Colors of the Wind [EXO Fanfi...

By HuangnamiKim

5.4K 473 25

လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လ... More

အမှာစာ
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32 - Final
Q & A + Extra
Sehun's Diary - A
Sehun's Diary - B
Sehun's Diary - C
Sehun's Diary - D
Sehun's Diary Part II
Author Note
Extra : Aurora Borealis

7

68 10 0
By HuangnamiKim

"Oh Sehun အဲ့ဒါ မိန်းကလေးတွေဆောင်းဖို့ဦးထုပ်လေ။ မင်းဖို့က ဒီမှာ"

"ဟင်။ အင်း..အင်းပါ။ ငါက သူတို့ဦးထုပ်ကော အဆင်ပြေရဲ့လား လို့ခဏဆောင်းကြည့်တာ"

ကျောင်းသားတစ်ယောက်က လှမ်းသတိပေးမှ ရယ်ကျဲကျဲနှင့် ပြော နေသော Sehun ကို JongIn ငေးကြည့်နေမိသည်။

Sehun ဒီနေ့ အမှားမှားအယွင်းယွင်း ဖြစ်ပေါင်းများပြီ။ စိတ်နဲ့လူနဲ့ မကပ်ပဲ တစ်ခုခုကို စဉ်းစားနေတတ် တာမျိုး။ တခါတခါလည်း စဉ်းစားလို့ရသွားသလို မဟုတ်ဘူးဆိုပြီးခေါင်းခါနေတာမျိုး။ အရင် လိုကျောင်း ရောက်သည်နှင့် သူ့ဘေးပြေးလာကာ စကားတွတ်ထိုး တတ်သော Sehun နှင့်မတူတော့။

"SeHun မင်းကိုပေးလိုက်တဲ့ Register စာရွက် ဘယ်မှာလဲ"

"ဗျာ ဆရာ။ အဲ"

Sehun ကခေါင်းကုတ်ကာ ဟိုဒီရှာနေသည်။ သူနှင့် မျက်လုံးချင်း ခဏဆုံသွားသောအခါ အကူအညီ တောင်း သလိုမျိုး Sehun က လှမ်းကြည့်သည်။ သူကခပ်လှမ်းလှမ်းက သစ်ပင်မှာမှီပြီး ရပ်ကြည့် နေတာဖြစ်သည်။ သူဘယ်လိုကူညီရမလဲ။

"ဆရာ ကျွန်တော်ကျန်ခဲ့ပြီထင်တယ်"

"မင်းတော့နော် သွားခါနီးလာခါနီးမှ။ သွား အခုကျောင်းကို ပြန် ပြေးယူလိုက်။ ၁၅ မိနစ်အတွင်းပြန်လာ"

ဆရာ့အမိန့်သံကြားသည်နှင့် JongIn သည် ဆိုင်ကယ်ရပ်ထားရာ နေရာသို့ခြေလှမ်းပြင်ပြီးဖြစ်သည်။ ဆိုင်ကယ်ကို စက်နှိုး ဦးထုပ် ဆောင်းပြီးသောအခါ သူ့ထက်အရပ်ပိုမြင့်သော Sehun ကလည်း သူ့ နောက် မှာခွထိုင်၍ ဦးထုပ်ဆောင်းပြီးဖြစ်သည်။ Sehun က သူ့ခါးကိုဖက်လိုက်သောအခါ ဘာမှမပြောဖြစ်တော့ပဲ ဆိုင်ကယ်ကို တဟုန်ထိုးမောင်းထွက်လာခဲ့လိုက်သည်။သူသိချင်တာတွေရှိသည်။ ဥပမာ- Sehun ဒီလိုစိတ်နှင့်လူနှင့်မကပ်တာ ဟို အရူးလေး လို့ အမည်တပ်ခံရတဲ့အစ်ကိုကြီးကြောင့်လား ဆိုသည့်မေးခွန်းမျိုး။

သို့သော် သူမမေးဖြစ်ပါ။

သူသိသည်က ဘာမှပြောစရာမလိုအပ်ပဲ Sehun လိုအပ်သမျှ အလိုက်တသိကူညီပေးဖို့သာ။ သူတို့ကြားမှာ စကားလုံးတွေ တကယ်လိုအပ်လို့လား။

ဒါက သူယုံကြည်ထားသည့် ချစ်ခြင်းမေတ္တာပဲလေ။

--------------------------------------------------------------------------------------------------------------------------------

"မင်းဘာလုပ်တာလဲ Huang Zi Tao"

Meeting သွားခါနီး ကားအထွက် ရှေ့မှာလက်ပြပြီးပိတ်ရပ်နေသော Tao ကိုကြည့်ရင်း Wu YiFan စိတ်ရှုပ်နေရသည်။ ကောင်းသော လာခြင်းမဖြစ်နိုင်ပါ။ ထင်သည့်အတိုင်းပါပဲ။ ထိုငနာလေးက သူ့ဘေးက seat မှာဝင်ထိုင်လိုက်ရင်း

"ကျွန်တော့်ကို Namsan Tower လိုက်ပို့ပေးပါ"

"ငါမအားဘူး ပြီးတော့ငါမင်း Driver မဟုတ်ဘူး"

"သိပါတယ် ဒါပေမဲ့ ဘိုးဘိုးကကျွန်တော်နဲ့ပတ်သက်တာအကုန် ခင်ဗျားကို လွှဲထားတယ်ဆို"

"အဲ့ဒါက..."

သူဘယ်လိုဖြေရှင်းရမလဲ။ ဥက္ကဌကြီးက သူ့ရဲ့မျောက်လွှဲကျော်မြေး လေး ကိုစောင့်ရှောက်ကူညီပေးဖို့ မေတ္တာရပ်ခံထားတာကြာပြီ။ သို့သော်ဒီလို ဒရိုင်ဘာလိုကူညီပေးဖို့တော့မဟုတ်ပါ။

"HuangZi Tao မင်းဒီအသက်အရွယ်ရောက်နေပြီ။ မသွားတတ် ဘူးလား။ မင်းအဘိုးရဲ့Driver တွေနဲ့မသွားချင် Taxiငှားသွားလို့ ရတာပဲ။ ငါ့ကိုဒုက္ခလာပေးနေတာတော့ မဟုတ်သေးဘူး"

သူ့အစည်းအဝေးသွားဖို့အချိန် နောက်ကျမှာစိုးသည်နှင့် နည်းနည်း ပါးပါး ပြောလိုက်မိတာကို ကိုယ်တော်လေး က ရွှေစိတ်တော်ညှိုး သည် ထင်ပ။ တစ်ခွန်းမှမပြော၊ လှည့်လည်းမကြည့်ပဲ တံခါးကို ဆောင့်ပိတ်ကာ ကားပေါ်ကဆင်းသွားသည်။သူကားမမောင်းသေး ပဲမှန်ထဲကကြည့်နေသော်လည်း ကိုယ်တော်လေးက တကယ် တစ်ချက် ဆို တစ်ချက်မှပြန်လှည့်မကြည့်ပါ။ Taxi တစ်စီးတားဖို့ လုပ်နေတာတော့ မြင်ရသည်။ လက်တားဖို့ရှက်သလို ရွံ့သလိုလို။ ဘယ်လို ကောင်လေးလဲ။ သူကားမောင်းထွက်လာသည့်တိုင် Taxi အဆင် မပြေသေးတာတွေ့ရသည်။ သူ့ကားကိုတစ်ချက် တွေခနဲ ကြည့်နေတာ လှမ်းမြင်ရပါသည်။

လမ်းမပေါ်မှတဆင့် အစည်းအဝေးရှိရာနေရာသို့ရောက်သည့်တိုင် သူ့စိတ်ထဲမှာ ထိုကိုယ်တော်လေး၏ အကြည့်ကကပ်လျက် လိုက် ပါလာသည်။

"တကယ်တော့ ခေါ်လာခဲ့လိုက်သင့်တာ"

Driver အဖြစ်သဘောထားတာမျိုးလည်း မဟုတ်တာပဲလေ။ ပြန် စဉ်းစားကြည့်တော့ စိတ်မကောင်း။ ကိုယ်တော်လေးသည် အဖိုး ဖြစ်သူဥက္ကဌကြီးနှင့် အစေးကပ်ပုံမပေါ်ပါ။ ဥက္ကဌကြီး ဇီဇာကြောင် တတ်တာ သူအသိဆုံးဖြစ်ပေမဲ့ ဒီ Mr.Huang ၏ကျေးဇူးတွေက မနည်းလှ။

"အင်းလေ နောက်နေ့တွေကျ လမ်းကြုံရင်ခေါ်သွားပေးဖို့ပဲလုပ်ပေါ့ YiFan"

ကိုယ့်ကိုကိုယ်ပြောလိုက်ရင်း အစည်းအဝေးထိုင်လိုက်သည်။ သို့သော် သူမသိလိုက်သောမုန်တိုင်းတစ်ခုက နောက်ကွယ်မှာတိုက် နေချေပြီ။

============================================================

Luhan သည် သူ့အိပ်ရာနောက်မှ studio အခန်းကျဉ်းလေးထဲမှာ နားကြပ်တပ်ထားရင်း ငိုင်နေမိသည်။ သီချင်းသံအေးအေးလေး ဆီသို့လည်းစိတ်မရောက်၊ လက်ကကိုင်ထားသောခဲတံနှင့် Note စာရွက်တို့ကိုလည်း တစ်ချက်မှမကြည့်။

တကယ်တော့ သူသီချင်းရေးသင့်တာကြာပြီ။ ဒါပေမဲ့ Oh Sehun ဆိုသည့်ကောင်လေး သူ့ဘဝထဲဝင်လာထဲ ကသူသီချင်းတွေ မရေး နိုင်ခဲ့။ သို့မဟုတ် မရေးဖြစ်ခဲ့။ Sehun အကြောင်းတွေးသောအခါပိုင်စိုးပိုင်နင်းနိုင်သော အထိအတွေ့တွေအကြောင်းက မပါမဖြစ် ပါလာသည်။ ချစ်ရသူနှင့်ခွဲခွာပြီးနောက် ပထမဆုံးသောရင်ခုန်မှု။

ဒါကဖြစ်သင့်ရဲ့လား။

၁.. သူရင်ခုန်နေမိသည်က တရုတ်လူမျိုးမဟုတ်။

၂.. သူ့ထက်ငယ်သော ကိုရီးယားလူမျိုး

၃...ယောက်ျားလေးတစ်ယောက်။

ဘယ်လိုစဉ်းစားစဉ်းစား ဒါမဖြစ်သင့်ဘူးဆိုသောအဖြေပဲ ထွက်လာ သည်။ သူ Xing နဲ့ချစ်ခဲ့ကြတုန်းကတောင် ပြဿနာတွေ ဝိုင်းဝိုင်း လည်ခဲ့ရတာပဲလေ။ Xing....YiXing သူ့ရဲ့အချစ်ဦး၊ သူ့ရဲ့အရာရာ။ ဒီတလောမှ သူ YiXing ကိုသတိရနေမိသည်။ အစကထဲက တစ်ရက်မှ မေ့နိုင်ခဲ့တာမှမဟုတ်ပဲလေ။ စကားတစ်ခွန်းမပြောပဲ၊ စာတိုတစ်စောင်မချန်ပဲ သူ့ဘဝထဲကအပြီးသတ်ပျောက်ကွယ်သွား တဲ့ YiXing ဟာ LAY groupရဲ့ CEO အဖြစ် ပေါ်လာဖို့လို့ သူမထင် ထားခဲ့။ဟင်း၊ တွေးနေရင်းနဲ့ အကျင့်ပါနေသောလက်က Search ခလုတ်မှာ Yixing နာမည် လေးရိုက်ထည့်မိသည်။

ဒါပေါ့။ အရင်ကအတိုင်းပါပဲ။ သိပ်မထူးခြားပါဘူး။ ပွဲတွေတက်တာ တောင် သိပ်မတွေ့တော့ဘူး။ Xing က အမြဲတစေ Low-profile နေတတ်သူမို့လားပဲ။ သူ Xing နဲ့ပတ်သက်တဲ့သတင်းတွေ ရှာရင်သိပ်မရှိတတ်ပါ။ သေချာတာကတော့ Xing အခုချိန်ထိ လက်မထပ် ရသေး။ ထိုအကြောင်းကိုတွေးမိရင်း Xing ရဲ့interview ကိုသူပြန်ဖတ်လိုက်မိသည်။

"ကျွန်တော် အခုလောလောဆယ်တော့ လက်ထပ်ဖို့အစီအစဉ်မရှိ ပါဘူး၊ ကျွန်တော့်ချစ်သူက နားလည်ပေးမှာ ပါ။"

အဲဒီချစ်သူဆိုတာကို ဘယ်သူတွေအမျိုးမျိုး ထင်ကြေးပေးပေး။ ဒါ သူ့ကိုပြောတာပဲလို့သူထင်သည်။ သို့တည်း မဟုတ် သူသိသည်။ နားလည်ပေးမှု။ သူအမြဲနားလည်ပေးခဲ့တာပဲလေ မဟုတ်ဘူးလား။

ဥပမာ - YiXing က LAY Group ရဲ့ဆက်ခံသူလို့ ဖွင့်မပြောပဲ လိမ်ထားခဲ့တုန်းကကော။ ပြဇာတ်ကကြဖို့ တိုက် ပြီးမှ သူ့ရှေ့မှာပဲ မိန်းကလေး တစ်ယောက်နဲ့ စုံတွဲအကကသွားတုန်းကကော။ သူ့ကို ဝိုင်းအနိုင်ကျင့်ကြသည့် ကျောင်းသားတွေလက်ထဲက ဆွဲခေါ်ထုတ် လာတာကလွဲလို့ ဘာမှမလုပ်/မပြောပဲ နေနေတာမျိုး။ နောက်ဆုံး သူ့ကိုထားခဲ့တဲ့အထိ သူနားလည်ပေးထားတာပဲမဟုတ်လား။ အတိတ်အကြောင်းတွေတွေးမိသောအခါ မျက်ရည်တွေဝိုင်းတက် လာပြန်သည်။

သူ Yixing ကိုအဲဒီလောက်ချစ်နေတာပါလား။ ထိုစဉ် ဖုန်းက Vibrate သံအကျယ်ကြီးဖြင့်ရွေ့သွားသည်။

သူမျက်ရည်တို့ကိုပွတ်သုတ်၍ ဖုန်း screenကိုကြည့်လိုက်သော အခါ

"ဒီညနောက်ကျမှလာလို့ဖြစ်တယ်မလား။ ကျောင်းနဲ့လေ့လာရေး ခရီးသွားနေလို့။ ပြတင်းပေါက်ပဲ ဖွင့် ထားလိုက်နော်။ မစောင့်နဲ့။ အိပ်နှင့်တော့"

အိပ်နှင့်တော့ တဲ့ ။သူ့အိမ်ကိုလာလည်ခြင်းဆိုသည်က သူနဲ့စကား ပြောဖို့ ဒါမှမဟုတ် တစ်ခုခုတူတူစားဖို့။ အဲဒီလိုမဟုတ်ဘူးလား။ သူ အိပ်ပျော်သွားမှ Sehun ကဘာလာလုပ်မှာတဲ့လဲ။ တွေးနေရင်း မဟုတ်တာတွေ ပါတွေးမိသောအခါ သူဆတ်ခနဲတုန်သွားရသည်။ သူ Yixing ကိုချစ်နေဆဲပဲဆိုလျင် ဒီကောင်လေးကကော။ ချစ်မိနေ တာတော့သေချာပါသည်။ ထိုအခါ လက်ထဲကခဲတံပါလွတ် ကျသွား ခဲ့တော့သည်။ ဖုန်းကိုစိုက်ကြည့်ရင်း ဘယ်လို reply ရမလဲ မသိ။ ဘယ်လိုမှ မစဉ်းစားတတ်တော့သောအခါ သူသည် ဖုန်းကို ချထား ခဲ့ရင်း ရေချိုးခန်းထဲသို့ဝင်လိုက်သည်။ ရေပန်းအောက်မှာအဖြေရှာ ရတာကို သူသဘောကျ ပါသည်။ အဖြေတစ်ခုခုတွေ့သွားတတ်သလို တခါတလေလည်း သူကိုယ်တိုင်ပါ ရောယောင်ပျောက်ဆုံးသွား တတ်တာ ကို သဘောကျတာလားတော့မသိတော့ပါ။

------------------------------------------------------------------------------------------------------------------------------------

"မန်နေဂျာ Wu မိုးမီးလောင်နေပြီ" ဟု သူ့ဝန်ထမ်း တစ်ယောက် သတင်းပေးလာသောအခါက ဘာပြသနာမှန်း မသိသော်လည်း မိုးထိမီးတက်လောင်ရအောင် ကြီးမည်ဟုမထင်ခဲ့ပါ။ (ထို့လောက် ကြီးသောပြဿနာလည်း ဖြစ်ရန် အကြောင်းမရှိပါ)

သို့သော် တကယ်ပင် မိုးမီးလောင်နေပါပြီ။ မိုးထက်မကသော အဆင့်များရှိလျင်လည်း တက်လောင်နေ လောက်ပါပြီ။

"မြေးတော်လေး ပြန်မရောက်လာသေးဘူး။ ဥက္ကဌကြီးလည်း စိတ်ပူပြီးလိုက်ရှာပေမဲ့ ဘယ်မှာမှမတွေ့ဘူး။ ပြီးတော့ CCTV ကြည့်လိုက်တော့ သူ့ကိုနောက်ဆုံးတွေ့ခဲ့တာက မန်နေဂျာ Wu"

အင်း။ မိုးမီးလောင်လောက်စရာပါပဲ။ သတင်းကြားရုံနဲ့တင် သူ အခြေအနေကိုတွက်ဆမိပါသည်။ နာရီကို ကြည့်လိုက်တော့ည ၁၀ နာရီကျော်။ သူ့မှာအိမ်ရောက်ပြီးမှ ပြန်ထွက်လာရသည်။

"ဒေါက် ဒေါက်"

"ကျွန်တော် Kris Wu ပါ ဥက္ကဌကြီး"

"ဝင်ခဲ့!"

ဘိုးတော်ကြီးကြည့်ရတာ အတော်တော့စိတ်ပူနေပုံပေါ်သည်။ သူ ဘယ်ကစပြောရမလဲ စဉ်းစားနေတုန်း

"မင်းကို Tao ကဘယ်သွားမယ် ဘာညာပြောသွားသေးလား"

"အဲ...Namsan Tower လိုက်ပို့ခိုင်းပေမဲ့"

ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ စကားမဆက်ဝံ့။ သူ့စကားမဆုံးခင်ပဲ ကိုယ်ရံတော် တစ်သိုက်ကချက်ချင်း ပြေးထွက်သွားကြသည်။ အေးလေ နေရာတစ်ခုသိရသည်နှင့် လမ်းစပဲမလား။

"အေး ငါက မင်းကိုတော့အားနာပါတယ်ကွာ။ TaoTao ကို မင်းနဲ့မဟုတ်ရင် အပြင်မသွားရဘူးလို့ တမင် ပြောလိုက်တာ။ သူခြေရှုပ်နေမှာစိုးလို့လေ။ ဒီကလေးက စကားလည်း မပေါက်။ အင်္ဂလိပ်လိုလည်း အဆင်ပြေမှာ မဟုတ်တော့ တစ်ယောက်ထဲ မသွားလောက်ဘူးထင်တာ"

ဘိုးတော်ပြောမှသူစဉ်းစားမိသွားသည်။ ဟုတ်သားပဲ။ ပြည်မကြီးက လာတဲ့လူက ကိုရီးယားစကားမတတ်၊ အသိမရှိ၊ အင်္ဂလိပ်လို မပြောတတ်ပဲ တစ်ယောက်ထဲ သွားလာနေတာ စိတ်ပူစရာပဲ။ ဘယ်လောက် လုံခြုံတဲ့ မြို့တော်ဖြစ်ပါစေ အဆင်ပြေပါ့မလား။ ပြီးတော့ အခုမှ အထက်တန်းပြီးခါစ ကလေးအရွယ်လေး။

"ဖုန်းမကိုင်ဘူးလား ဥက္ကဌကြီး"

"ဖုန်းပိတ်ထားတယ်တဲ့"

"ကျွန်တော်လည်းသွားကြည့်လိုက်ပါမယ်။ သတင်းတစ်ခုခုကြားရင် ကျွန်တော့်ကိုလည်း ဆက်သွယ်ပေးပါ"

"အေးကွာ။ မောင်ရင့်ကိုပဲစိတ်ချပါတယ်"

ည ၁၀ နာရီကျော်မှ တူတူပုန်းတမ်းကစားရတဲ့အဖြစ် ။ဒါပေမဲ့ သူ တကယ်ပဲလိုက်ရှာချင်တာပါ။ ပျောက်သွား ရင် ဒုက္ခ။ သူ့ကားကို ကြည့်နေခဲ့သည့် ထိုအကြည့်လေးကို သူဘယ်လိုမှမေ့လို့မရပါ။

--------------------------------------------------------------------------------------------------

ညမိုးချုပ်မှ တံခါးလာခေါက်သံကြားသောအခါ Luhan ဆတ်ခနဲ ထလိုက်မိသည်။ ပြတင်းပေါက် ဖွင့်ပေးထား လျက်နဲ့ တံခါးလာ ခေါက် နေပါလား။ ထပ်ပြီး ခေါက်သံကြားရတော့ သူ ဘဝင်မကျ ဖြစ်သွားသည်။ ဒါ Sehun မဟုတ်ပါ။ ဒီအချိန်မှလာတဲ့ဧည့်သည်။ သူတံခါးမဖွင့်ပဲ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတုန်း တရုတ် စကားပြောသံတစ်ခုကို ကြားလိုက်ရသည်။

"Luhan ရှိလား"

တရုတ်လိုပြောသံမကြားရတာပဲ နှစ်နဲ့ချီနေပြီ။ ရင်ဘတ်မှာ နှလုံးခုန်သံမြန်လာသလိုလို။ သူ အပြေးအလွှား တံခါး သွားဖွင့် လိုက်တော့ Yixing မဟုတ်ပါ။ အဲဒီအစား ကုတ် ထူထူ တစ်ထည် ဝတ်ထားသော အရပ်မြင့်မြင့် အသားညိုညို ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

"ဟာ Ge ကျွန်တော်ကမသေချာပဲ ရမ်းလာခဲ့ရတာ ၊ရှိနေတာပဲ။ Ge ကတော့ဘာမှမပြောင်းလဲဘူးနော်"

"မင်းက"

"ကျွန်တော်က Huang Zi Tao ပါ အစ်ကို။ Huang အိမ်တော်က လေ။ ဟာ ကျွန်တော့်ကိုမမှတ်မိဘူးလား"

"သြော်..မင်း...အင်း..ဝင်လေ"

ငယ်ငယ်ကကစားဖော်ဖြစ်ခဲ့ဖူးသော Zi Tao ကမုန့်တွေအများကြီး ဆွဲလာရင်း အိမ်ထဲဝင်လာပါသည်။

"အေးတယ်ဗျ"

"ဒါသာမန်ပါပဲ။ နွေဦးပဲရှိသေးတာကို"

"ဟင် ဟုတ်လား။ ဘေကျင်းမှာ ထက်တော့ အေးတာပဲဗျ။ ဒီမှာက ဟိုမှာလို မီးခိုးမြူ တွေမရှိလို့လားမသိဘူး။"

စကားတော့အတော်များတဲ့ကောင်လေး။ Luhan ကရေနွေး တစ်ခွက်ချပေးတော့ သူကငြင်းရင်း

"ရတယ်။ ကျွန်တော်အခုပဲ ဗိုက်ကိုပြဲကားနေအောင် စားခဲ့ပြီးပြီ။ ဒီနားမှာ အစ်ကိုနေတယ်ဆိုတာ သတိရလို့ လာခဲ့တာ။ နောက်ကျမှ လာခဲ့လို့ခွင့်လွှတ်ပါနော်။ အဲ..တစ်ယောက်ထဲနေတာမလားဟင်"

အိမ်ထဲကိုဝေ့ကြည့်ရင်း တောင်းတောင်းပန်ပန်ပြောတော့ သူပြုံး လိုက်မိသည်။

"မင်းကငါ့အိမ်လိပ်စာဘယ်လိုသိတာလဲ။ ဆိုးလ် ရောက်တာ ကြာပြီလား"

ဗိုက်ကားအောင်စားခဲ့သည်ဆိုသော Zi Tao ကဂျယ်လီထုတ်စားရင်း

"ကျွန်တော်က ဆိုးလ် မှာကျောင်းလာတက်မလို့ပါ။ အစ်ကို့ အိမ်လိပ်စာက ဦးလေး Lu တို့ပဲပေးလိုက်တာ။ ဟောဒီမှာ အန်တီ က ပေးလိုက်တဲ့ပစ္စည်းထုပ်ပါ။ တွေ့လိုတွေ့ငြား"

စားပွဲပေါ်ကပစ္စည်းထုပ်လေးကိုကြည့်ရင်း Luhan ငိုင်တွေနေမိသည်။ သူအိမ်ကိုအဆက်အသွယ်မလုပ်တာ ပဲနှစ်နဲ့ချီနေပြီ။ဖေဖေကတော့ခွင့်မလွှတ်သေးမဲ့ပုံနဲ့ မေမေကတော့ အစကထဲက သူ့ဖက် ကပဲဆိုတော့ စိတ်ပူ ရှာမှာ။

"အေးကွာ ကျေးဇူးပါပဲ...ဟို..ငါ့အိမ်မှာတော့ဘာမှမရှိလို့ ဧည့်မခံရတာ စိတ်မကောင်းပါဘူး"

"အာ ဒီလူတွေပဲကိုပြောစရာလား အစ်ကိုရ။ အန်တီက တော်တော် စိတ်ပူနေတာပါ အစ်ကိုရာ။ ဦးလေးက လည်း အစ်ကို့ကို ပြန်လာစေ ချင်ပုံပါ"

Luhan ပြုံးပဲပြုံးလိုက်မိသည်။ ဒီကောင်လေးကသူ့အိမ်တွင်းရေး တွေမှ မသိပဲကိုး။

"မင်းမသိပါဘူး"

"ကျွန်တော်သိပါတယ်"

ပစ္စည်းထုပ်ကိုလက်လှမ်းလိုက်သည့် သူ့လက်တွေတုံ့ခနဲ ရပ်ပြီး Zi Tao ကိုအလန့်တကြားမော့ကြည့်တော့ Zi Tao ကနေရခက် သွားပုံနဲ့

"ဟို တမင်တကာစပ်စုတာမဟုတ်ပေမဲ့ ကျွန်တော်သိဖို့ ဖြစ်သွား တယ်။ တောင်းပန်ပါတယ်နော် အစ်ကို"

သူလက်တွေ တဆတ်ဆတ်တုန်လာသည်။ ဒီအတိတ် အကြောင်း ကိုသိတဲ့သူတွေ ပေါ်လာလို့ပြီးဦးမှာလား။

"အစ်ကို ကျွန်တော်ကငယ်ငယ်က Huang Zi Tao ပါပဲ"

Zi Tao မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်မိတော့ ငယ်ငယ်က လိုပဲ ပြုံးပြပါသည်။ နည်းနည်းတော့ စိတ်သက်သာရာ ရသွားသလို ပဲ။ငယ်ငယ်ကထဲက သူတို့အချင်းချင်း လျို့ဝှက်ချက်တွေဖလှယ် ခဲ့ကြတာ ပဲလေ။ ကြားထဲမှာနှစ်တွေအကြာကြီး စိမ်းသက်ခဲ့ကြ ပေမဲ့ချက်ချင်းလို ရင်းနှီးနွေးထွေးမှုပေါ်လာပါသည်။

"ထားပါတော့ အစ်ကိုရာ အဲ့ဒါတွေမေ့ထားလိုက်ပါ။ အစ်ကို အိမ်ကို လည်းဆက်သွယ်ပါဦး အဲ ကျွန်တော် အစ်ကို့ဖုန်းကို ခေါ်လို့မရဘူး။ နံပါတ်ပြောင်းထားတာလား"

"သြော် ဖုန်းဆက်ထားသေးတာလား"

သူ Studio ထဲကဖုန်းလေးသွားယူကြည့်တော့ဟုတ်ပါရဲ့။ Missed calls တွေမနည်း။ Sehun ကတစ် Call ပါသေး။ Message reply မလုပ်ရသေးလို့များလား။ သူစိတ်တွေရှုပ်ထွေးလာသည်။ Studio ထဲမှ အခွေ Cover လေးတစ်ခုကိုအကြည့် ရောက်သွား တော့ သူဆုံးဖြတ်ချက် တစ်ခု ခိုင်ခိုင်မာမာချကြည့်လိုက်သည်။ မှားရင် လည်း မှားပါစေတော့။

"Zi Tao မင်း ဒီမှာပဲညအိပ်ပါလား။ ငါတရုတ်လို မပြောရတာလည်း ကြာပြီ။ ဘေကျင်း ကအကြောင်းတွေ လည်းသိချင်တယ်"

Zi Tao ကလည်းပျော်သွားပုံပါ။

"အတော်ပဲ အစ်ကို။ ကျွန်တော်ကပြောရခက်နေတာ။ အမှန်တော့ ဒီညဟိုတယ်တစ်ခုခုသွားအိပ်ဖို့တောင် လုပ်နေတာ။ ကျွန်တော်အိမ် ပြန်လို့မရတဲ့အကြောင်းလေးရှိလို့"

သူ့ထက်အတော်လေးငယ်သော်လည်း Zi Tao နှင့်သူက ငယ်ကထဲ က အတူကစားကြသွားကြမို့ ပြဿနာ မရှိပါ။ အဓိကက Sehun ရောက်လာသည့်အခါ သူနှင့်အတူရှိနေသည့် Zi Tao ကိုတွေ့သွားဖို့ပဲဖြစ်ပါသည်။

--------------------------------------------------------------------------------------------------

Zi Tao ကတရှူးရှူးနှင့် အိပ်ပျော်နိုင်သော်လည်း Luhan ကတော့ ပြတင်းပေါက်ကိုကြည့်ပြီး မျက်စိကြောင် နေဆဲ။ တကယ်တော့ Sehun ကို လာစေချင်သည့်စိတ်နှင့် Sehunကိုရောက်မလာစေချင် သည့် စိတ်တို့ကြား မှာ သူလွန်ဆွဲနေရသည်။ Sehun ရောက်လာ သည့်အခါ Tao ကိုတွေ့သွားရင် ဘယ်လိုတုံ့ပြန်မှာလဲ။ စိတ်များ ဆိုးသွားမလားပဲ။ဒါမှမဟုတ် အေးတိအေးစက်ရယ်ပြီး ထွက်သွား မလား။

ကြောက်တယ်၊ ကြောက်လိုက်တာ Sehun ရယ်။

AirCon ပိတ်ထားသော်လည်း ပြတင်းပေါက်မှလေအေးတို့ကြောင့် သူချမ်းလာသည်။ ဘာမှမစဉ်းစားချင်တော့ ပဲ မျက်စိစုံမှိတ်ပြီး အိပ် လိုက်မိတာ ပြဿနာမပေါ်ခင်ထိပဲဖြစ်သည်။

--------------------------------------------------------------------------------------------------

မနက် ၁ နာရီလောက်မှာ Huang Zi Tao သည် သန့်စင်ခန်းသို့ ဝင်ရန်ထလိုက်သည်။ တနေကုန်ရေသောက်တာ များသွားသည်မို့။ ဖြစ်ချင်တော့ ရေချိုးခန်းမီးကပွင့်မလာခဲ့။တစ်ယောက်ထဲလည်းမသွားရဲ။ သို့သော် မီးမှိတ် ထားပြီး အိပ် နေသော Luhan ကိုလည်းသူမနှိုးချင်။ ဘယ်လောက်ခင်ခင် ဒါ လောက်တော့ သိတတ်ရမည် မလား။ အသိတတ်လွန်သွား သည်ကပင် ပြသနာဖြစ်စေခဲ့သလားမသိပါ။ စာကြည့်စားပွဲပေါ်က လက်နှိပ် ဓာတ်မီးလေးကိုယူ၍ ရေချိုးခန်းထဲသို့ဝင်လိုက်သည်။ မီးမရှိသော ရေချိုးခန်းမှာ တံခါးပိတ်ပြီး နေရလောက် အောင်ထိ တော့ သူသတ္တိမရှိပါ။ လက်နှိပ်ဓာတ်မီးလေးကိုထိုးရင်း(Luhan အိပ်နေတာလည်းသေချာသည်မို့ ) တံခါးကိုခပ်ဟဟဖွင့်ထားရင်း စိတ်ချလက်ချဖြေရှင်းလိုက်သည်။

ထိုစဉ် သူ့နားထဲ အသံတစ်ခု ကြားလိုက်ရသလိုလို

"ဘာအသံပါလိမ့်"

နဂိုကထဲကသရဲကြောက်သူမို့ အပြေးထွက်လာမိရာ ကြမ်းပြင်မှ အထစ်ကလေးနှင့် ခလုတ်တိုက်လဲတော့ သည်။

"ဟာ သူခိုး!! သူခိုးဝင်နေတယ်!!!!"

သူ့နားထဲကိုရီးယားလိုအော်သံကြီးကြားလိုက်ရ၍မော့ကြည့်တော့ Luhan မဟုတ်ပေ။ ပြတင်းပေါက် ဘောင် ပေါ်တွယ်တက်နေသော Mask အုပ်ထားသောလူတစ်ယောက်။

"ဟာ သူခိုးဝင်နေတယ် အစ်ကို လုပ်ပါဦး သူခိုး"

တရုတ်လိုကော ကိုရီးယားလိုကော သူခိုးဝင်သည်ဟုအသံကြား လိုက်ရသော Luhan တစ်ယောက် မျက်စိ ကျယ်ကာ လူးလဲထလာ လိုက်သည်။

"သူခိုးဝင်နေတယ် Hyung မထနဲ့"

Sehun အသံ။ Luhan ကမီးထဖွင့်ရန်ကြိုးစားလိုက်တော့Sehun ကစိတ်ပူကာ အထဲကို ကမန်းကတန်း ဝင်လာရန်ပြင်သည်။။ Tao ကလည်း ပြတင်းပေါက်မှ လူရိပ်ဝင်လာတာကိုတားရန် အနားမှ တံမြက်စည်း ကိုယူပြီး ပြတင်းပေါက်ကိုပြေးကပ်သည်။

"အစ်ကို၊ ကျွန်တော်တစ်ယောက်လုံးရှိတယ် မကြောက်နဲ့။ ကျွန်တော် ဒီသူခိုးကြောက်သွားအောင် ဝူရှူးအစွမ်းပြလိုက်မယ်"

တရုတ်လိုကော ကိုရီးယားလိုပါ ရှင်းလင်းပြတ်သားစွာ နားလည် လိုက်သည့် Luhan ကအခြေအနေကို ရိပ်မိကာ -

"Tao မလုပ်နဲ့" "Sehunမဆင်းလာနဲ့ဦး"

"ဟာ သူခိုးဝင်နေတာမဆင်းလာလို့ရမလား"

Sehun ကလည်းအပြိုင်အော်သည်။ Sehun အော်နေတာကို ခြိမ်း ခြောက်သည်ထင်သွားသော Tao က တံမြက်စည်းကို အားကုန် လွှဲ ပြီး ရိုက်ချလိုက်သောအခါ Luhan ဖွင့်လုဆဲ မီးအိမ်ကလေး ကျိုး ပျက်သွား တော့သည်။

"ဒုန်း..ခွမ်း..အ"

မှောင်နဲ့မည်းမည်းမှာ ဘာတွေဖြစ်ကုန်မှန်းမသိ။ Sehun က စိတ်ပူစွာဖြင့် ဆင်းချလာပြီး Tao ကိုဆွဲထိုးတော့ သည်။

"ခွပ်.."

အမှောင်ထဲမှာမို့ကော မီးအိမ်ကွဲသွားတာကြောင့်လှည့်ကျနေတာ ကောနဲ့ Tao အလစ်ငိုက်ခံလိုက်ရလေသည်။

"Sehun မလုပ်နဲ့"

"ဘာ..."

"အဲ့ဒါ......ငါ့....သူ..ငယ်..ချင်း"

Sehun ငြိမ်သက်သွားသောအခါ Tao ကချက်ချင်းထပြီး ပင်မ မီး ခလုတ်ကိုဖွင့်လိုက်တော့ တစ်ခန်းလုံး လင်းထိန်သွားသည်။ အခန်း ထဲမှာပစ္စည်းတချို့ဖရိုဖရဲဖြစ်ကာ မီးအိမ်ကွဲစတွေ သလဲနေသည်။ Tao မျက်နှာ မှာဒဏ်ရာတချို့ကိုမြင်လိုက်တော့Luhan က Tao နားပြေးသွားကာ မျက်နှာကို ကိုင်ကြည့်လိုက်သည်။

"ရရဲ့လား Tao"

"ရပါတယ် အစ်ကို။ ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ သူကဘယ်သူလဲ။ အစ်ကို့အသိလား"

ထိုတော့မှ တောင့်တောင့်ကြီးရပ်နေသော Sehun ကို Luhan လှည့်ကြည့်မိသည်။ မောဟိုက်နေပုံရသော Sehunကအသက်ရှူ ရင်း တောင့်တောင့်ကြီးရပ်ကာ သူတို့ကိုကြည့်နေသည်။ Mask အမည်းရောင်အုပ်ပြီး ဦးထုပ်ဆောင်းထားသော်လည်း Sehun ၏မျက်ဝန်းမှစူးရှသည့် အကြည့်များကိုမဖုံးကွယ်ထားနိုင်ပါ။

"S...Sehun"

Sehun က Mask ကိုဆွဲဖြုတ်လိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက် သည်။ ကြမ်းပြင်မှ နောက်ထပ်အိပ်ရာတစ်ခု ခင်းထားတာကို ငေးစိုက်ကြည့်ရင်း အံကြိတ်ကာလက်သီးဆုပ်ထားတာကိုLuhan မြင်တော့ သူအကြောက်ဆုံး အရာဖြစ်ခဲ့ပြီမှန်းသိလိုက်ပါသည်။

*မဟုတ်ပါစေနဲ့လား Sehun ရယ်။ မင်းငါ့ကိုအဲဒီလို ခံစားချက် မထားလိုက်ပါနဲ့*

Sehun ကအံကြိတ်ရင်း Luhan အိပ်ရာပေါ်သို့ကြည့်နေသည်။။ ဖြစ်ပေါ်သွားသောရှုပ်ထွေးမှုကြားမှာ Tao ခေါင်းအုံးကLuhan အိပ်ရာပေါ်ရောက်နေသည်။ တမင်သပ်သပ် လုပ်ထားတာ မဟုတ် သော်လည်း Sehun အမြင်မှာ ဘယ်လိုဖြစ်သွားပြီမှန်း သူသိလိုက် သောအခါ ပူလောင်နာကျင်ရသွားသည်။ ဘုရားရေ။ ဒါ သူဖြစ်စေ ချင် တဲ့ အတိုင်းပဲမဟုတ်ဘူးလား။ ဘာကိုပူလောင်နေရတာလဲ။

"အဲ့ဒါကြောင့် Message ပြန်မပို့နိုင်တာလား။ ခင်ဗျားနဲ့အတူအိပ်ဖို့ လူတစ်ယောက်ရှိနေလို့လား"

Sehun၏အကြည့်ကရိုင်းသည်။ ထို့ထက်အပြောအဆိုက ပို၍ ရိုင်းပျလေသည်။ ကိုရီးယားဘာသာစကားကို မသိနားမလည်ရင် အကောင်းသားဟု Luhan တွေးမိလေတော့သည်။ တကယ်ကို ဘာပြန်ပြောရမှန်း မသိ တော့သော အခြေအနေတစ်ခုကို ရင်ဆိုင် နေရပြီ။

"အစ်ကို"

အခြေအနေကို အနည်းငယ်သဘောပေါက်လာဟန်တူသော Tao က သူ့ကိုအလန့်တကြားခေါ်သည်။ သွားပြီ။ Tao ကကော ဘယ်လို ထင်သွားပြန်တာလဲ။

"ခင်ဗျားပြောလေ။ Message တစ်စောင်တောင်မပို့နိုင်ရအောင်.."

သူ့လက်ကိုပိုင်စိုးပိုင်နင်းဆွဲ၍လာအော်သော ကောင်လေး၏ စကား မဆုံးမီပင် ပြတင်းပေါက်မှနေ၍ ရဲဝတ်စုံဖြင့်လူတစ်ယောက် ခုန်ဝင် လာသလို အရှေ့တံခါးမှလည်း တံခါးခေါက်သံတွေ တရစပ်ကြား လိုက်ရသည်။

"သူခိုးလို့အော်သံကြားလိုက်သလို ပစ္စည်းတွေကွဲကျသွားသံလည်း ကြားတယ်။ သူခိုးလွတ်သွားပြီလား"

Sehun က Luhan လက်ကိုလွှတ်လိုက်သည်။ Tao ကအခြေအနေ ကိုသဘောပေါက်ကာ ရဲ ညွှန်ပြသည့်အတိုင်း တံခါးဖွင့်ပေးလိုက် တော့ အိမ်ရှင်နှင့် လုံခြုံရေးမှူးအပြင် လှည့်ကင်းရဲတစ်ယောက်။

Luhan သည်ထိုနေရာမှ အငွေ့ပျံပျောက်ကွယ်သွားလိုက်ချင်တော့ သည်။

"သူခိုး မဟုတ်ပါဘူး။ နားလည်မှုလွဲသွားတာပါ"

Luhanကပဲရှင်းပြလိုက်သော်လည်း သူတို့တိုက်ခန်းမှလုံခြုံရေးမှူး ကြီးက "မဟုတ်ဘူး။ မျက်နှာဖုံး ဝတ်ပြီးဦးထုပ် ဆောင်းထားတဲ့ သူတစ်ယောက်လေးလွှာကို သစ်ပင်ကနေတွယ်တက်သွားတာ တွေ့လိုက်တယ်"

Sehun ကအဲဒီတော့မှလှည့်လာပြီး "အဲ့ဒါ ကျွန်တော်ပဲ..."

ရဲကအခန်းကိုတစ်ချက်ဝေ့ကြည့်ရင်း "ဒါဆို သူခိုးလို့အော်လိုက် တာကကော"

Sehun ကပင် ခေါင်းကိုတစ်ချက်ပွတ်၍ "အဲ့ဒါလည်းကျွန်တော်ပဲ။ ဟိုကောင်က ဓာတ်မီးနဲ့ ကုန်းကုန်း ကွကွလုပ်နေလို့"

Tao ကတော့သူ့ကိုပြောမှန်းသိသော်လည်း ဘာပြောနေမှန်း ဘာပြောရမှန်းသိပုံမပေါ်။ ကြောင်စီစီနှင့် ကြည့်နေသည်။

"မင်းတို့နားလည်မှုလွဲတာဆိုပေမဲ့ ပတ်ဝန်းကျင်ကိုလည်း အနှောင့် အယှက်ပေးသေးတယ်။ မင်းလေးလွှာကို ဘာလို့ ခိုးကြောင် ခိုးဝှက် တက်ရတာလဲ"

ရဲကြီး၏အမေးကို Sehun က စိတ်ရှုပ်သလို "မနက် တစ်နာရီမို့လို့ ဒီလိုဝင်လိုက်ရတာ"

"နေဦး..မင်းနဲ့သူကဘာတော်လဲ"

ထိုအခါ Sehun နဲ့ Luhan တို့အကြည့်ချင်းဆုံသွားကြသည်။

Sehun က အောင်နိုင်သူပမာ မျက်လုံးကိုစင်း၍ပြုံးရင်း *ပြောလိုက် ရမလား* ဆိုတဲ့ပုံစံဖြင့်ကြည့်နေသည်။ Luhan ရင်ထဲထိတ်ခနဲ။

"သူက....ကျွန်တော့်......."

Luhan မျက်လုံးမှိတ်ထားလိုက်မိတော့မှ Sehun ကတစ်ချက် ရယ် ရင်း "Guide ဆရာ"

ဇာတ်လမ်းကထိုမျှနဲ့မပြီးပါ။ Sehun ၏အပြုအမူကို ရဲက သဘော ကျပုံမပေါ်။ Luhan ၏ အလုပ်အကိုင် ကိုမေးတော့ Luhan တစ်ယောက် ထစ်အသွားရသလို Tao ကလည်းဖြစ်ချင်တော့ Passport မယူလာခဲ့သော နိုင်ငံခြားသားဖြစ်နေသည်။ ထိုအခါ ရဲက ၃ ယောက်လုံးကို စခန်းမှာပဲ ဖြေရှင်းရန် ခေါ်သွားတော့သည်။

Luhan ကတော့ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကိုတွေးကာ သက်ပြင်း ရှိုက်မိသော်လည်း Tao ကတော့ အတွေ့အကြုံသစ်ရသည် ဟုဆို ကာ ပျော်နေသလို Sehun ကလည်း Luhan ကိုပဲတောက်လျှောက် စိုက်ကြည့်ရင်း မဲ့ပြုံးပြုံးနေတတ်ပါသည်။

--------------------------------------------------------------------------------------------------

ဘယ်လိုမှရှာမတွေ့သည့်အဆုံး မနက်ကျလျင်လူပျောက်တိုင်ရမည် ဟုဆုံးဖြတ်ကာ ပူပန်သောစိတ်အစုံဖြင့် အိမ်ပြန်လာသော Kris Wu ဆီသို့ ဖုန်းတစ်ကောလ်ဝင်လာပါသည်။ နံပါတ်ကအစိမ်း။

"ဟဲလို"

"အဲ။ ဟိုလေ ကျွန်တော်ပါ"

"မင်း!!!"

ကားကိုလမ်းဘေးမှာဆွဲချရပ်ရင်း "အခုမင်း ဘယ်ကနေ ဆက်နေ တာလဲ။ တစ်နေကုန် ဘယ်တွေ သွားနေ တာလဲ။ ဘာဖြစ်လို့ ဖုန်းမကိုင်တာလဲ။ အခုကော Huang Zi Tao မင်းအဆင်ပြေရဲ့လား"

"အဲ ကျွန်တော် ခင်ဗျားကလည်းတစ်ခုချင်းမေးပါဗျ"

ထိုတော့မှမေးခွန်းတွေ တရစပ် မေးမိသွားကြောင်း သတိရကာ သူရှက်သွားသည်။

"မင်းအခုဘယ်မှာလဲ"

"အဲ့ဒါပြောမလို့ ဟို ဘိုးဘိုး မသိစေနဲ့နော်။ ကျွန်တော် ရဲစခန်းမှာ။"

"ဘာ"

"အာ တိုးတိုးပြောစမ်းပါ။ အခု (..)ရဲစခန်းမှာ ကျွန်တော်ရယ် သူငယ်ချင်း ၂ ယောက်ရယ် ပြဿနာလေးရှိလို့။ ခင်ဗျားလာခဲ့ ပေးမလားဟင်"

အခုကျတော့လည်း အသံလေးက တကယ့်ကို တိုးတိုးလျလျ ကလေး။

"မင်းဘာ ပြဿနာတွေရှာထားပြန်ပြီလဲ"

လို့ပြောလိုက်မိပေမဲ့ ကားကိုတော့အရှိန်မြှင့်ကာ မောင်းထွက်လိုက် ပြီးသားဖြစ်နေပါတော့သည်။

--------------------------------------------------------------------------------------------------

"သူငယ်ချင်း ၂ ယောက်" ဟု Tao ကတရုတ်လို ပြောတာ ကြားရ သောအခါ Luhan သည် ဒီစိတ်ဆင်းရဲစရာ အခြေအနေကြားမှပင် ရယ်ချင်သွားမိသည်။ OhSehun ဆိုသောကောင်လေးသည် Tao ကို သူငယ်ချင်း အဖြစ် မသတ်မှတ်ရုံတင်မက ရန်သူလိုပါသဘောထား နေကြောင်းသိရ သောကြောင့်ဖြစ်သည်။

"ကျွန်တော်အချုပ်ထဲမှာညအိပ်လိုက်မယ်။ ဒီကောင့်ရဲ့ အဆက် အသွယ်တွေနဲ့မှ ပြီးမှာမလိုချင်ဘူး"

"ဟ။ မင်းကိုအချုပ်ထဲထည့်ရအောင် မင်းအပြစ်က တကယ့် သူခိုး လည်းမဟုတ်ဘူးလေ။ အခုဟာက မင်းတို့ ခံဝန်ကတိထိုးဖို့တောင် မလိုပါဘူး အချိန်အရမသင့်တော်တာနဲ့ကော အုပ်ထိန်းသူခေါ်ပြီး နည်းနည်းပါးပါး စကားပြောမလို့ပါပဲ။ စခန်းခေါ်လာတာ အဲ့ဒါ ကြောင့်ပါ"

"မသိဘူးဗျာ"

ဂျစ်ကန်ကန်နိုင်လှသောကောင်ဆိုးလေးကိုရဲကပင်ချော့နေရသည်။Luhan ကတော့တစ်မျိုး။ အလုပ်လုပ် နေသည်ဟုဆိုကာ ပြထား သော company မှာတကယ်အလုပ်မလုပ်ပဲ အိမ်မှာပဲအမြဲနေကြောင်း သိသွား သောကြောင့် ဖြေရှင်းနေခြင်းဖြစ်သည်။

(ထို Company ကသူ့ကို အနုပညာကျောင်းမှာ ဆရာက ကူညီ ကာနာမည်တပ်ပေးခြင်း ဖြစ်သည်)

သူဖြစ်နေသည့် ပြဿနာကို Tao ကိုပြောပြတော့ Tao ကတော်ပါ သည်။ ဟန်မပျက်နေရင်းကနေတရုတ်လိုပဲ အဘိုးတို့Company အတွက် ဘာသာပြန်လုပ်ပေးကြောင်း ပြောလိုက်ရန် ကူညီပေး သည်။ အခုရောက်လာ မည့်မန်နေဂျာကိုလည်း Tao က ဖုန်းထဲက နေ သူ့ကိစ္စပြောပြထားပြီး ဖြစ်သောကြောင့် သူစိတ်ပူစရာ မရှိ တော့ပါ။ပြဿနာက သူနှင့် Tao တရုတ်လိုပြောနေသည်ကို တစ်ဖက်စားပွဲမှာ တစောင်းထိုင်ရင်း မဲ့ပြုံးပြုံး ကာစိုက်ကြည့် နေသော Sehunပင်ဖြစ်သည်။

"အစ်ကို သူက"

"ငါနဲ့ခင်နေတဲ့ကောင်လေး။ အထက်တန်းကျောင်းသားပါ"

လို့ပြောလိုက်တော့ Tao ကခေါင်းညိတ်ပါသည်။ သို့သော် ယုံကြည်ဟန်မရှိပါ။

"နေပါဦးကွ။ မင်းက Guide ဆရာအိမ်ကို မနက် ၁ နာရီကြီး ဘာသွားလုပ်တာလဲ"

ရဲက အခုမှသတိရသလိုထမေးတော့ Luhan မျက်နှာ ဘယ်နား သွားထားရမှန်းမသိ။ Sehun ကမျက်မှောင်ကျုံ့ရင်း

"ကျွန်တော်အခုမှခရီးကပြန်ရောက်တာ။ လမ်းမှာသူ့အိမ်နဲ့ နီးလို့ ဝင်အိပ်မလို့ကော။ မနက်ဖြန်ညနေ စာမေးပွဲအတွက် စာရွက်ယူ မလို့ကော။ သူ့အိမ်ကိုဒီလိုတက်တာ ဒါပထမဆုံးအခါမှ မဟုတ် တာ။ ဧည့်သည်ရှိနေမယ်လို့မထင်လိုက်ဘူးလေ"

Sehun ပြောတာကယုတ္တိတော့ရှိသွားပါသည်။ Sehun အိမ်နှင့် Luhanတိုက်ခန်းက တော်တော်ဝေးကွာ နေတာလည်း အကြောင်း ပြချက်ကောင်းပင်ဖြစ်သွားသည်။ Luhan တိုက်ခန်းက အဝေးပြေး ကားဂိတ်နှင့်ဆို ဘတ်စ်ကား ၅ မှတ်တိုင် လောက်စီးလျင် တိုက်ရိုက်ရောက်ပါသည်။

"Tao"

ခပ်သြသြခေါ်သံတစ်ခု ကြားသောအခါ Tao ကဝမ်းသာအားရ ထလိုက်သဖြင့် Luhan ကော Sehun ပါ လိုက်ကြည့်လိုက်မိသည်။

"ဟင်"

Kris ကလည်း Tao ဘေးမှတစ်ယောက်ကိုကြည့်ကာ အံ့သြ မှင်သက် သွားတာသေချာပါသည်။

--------------------------------------------------------------------------------------------------

TBC

Continue Reading

You'll Also Like

164K 13.3K 40
ကျိန်စာကိုဖန်တီးတဲ့သူက သူဆိုတဲ့နတ်ဆိုးဖြစ်နေတော့လည်း ကျွန်တော်ဒီကျိန်စာထဲကထာဝရမလွတ်မြောက်ချင် တော့ဘူး ##### Krisyeol *******
489K 23.1K 50
Seme က Uke ကို ဘယ်​​လောက်​ချစ်​သလဲ? ငုံထားမတတ်​ချစ်​ပါတယ်​။ 😁😁😁 ကိုယ့်​အကြိုက်​ angst ​တွေ drama ​တွေ​ရေးပြီး​တော့ စာဖတ်​သူအကြိုက်​​လေး​ရေးဖြစ်​တာ...
1M 112K 63
ငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20
87.2K 5.7K 32
ကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်...