Colors of the Wind [EXO Fanfi...

By HuangnamiKim

6.2K 484 25

လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လ... More

အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30
31
32 - Final
Q & A + Extra
Sehun's Diary - A
Sehun's Diary - B
Sehun's Diary - C
Sehun's Diary - D
Sehun's Diary Part II
Author Note
Extra : Aurora Borealis

19

51 7 0
By HuangnamiKim

ထားခဲ့ခြင်း ထွက်သွားခြင်း တို့ဟာ ချစ်မှုရေးရာမှာ သိပ်အရေးပါတဲ့ အခြင်းအရာတွေလား။

--------------------------------------------------------------------------------------------------

တိုက်ခန်းကလေးရှိရာ ချောင်ကျကျရပ်ကွက်လေးမှာ သူမမျှော်လင့် ထားသောသူတွေ စုပြုံရောက်ရှိ နေလိမ့် မည်ဟု Luhan မထင်ထားခဲ့ ပါ။ Taxi ပေါ်ကဆင်းဆင်းချင်းမှာပဲ ရင်ဆိုင်တွေ့လိုက်ရတာက ကားနှစ်စီး။ အဲဒီ ပေါ်က Tao၊ Kris၊ JongIn နဲ့ သူ မသိတဲ့လူတစ်ဦး။ သို့သော် သန့်ပြန့်ခန့်ညားလွန်းနေသည့် ထိုလူသည်လည်း Sehun နဲ့တစ်စုံတစ်ရာပတ်သက်နေကြောင်း ခံစားနေရသည်။ ထိုသူ၏ ပုံစံကိုက တစ်ဖက်သားအပေါ်မှာ အေးအေးဆေးဆေး လွှမ်းမိုး တတ်မည့်သူမျိုး။ သူ မွန်းကြပ်လာလိုက်တာ။

"မင်းတို့ ဘာလာလုပ်ကြတာလဲ Tao"

အားလုံးကိုမေးလိုက်ချင်ပေမဲ့ သူ Tao နာမည်ပဲတပ်မေးလိုက်ပါ သည်။ Sehun ရဲ့ဧည့်သည်တွေကို သူမေးခွင့် ရှိမရှိ မသိပါ။ Sehun ကမျက်နှာတည်တင်းလျက် ထိုလူတွေကိုစူးစိုက်ကြည့်နေသည်။

"ကျွန်တော် Ge ကိုဆက်သွယ်လို့မရလို့လေ။ မနက်ကလည်း ဖုန်းချ သွားလို့။ ဘယ်သွားနေတာလဲဟင်"

"Tao ကိုယ်တို့ ခဏတဖြုတ် ခရီးသွားတာ မင်းတို့ကို ပြောသွားဖို့ လိုလို့လား"

သူ့စကားကိုကြားတော့ Tao ကအံ့သြသွားပြီး Krisက မျှော်လင့် ထားသည့်ပုံမျိုးနဲ့ရှိုက်ရယ်ရယ်ပါသည်။ တရုတ်လိုပြောလိုက်ကြ သည်မို့ ကျန်လူတွေ နားမလည်နိုင်ပါ။ အားလုံးအကြည့်တွေ က သူတို့ဆီ ရောက်နေ တုန်းမှာ Kris သည် အခွင့်အရေးကို ပယ်ပယ် နယ်နယ်ကြီး အသုံးချပစ်လိုက်ပါသည်။ကားကိုမှီရပ်နေရာမှ Tao ဆီကိုလျှောက်လာရင်း ကိုရီးယား ဘာသာဖြင့် (အားလုံးကြားအောင်) ပြောလိုက်ပြီးမှ Tao ပုခုံးကို ဖက်ကာ ကားထဲသို့ခေါ်သွားသည်။

"ကိုယ်ပြောသားပဲ Tao သူက သူ့ချစ်သူSehun နဲ့အပျော်ခရီး တစ်ခုခုသွားနေတာနေမှာပါလို့။ မင်းဘာဖြစ်လို့ သူ့ကို စိတ်ပူ နေရတာလဲ လာပါ ပြန်ကြစို့"

သူ ဖျတ်ခနဲ မျက်နှာပူသွားရသည်။ Kris Wuပြောလိုက်သည့် လေသံကို သူသိသည်။ ဒါ တမင်...။ JongIn နဲ့ အမည်မသိလူတို့ မျက်နှာပျက်သွားတာမြင်ရလေ Kris Wu တမင်ပြောသွားမှန်း သိသာလေ။ Tao ကဘာမှ မပြောတော့ပဲ ငြိမ်သက်စွာပဲ ကား ပေါ်လိုက်သွားသည့်အတွက်တော့ Luhan စိတ်မကောင်းပါ။ သူ့ကို စိတ်ပူ၍ မေးမှန်းသိနေလျက်နဲ့ စိတ်ရှုပ်ရှုပ်နဲ့ ပြောလိုက်မိခြင်း အတွက် Tao စိတ်ခုသွားလောက်မည်။

"Se...Sehun"

JongIn ရဲ့မရဲတရဲခေါ်သံ။ ဒီကောင်လေးမျက်နှာကနွမ်းဖတ်နေပြီး အသံကလှိုက်နေသည်။ ဘာတွေဖြစ်ထား ကြတာလဲ။

"သွားကြစို့ Hyung"

Sehun က JongIn တို့ကိုရှိနေသည်ဟုပင် သဘောမထားပဲ အပေါ် ထပ်သို့တက်ရန်ပြင်သောအခါ တစ်ချိန်လုံးနောက်မှာ ရပ်နေခဲ့တဲ့ လူက ရှေ့ထွက်လာပါသည်။

"Oh Sehun"

Sehun ခြေလှမ်းတွေတုံ့သွားသည်။ သူလည်း လှမ်းလုဆဲဆဲ ရပ်တံ့ သွားရသည်။ဒီလူရဲ့အသံဟာ နူးညံ့စွာနဲ့ သြဇာလွှမ်းမိုးနေပါလား။ သူကြားဖူးနေသလိုပဲ။

"ခဏတဖြုတ် စကားပြောရအောင်။ မင်းမှာပြောစရာရှိချင်မှ ရှိမှာ ပေမဲ့ ကိုယ့်မှာ ပြောစရာရှိတယ်"

"ပြန်ကြပါ ကျွန်တော်မပြောချင်ဘူး"

"ဟုတ်လား။ ဒါဆို ဒီမှာပြောမယ်။ မင်းတို့ ခရီးထွက်သွားတာပဲ ဖြစ်စေ ဘယ်ကိုသွားတာဖြစ်စေ အိမ်ကို အကြောင်းကြားခဲ့သင့်တယ်မဟုတ်ဘူးလား။ လေးရက်ကျော်လောက်ပျောက်နေပြီး အိမ်ကိုအဆက်အသွယ် မလုပ်တာ ဘာအချိုးလဲ Oh Sehun"

အခုချိန်ထိ ထိုလူသည် သူ့ကိုမကြည့်သေးပဲ Sehun ကိုသာ တစိုက် မတ်မတ်ပြောနေတာဖြစ်သော်လည်း ကြောက်ရွံ့မှုကိုခံစားရသည် မှာ Luhan ဖြစ်နေသည်။ သူ့ကိုများ အပြစ်တင်ချင်နေတာလား။

"ဟက်..." Sehun ကဆံပင်တစ်ချက်သပ်လိုက်ပြီးမှ

"ပြောလည်း ဂရုစိုက်မှာမဟုတ်တဲ့လူတွေကို ကျွန်တော်က ဘာလို့ အသိပေးနေရမှာလဲ Hyung"

Sehun က Hyung လို့ခေါ်လိုက်တာလား။ ဒါသူ့ကိုခေါ်သည့်အသံနဲ့ တကယ်မတူဘူးလား။

"မင်းကို စိတ်ပူနေကြတဲ့လူတွေကို မင်းတစ်ချက်မှ ဂရုစိုက်စရာ မလိုဘူးလို့ထင်နေတဲ့ပုံပဲ။"

ပဋိပက္ခက ပိုကြီးထွားလာတာလား။ ပြီးတော့ အဲ့ဒါသူနဲ့ ခရီးသွား လို့။

"ကျွန်တော်မေးမယ် အဲ့ဒါဆို။ ကျွန်တော့်ကိုစိတ်ပူတဲ့ထဲ ခင်ဗျား ကောပါလား။ အဲ့ဒါက ခင်ဗျားသူငယ်ချင်း လိုမျိုး ဘဝကို အရှုံးပေး သွားမှာစိုးလို့ စိတ်ပူတာလား ဒါမှမဟုတ် စိတ်ပျက်စရာအရှုပ်ထုပ် တစ်ကောင် ခင်ဗျား တို့ကို မနှောင့်ယှက်တော့ပဲ ပျောက်သွားတာ မို့လို့ ပျော်နေတာလား"

Sehun ကိုတခါမှမမြင်ဖူးသည့်ပုံစံနဲ့မြင်ရတာဟာ အသစ်အဆန်း ဖြစ်နေသည်။ စိတ်တွေလှုပ်ရှားပြီး မျက်ရည် တွေ ရစ်သီဝဲ၊အသံတွေ လှိုက်တုန်နေတဲ့ပြောဟန်ဟာ ဒီလူနဲ့မှလား။ အဲ့ဒါဘယ်သူလဲ။

"မင်း တကယ်သိချင်လား"

Sehun ကတုန်လှုပ်နေတာတောင်မှ ထိုလူကတည်ငြိမ်ဆဲ။ Long coat အညိုရောင်ဝတ်ထားတဲ့ အဲဒီလူရဲ့ ပုံစံ ကိုက တည်ငြိမ်နေတာ။ ဘေးက JongIn ကတော့ မျက်နှာမကောင်းရှာပေ။

"ကျွန်တော် နားမထောင်ချင်ဘူး။ ပြန်ကြပါ ခင်ဗျားတို့။"

Sehun ကအထုပ်တွေကိုဆွဲကာ လှေကားပေါ်သို့တက်သွားပါ သည်။ သူကကော ဒီလူတွေကို နှုတ်ဆက်ရ ကောင်းနိုးနိုး တက် သွားရ ကောင်းနိုးနိုး ဇဝေဇဝါဖြစ်နေတုန်းမှာပဲ...

"မင်္ဂလာပါ မင်းက Luhan လား။ တွေ့ရတာဝမ်းသာပါတယ်။ ကိုယ့်နာမည် Kim JunMyeon ပါ။"

လိပ်စာကတ်နဲ့အတူ လာမိတ်ဆက်တော့မှပဲ ဒီလူကSehun ပြောဖူးသည့် Sehun ကိုကို၏သူငယ်ချင်း JunMyeon Hyung ဆိုတာ သိတော့သည်။

"ဟုတ် ဟုတ်ကဲ့။ ကျွန်တော်က Luhan ပါ"

"ကိုယ်က Sehun ရဲ့အုပ်ထိန်းသူဆိုလည်းဟုတ်တယ်။ အစ်ကိုဆို လည်းဟုတ်တယ်။ ကျေးဇူးပြု ပြီး Sehun ကိုဂရုစိုက်ပေးပါ။ သူ့ကို နည်းနည်းလောက် လိုက်ထိန်းပေးဖို့လိုအပ်တယ်"

ဒီစကားတွေဟာ တကယ်ပြောနေတာကောဟုတ်ရဲ့လား။ မင်း Sehun နားမှာရှိမနေနဲ့လို့ပြောချင်တာလား ဟု သူတွေးမိလာသည်။ သို့သော် တည်ငြိမ်သော အသံနှင့် မျက်ဝန်းတွေကို သူ သံသယ မဝင်သင့်ပါ။ သူ ခေါင်းညိတ်ပြလိုက်မိသည်။

"ပြီးတော့ Sehun နေမကောင်းတာပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် ကိုယ့်ကိုအချိန်မရွေးဆက်သွယ်ပေးပါ။"

ထိုလူ၏ လိပ်စာကတ်အရ ဆရာဝန်တစ်ယောက်ဖြစ်ကြောင်း သူ သိထားပါပြီ။ ပြီးတော့ သူနဲ့တခါ ဖုန်းပြောဖူး တဲ့လူဖြစ်ကြောင်း လည်း သတိထားမိလိုက်ပါသည်။

"ခင်ဗျားဘာလုပ်နေတာလဲ Luhan။ ကျွန်တော့်ကိုတံခါးလာဖွင့်ပေး ရမှာ မဟုတ်ဘူးလား။"

စိတ်မရှည်သော Sehun ကလှေကားမှပြန်ဆင်းလာကာ သူ့လက် ကိုဆွဲခေါ်သွားသည်။ သူ့မှာ သေချာပင် မနှုတ်ဆက်ခဲ့ရပါ။ လှေကား နှစ်ထစ်လောက်ရောက်မှ Sehun ကနောက်ကို လှည့် ကြည့်ရင်း မဲ့ပြုံးပြုံးကာ

"Kim JongIn မင်းဖက်မှာ တော်တော်အားကိုးရမဲ့လူရှိနေပြီပဲ။ မင်းတို့တော်တော်အဆင်ပြေနေပြီပေါ့"

ဒီလိုလေသံမျိုး Sehun မပြောသင့်မှန်း သူတောင်နားလည်ပါသည်။ အထူးသဖြင့် ရိုးသားမှန်းသိသာနေသော JongIn နဲ့ JunMyeon တို့ကို Sehun မပြောသင့်ပါ။ ဘယ်သူမှ ဘာမှပြန်မပြောနိုင်ခင်မှာပဲ Sehun ကသူ့လက် ကိုဆွဲကာ လေးလွှာသို့ဒုန်းစိုင်းတက်လာခဲ့ သည်။ တစ်ချက်တစ်ချက်မှာ Sehun ယိုင်နဲ့နေတာကို သူ သတိပြု မိလိုက်ပေမဲ့ Sehun ကဘာမှမဖြစ်ခဲ့ပါ။ သော့ကိုယူကာ တံခါး ဖွင့်နေသော Sehunနောက်မှနေ၍ လှေကား ပြတင်းပေါက်မှ လှမ်း ကြည့်သောအခါ JunMyeon ကားထဲမှာ အကြီးအကျယ် ငိုကြွေး နေသော JongIn နှင့် ပုခုံးဖက်၍နှစ်သိမ့်ပေးနေသော JunMyeon ကိုတွေ့လိုက်ရပါသည်။ သူ့စိတ်ထဲ တင်းကျပ်လာသည်။ သူ Sehun ကိုဘယ်လိုနားလည်ရမလဲ။ သူ့ကိုများ Sehun က ထိုသို့စွပ်စွဲလျင် သူဖြင့် ရူးတောင်သွားနိုင် ပါသည်။

"အ..."

Sehun က ကမူးရှူးထိုးနှင့် အိမ်ထဲသို့ အတင်းဝင်ကာ သန့်စင်ခန်း သို့ပြေးသွားပါသည်။

"ဘာဖြစ်လို့လဲ"

သူသော့ပင်မခတ်နိုင်ပဲ ပြေးလိုက်သွားသောအခါ အကြီးအကျယ် အန်နေသော Sehun ကိုတွေ့လိုက်ရသည်။

"Sehun ဘာဖြစ်လို့လဲ ရရဲ့လား"

Sehun ကမတ်တပ်ထရပ်လိုက်သော်လည်း ချက်ချင်း ယိမ်းယိုင်နေ သည်။ အချိန်မရွေး လဲကျသွားတော့မည့် ပုံဖြစ်သည်။

"မင်း...ဘာဖြစ်တာလဲ"

"တံခါးသွားပိတ်"

အသံက တိုးနေသော်လည်း အမိန့်သံပါပဲ။

"မင်းဆေးခန်းသွားရမယ်မဟုတ်ဘူးလား။ နေဦး ဟိုဒေါက်တာ မပြန်သေးဘူး ကိုယ်သူ့ကို..."

Sehun ကသူ့လက်ကိုအားနဲ့အတင်းဆွဲထားရင်း

"ခင်ဗျားကို တံခါးပိတ်ခိုင်းနေတာ မကြားဘူးလား Luhan သူ့ကို ဘယ်တော့မှမခေါ်နဲ့။ သူ့ကိုခေါ်လိုက်တာနဲ့ ခင်ဗျားကို ထားခဲ့မှာ"

"ဒါပေမဲ့..."

"မခေါ်နဲ့......"

ထိုခဏမှာသူ့လက်ကိုကိုင်ထားရင်းပင် Sehun လဲကျသတိလစ် သွားပါတော့သည်။ အမိန့်သံ၊ ခြိမ်းခြောက်သံ။ ထားခဲ့မယ်တဲ့။ မရဘူးလေ Sehun မင်းကိုယ့်ကိုထားခဲ့လို့ မရဘူးလေ။

သူ Sehun ကိုဖက်ထားကာလှုပ်နှိူးကြည့်ရင်း ငိုကြွေးနေမိသည်။ Sehun မျက်နှာက ချက်ချင်းဖြူဖျော့နေကာ ချွေးစီးတွေနှင့် မေ့မျောလျက်။ ကိုယ်ဘာလုပ်ရမလဲ Oh Sehun။ ကိုယ်ဘာလုပ် နိုင်မှာတဲ့လဲ။

--------------------------------------------------------------------------------------------------

"ကျွန်တော်တို့က ဒီလောက်စိုးရိမ်နေခဲ့တာကို... သူက"

JongIn သည်ရှိုက်၍ရှိုက်၍ငိုရင်း အသံပိုတိုးတိမ်သွားသည်။ သူ ငိုနေမိသည့်နေရာသည် Luhan ၏အိမ်ရှေ့ မှာရပ်ထားသော Dr. JunMyeon ၏ကားပေါ်မှာ ဖြစ်သည်ဟု သိထားတာတောင်မှ သူမရပ်တံ့နိုင်ခဲ့ပါ။

"ကျွန်တော်က သူ ကျွန်တော့်ကြောင့် အိမ်ကထွက်သွားတာလားလို့ ထင်ခဲ့တယ်။ ကျွန်တော့်မှာ သူ့ကြောင့် နာကျင်ခဲ့တာတောင် သူ့ကို စိတ်ပူလွန်းလို့ ရူးမတတ်ပဲ။ အဲ့ဒါကို သူက... Luhan နဲ့အတူ ခရီး တောင်ထွက် လိုက်သေးတယ်တဲ့။ အား... သူဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ"

သူ ဒီလိုအော်ဟစ်ဆိုးသွမ်းတာတွေမလုပ်သင့်မှန်းသိပေမဲ့ သူ အော်ဟစ်ငိုယိုနေမိတော့ JunMyeon Hyung ကသူ့ပုခုံးကို ဆုပ်ကိုင်ပေးရင်းနှစ်သိမ့်ပေး၏။

"မင်းလည်း Sehun ကိုနားလည်တာပဲ JongIn ရယ်။ မင်းကြောင့် သူဆိုးလ် ကနေခဏလောက် ရှောင်နေချင် ခဲ့တာ ဖြစ်မှာပါ။ ပြီးတော့ သူက အထီးကျန်ရမှာ ကြောက်တဲ့ကလေးလေ။ သူတောင်းဆိုလို့ရတာ Luhan တစ်ယောက်ပဲရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်"

"မဟုတ်ဘူး Hyung သူက ကျွန်တော့်ကိုတောင် Hyung နဲ့ စွပ်စွဲလိုက်သေးတာ သူသိရက်သားနဲ့ ကျွန်တော့် နှလုံးသားကို သူသိရဲ့သားနဲ့ဗျာ"

မျက်ရည်တွေက အတားအဆီးမဲ့စွာစီးကျလာသည်။

"JongIn သူမင်းကို စိတ်ထဲကပါလို့ပြောတာ မဟုတ်လောက် ပါဘူး"

"Hyung အဲဒီလိုပဲထင်သလားဟင်။ ကျွန်တော်တော့ မယုံဘူး။ သူ .. သူ့မှာ Luhan ရှိသွားလို့ ကျွန်တော်တို့က အပယ်ခံတွေဖြစ်သွား ရတာ"

သူရှိုက်ငိုနေမိရင်း Hyung ကို ကလေးတစ်ယောက်သဖွယ် ငိုယို တိုင်တန်းနေမိသည်။

"Hyung သူလေ သူ ချစ်တတ်ရဲ့သားနဲ့..."

သူ့စကားအဆုံးမှာ JunMyeon ကသူ့ပုခုံးကိုဖက်ထားပေးရင်း နူးညံ့ စွာပဲပြောပါသည်။

"သူ ချစ်တတ်ပါတယ် JongIn။ ဒါပေမဲ့ သူက ချစ်တတ်ရုံပဲ မဟုတ် ဘူး။ မင်းကိုယ့်ကိုစွပ်စွဲဖူးတာ မှတ်မိလား မင်းကတော့ သူ့ကို ကိုယ့်လိုမထားခဲ့ဘူးဆိုတာလေ။"

မျက်ရည်တွေနဲ့သူ JunMyeon Hyungကို မော့ကြည့်လိုက်တော့ JunMyeon က နားလည်ပေးတတ်သည့် အစ်ကိုကြီးတစ်ယောက် လိုမျိုး ပြုံးပြီးကြည့်နေပါသည်။။(ထိုအကြည့်မှာ နာကျင်မှုနည်း နည်း ကရုဏာ နည်းနည်းလည်းပါမည်ထင်သည်) Hyung ကပြုံးပြရင်း ကားနောက်ကြည့်မှန်မှာ ချိတ်ထားသည့် KeyChain ကလေးကိုတစ်ချက်ကိုင်လှုပ်ကြည့်ပြီးမှ

"ကိုယ်သူ့ကိုမထားခဲ့ချင်ခဲ့ပါဘူး JongIn။ ဒါပေမဲ့ Sehun လိုချင် တာက အဲ့ဒါဖြစ်နေတယ်။ သူ့ကို ထားခဲ့အောင် သူအမျိုးမျိုး ပြုမူတယ်။ သူသိပ်ဆိုးပြခဲ့တာ။ကိုယ် ပထမနားမလည်ခဲ့ဘူး။ Sehun လိုကလေးက ဘာဖြစ်လို့အဲဒီလိုဖြစ်သွားရတာလဲလို့။ ဒါပေမဲ့ ကိုယ်သိလိုက်ချိန်မှာ ကိုယ်ထားခဲ့ဖို့လုပ်ရတော့တယ်။ ကိုယ်အမြဲ သူ့အဝေးကနေ စောင့်ရှောက်ပေးနေရတော့တာပါပဲ။ ကိုယ် သတိထားမိတာတစ်ခုက ကိုယ့်ကိုမှမဟုတ်ဘူး။ သူ လူတော်တော်များများကို အဲဒီလိုလုပ်ခဲ့တယ်။ အခု မင်းကို လုပ်ခဲ့သလိုပေါ့။"

"ဘယ်လို..."

"သူ့ကို ထားခဲ့စေချင်တာ။ အဲ့ဒါ သူ့မသိစိတ်ကဖြစ်ဖြစ် သူဖြစ်စေ ချင်နေတဲ့အရာပဲ JongIn။ ကိုယ် စိတ် မကောင်းပါဘူး"

"သူ ဘာလို့...မဟုတ်ဘူးလေ Hyung Sehun ကအထီးကျန်မှာ အရမ်းကြောက်တာဆို"

"သူကအမြဲစိတ်နှစ်ခွ လွန်ဆွဲနေတာပဲ JongIn...သူ့ကိုထားခဲ့စေချင်တာက တစ်ဖက် သူအထီးကျန်မှာ ကြောက်တာကတစ်ဖက်..။ သူက ချစ်ရုံပဲ ချစ်တတ် တာမဟုတ်သလို သူလိုချင် တာက အချစ်တစ်ခုထဲမှမဟုတ်တာ"

ဘုရားရေ...။

"တကယ်တော့ ကိုယ့်အမှားတွေလည်းပါပါတယ်။ Suho သေဆုံး ပြီးတဲ့နောက်မှာ ကိုယ်သူ့ကို Suhoလို ဖြစ် သွားမှာကြောက်မိခဲ့တာနဲ့ ကိုယ်အရမ်းဂရုစိုက်ခဲ့မိတယ်။ တစ်ယောက်ထဲဖြစ်နေခဲ့တဲ့ ဆယ်ကျော်သက်ကလေး အတွက်တော့မျှော်လင့်ချက်ဖြစ်သွားခဲ့ တယ်ထင်တယ်။ သူမျှော်လင့်သလိုတွေ မဖြစ်လာရင်သူ ဆိုးပြ တော့ တာပဲ။"

သူ ငိုနေတာတောင် ဘယ်ရောက်ကုန်ပြီလည်းမသိ။ သူ ကြောင်တောင်တောင်ဖြစ်သွားတာမြင်တော့ Hyung က Tissue ဘူးထုပ်ပေးရင်း

"သိပ်မတွေးပါနဲ့။ အဲဒီကလေးကြောင့် မင်း အနာကျင်ခံနေရတာ မြင်လို့ ကိုယ်ပြောပြတာပါ။ မင်းသိပ်မခံစား သင့်ဘူး။ ပြီးတော့ ကိုယ် Sehun ကိုတကယ် မထားခဲ့ပါဘူး"

Hyung လည်း သူ့လိုမျိုး အကြာကြီးနာကျင်ခဲ့ရဖူးလား ပြီးတော့ Hyung ကော Sehun ကိုဘယ်လို သဘောထားခဲ့သလဲ။

အဲဒီနေ့က သူ JunMyeon Hyungကို တိတ်ဆိတ်ငြိမ်သက်စွာ ငေးမောကြည့်နေခဲ့မိသည်။ ထားခဲ့ခြင်း မထားခဲ့ခြင်းသည် ချစ်ခြင်းမေတ္တာနဲ့ တိုက်ရိုက်သက်ဆိုင်သော အရာတော့မဟုတ်ပါ။ အခုပဲ သူသည် Oh Sehun ဆိုသာလူသားကို သေလုမတတ် ချစ်လျက်ဖြင့် ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် ဖြစ်သည်။

--------------------------------------------------------------------------------------------------

"ကျွန်တော်တို့ သူ့အိမ်ကိုမသွားလိုက်သင့်ဘူးနော်။ Sehun တော်တော်စိတ်ဆိုးနေတဲ့ပုံ။ Lu Ge တောင်မှ ကျွန်တော့်ကို အော်ထုတ်တာဆိုတော့"

"သိရင်ပြီးတာပဲလေ ကိုယ်ပြောသားပဲ Tao"

"အင်း ကျွန်တော်တို့ကစိတ်ပူလို့လေ။ Yixing ရဲ့ဟိုလူတွေများ တစ်ခုခုပြန်ပေးဆွဲတာဘာညာ လုပ်သလားလို့"

"မင်း Action ကားတွေကြည့်တာများနေပြီ။ သူတို့အဲ့လို မလုပ် ပါဘူး"

"ဒါပေမဲ့ Lu Ge ကျောင်းတုန်းက အရမ်းနှိပ်စက်ခံခဲ့ရတာတဲ့။ JongIn ပြောပြတယ်"

သူသိထားပြီးဖြစ်လျက်နှင့် Tao ပြောပြတာကို နားထောင်နေ မိသည်။

"JongIn တို့ Ballet Class ရဲ့စီနီယာက ကျောင်းတုန်းက ၂ ယောက်လုံးနဲ့သိတာတဲ့။ သူကပြောပြတာ။ Yixing က Lu Ge ကိုအရင်စပြီး ချစ်တာတဲ့။ ပြီးတော့သူတို့နှစ်ယောက်အရမ်း အတွဲ ညီခဲ့တယ်တဲ့။ ကျွန်တော့်ကို တောင်ပြဇာတ် video ပြသေးတယ်။ ဟုတ်တယ်နော် တော်တော်လိုက်တယ်။ သူတို့ အကြည့်တွေက တကယ် ချစ်သက်ဝင်နေခဲ့တဲ့ပုံ"

ချစ်သက်ဝင်တာလောက်နဲ့ ဘာလုပ်ရမှာလဲ လို့ သူစိတ်ထဲက တွေးမိရင်း ကလေးပြောတာကို ခပ်ငေးငေးနဲ့ ဆက်နားထောင် နေမိသည်။

"ဒါပေမဲ့ စီနီယာကပြောတယ်။ Yixing က Luhan ကိုမကာကွယ်ခဲ့ ဘူးတဲ့။ Luhan ကျောင်းအဆောင်မှာနေလို့ ပြီးတော့ သီချင်း ရေး တာထူးချွန်လွန်းလို့ Entတစ်ခုက စာချုပ်လာချုပ်တာ ခံရ တာ ကနေစပြီး YiXing နဲ့တွဲမိ လို့အထိ အများကြီး နှိပ်စက် အနိုင်ကျင့် ခံခဲ့ရတယ်တဲ့။ ဆရာတချို့တောင်မှ လှောင်ပြောင်ခဲ့တယ်လို့ပြော တယ်။ အဲဒီအချိန်တွေမှာ Yixing ကဆယ်ခါတစ်ခါတောင်မှ မကာကွယ်ပေးခဲ့ဘူးတဲ့။ သိတောင်သိရဲ့လားပဲ"

"သူသိပါတယ်"

"ဟင်"

"Yixing သိသားပဲ။ သူကာကွယ်လိုက်ရင် ပိုဆိုးသွားမှာလည်း Yixing သိတယ်။"

"ဟမ်"

"မင်းတို့စီနီယာက ဘေးလူအမြင်နဲ့ပြောတာပါ။ မှန်တော့မှန် ပေမဲ့ Yixing က အဲဒီဆရာတွေကို နယ်ပြောင်း ရအောင် လုပ်ပစ်လိုက် တာတွေ နောက် နှိပ်စက်ကြတဲ့လူတွေထဲကတချို့ကို Luhan ကိုကာကွယ်ဖို့ ပိုက်ဆံပုံ ပေးခဲ့တာတွေ။ အဲ့ဒါကို တခြားလူတွေ သိနိုင်မှာမဟုတ်ဘူး။ Luhan လည်းမသိဘူး။"

"အို"

"Zhang Yixing ကအရူးလိုပဲ။ အရူးနဲ့တူတယ်။ သူ ချစ်တဲ့လူကို ပေါ်ပေါ်တင်တင်ကာကွယ်ပေးလိုက်ရင် သူ့အိမ်ကလူတွေက Luhan ကိုတစစီဖြစ်အောင် ဒုက္ခပေးကြမှာ။ အဲဒီတုန်းက တရုတ်ပြည်က ဆင်းရဲသား ကောင်လေးလို့ သိထားတာကြောင့် လည်းပါမှာပေါ့။ အင်း Yixing ရဲ့အမှားက Luhan ကိုချစ်ခဲ့တာပဲ။"

"ချစ်တာပဲ အမှားရှိရဦးမလား"

"ရှိတာပေါ့။ ဘာမှမလုပ်ပေးနိုင်ပဲ ချစ်တယ် ချစ်တယ်ပဲ ပြောနေ နိုင်တာဟာ မိုက်ရူးရဲဆန်တာပဲ"

Tao ကသူနှင့် ငြင်းခုံချင်ပုံမပေါ်ပါ။ အဲဒီကလေးက အချစ် ဆိုတာ ကြီးကို သိပ်ယုံကြည် ကိုးကွယ်ချင် တာပါလား။

"နောက်တော့ Yixing ကထွက်သွားတယ်တဲ့။ အဲဒီနှစ်က Yixingနဲ့ LuGe တို့က ကျောင်းကိုယ်စားပြု ပြဇာတ်ပြိုင်ရမှာ မပြိုင်ဖြစ် ကြ တော့ဘူးလေ။ Yixing နိုင်ငံခြားထွက်သွားရတာ Luhan ကြောင့် ဆိုပြီး တော်တော်ပြဿနာရှာခံခဲ့ရတယ် ပြောတယ်။ ကျောင်း ခေါင်မိုးကနေ တွဲလောင်းချခံခဲ့ရပြီးနောက် ပျောက်သွားခဲ့တာတဲ့။ ကျွန်တော် နားမလည်တာက Yixingကတကယ်ပဲ Luhan ကိုထားခဲ့တာလား"

"Yixing အဖေအသည်းအသန်ဖြစ်တယ်ဆိုပြီး ပြန်လာဖို့ ခေါ်ခဲ့ ကြတာ။ နှုတ်ဆက်ခွင့်မရလိုက်ဘူး။ Message တစ်စောင်တောင် မပို့နိုင်ခဲ့ဘူးထင်တာပဲ။ အရမ်း ရုတ်တရက်နိုင်သွားတယ်။ ထားခဲ့တာလို့ အမည်တပ်လည်း ရနိူင်ပါတယ်။"

"အဲဒီနောက် Yixing ကLu ge ကိုဆက်သွယ်လို့မရတော့ဘူးပေါ့"

"အင်း ကိုယ့်မေမေက သူ့ဖုန်းကိုသိမ်းထားလိုက်ပြီး Yixing အဖေက Yixing ကိုစနစ်တကျ ပြန်ပုံသွင်းခဲ့တယ် လေ။ ကိုယ်သိတာတော့ အိမ်ထဲ ထောင်ချထားသလိုပဲ"

သူ မဲ့ပြုံးပြုံးရင်း သဘောကျစွာ ရယ်မောလိုက်မိသည်။

"ဘာလို့လဲ"

"အင်း သုံးစားမရတဲ့အနုပညာကျောင်းတက်တယ်။ ပြီးတော့ အရူး တစ်ယောက်လိုမျိုး ချစ်ပြလိုက်လို့ လေ။အဲ့ဒါကလည်း ယောက်ျား တစ်ယောက်ကို"

ထိုစကားကိုကြည့်ပြီး Tao ငိုင်သွားပါသည်။

"အဲ့ဒါ..အမှားတစ်ခုမှမဟုတ်ပဲ"

"အမှားပေါ့ Tao ကိုယ့်မှာကာကွယ်နိုင်စွမ်းအားမရှိပဲ သူရဲကောင်း လုပ်ချင်လို့ဖြစ်တဲ့အမှားပေါ့"

"ကျွန်တော်သိချင်တယ် Ge အဲဒီ Yixing က Lu Ge ကို အခုထိ ချစ်သေးလားဟင် သူဘယ်မှာလဲ"

Tao မေးခွန်းကိုသူတော်တော်နှင့် ပြန်မဖြေဖြစ်လိုက်ပါ။ မိနစ်တွေ ကြာပြီးမှ သူသက်ပြင်းချရင်း

"သူချစ်နေသေးတယ်။ သူကသေတဲ့အထိ Luhan ကိုပဲချစ်မဲ့လူ လေ။ သူ Prague မှာရှိပါတယ်။"

"သိပ်ချစ်လျက်နဲ့ ထားခဲ့မိရတယ်လို့ သူ အရမ်းခံစားရမှာနော်"

"သူ .. ပြန်လာမှာ Tao။ နောက်လ သူပြန်လာတော့မှာ"

မပြောဖို့ဆုံးဖြတ်ထားလျက်ကနေ သူပြောမိသွားတော့ Tao မျက်လုံးကလေး ဝိုင်းသွားပါသည်။

"ဟင် သူကအခုမှဘာလာလုပ်မှာလဲ။ Lu Ge ဘယ်လိုလုပ်မလဲ"

သူ ဘာမှမပြောချင်တော့တာကြောင့် Tao ကိုဆွဲဖက်ထားလိုက်ရင်း

"ကလေး ကိုယ်တို့မတတ်နိုင်တာတွေကို တွေးပူမနေကြစို့နဲ့။ ပြီးတော့ မင်း ဒါကို Luhan ကိုမပြောပြပါနဲ့။ အဲ့ဒါ Luhan Yixing နဲ့ Sehun တို့ပဲဖြေရှင်းရမှာ မင်း Luhan ကိုအပျော်တွေ မပျက်စေချင် ဘူးမလား"

Taoကငြိမ်သက်စွာပဲ သူဖက်ထားတာငြိမ်ခံနေသည်။ သူ ပိုပြီး တင်းကျပ်စွာဖက်ထားလိုက်မိတော့သည်။

*ကလေး ကိုယ်တို့တော့ အဲဒီလိုမကြုံတွေ့ပါရစေနဲ့*

--------------------------------------------------------------------------------------------------

"Hyung"

"အင်း နိုးပြီလား Hun"

Sehun အိပ်ရာထဲမှထထိုင်လိုက်ကာ သူ့ကိုကြည့်နေတော့ သူ ဝင်ထိုင်လိုက်ရင်း နဖူးကိုစမ်းကြည့်ကာ

"ဖျားကောဖျားသေးလား နေလို့သက်သာရဲ့လား"

"ကျွန်တော် သတိလစ်သွားတာ တော်တော်ကြာတာလား။ ၆ နာရီ လောက်တောင်"

"မဟုတ်ဘူးလေ မင်းသိပ်မကြာပဲသတိပြန်ရတော့ ဆေးသောက် လိုက်တယ်လေ။ ပြီးတော့ မင်းအိပ်ပျော် သွားတာ မမှတ်မိဘူးလား"

"မသိဘူး ခေါင်းကိုက်နေတယ်"

"အင်း ညစာစားပြီး တစ်ခုခုသောက်လိုက်နော်"

သူ ထမင်းပန်းကန်တွေထပြင်ဆင်တုန်း Sehun ပြုံးနေတာ မြင် လိုက်ရသဖြင့် ဘာလို့လဲ ဟုမေးလိုက်မိသည်။

"ကျွန်တော့်စကားကိုနားထောင်သားပဲ။ အဲဒီလူကိုမခေါ်ခဲ့ဘူး"

သူရှက်သွားမိသည်။ တကယ်တော့သူ့မှာတော်တော်ဝေခွဲမရ ဖြစ်ခဲ့ ရတာပါပဲ။

"မင်းမသိတာလည်းဖြစ်နိုင်တာပဲ မဟုတ်ဘူးလား Hun ကိုယ်ခေါ် ခဲ့ပြီး သူကပြန်သွားတာဆိုရင်"

Sehun ကအသံထွက်ရယ်လိုက်ရင်း

"အဲဒီလူသာ ကျွန်တော်လဲကျတာသိသွားရင် အခုချိန် ကျွန်တော် ဒီမှာရှိနေမှာမဟုတ်တော့ဘူး။ ပြီးတော့ သူကျွန်တော့်ဘေးမှာ စောင့်နေမှာ။ အဲ့ဒါက ၆ နာရီမကလို့ ၂၄ နာရီဖြစ်ဖြစ်"

သူ ရင်ဘတ်တစ်ချက်အောင့်သွားရသည်။ အစ်ကိုရဲ့ သူငယ်ချင်း ဖြစ်သူဟာ အဲဒီလောက် ဂရုစိုက်ပေးဖို့ လိုသလား။ ပြီးတော့ Sehun ကကော အဲဒီလောက် သိနားလည်နေဖို့လိုလို့လား။

"သြော်.."

"သူ့ကိုမခေါ်လိုက်တာ ကျေးဇူးတင်ပါတယ်"

ဘာဖြစ်လို့လဲ။ ကိုယ်သူ့ကိုခေါ်လိုက်ရင် ဘာဖြစ်သွားနိုင်လို့လဲ။ Sehun နေမကောင်းဖြစ်နေတာကို သူက သဝန်တိုနေစရာ အကြောင်းမရှိပါဘူးလေ။

"ကိုယ် မင်း အသက်အန္တရာယ်ရှိလောက်တယ်ဆိုရင်တော့ မဖြစ်ဖြစ်အောင်ခေါ်မိမှာပဲ"

အဲ့ဒါတော့ စိတ်ရင်းနဲ့ပဲ။

"ဒါပေမဲ့ ကျွန်တော်ဘာမှမဖြစ်ပါဘူး"

Sehun ကအိပ်ရာပေါ်မှထလာပါသည်။ နည်းနည်းတော့ ယိုင် နေသေးသည်။

"မင်း ဘာဖြစ်တာလဲဟင် Sehun။"

"ဘာမှမဟုတ်ဘူး။။ခရီးပန်းတာရယ် ကားမူးတာရယ် ကြားထဲ ဒေါသဖြစ်စရာတွေတွေ့လိုက်ရလို့"

ဒေါသထွက်စရာထဲ သူကောပါနေသေးလား။ မမေးရဲပါ။

"မင်းဆေးစစ်သင့်တယ်ထင်တာပဲ ကိုယ် တကယ်စိတ်ပူတယ်Hun"

"မပူပါနဲ့။ ဘာလဲ ကျွန်တော်အစောကြီးသေသွားမယ်ထင်လို့လား"

"အို.." *ခွမ်း*

သူ ပန်းကန်တောင်လွတ်ကျသွားမိသည့်အခါ Sehun ကသူ့နားကို ချက်ချင်းရောက်လာပါသည်။

"ဘာဖြစ်တာလဲ သတိထားမှပေါ့"

သူ Sehun လည်ပင်းကို အတင်းဆွဲဖက်ထားမိရင်း

"မင်း သေစကားတွေမပြောပါနဲ့လား။ ကိုယ်တကယ်ကြောက်တယ် Hun မင်းထားခဲ့မှာတွေ မင်းတစ်ခုခု ဖြစ်မှာတွေ ကိုယ်အရမ်း ကြောက်တယ်။ ကိုယ်စောစောက ဘယ်လောက်ငိုခဲ့ရသလဲ မင်း သိလား"

Sehun ကမျက်မှောင်ကျူံ့နားထောင်နေရင်းမှ သက်ပြင်းချကာ ပြုံးရင်း သူ့ပါးကလေးကိုတစ်ချက်နမ်းပါသည်။ ပြီးတော့မှ သာသာလေးပြန်ဖက်ထားပေးရင်း

"ဘာဖြစ်လို့ ကြောက်ရတာလဲ။ မဟုတ်တာတွေကို"

"မသိဘူး ကြောက်တယ်။ Hun မင်းကိုယ့်ကိုမထားခဲ့ဘူးလို့ ကတိပေးပါ။ မင်းကိုယ်နဲ့ ထာဝရရှိနေမယ်လို့ ကတိပေးပါ နော်"

သူ Sehun မေးဖျားကိုနမ်းရင်း တောင်းဆိုနေမိသည်။

Oh Sehun မရှိတော့မည့် သူ့ဘဝ ဆိုတာကို သူ မတွေးရဲတော့ လောက်အောင်ကို Sehun ကပြုစားခဲ့ပြီးပါပြီ။ Sehun ကပြုံးလိုက် ရင်း

"ထာဝရက ဘယ်လောက်ကြာသလဲ Hyung"

"အဲ..."

"လူတွေကို တသမတ်ထဲ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားစမ်း ပါနဲ့။ အဲဒီလူတွေကပဲ ခင်ဗျားကို အလွယ်တကူ နာကျင်စေလိမ့် မယ်။ ထာဝရ မဟုတ်ဘူး မနက်ဖြန်မှာတောင် လူတွေ ပြောင်းလဲ တတ်ကြတယ် Hyung"

"မင်းကော"

"ကျွန်တော်လည်း ပြောင်းလဲနိုင်တာပဲ။ ကျွန်တော် ခင်ဗျားနဲ့ ဝေးချင်ဝေးသွားနိုင်တယ်။ ကျွန်တော် ဥတ္တရ အလင်းတန်းတွေ သွားကြည့်ချိန်မှာ ဘေးမှာ ခင်ဗျားမဟုတ်တဲ့ နောက်တစ်ယောက် ရှိနေနိုင်တယ်"

သူ Sehun အင်္ကျီစလေးကိုကိုင်ထားမိရင်း တုန်လှုပ်စွာပြောမိသည်။

"မင်း ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ကိုယ်နာကျင်မှာသိရက်နဲ့"

Sehun ကသူ့မျက်ရည်တွေကို သုတ်ပေးရင်း

"ကျွန်တော်နာကျင်အောင် ခင်ဗျားကငိုနေလို့ပေါ့။ ခင်ဗျားပြန် နာကျင်အောင်ပြောရတာ"

သူ Oh Sehun နှုတ်ခမ်းဖျားလေးကို ထိကပ်နမ်းမိတော့ Sehun ကသူ့ကိုဖက်ကာ ခပ်‌ဖွဖွ‌လေးပြန်တုံ့ပြန်‌သည်။ မျက်ရည်စလေး တွေတောင် မခြောက်သေးတဲ့အခြေအနေမှာ နှုတ်ခမ်းဖျားကလေး တွေနွေးထွေးစေတာ က အချစ် ဟုတ်ပါရဲ့လား။ အဲဒီအချိန်ခဏဟာ ထာဝရ ဆိုသည့်အရာဖြစ်ကောင်း ဖြစ်နိုင် ပါသည်။

--------------------------------------------------------------------------------------------------ဂျယ်ဂျူ မှ အပြန်ကစ၍ သူတို့နှစ်ဦး ချစ်သူတွေဖြစ်ခဲ့ကြပြီ ဟု Luhan ထင်နေခဲ့သော်လည်း ရက်တွေကြာလာ သောအခါ ထိုအမြင်ကို သူသံသယရှိလာခဲ့ပါသည်။ သူနှင့် Hun ကြားမှာ ကတောက်ကဆတွေ အမြဲလို ဖြစ်ပွား နေခဲ့ပြီး အများအားဖြင့် Hun လိုချင်သည့်နေထိုင်မှုပုံစံမှာ သူက အံဝင် ခွင်ကျမဖြစ်ခဲ့သောကြောင့် များသည်။ ပြီးတော့ Hun ၏ အနိုင် လိုချင်မှုတွေကြောင့်လည်း သူတို့ကြားမှာပြသနာတက်ရသည်။

"မင်း JunMyeon Hyung က မင်းနဲ့ဘာတော်တာလဲ"

နူးညံ့သည့် အဲဒီလူ၏အကြည့်တွေကို သူစိတ်ထဲစွဲထင်နေမိသဖြင့် မေးမိသော်လည်း

"ကိုကို့သူငယ်ချင်း"

Sehun က Game ကစားရင်းပြန်ဖြေသည်။ Game ကစားရတာ တော်တော်ကြိုက်သည့် ကလေး။

"သူက အုပ်ထိန်းသူဆိုလို့"

"သူက ကျွန်တော့်မိဘတွေ ကိုယ်စား ကျွန်တော့်ကို လိုက် ဖြေရှင်း ပေးတဲ့သူပါပဲ။ တရားဝင်အုပ်ထိန်းသူတော့ မဟုတ်သေးဘူး"

"ဒါပေမဲ့"

"ခင်ဗျားရဲ့ တရားခံစစ်စစ်တာပြီးရင် ကျွန်တော်မေးမယ်။ ခင်ဗျား ကျောင်းတုန်းက.."

ကျောင်းတုန်းက အစချီသော မေးခွန်းများကို Sehunမေးတိုင်းသူ ဖြေရခက်ပါသည်။ သူ့မှာ Yixing ကို ချစ်မိခဲ့ဖူးတာလည်း အပြစ် ဖြစ်ရပြီး အနိုင်ကျင့်ခံခဲ့ရတာလည်း အပြစ်ဖြစ်ရပြန်ပါသည်။

"ခင်ဗျား ကိုယ်ခံပညာတစ်ခုခုတတ်မှာပါ"

"ဘာလို့လဲ Hun"

"Sun Tzu ဗျူဟာကျမ်းကို ကြေညက်အောင်သင်ခဲ့ရပြီး မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ဆော့ကစားခဲ့ဖူးတဲ့ အသိုင်းအဝိုင်းကကလေးတစ်ယောက်ဟာ ကိုယ်ခံပညာ တတ် သင့်တာပဲ မလား"

Sehun ရဲ့ပါးနပ်မှုကိုသူဘယ်တော့မှမရှောင်လွှဲနိုင်ပါ။ သို့သော် Sehun သည် သူ့အိမ်အကြောင်း တတ်နိုင် သလောက် မမေးခဲ့သလို သူကလည်း မပြောမိအောင်ရှောင်ရှားခဲ့သည်။

"ကိုယ့်ကိုသင်ခိုင်းပေမဲ့ ကိုယ်ဝါသနာမပါဘူး။ Tao ကတော့ ကွန်ဖူး ကစားတယ်။"

"ဟုတ်လား သူကလေ မထင်ရဘူးနော်"

Tao နှင့် Sehun ကြားထဲက Sun Tzu's Art of War ကြောင့် ဖြစ်သည့်ပြသနာလေးကိုလည်း Luhan သတိရ လိုက်မိသေးသည်။ တကယ်ကဘာမှမဟုတ် Tao ကသူ့အိမ်ကိုရောက်လာပြီး တောင်းပန်ခဲ့ချိန်မှာ Sehun ကရှိ နေခဲ့သည်။ စကားစပ်မိရင်း Sun Tzu's Art of War အကြောင်း ရောက်သွားသောအခါ Sehun က တော်တော် ပိုင်နိုင်စွာပြောပြဆွေးနွေးနိုင်သည်။ သူက ငြိမ်ငြိမ်က လေး နားထောင်နိူင်သော်လည်း ပြဿနာက Tao ဖြစ်သည်။ Sehunနားလည်မှုလွဲနေသည့်စာပိုဒ် ကို ထောက်ပြလိုက်ရာမှ Sehun ဒေါသထွက်သွားသည်။

"ဘယ်တတ်နိုင်မလဲ။ ငါတို့က ငယ်ငယ်ကထဲက ဒီကျမ်းကို သေချာသင်ယူရတာ။ အိမ်တော်တွေမှာ မဖြစ်မနေ သင်ရတဲ့ စာအုပ်တွေထဲပါတယ်"

Tao ကခပ်ပေါ့ပေါ့ပြောလိုက်သော်လည်း Sehun က တော်တော် လေး တေးမှတ်ထားခဲ့သည်။ ထိုအချိန်ကထဲ က Luhan သတိထား မိသည်က Sehun သည် အမြဲအနိုင်လိုချင်သောသူဖြစ်ပြီး ကိုယ့်ကို ကိုယ်အထင်ကြီး သောသူဖြစ်သည်။ အနိုင်လိုချင်သော ချစ်သူကို သူအမြဲအလျှော့ပေးဖို့ ဆုံးဖြတ်ထားတာဟာ မှားမည်မထင်ပါ။ သို့သော်..,။

——————————————————————————————————————

Oh Sehun အမြင်ကြည်စေရန်အတွက် တစ်ဦးထဲသောမိတ်ဆွေ Tao ကို (တစ်ဖက်သတ်)စွန့်လွှတ်ခဲ့သည့် Luhan ကြုံတွေ့ လိုက် ရသည့် အကြီးကျယ်ဆုံးကတောက်ကဆမှာ အနက်ရောင် Canon EOS 5D ကင်မရာ လေး လက်ဆောင် ပေးမိရာမှအစပြုခဲ့သည်။

ထိုနေ့က Sehun က ပန်းခြံထဲစက်ဘီးစီးကြဖို့လာခေါ်သောအခါ သူက အနီရောင် Packing ပိတ်ထားသော လက်ဆောင်ဘူးကို ကြည်နူးစွာဖြင့် ပေးလိုက်မိသည်။ ထုံးစံအတိုင်း မျက်မှောင်ကျုံ့ လျက်

"အဲ့ဒါဘာလဲ ဒီနေ့ဘာနေ့မို့လို့လဲ"

ဘာနေ့မှတော့မဟုတ်ပါ။ Oh Sehun ကိုပို၍ ပို၍ ချစ်နေမိသော နေ့ရက်တစ်ရက် သို့မဟုတ် ကင်မရာ ကို Delivery လာပို့ပေးပြီး နေ့ရက်သာဖြစ်ပါလိမ့်မည်။ စိတ်မြန်လက်မြန်ရှိသော Sehun ကသူသေချာထုပ်ပိုးထား ရသော စက္ကူ တွေကိုဆွဲဖြဲပစ်လိုက်ပြီး ပစ္စည်းကိုဆွဲထုတ်လိုက်ပါသည်။ သူအမြင်ချင်ခဲ့ဆုံးသောSehun အပြုံးတို့ကိုတွေ့ရတော့မည် ဟုမျှော်လင့်ချက်ထားခဲ့မိသောသူ သည် Sehun ၏ ဒေါသကိုသာ ရင်ဆိုင် လိုက်ရသည်။

"အဲ့ဒါဘာလဲ။ ဘာသဘောနဲ့ပေးတာလဲ Luhan"

"မင်းလိုချင်တဲ့ ကင်မရာ လေ။ အဲ့ဒါက Limited Edition အလုံးပဲ။ မင်းပြောပြဖူးတဲ့ Model နံပါတ်အတိုင်းကို ကိုယ် Limited..."

"ခင်ဗျားဘာသဘောနဲ့ ပေးတာလဲ လို့မေးနေတာ!!"

"မင်း လိုချင်တဲ့အရာတစ်ခုကို ကိုယ်ဖြည့်ဆည်းပေးချင်တာလေ။ အဲ့ဒါကိုယ်ဘာမှားသွားလို့လဲ Hun"

"ခင်ဗျားကို ကျွန်တော်ဝယ်ပေးခိုင်းဖူးလား!!"

"ဒါပေမဲ့ ကိုယ်ဝယ်ပေးချင်တယ်"

"ခင်ဗျားမှာ ပိုက်ဆံတွေရှိတာ ကျွန်တော်သိတယ် Luhan။ အဲဒီ စောက်ရေးမပါတဲ့ ချမ်းသာမှုကြီးနဲ့ ကျွန်တော့် အိပ်မက်ကို မရိုက်ချိုးစမ်းပါနဲ့!!!"

အိပ်မက်.. အိပ်မက် ဆိုတာမှာ မင်းရဲ့ချစ်သူက မင်းကို ချစ်သက်လက်ဆောင်ပေးတာလို့ကော ပါလို့မရဘူးလား Hun။

"ကိုယ်တို့နှစ်ယောက်ရဲ့အိပ်မက်တွေတူတူ အကောင်အထည် ဖော်ကြမယ်လို့ပြောခဲ့တာပဲ။ မင်းရဲ့ ပထမဆုံး အိပ်မက်အတွက် ကိုယ်ကဖြည့်ဆည်းပေးနိုင်ခဲ့ရင် မင်းရဲ့နောက်အိပ်မက်တွေကို ပိုပြီးမြန်မြန် အကောင် အထည် ဖော်လို့မရဘူးလား"

နာကျင်နေသည့်ကြားမှ သူ Sehun ကိုအလေးအနက် နားချ နေမိသည်။

"တော်စမ်းပါ။ ခင်ဗျားရဲ့ ဘာမှအရေးမပါတဲ့ပြဇာတ်တွေ ဂီတတွေ ထဲ ကျွန်တော့်ကိုဆွဲသွင်းဖို့ မစဉ်းစားစမ်း ပါနဲ့။ အထူးသဖြင့် ကျွန်တော့်အိပ်မက်တွေကို ခင်ဗျားလုပ်ပေးနိုင်ပြီလို့ ဘယ်တော့မှ မစဉ်းစားလိုက်နဲ့"

ကင်မရာဘူးကို သူ့လက်ထဲခပ်ကြမ်းကြမ်းပြန်ထည့်ရင်း လှည့်ထွက် သွားသည့် Sehun ကိုသူအံကြိတ်၍ မေးမိသည်။

"မင်း ကိုယ့်ကိုမချစ်ဘူးလား Oh Sehun"

Sehun က တံခါးဝမှာ ခဏရပ်သွားသည်။မီးခိုးရောင် Sweater လက်ရှည်သည် Sehunကိုပိုပြီး ရင့်ကျက်မှိုင်းညို့စေသည်။

"အဲဒီမေးခွန်းကို ဒီအချိန်မှာ ခင်ဗျားမမေးသင့်ဘူး Hyung"

ကင်မရာလေးကိုကိုင်ပြီး သူကျန်ရစ်ခဲ့ချိန်မှာ Sehunထွက်သွားပြီး လေပြီ။ အိပ်မက်တွေ ပေါင်းစပ်လို့မရတဲ့လူ နှစ်ယောက်ဟာ ထာဝရ အတူနေနိုင်မယ်တဲ့လား။

အဲဒီညပဲ သူအကြီးအကျယ်ဖျားပါတော့သည်။ ဘာကိုမှမစားဖြစ် ဘာမှမလုပ်ဖြစ်ပဲ သူအိပ်ရာထဲမှာ ကိုက်ခဲနာကျင်စွာလဲနေမိသည်။ အရေးမပါတဲ့ ပြဇာတ်တွေ တဲ့။ Oh Sehun ဟာ ဖေဖေ နဲ့သိပ် တူတာပဲ။ တရုတ်ပြည်ရဲ့ထိပ်တန်း ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဖေဖေ တောင် Oh Sehun လောက် သူ့အပေါ်လွှမ်းမိုးနိုင်တော့မှာ လားပဲ။ သူ မျက်ရည်တွေစီးကျလာပြီး အရာအားလုံးဝေဝါးသွားတာပဲ မှတ်မိပါတော့သည်။

--------------------------------------------------------------------------------------------------

"သူ ဘယ်လိုနေသေးလဲ"

"အားနည်းနေသေးတယ် စိတ်ဖိစီးမှုများနေပုံပဲ"

Hun အသံလား။ သူလက်တွေလှုပ်ကြည့်လိုက်တော့ လက်နွေးနွေး ကလေးကလာရောက်ဆုပ်ကိုင်ပေးထား တာခံစားမိသည်။ ဒါ Hun ပါပဲ။

"Hyung နေကောင်းအောင်နေမှပေါ့။ ကျွန်တော်တို့ လုပ်စရာ တွေအများကြီးရှိသေးတယ်"

Hun အသံတိုးတိုးလေး ကိုယ်မသေပါဘူး Hunရယ်။ ဘာဖြစ်လို့များ အချိန်နည်းနည်းပဲကျန်တော့သလို ပြောနေရတာလဲ။

"Hyung ဒီလောက်ထိဖြစ်သွားရလားဟင်။ ကျွန်တော် တောင်းပန် ပါတယ်။ အဲဒီလောက်စိတ်ပျော့တာ ကျွန်တော် မကြိုက်ဘူး"

Hun ကသူ့လက်ကိုကိုင်ထားရင်း ခပ်တိုးတိုးလေးတွေ ပြောနေတာ ကို သူကြားတစ်ချက် မကြားတစ်ချက် ခံစားနေရသည်။

"ချစ်တယ်" ဒါ အမှန်ပဲလား။

သတိကောင်းကောင်းရပြီးစကားပြောနိုင်ရင် Hun ကိုကင်မရာကိစ္စ တောင်းပန်ဖို့ဆုံးဖြတ်လိုက်သော်လည်းသူ ပထမဆုံးသတိရချိန်မှာ Sehun သည် ကင်မရာကလေးကိုင်ထားရင်း ပြုံးနေပါသည်။

"သတိရပြီလား Hyung"

"Hun"

Flash မီးဖျတ်ခနဲဖွင့်သွားတော့ သူလန့်သွားမိသည်။ မျက်လုံးပြန် ဖွင့်ကြည့်တော့ Hun ကသူ့လက်ကိုကိုင်ရင်း ပြုံးကြည့်နေသည်။

"မလန့်ပါနဲ့ Hyung ရဲ့မျက်ဝန်းတွေ အရမ်းလှလို့ ကျွန်တော် သိမ်းထားချင်တာ"

သူ ဓာတ်ပုံရိုက်လိုက်တာလား။

"ကျွန်တော် ဒီ ကင်မရာ လေးကို တန်ဖိုးထားပါ့မယ်"

သူကြည်နူးသွားမိသည်။ အဲဒီနေ့ကသာ တခါထဲ တန်ဖိုးထားခဲ့ရင် ဘယ်လောက်ကောင်းမလဲနော်။

"ကိုယ်တို့ ဓာတ်ပုံတွေအများကြီးရိုက်ကြမယ်မလားဟင်"

သူ့အသံက အက်ကွဲကွဲအသံလိုဖြစ်နေသည်။ လည်ချောင်းတွေ နာနေတုန်းပဲ။ Sehun က လူနာကုတင် ပေါ်ကသူ့ဆံပင်လေးကို အသာလေးသပ်ပေးရင်း နဖူးကိုနမ်းရှိုက်လိုက်ပြီးမှ

"အဲ့ဒါ ခင်ဗျားတစ်ယောက်အတွက်ပဲ။"

ဟုတိုးတိုးကလေးပြော လေသည်။

ထိုစကားကို Sehun တည်ခဲ့ပါသည်။ သူ အဆုတ်အအေးမိတာ မသက်သာသေး၍ ဆေးရုံမှာရှိနေစဉ်မှာကော ဆေးရုံကဆင်းသော အခါတွင်ကော Sehun သည် သူ့လှုပ်ရှားမှုမှန်သမျှ နီးနီးကို ဓာတ်ပုံ ရိုက်လေ့ရှိသည်။

"သိလား ခင်ဗျားကအရမ်းလှတယ် Hyung။ ကျွန်တော့်ပုံတွေကို နောက်ကျလူတွေလေလံတင်ကြရင် ကျွန်တော်တော့ သဝန်တိုလို့ သေမှာပဲ" ဟု ပြောသောအခါ သူ Sehun ကိုချစ်လွန်း၍ နမ်းချင် စိတ်တွေပင် ဖြစ်လာသည်။

"မင်း ဓာတ်ပုံသတင်းထောက်လုပ်ရင် ရိုက်ဖို့ထားတာလေ။ ကိုယ့်ပုံ တွေနဲ့ချည်းပြည့်နေလို့ ဘယ်ဖြစ်မလဲ"

"ဖြစ်ပါတယ် Hyung ပုံက ပထမဆုံးဖြစ်သလို ဒီကင်မရာ ဟာ Hyung တစ်ယောက်ထဲအတွက်ပဲ။ အဲ့ဒါကြောင့် နေကောင်းအောင် နေပါ။ ဆေးရုံကဆင်းတာနဲ့ လှတဲ့နေရာတွေ အကုန်သွားရိုက်ကြ မယ်"

ဆေးရုံကဆင်းသောအခါ Sehun က တကယ်ပင် ဆိုးလ် မြို့ တစ်ပတ်ကိုခေါ်သွားပြီး သူ့ကို စိတ်တိုင်း ကျဓာတ်ပုံရိုက်လေသည်။

"ရေခဲမုန့်တွေမစားရပါဘူး ခင်ဗျားနဲ့မတည့်ဘူးလေ"

"အစားစားချိန်ကလည်း မမှန်ဘူး။"

"အနွေးထည်က ဘာဖြစ်လို့ ဝတ်မလာပြန်တာလဲ။"

သူ Sehun ဂရုစိုက်မှုတွေကြားမှာ Sehun ရဲ့အရင်က ပြောစကား တွေကို မေ့ပစ်နိုင်ခဲ့ပါသည်။

"Hun"

"ပြောလေ"

သူ အလေးအနက်မေးချင်ခဲ့တာရှိသည်။ သူသတိလစ်နေစဉ်မှာ ချစ်တယ် ဆိုတဲ့စကားသံကလေး သူ ကြားလိုက်ရတာ အိပ်မက်လား တကယ်လား ဟုသူမေးချင်ခဲ့သည်။ သို့သော် Sehun ငြင်းပယ် လိုက်မှာ သူကြောက်လွန်းပါသည်။

"ကိုယ်..ဘာမှမဟုတ်တော့ပါဘူး"

"ပြောစမ်းပါ"

"သြော်..ဟို..မင်း ကိုယ့်ကို ဆေးရုံကို ခေါ်သွားခဲ့တာဆိုတော့ မင်းကိုယ့်အိမ်ကိုထပ်လာခဲ့တာပေါ့.."

"အဲ့ဒါမေးဖို့အတွက်လား"

"ကိုယ်သိချင်လို့ပါ။ မင်းသာမလာခဲ့ရင် ကိုယ်သေသွားလောက်ပြီ နော်"

Sehun မျက်နှာက ချက်ချင်းတည်သွားသည်။

"သေရဲသေကြည့်လေ။ ခင်ဗျားကို ကျွန်တော်ထားခဲ့မှာ"

"အို သေသွားတဲ့သူကိုပဲ မင်းကထားခဲ့ဦးမှာလား"

"ရတာပေါ့ ကျွန်တော်ကလူ့လောကကြီးမှာ သေသေချာချာ ပျော်ရွှင်ပြီးရှင်သန်ပစ်မှာလေ။ ကျွန်တော့်ကိုကို ကို ကျွန်တော် မေ့ထားလိုက်သလိုပေါ့။ သေဆုံးသွားတဲ့လူတွေကို ထားခဲ့ဖို့က အလွယ်ဆုံးပဲ"

"Hun!!"

"ကျွန်တော်မလုပ်ဘူးမထင်နဲ့။ အဲ့ဒါကြောင့် ခင်ဗျား ပေါက်ကရ တွေမတွေးစမ်းပါနဲ့ Hyung"

Sehun စကားတွေမှာ သူတစ်စုံတစ်ရာကို သိချင်လာသည်။

"မင်း မင်းကော မင်း ကိုကိုလို သတ်သေဖို့ကြိုးစားဖူးလားဟင်"

Sehun ကသူ့ကိုငေးစိုက်ကြည့်ပြီးမှ

"တစ်ခါနှစ်ခါ ကြိုးစားဖူးတယ်"

"ဟင်..." သူ Sehun လက်ကိုအတင်းဆုပ်ထားမိတော့ Sehun ကရယ်ရင်း

"ဒါပေမဲ့ ကျွန်တော် သေရမှာကြောက်တယ်။ ရုပ်ပျက်ဆင်းပျက် မသေချင်ပါဘူး"

"Hun ရယ်"

"အင်း ဒါပေမဲ့.. "

Sehun ကစကားစ ရပ်ထားလိုက်ပါသည်။

"မှောင်နေပြီ။ ပြန်ရအောင်"

အဲဒီညက သူ တော်တော်နဲ့အိပ်မပျော်ခဲ့ပါ။ သူနဲ့ Sehun တို့ကြားက နီးကပ်မှုတွေမှာ နံရံတွေခြားနေသေးတယ် ဟုသူတွေးမိနေသည်။ ထိုနံရံတွေထဲမှာ ဆေးရုံတုန်းက လူနာဖြစ်သူသူ့ထက် Sehun ကိုပဲ ဂရုစိုက်နေခဲ့သော Dr.Kim JunMyeon ၏ ဖြစ်တည်မှုက အထူထဲဆုံးနံရံဖြစ်ကြောင်း သူ သိပ်မကြာခင် သိရှိလိုက်ရသည်။

--------------------------------------------------------------------------------------------------

TBC

Continue Reading

You'll Also Like

5.6K 339 21
Title - ထုံးဖွဲ့ချည်နှောင်ထားသော ဒီမေတ္တာနှောင်ကြိုး လင်းသော်တာမောင် ××× ခွန်းဇေဋ္ဌ _________________________ Title - ထုံးဖွဲ့ချည်နှောင်ထားသော ဒီမေတ္တာ...
449K 34.1K 47
နှစ်ပေါင်းများစွာကွဲကွာနေကြသော အမွှာညီအစ်ကိုနှစ်ယောက် ရှေးရိုးရာ နဲ့ ရှေးရိုးဂုဏ် မတော်တဆမှုတစ်ခုကြောင့် ကိုမာဝင်သွားသော ညီဖြစ်သူ၏ နေရာသို့ အစားထိုးဝင်...
871K 35.8K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)
407K 31.1K 44
မုသားဟု ဆိုရာ၌..........