ဖက်ထားပေးရင်း
"သူဘာမှမဖြစ်နိူင်လောက်ပါဘူး။ တို့တွေစောင့်ကြတာပေါ့ မောင်လေးရယ်"
Kim JongIn သည် ဖြစ်ပျက်သမျှအားလုံးကို ရှုပ်ထွေးရီဝေစွာ ငေးကြည့်နေမိတော့သည်။
--------------------------------------------------------------------------------------------------
TBC
Continue Reading
You'll Also Like
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
107K 4.9K 60
74K 2.4K 97
အချစ်ဆိုတာ လေပြေလေးလိုပဲ ဘယ်အချိန်ဘယ်နေရာကတိုးဝင်လာလိုက်မှန်းမသိရပေမယ့် ကျနော်သတိထားမိလိုက်တဲ့အခါမှာတော့ ရင်ထဲမှာ ထိုလူသားကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်...
84.1K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥