Colors of the Wind [EXO Fanfi...

Par HuangnamiKim

5.4K 473 25

လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လ... Plus

အမှာစာ
1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32 - Final
Q & A + Extra
Sehun's Diary - A
Sehun's Diary - B
Sehun's Diary - C
Sehun's Diary - D
Sehun's Diary Part II
Author Note
Extra : Aurora Borealis

9

55 10 0
Par HuangnamiKim

အတန်းနောက်ဆုံးမှာ မှောက်အိပ်နေသောသူငယ်ချင်းကို ငဲ့ကြည့် ရင်း Jong In ရင်ထဲမှာတစ်မျိုးဖြစ်နေသည်။ ကျောင်းလေ့လာရေး ခရီးမှအပြန် ည ၁၀ နာရီဆိုတာသိပ် နောက်ကျတဲ့အချိန်တော့ မဟုတ်။ ပြီးတော့ ဒီနေ့ကျောင်းကလည်း မနက်ချိန်ဖျက်ပေးပြီး နေ့ခင်းတစ်ချိန်ပဲခေါ်တာ။ ဒါပေမဲ့ တစ်ညလုံး မအိပ်ရသေးတဲ့ မျက်နှာနဲ့ ပေါ်လာပြီး sign ထိုးပြီးကထဲက နောက်ဆုံးမှာ သွားအိပ် နေတဲ့ Sehun ကို သူဘယ်လို တွေးပေးရ မလဲ။ ပြီးတော့ မနေ့က Sehun တစ်ယောက် ဟိုအရူးလေးဆီmessage ပို့တာသူ ဖျတ်ခနဲ မြင်လိုက်ရသည်။ ဘာလဲ ဘာများလဲ။ မနေ့ညက အဲဒီအရူးလေး ဆိုတဲ့လူရဲ့အိမ်မှာ ဘာသွားလုပ်ခဲ့တာလဲ။

*မဟုတ်တာ* ပေါက်ကရဖြစ်နိုင်ခြေတွေ ခေါင်းထဲရောက်လာတော့ သူအလန့်တကြားခေါင်းခါလိုက်မိရင်း ကိုယ့်ကိုကိုယ်လည်း ကျိန်ဆဲ မိသွားသည်။ ဒီလိုတွေတွေးစရာလား။

"ခဏနေရင် ဒီပုံစံအတိုင်း ဆရာလိုက်စစ်မယ်။ ဆွဲထားကြ"

ဆရာကအတန်းရှေ့မှအော်တော့ သူ Sehun ကိုနှိုးဖို့ကြည့်လိုက် သည်။ စာရေးစားပွဲပေါ်ခေါင်းလေးတင်ရင်း အိပ်ပျော်နေသော Sehun ၏ မေးချွန်ချွန်ကလေးက Sehun ကိုပိုမိုခန့်ညားအောင် ပံ့ပိုးနေသည်ဟု သူထင်သည်။ ထားပါ။ ၅ မိနစ် ၁၀ မိနစ်ဖြစ်ဖြစ် ပိုအိပ်လိုက်ရင် Sehun စိတ်လက်ကြည်သာသွားမှာ။

Whiteboard ပေါ်ကပုံကို ကိုယ့်စာအုပ်ထဲဖြစ်သလိုကူးဆွဲလိုက်ရင်း caption တပ်ပြီးတာနဲ့ Sehun မေးစေ့အောက်က စာအုပ်ကိုယူပြီး သေသေချာချာဆွဲပေးရင်း လှလှပပ ပေတံနှင့် Caption ထိုးပေး လိုက်သည်။ အားရကျေနပ်စွာကြည့်ပြီးမှ Sehun ကိုနှိုးဖို့အလုပ် စာအုပ်ကအရှိန်နဲ့ ပွင့်လျက်သား အောက်ကျသွား၏။ စာအုပ် နောက်ဆုံးမှာ ဟိုတစ်လုံးဒီတစ်လုံး ရေးထားသော ပေါက်ကရ စာလုံးတွေ သေနတ်ပုံတွေကပါသေးသည်။ US Navy ဆိုပြီး Star ပြထားသည့် ကြောင်ခြစ်ပုံတွေ

"ဟင်"

ပန်းပွင့်တစ်ပွင့်ပန်ထားပုံရသော မျက်နှာတစ်ခု။ မျက်လွှာပိတ်ထား ပုံရသော ရိုးရှင်းသောမျက်နှာမှာ အသက် ဝင်နေတာကပန်းကလေး သေချာကြည့်တော့ အလွှာ ၅ ခုကြားက ဝတ်ဆံနှင့် ဆာကူရာ ပန်း။ ပုံဆွဲရ တာပျင်း တယ် လူပုံတွေဆိုပိုဆိုးတယ် ဆိုပြီးသူ့ကိုပြောခဲ့တဲ့ Sehun က ဒီပန်းပန်ထားသောမျက်နှာကို ဘာ ရည်ရွယ်ချက်နဲ့ ဆွဲတာလဲ။ နှုတ်ခမ်းလေးဆွဲထားတာ အသက်ဝင်လိုက်တာ။ ဒါဟာ ယောက်ျားလေးလား မိန်းမလေးလား။ ဆံပင်တွေရှေ့ကို ဝဲကျနေ ပုံက မိန်းကလေးတစ်ယောက်တော့မဖြစ်နိုင်။

နေပါဦး၊ ဟို အရူးကလေး များလား။ အရူးကလေး ဆိုတာ အဲဒီလို ချောတဲ့လူလား။ ရင်ထဲဘာကို စိုးထိတ် သွားမှန်းမသိ။

"ပြီးပြီလားဟေ့"

ဆရာ့အသံကြီးကြားမှ သူသတိဝင်လာပြီး စာအုပ်ကိုစားပွဲပေါ် တင်ရင်း Sehun ကိုနှိုးလိုက်သည်။

"Sehun ထတော့လေ ဆရာလိုက်စစ်တော့မယ်"

"ဟင်....အင်း" မထချင်ထချင်နဲ့ထလိုက်သော Sehun ကို သူကပဲ အလိုက်သိစွာ Wet Tissue ပေးတော့ မျက်နှာအနှံ့ကို သုတ်ပစ်ရင်း အကြောတစ်ချက်ဆန့်ကာ "ကျေးဇူး KimKai"

"ဘာကိုလဲ"

Sehun က သွားဖုံးလေးတွေပေါ်တဲ့အထိရယ်ရင်း "မင်းပုံဆွဲပေးထားမယ်ဆိုတာငါသိတယ်လို့။ အဲ့ဒါကြောင့် ချစ်တာ။ မင်းမရှိရင် ငါတော့ ဒုက္ခပဲ KimKai"

ကျေးဇူးတင်စကားကိုရိုးရိုးမပြောပဲ ကိုယ့်ဆံပင်တွေကိုလှမ်းဖွရင်း ခပ်ပြုံးပြုံးပြောသည့် Oh Sehun ကိုသူ ဘာချေပရမည်မသိတော့ပဲ ပါးစပ်အဟောင်းသားနဲ့သာ ငေးကြည့်နေမိတော့သည်။ နှစ်ယောက်ထဲမှာ တစ်ယောက်မရှိရင် တကယ်ဒုက္ခရောက်မှာ ဘယ်သူလဲ ဟု သေချာသိနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

--------------------------------------------------------------------------------------------------"Kris ရယ် မင်းကိုကျေးဇူးတင်ပါတယ်။ မင်းသာမရှိရင်"

တချိန်လုံးမျက်နှာငုံ့ထားသော Tao ကိုဘေးမှာထားပြီး ဒီလိုစကားတွေနားထောင်နေရတာ သူတော့မျက်နှာပူ လှသည်။ သူ့ကို ရွဲ့ချင်တာမဟုတ်ရင် Tao ပြန်လာမှာ ဆိုတာသိသိကြီးနဲ့ ဥက္ကဌ ကြီးက ဒီလိုချီးကျူးနေတာ နေရခက်လိုက်တာ။

"Tao မင်း ဒီနေ့ကစပြီး ဘယ်သွားသွား Kris Wu ကိုဖြစ်ဖြစ် ပြော သွားနော်။ ကြားလား"

Tao ဘာစကားမှ ပြန်မပြောတာကိုလည်း သူအံ့သြလို့မဆုံး။ သူ့မှာ မနေ့ည ကအဖြစ်အပျက်အတွက် Tao ကိုသူ့အဘိုး စိတ်မကွက်ရ လေအောင် အပိုစာသားတွေကော ထည့်ပြောဖြေရှင်းထားပေမဲ့ Tao ကအင်းမလှုပ် အဲမလှုပ်။ ဘာဖြစ်နေတာလဲ။

"ရပြီ ရပြီ။ သွားနားကြတော့။ အဲ အဲ မောင်ရင် Wu ခဏနေခဲ့"

သွားဆိုတာနဲ့ပဲ ချက်ချင်းထထွက်သွားတာပဲလား။ တကယ်ဆို စကားတစ်ခုခုပြောရမယ် မဟုတ်လား။ ဥက္ကဌကြီးက Tao ကို ဂရုစိုက်ပေးဖို့တဖွဖွမှာနေသည်။ ကိုရီးယား ဘာသာစကားသင်ပေးဖို့နဲ့ တခြားအရာတွေ ကော လုပ်ငန်းကိစ္စတွေကောသင်ပေးဖို့ သူ့ကိုပဲ အပ်နေပြန်ပါပြီ။

"အဲ့ဒါပါပဲ မောင်ရင်။ အားနာပေမဲ့ ကျုပ်ကလည်း မောင်ရင်ကလွဲ ရင် တခြားသူတွေကိုစိတ်မချဘူး Tao ဒီကောင်လေးက ပြောရဆိုရ လက်ပေါက်ကပ်ပေမဲ့ တအားမဆိုးပါဘူးလေ"

ကောင်ဆိုးလေးကိုထိန်းကျောင်းဖို့ သူဟာ မရှိမဖြစ်လိုအပ်သူ ဖြစ် လာတာတော့ကျေနပ်မိသည်။

"စိတ်ချပါ ဥက္ကဌကြီး"

"အေးအေး ဒါနဲ့ မင်းအမေကော ဟိုမှာပဲလား"

"ဟုတ်ကဲ့ မေမေက Czech မှာပါပဲ။ ဆိုးလ် ကိုလည်း ခဏတဖြုတ် တောင် ခေါ်လို့မရဘူး"

"အင်းပေါ့။ ဒါပေမဲ့ ကြုံရင် ဘေကျင်းကို ပြန်လာခဲ့ပါဦးလို့။တစ်ရက် လောက် တော့ ဖုန်းပြောလို့ရအောင် မောင်ရင်စီစဉ်ပေးစမ်းပါဦး။"

"ဟုတ်ကဲ့ပါ။ မေမေကလည်း ဥက္ကဌကြီးနေကောင်းလား အမြဲမေး ပါတယ်"

ဒီတစ်ခွန်းနဲ့တင် ဥက္ကဌကြီးကကျေနပ်သွားသည်။ သူနှုတ်ဆက်ပြီး အသာအယာထထွက်လာခဲ့သည်။ မေမေ နဲ့ သူ စာတိုတစ်စောင် တစ်လေက လွဲလို့ အဆက်အသွယ်မရှိ စကားမပြောဖြစ်ကြတာ ကြာနေပြီ။ အနောက်တိုင်း မှာပဲပျော်မွေ့သော မေမေ့အကြောင်း သူ ဥက္ကဌကြီးကိုရှင်းမပြချင်တော့ပါ။ မေမေ့ကိုသမီး တစ်ယောက်လို သဘောထား၊ သူ့ကိုမြေးတစ်ယောက်လို ထောက်ပံ့ပေးခဲ့တဲ့ ဥက္ကဌ ကြီး ကျေနပ်သွားတော့ ပြီးတာပဲပေါ့။

အပြင်မှာတော့ တရုတ်Security တစ်ယောက်နဲ့ရပ်စကားပြောနေ သည့် Tao ကိုတွေ့တော့သူ လှမ်းခေါ်ရန်ပြင်လိုက်သည်။ သို့သော် သူ့ကိုမြင်တာနဲ့ Tao က ဓာတ်လှေကားထဲချက်ချင်းဝင်သွား၏။

ဒါ ဘာသဘောလဲ။

--------------------------------------------------------------------------------------------------

သီချင်းသွင်းတဲ့အသံခန်းလေးထဲမှာ နားကြပ်တပ်ထားရင်း Luhan စိတ်တွေ ပျံ့လွင့်နေပြန်သည်။ သူ သီချင်း ရေးတာအပေါ် အာရုံစိုက် လို့ မရတော့တာလနဲ့ချီနေပြီ။ နောက်ဆုံး အဲဒီ Oh Sehun ဆိုတဲ့ ကောင်လေး အကြောင်း ရေးကြည့်ပါမယ် ဆိုတာတောင်မှ ဘာမှ ထွက်မလာတော့လောက်အောင်ကို အတွေးတွေကို ဒီ ကောင်လေး က စိုးမိုးနေပြီလား။ လက်တွေကအလိုလို CD ပြားလေးတွေဆီ ရောက်မိပြန်သည်။ အသံသွင်း ထားသည့် ပြဇာတ်သီချင်းတွေ။

"ထာဝရတစ်ယောက်ထဲပဲ ချစ်မြတ်နိုးမည်ဖြစ်ပါကြောင်း သစ္စာ ဆိုအပ်ပါသည်"

လိုက်ဖက်တယ်လို့ အများပြောကြတဲ့ အသံ၂ခုရဲ့တူညီသော ရွတ်ဆိုမှု ကလေး။ ထာဝရ...ထာဝရ ဟာ ဘယ်နှနှစ်ကြာနိုင်မလဲ။ လပေါင်းများစွာဆိုတာကို ထာဝရ လို့ခေါ်ဆိုနိုင်မလား။ သူနဲ့ အတူရွတ်ဆိုမည့်သူဟာ Sehun ဖြစ်လာမည့် တစ်နေ့.... သူအလန့်တကြားခုံကို နောက်ဆုတ်လိုက်သည်။ ဒါ ချစ်သူအပေါ် သစ္စာ ဖောက်မိခြင်း တစ်မျိုးလား။

"မဟုတ်တာ"

မဝံ့မရဲနဲ့ Monitor Screen ကိုကြည့်မိတော့ CD လေးကဆက် Run နေဆဲ။သိပ်ချစ်ကြသည့် ချစ်သူ ၂ ဦး ပြဇာတ် အတွက်သစ္စာဆိုခန်း ပြီးရင် ထပ်လာမည့်စာသားကိုလည်း သိနေသောကြောင့် နားကြပ် ဖြုတ်ထား လျက်က ကြားယောင်မိသည့်အလား တိတ်တိတ်ကလေး လိုက်ရွတ်မိသည်။

"ထာဝရတို့တွင် သစ္စာဖောက်မိပါက လိုအပ်ချက်မပြည့်စုံ မစေ့ငှ သော လူသားတို့၏ဘုံဘဝတွင် နှလုံးသားပျောက်ဆုံးသူတို့ ဖြစ်ရ ပါလို၏။"

အဲဒီဇာတ်ရုပ်၂ ခုဟာ ဘာကြောင့် ဒီလောက်ကြီးမားတဲ့ကျိန်စာတွေ ကျိန်ကြရသလဲ။ သူနဲ့ Xing ကကော ဒီဇာတ်ထုပ်ကို ဘာကြောင့် ကပြရသလဲ။ တကယ်တော့ ဒီလိုပြဇာတ်တွေကြောင့် သူတို့ ၂ ယောက်ကို ကျောင်းမှာ ဝေဖန်မှု ပိုတက်လာခဲ့တာမလား။ CD လေးကိုအသာထုတ်ရင်း စားပွဲပေါ်တင်ကာ Screen မှာ Lay Group "Zhang YiXing" လို့တိတ်တိတ်ကလေးရိုက်ထည့်ရင်း result စောင့်နေတုန်း သူတန်ဖိုးထားရသည့် album တွေကို ယူကြည့်မိသည်။ ရိုးရာမိတ်ကပ်တွေနဲ့ မျက်နှာချောချော၊ သူ့ကို ကြည့်နေခဲ့တဲ့ မျက်လုံးတွေဟာ ဘယ်လောက်တောင် ချစ်မြတ်နိုး နေခဲ့တာလဲ။

"ဒီမှာရှိနေတာကိုး။ ကျွန်တော်ရောက်နေပြီ"

ဟင် Sehun အသံကြားသည်နှင့် လက်ထဲက Album လေးလွတ်ကျ သွားသလို သူတစ်ချက်တုန်သွားသည်။ သို့သော် Sehun က ဝင် မလာပါ အပြင်မှအသံပြုခြင်းဖြစ်သည်။ သူ အလောတကြီး ပြေး ထွက်လာတော့ စောနက CD လေးကို တက်နင်းမိသွားသည်။ သစ္စာ လို့တရုတ်လို့ရေးထားသည့် ထို CD လေးကို သူကိုယ်တိုင် ပင် တက်နင်း ရိုက်ချိုးမိသား ဖြစ်သွားတော့သည်။

"ဟင်"

"ဘာဖြစ်လဲ။ အဆင်ပြေလား"

Sehun ဝင်လာမှာကို သေမလောက်ကြောက်နေသူမို့ သူဘာမှ မလုပ်အားပဲ ချက်ချင်းပင် အပြင်ကို အပြေး ထွက်လိုက်သည်။ သူစက္ကန့်အနည်းငယ်မျှ စောင့်နိုင်ခဲ့ရင်တော့ Charity Dinnerမှာ မေ့လဲသွားခဲ့သော Lay Group CEO ရဲ့ပုံတချို့ကိုပါ မြင်ခွင့်ရခဲ့ မည်ဖြစ်သည်။

--------------------------------------------------------------------------------------------------

"မင်းတို့ Media ဌာနကဘာလုပ်နေတာလဲ။ သတင်းတွေ ချက်ချင်းဖျက်။ အတော်ဆုံး ဟက်ကာ တွေခေါ်ကြဖို့ လုပ်။ လိုအပ်ရင် ဆက်သွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားဖို့လုပ်"

Prague မြို့တော်က စံအိမ်ထဲမှာ အိမ်တော်ထိန်းကြီးတစ်ယောက်သာ အမိန့်ပေးလှုပ်ရှားနေရသည်။ CEO ကျန်းမာရေးကအဓိကမို့ စိတ်ချရသောအခြေအနေရောက်မှ သက်ပြင်းချနိုင်ပြီး တခြားကိစ္စ တွေကို အခုမှစီစဉ်နိုင်ခြင်းဖြစ်သည်။

"Yixing ဘယ်လိုဖြစ်တာလဲ"

ခပ်ဟော့ဟော့ဝတ်စားထားသော သက်လတ်ပိုင်းအမျိုးသမီးက အိမ်တော်ထဲဝင်လာရင်း အလောတကြီး မေးသည်။

"သူ Kris Wu ဆီက Message ရပြီး အဲဒီလိုဖြစ်သွားတာပဲ"

ဆေးသွင်းထားရသော Yixing ဘေးမှာအမျိုးသမီးက မတ်တပ်ရပ် ရင်း

"ဖြစ်ရလေ။ ဒီကလေးက စိတ်လှုပ်ရှားစရာတွေ မခံနိုင်ဘူးဆိုတာ ဟိုကောင်လေးမသိဘူးလား"

"သခင်လေး ခေါင်းမာတတ်တာကော Kris Wu ကိုကော ခင်ဗျား အသိဆုံးပဲလေ မမလေး"

အမျိုးသမီးကမျက်နှာတစ်ချက်ပျက်သွားရင်း "ဆရာဝန်ကဘာပြောသေးလဲ"

"စိတ်ပူစရာတော့ သိပ်မရှိပါဘူး"

"ကောင်းပြီလေ။ သူစိတ်ချရပြီဆိုရင်ပြီးတာပါပဲ"

"မမလေး ပြန်ဖို့ကားစီစဉ်ပေးပါမယ်"

"မလိုတော့ဘူး"

စံအိမ်ထဲကထွက်သွားသော အမျိုးသမီးကို ပြတင်းပေါက်မှငေး ကြည့်ရင်း အိမ်တော်ထိန်းကြီး သက်ပြင်းချမိ ပြန်သည်။ ညည်းတွား သံ သဲ့သဲ့ ကလေးကြားရတော့ချက်ချင်း သခင်လေးနား ပြေးသွား ကြည့်ရသည်။ သခင်လေးပြန်သတိရနေပြီပဲ။

"သခင်လေး ညကလဲကျသွားတာ.."

"ဖုန်း....ဖုန်းယူပေး"

"ဒီမှာပါ"

ဖုန်းထဲက ဘာမှန်းမသိရတဲ့ပုံလေးကို သခင်လေးက မြတ်မြတ် နိုးနိုး ကြည့်နေတာမြင်ရပြန်တော့ သူ့မှာ စိတ်မကောင်းဖြစ်ရ ပြန် ပါသည်။ သခင်လေး ဒီနှစ်တွေမှာဘယ်လောက်နာကျင်ခဲ့ရသလဲ။

"သခင်လေး"

"Kris Wu ကို ဖုန်းဆက်မှဖြစ်မယ်"

"သြော် ဟို စောစောကပဲ သူ့အမေလာသွားပါတယ်"

"အမေ အင်း။ သေချာပြန်ပို့ပေးလိုက်ရဲ့လား"

"ကျွန်တော်တို့စီစဉ်ပေမဲ့"

သခင်လေးကဒီလောက်ဆို နားလည်မှာပါ။

"သခင်လေး တစ်ခုခုစားပြီးမှ ဖုန်းဆက်တာပိုကောင်းမယ်။ သတင်းကောင်း တွေကြားရဖို့ ခဏလောက် စောင့်လို့ရတယ် မလား"

သခင်လေးကို သူနောက်သလို နှစ်သိမ့်လိုက်ပေမဲ့ သခင်လေးက ဖျော့တော့စွာပြုံးရင်း

"သတင်းကောင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဦးလေးရယ်..."

"ကျွန်တော်စွပ်ပြုတ် စီစဉ်ပေးထားပါတယ်"

စားစရာသွားယူဖို့ ထွက်လာလိုက်တော့ တိုးတိုးကလေး ပြောလိုက် သံကို သူကြားဖြစ်အောင်ကြားရပြန်သည်။

"ဘယ်လိုလုပ် သတင်းကောင်း ဖြစ်နိုင်မှာလဲ။ တရုတ်ပြည်ကို ပြန် သွားပြီလို့သတင်းလွှင့်ပြီး ကိုရီးယားမှာ ပုန်းနေခဲ့တာလေ။ သူ ကျွန်တော့်ကို မုန်းနေပြီထင်ပါရဲ့"

--------------------------------------------------------------------------------------------------

Sehun က ပဲခေါက်ဆွဲ ၂ ပွဲဝယ်လာပြီး အားရပါးရစားနေတာကို Luhan က ထိုင်ကြည့်နေရသည့်ဘဝ။ သူထွက်လာကထဲက ဘာမှ မပြောပဲ ခေါက်ဆွဲ ၂ ပန်းကန်ချကာ စားနေသည့် ကောင်လေးကို ကြည့်ရင်း သူ့မှာစိတ်ဆိုးရခက် ရယ်ရခက်။

"တစ်နေကုန် ဘာမှမစားရသေးဘူးလား"

"အင်း ဗိုက်ဆာနေတာ"

"တစ်ခုခုစားပြီးမှလာရောပေါ့။ လေးနာရီတောင်မထိုးသေးဘူးကို"

ဒါဟာ ကရုဏာလား၊ စိုးရိမ်စိတ်သပ်သပ်လား။ သေချာနေပြီးသား အရာတစ်ခုကိုအတင်း ငြင်းဆန်နေရတာအတော်တော့ခက်ခဲသည်။

"Hyung နဲ့တူတူစားချင်လို့ဝယ်လာတာပဲ မကြိုက်ဘူးဆိုတော့ ဘယ်လိုလုပ်ပေးရမှာလဲ ဝက်ချိုချဉ် ဝယ်လာ ဖို့မေ့သွားတယ်။ လက်ထဲ လည်း ပိုက်ဆံသိပ်မလောက်တော့လို့"

"မင်းစားချင်ရင် သွားဝယ်လိုက်လေ"

"မဟုတ်ပါဘူး ခင်ဗျားဖို့ပါ ပြီးတော့သွားဝယ်စရာမလိုဘူးလေ။ Delivery ရှိတယ်။ ဟာ"

ပဲနှစ်တွေပေနေသောနှုတ်ခမ်းကို Tissue နဲ့သုတ်ရင်း

"ခင်ဗျား Delivery မှာမစားဖူးဘူးလို့ မပြောနဲ့နော်"

"ငါ...ဆိုင်စာတွေသိပ်မကြိုက်လို့"

အိမ်လိပ်စာ လူသိသွားမှာစိုးလို့ ဒါမှမဟုတ် လူတွေနဲ့စကားပြော နေရမှာ စိုးလို့ စသော အကြောင်းပြချက် တွေထက် ပိုယုတ္တိရှိမယ် ထင်ရသော အကြောင်းပြချက်ကိုပဲ အသုံးပြုလိုက်ပါသည်။

"ဆိုင်တွေက အရသာတောင် ပိုကောင်းသေးတယ်။ ဒါနဲ့ ဒါမစား ရင် ကျွန်တော်စားလိုက်မယ်နော် နှမြောစရာ"

နှမြောစရာသာပြောသည် စားလိုက်တာမှတက်တက်ကိုပြောင်လို့။ ဒီလိုကျတော့ Sehun ဟာ ချစ်ဖို့ အကောင်း သား။ သူထိုင်ကြည့်နေ ရတာကိုက ကြည်နူးစရာလေး။

"ကျွန်တော် ပန်းကန်ဆေးလိုက်ဦးမယ်။ ခဏစောင့်"

"ရတယ် ငါပဲဆေးလိုက်မယ်"

နှစ်ယောက်အတူ ဘေစင်ရှေ့မှာလုရပ်မိလျက်သား ဖြစ်သွားတော့ Luhan ကပဲနောက်ကိုဆုတ်လိုက်ရသည်။ Sehun ကကျကျနန ပန်းကန်ဆေးရင်း "အဲဒီအခန်းက သီချင်းသွင်းတဲ့အခန်းလား"

"ဟင်"

"ဟိုအထဲကအခန်းလေ ကျွန်တော် ပထမဆုံးလာတဲ့ညကထဲက မြင်တယ်"

"ဘာ"

Sehun ကဘာမှမဖြစ်သလိုအေးဆေးပြုံးရင်း "ကျွန်တော်ဝင်မကြည့်ပါဘူး။ ဘာဖြစ်လို့လဲ။ ရည်းစားပုံတွေ ဝှက်ထားလို့လား"

Sehun ရဲ့အဲဒီခနဲ့သံပါတဲ့ စကားတွေလောက် သူစိတ် အနှောင့်အယှက် ဖြစ်ရတာမရှိ။ သူ ဒီကောင်လေး ကိုဘာဖြစ်လို့ ကြောက်နေရမှာလဲ။ ဒီတခါတော့ သူစိတ်ကိုတင်းရင်း

"ဟုတ်တယ်"

"ဘာ" ဒီတခါ အာမေဋိတ်သံပြုရသူက Sehun...။

ဆေးနေဆဲ ပန်းကန်ကိုဘေစင်ထဲအသံမြည်အောင် ပစ်ချ၊ လက်အိတ်ကို ချွတ်ရင်း သူ့နားကို လျင်လျင် မြန်မြန်ပဲ ရောက်လာ ကာ

"ဘာပြောလိုက်တယ် Luhan"

စောနကရယ်ရွှင်မြူးနေတဲ့ ပုံရိပ်တွေအကုန်ပျောက်ဆုံးပြီး ကျားနာ လေး တစ်ကောင်လိုဖြစ်သွားတဲ့ Sehun ကို သူစိုက်ကြည့်နေမိသည်။ ဒါအစပဲရှိသေးတယ် Sehun ရယ်။

"ကျွန်တော်မေးနေရင်ဖြေမှပေါ့ Luhan"

သူမဖြေမိ။ ဖြေချင်စိတ်မရှိကြောင်းကို မျက်နှာတစ်ဖက်လွှဲထား လျက် ဖော်ပြလိုက်မိတော့ Oh Sehun က တစ်ချက်ရယ်သည်။

"ရတယ်။ ခင်ဗျားမှာဖြေရမဲ့တာဝန်မှမရှိတာပဲ။ သိချင်တဲ့သူက အဖြေကို လိုက်ရှာရမှာပဲဟာ"

အေးအေးဆေးဆေး လှည့်ထွက်ရင်း ပန်းကန်ပြန်ဆေး နေ သောSehun ကိုသူအံ့သြစွာ ငေးကြည့်နေမိပြန် သည်။

"Sehun"

ရေစိုနေသောလက်ကို အင်္ကျီမှာပင် ပွတ်သုတ်နေသည့် ကောင်လေး ကလှည့်ကြည့်သည်။

"မင်းငါ့ကို အရမ်းခင်တာပဲလားဟင်"

ချစ်နေတာ၊ သံယောစဉ်တွယ်နေတာ စသည့်စကားလုံးတွေကို ရှောင်ရှားပြီး မေးလိုက်တော့ Sehun က အိပ်ရာနားလေးကို ရောက်လာရင်း

"မခင်ရမဲ့အကြောင်းအရင်း ရှိလို့လား"

"မဟုတ်ဘူးလေ။ မင်း ငါ့အကြောင်းမသိသေးဘူးလေ။ ငါ ဘယ်လိုလူလဲ မင်းမသိပဲနဲ့"

Sehun က သူ့စာအုပ်စင်က စာအုပ်တစ်အုပ်ကိုဆွဲယူဖတ်ကြည့်ရင်း "ဒါကတော့ ကိစ္စမရှိပါဘူး ခင်ဗျားတောင် ကျွန်တော့်ကိုမသိပဲ အိမ်ပေါ်မှာ ညအိပ်လက်ခံဖူးတာပဲ"

"အဲ့ဒါကတော့"

"တွေးကြည့်ဖူးလား။ ကျွန်တော်က ယောက်ျားချင်း စိတ်ဝင်စားတဲ့ စိတ္တဇလူသတ်သမားဆိုတာမျိုး"

ဘယ်လိုအသံနဲ့ပြောလိုက်တာများလဲ Oh Sehun။ သူ့ကိုမကြည့်ပဲ စာအုပ်ကိုဖြည်းဖြည်းချင်းလှန်ရင်း တစ်လုံး စီပြောလိုက်တဲ့ သွေး အေးအေးအသံကို သူနောက်ကျောထိ စိမ့်တက်ကြောက်သွားခဲ့ရသည်။ သူနောက် နည်းနည်းဆုတ်မိသွားတာမြင်မှ Sehun က မော့ ကြည့်ရင်း

"တကယ်ယုံသွားတာပဲ။ ဟားဟား။ စိတ်မပူပါနဲ့ ကျွန်တော် ထောင်ထဲ မဝင်ချင်သေးပါဘူး"

ဟင် ဒါဘာသဘောလဲ။ ထောင်ထဲဝင်ရမှာကြောက်လို့ဆိုတော့ လူသတ်ရမှာကျတော့ မကြောက်ဘူးဆိုတဲ့ သဘောလား။

"ကျွန်တော် ခင်ဗျားအကြောင်း သိပ်တော့မသိဘူး။ မှန်းကြည့်လို့ တော့ရပါတယ်"

"ဘာ..ဘာကိုမှန်းကြည့်မှာလဲ"

Sehun ကစာအုပ်ကိုပိတ်ရင်း သူ့ကိုတည့်တည့်ကြည့်ကာ

"Luhan။ ကျွန်တော့်ထက်အသက်ကြီးတဲ့ တရုတ်လူမျိုး ဂီတ ကျောင်း နောက်ဆုံးနှစ်ကျောင်းသား။ ခင်ဗျား လူတွေကို ကြောက် နေတယ်။ဒီလူက ငါ့ကိုဘယ်လိုသစ္စာဖောက်ဦးမလဲလို့ ထင်နေ တယ်။ သူငယ်ချင်းမရှိဘူး အဲ လုံးဝမရှိတာတော့မဟုတ်ဘူး။ ဟို အူကြောင်ကြောင်တရုတ်ကောင်နဲ့ Kris Wu တို့ကို ခင်ဗျား သိတယ်။ ဒါပေမဲ့ သူတို့ကိုလည်း ခင်ဗျား ရှောင်နေပြန်တယ်။ ခင်ဗျားအတိတ်မှာ လူတစ်ယောက်ယောက်က သစ္စာဖောက်သွား တာမျိုး ကြုံခဲ့မယ်ထင်တယ်"

"သူ သစ္စာမဖောက်ပါဘူး"

Sehun ရဲ့ခပ်စူးစူးအကြည့်တွေရောက်လာတော့ သူမနေတတ် သလို ခေါင်းငုံ့နေလိုက်ရင်း

"လူတွေကို ငါရှောင်ချင်တာတော့အမှန်ပဲ။ ဒီလိုပဲ။ အကြောင်း ပြချက်မရှိဘူး။ သူကသစ္စာ.."

"ဒီစာအုပ်က ကိုရီးယားဘာသာပြန်နဲ့ တရုတ်လိုနဲ့ ဘာကွာလဲ မသိဘူးနော်"

တမင် စကားဖြတ်ပြောလိုက်တာမှန်းသူ သဘောပေါက်ပါသည်။ Sehun ဟာ အဲဒီလူအကြောင်းကြား ချင်ဟန်မတူ။ တကယ်လည်း Xing ကသစ္စာဖောက်ခဲ့တာမှမဟုတ်ပဲ။ ဒါကတော့အမှန်တရားပဲ။

"ဒါနဲ့ ခင်ဗျားလုပ်စရာရှိတာလုပ်လေ သီချင်းသွင်းနေတာလား အဲ့ဒါ လုပ်လေ ကျွန်တော် စာအုပ် ဖတ်လိုက်ဦးမယ်"

ပြောပြောဆိုဆိုနဲ့ လွယ်အိတ်ထဲကစာအုပ်ထုတ်ရင်း ခြေ ၂ ချောင်း ထောင်ကာ စာအုပ်ဖတ်နေတဲ့ ကောင်လေးကို သူထပ်အံ့သြရပြန် သည်။ ဟင်... စာအုပ်က ..

"Oh Sehun မင်း ဖတ်နေတာက"

"အင်း Yaoi Manga လေ။ ဘာဖြစ်လို့လဲ။ ဖတ်မလား"

သူမျက်နှာပူပူနဲ့ပြောလိုက်ရသည်။

"အာ... မင်း..မင်းပြောတော့ အချစ်စာအုပ်တွေ မဖတ်ဘူးလားလို့.."

"အချစ်...သြော်.. ဟုတ်တယ် ကျွန်တော်က စစ်ပွဲတို့ တိုက်တာ ခိုက်တာတို့ဖတ်တာပိုများပေမဲ့ ဒါတွေလည်း ပျင်းရင်ဖတ်ပါတယ်။ ဘာလို့လဲ ဒါတွေကမိန်းကလေးတွေပဲဖတ်ရမယ်ထင်နေတာလား "

"မ မဟုတ်ပါဘူး "

သူဘာစကားမှဆက်မပြောတော့ Sehun ကလည်း သူ့ကာတွန်း စာအုပ်ကိုသဲကြီးမည်းကြီးဖတ်နေသည်။

"S..Sehun"

"ပြောလေ"

"မင်း အဲ့ဒါဘယ်လိုထင်လဲဟင်"

"ဘာကိုလဲ"

"အဲဒီ မင်းဖတ်နေတဲ့စာအုပ်ထဲက Character တွေလိုမျိုး အချင်းချင်း ပြန်စိတ်ဝင်စားတဲ့ဟာ"

Sehun ကမျက်မှောင်ကျုံ့ရင်း "ဘာကိုဘယ်လိုထင်ရမှာလဲ"

"မဟုတ်ဘူးလေ..မင်း...အပြင်မှာ ...ဘယ်လိုမြင်လဲလို့"

"သြော် ဘယ်လိုမှမမြင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်

စိတ်ဝင်စားမိဖို့ဆိုတာက မျက်တောင်တစ်ခတ် အတွင်းတောင် ဖြစ်သွားနိုင်တာပဲ။ အဲ့ဒါက ကောင်လေးလား ကောင်မလေးလား လို့အကဲမဖြတ်နိုင်တဲ့အချိန် အတွင်းမှာပဲလေ"

အဲ့ဒါကို သူ့ကိုမှစိုက်ကြည့်ပြီးပြောရသတဲ့လား Oh Sehun ရယ်။

"ပြီးတော့ Hyung ချစ်ခြင်းမေတ္တာဟာ ဘယ်သူ့ပေါ်မှာမဆို ဖြစ် သွားပိုင်ခွင့်ရှိတယ်။ အဲ့ဒါကို ရှောင်လွှဲဖို့ကြိုးစားတာက အချည်းနှီး ပဲဖြစ်လိမ့်မယ်။ ချစ်ခြင်းမေတ္တာကိုဘယ်သူမှ တားဆီးလို့ မရဘူး"

ချစ်ခြင်းမေတ္တာ တဲ့။ အရေးမပါတဲ့ အချစ်ကိစ္စတွေလို့ ပြောထွက် ထားခဲ့တဲ့ စစ်မက်ရေးရာတွေပဲ ဖတ်ချင် ပါတယ်ဆိုတဲ့ လူရဲ့ နှုတ်ထွက်စကားက ချစ်ခြင်းမေတ္တာတဲ့လား။ မင်းသိပ်သဘောကျ တဲ့ စစ်ပွဲတွေလိုပဲ မင်းစကားတွေက ရာဇသံဆန်လွန်းပါတယ် Oh Sehun ရယ်။

"ကြည့်ရတာ ကျွန်တော်ပြန်သင့်ပြီထင်တယ်"

သူမတားဆီးမိလိုက်ဘူး ဆိုတာထက် သူဘာမှပြောမထွက်ဖြစ် လိုက်ဘူး။ Sehun ကသူ့ Manga စာအုပ်ကို လွယ်အိတ်ထဲ ထည့်ပြီးမှ "ဖတ်ဦးမလား Hyung"

သူအသာ ခေါင်းခါပြလိုက်တော့ Sehun ကပြုံးရင်း.. ခဏလေး အဲ့ဒါ ဘာအပြုံးလဲ။ သူ Oh Sehun ပြုံးတိုင်း တခါမှ အဖြေဖော်မရ ခဲ့ဖူးသလိုပဲ။ ဒီအပြုံးဟာဘာအဓိပ္ပာယ်လဲ။

Sehun ကလွယ်အိတ်လွယ် တံခါးဝကိုလျှောက်သွားရင်း

"ကျွန်တော်နဲ့နောက်နေ့တွေကျ လမ်းလျှောက်ထွက်မလား။ ဒီအခန်းလေးထဲမှာပဲ အမြဲတွေ့ဖြစ်နေတာ သိပ်တော့ မဟုတ် သေးဘူး"

လေပြည် ကိုဝင်လာခွင့်ပေးလိုက်သည့်နေ့ကထဲက ဒီလိုစကားတွေ ကြားရတော့မည်မှန်း သူခန့်မှန်းပြီးသားပါ။

"ငါ..လမ်းလျှောက်ထွက်ရတာမကြိုက်ဘူး"

"ကျွန်တော်နဲ့တူတူ လျှောက်မှာကိုတောင်မကြိုက်ဘူးလား"

မင်းနဲ့မို့လို့ လို့ပြောလိုက်ရင် Oh Sehun ဘယ်လိုတုံ့ပြန်ဦးမှာလဲ။

"မင်းစာမေးပွဲရှိတယ်ဆို"

"ကျွန်တော်စကားပြောနေတုန်း လမ်းကြောင်းမလွှဲစမ်းနဲ့ Luhan ကျွန်တော်မကြိုက်ဘူး"

အိုး...စာအုပ်အကြောင်း အတင်းစကားလွှဲပစ်ခဲ့တာက သူမဟုတ် သလို Sehun ရယ်။

"လမ်းလျှောက်ဖို့ကိစ္စက"

"နောက်နေ့တွေ ကျွန်တော်လာခေါ်မယ်။ ပြီးတဲ့အခါ ကော်ဖီ ကောင်းကောင်းရတဲ့နေရာ ခေါ်သွားပေးမယ်။ Hyung ကြိုက်တာ ကျွန်တော်သိတယ်"

"Se.."

"နောက်နေ့တွေ...ကျွန်တော် ခင်ဗျား သီချင်းတွေ နားထောင်ချင် တယ်။ရတယ်မလား"

သူဘာမှမပြောနိုင်ပဲ ခေါင်းပဲညိမ့်ပြလိုက်တော့ Sehun ကသူ့ ခေါင်းကိုလှမ်းပုတ်မလိုလုပ်ပြီးမှ

"ဆောရီး ကျွန်တော်တခါတလေ ခင်ဗျား ကျွန်တော့်ထက်ကြီးတယ် ဆိုတာမေ့မေ့သွားတယ်။ သွားတော့မယ် Hyung"

သူ့ပုခုံးကိုခပ်ဖွဖွလေးပုတ်သွားရင်း ထွက်သွားသော Sehun။ အခန်း ထဲမှာက ကျိုးပဲ့နေသော CD ချပ်ကလေး

"တောင်းပန်ပါတယ် Xing"

Screen ကိုလှမ်းကြည့်တော့ Yixing သတင်းထူးထူးခြားခြား ဘာမှ မရှိတော့ပေ။

"ငါရူးသွားတော့မယ်ထင်တယ် အချစ်ရယ်"

--------------------------------------------------------------------------------------------------

"မင်း ဘာဖြစ်နေတာလဲ Huang Zi Tao"

ဒီတခါတော့မရမက သူ့လက်ကိုအတင်းဆွဲပြီးမေးလာတဲ့ KrisWu ကို ရှောင်ရှားစရာနည်း မရှိတော့တာကြောင့် ခပ်ကြောင်ကြောင် ကလေး ပြန်ကြည့်နေလိုက်မိသည်။

"ကျွန်တော်ဘာများလုပ်မိလို့လဲ Kris"

"မင်းငါ့ကို ရဲစခန်းကပြန်လာကထဲကရှောင်နေတာ ဘာသဘောလဲ Tao"

"ရှောင်မိလို့လား"

"မင်း.."

"ကျွန်တော် နေလို့သိပ်မကောင်းလို့ စကားမပြောချင်ရင်မရဘူး လား အာ.. ဘိုးဘိုးခိုင်းထားလို့လား ကိစ္စ မရှိပါဘူး။ ကျွန်တော် သွားအိပ် နေမှာပါ အပြင်လည်းမထွက်ပါဘူး"

"နေမကောင်းဘူးလား ဘာဖြစ်တာလဲ"

အဲဒီတော့မှသူ့လက်ကိုလွှတ်ပေးလိုက်တဲ့ Kris ကိုကြည့်ရင်း

"ခေါင်းကိုက်လို့"

"ညကအိပ်ရေးပျက်တယ်ထင်တယ်"

ဒါကကော လှောင်တာလား။

"ရတယ် သွားတော့မယ်"

"ခဏ Tao ကိုယ်တစ်ခုမေးချင်လို့"

"အင်း"

"ကိုယ် Luhan အိမ်လိပ်စာသိချင်တယ်"

သူစိုက်ကြည့်နေမိတော့ Kris Wu ကမျက်မှောင်ကျုံ့ ရင်း

"မင်းမပြောပြနိုင်ဘူးလား"

"ခင်ဗျားကို သူပေးချင်မှာမဟုတ်ဘူး။ မဆိုင်ပေမဲ့ပြောပါရစေ သူ့ဘဝကို ခင်ဗျားထပ်ပြီး ပြဿနာမရှာပါနဲ့"

"ငါကဘာဖြစ်လို့လဲ"

"ကျွတ် ကျွန်တော်မုန်းတာခင်ဗျားလိုလူတွေ .. တော်ဗျာ။ မပေးနိုင် ဘူး။ ခင်ဗျားရှာလို့ရမယ်မှန်း ကျွန်တော် သိတယ် ဒါပေမဲ့ မသွား စေ ချင်ဘူး။ သူ မနည်းကြိုးစားထားရတာတွေကို တစ်ရက်ထဲ ဖျက်ဆီး ပစ်ဖို့ မလုပ်စမ်းပါနဲ့။"

ပြောပြောဆိုဆိုနဲ့ သူလှေကားကနေ ပြေးဆင်းလာခဲ့လိုက်၏။ သူ Kris Wu ကို စိတ်ထဲတစ်မျိုးဖြစ်မိနေသည်။

Luhan ရဲ့စိတ်ဒဏ်ရာတွေ အိမ်တွင်းပဋိပက္ခတွေ ကျောင်းတွင်း နှိပ်စက်ခံရမှုတွေ ရဲ့အဓိကတရားခံလူဟာKris Wu ဖြစ်နေတာကို သူဘယ်လိုမှ ကြည့်မရ။ အထူးသဖြင့် နောင်တတရားကင်းစွာနဲ့ အေးဆေးစွာ ရှင်သန်နိုင် နေသော Kris Wu ကိုသူမုန်းတီးလာမိ သည်။ Luhan အိမ်မှာသူ Luhan ကိုမေးမိခဲ့ပါသည်။

"အစ်ကို အဲဒီလူကော အစ်ကို့လိုနာကျင်ခံစားနေရမှာပဲလို့ ထင်လားဟင်"

Luhan ကသက်ပြင်းချရင်း "ကိုယ်မသိဘူး Tao။ သူက သိပ်ချစ် တတ်ခဲ့တဲ့လူဆိုတာပဲကိုယ်သိတယ်။ ဒါပေမဲ့ သူကိုယ့်ကို မမေ့ လောက်သေးဘူး လို့ကိုယ်ယုံတယ်။ နောင်တတရားတွေနဲ့ မရှင်သန်ချင်နေပါ။ ကိုယ့်ကို မမေ့ သေးဘူးဆိုရင်ကျေနပ်ပြီ" တဲ့။

သူဟာ Luhan ကိုကာကွယ်ပေးရမဲ့တာဝန်ရှိပြီးသား။

"ခင်ဗျားနဲ့တော့ တွေ့ပြီ Kris Wu"

--------------------------------------------------------------------------------------------------

အံ့သြထိတ်လန့်စရာအထင်လွဲမှုကို သူသတိထားမိချိန်မှာ Tao ဟာ ပြေးထွက်သွားပြီ။ Luhan နဲ့ချစ်ကြိုက်ခဲ့ သူကို သူ လို့များ ထင် လိုက်တာလား။ ဒါဆို Tao ဟာ Luhan အကြောင်းတော်တော် သိ ထားတဲ့သူပဲပေါ့။ Luhan အိမ်မှာညသွားအိပ်လောက်အောင် ခင်တယ် ဆိုတာက အရင်ကထဲကသိခဲ့တဲ့သူမို့လို့ပဲ။ Tao ဟာ Luhan အကြောင်းစုံစမ်းဖို့ Key player ဖြစ်လာနိုင်သူပဲ။

"မင်းဒီတခါဘယ်ပြေးမလဲ Luhan"

သတင်းအမှားတွေလွှင့်ထားပြီး နှစ်နဲ့ချီပုန်းနေခဲ့တဲ့ Luhan။

*Ting*

Prague ကနံပါတ်...Yixingပဲလား။

"ဟယ်လို"

"မင်းဘာလုပ်လိုက်တာလဲ YiFan။ Xing ကိုဘာတွေသွားပို့လိုက်လို့ ဟိုကလေးက လဲကျသွားတဲ့အထိ ဖြစ်ရတာလဲ"

YiFan လို့ခေါ်တဲ့အမျိုးသမီးဟာ ကမ္ဘာလောကမှာ တစ်ဦးထဲ ရှိ တာပဲ။ သူမဲ့ပြုံးပြုံးမိရင်း

"Yixing လဲကျသွားတာ ကျွန်တော်မသိဘူး။ ကျွန်တော်က သူငယ်ချင်းကောင်း ပီသပေးလိုက်ရုံပါ"

အဲဒီအခါ ဖုန်းထဲကအမျိုးသမီးက အရူး လို့ ပြင်သစ်ဘာသာနဲ့ ဆဲရေးပါတော့သည်။ သူကလှိုက်ရယ်ရင်း

"ဟုတ်လား ကျွန်တော်ကအရူးလား မေမေ"

"ဟုတ်တယ် YiFan။ မင်းဟာ Xing ကိုမနာလိုဖြစ်နေတဲ့ကောင်ပဲ"

မေမေဟာ စိတ်တိုနေတာမျိုးမှာ အင်္ဂလိပ်လို ဒါမှမဟုတ် ပြင်သစ် လိုပြောလေ့ရှိတတ်တာ။အင်း .. သူဘာသာစကားအမွေရတာ မေ့မေ့ဆီကပဲနေမှာ။ အခုလည်းမေမေက အင်္ဂလိပ်လို ပြောနေပြန် ပြီ။

"ထားပါတော့ မေမေ။ ဒါပေမဲ့ အဲ့ဒါ Yixing သိချင်နေတဲ့အကြောင်း အရာတွေပဲဟာ"

"တော်စမ်း။ အရေးမပါတဲ့အကြောင်းအရာတွေကို ဘာဖြစ်လို့ ပြန်တူးဖော်မှာလဲ"

"မေမေသိလား။ သူက သူ့ချစ်သူကိုတောင် ရအောင် မကာကွယ် နိုင်တဲ့ ပျော့ညံ့တဲ့ကောင် သပ်သပ်ပဲ။ အနည်းဆုံးတော့ ကျွန်တော် ကသူ့လိုမဟုတ်ဘူး"

"Xing မှာရွေးချယ်စရာမှမရှိခဲ့ပဲ။ YiFan မင်းသာ အဲဒီလိုမဖြစ် အောင် ကြိုးစားစမ်းပါ"

"ကျွန်တော်က ယောက်ျားတစ်ယောက်ကိုလက်တွဲလာပြီး မေမေ့ ကို သူ့ယောက္ခမအဖြစ်မိတ်ဆက်ပေးရင် မေမေဘယ်လိုနေမလဲ ဟင်"

"အရူး"

မေမေဖုန်းချသွားတော့ သူရယ်နေမိပြန်ပါသည်။

"အင်း Luhan မင်းအကြောင်း ငါမြန်မြန်သိရဖို့လိုနေပြီ"

သူ Tao ကိုချော့ဖို့နည်းလမ်းတွေ အရင်စဉ်းစားရမည်ဖြစ်သည်။

--------------------------------------------------------------------------------

Luhan ဆိုတဲ့လူဟာ ဘယ်လောက်ဆန်းကြယ်လိုက်သလဲ။ Luhan ရဲ့အတိတ်ကရည်းစားဟာ အမျိုးသား တစ်ယောက်လို့ သူ သေချာပေါက် လောင်းကြေးထပ်နိုင်ပါသည်။ မဟုတ်ရင် Luhan ဟာသူ့ရဲ့ Manga စာအုပ် ကိုထိတ်ထိတ်လန့်လန့်နဲ့ မေးမှာမဟုတ် ဘူး။ ဘယ်သူလဲ၊ ဘယ်လိုသိအောင်လုပ်ရမလဲ။ Luhan ပေးမဝင် တဲ့ အခန်းမှာ ဘာတွေရှိသလဲ။ ကိစ္စမရှိပါဘူး အဲဒီ့လူဟာ Luhan ကိုထားခဲ့ပြီးသားပဲ။ သူ့မှာလုပ်ပိုင်ခွင့်ရှိနေပြီ။ Luhan ဟာ သိပ်ဖြူစင်လွန်းတဲ့သိုးငယ်လေးလိုပဲ။ အတွေးတို့ဖြင့် ကျေနပ်စွာပြုံးရင်း Sehun အိမ်သို့ ပြန်ရောက်လာခဲ့သည်။

အိမ်ရှေ့တံခါးဝမှာရပ်မိသည်နှင့် အိမ်မှာလူစုံနေကြောင်း

သိရသောအခါ Sehun သည်အသာနောက်ပြန်လှည့်မိပြန်သည်။

မိသားစုတွေရဲ့ရယ်သံမောသံတွေဟာ စိတ်ပျက်ဖို့ကောင်းလိုက် တာ၊ မုန်းစရာတွေ။ ခြံလေးထဲကစကိတ်ယူပြီး ပြန်ထွက်တော့ အပြင်မှာကားတစ်စီးရပ်ထားသည်။

"Hun"

မဟုတ်ပါစေနဲ့။

"ကိုယ် ရောက်နေတယ်"

သူ စိတ်ပျက်စွာနဲ့ လက်ထဲကစကိတ်ကို လွှတ်ချကာ အိမ်ထဲသို့ ဝင်လိုက်ရပါတော့သည်။

--------------------------------------------------------------------------------------------------

TBC

Continuer la Lecture

Vous Aimerez Aussi

74K 2.4K 97
အချစ်ဆိုတာ လေပြေလေးလိုပဲ ဘယ်အချိန်ဘယ်နေရာကတိုးဝင်လာလိုက်မှန်းမသိရပေမယ့် ကျနော်သတိထားမိလိုက်တဲ့အခါမှာတော့ ရင်ထဲမှာ ထိုလူသားကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်...
251K 13.8K 34
သန့်​စင်​တဲ့ငါတို့နှစ်​​ယောက်​ရဲ့ချစ်​ခြင်း​တွေ ကြီးမြတ်​လာရင်​ ဘာဆက်​ဖြစ်​မှာလဲ ဈာန်​ .....????? ♡ အရင်​ဆုံး ဒီficက ကျွန်​​တော်​ရဲ့ ပထမဆုံးfic​လေ...
489K 23.1K 50
Seme က Uke ကို ဘယ်​​လောက်​ချစ်​သလဲ? ငုံထားမတတ်​ချစ်​ပါတယ်​။ 😁😁😁 ကိုယ့်​အကြိုက်​ angst ​တွေ drama ​တွေ​ရေးပြီး​တော့ စာဖတ်​သူအကြိုက်​​လေး​ရေးဖြစ်​တာ...
64.1K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...